ေတာင္အေမရိကရဲ႕ အလွဆုံးေတာင္

Posted on

Roraima လို႔ အမည္ရတဲ့ ေတာင္ဟာ ေတာင္အေမရိက တိုက္ မွာ တည္ရွိျပီး ကမၻာ့ အလွဆံုး ေတာင္စာရင္းထဲမွာလည္း ပါဝင္ ပါတယ္။ ဂိုင္ယာနာ ႏိုင္ငံ၊ ဘရာဇီး ႏိုင္ငံ၊ ဗင္နီဇြဲလား ႏိုင္ငံ ယင္း သံုးႏိုင္ငံရဲ႕ နယ္နိမိတ္ ထိစပ္ ရာမွာ တည္ရွိ ေနတဲ့ စားပြဲခုံပုံစံ အထင္ကရေတာင္ ျဖစ္ပါတယ္။

ဒီေတာင္ကို ဗင္နီဇြဲလားက ၈၅% ၊ ဂုိင္ယာနာ က ၁၀% နဲ႔ ဘရာဇီးက ၅% အသီးသီးပိုင္ဆုိင္ၾကပါတယ္။ ဂိုင္ယာနာ ႏိုင္ငံ ပိုင္နက္ Pacaraima ေတာင္တန္း ေဒသ ရဲ႕ အစြန္းထြက္ ေနရာ ျဖစ္ျပီး အျမင့္ဆံုး ေတာင္လည္း ျဖစ္ပါတယ္။

၁၂ရာသီစလုံး မၾကာခဏမုိးရြာေလ့ရွိၿပီး မုိးရြာတဲ့အခါ ေတာင္ေပၚကေန ေရေတြဟာ ေတာင္ေအာက္ကို ေရတံခြန္မ်ားသဖြယ္ ခြဲျဖာစီးဆင္းေလ့ရွိပါတယ္။

ပင္လယ္ေရ မ်က္ႏွာျပင္ အထက္ ၉၂၂၂ ေပ ရွိျပီး ထူးျခားခ်က္ အေနနဲ႔ အေပၚမွာ ေျမျပန္႔ လြင္ျပင္ ပမာ ဖြဲ႔စည္း တည္ေဆာက္ ေနျခင္း ျဖစ္ ပါတယ္။ ၁၅၉၅ ေက်ာ္ ခုႏွစ္ မ်ားက အဂၤလိပ္လူမ်ိဳး Sir Walter Raleigh စတင္ ေတြ႔ရွိမွတ္တမ္းတင္ခဲ့တာျဖစ္ပါတယ္။

တကယ္ေတာ့ Sir Walter မေတြ႔ခင္ ႏွစ္ေပါင္းမ်ားစြာကတည္းက ဗင္နီဇြဲလားက Pemon and Kapon တုိင္းရင္းသားေတြက သိရွိၿပီးျဖစ္ပါတယ္။

ဒီေတာင္မွာ ထူးျခားခ်က္ မ်ားစြာ ရွိျပီး ကမၻာ့မွာ ျမင္ေတြ႔ ရခဲတဲ့ သဘာဝ အပင္ ပန္း မ်ား၊ ပိုးမြား ႏွင့္ ငွက္မ်ိဳး မ်ားလည္း ရွင္သန္ ေနထိုင္ ပါတယ္။

ေတာင္ေပၚထိ တက္ေရာက္ ေလ့လာ သူမ်ား ရွိျပီး ေအာက္ကို ျပန္ၾကည့္ရင္ ေျမျပင္ မျမင္ရ ပါဘူး။ အေၾကာင္း ကေတာ့ ေတာင္ရဲ႕ ခါး ပတ္လည္မွာ တိမ္တိုက္ မ်ားနဲ႔ ဖံုးလြမ္း ေနလို႔ ျဖစ္ ပါတယ္။

ေတာင္မ်က္ႏွာျပင္ရဲ႕အက်ယ္အ၀န္းကို တုိင္းတာဖုိ႔ ပထမဆုံးတက္ေရာက္ခဲ့သူကေတာ့ ၁၈၈၄ဒီဇင္ဘာမွာတက္ေရာက္ခဲ့တဲ့ အဂၤလိပ္စူးစမ္းရွာေဖြေရးသမား Sir Everard im Thurn ျဖစ္ပါတယ္။ အဲဒီတုန္းက သူတက္ေရာက္ခဲ့တဲ့လမ္းေၾကာင္းဟာ လက္ရွိေတာင္တက္သမားေတြတက္ေရာက္ေနတဲ့ လမ္းေၾကာင္းနဲ႔ အတူတူပဲ ျဖစ္ပါတယ္။

ေတာင္ရဲ႕အျမင့္က ၁၃၀၀ေပျဖစ္ၿပီး ေတာင္ေပၚက ေျမျပန္႔ရဲ႕အက်ယ္အ၀န္းဟာ ၁၂စတုရန္းမုိင္ရွိတဲ့ သဲေက်ာက္မ်က္ႏွာျပင္ျဖစ္ပါတယ္။

