အစၥေရးႏုိင္ငံရဲ႕ ဖခင္ႀကီး (သုိ႔) ေဒးဗစ္ ဘင္ဂူရီယံ

Posted on

ႏုိင္ငံေသးေသာ္လည္း လက္ရွိအခ်ိန္တြင္ တစ္ကမာၻလုံးက အစၥေရးႏုိင္ငံ အမည္ၾကားရုံျဖင့္ ရွိန္ၾကရသည္။ သုိ႔ေသာ္ ဂ်ဴးလူမ်ဳိးတုိ႔သည္ ႏွစ္ေပါင္း ၂၀၀၀ေက်ာ္ ႏုိင္ငံမဲ့ဘ၀ျဖင့္ အျခားတုိင္းျပည္မ်ားတြင္ သိမ္ငယ္စြာေနခဲ့ၾကရသည္။ လက္ရွိအစၥေရးႏုိင္ငံဟူ၍ ျဖစ္ေပၚလာေအာင္ အဓိကစြမ္းေဆာင္သူမွာ ဘင္ဂူရီယံျဖစ္သည္။ ေဒးဗစ္ဘင္ဂူရီယံအား အစၥေရးႏုိင္ငံ၏ ေဂ်ာ့ဘ္၀ါရွင္တန္ဟု ေခၚၾကသည္။ အဘယ္ေၾကာင့္ဆုိေသာ္ သူသည္ ၀ါရွင္တန္ကဲ့သုိ႔ သူ႔ႏုိင္ငံလြတ္လပ္ေရးအတြက္ ဦးေဆာင္ တုိက္ပြဲ၀င္ခဲ့ၿပီး အစၥေရးႏုိင္ငံဟူ၍ ျဖစ္လာေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ေသာေၾကာင့္ပင္။ သူ႔အားအစၥေရးႏုိင္ငံ၏ ဖခင္ႀကီးဟုလည္းေခၚၾကသည္။

ဘင္ဂူရီယံကို ၁၈၈၆ခုႏွစ္က ပုိလန္ႏုိင္ငံ Płońsk ၿမဳိ႕တြင္ေမြးဖြားခဲ့သည္။ အဲဒီအခ်ိန္က ပိုလန္သည္ ရုရွားႏုိင္ငံ၏ တစ္စိတ္တစ္ပုိင္းမွ်သာျဖစ္သည္။  သူ၏ဖခင္ Avigdor Grün သည္ ေရွ႕ေနတစ္ေယာက္ျဖစ္ၿပီး ဇီယြန္လႈပ္ရွားမႈဦးေဆာင္သူတစ္ေယာက္လည္းျဖစ္သည္။
ဇီယြန္ႏိုင္ငံေတာ္ျပန္လည္တည္ေထာင္ေရး ရည္မွန္းခ်က္မွာ ႏွစ္ေပါင္းေထာင္ခ်ီရွိခဲ့ၿပီျဖစ္ေသာ ဂ်ဴးဘာသာေရးအေတြးအေခၚ၏
အစိတ္အပိုင္းတစ္ရပ္ျဖစ္သည္။ ဘင္ဂူရီယံတြင္ ဖေအ့ေသြးပါကာ ငယ္စဥ္ကတည္းက မ်ဳိးခ်စ္စိတ္ျပင္းထန္ခဲ့သည္။ အသက္ ၁၄ႏွစ္အရြယ္မွာပင္ သူငယ္ခ်င္းႏွစ္ေယာက္ႏွင့္အတူ Ezra ဟူေသာ အဖြဲ႔ေလးကို ဖြဲ႔စည္းခဲ့သည္။ အဖြဲ႔ေလး၏ အဓိကရည္ရြယ္ခ်က္ မွာ ဟီးဘရူးစာသင္ၾကားေရး ႏွင့္ Holly  land(ယခုအစၥေရးနယ္ေျမ) သုိ႔ ဂ်ဴးမ်ားျပန္လည္ေျခခ်ခြင့္ရေရး ကုိ လႈံေဆာ္ျခင္းျဖစ္သည္။

၁၉၀၅ ခုႏွစ္တြင္ ပုိလန္၀ါေဆာ တကၠသုိလ္တြင္ပညာသင္ၾကားခဲ့သည္။ အဲဒီေနာက္ဂ်ဴးအလုပ္သမားအဖြဲ႔လြတ္လပ္ေရးပါတီကို
ဆက္သြယ္၀င္ေရာက္ခဲ့သည္။ ရုရွားေခတ္ေျပာင္းေတာ္လွန္ေရးထဲတြင္ ႏွစ္ႀကိမ္တုိင္ အဖမ္းခံခဲ့ရသည္။ ေနာက္တစ္ႏွစ္ ဘင္ဂူရီယံသည္ သူ အသက္၂၀အရြယ္ ၁၉၀၆ခုႏွစ္တြင္ ပိုလန္ႏိုင္ငံမွ ပါလက္စတုိင္းသို႔ ေရႊ႕ေျပာင္းလာခဲ့သည္။ အစၥေရးတြင္ အလုပ္သမားလႈပ္ရွားမႈေခါင္းေဆာင္တစ္ေယာက္ ျဖစ္လာသည္။ သူ၏ မူလအမည္မွာ ဂလူနင္ျဖစ္သည္ သုိ႔ေသာ္ ထုိနာမည္ကုိ ေရွးဟီးဘရူး အမည္တစ္ခုျဖစ္ေသာ ဘင္ဂူရီယံ သုိ႔ေျပာင္းလဲခဲ့သည္။ ထုိစဥ္ကပါလက္စတုိင္းတြင္ ဂ်ဴးလူမ်ဳိး လူဦးေရ ၅၅၀၀၀ ခန္႔ရွိေနၿပီျဖစ္သည္။

