နာဇီ အာဏာရွင္ႀကီး ဟစ္တလာအား မေအာင္ျမင္ေသာ လုပ္ႀကံမႈႀကီးမ်ား

Posted on

ေရးသားသူ –  ေမာင္သာ(ေရွးေဟာင္းသုေတသန)

ဒုတိယကမၻာစစ္အတြင္းက ဂ်ဴးလူမ်ိဳးမ်ားကို သန္းႏွင့္ခ်ီ၍ သတ္ျဖတ္ခဲ့သူ ဟစ္တလာသည္ ကမၻာေပၚတြင္ နာမည္ဆိုးျဖင့္ အေက်ာ္ၾကားဆုံး အာဏာရွင္တစ္ဦးအျဖစ္ သမိုင္းမွတ္တမ္းတင္ခဲ့သည္။ ဂ်ာမနီႏိုင္ငံကို မအုပ္စိုးမီအခ်ိန္မွစ၍ ဂ်ာမနီႏိုင္ငံ၏ ေခါင္းေဆာင္ျဖစ္လာခ်ိန္အထိ ဟစ္တလာကို လုပ္ၾကံရန္ႀကံစည္ မႈ မ်ားျဖစ္ပြားခဲ့ေသာ္လည္း တစ္ခုမွ် ေအာင္ျမင္မႈ မရရွိခဲ့ေခ်။ထို႕ေၾကာင့္ ဟစ္တလာကို တစ္စုံတစ္ေယာက္ကသာ သတ္ျဖတ္ႏိုင္ခဲ့လွ်င္ ကမၻာႀကီးသည္ မည္သို႕ျဖစ္ပ်က္ခဲ့မည္ကို လူအမ်ားက မွန္းဆကာ စိတ္၀င္စားခဲ့ၾကသည္။သို႕ေသာ္ ဟစ္တလာသည္ လုပ္ၾကံမႈမ်ားမွ လြတ္ေျမာက္ကာ သတ္ျဖတ္ရန္ အလြန္ခက္ခဲသည့္ ပုဂၢိဳလ္တစ္ဦးအျဖစ္ ထင္ရွားခဲ့သည္။

ဂ်ာမနီႏိုင္ငံ၏ အဓိပတိ ျဖစ္မလာမီက လူအနည္းဆုံးေလးေယာက္က ဟစ္တလာ့အား သတ္ျဖတ္ရန္ ႀကိဳးပမ္းခဲ့ၿပီး ဟစ္တလာ အာဏာရရွိၿပီးေနာက္ လုပ္ၾကံမႈ အႀကိမ္ ၄၀ ျဖစ္ပြားခဲ့သည့္တိုင္ ဟစ္တလာသည္ ေသေဘးမ်ားအားလုံးမွ လြတ္ေျမာက္ ခဲ့သည္။ယခုအခ်ိန္တြင္ လူ႕ေလာက၌ ဟစ္တလာ မရွိေတာ့သည္မွာ ႏွစ္ ေပါင္း ၇၀ ေက်ာ္ခဲ့သည့္တိုင္ ဟစ္တလာႏွင့္ ပတ္သက္ သည့္ မေမ့ႏိုင္ဖြယ္ ျဖစ္ရပ္မ်ားက မ်ားစြာ က်န္ရွိေနေပသည္။

ဟစ္တလာ့ကိုလုပ္ၾကံ သတ္ျဖတ္ရန္ အားထုတ္ခဲ့မႈမ်ားကို သူရဲေကာင္းဆန္ျခင္း၊ရူးသြပ္ျခင္း၊ထူးဆန္းေသာ လုပ္ရပ္ျဖစ္ျခင္း စသည္ျဖင့္ ယူဆမႈအမ်ိဳးမ်ိဳးရွိခဲ့သည္။ယင္းလုပ္ၾကံမႈမ်ားအနက္ တစ္ခုခုသာ ေအာင္ျမင္ခဲ့လွ်င္ ကမၻာႀကီးသည္ လုံး၀ ေျပာင္း လဲသြား ခဲ့မည္ဟု ဆိုၾကသည္။

