ျမန္မာႏုိင္ငံရဲ႕အႀကီးဆုံး အင္းေတာ္ႀကီးအုိင္အေၾကာင္းသိေကာင္းစရာ

Posted on

အင္းေတာ္ႀကီးသည္ ျမန္မာႏုိင္ငံတြင္အႀကီးဆုံး သဘာ၀ေရအုိင္ႀကီးျဖစ္သလုိ အေရွ႕ေတာင္အာရွ၏အႀကီးဆုံးကန္မ်ားတြင္လည္း တစ္ခုအပါအ၀င္ျဖစ္သည္။ ေရွးရာဇ၀င္မွတ္တမ္းမ်ားတြင္ေတာ့ အင္းႀကီးေနရာသည္ လူေနထုိင္ခဲ့ေသာေဒသျဖစ္ခဲ့ၿပီး ဥတၱရေစာျဖဴမင္းအုပ္ခ်ဳပ္ေသာ ၿမဳိ႕ေတာ္ဟု ဆုိၾကသည္။ ထုိၿမဳိ႕ေတာ္ကုိ ေရႊေတာင္နတ္မင္းႀကီး၏ အမိန္႔အရ နဂါးမင္းသားက အင္းဖြဲ႔ရာမွ ၿမဳိ႕ေတာ္ေပ်ာက္ကြယ္ၿပီး အင္းႀကီးျဖစ္လာခဲ့သည္ဟု ထုိထုိရာဇ၀င္မ်ားက ေဖာ္ျပၾကသည္။ ဥတၱရေစာျဖဴမင္း၏ ေပ်ာက္ဆုံးသြားေသာေရႊၿမဳိ႕ေတာ္ဟူ၍လည္းေခၚၾကသည္။ ဥတၱရေစာျဖဴရဲ႕သား က်ားျဖဴမင္းသား သည္ အင္းႀကီးဖြဲ႔ေသာအခ်ိန္ မင္းညီမင္းသား အခ်ဳိ႕ႏွင့္ ေတာကစားသြားေန၍ အင္းဖြဲ႔ရာေသဆုံးျခင္းမရွိပဲ က်န္ရစ္ခဲ့ေလသည္။ ၎သည္ မုိင္းသုံေတာင္နားတြင္ က်င္လည္က်က္စားေနရင္ ေနာက္နန္းမြန္ ႏွင္ ့ေတြ႕ဆုံ ေပါင္းဖက္၍ သားသုံးပါး ဖြားျမင္ ခဲ့ၿပီး ထုိသားေတာ္သုံးပါးမွတစ္ဆင့္ မုိးညွင္း၊ မုိးေကာင္း၊ မုိးမိတ္၊ ၿမိဳ႕မ်ားေပၚလာခဲ့သည္ဟု ဆုိၾကသည္။

အင္းေတာ္ႀကီးကန္ကို ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခ႐ိုင္၊ မိုးၫွင္းၿမိဳ႕နယ္တြင္ တည္ရွိသည္။ ျမန္မာႏိုင္ငံ၏ အႀကီးဆုံးေသာ သဘာဝ အင္းႀကီးျဖစ္သည္။ ေတာင္ႏွင့္ေျမာက္ အလ်ား (၁၄)မိုင္၊ အနံ(၇)မိုင္ရွိၿပီး စတုရန္းမိုင္ ၁၀၀ အပါအဝင္ဧရိယာ ၃၁၄.၆၇ စတုရန္းမိုင္ က်ယ္ဝန္းပါသည္။ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၇၀၀-ေပ အျမင့္တြင္ တည္ရွိသည္။ မိုးရာသီအခ်ိန္တြင္ အေနာက္ဘက္ကမ္းရွိ လုံးတုံႏွင့္ အေရွ႕ဘက္ကမ္းရွိ ဟဲပု႐ြာအၾကား ေရျပင္အက်ယ္ဆုံးျဖစ္သည္။ ေရျပင္ႀကီးသက္သက္ အက်ယ္အဝန္းသည္ (၄၄.၉) စတုရန္းမိုင္ရွိသည္။ အင္းေတာ္ႀကီးကန္အတြင္း အမႈိက္ဒိုက္သ႐ိုက္ ကင္းစင္သည္။ ေရၾကည္လင္သည္။ ေရျပင္က်ယ္ႀကီးသည္ ပင္လယ္ျပင္တမၽွ ႐ႈမဆုံးေအာင္လွပသည္။ အျမင့္ ေပ ၁၀ဝ၀ ေက်ာ္မွ ၄၀ဝ၀ ေက်ာ္ထိ မတ္ေစာက္ျမင့္မားေသာ ေတာင္တန္းမ်ား ေက်ာက္ေတာင္ႀကီးမ်ား ဝန္းရံထားပါသည္။

