သမုိင္းထဲက ကမာၻေက်ာ္စစ္ဗုိလ္ခ်ဳပ္ႀကီး (သို႔) ဟန္နီေဘာ္

Posted on

ဟန္နီေဘာ္ သည္ ေရွးကားေသ့ႏိုင္ငံမွ စစ္ပညာ၌ အထူးကြ်မ္း က်င္ေသာ ဗိုလ္ခ်ဳပ္ႀကီး ျဖစ္သည္။ စစ္ေရးစစ္ရာႏွင့္ စပ္လ်ဥ္း၍ ဆိုင္ၿပိဳင္ရေသာအခက္ အခဲတို႔ကို စစ္ပရိယာယ္ ဆင္လ်က္ ေက်ာ္နင္းခဲ့ပုံမ်ားမွာ အံ့ခ်ီး ဖြယ္ရာ ျဖစ္ေလသည္။ ဟန္နီေဘာ္ အက်ပ္အတည္းႏွင့္ ေတြ႕ႀကဳံ ေနရသည့္အခါ မိမိဘက္သို႔ အေရးသာလာေအာင္ ထိုအေျခ အေနကုိ ေျပာင္းလဲႏိုင္ေသာ အရည္အခ်င္းရွိသူ ျဖစ္၏။ မိမိတို႔ ဘက္ကထက္ အင္အားပို၍ ႀကီးမားေသာ ရန္သူတပ္မ်ားကို လည္း ႏိုင္ေအာင္တိုက္ႏိုင္ေသာ စစ္သူရဲေကာင္းျဖစ္သည္။

ထိုေၾကာင့္ ဟန္နီေဘာ္ သည္ သူရသတၱိရွိေသာ ဗိုလ္ခ်ဳပ္ႀကီး ျဖစ္႐ုံ မၽွမက ေသနဂၤဗ်ဴဟာအရာ၌လည္း ထက္ျမက္သူ ျဖစ္ေပသည္။ ဟန္နီေဘာ္ သည္ ေရာမတို႔၏ ႀကီးစိုးမႈကို ခ်ိဳးႏွိမ္ရန္ ရည္႐ြယ္ ခ်က္ မေအာင္ျမင္ခဲ့ေသာ္လည္း သူ၏ ဇြဲသတၱိကိုမူကား ကမၻာ့သမိုင္းတြင္ ေရွးေခတ္ စစ္ေခါင္းေဆာင္တို႔ႏွင့္ ယွဥ္ၿပိဳင္ ၍ မွတ္တမ္းတင္ခဲ့ၾကရေလသည္။

ထိုအခ်ိန္က ေျမထဲပင္လယ္ေဒသတြင္ ေရာမတို႔ႏွင့္ ကားေသ့တို႔ အားၿပိဳင္ေနၾကသည္။ ေရာမတို႔က အီတလီ ကၽြန္းဆြယ္တစ္ခုလုံးကို သိမ္းပိုက္ အုပ္စိုးလ်က္ရွိသည္။ ကားေသ့တို႔က အာဖရိကတိုက္ေျမာက္ပိုင္းႏွင့္ ေျမထဲပင္လယ္ အေနာက္ပိုင္းတြင္ ႀကီးစိုးလ်က္ ရွိသည္။ ပထမ ပ်ဴးနစ္စစ္ပြဲ (ဘီစီ ၂၆၄-၂၄၃)တြင္ ကားေသ့တို႔ အေရးနိမ့္ခဲ့ၾကသည္။

ကားေသ့တို႔သည္ ေရာမတို႔ကို အခဲမေၾကသျဖင့္ ကားေသ့ ဗိုလ္ခ်ဳပ္ႀကီး ဟမီးလကားဗားကားသည္ စပိန္ကို နယ္သစ္ အျဖစ္ သိမ္းသြင္းရန္ စစ္ခ်ီေလသည္။ ဗိုလ္ခ်ဳပ္ႀကီး ဟမီး လကား၏ သား ကိုးႏွစ္သားအ႐ြယ္ရွိ ဟန္နီေဘာ္ ကလည္း ေနာင္ တစ္ေန႔တြင္ ေရာမတို႔ရန္စြယ္ကို အၿပီးအပိုင္ ခ်ိဳးႏွိမ္ပါမည္ဟူ ေသာ အဓိ႒ာန္ျဖင့္ စစ္ေရးစစ္ရာကို ေလ့လာရန္ ဖခင္ႏွင့္အတူ လိုက္ပါခဲ့ေလသည္။