ထုိအခ်ိန္က ပါလက္စတုိင္းမွာ တူရကီအုိတုိမန္အင္ပါယာ၏ အစိတ္အပုိင္းတစ္ခုျဖစ္သည္။ သူသည္ ဂ်ဴးမ်ားလြတ္ေျမာက္ေရးအတြက္
စြမ္းစြမ္းတမံလႈပ္ရွားခဲ့သည္။ တူရကီ အစၥတန္ဘူရ္တကၠသုိလ္တြင္လည္း တက္ေရာက္ခဲ့ေသးသည္။ ဘင္ဂူရီယံအား ဒုကၡေပးသူတစ္ေယာက္အျဖစ္ တူရကီေတြက ႏွင္ထုတ္လုိက္၏။ သူအေမရိကန္ျပည္ေထာင္စုသို႔ သြားၿပီး ဂ်ဴးတပ္ဖြဲ႔(Jew Legion)  သုိ႔၀င္သည္။ ဂ်ဴးတပ္ဖြဲ႕မွာ ပထမကမာၻစစ္တုန္းက ပါလက္စတုိင္းေဒသရွိ ၿဗိတိသွ်စစ္တပ္တြင္ ပါ၀င္တုိက္ခုိက္ခဲ့ေသာ ေဗာ္လံတီယာတစ္ခုမွ်သာျဖစ္သည္။

စစ္ၿပီးေသာအခါ ပါလက္စတုိင္းသည္ ၿဗိတိသွ်အုပ္ခ်ဳပ္ေရးေအာက္သို႔ ေရာက္ရွိလာခဲ့သည္။ ကမာၻစစ္ေတြအၾကားတြင္ ဘင္ဂူရီယံသည္
ပါလက္စတုိင္းဂ်ဴးအလုပ္သမားအဖြဲ႔ခ်ဳပ္၏ အေထြေထြအတြင္းေရးမွဴးျဖစ္လာခဲ့သည္။ ဂ်ဴးအေျခခ်ေနထုိင္သူမ်ားအား အာရပ္ေတြ၏ တုိက္ခိုက္မႈရန္မွ ကာကြယ္ရန္သူစည္းရုံးခဲ့သည္။ ယင္းတုိက္ခုိက္မႈမ်ားေနာက္တြင္ ၿဗိတိသွ်စစ္တပ္ႏွင့္ ပါလက္စတုိင္းအာရပ္ေတြ ႏွစ္ခုစလုံးကို ဆန္႔က်င္ေသာ ဂ်ဴးအၾကမ္းဖက္လႈပ္ရွားမႈေတြ တုိးပြားလာခဲ့သည္။

ဥေရာပဂ်ဴးမ်ားက ပါလက္စတုိင္းသုိ႔ ၀င္လာလုိသည္။ သုိ႔ေသာ္ခြင့္မျပဳေခ်။ ထုိအခါဘင္ဂူရီယံသည္ ထုိေဒသ၌လြတ္လပ္ေသာဂ်ဴးႏုိင္ငံ
ေပၚထြန္းလာေရးအတြက္ ဇီယြန္လႈပ္ရွားမႈတြင္ ပါ၀င္လာခဲ့သည္။ ၁၉၄၇ခုႏွစ္တြင္ ကုလသမဂၢက ပါလက္စတုိင္းကို ဂ်ဴးႏွင့္အာရပ္နယ္ေျမ ႏွစ္ပုိင္းခြဲရန္ဆုံးျဖတ္လုိက္သည္။ ၁၉၄၈ခုႏွစ္တြင္ ဘင္ဂူရီယံသည္ အစၥေရး၏ လြတ္လပ္ေရးေၾကညာစာတမ္းကို ဂုဏ္ယူစြာဖတ္ျပသည္။ သူပထမဆုံး၀န္ႀကီးခ်ဳပ္ျဖစ္လာခဲ့သည္။ သူ၏ အိမ္နီးခ်င္း အာရပ္ႏုိင္ငံမ်ားက အစၥေရးႏုိင္ငံသစ္အား အဘက္ဘက္မွ၀ုိင္း၀န္းတုိက္ခုိက္မႈမ်ားကို ႀကံ႕ႀကံ႕ခုိင္ကာ ေအာင္ျမင္ေအာင္ ဦးေဆာင္ကာကြယ္ခဲ့သည္။

