ေ၀လငါးတုိ႔ အေၾကာင္း သိေကာင္းစရာ

Posted on

ကမၻာတြင္ အႀကီးဆုံးသတၱဝါမွာ ေဝလငါးျဖစ္၏။ ေဝလငါးဟုပင္ ေခၚၾကေသာ္လည္း ေဝလငါးသည္ ငါးအစစ္ကား မဟုတ္ ေခ်။ ေဝလငါးသည္ ေပေပါင္း ၁၁၁ ေပအထိ ရွည္ႏိုင္ၿပီးလၽွင္ တန္ခ်ိန္ ေပါင္း ၉ဝ၊ ၁ဝဝ ခန္႔အထိ ႀကီးႏိုင္သည္။ ေဝလငါး ထိုသို႔ ကိုယ္ထည္ႀကီးႏိုင္သည္မွာ ယင္း၏ ကိုယ္ထည္ ကို ေရက ေထာက္ပံ့ထားျခင္းေၾကာင့္ ျဖစ္သည္။

ေရွးႏွစ္ေပါင္းမ်ားစြာ လြန္ခဲ့ေသာ တစ္ခ်ိန္က ေဝလငါးသည္ ကုန္းသတၱဝါျဖစ္ခဲ့သည္ဟု ပညာရွင္မ်ားကဆုိ၏။ ထိုအတြက္အေထာက္အထား အမ်ာအျပားရွိေလ သည္။ ဆင့္ကဲတိုးပြားသြားသည့္ ေဝလငါး၏ေနာက္ေျခမ်ားကို ေဝလငါး၏ ခႏၶာကိုယ္၏အေနာက္ဘက္အတြင္း၌ ေတြ႕ရွိႏိုင္ေပသည္ ။ ေဝလငါးသည္ အဘယ့္ေၾကာင့္ကုန္းကိုစြန္႔၍ ေရတြင္ေနထိုင္သည္ ဆိုသည္ကိုမည္သူမၽွ အတိအက်မေျပာႏိုင္ေခ်။

သို႔ေသာ္ ေဝလငါးသည္ အထက္တြင္ဆိုခဲ့သည့္အတိုင္း ငါးအစစ္ကားမဟုတ္ေခ်။ ငါးသည္ ေရထဲ၌ ေလကို႐ႉရာတြင္ ပါးဟက္မ်ားျဖင့္႐ႉ၍ ကုန္းေပၚ၌သာ တာရွည္ထားလၽွင္ အသက္မ႐ႉႏိုင္သျဖင့္ ေသသြားေပလိမ့္မည္။ ေဝလငါးကမူ လူေရနစ္သကဲ့ သို႔ ေရေအာက္ထဲတြင္ တာရွည္ေနလၽွင္ မြန္း၍ေသသြားေပလိမ္မည္။ ေဝလငါး ေရေပၚသို႔ ေပၚလာေသာအခါတြင္ ေရကိုပန္း၍ ထုတ္ပစ္သည္ဟု အခ်ိဳ႕က ထင္ၾကသည္။ ထိုကဲ့သို႔ထင္ျခင္းမွာ မွား၏။

ေဝလငါးသည္ ေရေအာက္ထဲတြင္ ရွိေန စဥ္ ႏွာေခါင္းေပါက္မ်ားကို အလုံပိတ္ထားၿပီးလၽွင္ အသက္မ႐ႉဘဲေနသည္။ ထို႔ေၾကာင့္ ယင္း၏အဆုတ္အတြင္းရွိေလသည္ ပူလ်က္ရွိၿပီးလၽွင္ ေရေငြ႕မ်ား ျဖင့္ ျပည့္ႏွက္လ်က္ရွိေလသည္။ ေရမ်က္ႏွာျပင္ေပၚသို႔ေပၚလာေသာအခါတြင္ ႐ုတ္တ ရက္ ေလပူမ်ားကို မႈတ္ထုတ္လိုက္သျဖင့္ ထိုေလပူမ်ား ပတ္ဝန္းက်င္ရွိ ေလေအးႏွင့္ ထိေတြ႕ေသာအခါ ေငြ႕ရည္ဖြဲ႕သြားေလသည္။ ေဆာင္းတြင္း၌ လူ အသက္႐ႉလိုက္ေသာအခါတြင္ျဖစ္သကဲ့သို႔ျဖစ္၏။

ငါးသည္ ေသြးေအးသတၱ ဝါျဖစ္ၿပီးလၽွင္ ယင္း၏ခႏၶာကိုယ္ အပူခ်ိန္သည္ သြားလာရာအရပ္ရွိ ေရ၏ အပူခ်ိန္ကိုလိုက္၍ ေျပာင္းလဲသည္။ ေဝလငါးမွာမူ ေသြးေႏြးသတၱဝါျဖစ္သ ျဖင့္ ယင္းေနထိုင္ရာသည္ မည္မၽွပင္ေအးေစကာမူ ယင္း၏ခႏၶာကိုယ္ အပူ ခ်ိန္သည္ မေျပာင္းလဲေခ်။ ေဝလငါးတြင္ အေရျပားႏွင့္ အသားၾကားတြင္ အဆီျပင္ရွိ၏။ ထိုအဆီျပင္က ယင္း၏ခႏၶာကိုယ္ကို ေႏြးလ်က္ရွိေစသည္။ ေဝလငါးႀကီးမ်ား၏ အေရျပားသည္ ထူေသာ္လည္း အလြန္ႏူးညံ့ေလသည္။ ငါးသည္ ဥမ်ားကိုအု၏။ ေဝလငါးကမူ ကုန္းေနသတၱဝါအမ်ားတို႔ ကဲ့သို႔ပင္ အေကာင္လိုက္ေမြးၿပီးလၽွင္ သားငယ္ကို ႏို႔ခ်ိဳတိုက္ေကၽြးေလသည္။ ႏို႔အေရာင္မွာ ႏြားႏို႔၏အေရာင္ႏွင့္တူ၏။