ဟန္နီေဘာ္ သည္ ဖခင္ဗိုလ္ခ်ဳပ္ႀကီး လက္ေအာက္တြင္ စစ္ ပညာကို ေစ့ေစ့စုုံစုံ ေလ့လာခဲ့ရေလသည္။ ဖခင္ ကြယ္လြန္ေလ ေသာ္ ေယာက္ဖေတာ္သူ ဟက္ဇျဒဴးေဗာ လက္ေအာက္တြင္ ဆက္လက္၍ စစ္မႈထမ္းသည္။ တစ္ဖန္ ဘီစီ ၂၂၁ ခုႏွစ္တြင္ ဟက္ဇျဒဴးေဗာ ကြယ္လြန္သျဖင့္ အသက္ ၂၅ ႏွစ္အ႐ြယ္မၽွသာ ရွိေသာ ဟန္နီေဘာ္ကို ကားေသ့စစ္ဗိုလ္ခ်ဳပ္အျဖစ္ တင္ေျမာက္ၾက သည္။

ဟန္နီေဘာ္ သည္ ငယ္စဥ္ကတည္းက စစ္ တိုက္ခိုက္ေရး ဘက္တြင္ အေတြ႕အႀကဳံမ်ားခဲ့သူျဖစ္သည့္အျပင္ ပင္ကိုယ္ တိုက္ရည္ခိုက္ရည္လည္း ရွိသူျဖစ္၍ မိမိျပဳခဲ့ေသာ အဓိ႒ာန္ အတိုင္း ေရာမတို႔ကို ႏွိမ္နင္း တိုက္ခိုက္ရန္ ဒုတိယ ပ်ဴးနစ္ စစ္ပြဲ(ဘီစီ ၂၁၈-၂ဝ၁)ကို ျပင္ဆင္ေလသည္။

ဟန္နီေဘာ္ သည္ ေရာမတို႔ကို အီတလီေျမေပၚတြင္ ႏွိမ္နင္း ေအာင္ျမင္ရမည္ဟု စြဲၿမဲစြာ ယုံၾကည္သူျဖစ္ရာ ရာဇဝင္တြင္ သည့္ စစ္ေၾကာင္းျဖင့္ ေရာမၿမိဳ႕သို႔ ခ်ီတက္ခဲ့ေလသည္။ ဗိုလ္ခ်ဳပ္ႀကီး ဟန္နီေဘာ္ သည္ ေျခလ်င္ စစ္သား ၅ဝဝဝဝ၊ ျမင္းသည္တပ္သား ၉ဝဝဝ ႏွင့္ ဆင္မ်ားလည္း ပါဝင္ေသာ ကားေသ့စစ္တပ္ကို ဦးစီးလ်က္ စပိန္အေရွ႕ဘက္ကမ္းေျခ တစ္ေလၽွာက္မွ ပီးရနီးေတာင္တန္းကို ျဖတ္ေက်ာ္၍ ေဂါလ (ျပင္သစ္)ႏိုင္ငံသို႔ ဝင္ ေရာက္ခဲ့သည္။ ထိုအရပ္မွတစ္ဖန္ ႐ုန္းျမစ္ကို ျဖတ္ၿပီးလၽွင္ အီတလီေျမာက္ပိုင္း အဲ့လပေတာင္ ေျခသို႔ ေဆာင္းရာသီတြင္ ဆိုက္ေရာက္ေလသည္။

အပူပိုင္း အရပ္မ်ားတြင္ ေနသားက်ခဲ့ေသာ ကားေသ့စစ္သား တို႔သည္ ႏွင္းဖုံး၍ ျမင့္မားမတ္ေစာက္ေသာ အဲ့လပေတာင္တန္းကို ခဲယဥ္းပင္ပန္းစြာ ျဖတ္ေက်ာ္ၾကရေလသည္။ ထိုသို႔ေသာ ခရီး ၾကမ္းကို ခ်ီတက္လာၾကရာ၌ ရာသီဥတု အေအးဒဏ္ေၾကာင့္ ေသာ္လည္းေကာင္း၊ ေတာင္ေစာင္းမွ မေတာ္တဆ ေျခေခ်ာ္ လက္ေခ်ာ္ က်ဆုံးျခင္းေၾကာင့္ေသာ္လည္းေကာင္း၊ အနာေရာဂါ ေၾကာင့္ေသာ္လည္းေကာင္း ေျခခ်မိေသာအခါ ဟန္နီေဘာ္ တြင္ တပ္သားေပါင္း သုံးပုံတစ္ပုံမၽွေလာက္သာ က်န္ေတာ့သည္။