ဘင္ဂူရီယံသည္ အစၥေရးႏုိင္ငံ၏ ေစာေစာပုိင္းႏွစ္ေတြအတြင္း လမ္းညႊန္ပဲ့ကုိင္ေပးခဲ့သည္။ စစ္ေရး ႏုိင္ငံေရး စီးပြားေရးတုိ႔တြင္ ျပတ္ျပတ္သားသား ဦးေဆာင္ျပခဲ့သည္။ ဂ်ဴးတစ္သန္းေက်ာ္သည္ အစၥေရးႏုိင္ငံအတြင္းသုိ႔ ေရႊ႕ေျပာင္းလာခ်ိန္ကျဖစ္သည္။ သူသည္ အစၥေရးႏုိင္ငံ၏ ဟာဇာကင္ ဟုေခၚေသာ ဖခင္ျဖစ္လာသည္။ ဟာဇာကင္ မွာ အဘုိးႀကီးဟူ၍ အဓိပၸါယ္ရသည္။ သူ၏ လုပ္ေဖာ္ကုိင္ဖက္ေတြက အဘုိးႀကီးဟုေခၚၾကရာမွာ ဒီနာမည္ရလာျခင္းျဖစ္သည္။ ၁၉၅၃ခုႏွစ္တြင္ သူအနားယူခဲ့သည္။ သူအလြန္ပင္ပန္းေနၿပီျဖစ္ေသာ္လည္း ၁၉၅၅ခုႏွစ္တြင္ ၀န္ႀကီးခ်ဳပ္အျဖစ္ ျပန္လည္အမႈထမ္းရန္ ေမတၱာရပ္ခံၾကသျဖင့္ ၁၉၆၃ခုႏွစ္အထိ ၀န္ႀကီးခ်ဳပ္တာ၀န္ကို ထပ္ယူခဲ့ရသည္။ ဘင္ဂူရီယံ သည္ ေပၚလာဘင္ဂူရီယံ ႏွင့္အတူ သားသမီး ၃ေယာက္ရရွိခဲ့သည္။ မေသမီအခ်ိန္အထိ ႏုိင္ငံေရးအတြက္ ႀကဳိးပမ္းသြားခဲ့ေသာ ဘင္ဂူရီယံသည္ ၁၉၇၃ခုႏွစ္ ဒီဇင္ဘာ ၁ရက္ (အသက္ ၈၇ႏွစ္) တြင္ အစၥေရးႏုိင္ငံ Ramat Gan ၿမဳိ႕၌ ကြယ္လြန္ခဲ့ေလသည္။

ရဲရင့္ျခင္းဆိုသည္မွာ ေၾကာက္႐ြံ႕သင့္သည့္ အရာကို မည္သို႔ ေၾကာက္႐ြံ႕ရမည္ႏွင့္
မေၾကာက္႐ြံ႕သင့္သည့္အရာကို မည္သို႔ မေၾကာက္႐ြံ႕ရမည္ကို
သင္ျပေသာ အသိပညာျဖစ္သည္။
#ေဒးဗစ္ဘင္ဂူရီယန္

စိတ္၀င္စားဖုိ႔ေကာင္းတဲ့ ဘင္ဂူရီယံ ႏွင့္ ဦးႏု ရဲ႕ ေဆြးေႏြးခန္း ဗီဒီယုိဖုိင္ပါ။

VIDEO

ဦး ႏု နဲ ့ ဘင္ဂူရီယန္ တို ့ ကို အေမရိကန္ သတင္းဌာန စီဘီအက္စ္ ကသတင္းေထာက္ Edward R. Murrow က အင္တာဗ်ဳးထားတာပါ။ သူတို ့နစ္ဦးက ဘ၀ တူ တယ္။ ၀န္ၾကီးဘ၀ကေန ျပဳတ္သြားၾကတဲ့သူေတြပါ။ တေယာက္ကေရြးေကာက္ပြဲ နဲ ့ျပဳတ္သြားတယ္။ တေယာက္က စစ္တပ္က အာဏာသိမ္းလုိ့ျပဳတ္သြားတယ္။

ေမာရိုး က ဦးႏုဟာ ေဒးကာနယ္လ္ ခ်ီရဲ့ စာ အုပ္ကို ဘာသာျပန္ထားတယ္။ စာအုပ္နာမည္က ” How to win friend and influence people”သူငယ္ခ်င္းေတြကို ဘယ္လုိ အနိင္ယူမလဲ၊ လူေတြကိုဘယ္လိုလြမ္းမိုေအာင္လုပ္မလဲ ဆိုတဲ့စာအုပ္ ပါ။ တက္က်မ္းတခုမ်ွသာပါ။ ဒီစာ အုပ္က ဦးႏုက ျမန္မာဘာသာျပန္ထားတယ္။ ျမန္မာျပည္မွာ ေပၚျပဴလာသိပ္ျဖစ္တယ္လုိ ့ဆိုတယ္။

