လြန္ခဲ့ေသာႏွစ္ေပါင္း ၁၄၀၀ခန္႔က ငလွ်င္ဒါဏ္ေၾကာင့္ပ်က္စီးခဲ့ရေသာ သမၼာက်မ္းစာထဲက ေရွးၿမဳိ႕ေဟာင္းကိုပုံစံမပ်က္တူးေဖာ္ရရွိ

Posted on


လြန္ခဲ့ေသာႏွစ္ေပါင္း ၁၄၀၀ခန္႔က ငလွ်င္ဒါဏ္ေၾကာင့္ပ်က္စီးခဲ့ရတဲ့ ေရာမသေဘၤာဆိပ္ကမ္းၿမဳိ႕ေဟာင္းတစ္ခုကို ဂရိႏုိင္ငံေတာင္ပုိင္းက Corinth ေရွးေဟာင္းၿမဳိ႕မွာ ေရွးေဟာင္းသုေတသနပညာရွင္ေတြက တူးေဖာ္ေတြ႔ရွိခဲ့ပါတယ္။ ဆားငန္ေရေတြေအာက္ကေန တူးေဖာ္ေတြ႔ရွိတဲ့ ဒီေရွးေဟာင္းၿမဳိ႕ကိုအဲဒီတုန္းကအတုိင္း ပုံစံမပ်က္ေတြ႔ရွိရတာျဖစ္ပါတယ္။ ဒီရွာေဖြေတြ႔ရွိမႈ အထဲမွာ
သစ္သားအဆင္တန္ဆာေတြ ၊ ငါးဖမ္းခ်ိတ္ေတြ ၊ သစ္သားစက္သီးေတြ နဲ႔ ေၾကြထည္ေျမထည္ေတြလည္း ပါ၀င္ပါတယ္။

Corinth ၿမဳိ႕ဟာ ခရစ္ယာန္ေတြရဲ႕အဓိကၿမဳိ႕ေတာ္တစ္ခုျဖစ္ခဲ့ၿပီး ေရွးေခတ္ဂရိေတြလက္ထက္တုန္းက နာမည္ေက်ာ္ၿမဳိ႕တစ္ခုလည္းျဖစ္ပါတယ္။ ဒီၿမဳိ႕ဟာ ဘီစီ ၁၄၆မွာ ေရာမေတြရဲ႕ဖ်က္စီးျခင္းကို ခံခဲ့ရၿပီးတဲ့ေနာက္ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ခန္႔ စြန္႔ပစ္ထားျခင္းခံခဲ့ရပါတယ္။

ဘီစီ ၄၄မွာေတာ့ ဂ်ဴလီးယက္ဆီဇာက ဒီၿမဳိ႕ကိုျပန္လည္တည္ေဆာက္ခဲ့ၿပီး ခရစ္ေတာ္ရဲ႕တပည့္ စိန္႔ေပါေရးသားတဲ့ ဓမၼသစ္က်မ္းႏွစ္ေစာင္မွာ ထည့္သြင္းေဖာ္ျပျခင္းခံခဲ့ရပါတယ္။ အဲဒီအခ်ိန္ကထုတ္လုပ္ခဲ့တဲ့ ဒဂၤါးျပားေတြရဲ႕မ်က္ႏွာျပင္မွာ ပါေလ့ရွိတဲ့ ေရွးေဟာင္းမီးျပတုိက္တစ္ခုကိုလည္း ဆိပ္ကမ္းအနီးမွာပဲ တူးေဖာ္ေတြ႔ရွိခဲ့ၾကပါတယ္။ ေရွးၿမဳိ႕ေဟာင္းအမ်ားစုဟာ ငလွ်င္ဒါဏ္ေၾကာင့္ပ်က္စီးေပ်ာက္ကြယ္သြားခဲ့ၾကေပမယ့္ ဒီၿမဳိ႕ေဟာင္းကေတာ့ ပုံစံမပ်က္ရွိေနတာဟာ ေရွးေဟာင္းသုေတသနပညာရွင္ေတြအတြက္ေတာ့ အံၾသစရာပါပဲ။

ဒီလုိပုံစံမပ်က္ရွိေနရျခင္းအေၾကာင္းကေတာ့ ဆားငန္ေရေတြ နဲ႔ အနည္အႏွစ္ေတြက မပ်က္စီးေအာင္ ဖုံးအုပ္ထားမႈေၾကာင့္လုိ႔ ရွာေဖြေတြ႔ရွိသူေတြက ဆုိၾကပါတယ္။ ဒီရွာေဖြမႈပေရာဂ်က္(Leichaion Harbour Project) ရဲ႕ ေခါင္းေဆာင္ Bjørn Lovén ကေတာ့ “ႏွစ္၂၀အတြင္း ဒီေနရာတစ္၀ုိက္က တူူးေဖာ္ေတြ႔ရွိခဲ့ရသမွ်ထဲမွာ ဒီေနရာဟာ အျပည့္စုံဆုံး ေရွးေဟာင္းၿမဳိ႕တူးေဖာ္မႈပါ။ လက္ရွိမွာေတာ့ ဒီေရွးေဟာင္းၿမဳိ႕ကိုဆက္လက္တူးေဖာ္လွ်က္ရွိၿပီး ပုိမုိစုံလင္တဲ့ ေရွးေဟာင္းပစၥည္းနဲ႔ လက္ရာေတြကို ေတြ႔ရွိဦးမွာပါ” လုိ႔ဆုိပါတယ္။