ဗိုလ္ခ်ဳပ္ႀကီး ဟန္နီေဘာ္ သည္ ျမင္းတပ္သားမ်ားကို တြင္က်ယ္စြာ အသုံးခ်၍ ေရာမတပ္မ်ားကို ထရက္ ဗီယာ ျမစ္တိုက္ပြဲႏွင့္ ထရပ္စီးမီးနပ္အိုင္ တိုက္ပြဲတို႔တြင္ တိုက္ခိုက္ ေအာင္ျမင္ခဲ့ေလသည္။ ထိုအခါ ေရာမတို႔သည္ ကားေသ့ စစ္တပ္၏ ရန္ကို ၿဖိဳဖ်က္ရန္အတြက္ ကြင္းတပ္ေဖးဗီးယပ္ မက္ဆီမပ္ဆိုသူကို ေခါင္းေဆာင္ အပ္ႏွင္းခဲၾကသည္။ ေဖးဗီး ယပ္သည္ ေတာင္ဘက္သို႔ ဆင္းလာေသာ ကားေသ့တို႔၏ တပ္ႏွင့္ ရင္ဆိုင္တိုက္ခိုက္ျခင္း မျပဳဘဲ ေနာက္ဆြယ္မွလိုက္၍ အေႏွာင့္အယွက္ အမ်ိဳးမ်ိဳးျဖင့္ ရန္သူ ပန္းရိႏြမ္းနယ္လာေအာင္ ျပဳလုပ္သည္။

ဘီစီ ၂၁၆ ခုႏွစ္တြင္ တပ္သားေပါင္း ခုနစ္ ေသာင္းနီးပါးမွ တစ္သိန္းနီးပါးမၽွ ပါဝင္ေသာ ေရာမစစ္တပ္ႏွင့္ ဟန္နီေဘာ္ ၏ တပ္တို႔သည္ အီတလီ အေရွ႕ေတာင္ဘက္ ကမ္းေျခ အနီးရွိ ကႏၷီးၿမိဳ႕၌ ရင္ဆိုင္ တိုက္ခိုက္ၾကေလသည္။ ဟန္နီေဘာ္ ၏ တပ္မ်ားသည္ လူအင္အားခ်င္း မမၽွေသာ္လည္း ကႏၷီးတိုက္ပြဲ တြင္ ေရာမ တို႔ကို တပ္လုံးနီးပါးမၽွျပဳတ္ေအာင္ ေခ်မႈန္းႏိုင္ခဲ့ ၾကသည္။ ထိုတိုက္ပြဲ၌ ေရာမတို႔ဘက္တြင္ ထိပ္တန္းအရာရွိ မ်ား၊ သူေကာင္းမ်ိဳးႏြယ္မ်ား ေျမာက္ျမားစြာ က်ဆုံးခဲ့ေလသည္။

ေရာမသမုိင္းပညာရွင္ လီဗီ(Livy) က ဟန္နီေဘာအား”သူသည္ ေျခလွ်င္စစ္သည္ေတြႏွင့္ ျမင္းစီးစစ္သည္ေတြထဲမွာ အေကာင္းဆုံးအေတာ္ဆုံးျဖစ္သည္။ တုိက္ပြဲမွာ ေရွ႕ကေန၍ ေနာက္ဆုံးမွ ဆုတ္ခြာသူျဖစ္သည္” ဟု ဆုိသည္။ ဟန္နီေဘာ္သည္ တုိက္ပြဲမ်ားစြာတြင္ အင္အားသာလြန္ေသာေရာမတုိ႔အေပၚ ေအာင္ပြဲဆင္ႏုိင္ခဲ့သည္။ ေရာမအင္ပါယာတစ္ခုလုံးကို သိမ္းပိုက္ရန္ ပထမဆုံး အစြန္အဖ်ားေဒသမ်ားကို စတင္သိမ္းပိုက္ခဲ့သည္။ အင္အားႏွစ္ဆ ရွိေသာ ေရာမတပ္တုိ႔အေပၚေအာင္ပြဲဆင္ခဲ့သည္ တုိက္ပြဲအၿပီးတြင္ ညီျဖစ္သူ မဟာေဘာ္က ေရာမအင္ပါယာတစ္ခုလုံးကို သိမ္းပိုက္သင့္ေၾကာင္းအႀကံေပးခဲ့သည္။ သုိ႔ေသာ္ ထုိအႀကံကုိလက္ခံျခင္း မျပဳခဲ့ပဲ ႏႈတ္ဆက္ေနခဲ့ျခင္းသည္ ဟန္နီေဘာ္၏ မဟာအမွားပင္ျဖစ္သည္။ ေရာမကုိ သိမ္းပိုက္ႏုိင္ပါလွ်က္မသိမ္းပုိက္ႏုိင္ခဲ့ေတာ့ေပ။