( က်နာ္တုိ့ငယ္ငယ္က ဒီစာအုပ္ကို မဖတ္မေနရစာ အုပ္တခုလုိ ျဖစ္ေနတယ္။လူၾကီးေတြက လမ္းညြန္ၾကတယ္။ ဖတ္ ၾကည့္ေတာ့လည္း လူမႈဆက္ဆံေရး နည္းစနစ္ တခုသာျဖစ္ေနပါတယ္။ ဘ၀ဒသနပိုင္းဆိုင္ရာ၊ သမိုင္းဆိုင္ရာ ေဆြးေႏြးမႈမ်ားမဟုတ္ပါ။ Public Relation ျဖစ္တဲ့ အေရာင္းအ၀ယ္၊ မန္ေနဂ်ာ ေတြအတြက္ေတာ့အသံုး၀င္ပါတယ္။ )

ဒီေတာ့ ဘင္ဂူရီယန္ က လူေတြကို စာ အုပ္တအုပ္နဲ့လြမ္းမို းလုိ ့ေတာ့မရနိင္ဘူး။ ႏွလံုးသားနဲ ့လြမ္းမိုးမွ ရမယ္ထင္တယ္လုိ့ ျပန္ေခ်ပတယ္။ ေနာက္ျပီးေတာ့ ဒီစာအုပ္ျပန္ျပီးေတာ့ ခင္ဗ်ား သူငယ္ခ်င္းေတာ္ေတာ္ရလာသလားလုိ့ ေမးပါတယ္။ ဦးႏု ရီက်ယ္က်ယ္လုပ္ေနပါတယ္။ ( လူမုန္းမ်ားလာျပီး စစ္တပ္က အာဏာသိမ္းတာခံရတယ္။ ဒီစာအုပ္ကို ကိုးဆယ္ေျခာက္ပါးေဆးလုိ သံုးစြဲခဲ့တဲ့ဦးႏုဟာ ဦးေန၀င္းကို
မလြမ္းမိုးလိုက္နိင္ဘူးဆိုတာ အထူးရွင္းျပစရာ မလုိေတာ့လုိ့ပါဘူး။ )

သူတို ့ကို စီဘီအက္စ္က ေန ဗုဒၶဘာသာနဲ့ ဂ်ူး ဘာသာရဲ ့ တူညီမႈေတြကဘာေတြလဲလုိ့ေမးတယ္။ တူညီမႈေတြရိွတယ္လုိ့ ဘင္ဂူရီယန္က ေျပာေပမဲ့ ဦးႏုက ကြဲလြဲမႈရိွတယ္လုိ ့ဆိုတယ္။ ( တကယ္ကေတာ့ ပညပ္ေတာ္ ၁၀ ပါးနဲ့ ငါးပါးသီလ တို ့ဟာ အနစ္သာရအားျဖင့္ကြဲလြဲ မႈမရိွၾကပါဘူး။ )

ဦးႏုက ျငိမ္းခ်မ္းမႈရဖုိ ့တရားထုိင္းရမယ္ဆိုတယ္။ ငါကို ျဖဳတ္ရမယ္လုိ ့ဆိုတယ္။ ငါ စြဲ ကို သူက (I consciousness ) သံုးတယ္ ။ အတၱ ( Ego) ကိုဆိုလိုဟန္ရိွတယ္။ က်ေနာ္တို့နားလည္တဲ့ ငါ ( I ) နဲ့ အတၱဆိုတာကို ဘင္ဂူရီယန္ အတြက္ ရွင္းရွင္းလင္းလင္းနာလည္ဖုိ႔ ခက္ပါတယ္။ သူက သူတို ့ဘုရားက I am a god လို သံုးတယ္။ ငါဟာ လုိအပ္တယ္လုိ႔ ျပန္ေဆြးေႏြးတယ္။ ငါဆိုတဲ့ အတၱက ျပသနာ အားလံုးရဲ ့အရင္းခံပဲ။ျပသနာ ေတြကို ေျဖရွင္းျခင္ရင္ ငါ စြဲကိုအရင္ျဖဳတ္ရမယ္လုိ႔ဦးႏု ကဆိုတယ္။ ဒီလုိျဖဳတ္ဖုိ႔ နည္းက တရားထိုင္ျခင္းပဲလုိ ့ဆိုတယ္။