၁၀။ ဂ်ိဳဟန္ေဂ်ာ့အယ္လ္ဆာ(Johann Georg Elser)

၁၉၃၈ ခုႏွစ္ ႏို၀င္ဘာလ ၈ ရက္တြင္ ဟစ္တလာသည္ ေသေဘးမွ လက္မ အနည္းငယ္သာ ကြာေ၀းခဲ့ၿပီး အသက္ခ်မ္းသာ ရာရရွိခဲ့သည္။ထိုေန႕က ဟစ္တလာသည္ ျမဴးနစ္ၿမိဳ႕ ဘီယာခန္းမတြင္ မိန္႕ခြန္းေျပာၾကားေနစဥ္ ရာသီဥတုဆိုး ရြားလာမည္ကို စိုးရိမ္ ခဲ့သျဖင့္ ခန္းမမွ မိနစ္ ၃၀ ေစာထြက္ရန္ ဆုံးျဖတ္ခဲ့သည္။ ဟစ္တလာခန္းမအတြင္းမွ ထြက္ခဲ့ၿပီး ၁၀ မိနစ္ပင္မၾကာမီ ခန္းမအတြင္းေထာင္ထားသည့္ ခ်ိန္ကိုက္ဗုံးသည္ ဟစ္တလာ ေဟာေျပာခဲ့သည့္ တစ္ေယာက္စာ စင္ျမင့္အေနာက္ဘက္ရွိ တိုင္တြင္ ေပါက္ကြဲခဲ့သည္။ဗုံးေပါက္ကြဲမႈေၾကာင့္ လူ ၈ ဦးေသဆုံးကာ ၆၀ ေက်ာ္ ဒဏ္ရာရရွိခဲ့သည္။

ယင္းခ်ိန္ကိုက္ဗုံးကို ကြန္ျမဴနစ္ လက္သမား တစ္ဦးျဖစ္သည့္ ဂ်ိဳဟန္ေဂ်ာ့အယ္လ္ဆာက ေထာင္ခဲ့သည္။ ဗုံးမေထာင္မီ ရက္ အနည္းငယ္က ေဂ်ာ့အယ္လ္ဆာသည္ သူ၏ မိတ္ေဆြတစ္ဦးကို ဟစ္တလာအား တစ္ေယာက္ေယာက္က အျပတ္မရွင္းႏိုင္လွ်င္ ဂ်ာမနီသည္ ႏိုင္ငံလမ္းေၾကာင္းေပၚသို႕မည္သည့္အခါမွ ျပန္လည္ေရာက္ရွိမည္မဟုတ္ေၾကာင္းေျပာၾကားခဲ့သည္။ ေဂ်ာ့အယ္လ္ဆာ
သည္ ကြန္ျမဴနစ္ေတာ္လွန္ေရးကို စတင္ႏိုင္မည္ဟု ယုံၾကည္ခဲ့သူလည္းျဖစ္သည္။

ေဂ်ာ့အယ္လ္ဆာအား ဆြစ္ဇာလန္ႏိုင္ငံသို႕ ထြက္ေျပးရန္ ႀကိဳးပမ္းေနစဥ္ဖမ္းမိခဲ့ကာ ညွဥ္းပန္းႏွိပ္စက္မႈမ်ားျပဳလုပ္ၿပီးေနာက္
Dachau အက်ဥ္းစခန္းသို႕ပို႕၍ သတ္ျဖတ္ခဲ့သည္။ ဟစ္တလာအား မေအာင္ျမင္ေသာ လုပ္ၾကံမႈ ျဖစ္ပြားၿပီး ေနာက္ရက္တြင္ ဂ်ာမနီ ႏိုင္ငံတစ္၀န္းရွိ ဂ်ဴး စီးပြားေရးလုပ္ငန္းမ်ားႏွင့္ ရဟူဒီ ဘုရားေက်ာင္းမ်ားကို မီးရိႈ႕ခဲ့သည္။ ထိုေန႕မွစ၍ ဂ်ဴးလူမ်ိဳးမ်ားအစုလိုက္ အျပဳံ လိုက္သတ္ျဖတ္ျခင္းမ်ား အစျပဳခဲ့သည္ဟု ဆိုၾကသည္။