ေဝလငါး၏ဦးေခါင္းသည္ ေရမ်က္ႏွာျပင္သို႔ ေပၚလာသည္ႏွင့္ တစ္ၿပိဳင္နက္ အသက္႐ႉႏိုင္ေစရန္ ယင္း၏ႏွာေခါင္းေပါက္မ်ားသည္ ဦး ေခါင္းထိပ္၌ တည္ရွိေနသည္။ ေဝလငါး၏ မ်က္စိမ်ားသည္ ကိုယ္ထည္ႏွင့္ မလိုက္ေအာင္ ေသးငယ္ၾကေလသည္။ နားမ်ားမွာလည္း လြန္စြာေသးငယ္ၾက သည္။ ေဝလငါးတြင္ အမ်ိဳးေပါင္းမ်ားစြာရွိ၏။ သို႔ေသာ္ ယင္းတို႔ကို အဓိကအားျဖင့္ အုပ္စုႏွစ္စု ခြဲျခားႏိုင္ေပသည္။ ပထမအုပ္စုမွာ ေဝွးလဗုန္း သို႔မဟုတ္ ဗလင္းေဝလငါး(BALEEN WHALE) မ်ိဳးျဖစ္၍ ထိုအမ်ိဳးကို ပါဏေဗဒအလိုအရ မိုင္ စေတကိုစီတီးဟုေခၚသည္။ ဒုတိယအုပ္စုမွာ သြားရွိေဝလငါး(TOOTHED WHALE) မ်ိဳးျဖစ္၍ ထို အမ်ိဳးကို ပါဏေဗဒအလိုအရ အိုဒြန္တိုစီတီးဟုေခၚသည္။

ပထမအုပ္စုဝင္ ေဝလငါးမ်ား၌ သြားမ်ားမရွိေခ်။ သြားအစား လူ႕ လက္သည္းကဲ့သို႔ေသာ ပစၥည္းမ်ားသည္ ယင္းတို႔၏ ပါးစပ္အတြင္း၌ မ်ဥ္းၿပိဳင္တည္ရွိေနၾကေလသည္။ ထိုပစၥည္းမ်ား၏ အတြင္းပိုင္းရွိ ပစၥည္းမ်ား သည္ အေမြးၾကမ္းကဲ့သို႔ ျဖစ္ေနၾကေလသည္။ ထိုေၾကာင့္ ပုစြန္ဆိတ္အုပ္ မ်ားကို ေတြ႕ေသာအခါ ထိုေဝလငါးမ်ိဳးသည္ ပါးစပ္ႀကီးကိုဟကာ ပုစြန္ ဆိတ္အုပ္အတြင္းသို႔ ဝင္သြားေလသည္။ ပါးစပ္ကို ပိတ္လိုက္ေသာအခါ ေရမ်ားထြက္သြားၿပီးလၽွင္ ပုစြန္ဆိတ္မ်ားက်န္ရစ္ေလသည္။ ဗလင္းေဝလငါး မ်ိဳးသည္ ေရသတၱဝါငယ္မ်ားကိုသာ စားေသာက္ၾကသျဖင့္ ယင္းတို႔တြင္ ေသးငယ္ေသာ လည္ေခ်ာင္းမ်ားသာရွိၾကသည္။

ဒုတိယအုပ္စုတြင္ ပါဝင္ၾကေသာ ေဝလငါးမ်ိဳးတို႔၏ သြားမ်ား သည္ က်ိခၽြဲသည့္ငါးမ်ားႏွင့္ ကင္းမြန္းဘဲလိပ္ကဲ့သို႔ေသာ အေကာင္မ်ားကို ဖမ္းယူႏိုင္ရန္ တည္ရွိေနၾကေလသည္။ စပမ္းေဝလ ငါးႀကီးမ်ားရွိ သြားမ်ား မွာ ပို၍ႀကီးၾကၿပီးလၽွင္ အနည္းငယ္လည္း ေကာက္ေနသည္။ ကီးလာေဝွး သို႔မဟုတ္ ပင္လယ္ဝံပုေလြေခၚ ေဝလငါးမ်ိဳးတြင္ ေၾကာက္မက္ဖြယ္ေကာင္း ေသာ သြားမ်ားရွိၾကသည္။ သြားရွိေဝလငါးမ်ိဳးတို႔၏ အစာသည္ ႀကီးမားၾက သျဖင့္ ယင္းတို႔၌ ဗလင္းေဝလငါးမ်ိဳးရွိ လည္ေခ်ာင္းထက္ ပို၍ႀကီးမားေသာ လည္ေခ်ာင္းမ်ား ရွိၾကေလသည္။

ေမြးဖြားလာသည့္ ေဝလငါးကေလး၏အ႐ြယ္သည္ ထိုသားငယ္ကို ေမြးဖြားသည့္ မိခင္ ေဝလငါးမႀကီး၏ အ႐ြယ္ကိုလိုက္ၿပီး အႀကီးအငယ္ ျခားနားေလသည္။ ေပ ၈ဝ ရွည္ေသာ ေဝလငါးအမမွ ၂၅ ေပခန္႔ရွိေသာ ေဝလ ငါးငယ္ကို ေမြးဖြားေလသည္။ ေဝလငါးသည္ ႏွစ္ႏွစ္တြင္ တစ္ႀကိမ္ခန္႔ သားဖြားေလ့ရွိသည္။ ေမြးဖြားရာတြင္လည္း မ်ားေသာအားျဖင့္ တစ္ေကာင္ခ်င္းသာ အေမြးမ်ား ေသာ္လည္း အႁမြာေမြးျခင္းမ်ိဳးလည္း ရွိတက္သည္။ မိခင္ေဝလငါးမႀကီး သည္ သားငယ္အားလြန္စြာ ခ်စ္ျမတ္ႏိုးေလသည္။ သားငယ္သာ အသတ္ခံရ လၽွင္ မိခင္သည္ ထိုေနရာမွ ခြာခဲေလသည္။ေဝလငါးမည္မၽွ အသက္ရွည္ သည္ကို အတိအက် မေျပာႏိုင္ေခ်။သို႔ေသာ္ ႏွစ္တစ္ရာခန္႔ေနႏိုင္သည့္ အခ်က္အလက္မ်ားကို ေတြ႕ရေလသည္။