ဘင္ဂူရီယန္ကေတာ့တရားထုိင္တာ ဟာ လူတစ္ဦးျခင္းျငိမ္းခ်မ္းမႈပဲရနိင္တယ္။ ႏုိင္ငံၾကီး ျငိမ္းခ်မ္းေရးရဖုိ ့သိပ္မေသခ်ာဘူးလုိ ့ေဆြးေႏြးတယ္။  ဒီေတာ့ဦးႏုကလႈပ္လႈပ္ရွားရွား ျဖစ္လာတယ္။ ဦးႏုက တရား ထုိင္တာ ဟာ ကိုးဆယ္ေျခာက္ပါး ေဆး လုိ ့ အလံုးစံုေသာ ျပသနာအေပါင္းကို ေျဖရွင္းနိင္တယ္လုိ့အခုိင္အမာယူဆပံုရိွတယ္။ တရားထိုင္တဲ့ စခန္းေတြမ်ားလာ ေပမဲ့ ျမန္မာျပည္ဟာ တည္ျငိမ္မႈ၊ ျငိမ္းခ်မ္းမႈ၊တိုးတက္မႈ ဆိုတဲ့ စခန္း ေတြ ကေတာ့ နည္း ေနတံုးျဖစ္ပါတယ္။

၀န္းၾကီးခ်ဳပ္ေဟာင္ း အဖုိးၾကီးႏွစ္ဦး တဦးကိုတဦးအျပန္အလွန္ ေလးစားစြားစာနဲ့ ကိုယ္အျမင္ကိုကိုယ္ ပြင့္ပြင့္လင္းလင္း ေဆြးေႏြးသြားတာေတာ့ခ်စ္စရာေကာင္းတယ္။

မိုးသီးဇြန္
ကမာၻေက်ာ္ပုဂၢဳိလ္မ်ား၏ အထၳဳပၸတၱိ – ေမာင္ေမာင္ထြန္း
Wikipedia


အစ္စရေးနိုင်ငံရဲ့ ဖခင်ကြီး (သို့) ဒေးဗစ် ဘင်ဂူရီယံ (unicode)

နိုင်ငံသေးသော်လည်း လက်ရှိအချိန်တွင် တစ်ကမ္ဘာလုံးက အစ္စရေးနိုင်ငံ အမည်ကြားရုံဖြင့် ရှိန်ကြရသည်။ သို့သော် ဂျူးလူမျိုးတို့သည် နှစ်ပေါင်း ၂၀၀၀ကျော် နိုင်ငံမဲ့ဘ၀ဖြင့် အခြားတိုင်းပြည်များတွင် သိမ်ငယ်စွာနေခဲ့ကြရသည်။ လက်ရှိအစ္စရေးနိုင်ငံဟူ၍ ဖြစ်ပေါ်လာအောင် အဓိကစွမ်းဆောင်သူမှာ ဘင်ဂူရီယံဖြစ်သည်။ ဒေးဗစ်ဘင်ဂူရီယံအား အစ္စရေးနိုင်ငံ၏ ဂျော့ဘ်ဝါရှင်တန်ဟု ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဝါရှင်တန်ကဲ့သို့ သူ့နိုင်ငံလွတ်လပ်ရေးအတွက် ဦးဆောင် တိုက်ပွဲဝင်ခဲ့ပြီး အစ္စရေးနိုင်ငံဟူ၍ ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့သောကြောင့်ပင်။ သူ့အားအစ္စရေးနိုင်ငံ၏ ဖခင်ကြီးဟုလည်းခေါ်ကြသည်။

ဘင်ဂူရီယံကို ၁၈၈၆ခုနှစ်က ပိုလန်နိုင်ငံ Płońsk မြို့တွင်မွေးဖွားခဲ့သည်။ အဲဒီအချိန်က ပိုလန်သည် ရုရှားနိုင်ငံ၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။  သူ၏ဖခင် Avigdor Grün သည် ရှေ့နေတစ်ယောက်ဖြစ်ပြီး ဇီယွန်လှုပ်ရှားမှုဦးဆောင်သူတစ်ယောက်လည်းဖြစ်သည်။
ဇီယွန်နိုင်ငံတော်ပြန်လည်တည်ထောင်ရေး ရည်မှန်းချက်မှာ နှစ်ပေါင်းထောင်ချီရှိခဲ့ပြီဖြစ်သော ဂျူးဘာသာရေးအတွေးအခေါ်၏
အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ဘင်ဂူရီယံတွင် ဖအေ့သွေးပါကာ ငယ်စဉ်ကတည်းက မျိုးချစ်စိတ်ပြင်းထန်ခဲ့သည်။ အသက် ၁၄နှစ်အရွယ်မှာပင် သူငယ်ချင်းနှစ်ယောက်နှင့်အတူ Ezra ဟူသော အဖွဲ့လေးကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့လေး၏ အဓိကရည်ရွယ်ချက် မှာ ဟီးဘရူးစာသင်ကြားရေး နှင့် Holly  land(ယခုအစ္စရေးနယ်မြေ) သို့ ဂျူးများပြန်လည်ခြေချခွင့်ရရေး ကို လှုံဆော်ခြင်းဖြစ်သည်။