လွပလြန္းတဲ့အတြက္ သူ႔ကုိ ကမၻာေျမေပၚမွာ နိဗၺာန္ဘံု လို႔ေတာင္ လည္ပတ္သူ အခ်ိဳ႕က တင္စား ထား ပါတယ္။ ယေန႔ အခ်ိန္ အထိလည္း ေတာင္တက္ ၀ါသနာပါသူမ်ားရဲ႕ စိတ္ဝင္ စားဖြယ္ ခရီး တစ္ခု အျဖစ္ တည္ရွိ ေနပါ ေသးတယ္။


တောင်အမေရိကရဲ့ အလှဆုံးတောင် (သို့) Roraima တောင် (unicode)

Roraima လို့ အမည်ရတဲ့ တောင်ဟာ တောင်အမေရိက တိုက် မှာ တည်ရှိပြီး ကမ္ဘာ့ အလှဆုံး တောင်စာရင်းထဲမှာလည်း ပါဝင် ပါတယ်။ ဂိုင်ယာနာ နိုင်ငံ၊ ဘရာဇီး နိုင်ငံ၊ ဗင်နီဇွဲလား နိုင်ငံ ယင်း သုံးနိုင်ငံရဲ့ နယ်နိမိတ် ထိစပ် ရာမှာ တည်ရှိ နေတဲ့ စားပွဲခုံပုံစံ အထင်ကရတောင် ဖြစ်ပါတယ်။

ဒီတောင်ကို ဗင်နီဇွဲလားက ၈၅% ၊ ဂိုင်ယာနာ က ၁၀% နဲ့ ဘရာဇီးက ၅% အသီးသီးပိုင်ဆိုင်ကြပါတယ်။ ဂိုင်ယာနာ နိုင်ငံ ပိုင်နက် Pacaraima တောင်တန်း ဒေသ ရဲ့ အစွန်းထွက် နေရာ ဖြစ်ပြီး အမြင့်ဆုံး တောင်လည်း ဖြစ်ပါတယ်။

၁၂ရာသီစလုံး မကြာခဏမိုးရွာလေ့ရှိပြီး မိုးရွာတဲ့အခါ တောင်ပေါ်ကနေ ရေတွေဟာ တောင်အောက်ကို ရေတံခွန်များသဖွယ် ခွဲဖြာစီးဆင်းလေ့ရှိပါတယ်။

ပင်လယ်ရေ မျက်နှာပြင် အထက် ၉၂၂၂ ပေ ရှိပြီး ထူးခြားချက် အနေနဲ့ အပေါ်မှာ မြေပြန့် လွင်ပြင် ပမာ ဖွဲ့စည်း တည်ဆောက် နေခြင်း ဖြစ် ပါတယ်။ ၁၅၉၅ ကျော် ခုနှစ် များက အင်္ဂလိပ်လူမျိုး Sir Walter Raleigh စတင် တွေ့ရှိမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။

တကယ်တော့ Sir Walter မတွေ့ခင် နှစ်ပေါင်းများစွာကတည်းက ဗင်နီဇွဲလားက Pemon and Kapon တိုင်းရင်းသားတွေက သိရှိပြီးဖြစ်ပါတယ်။

ဒီတောင်မှာ ထူးခြားချက် များစွာ ရှိပြီး ကမ္ဘာ့မှာ မြင်တွေ့ ရခဲတဲ့ သဘာဝ အပင် ပန်း များ၊ ပိုးမွား နှင့် ငှက်မျိုး များလည်း ရှင်သန် နေထိုင် ပါတယ်။

တောင်ပေါ်ထိ တက်ရောက် လေ့လာ သူများ ရှိပြီး အောက်ကို ပြန်ကြည့်ရင် မြေပြင် မမြင်ရ ပါဘူး။ အကြောင်း ကတော့ တောင်ရဲ့ ခါး ပတ်လည်မှာ တိမ်တိုက် များနဲ့ ဖုံးလွမ်း နေလို့ ဖြစ် ပါတယ်။

တောင်မျက်နှာပြင်ရဲ့အကျယ်အဝန်းကို တိုင်းတာဖို့ ပထမဆုံးတက်ရောက်ခဲ့သူကတော့ ၁၈၈၄ဒီဇင်ဘာမှာတက်ရောက်ခဲ့တဲ့ အင်္ဂလိပ်စူးစမ်းရှာဖွေရေးသမား Sir Everard im Thurn ဖြစ်ပါတယ်။ အဲဒီတုန်းက သူတက်ရောက်ခဲ့တဲ့လမ်းကြောင်းဟာ လက်ရှိတောင်တက်သမားတွေတက်ရောက်နေတဲ့ လမ်းကြောင်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။

တောင်ရဲ့အမြင့်က ၁၃၀၀ပေဖြစ်ပြီး တောင်ပေါ်က မြေပြန့်ရဲ့အကျယ်အဝန်းဟာ ၁၂စတုရန်းမိုင်ရှိတဲ့ သဲကျောက်မျက်နှာပြင်ဖြစ်ပါတယ်။

လှပလွန်းတဲ့အတွက် သူ့ကို ကမ္ဘာမြေပေါ်မှာ နိဗ္ဗာန်ဘုံ လို့တောင် လည်ပတ်သူ အချို့က တင်စား ထား ပါတယ်။ ယနေ့ အချိန် အထိလည်း တောင်တက် ဝါသနာပါသူများရဲ့ စိတ်ဝင် စားဖွယ် ခရီး တစ်ခု အဖြစ် တည်ရှိ နေပါ သေးတယ်။

Leave a Reply