ေဝလငါးကေလးမ်ားသည္ ေမြးၿပီး၍ သုံးေလးႏွစ္အတြင္း၌ ႀကီးထြားမႈျမန္သည္။ မ်ားေသာအားျဖင့္ ေဝလငါးသည္ အုပ္ဖြဲ႕၍ေနေလ့ရွိ၏။ အခ်င္း ခ်င္းလည္း တိုက္ခိုက္ေလ့မရွိၾကေခ်။ အနာတရသာမျဖစ္လၽွင္ ေဝလငါး သည္ ၿငိမ္းခ်မ္းစြာေနေလ့ရွိ၏။ သို႔ေသာ္ တစ္ခါတစ္ရံတြင္ အေၾကာင္းမဲ့ သက္သက္ ေလွႏွင့္သေဘၤာမ်ားကို တိုက္ခိုက္တက္ေလသည္။ ေရမ်က္ႏွာျပင္ေပၚသို႔ ေဝလငါး၏ ဦးေခါင္းေပၚလာၿပီးလၽွင္ ေလကို မႈတ္ထုတ္ေသာအခါ အသံသည္ ျဖစ္ေပၚလာ၏ ထိုသို႔ျဖစ္ေပၚလာေသာ အသံသည္ ေဝလငါးက ျပဳလုပ္ေသာ အသံဟုအခ်ိဳ႕က ထင္မွတ္ၾက၏။

ထိုသို႔ ထင္မွတ္ျခင္းသည္ မမွန္ေခ်။ အမွန္မွာ ေဝလငါးသည္ အသံကို မျပဳလုပ္ႏိုင္ေခ်။ ေဝလငါးသည္ ေရေအာက္ထဲတြင္ တာရွည္မေနႏိုင္သျဖင့္ ဆယ္ မိနစ္မွ နာရီဝက္ခန္႔အထိသာ ေရေအာက္ထဲတြင္ေနေလ့ရွိသည္။ သို႔ေသာ္ သြားရွိ ေဝလငါးမ်ိဳးအခ်ိဳ႕သည္ တစ္ခါတစ္ရံ၌ ေရေအာက္ထဲတြင္ တစ္နာရီေက်ာ္ေနသည္ကို ေတြ႕ရေလသည္။

ေဝလငါးသည္ ေရကိုမႈတ္ထုတ္ရာ၌ တစ္မ်ိဳးႏွင့္တစ္မ်ိဳး မတူၾက ေခ်။ ထို႔ေၾကာင့္ ဝါရင့္ေသာ ေဝလငါးဖမ္းသူမ်ားသည္ ေရမႈတ္ထုတ္ပုံကို ၾကည့္၍ မည္သည့္ေဝလငါးမ်ိဳးျဖစ္ေၾကာင္းကို ခြဲျခား၍ေျပာႏိုင္ၾကေလသည္။ ပင္လယ္ သို႔မဟုတ္ သမုဒၵရာအတြင္း မည္မၽွနက္သည္အထိ ေဝလငါးမ်ား သြားလာႏိုင္သည္ကို ေသခ်ာစြာမေျပာႏိုင္ေခ်။ သို႔ေသာ္ လြန္စြာနက္သည္အထိ သြားလာႏိုင္ေသာ အေျခအေနမ်ားကားရွိေနေလသည္။ ဗလင္းေဝလငါးမ်ိဳးသည္ ပင္လယ္သုမုဒၵရာ ေရမ်က္ႏွာျပင္အနီး တြင္သာ က်က္စားသြားလာေလ့ရွိ၏။ သြားရွိေဝလငါးမ်ိဳးကမူ ယင္းတို႔၏ အစာျဖစ္ေသာ ကင္းမြန္ဘဲလိပ္တို႔ရွိရာ အလြန္နက္ေသာ ေနရာအထိသြား၍ က်က္စားေလ့ရွိၾကေလသည္။

ေဝလငါးသည္ ကမၻာတြင္ အႀကီးဆုံးသတၱဝါပင္ျဖစ္ေသာ္လည္း ယင္း၌ လူအျပင္ အျခားရန္သူတစ္မ်ိဳးလည္း ရွိေသး၏။ ထိုရန္သူမွာ အျခားမဟုတ္၊ ေဝလငါးပင္ျဖစ္သည္။ ထိုေဝလငါးမွာ ကီးလားေဝွးေခၚ ကီးလားေဝလငါးမ်ိဳးျဖစ္၏။ သို႔ေသာ္ ကီးလားေဝလငါးမ်ိဳးသည္ စပမ္း ေဝလငါးမ်ိဳးကိုမူ မတိုက္ခိုက္ဝံ့ေခ်။ စပမ္းေဝလငါးမ်ိဳးတြင္ လူမွလြဲ၍ အျခားရန္သူ ရွိပုံမရေခ်။