အင္းေတာ္ႀကီးကန္၏ အလယ္ အင္းစြယ္တစ္ခုေပၚတြင္ ေ႐ႊမၪၨဴေစတီေတာ္ကို တည္ထားသည္။ အင္းေတာ္ႀကီးကန္သည္ ပတ္ပတ္လည္၌ ေတာင္႐ိုးေတာင္စြယ္မ်ား ဝိုင္းရံထားသည့္ ခ်ိဳင့္ဝွမ္းႀကီးျဖစ္သည္။ ေ႐ႊမၪၨဴဘုရားသည္ ကခ်င္ျပည္နယ္၏ အဓိကရ ေစတီေတာ္ႀကီး ျဖစ္သည္။ တေပါင္းလဆန္း ဘုရားပြဲေတာ္ က်င္းပခ်ိန္ နီးကပ္လာလၽွင္ ဘုရားေစတီအေရာက္ လူေလၽွာက္သြားႏိုင္ရန္ သဲလမ္းမႀကီးႏွစ္လမ္း ေပၚလာတတ္သည္။ ဘုရားပြဲေတာ္ၿပီးသည့္အခါ သဲလမ္းမ်ား ေရထဲ ျပန္ျမဳပ္သြားတတ္သည္။ ဘုရားပြဲေတာ္သည္ အနီးစပ္ခ်ဳပ္ႏွင့္ရပ္ေဝးဧည့္သည္မ်ားျဖင့္ စည္ကားေလ့ရွိသည္။ အင္းပတ္ဝန္းက်င္တြင္ တိုင္းလၽွံ(ရွမ္းနီ)ဟုေခၚေသာ ရွမ္းလူမ်ိဳးတို႔သည္ ေရွးအစဥ္အဆက္ကတည္းကေနထိုင္ခဲ့ၾကသည္။ အင္းေတာ္ႀကီးကို ရွမ္းဘာသာအားျဖင့္ ေလာင္းလုံစည္ခမ္း သို႔မဟုတ္ လင္လုံ ဟုေခၚၾကသည္။ စည္ခမ္းအင္းႀကီးဟုအဓိပၸာယ္ရသည္။ စည္ခမ္းဆိုသည္မွာ အင္းေတာ္ႀကီးအင္းဟူ၍မျဖစ္ေပၚလာမီက ယင္းေဒသတြင္ရွိခဲ့ေသာၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္သည္။

အင္းေတာ္ႀကီးကန္ပတ္လည္တြင္ အင္းေတာ္ႀကီး ေတာ႐ိုင္းတိရစၧာန္ ေဘးမဲ့ေတာတည္ရွိသည္။ ၁၉၉၉ ခုႏွစ္တြင္စတင္တည္ေထာင္ခဲ့သည္။ ႐ႈေမၽွာ္ခင္းမ်ား၊ ရွားပါးႏို႔တိုက္သတၱဝါမ်ား၊ ငွက္မ်ားအပါအဝင္ မ်ိဳးကြဲတိရစၧာန္မ်ားအား ေတြ႕ရွိႏိုင္သည္။ မ်ိဳးသုဥ္းမည့္အႏၲရာယ္က်ေရာက္ေနေသာ ငွက္ ၁၀ မ်ိဳးအပါအဝင္ ေ႐ႊ႕ေျပာင္းႏွင့္ ဌာေန ငွက္မ်ိဳးေပါင္း ၂၀၀၀၀၊ တစ္ကမၻာလုံး အတိုင္းအတာျဖင့္ မ်ိဳးသုဥ္းလု ျဖစ္ေနေသာ လိပ္ ၅ မ်ိဳးႏွင့္ ဤေနရာတြင္သာ ေတြ႕ႏိုင္သည့္ ငါးမ်ိဳးစိတ္ ၇ မ်ိဳး အပါအဝင္ ငါးမ်ိဳးေပါင္း ၉၃ မ်ိဳးတို႔အား ေတြ႕ရွိႏိုင္ေသာ အဓိကက်သည့္ ေရတိမ္ေဒသ တစ္ခု ျဖစ္သည္။ အဆိုပါငွက္မ်ိဳးမ်ားအနက္ Greylag Geese၊ Oriental Darter၊ Purple Swamphen တို႔အား ဇန္နဝါရီလတြင္ အေတြ႕ရမ်ားသည္။စက္ေလွမ်ားျဖင့္လွည့္လည္ၾကည့္႐ႈပါက ႐ႊံ႕ၫႊန္ပိုင္းေနမ်ိဳးစိတ္မ်ား၏ဘဝ႐ႈခင္းမ်ားကိုျမင္ေတြ႕ႏိုင္သည္။ ကန္ႏွင့္ ႐ႊံ႕ၫႊန္ေဒသသည္ ေဆာင္းခိုငွက္မ်ားခိုလႈံရာျဖစ္သည္။ ပတ္ဝန္းက်င္႐ြာမ်ားမွအညစ္အေၾကးမ်ားက ေရအရည္အေသြးကိုၿခိမ္းေျခာက္လ်က္ရွိသည္။ သို႔ရာတြင္မိုးရာသီေရာက္လၽွင္ ေရမ်ားျပန္လည္သန္႔ရွင္းသြားသည္သာျဖစ္သည္။

၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔တြင္က်ေရာက္ေသာ ကမၻာ့ေရတိမ္ေဒသမ်ားေန႔တြင္ အင္းေတာ္ႀကီးကန္သည္ ျမန္မာႏိုင္ငံအတြက္ မိုးယြန္းႀကီးအင္း ၿပီးလၽွင္ ဒုတိယေျမာက္ ရမ္ဆာစာရင္းဝင္ ေရတိမ္ေဒသတစ္ခု ျဖစ္လာခဲ့ၿပီ ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ အစိုးရႏွင့္ ရမ္ဆာ အတြင္းေရးမႉး႐ုံးတို႔က ေၾကျငာခဲ့သည္။ ရမ္ဆာစာရင္းဝင္ ျဖစ္လာမႈေၾကာင့္ ထိန္းသိမ္းေရး လုပ္ငန္းမ်ားအတြက္ တိုးတက္မႈေကာင္းတစ္ခု ျဖစ္ေသာ္လည္း ေရေဝေဒသရွိ စမ္းေခ်ာင္းမ်ားတြင္ တရားမဝင္ အာတီဆင္ အသုံးျပဳ ေ႐ႊက်င္မႈမ်ားက ကန္၏ေတာင္ဘက္ပိုင္းတြင္ ႏုန္းေျမမ်ား ပို႔ခ်ျခင္းႏွင့္ ညစ္ညမ္းမႈမ်ားကို ျဖစ္ေပၚေစျခင္း ကဲ့သို႔ေသာ စိန္ေခၚမႈမ်ား ရွိေနေသးသည္။

 

အင္းေတာ္ႀကီးအုိင္ အံ့ဖြယ္ကုိးပါး
အင္းေတာ္ႀကီးသည္ျမန္မာျပည္တြင္ အႀကီးဆုံးအင္းျဖစ္
၁- အလွ်ား – ၈ တိုင္၊ အနံ- ၄ တုိင္း ရွိျခင္းကတပါး။
၂- အေနာ္ အတၱအုိင္ကဲ့သုိ႔ အလြန္ေရသန္႔ရွင္းျခင္း ေၾကာင့္တပါး။

၃- အလြန္က်ယ္၀န္းသည့္ အင္းျဖစ္ေသာ္လည္း အင္းထဲတြင္ စုိး၀ါးေသာ မိေခ်ာင္း စသည့္ ငါးႀကီးတုိ႔ကုိ မစုိး၀ါးရ ေအာင္ အင္းေတာ္ႀကီး အရွင္ကထိန္းသိမ္းျခင္းေၾကာင့္အံ့ဖြယ္တပါး။
၄- အင္းႀကီးထဲတြင္ မေတာ္တဆ လူတုိ႔က်ေသဆုံးရေသာ္လည္းအနာအဆာမရွိ ငါးႀကီးမ်ာလည္းမစားပဲ ကမ္းစပ္ေရွာက္ေအာင္ လႈိင္းပုတ္ခတ္တင္ေပးျခင္း။
၅- အင္းနားတြင္ေရႊက်င္ေသာ္ ေရႊမ်ားရရွိျခင္း။