၉။ ေမာရစ္စ္ေဘးေဗာ့ (Maurice Bavaud)


ေမာရစ္စ္ေဘးေဗာ့သာ ေကာင္းစြာပစ္ခတ္ႏိုင္ခဲ့ပါက ဟစ္တလာသည္ အသက္ရွင္သန္ရန္ ေနာက္ထပ္ ၂၄ နာရီ အခြင့္ အေရးမရႏိုင္ဟု ေျပာခဲ့ၾကသည့္ လုပ္ၾကံမႈသည္ ေသနတ္တစ္ခ်က္ပင္ မပစ္လိုက္ရဘဲ အဆုံးသတ္ခဲ့သည္။ ေမာရစ္စ္ေဘးေဗာ့သည္ ဆြစ္ဇာလန္ႏိုင္ငံမွ ခရစ္ယာန္ ဘာသာေရးဆိုင္ရာ ေက်ာင္သားတစ္ေယာက္ျဖစ္ၿပီး ဟစ္တလာ သည္ ခရစ္ေတာ္ကို ဆန္႕က်င္သူ တစ္ဦးျဖစ္ေၾကာင္းယုံၾကည္ခဲ့သည္။ခရစ္ယာန္ဘာသာယုံၾကည္မႈႏွင့္ လူ႕ေလာကကို ျခိမ္းေျခာက္ ေနသည့္ ဟစ္တလာအား သတ္ျဖတ္ရန္ကိစၥသည္ ဘုရားသခင္က သူ႕အားေပးအပ္ေသာ တာ၀န္ဟု ယူဆခဲ့ကာ ေမာရစ္စ္ေဘးေဗာ့ သည္ ေသနတ္တစ္လက္ကို ထုတ္ပိုးယူေဆာင္၍ ဂ်ာမနီႏိုင္ငံသို႕ ေရာက္ရွိလာခဲ့သည္။ သူသည္ သူသတ္ျဖတ္ရန္ ႀကံရြယ္ထားသည့္ ဟစ္တလာ့ကို ေတြ႕ ခြင့္ရရန္ အသည္းအသန္ အားထုတ္ခဲ့သည္။

သူသည္ ဟစ္တလာ လာေရာက္မည့္ ျမဴးနစ္ၿမိဳ႕၏ လမ္းမ်ားတြင္ ေသနတ္ကို ၀ွက္ျပီးေစာင့္ဆိုင္းေနခဲ့သည္။အကယ္၍ သူ ၏ အႀကံအစည္ မျဖစ္ေျမာက္ခဲ့လွ်င္လည္း ဟစ္တလာကို ေထာက္ခံသည့္ လူအုပ္ၾကီးႏွင့္ ေရာေႏွာလိုက္မည္ဟု ၾကံရြယ္ခဲ့သည္။ ဟစ္တလာသည္ သူေစာင့္ေနသည့္ လမ္းအတိုင္း၀င္ေရာက္လာခ်ိန္တြင္ လူအုပ္ႀကီးက လက္မ်ားကို ေ၀ွ႕ရမ္း၍အေလးျပဳေနၾက သျဖင့္ ေမာရစ္စ္ေဘးေဗာ့သည္ ပစ္ခြင့္မရခဲ့ဘဲ ဟစ္တလာကို ပစ္မည္ မပစ္မည္ကို ဆုံးျဖတ္ရန္အခ်ိန္အနည္းငယ္မွ် သာရရွိခဲ့သည္။