ေရွးအခါက ေဝလငါးမွရေသာအဆီကို မီးထြန္းရာတြင္ အသုံးျပဳ ခဲ့ၾက၏။ ယခုအခါတြင္မူ ဆပ္ျပာလုပ္ငန္းႏွင့္ အျခားဆီထည့္ေပးရေသာ ကိရိယာမ်ားကိုထည့္ရန္ အသုံးျပဳၾကသည္။ ေပါက္ကြဲစရာ ျပဳလုပ္ရာတြင္ လည္း အသုံးျပဳၾကသည္။ စပမ္းေဝလငါးဆီသည္ အပ္ခ်ဳပ္စက္မ်ားႏွင့္ နာရီစက္မ်ားတြင္ ထည့္ရန္အတြက္ ပို၍ေကာင္းမြန္ေလသည္။ ေဝလငါး႐ိုးမ်ားကို လမ္းေလၽွာက္တုတ္ လက္ကိုင္မ်ားႏွင့္ ထီး လက္ကိုင္မ်ား ျပဳလုပ္ရာတြင္ အသုံးျပဳၾက၏။ ကၽြဲ၊ ႏြားႏွင့္ ၾကက္ကေလး မ်ားအတြက္ အစာကို ေဝလငါး၏ အသားႏွင့္ အ႐ိုးတို႔မွ ျပဳလုပ္ယူႏိုင္ေလ သည္။ ေဝလငါးအ႐ိုးသည္ ေဖာ့စဖိတ္မ်ားႂကြယ္ဝ၏။ ေဝလငါး၏ အသား မွာ ကၽြဲ၊ ႏြား၏ အသားႏွင့္ ခပ္ဆင္ဆင္တူေလသည္။ ထိုအသားကို ဂ်ပန္ လူမ်ိဳးမ်ားက လြန္စြာႀကိဳက္ႏွစ္သက္ၾကေလသည္။

ေရွးအခါက ေဝလငါးဖမ္းသည့္လုပ္ငန္းသည္ ၾကာသည့္အျပင္ ေဘးအႏၲရာယ္လည္းမ်ားလွ၏။ ေဝလငါး အဖမ္းတစ္ခါထြက္လၽွင္ သုံးႏွစ္မွ ငါးႏွစ္အထိ ၾကာတက္ေလသည္။ ေဝလငါးကိုျမင္လၽွင္ သေဘၤာႀကီးမွ ေလွ ငယ္မ်ားကိုခ်ေပး၏။ ထိုေလွငယ္မ်ားျဖင့္ ေဝလငါး၏အနီးသို႔ ေလွာ္ခတ္ သြားၿပီးလၽွင္ ေဝလငါး၏အနီးသို႔ ေရာက္ေသာအခါ ႀကိဳးတပ္ထားသည့္ မွိန္း(သားလႊတ္)ျဖင့္ ေဝလငါးကိုပစ္၍ ထိုးၾကရေလသည္။ မွိန္းအထိုးခံရ ေသာ ေဝလငါးသည္ ေလွငယ္အမ်ားအျပားကို နာရီအေတာ္ၾကာသည္အထိ ပင္လယ္သမုဒၵရာထဲ၌ ဆြဲ၍ေခၚသြားေလ့ရွိသည္။

လြတ္ေအာင္ႀကိဳးစားရာ တြင္ ေဝလငါးသည္ ေရေအာက္၌ အေတာ္ၾကာသည္အထိ ေနတက္ေလ သည္။ ေရမ်က္ႏွာျပင္သို႔ အသက္႐ႉရန္ တက္လာေသာအခါတြင္ ႐ိုက္ေဝွး ေခၚ ဗလင္းေဝလငါးႀကီးမ်ိဳးျဖစ္လၽွင္ ယင္း၏အၿမီးျဖင့္ ေလွတစ္စင္းစင္းကို ေမွာက္ပစ္တက္၍ စပမ္းေဝလငါးႀကီးျဖစ္ပါက ယင္း၏ ပါးစပ္ႀကီးျဖင့္ ေလွတစ္စင္းစင္းကို ေခ်မႈန္းပစ္ေကာင္းပစ္ေပလိမ့္မည္။ ထိုသို႔ ေပၚလာေသာ အခါတြင္ ေလွတစ္စင္းက ေဝလငါးရွိရာသို႔ လၽွင္ျမန္စြာ ေလွာ္ခတ္သြားၿပီး လၽွင္ လွံရွည္မ်ားျဖင့္ပစ္၍ ထိုးေလ့ရွိသည္။ ေဝလငါး ေသေသာအခါတြင္ ေလွငယ္မ်ားက သေဘၤာႀကီးဆီသို႔ဆြဲ၍ ေလွာ္ခတ္သြားၾကသည္။ သေဘၤာ ႀကီးေပၚတြင္ ေဝလငါးႀကီး၏ အဆီျပင္ကို ခြာယူၿပီးလၽွင္ ဆီခ်က္ယူၾက ေလသည္။

ယခုအခါတြင္မူ ေဝလငါးတစ္ေကာင္လုံးကိုျပဳျပင္ကိုင္တြယ္ႏိုင္သည့္စက္ကိရိယာအသီးအသီး အျပည့္အစုံ ပါဝင္ေသာ အလုပ္႐ုံ/စက္႐ုံ ကိုပါတည္ေဆာက္ထားသည့္ သေဘၤာႀကီး မ်ားသည္ လၽွင္ျမန္စြာသြားလာႏိုင္ၾကသည့္ ေမာ္တာတပ္ သေဘၤာငယ္မ်ား ႏွင့္ျဖစ္ေစ၊ ေရေႏြးေငြ႕မ်ားျဖင့္ ေမာင္းႏွင္ေသာ သေဘၤာငယ္မ်ားႏွင့္ျဖစ္ေစ အတူတကြ ေဝလငါး ဖမ္းရန္သြားေလ့ရွိၾကသည္။ ေဝလငါးရွိရာကို ေလယာဥ္ပ်ံျဖင့္ ရွာေဖြ ၿပီးလၽွင္ ေတြ႕သည့္အခါ ထိုေနရာကို သေဘၤာႀကီးသို႔ ႀကိဳးမဲ့ေၾကးနန္းျဖင့္ အေၾကာင္းၾကားေပးသည္။