ေနာက္ပိုင္းတြင္ေရာမတုိ႔ အင္အားျပန္ေကာင္းလာကာ ပင္လယ္ကို ႀကီးစိုးလ်က္ရွိသျဖင့္ ဟန္နီေဘာ္ ထံသို႔ ကားေသ့မွ စစ္ကူမပို႔ႏိုင္ေတာ့ေခ်။ ဘီစီ ၂ဝ၈ ခုႏွစ္တြင္ ဟန္နီေဘာ္ ၏ညီ ဟက္ဇျဒဴး ေဘာ္သည္ စပိန္ဘက္မွ စစ္ကူလာခဲ့ေသာ္လည္း ေရာမတို႔က ဆီးႀကိဳ တိုက္ခိုက္သျဖင့္ တပ္ပ်က္သြားေလသည္။ ေရာမတို႔သည္ စစ္ပရိယာယ္ကိုေျပာင္း၍ အာဖရိကတိုက္ရွိ ကားေသ့ႏိုင္ငံဘက္သို႔ စစ္ဦးလွည့္ၾကသည္။ ေရာမတပ္မ်ားကို ဗိုလ္ခ်ဳပ္ ဆစ္ပီယိုက ေခါင္းေဆာင္သည္။

ထိုအခါ အီတလီ ႏိုင္ငံ၌ရွိေနေသးေသာ ဗိုလ္ခ်ဳပ္ ဟန္နီေဘာ္ကို ကားေသ့သို႔ ျပန္ ေခၚရသည္။ ဘီစီ ၂ဝ၂ ခုႏွစ္တြင္ ေရာမတပ္မ်ားႏွင့္ ေဇးမား အရပ္၌ ယွဥ္ၿပိဳင္ တိုက္ခိုက္ရာ ကားေသ့တို႔ အေရးနိမ့္၍ စစ္ ႐ႈံးေလသည္။ ကားေသ့တို႔သည္လည္း ေရာမတို႔ထံ၌ အညံ့ခံ၍ စစ္ေျပၿငိမ္းရေလသည္။ ထိုသို႔အားျဖင့္ ဒုတိယ ပ်ဴးနစ္စစ္ပြဲ ၿပီးဆုံးသည္။

ဗိုလ္ခ်ဳပ္ ဟန္နီေဘာ္ သည္ စစ္မႈထမ္းအျဖစ္မွ ထြက္၍ ကားေသ့ႏိုင္ငံ ျပန္လည္ ထူေထာင္ေရးကို စြမ္းစြမ္းတမံ ေဆာင္႐ြက္ေလသည္။ ဟန္နီေဘာ္ ၏ ႀကိဳးပမ္းမႈေၾကာင့္ ကားေသ့ ႏိုင္ငံသည္ စီးပြားေရး တိုးတက္လာျပန္ရာ ေရာမတို႔က မိမိ တို႔အား အန္တုမည္ကို စိုး႐ြံ႕ၾကသည္။ ထိုေၾကာင့္ ေခါင္းေဆာင္ ဟန္နီေဘာ္ ကို ယင္းသို႔ လက္သို႔ ေပးအပ္ရန္ ေတာင္းဆိုသည္။ ထိုအခါ ဟန္နီေဘာ္ သည္ အာရွမိုင္းနားသို႔ ထြက္ေျပး တိမ္းေရွာင္ ခဲ့ရေလသည္။