၆- အမုိက္သရုိက္မ်ားကုိ အင္းထဲတြင္ မရွိရေအာင္ ေန႔စဥ္ညတုိင္း ကမ္းသုိ႔အေရာက္လႈိင္းပုတ္ခတ္ေပးျခင္း။
၇- တႏွစ္ သုံးႀကိမ္က် သားမက္ေတာ္ နမ့္တိမ္းအရွင္က ေယာကၡမထံအရွင္ႀကီးထံသုိ႔ ေရေျပာင္းျပန္ ဆန္တက္ျခင္း။
၈- စစ္တုိက္ရာပါ၀င္ကူညီေသာ ေခ်ာင္းမ်ားကုိ အင္းထဲသုိ႔သန္႔ရွင္းစြာ ၀င္ျပဳျခင္း။
၉- ႏွစ္စဥ္ႏွစ္တုိင္း တန္ေဆာင္မုန္းလမွစ၍ ျပာသုိလအထိ အင္းထဲရွိငါးမ်ားကုိ အင္းေတာ္ႀကီးေတာင္ပုိင္း အျခားကြာ(၈)ဘုရားထိ လြဲအိမ္ေတာင္အရွင္ႀကီးက အင္းထဲရွိငါးမ်ားကုိ ေဆးခတ္သျဖင့္ ငါးမ်ားစြာေသျခင္းျဖင့္ အ့ံဖြယ္ကုိးပါးသည္။

ေနလင္းအင္းေတာ္ႀကီး-အင္းေတာ္ႀကီးသမုိင္းမွတ္တုိင္မ်ား
Myanmar Wikipedia


မြန်မာနိုင်ငံရဲ့အကြီးဆုံး အင်းတော်ကြီးအိုင်အကြောင်းသိကောင်းစရာ (unicode)

အင်းတော်ကြီးသည် မြန်မာနိုင်ငံတွင်အကြီးဆုံး သဘာ၀ရေအိုင်ကြီးဖြစ်သလို အရှေ့တောင်အာရှ၏အကြီးဆုံးကန်များတွင်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ရှေးရာဇဝင်မှတ်တမ်းများတွင်တော့ အင်းကြီးနေရာသည် လူနေထိုင်ခဲ့သောဒေသဖြစ်ခဲ့ပြီး ဥတ္တရစောဖြူမင်းအုပ်ချုပ်သော မြို့တော်ဟု ဆိုကြသည်။ ထိုမြို့တော်ကို ရွှေတောင်နတ်မင်းကြီး၏ အမိန့်အရ နဂါးမင်းသားက အင်းဖွဲ့ရာမှ မြို့တော်ပျောက်ကွယ်ပြီး အင်းကြီးဖြစ်လာခဲ့သည်ဟု ထိုထိုရာဇဝင်များက ဖော်ပြကြသည်။ ဥတ္တရစောဖြူမင်း၏ ပျောက်ဆုံးသွားသောရွှေမြို့တော်ဟူ၍လည်းခေါ်ကြသည်။ ဥတ္တရစောဖြူရဲ့သား ကျားဖြူမင်းသား သည် အင်းကြီးဖွဲ့သောအချိန် မင်းညီမင်းသား အချို့နှင့် တောကစားသွားနေ၍ အင်းဖွဲ့ရာသေဆုံးခြင်းမရှိပဲ ကျန်ရစ်ခဲ့လေသည်။ ၎င်းသည် မိုင်းသုံတောင်နားတွင် ကျင်လည်ကျက်စားနေရင် နောက်နန်းမွန် နှင့်တွေ့ဆုံ ပေါင်းဖက်၍ သားသုံးပါး ဖွားမြင် ခဲ့ပြီး ထိုသားတော်သုံးပါးမှတစ်ဆင့် မိုးညှင်း၊ မိုးကောင်း၊ မိုးမိတ်၊ မြို့များပေါ်လာခဲ့သည်ဟု ဆိုကြသည်။