ေနာက္ဆုံးတြင္ ေမာရစ္စ္ေဘးေဗာ့သည္ ဟစ္တလာကို ပစ္ခြင့္မရေတာ့ဘဲ ျပင္သစ္ႏိုင္ငံသို႕ မီးရထားျဖင့္ထြက္ေျပးခဲ့သည္။ ရထားေပၚတြင္ ေမာရစ္စ္ေဘးေဗာ့သည္ လက္မွတ္အတုျဖင့္စီးနင္းလာေသာေၾကာင့္ အဖမ္းခံခဲ့ရၿပီး လုံၿခဳံေရးမ်ားက သူ၏ ပစၥည္း မ်ားကို ရွာေဖြခဲ့ရာ ေသနတ္ႏွင့္ဟစ္တလာ အပန္းေျဖသည့္ ေနအိမ္ေျမပုံကို ေတြ႕ရွိသြားခဲ့ၾကသည္။ေမာရစ္စ္ေဘးေဗာ့ ကို ၁၉၄၁ ခုႏွစ္၊ေမလတြင္ေခါင္းျဖတ္စက္ျဖင့္ ေသဒဏ္စီရင္ခဲ့သည္။

၈။ ၀ီလ်ံဆီးဘရြတ္ (William Seabrook)

ဂ်ာမာန္မ်ားႏွင့္ဆြစ္မ်ားသည္ ဟစ္တလာ့အား ေသနတ္မ်ား၊ေပါက္ကြဲပစၥည္းမ်ားျဖင့္ လုပ္ၾကံရန္ ႀကိဳးစားေနၾကခ်ိန္တြင္ အေမရိကန္လူမ်ိဳး စာေရးဆရာ ၀ီလ်ံဆီးဘရြတ္က နည္းလမ္းတစ္မ်ိဳးေျပာင္းကာ ေမွာ္အတတ္ျဖင့္ လုပ္ၾကံရန္စီစဥ္ခဲ့သည္။ ၁၉၄၁ ခုႏွစ္ ဇန္န၀ါရီလ ၂၂ ရက္တြင္ ၀ီလ်ံဆီးဘရြတ္သည္ သူ၏ မိတ္ေဆြတစ္စုကို ေမရီလန္းရွိ အခန္းတစ္ခုတြင္ ဆ႒မပါတီ အတြက္စု ရုံးေစခဲ့သည္။ သူတို႕သည္ အရုဏ္တက္ခ်ိန္အထိ အရက္ေသာက္ၾကၿပီးဗုံမ်ားကို တီးခတ္ၾကကာ ဂ်ာမာန္ေခါင္းေဆာင္ ဟစ္တလာကို ဖယ္ရွားေပးရန္ နတ္မ်ားကို တိုင္တည္ခဲ့ၾကသည္။

သူတို႕သည္ အရုပ္တစ္ရုပ္ကို နာဇီ ယူနီေဖာင္းမ်ား၀တ္ဆင္ေပးၿပီး`မင္းက ဟစ္တလာ၊ မင္းက ဟစ္တလာ`ဟု ၀ိုင္း၀န္း ေအာ္ဟစ္ခဲ့ၾကသည္။ထို႕ေနာက္ ၀ီလ်ံဆီးဘရြတ္က သူ၏ အေဖာ္မ်ားကို Istan နတ္ကို ပင့္ေခၚေစကာ ဟစ္တလာ အရုပ္တြင္ရွိေန သည့္ ဒဏ္ရာမ်ားကို ဟစ္တလာထံေရာက္ရွိေစရန္ ဆုေတာင္းလ်က္ အရုပ္ကို တံေတြးျဖင့္ ေထြးခဲ့ၾကသည္။ဗုံမ်ားကို တီးေနစဥ္ အရက္မူးေနသည့္ ဂမၻီရ သမားမ်ားသည္ ဟစ္တလာရုပ္အတြင္းကို သံမ်ားကို ရိုက္ထည့္ခဲ့ၾကသည္။ ထို႕ေနာက္ ၀ီလ်ံဆီးဘရြတ္က အရုပ္၏ဦးေခါင္းကို ပုဆိန္ျဖင့္ ခုတ္ျဖတ္ကာ ေတာထဲတြင္ သြားေရာက္ျမွဳပ္ႏွံခဲ့ၾကသည္။ သို႕ေသာ္လည္း ဟစ္တလာကား မည္သို႕မွ် မျဖစ္ခဲ့ဘဲ ဆက္လက္ ရွင္သန္လႈပ္ရွားခဲ့ေပသည္။