ဦးစြာ၌ ဆီရီးယားဘုရင္ႏွင့္ ပူေပါင္း၍ ေရာမ တို႔၏ ရန္ကို တိုက္ဖ်က္ရန္ အားထုတ္သည္။ သို႔ရာတြင္ အေရးမသာေသာေၾကာင့္ ဗစ္သီးနယားႏိုင္ငံသို႔ ထြက္ေျပးရ ျပန္သည္။ တစ္ဖန္ ေရာမတို႔သည္ ဟန္နီေဘာ္ ကို လက္ရဖမ္း မိရန္ ႀကိဳးစားၾကေလသည္။ ဟန္နီေဘာ္ လည္း လြတ္ေျမာက္ရန္ လမ္းမရွိေတာ့သျဖင့္ မိမိလက္စြပ္၌ဝွက္၍ အစဥ္ေဆာင္ထား သည့္ အဆိပ္ကို ေသာက္ကာ သူ၏ဘဝကို အဆုံးသတ္သြား ေလသည္။
(ဟန္နီေဘာ္၏ ကာေသ့ျပည္သည္ လက္ရွိ တူနီးရွားႏုိင္ငံျဖစ္သည္။)

—————————–

သမိုင်းထဲက ကမ္ဘာကျော်စစ်ဗိုလ်ချုပ်ကြီး (သို့) ဟန်နီဘော် (unicode)

ဟန်နီဘော် သည် ရှေးကားသေ့နိုင်ငံမှ စစ်ပညာ၌ အထူးကျွမ်း ကျင်သော ဗိုလ်ချုပ်ကြီး ဖြစ်သည်။ စစ်ရေးစစ်ရာနှင့် စပ်လျဉ်း၍ ဆိုင်ပြိုင်ရသောအခက် အခဲတို့ကို စစ်ပရိယာယ် ဆင်လျက် ကျော်နင်းခဲ့ပုံများမှာ အံ့ချီး ဖွယ်ရာ ဖြစ်လေသည်။ ဟန်နီဘော် အကျပ်အတည်းနှင့် တွေ့ကြုံ နေရသည့်အခါ မိမိဘက်သို့ အရေးသာလာအောင် ထိုအခြေ အနေကို ပြောင်းလဲနိုင်သော အရည်အချင်းရှိသူ ဖြစ်၏။ မိမိတို့ ဘက်ကထက် အင်အားပို၍ ကြီးမားသော ရန်သူတပ်များကို လည်း နိုင်အောင်တိုက်နိုင်သော စစ်သူရဲကောင်းဖြစ်သည်။ ထိုကြောင့် ဟန်နီဘော် သည် သူရသတ္တိရှိသော ဗိုလ်ချုပ်ကြီး ဖြစ်ရုံ မျှမက သေနင်္ဂဗျူဟာအရာ၌လည်း ထက်မြက်သူ ဖြစ်ပေသည်။ ဟန်နီဘော် သည် ရောမတို့၏ ကြီးစိုးမှုကို ချိုးနှိမ်ရန် ရည်ရွယ် ချက် မအောင်မြင်ခဲ့သော်လည်း သူ၏ ဇွဲသတ္တိကိုမူကား ကမ္ဘာ့သမိုင်းတွင် ရှေးခေတ် စစ်ခေါင်းဆောင်တို့နှင့် ယှဉ်ပြိုင် ၍ မှတ်တမ်းတင်ခဲ့ကြရလေသည်။

ထိုအချိန်က မြေထဲပင်လယ်ဒေသတွင် ရောမတို့နှင့် ကားသေ့တို့ အားပြိုင်နေကြသည်။ ရောမတို့က အီတလီ ကျွန်းဆွယ်တစ်ခုလုံးကို သိမ်းပိုက် အုပ်စိုးလျက်ရှိသည်။ ကားသေ့တို့က အာဖရိကတိုက်မြောက်ပိုင်းနှင့် မြေထဲပင်လယ် အနောက်ပိုင်းတွင် ကြီးစိုးလျက် ရှိသည်။ ပထမ ပျူးနစ်စစ်ပွဲ (ဘီစီ ၂၆၄-၂၄၃)တွင် ကားသေ့တို့ အရေးနိမ့်ခဲ့ကြသည်။ ကားသေ့တို့သည် ရောမတို့ကို အခဲမကြေသဖြင့် ကားသေ့ ဗိုလ်ချုပ်ကြီး ဟမီးလကားဗားကားသည် စပိန်ကို နယ်သစ် အဖြစ် သိမ်းသွင်းရန် စစ်ချီလေသည်။ ဗိုလ်ချုပ်ကြီး ဟမီး လကား၏ သား ကိုးနှစ်သားအရွယ်ရှိ ဟန်နီဘော် ကလည်း နောင် တစ်နေ့တွင် ရောမတို့ရန်စွယ်ကို အပြီးအပိုင် ချိုးနှိမ်ပါမည်ဟူ သော အဓိဋ္ဌာန်ဖြင့် စစ်ရေးစစ်ရာကို လေ့လာရန် ဖခင်နှင့်အတူ လိုက်ပါခဲ့လေသည်။