ထိုအခါတြင္ လၽွင္ျမန္စြာ သြားလာႏိုင္ၾကေသာ သေဘၤာငယ္မ်ားက ထိုေနရာသို႔ သြားေရာက္ၾကၿပီးလၽွင္ သေဘၤာငယ္တိုင္း ၏ ဦးပိုင္းတြင္တပ္ဆင္ထားသည့္ မွိန္းပစ္အေျမာက္ကေလးျဖင့္ ေဝလငါးကို ပစ္ခတ္ေလေတာ့သည္။ ပစ္လိုက္ေသာမွိန္းသည္ ငါးေပရွည္ၿပီးလၽွင္ ေပါင္ ၁ဝဝ ေက်ာ္ေလးသည္။ မွိန္း၏ထိပ္ပိုင္းတြင္ သတ္မွတ္ထားေသာအခ်ိန္၌ ေပါက္ကြဲမည့္ ဗုံးတစ္လုံးကိုလည္း ထည့္ထားတက္ၾကေသးသည္။ ေဝလငါး ေသေသာအခါ ယင္းအား သေဘၤာငယ္မ်ားက ပင္မသေဘၤာႀကီးသို႔ ဆြဲသြားၾက ေလသည္။ သေဘၤာေပၚသို႔ ေရာက္ေသာအခါ အဆီျပင္ခြာျခင္း၊ အသား ခြာျခင္း၊ ၾကက္စာႏွင့္ ေျမဩဇာျပဳလုပ္ျခင္းမ်ားကို စက္အသီးအသီးျဖင့္ ျပဳလုပ္ယူေလသည္။

ျမန္မာ့စြယ္စုံက်မ္း ၊ အတြဲ(၁၂)


ကမ္ဘာ့အကြီးဆုံးသတ္တဝါ (သို့) ဝေလငါးတွေအကြောင်းသိကောင်းစရာ (unicode)

ကမ္ဘာတွင် အကြီးဆုံးသတ္တဝါမှာ ဝေလငါးဖြစ်၏။ ဝေလငါးဟုပင် ခေါ်ကြသော်လည်း ဝေလငါးသည် ငါးအစစ်ကား မဟုတ် ချေ။ ဝေလငါးသည် ပေပေါင်း ၁၁၁ ပေအထိ ရှည်နိုင်ပြီးလျှင် တန်ချိန် ပေါင်း ၉ဝ၊ ၁ဝဝ ခန့်အထိ ကြီးနိုင်သည်။ ဝေလငါး ထိုသို့ ကိုယ်ထည်ကြီးနိုင်သည်မှာ ယင်း၏ ကိုယ်ထည် ကို ရေက ထောက်ပံ့ထားခြင်းကြောင့် ဖြစ်သည်။

ရှေးနှစ်ပေါင်းများစွာ လွန်ခဲ့သော တစ်ချိန်က ဝေလငါးသည် ကုန်းသတ္တဝါဖြစ်ခဲ့သည်ဟု ပညာရှင်များကဆို၏။ ထိုအတွက်အထောက်အထား အမျာအပြားရှိလေ သည်။ ဆင့်ကဲတိုးပွားသွားသည့် ဝေလငါး၏နောက်ခြေများကို ဝေလငါး၏ ခန္ဓာကိုယ်၏အနောက်ဘက်အတွင်း၌ တွေ့ရှိနိုင်ပေသည် ။ ဝေလငါးသည် အဘယ့်ကြောင့်ကုန်းကိုစွန့်၍ ရေတွင်နေထိုင်သည် ဆိုသည်ကိုမည်သူမျှ အတိအကျမပြောနိုင်ချေ။

သို့သော် ဝေလငါးသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း ငါးအစစ်ကားမဟုတ်ချေ။ ငါးသည် ရေထဲ၌ လေကိုရှူရာတွင် ပါးဟက်များဖြင့်ရှူ၍ ကုန်းပေါ်၌သာ တာရှည်ထားလျှင် အသက်မရှူနိုင်သဖြင့် သေသွားပေလိမ့်မည်။ ဝေလငါးကမူ လူရေနစ်သကဲ့ သို့ ရေအောက်ထဲတွင် တာရှည်နေလျှင် မွန်း၍သေသွားပေလိမ်မည်။ ဝေလငါး ရေပေါ်သို့ ပေါ်လာသောအခါတွင် ရေကိုပန်း၍ ထုတ်ပစ်သည်ဟု အချို့က ထင်ကြသည်။ ထိုကဲ့သို့ထင်ခြင်းမှာ မှား၏။ ဝေလငါးသည် ရေအောက်ထဲတွင် ရှိနေ စဉ် နှာခေါင်းပေါက်များကို အလုံပိတ်ထားပြီးလျှင် အသက်မရှူဘဲနေသည်။ ထို့ကြောင့် ယင်း၏အဆုတ်အတွင်းရှိလေသည် ပူလျက်ရှိပြီးလျှင် ရေငွေ့များ ဖြင့် ပြည့်နှက်လျက်ရှိလေသည်။ ရေမျက်နှာပြင်ပေါ်သို့ပေါ်လာသောအခါတွင် ရုတ်တ ရက် လေပူများကို မှုတ်ထုတ်လိုက်သဖြင့် ထိုလေပူများ ပတ်ဝန်းကျင်ရှိ လေအေးနှင့် ထိတွေ့သောအခါ ငွေ့ရည်ဖွဲ့သွားလေသည်။ ဆောင်းတွင်း၌ လူ အသက်ရှူလိုက်သောအခါတွင်ဖြစ်သကဲ့သို့ဖြစ်၏။