၇။ လူ ၃၀၀ ႏွင့္ ဟစ္တလာ

ဟစ္တလာ အာဏာမရရွိမီ ၁၉၂၁ ခုႏွစ္ ႏို၀င္ဘာလတြင္ ဟစ္တလာ့အား ပထမဆုံး လုပ္ၾကံမႈျဖစ္ခဲ့ၿပီး ဟစ္တလာကို လုပ္ ၾကံမႈမ်ားသည္ အနည္းဆုံး ႏွစ္ ၂၀ ၾကာသည့္တိုင္ ျဖစ္ပြားခဲ့သည္။ျမဴးနစ္ ဘီယာခန္းမတြင္ မိန္႕ခြန္းေျပာၿပီးေနာက္ ဟစ္တလာ သည္ အမ်ိဳးသားေရးဆိုရွယ္လစ္၀ါဒကို ဂုဏ္တင္ရန္ လူေပါင္းရာခ်ီစုရုံး၍ ေဟာေျပာပြဲတစ္ရပ္ကို က်င္းပခဲ့သည္။ေဟာေျပာပြဲသို႕လာေရာက္ ၾကသူမ်ားတြင္္ ဟစ္တလာကို ေထာက္ခံၾကသူမ်ားအျပင္ ဆန္႕က်င္ကန္႕ကြက္သူ ၃၀၀ ေက်ာ္လည္း ပါရွိခဲ့သည္။ သူတို႕သည္အရက္ ေသစာမ်ားေသာက္စားလာၾကၿပီး ဟစ္တလာေျပာေနသည္ကို နားေထာင္ေနၾကစဥ္ ဟစ္တလာ့ စကား မ်ား ကို ဆန္႕က်င္ဆႏၵျပကာ ေအာ္ဟစ္ဆူပူခဲ့ၾကသည္။

ယင္းလူအုပ္သည္ ဟစ္တလာမိန္႕ခြန္းေျပာေနသည့္ စင္ေပၚသို႕ ဘီယာပုလင္းမ်ားျဖင့္ ပစ္ေပါက္ၾကခ်ိန္တြင္ ဟစ္တလာကို ေထာက္ခံသူမ်ားက ျပန္လည္ပစ္ေပါက္ၾကရာမွ ေဟာေျပာပြဲသည္ အဓိကရုဏ္းတစ္ခုအသြင္သို႕ ေျပာင္းလဲသြားခဲ့သည္။ ကုလားထိုင္ မ်ားက ေလတြင္ပ်ံ၀ဲလာသကဲ့သို႕လူအမ်ားက ခဲပိုက္မ်ား၊ ေၾကးလက္ကိုင္ကြင္းမ်ားကိုင္ကာ ရုန္႕ရင္းဆန္ခတ္ျဖစ္ၿပီး ပရိတ္သတ္မ်ား သည္ ေသြးသံတရဲရဲျဖစ္ခဲ့ၾကသည္။

ဟစ္တလာ၏ အေစာင့္မ်ားက ပရိတ္သတ္မ်ားကို တြန္းထုတ္ေနစဥ္ တစ္ေယာက္ေသာသူက ေသနတ္ျဖင့္ ဟစ္တလာကို ပစ္ခတ္လိုက္ရာ ဟစ္တလာကိုသာ ထိမွန္ခဲ့ပါက နာဇီပါတီသည္ အဆုံးသတ္သြားဖြယ္ရွိေသာ္လည္း က်ည္ဆန္က လြဲေခ်ာ္္သြားခဲ့ သည္။ ဟစ္တလာသည္ တုန္လႈပ္ေျခာက္ျခားမႈမရွိသည့္အျပင္ အကာအကြယ္ရွိသည့္ ေနရာသို႕လည္း မသြားေရာက္ခဲ့ေခ်။ အခ်ိဳ႕ သူမ်ား၏ ေျပာျပခ်က္အရ ဟစ္တလာသည္ သူ၏ ေသနတ္ကို ဆြဲထုတ္၍ ျပန္လည္ပစ္ခတ္ခဲ့သည္ဟုပင္ဆိုသည္။ ဟစ္တလာသည္ ပရိတ္သတ္မ်ား တစ္ေယာက္ႏွင့္ တစ္ေယာက္ရိုက္ႏွက္ၾကကာ သူ႕ကိုလည္း သတ္ရန္ ႀကိဳးစားေန သည့္ တိုင္ ေနာက္ထပ္ မိနစ္ ၂၀ ႀကာ ဆက္လက္ေဟာေျပာခဲ့သည္။