အင်းတော်ကြီးကန်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးသော သဘာဝ အင်းကြီးဖြစ်သည်။ တောင်နှင့်မြောက် အလျား (၁၄)မိုင်၊ အနံ(၇)မိုင်ရှိပြီး စတုရန်းမိုင် ၁၀၀ အပါအဝင်ဧရိယာ ၃၁၄.၆၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၇၀၀-ပေ အမြင့်တွင် တည်ရှိသည်။ မိုးရာသီအချိန်တွင် အနောက်ဘက်ကမ်းရှိ လုံးတုံနှင့် အရှေ့ဘက်ကမ်းရှိ ဟဲပုရွာအကြား ရေပြင်အကျယ်ဆုံးဖြစ်သည်။ ရေပြင်ကြီးသက်သက် အကျယ်အဝန်းသည် (၄၄.၉) စတုရန်းမိုင်ရှိသည်။ အင်းတော်ကြီးကန်အတွင်း အမှိုက်ဒိုက်သရိုက် ကင်းစင်သည်။ ရေကြည်လင်သည်။ ရေပြင်ကျယ်ကြီးသည် ပင်လယ်ပြင်တမျှ ရှုမဆုံးအောင်လှပသည်။ အမြင့် ပေ ၁ဝဝ၀ ကျော်မှ ၄ဝဝ၀ ကျော်ထိ မတ်စောက်မြင့်မားသော တောင်တန်းများ ကျောက်တောင်ကြီးများ ဝန်းရံထားပါသည်။

အင်းတော်ကြီးကန်၏ အလယ် အင်းစွယ်တစ်ခုပေါ်တွင် ရွှေမဉ္ဇူစေတီတော်ကို တည်ထားသည်။ အင်းတော်ကြီးကန်သည် ပတ်ပတ်လည်၌ တောင်ရိုးတောင်စွယ်များ ဝိုင်းရံထားသည့် ချိုင့်ဝှမ်းကြီးဖြစ်သည်။ ရွှေမဉ္ဇူဘုရားသည် ကချင်ပြည်နယ်၏ အဓိကရ စေတီတော်ကြီး ဖြစ်သည်။ တပေါင်းလဆန်း ဘုရားပွဲတော် ကျင်းပချိန် နီးကပ်လာလျှင် ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ရန် သဲလမ်းမကြီးနှစ်လမ်း ပေါ်လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါ သဲလမ်းများ ရေထဲ ပြန်မြုပ်သွားတတ်သည်။ ဘုရားပွဲတော်သည် အနီးစပ်ချုပ်နှင့်ရပ်ဝေးဧည့်သည်များဖြင့် စည်ကားလေ့ရှိသည်။ အင်းပတ်ဝန်းကျင်တွင် တိုင်းလျှံ(ရှမ်းနီ)ဟုခေါ်သော ရှမ်းလူမျိုးတို့သည် ရှေးအစဉ်အဆက်ကတည်းကနေထိုင်ခဲ့ကြသည်။ အင်းတော်ကြီးကို ရှမ်းဘာသာအားဖြင့် လောင်းလုံစည်ခမ်း သို့မဟုတ် လင်လုံ ဟုခေါ်ကြသည်။ စည်ခမ်းအင်းကြီးဟုအဓိပ္ပာယ်ရသည်။ စည်ခမ်းဆိုသည်မှာ အင်းတော်ကြီးအင်းဟူ၍မဖြစ်ပေါ်လာမီက ယင်းဒေသတွင်ရှိခဲ့သောမြို့ကြီးတစ်မြို့ဖြစ်သည်။