၁၉၀၅ ခုနှစ်တွင် ပိုလန်ဝါဆော တက္ကသိုလ်တွင်ပညာသင်ကြားခဲ့သည်။ အဲဒီနောက်ဂျူးအလုပ်သမားအဖွဲ့လွတ်လပ်ရေးပါတီကို
ဆက်သွယ်ဝင်ရောက်ခဲ့သည်။ ရုရှားခေတ်ပြောင်းတော်လှန်ရေးထဲတွင် နှစ်ကြိမ်တိုင် အဖမ်းခံခဲ့ရသည်။ နောက်တစ်နှစ် ဘင်ဂူရီယံသည် သူ အသက်၂ဝအရွယ် ၁၉၀၆ခုနှစ်တွင် ပိုလန်နိုင်ငံမှ ပါလက်စတိုင်းသို့ ရွှေ့ပြောင်းလာခဲ့သည်။ အစ္စရေးတွင် အလုပ်သမားလှုပ်ရှားမှုခေါင်းဆောင်တစ်ယောက် ဖြစ်လာသည်။ သူ၏ မူလအမည်မှာ ဂလူနင်ဖြစ်သည် သို့သော် ထိုနာမည်ကို ရှေးဟီးဘရူး အမည်တစ်ခုဖြစ်သော ဘင်ဂူရီယံ သို့ပြောင်းလဲခဲ့သည်။ ထိုစဉ်ကပါလက်စတိုင်းတွင် ဂျူးလူမျိုး လူဦးရေ ၅၅၀၀၀ ခန့်ရှိနေပြီဖြစ်သည်။

ထိုအချိန်က ပါလက်စတိုင်းမှာ တူရကီအိုတိုမန်အင်ပါယာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သူသည် ဂျူးများလွတ်မြောက်ရေးအတွက်
စွမ်းစွမ်းတမံလှုပ်ရှားခဲ့သည်။ တူရကီ အစ္စတန်ဘူရ်တက္ကသိုလ်တွင်လည်း တက်ရောက်ခဲ့သေးသည်။ ဘင်ဂူရီယံအား ဒုက္ခပေးသူတစ်ယောက်အဖြစ် တူရကီတွေက နှင်ထုတ်လိုက်၏။ သူအမေရိကန်ပြည်ထောင်စုသို့ သွားပြီး ဂျူးတပ်ဖွဲ့(Jew Legion)  သို့ဝင်သည်။ ဂျူးတပ်ဖွဲ့မှာ ပထမကမ္ဘာစစ်တုန်းက ပါလက်စတိုင်းဒေသရှိ ဗြိတိသျှစစ်တပ်တွင် ပါဝင်တိုက်ခိုက်ခဲ့သော ဗော်လံတီယာတစ်ခုမျှသာဖြစ်သည်။

စစ်ပြီးသောအခါ ပါလက်စတိုင်းသည် ဗြိတိသျှအုပ်ချုပ်ရေးအောက်သို့ ရောက်ရှိလာခဲ့သည်။ ကမ္ဘာစစ်တွေအကြားတွင် ဘင်ဂူရီယံသည်
ပါလက်စတိုင်းဂျူးအလုပ်သမားအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့သည်။ ဂျူးအခြေချနေထိုင်သူများအား အာရပ်တွေ၏ တိုက်ခိုက်မှုရန်မှ ကာကွယ်ရန်သူစည်းရုံးခဲ့သည်။ ယင်းတိုက်ခိုက်မှုများနောက်တွင် ဗြိတိသျှစစ်တပ်နှင့် ပါလက်စတိုင်းအာရပ်တွေ နှစ်ခုစလုံးကို ဆန့်ကျင်သော ဂျူးအကြမ်းဖက်လှုပ်ရှားမှုတွေ တိုးပွားလာခဲ့သည်။

ဥရောပဂျူးများက ပါလက်စတိုင်းသို့ ဝင်လာလိုသည်။ သို့သော်ခွင့်မပြုချေ။ ထိုအခါဘင်ဂူရီယံသည် ထိုဒေသ၌လွတ်လပ်သောဂျူးနိုင်ငံ
ပေါ်ထွန်းလာရေးအတွက် ဇီယွန်လှုပ်ရှားမှုတွင် ပါဝင်လာခဲ့သည်။ ၁၉၄၇ခုနှစ်တွင် ကုလသမဂ္ဂက ပါလက်စတိုင်းကို ဂျူးနှင့်အာရပ်နယ်မြေ နှစ်ပိုင်းခွဲရန်ဆုံးဖြတ်လိုက်သည်။ ၁၉၄၈ခုနှစ်တွင် ဘင်ဂူရီယံသည် အစ္စရေး၏ လွတ်လပ်ရေးကြေညာစာတမ်းကို ဂုဏ်ယူစွာဖတ်ပြသည်။ သူပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ သူ၏ အိမ်နီးချင်း အာရပ်နိုင်ငံများက အစ္စရေးနိုင်ငံသစ်အား အဘက်ဘက်မှဝိုင်းဝန်းတိုက်ခိုက်မှုများကို ကြံ့ကြံ့ခိုင်ကာ အောင်မြင်အောင် ဦးဆောင်ကာကွယ်ခဲ့သည်။