ဟန်နီဘော် သည် ဖခင်ဗိုလ်ချုပ်ကြီး လက်အောက်တွင် စစ် ပညာကို စေ့စေ့စုံစုံ လေ့လာခဲ့ရလေသည်။ ဖခင် ကွယ်လွန်လေ သော် ယောက်ဖတော်သူ ဟက်ဇဒြူးဗော လက်အောက်တွင် ဆက်လက်၍ စစ်မှုထမ်းသည်။ တစ်ဖန် ဘီစီ ၂၂၁ ခုနှစ်တွင် ဟက်ဇဒြူးဗော ကွယ်လွန်သဖြင့် အသက် ၂၅ နှစ်အရွယ်မျှသာ ရှိသော ဟန်နီဘော်ကို ကားသေ့စစ်ဗိုလ်ချုပ်အဖြစ် တင်မြောက်ကြ သည်။ ဟန်နီဘော် သည် ငယ်စဉ်ကတည်းက စစ် တိုက်ခိုက်ရေး ဘက်တွင် အတွေ့အကြုံများခဲ့သူဖြစ်သည့်အပြင် ပင်ကိုယ် တိုက်ရည်ခိုက်ရည်လည်း ရှိသူဖြစ်၍ မိမိပြုခဲ့သော အဓိဋ္ဌာန် အတိုင်း ရောမတို့ကို နှိမ်နင်း တိုက်ခိုက်ရန် ဒုတိယ ပျူးနစ် စစ်ပွဲ(ဘီစီ ၂၁၈-၂ဝ၁)ကို ပြင်ဆင်လေသည်။

ဟန်နီဘော် သည် ရောမတို့ကို အီတလီမြေပေါ်တွင် နှိမ်နင်း အောင်မြင်ရမည်ဟု စွဲမြဲစွာ ယုံကြည်သူဖြစ်ရာ ရာဇဝင်တွင် သည့် စစ်ကြောင်းဖြင့် ရောမမြို့သို့ ချီတက်ခဲ့လေသည်။ ဗိုလ်ချုပ်ကြီး ဟန်နီဘော် သည် ခြေလျင် စစ်သား ၅ဝဝဝဝ၊ မြင်းသည်တပ်သား ၉ဝဝဝ နှင့် ဆင်များလည်း ပါဝင်သော ကားသေ့စစ်တပ်ကို ဦးစီးလျက် စပိန်အရှေ့ဘက်ကမ်းခြေ တစ်လျှောက်မှ ပီးရနီးတောင်တန်းကို ဖြတ်ကျော်၍ ဂေါလ (ပြင်သစ်)နိုင်ငံသို့ ဝင် ရောက်ခဲ့သည်။ ထိုအရပ်မှတစ်ဖန် ရုန်းမြစ်ကို ဖြတ်ပြီးလျှင် အီတလီမြောက်ပိုင်း အဲ့လပတောင် ခြေသို့ ဆောင်းရာသီတွင် ဆိုက်ရောက်လေသည်။ အပူပိုင်း အရပ်များတွင် နေသားကျခဲ့သော ကားသေ့စစ်သား တို့သည် နှင်းဖုံး၍ မြင့်မားမတ်စောက်သော အဲ့လပတောင်တန်းကို ခဲယဉ်းပင်ပန်းစွာ ဖြတ်ကျော်ကြရလေသည်။ ထိုသို့သော ခရီး ကြမ်းကို ချီတက်လာကြရာ၌ ရာသီဥတု အအေးဒဏ်ကြောင့် သော်လည်းကောင်း၊ တောင်စောင်းမှ မတော်တဆ ခြေချော် လက်ချော် ကျဆုံးခြင်းကြောင့်သော်လည်းကောင်း၊ အနာရောဂါ ကြောင့်သော်လည်းကောင်း ခြေချမိသောအခါ ဟန်နီဘော် တွင် တပ်သားပေါင်း သုံးပုံတစ်ပုံမျှလောက်သာ ကျန်တော့သည်။