ငါးသည် သွေးအေးသတ္တ ဝါဖြစ်ပြီးလျှင် ယင်း၏ခန္ဓာကိုယ် အပူချိန်သည် သွားလာရာအရပ်ရှိ ရေ၏ အပူချိန်ကိုလိုက်၍ ပြောင်းလဲသည်။ ဝေလငါးမှာမူ သွေးနွေးသတ္တဝါဖြစ်သ ဖြင့် ယင်းနေထိုင်ရာသည် မည်မျှပင်အေးစေကာမူ ယင်း၏ခန္ဓာကိုယ် အပူ ချိန်သည် မပြောင်းလဲချေ။ ဝေလငါးတွင် အရေပြားနှင့် အသားကြားတွင် အဆီပြင်ရှိ၏။ ထိုအဆီပြင်က ယင်း၏ခန္ဓာကိုယ်ကို နွေးလျက်ရှိစေသည်။ ဝေလငါးကြီးများ၏ အရေပြားသည် ထူသော်လည်း အလွန်နူးညံ့လေသည်။ ငါးသည် ဥများကိုအု၏။ ဝေလငါးကမူ ကုန်းနေသတ္တဝါအများတို့ ကဲ့သို့ပင် အကောင်လိုက်မွေးပြီးလျှင် သားငယ်ကို နို့ချိုတိုက်ကျွေးလေသည်။ နို့အရောင်မှာ နွားနို့၏အရောင်နှင့်တူ၏။

ဝေလငါး၏ဦးခေါင်းသည် ရေမျက်နှာပြင်သို့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အသက်ရှူနိုင်စေရန် ယင်း၏နှာခေါင်းပေါက်များသည် ဦး ခေါင်းထိပ်၌ တည်ရှိနေသည်။ ဝေလငါး၏ မျက်စိများသည် ကိုယ်ထည်နှင့် မလိုက်အောင် သေးငယ်ကြလေသည်။ နားများမှာလည်း လွန်စွာသေးငယ်ကြ သည်။ ဝေလငါးတွင် အမျိုးပေါင်းများစွာရှိ၏။ သို့သော် ယင်းတို့ကို အဓိကအားဖြင့် အုပ်စုနှစ်စု ခွဲခြားနိုင်ပေသည်။ ပထမအုပ်စုမှာ ဝှေးလဗုန်း သို့မဟုတ် ဗလင်းဝေလငါး(BALEEN WHALE) မျိုးဖြစ်၍ ထိုအမျိုးကို ပါဏဗေဒအလိုအရ မိုင် စတေကိုစီတီးဟုခေါ်သည်။ ဒုတိယအုပ်စုမှာ သွားရှိဝေလငါး(TOOTHED WHALE) မျိုးဖြစ်၍ ထို အမျိုးကို ပါဏဗေဒအလိုအရ အိုဒွန်တိုစီတီးဟုခေါ်သည်။

ပထမအုပ်စုဝင် ဝေလငါးများ၌ သွားများမရှိချေ။ သွားအစား လူ့ လက်သည်းကဲ့သို့သော ပစ္စည်းများသည် ယင်းတို့၏ ပါးစပ်အတွင်း၌ မျဉ်းပြိုင်တည်ရှိနေကြလေသည်။ ထိုပစ္စည်းများ၏ အတွင်းပိုင်းရှိ ပစ္စည်းများ သည် အမွေးကြမ်းကဲ့သို့ ဖြစ်နေကြလေသည်။ ထိုကြောင့် ပုစွန်ဆိတ်အုပ် များကို တွေ့သောအခါ ထိုဝေလငါးမျိုးသည် ပါးစပ်ကြီးကိုဟကာ ပုစွန် ဆိတ်အုပ်အတွင်းသို့ ဝင်သွားလေသည်။ ပါးစပ်ကို ပိတ်လိုက်သောအခါ ရေများထွက်သွားပြီးလျှင် ပုစွန်ဆိတ်များကျန်ရစ်လေသည်။ ဗလင်းဝေလငါး မျိုးသည် ရေသတ္တဝါငယ်များကိုသာ စားသောက်ကြသဖြင့် ယင်းတို့တွင် သေးငယ်သော လည်ချောင်းများသာရှိကြသည်။

ဒုတိယအုပ်စုတွင် ပါဝင်ကြသော ဝေလငါးမျိုးတို့၏ သွားများ သည် ကျိချွဲသည့်ငါးများနှင့် ကင်းမွန်းဘဲလိပ်ကဲ့သို့သော အကောင်များကို ဖမ်းယူနိုင်ရန် တည်ရှိနေကြလေသည်။ စပမ်းဝေလ ငါးကြီးများရှိ သွားများ မှာ ပို၍ကြီးကြပြီးလျှင် အနည်းငယ်လည်း ကောက်နေသည်။ ကီးလာဝှေး သို့မဟုတ် ပင်လယ်ဝံပုလွေခေါ် ဝေလငါးမျိုးတွင် ကြောက်မက်ဖွယ်ကောင်း သော သွားများရှိကြသည်။ သွားရှိဝေလငါးမျိုးတို့၏ အစာသည် ကြီးမားကြ သဖြင့် ယင်းတို့၌ ဗလင်းဝေလငါးမျိုးရှိ လည်ချောင်းထက် ပို၍ကြီးမားသော လည်ချောင်းများ ရှိကြလေသည်။

မွေးဖွားလာသည့် ဝေလငါးကလေး၏အရွယ်သည် ထိုသားငယ်ကို မွေးဖွားသည့် မိခင် ဝေလငါးမကြီး၏ အရွယ်ကိုလိုက်ပြီး အကြီးအငယ် ခြားနားလေသည်။ ပေ ၈ဝ ရှည်သော ဝေလငါးအမမှ ၂၅ ပေခန့်ရှိသော ဝေလ ငါးငယ်ကို မွေးဖွားလေသည်။ ဝေလငါးသည် နှစ်နှစ်တွင် တစ်ကြိမ်ခန့် သားဖွားလေ့ရှိသည်။ မွေးဖွားရာတွင်လည်း များသောအားဖြင့် တစ်ကောင်ချင်းသာ အမွေးများ သော်လည်း အမြွာမွေးခြင်းမျိုးလည်း ရှိတက်သည်။ မိခင်ဝေလငါးမကြီး သည် သားငယ်အားလွန်စွာ ချစ်မြတ်နိုးလေသည်။ သားငယ်သာ အသတ်ခံရ လျှင် မိခင်သည် ထိုနေရာမှ ခွာခဲလေသည်။ဝေလငါးမည်မျှ အသက်ရှည် သည်ကို အတိအကျ မပြောနိုင်ချေ။သို့သော် နှစ်တစ်ရာခန့်နေနိုင်သည့် အချက်အလက်များကို တွေ့ရလေသည်။