ဘင်ဂူရီယံသည် အစ္စရေးနိုင်ငံ၏ စောစောပိုင်းနှစ်တွေအတွင်း လမ်းညွှန်ပဲ့ကိုင်ပေးခဲ့သည်။ စစ်ရေး နိုင်ငံရေး စီးပွားရေးတို့တွင် ပြတ်ပြတ်သားသား ဦးဆောင်ပြခဲ့သည်။ ဂျူးတစ်သန်းကျော်သည် အစ္စရေးနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းလာချိန်ကဖြစ်သည်။ သူသည် အစ္စရေးနိုင်ငံ၏ ဟာဇာကင် ဟုခေါ်သော ဖခင်ဖြစ်လာသည်။ ဟာဇာကင် မှာ အဘိုးကြီးဟူ၍ အဓိပ္ပါယ်ရသည်။ သူ၏ လုပ်ဖော်ကိုင်ဖက်တွေက အဘိုးကြီးဟုခေါ်ကြရာမှာ ဒီနာမည်ရလာခြင်းဖြစ်သည်။ ၁၉၅၃ခုနှစ်တွင် သူအနားယူခဲ့သည်။ သူအလွန်ပင်ပန်းနေပြီဖြစ်သော်လည်း ၁၉၅၅ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ပြန်လည်အမှုထမ်းရန် မေတ္တာရပ်ခံကြသဖြင့် ၁၉၆၃ခုနှစ်အထိ ဝန်ကြီးချုပ်တာဝန်ကို ထပ်ယူခဲ့ရသည်။ ဘင်ဂူရီယံ သည် ပေါ်လာဘင်ဂူရီယံ နှင့်အတူ သားသမီး ၃ယောက်ရရှိခဲ့သည်။ မသေမီအချိန်အထိ နိုင်ငံရေးအတွက် ကြိုးပမ်းသွားခဲ့သော ဘင်ဂူရီယံသည် ၁၉၇၃ခုနှစ် ဒီဇင်ဘာ ၁ရက် (အသက် ၈၇နှစ်) တွင် အစ္စရေးနိုင်ငံ Ramat Gan မြို့၌ ကွယ်လွန်ခဲ့လေသည်။

ရဲရင့်ခြင်းဆိုသည်မှာ ကြောက်ရွံ့သင့်သည့် အရာကို မည်သို့ ကြောက်ရွံ့ရမည်နှင့်
မကြောက်ရွံ့သင့်သည့်အရာကို မည်သို့ မကြောက်ရွံ့ရမည်ကို
သင်ပြသော အသိပညာဖြစ်သည်။
#ဒေးဗစ်ဘင်ဂူရီယန်

စိတ်ဝင်စားဖို့ကောင်းတဲ့ ဘင်ဂူရီယံ နှင့် ဦးနု ရဲ့ ဆွေးနွေးခန်း ဗီဒီယိုဖိုင်ပါ။

ဦး နု နဲ့ ဘင်ဂူရီယန် တို့ ကို အမေရိကန် သတင်းဌာန စီဘီအက်စ် ကသတင်းထောက် Edward R. Murrow က အင်တာဗျုးထားတာပါ။ သူတို့နစ်ဦးက ဘ၀ တူ တယ်။ ဝန်ကြီးဘဝကနေ ပြုတ်သွားကြတဲ့သူတွေပါ။ တယောက်ကရွေးကောက်ပွဲ နဲ့ပြုတ်သွားတယ်။ တယောက်က စစ်တပ်က အာဏာသိမ်းလို့ပြုတ်သွားတယ်။

မောရိုး က ဦးနုဟာ ဒေးကာနယ်လ် ချီရဲ့ စာ အုပ်ကို ဘာသာပြန်ထားတယ်။ စာအုပ်နာမည်က ” How to win friend and influence people”သူငယ်ချင်းတွေကို ဘယ်လို အနိင်ယူမလဲ၊ လူတွေကိုဘယ်လိုလွမ်းမိုအောင်လုပ်မလဲ ဆိုတဲ့စာအုပ် ပါ။ တက်ကျမ်းတခုမျှသာပါ။ ဒီစာ အုပ်က ဦးနုက မြန်မာဘာသာပြန်ထားတယ်။ မြန်မာပြည်မှာ ပေါ်ပြူလာသိပ်ဖြစ်တယ်လို့ဆိုတယ်။

( ကျနာ်တို့ငယ်ငယ်က ဒီစာအုပ်ကို မဖတ်မနေရစာ အုပ်တခုလို ဖြစ်နေတယ်။လူကြီးတွေက လမ်းညွန်ကြတယ်။ ဖတ် ကြည့်တော့လည်း လူမှုဆက်ဆံရေး နည်းစနစ် တခုသာဖြစ်နေပါတယ်။ ဘဝဒသနပိုင်းဆိုင်ရာ၊ သမိုင်းဆိုင်ရာ ဆွေးနွေးမှုများမဟုတ်ပါ။ Public Relation ဖြစ်တဲ့ အရောင်းအဝယ်၊ မန်နေဂျာ တွေအတွက်တော့အသုံးဝင်ပါတယ်။ )