ဗိုလ်ချုပ်ကြီး ဟန်နီဘော် သည် မြင်းတပ်သားများကို တွင်ကျယ်စွာ အသုံးချ၍ ရောမတပ်များကို ထရက် ဗီယာ မြစ်တိုက်ပွဲနှင့် ထရပ်စီးမီးနပ်အိုင် တိုက်ပွဲတို့တွင် တိုက်ခိုက် အောင်မြင်ခဲ့လေသည်။ ထိုအခါ ရောမတို့သည် ကားသေ့ စစ်တပ်၏ ရန်ကို ဖြိုဖျက်ရန်အတွက် ကွင်းတပ်ဖေးဗီးယပ် မက်ဆီမပ်ဆိုသူကို ခေါင်းဆောင် အပ်နှင်းခဲကြသည်။ ဖေးဗီး ယပ်သည် တောင်ဘက်သို့ ဆင်းလာသော ကားသေ့တို့၏ တပ်နှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုဘဲ နောက်ဆွယ်မှလိုက်၍ အနှောင့်အယှက် အမျိုးမျိုးဖြင့် ရန်သူ ပန်းရိနွမ်းနယ်လာအောင် ပြုလုပ်သည်။ ဘီစီ ၂၁၆ ခုနှစ်တွင် တပ်သားပေါင်း ခုနစ် သောင်းနီးပါးမှ တစ်သိန်းနီးပါးမျှ ပါဝင်သော ရောမစစ်တပ်နှင့် ဟန်နီဘော် ၏ တပ်တို့သည် အီတလီ အရှေ့တောင်ဘက် ကမ်းခြေ အနီးရှိ ကန္နီးမြို့၌ ရင်ဆိုင် တိုက်ခိုက်ကြလေသည်။ ဟန်နီဘော် ၏ တပ်များသည် လူအင်အားချင်း မမျှသော်လည်း ကန္နီးတိုက်ပွဲ တွင် ရောမ တို့ကို တပ်လုံးနီးပါးမျှပြုတ်အောင် ချေမှုန်းနိုင်ခဲ့ ကြသည်။ ထိုတိုက်ပွဲ၌ ရောမတို့ဘက်တွင် ထိပ်တန်းအရာရှိ များ၊ သူကောင်းမျိုးနွယ်များ မြောက်မြားစွာ ကျဆုံးခဲ့လေသည်။

ရောမသမိုင်းပညာရှင် လီဗီ(Livy) က ဟန်နီဘောအား”သူသည် ခြေလျှင်စစ်သည်တွေနှင့် မြင်းစီးစစ်သည်တွေထဲမှာ အကောင်းဆုံးအတော်ဆုံးဖြစ်သည်။ တိုက်ပွဲမှာ ရှေ့ကနေ၍ နောက်ဆုံးမှ ဆုတ်ခွာသူဖြစ်သည်” ဟု ဆိုသည်။ ဟန်နီဘော်သည် တိုက်ပွဲများစွာတွင် အင်အားသာလွန်သောရောမတို့အပေါ် အောင်ပွဲဆင်နိုင်ခဲ့သည်။ ရောမအင်ပါယာတစ်ခုလုံးကို သိမ်းပိုက်ရန် ပထမဆုံး အစွန်အဖျားဒေသများကို စတင်သိမ်းပိုက်ခဲ့သည်။ အင်အားနှစ်ဆ ရှိသော ရောမတပ်တို့အပေါ်အောင်ပွဲဆင်ခဲ့သည် တိုက်ပွဲအပြီးတွင် ညီဖြစ်သူ မဟာဘော်က ရောမအင်ပါယာတစ်ခုလုံးကို သိမ်းပိုက်သင့်ကြောင်းအကြံပေးခဲ့သည်။ သို့သော် ထိုအကြံကိုလက်ခံခြင်း မပြုခဲ့ပဲ နှုတ်ဆက်နေခဲ့ခြင်းသည် ဟန်နီဘော်၏ မဟာအမှားပင်ဖြစ်သည်။ ရောမကို သိမ်းပိုက်နိုင်ပါလျှက်မသိမ်းပိုက်နိုင်ခဲ့တော့ပေ။