VIDEO


လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ဝခန့်က ငလျှင်ဒါဏ်ကြောင့်ပျက်စီးခဲ့ရသော သမ္မာကျမ်းစာထဲက ရှေးမြို့ဟောင်းကိုပုံစံမပျက်တူးဖော်ရရှိ
(unicode)

လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ဝခန့်က ငလျှင်ဒါဏ်ကြောင့်ပျက်စီးခဲ့ရတဲ့ ရောမသင်္ဘောဆိပ်ကမ်းမြို့ဟောင်းတစ်ခုကို ဂရိနိုင်ငံတောင်ပိုင်းက Corinth ရှေးဟောင်းမြို့မှာ ရှေးဟောင်းသုတေသနပညာရှင်တွေက တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဆားငန်ရေတွေအောက်ကနေ တူးဖော်တွေ့ရှိတဲ့ ဒီရှေးဟောင်းမြို့ကိုအဲဒီတုန်းကအတိုင်း ပုံစံမပျက်တွေ့ရှိရတာဖြစ်ပါတယ်။ ဒီရှာဖွေတွေ့ရှိမှု အထဲမှာ
သစ်သားအဆင်တန်ဆာတွေ ၊ ငါးဖမ်းချိတ်တွေ ၊ သစ်သားစက်သီးတွေ နဲ့ ကြွေထည်မြေထည်တွေလည်း ပါဝင်ပါတယ်။

Corinth မြို့ဟာ ခရစ်ယာန်တွေရဲ့အဓိကမြို့တော်တစ်ခုဖြစ်ခဲ့ပြီး ရှေးခေတ်ဂရိတွေလက်ထက်တုန်းက နာမည်ကျော်မြို့တစ်ခုလည်းဖြစ်ပါတယ်။ ဒီမြို့ဟာ ဘီစီ ၁၄၆မှာ ရောမတွေရဲ့ဖျက်စီးခြင်းကို ခံခဲ့ရပြီးတဲ့နောက် နှစ်ပေါင်း ၁၀၀ ကျော်ခန့် စွန့်ပစ်ထားခြင်းခံခဲ့ရပါတယ်။

ဘီစီ ၄၄မှာတော့ ဂျူလီးယက်ဆီဇာက ဒီမြို့ကိုပြန်လည်တည်ဆောက်ခဲ့ပြီး ခရစ်တော်ရဲ့တပည့် စိန့်ပေါရေးသားတဲ့ ဓမ္မသစ်ကျမ်းနှစ်စောင်မှာ ထည့်သွင်းဖော်ပြခြင်းခံခဲ့ရပါတယ်။ အဲဒီအချိန်ကထုတ်လုပ်ခဲ့တဲ့ ဒင်္ဂါးပြားတွေရဲ့မျက်နှာပြင်မှာ ပါလေ့ရှိတဲ့ ရှေးဟောင်းမီးပြတိုက်တစ်ခုကိုလည်း ဆိပ်ကမ်းအနီးမှာပဲ တူးဖော်တွေ့ရှိခဲ့ကြပါတယ်။ ရှေးမြို့ဟောင်းအများစုဟာ ငလျှင်ဒါဏ်ကြောင့်ပျက်စီးပျောက်ကွယ်သွားခဲ့ကြပေမယ့် ဒီမြို့ဟောင်းကတော့ ပုံစံမပျက်ရှိနေတာဟာ ရှေးဟောင်းသုတေသနပညာရှင်တွေအတွက်တော့ အံဩစရာပါပဲ။

ဒီလိုပုံစံမပျက်ရှိနေရခြင်းအကြောင်းကတော့ ဆားငန်ရေတွေ နဲ့ အနည်အနှစ်တွေက မပျက်စီးအောင် ဖုံးအုပ်ထားမှုကြောင့်လို့ ရှာဖွေတွေ့ရှိသူတွေက ဆိုကြပါတယ်။ ဒီရှာဖွေမှုပရောဂျက်(Leichaion Harbour Project) ရဲ့ ခေါင်းဆောင် Bjørn Lovén ကတော့ “နှစ်၂ဝအတွင်း ဒီနေရာတစ်ဝိုက်က တူးဖော်တွေ့ရှိခဲ့ရသမျှထဲမှာ ဒီနေရာဟာ အပြည့်စုံဆုံး ရှေးဟောင်းမြို့တူးဖော်မှုပါ။ လက်ရှိမှာတော့ ဒီရှေးဟောင်းမြို့ကိုဆက်လက်တူးဖော်လျှက်ရှိပြီး ပိုမိုစုံလင်တဲ့ ရှေးဟောင်းပစ္စည်းနဲ့ လက်ရာတွေကို တွေ့ရှိဦးမှာပါ” လို့ဆိုပါတယ်။

Leave a Reply