ဒီတော့ ဘင်ဂူရီယန် က လူတွေကို စာ အုပ်တအုပ်နဲ့လွမ်းမို းလို့တော့မရနိင်ဘူး။ နှလုံးသားနဲ့လွမ်းမိုးမှ ရမယ်ထင်တယ်လို့ ပြန်ချေပတယ်။ နောက်ပြီးတော့ ဒီစာအုပ်ပြန်ပြီးတော့ ခင်ဗျား သူငယ်ချင်းတော်တော်ရလာသလားလို့ မေးပါတယ်။ ဦးနု ရီကျယ်ကျယ်လုပ်နေပါတယ်။ ( လူမုန်းများလာပြီး စစ်တပ်က အာဏာသိမ်းတာခံရတယ်။ ဒီစာအုပ်ကို ကိုးဆယ်ခြောက်ပါးဆေးလို သုံးစွဲခဲ့တဲ့ဦးနုဟာ ဦးနေဝင်းကို
မလွမ်းမိုးလိုက်နိင်ဘူးဆိုတာ အထူးရှင်းပြစရာ မလိုတော့လို့ပါဘူး။ )

သူတို့ကို စီဘီအက်စ်က နေ ဗုဒ္ဓဘာသာနဲ့ ဂျူး ဘာသာရဲ့ တူညီမှုတွေကဘာတွေလဲလို့မေးတယ်။ တူညီမှုတွေရှိတယ်လို့ ဘင်ဂူရီယန်က ပြောပေမဲ့ ဦးနုက ကွဲလွဲမှုရှိတယ်လို့ဆိုတယ်။ ( တကယ်ကတော့ ပညပ်တော် ၁၀ ပါးနဲ့ ငါးပါးသီလ တို့ဟာ အနစ်သာရအားဖြင့်ကွဲလွဲ မှုမရှိကြပါဘူး။ )

ဦးနုက ငြိမ်းချမ်းမှုရဖို့တရားထိုင်းရမယ်ဆိုတယ်။ ငါကို ဖြုတ်ရမယ်လို့ဆိုတယ်။ ငါ စွဲ ကို သူက (I consciousness ) သုံးတယ် ။ အတ္တ ( Ego) ကိုဆိုလိုဟန်ရှိတယ်။ ကျနော်တို့နားလည်တဲ့ ငါ ( I ) နဲ့ အတ္တဆိုတာကို ဘင်ဂူရီယန် အတွက် ရှင်းရှင်းလင်းလင်းနာလည်ဖို့ ခက်ပါတယ်။ သူက သူတို့ဘုရားက I am a god လို သုံးတယ်။ ငါဟာ လိုအပ်တယ်လို့ ပြန်ဆွေးနွေးတယ်။ ငါဆိုတဲ့ အတ္တက ပြသနာ အားလုံးရဲ့အရင်းခံပဲ။ပြသနာ တွေကို ဖြေရှင်းခြင်ရင် ငါ စွဲကိုအရင်ဖြုတ်ရမယ်လို့ဦးနု ကဆိုတယ်။ ဒီလိုဖြုတ်ဖို့ နည်းက တရားထိုင်ခြင်းပဲလို့ဆိုတယ်။

ဘင်ဂူရီယန်ကတော့တရားထိုင်တာ ဟာ လူတစ်ဦးခြင်းငြိမ်းချမ်းမှုပဲရနိင်တယ်။ နိုင်ငံကြီး ငြိမ်းချမ်းရေးရဖို့သိပ်မသေချာဘူးလို့ဆွေးနွေးတယ်။  ဒီတော့ဦးနုကလှုပ်လှုပ်ရှားရှား ဖြစ်လာတယ်။ ဦးနုက တရား ထိုင်တာ ဟာ ကိုးဆယ်ခြောက်ပါး ဆေး လို့ အလုံးစုံသော ပြသနာအပေါင်းကို ဖြေရှင်းနိင်တယ်လို့အခိုင်အမာယူဆပုံရှိတယ်။ တရားထိုင်တဲ့ စခန်းတွေများလာ ပေမဲ့ မြန်မာပြည်ဟာ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု၊တိုးတက်မှု ဆိုတဲ့ စခန်း တွေ ကတော့ နည်း နေတုံးဖြစ်ပါတယ်။

ဝန်းကြီးချုပ်ဟောင် း အဖိုးကြီးနှစ်ဦး တဦးကိုတဦးအပြန်အလှန် လေးစားစွားစာနဲ့ ကိုယ်အမြင်ကိုကိုယ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားတာတော့ချစ်စရာကောင်းတယ်။

မိုးသီးဇွန်
ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အထ္ထုပ္ပတ္တိ – မောင်မောင်ထွန်း
Wikipedia

Leave a Reply