၆။ ေအာ္ပေရးရွင္း ဖလက္ခ်္ (Operation Flash)

ဂ်ာမနီႏိုင္ငံတြင္ ဟစ္တလာ အာဏာရရွိခဲ့ေသာ္လည္း ျပည္သူအားလုံးေပ်ာ္ရႊင္ခဲ့သည္ကား မဟုတ္ေခ်။ ဟစ္တလာသည္
သူ၏ ႏိုင္ငံေရး ၿပိဳင္ဘက္မ်ားကို ေဖ်ာက္ဖ်က္၍ ဂ်ဴးမ်ားကို အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္လာခ်ိန္တြင္ ဗိုလ္ခ်ဳပ္ႀကီး ဟန္နင္းဗြန္
ထရက္စ္ကိုး(Gen. Henning von Tresckow) သည္ နာဇီပါတီကို အဆုံးသတ္ရန္ ဆုံးျဖတ္ခဲ့သည္။ သူသည္ ဂ်ာမနီ ေတာ္လွန္ေရး ကိုစတင္ရန္ အကူအညီေပးခဲ့ကာ ဟစ္တလာျပဳတ္က်ေရးအတြက္ျပဳလုပ္သည့္ မည္သည့္ လုပ္ရပ္ကို မဆို တားဆီးမည္မဟုတ္ဟု ဆုံးျဖတ္ခဲ့သည္။

ဟစ္တလာသည္ ၁၉၄၃ ခုႏွစ္ မတ္လ ၁၃ ရက္တြင္ ရုရွႏိုင္ငံ ဗီနစ္ဆာၿမိဳ႕မွ ဂ်ာမနီႏိုင္ငံသို႕ျပန္လာခဲ့ရာ လမ္းတြင္ စမိုလင့္ခ္ တြင္ ခရီးတစ္ေထာက္နားရန္ စီစဥ္ခဲ့သည္။ယင္းအစီအစဥ္သည္ ဗိုလ္ခ်ဳပ္ၾကီးအတြက္ ဟစ္တလာကို လုပ္ၾကံရန္ အခြင့္အေရး တစ္ ရပ္ျဖစ္ခဲ့ကာ ေလယာဥ္တြင္လိုက္ပါသြားမည့္ အရာရွိတစ္ေယာက္အား တန္ဖိုးၾကီးေသာ ဘရန္ဒီ တစ္ပုလင္းကို ဘာလင္ရွိ အရာရွိ မ်ားအတြက္ လက္ေဆာင္ဟုဆိုကာထည့္ေပးလိုက္သည္။ ဗိုလ္ခ်ဳပ္ၾကီးသည္ ဘရန္ဒီပုလင္းထဲတြင္ မိနစ္ ၃၀ အၾကာတြင္ ေပါက္ကြဲ မည့္ ဗုံးကို လွ်ိဳ႕၀ွက္ ထည့္သြင္းေပးခဲ့သည္။