ဝေလငါးကလေးများသည် မွေးပြီး၍ သုံးလေးနှစ်အတွင်း၌ ကြီးထွားမှုမြန်သည်။ များသောအားဖြင့် ဝေလငါးသည် အုပ်ဖွဲ့၍နေလေ့ရှိ၏။ အချင်း ချင်းလည်း တိုက်ခိုက်လေ့မရှိကြချေ။ အနာတရသာမဖြစ်လျှင် ဝေလငါး သည် ငြိမ်းချမ်းစွာနေလေ့ရှိ၏။ သို့သော် တစ်ခါတစ်ရံတွင် အကြောင်းမဲ့ သက်သက် လှေနှင့်သင်္ဘောများကို တိုက်ခိုက်တက်လေသည်။ ရေမျက်နှာပြင်ပေါ်သို့ ဝေလငါး၏ ဦးခေါင်းပေါ်လာပြီးလျှင် လေကို မှုတ်ထုတ်သောအခါ အသံသည် ဖြစ်ပေါ်လာ၏ ထိုသို့ဖြစ်ပေါ်လာသော အသံသည် ဝေလငါးက ပြုလုပ်သော အသံဟုအချို့က ထင်မှတ်ကြ၏။ ထိုသို့ ထင်မှတ်ခြင်းသည် မမှန်ချေ။ အမှန်မှာ ဝေလငါးသည် အသံကို မပြုလုပ်နိုင်ချေ။ ဝေလငါးသည် ရေအောက်ထဲတွင် တာရှည်မနေနိုင်သဖြင့် ဆယ် မိနစ်မှ နာရီဝက်ခန့်အထိသာ ရေအောက်ထဲတွင်နေလေ့ရှိသည်။ သို့သော် သွားရှိ ဝေလငါးမျိုးအချို့သည် တစ်ခါတစ်ရံ၌ ရေအောက်ထဲတွင် တစ်နာရီကျော်နေသည်ကို တွေ့ရလေသည်။

ဝေလငါးသည် ရေကိုမှုတ်ထုတ်ရာ၌ တစ်မျိုးနှင့်တစ်မျိုး မတူကြ ချေ။ ထို့ကြောင့် ဝါရင့်သော ဝေလငါးဖမ်းသူများသည် ရေမှုတ်ထုတ်ပုံကို ကြည့်၍ မည်သည့်ဝေလငါးမျိုးဖြစ်ကြောင်းကို ခွဲခြား၍ပြောနိုင်ကြလေသည်။ ပင်လယ် သို့မဟုတ် သမုဒ္ဒရာအတွင်း မည်မျှနက်သည်အထိ ဝေလငါးများ သွားလာနိုင်သည်ကို သေချာစွာမပြောနိုင်ချေ။ သို့သော် လွန်စွာနက်သည်အထိ သွားလာနိုင်သော အခြေအနေများကားရှိနေလေသည်။ ဗလင်းဝေလငါးမျိုးသည် ပင်လယ်သုမုဒ္ဒရာ ရေမျက်နှာပြင်အနီး တွင်သာ ကျက်စားသွားလာလေ့ရှိ၏။ သွားရှိဝေလငါးမျိုးကမူ ယင်းတို့၏ အစာဖြစ်သော ကင်းမွန်ဘဲလိပ်တို့ရှိရာ အလွန်နက်သော နေရာအထိသွား၍ ကျက်စားလေ့ရှိကြလေသည်။

ဝေလငါးသည် ကမ္ဘာတွင် အကြီးဆုံးသတ္တဝါပင်ဖြစ်သော်လည်း ယင်း၌ လူအပြင် အခြားရန်သူတစ်မျိုးလည်း ရှိသေး၏။ ထိုရန်သူမှာ အခြားမဟုတ်၊ ဝေလငါးပင်ဖြစ်သည်။ ထိုဝေလငါးမှာ ကီးလားဝှေးခေါ် ကီးလားဝေလငါးမျိုးဖြစ်၏။ သို့သော် ကီးလားဝေလငါးမျိုးသည် စပမ်း ဝေလငါးမျိုးကိုမူ မတိုက်ခိုက်ဝံ့ချေ။ စပမ်းဝေလငါးမျိုးတွင် လူမှလွဲ၍ အခြားရန်သူ ရှိပုံမရချေ။

ရှေးအခါက ဝေလငါးမှရသောအဆီကို မီးထွန်းရာတွင် အသုံးပြု ခဲ့ကြ၏။ ယခုအခါတွင်မူ ဆပ်ပြာလုပ်ငန်းနှင့် အခြားဆီထည့်ပေးရသော ကိရိယာများကိုထည့်ရန် အသုံးပြုကြသည်။ ပေါက်ကွဲစရာ ပြုလုပ်ရာတွင် လည်း အသုံးပြုကြသည်။ စပမ်းဝေလငါးဆီသည် အပ်ချုပ်စက်များနှင့် နာရီစက်များတွင် ထည့်ရန်အတွက် ပို၍ကောင်းမွန်လေသည်။ ဝေလငါးရိုးများကို လမ်းလျှောက်တုတ် လက်ကိုင်များနှင့် ထီး လက်ကိုင်များ ပြုလုပ်ရာတွင် အသုံးပြုကြ၏။ ကျွဲ၊ နွားနှင့် ကြက်ကလေး များအတွက် အစာကို ဝေလငါး၏ အသားနှင့် အရိုးတို့မှ ပြုလုပ်ယူနိုင်လေ သည်။ ဝေလငါးအရိုးသည် ဖော့စဖိတ်များကြွယ်ဝ၏။ ဝေလငါး၏ အသား မှာ ကျွဲ၊ နွား၏ အသားနှင့် ခပ်ဆင်ဆင်တူလေသည်။ ထိုအသားကို ဂျပန် လူမျိုးများက လွန်စွာကြိုက်နှစ်သက်ကြလေသည်။