အင်းတော်ကြီးကန်ပတ်လည်တွင် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတည်ရှိသည်။ ၁၉၉၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။ ရှုမျှော်ခင်းများ၊ ရှားပါးနို့တိုက်သတ္တဝါများ၊ ငှက်များအပါအဝင် မျိုးကွဲတိရစ္ဆာန်များအား တွေ့ရှိနိုင်သည်။ မျိုးသုဉ်းမည့်အန္တရာယ်ကျရောက်နေသော ငှက် ၁၀ မျိုးအပါအဝင် ရွှေ့ပြောင်းနှင့် ဌာနေ ငှက်မျိုးပေါင်း ၂၀၀၀၀၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မျိုးသုဉ်းလု ဖြစ်နေသော လိပ် ၅ မျိုးနှင့် ဤနေရာတွင်သာ တွေ့နိုင်သည့် ငါးမျိုးစိတ် ၇ မျိုး အပါအဝင် ငါးမျိုးပေါင်း ၉၃ မျိုးတို့အား တွေ့ရှိနိုင်သော အဓိကကျသည့် ရေတိမ်ဒေသ တစ်ခု ဖြစ်သည်။ အဆိုပါငှက်မျိုးများအနက် Greylag Geese၊ Oriental Darter၊ Purple Swamphen တို့အား ဇန်နဝါရီလတွင် အတွေ့ရများသည်။စက်လှေများဖြင့်လှည့်လည်ကြည့်ရှုပါက ရွှံ့ညွှန်ပိုင်းနေမျိုးစိတ်များ၏ဘဝရှုခင်းများကိုမြင်တွေ့နိုင်သည်။ ကန်နှင့် ရွှံ့ညွှန်ဒေသသည် ဆောင်းခိုငှက်များခိုလှုံရာဖြစ်သည်။ ပတ်ဝန်းကျင်ရွာများမှအညစ်အကြေးများက ရေအရည်အသွေးကိုခြိမ်းခြောက်လျက်ရှိသည်။ သို့ရာတွင်မိုးရာသီရောက်လျှင် ရေများပြန်လည်သန့်ရှင်းသွားသည်သာဖြစ်သည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ရေတိမ်ဒေသများနေ့တွင် အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံအတွက် မိုးယွန်းကြီးအင်း ပြီးလျှင် ဒုတိယမြောက် ရမ်ဆာစာရင်းဝင် ရေတိမ်ဒေသတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အစိုးရနှင့် ရမ်ဆာ အတွင်းရေးမှူးရုံးတို့က ကြေငြာခဲ့သည်။ ရမ်ဆာစာရင်းဝင် ဖြစ်လာမှုကြောင့် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် တိုးတက်မှုကောင်းတစ်ခု ဖြစ်သော်လည်း ရေဝေဒေသရှိ စမ်းချောင်းများတွင် တရားမဝင် အာတီဆင် အသုံးပြု ရွှေကျင်မှုများက ကန်၏တောင်ဘက်ပိုင်းတွင် နုန်းမြေများ ပို့ချခြင်းနှင့် ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေခြင်း ကဲ့သို့သော စိန်ခေါ်မှုများ ရှိနေသေးသည်။

အင်းတော်ကြီးအိုင် အံ့ဖွယ်ကိုးပါး

အင်းတော်ကြီးသည်မြန်မာပြည်တွင် အကြီးဆုံးအင်းဖြစ်
၁- အလျှား – ၈ တိုင်၊ အနံ- ၄ တိုင်း ရှိခြင်းကတပါး။
၂- အနော် အတ္တအိုင်ကဲ့သို့ အလွန်ရေသန့်ရှင်းခြင်း ကြောင့်တပါး။
၃- အလွန်ကျယ်ဝန်းသည့် အင်းဖြစ်သော်လည်း အင်းထဲတွင် စိုးဝါးသော မိချောင်း စသည့် ငါးကြီးတို့ကို မစိုးဝါးရ အောင် အင်းတော်ကြီး အရှင်ကထိန်းသိမ်းခြင်းကြောင့်အံ့ဖွယ်တပါး။

၄- အင်းကြီးထဲတွင် မတော်တဆ လူတို့ကျသေဆုံးရသော်လည်းအနာအဆာမရှိ ငါးကြီးမျာလည်းမစားပဲ ကမ်းစပ်ရှောက်အောင် လှိုင်းပုတ်ခတ်တင်ပေးခြင်း။
၅- အင်းနားတွင်ရွှေကျင်သော် ရွှေများရရှိခြင်း။
၆- အမိုက်သရိုက်များကို အင်းထဲတွင် မရှိရအောင် နေ့စဉ်ညတိုင်း ကမ်းသို့အရောက်လှိုင်းပုတ်ခတ်ပေးခြင်း။
၇- တနှစ် သုံးကြိမ်ကျ သားမက်တော် နမ့်တိမ်းအရှင်က ယောက္ခမထံအရှင်ကြီးထံသို့ ရေပြောင်းပြန် ဆန်တက်ခြင်း။

၈- စစ်တိုက်ရာပါဝင်ကူညီသော ချောင်းများကို အင်းထဲသို့သန့်ရှင်းစွာ ဝင်ပြုခြင်း။
၉- နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလမှစ၍ ပြာသိုလအထိ အင်းထဲရှိငါးများကို အင်းတော်ကြီးတောင်ပိုင်း အခြားကွာ(၈)ဘုရားထိ လွဲအိမ်တောင်အရှင်ကြီးက အင်းထဲရှိငါးများကို ဆေးခတ်သဖြင့် ငါးများစွာသေခြင်းဖြင့် အံ့ဖွယ်ကိုးပါးသည်။

နေလင်းအင်းတော်ကြီး-အင်းတော်ကြီးသမိုင်းမှတ်တိုင်များ
Myanmar Wikipedia

Leave a Reply