နောက်ပိုင်းတွင်ရောမတို့ အင်အားပြန်ကောင်းလာကာ ပင်လယ်ကို ကြီးစိုးလျက်ရှိသဖြင့် ဟန်နီဘော် ထံသို့ ကားသေ့မှ စစ်ကူမပို့နိုင်တော့ချေ။ ဘီစီ ၂ဝ၈ ခုနှစ်တွင် ဟန်နီဘော် ၏ညီ ဟက်ဇဒြူး ဘော်သည် စပိန်ဘက်မှ စစ်ကူလာခဲ့သော်လည်း ရောမတို့က ဆီးကြို တိုက်ခိုက်သဖြင့် တပ်ပျက်သွားလေသည်။ ရောမတို့သည် စစ်ပရိယာယ်ကိုပြောင်း၍ အာဖရိကတိုက်ရှိ ကားသေ့နိုင်ငံဘက်သို့ စစ်ဦးလှည့်ကြသည်။ ရောမတပ်များကို ဗိုလ်ချုပ် ဆစ်ပီယိုက ခေါင်းဆောင်သည်။ ထိုအခါ အီတလီ နိုင်ငံ၌ရှိနေသေးသော ဗိုလ်ချုပ် ဟန်နီဘော်ကို ကားသေ့သို့ ပြန် ခေါ်ရသည်။ ဘီစီ ၂ဝ၂ ခုနှစ်တွင် ရောမတပ်များနှင့် ဇေးမား အရပ်၌ ယှဉ်ပြိုင် တိုက်ခိုက်ရာ ကားသေ့တို့ အရေးနိမ့်၍ စစ် ရှုံးလေသည်။ ကားသေ့တို့သည်လည်း ရောမတို့ထံ၌ အညံ့ခံ၍ စစ်ပြေငြိမ်းရလေသည်။ ထိုသို့အားဖြင့် ဒုတိယ ပျူးနစ်စစ်ပွဲ ပြီးဆုံးသည်။

ဗိုလ်ချုပ် ဟန်နီဘော် သည် စစ်မှုထမ်းအဖြစ်မှ ထွက်၍ ကားသေ့နိုင်ငံ ပြန်လည် ထူထောင်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်လေသည်။ ဟန်နီဘော် ၏ ကြိုးပမ်းမှုကြောင့် ကားသေ့ နိုင်ငံသည် စီးပွားရေး တိုးတက်လာပြန်ရာ ရောမတို့က မိမိ တို့အား အန်တုမည်ကို စိုးရွံ့ကြသည်။ ထိုကြောင့် ခေါင်းဆောင် ဟန်နီဘော် ကို ယင်းသို့ လက်သို့ ပေးအပ်ရန် တောင်းဆိုသည်။ ထိုအခါ ဟန်နီဘော် သည် အာရှမိုင်းနားသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရလေသည်။ ဦးစွာ၌ ဆီရီးယားဘုရင်နှင့် ပူပေါင်း၍ ရောမ တို့၏ ရန်ကို တိုက်ဖျက်ရန် အားထုတ်သည်။ သို့ရာတွင် အရေးမသာသောကြောင့် ဗစ်သီးနယားနိုင်ငံသို့ ထွက်ပြေးရ ပြန်သည်။ တစ်ဖန် ရောမတို့သည် ဟန်နီဘော် ကို လက်ရဖမ်း မိရန် ကြိုးစားကြလေသည်။ ဟန်နီဘော် လည်း လွတ်မြောက်ရန် လမ်းမရှိတော့သဖြင့် မိမိလက်စွပ်၌ဝှက်၍ အစဉ်ဆောင်ထား သည့် အဆိပ်ကို သောက်ကာ သူ၏ဘဝကို အဆုံးသတ်သွား လေသည်။
(ဟန်နီဘော်၏ ကာသေ့ပြည်သည် လက်ရှိ တူနီးရှားနိုင်ငံဖြစ်သည်။)

Leave a Reply