ရှေးအခါက ဝေလငါးဖမ်းသည့်လုပ်ငန်းသည် ကြာသည့်အပြင် ဘေးအန္တရာယ်လည်းများလှ၏။ ဝေလငါး အဖမ်းတစ်ခါထွက်လျှင် သုံးနှစ်မှ ငါးနှစ်အထိ ကြာတက်လေသည်။ ဝေလငါးကိုမြင်လျှင် သင်္ဘောကြီးမှ လှေ ငယ်များကိုချပေး၏။ ထိုလှေငယ်များဖြင့် ဝေလငါး၏အနီးသို့ လှော်ခတ် သွားပြီးလျှင် ဝေလငါး၏အနီးသို့ ရောက်သောအခါ ကြိုးတပ်ထားသည့် မှိန်း(သားလွှတ်)ဖြင့် ဝေလငါးကိုပစ်၍ ထိုးကြရလေသည်။ မှိန်းအထိုးခံရ သော ဝေလငါးသည် လှေငယ်အများအပြားကို နာရီအတော်ကြာသည်အထိ ပင်လယ်သမုဒ္ဒရာထဲ၌ ဆွဲ၍ခေါ်သွားလေ့ရှိသည်။ လွတ်အောင်ကြိုးစားရာ တွင် ဝေလငါးသည် ရေအောက်၌ အတော်ကြာသည်အထိ နေတက်လေ သည်။ ရေမျက်နှာပြင်သို့ အသက်ရှူရန် တက်လာသောအခါတွင် ရိုက်ဝှေး ခေါ် ဗလင်းဝေလငါးကြီးမျိုးဖြစ်လျှင် ယင်း၏အမြီးဖြင့် လှေတစ်စင်းစင်းကို မှောက်ပစ်တက်၍ စပမ်းဝေလငါးကြီးဖြစ်ပါက ယင်း၏ ပါးစပ်ကြီးဖြင့် လှေတစ်စင်းစင်းကို ချေမှုန်းပစ်ကောင်းပစ်ပေလိမ့်မည်။ ထိုသို့ ပေါ်လာသော အခါတွင် လှေတစ်စင်းက ဝေလငါးရှိရာသို့ လျှင်မြန်စွာ လှော်ခတ်သွားပြီး လျှင် လှံရှည်များဖြင့်ပစ်၍ ထိုးလေ့ရှိသည်။ ဝေလငါး သေသောအခါတွင် လှေငယ်များက သင်္ဘောကြီးဆီသို့ဆွဲ၍ လှော်ခတ်သွားကြသည်။ သင်္ဘော ကြီးပေါ်တွင် ဝေလငါးကြီး၏ အဆီပြင်ကို ခွာယူပြီးလျှင် ဆီချက်ယူကြ လေသည်။

ယခုအခါတွင်မူ ဝေလငါးတစ်ကောင်လုံးကိုပြုပြင်ကိုင်တွယ်နိုင်သည့်စက်ကိရိယာအသီးအသီး အပြည့်အစုံ ပါဝင်သော အလုပ်ရုံ/စက်ရုံ ကိုပါတည်ဆောက်ထားသည့် သင်္ဘောကြီး များသည် လျှင်မြန်စွာသွားလာနိုင်ကြသည့် မော်တာတပ် သင်္ဘောငယ်များ နှင့်ဖြစ်စေ၊ ရေနွေးငွေ့များဖြင့် မောင်းနှင်သော သင်္ဘောငယ်များနှင့်ဖြစ်စေ အတူတကွ ဝေလငါး ဖမ်းရန်သွားလေ့ရှိကြသည်။ ဝေလငါးရှိရာကို လေယာဉ်ပျံဖြင့် ရှာဖွေ ပြီးလျှင် တွေ့သည့်အခါ ထိုနေရာကို သင်္ဘောကြီးသို့ ကြိုးမဲ့ကြေးနန်းဖြင့် အကြောင်းကြားပေးသည်။ ထိုအခါတွင် လျှင်မြန်စွာ သွားလာနိုင်ကြသော သင်္ဘောငယ်များက ထိုနေရာသို့ သွားရောက်ကြပြီးလျှင် သင်္ဘောငယ်တိုင်း ၏ ဦးပိုင်းတွင်တပ်ဆင်ထားသည့် မှိန်းပစ်အမြောက်ကလေးဖြင့် ဝေလငါးကို ပစ်ခတ်လေတော့သည်။ ပစ်လိုက်သောမှိန်းသည် ငါးပေရှည်ပြီးလျှင် ပေါင် ၁ဝဝ ကျော်လေးသည်။ မှိန်း၏ထိပ်ပိုင်းတွင် သတ်မှတ်ထားသောအချိန်၌ ပေါက်ကွဲမည့် ဗုံးတစ်လုံးကိုလည်း ထည့်ထားတက်ကြသေးသည်။ ဝေလငါး သေသောအခါ ယင်းအား သင်္ဘောငယ်များက ပင်မသင်္ဘောကြီးသို့ ဆွဲသွားကြ လေသည်။ သင်္ဘောပေါ်သို့ ရောက်သောအခါ အဆီပြင်ခွာခြင်း၊ အသား ခွာခြင်း၊ ကြက်စာနှင့် မြေဩဇာပြုလုပ်ခြင်းများကို စက်အသီးအသီးဖြင့် ပြုလုပ်ယူလေသည်။

မြန်မာ့စွယ်စုံကျမ်း ၊ အတွဲ(၁၂)

Leave a Reply