ဂ်ာမာန္အရာရွိက ထိုပုလင္းကို ေလယာဥ္ေပၚသို႕ ယူေဆာင္သြားခဲ့သျဖင့္ ဗိုလ္ခ်ဳပ္ႀကီး ဟန္နင္းဗြန္ထရက္စ္ကိုးသည္ ဟစ္တလာလိုက္ပါသြားသည့္ ေလယာဥ္ထြက္ခြာသြားသည္ကို ေစာင့္ၾကည့္ေနခဲ့ၿပီး ေလထုအတြင္း ေပါက္ကြဲသြားမည့္အခ်ိန္ကို ေစာင့္ဆိုင္းခဲ့သည္။ သို႕ေသာ္ ဗုံးက မေပါက္ခဲ့။
ဘရန္ဒီဗုံးပုလင္းကို ယူေဆာင္သြားသည့္ အရာရွိက ၀န္ခ်ီစလယ္မ်ားထားသည့္ အခန္းအတြင္းထည့္သြင္းသိမ္းဆည္းခဲ့ရာ ယင္းအခန္းသည္ ေအးလြန္းသျဖင့္ ဗုံး၏ စနက္တံက မီးမစြဲႏိုင္ခဲ့သျဖင့္ ဟစ္တလာသည္ မိမိအိမ္သို႕ ေခ်ာေမြ႕စြာေရာက္ရွိသြားခဲ့ၿပီး မိမိ၏ အသက္အႏၱရာယ္ကို သိပင္မသိလိုက္ပါေခ်။ ဗုံးမေပါက္ကြဲသျဖင့္ ဗ်ာမ်ားသြားခဲ့ရသည့္ ဗိုလ္ခ်ဳပ္ၾကီးသည္ ဘာလင္မွ သူ႕လူ မ်ားကို မည္သူမွ မသိမီ ဘရန္ဒီပုလင္းကို ခိုးေၾကာင္ခိုး၀ွက္ ဖယ္ထုတ္ေစခဲ့ရေပသည္။

၅။ ဗိုလ္ခ်ဳပ္ၾကီး၏ ထပ္မံႀကိဳးပမ္းမႈ

ဗိုလ္ခ်ဳပ္ႀကီး ဟန္နင္းဗြန္ထရက္စ္ကိုးသည္ ဟစ္တလာ့အားလုပ္ၾကံရန္စီစဥ္ခဲ့မႈသည္ မေအာင္ျမင္ခဲ့ေသာ္လည္း မိမိ၏ အၾကံကို လက္မေလွ်ာ့ဘဲ ထပ္မံဖန္တီးခဲ့သည္။ ဗိုလ္ခ်ဳပ္ၾကီး၏အၾကံကို နာဇီဗိုလ္ခ်ဳပ္ ဂါးစ္ေတာ့ဖ္က အေသခံေဆာင္ရြက္ရန္ စီစဥ္ခဲ့ သည္။ နာဇီဗိုလ္ခ်ဳပ္သည္ ဟစ္တလာမရွိသည့္ ကမၻာ ျဖစ္ေပၚလာမည္ဆိုလွ်င္ သူ႕အသက္ကို အေသခံရန္ အသင့္ရွိခဲ့သူျဖစ္သည္။ ဟစ္တလာသည္ ရုရွႏိုင္ငံမွ သိမ္းဆည္းရမိေသာ စက္ပစၥည္းမ်ားျပပြဲကို ဖြင့္လွစ္ရန္ ဘာလင္ၿမိဳ႕သို႕ ၁၉၄၃ ခုႏွစ္ မတ္လ ၁၅ ရက္တြင္ ဂိုရင္း၊ ဟင္မ္မလားတို႕ႏွင့္အတူ ေရာက္ရွိလာခ်ိန္တြင္ နာဇီဗိုလ္ခ်ဳပ္ ဂါးစ္ေတာ့ဖ္က သူတို႕သုံးေယာက္အနီးတြင္ ဗုံးခြဲ ကာနာဇီပါတီ၏ အာဏာအၾကီးဆုံးပုဂၢိဳလ္သုံးဦးလုံးကို ရွင္းလင္းရန္စီစဥ္ခဲ့သည္။ ဂါးစ္ေတာ့ဖ္သည္ မိမိ၏ ကုတ္အက်ၤ ီအိတ္မ်ား အတြင္း ေပါက္ကြဲပစၥည္းမ်ားထည့္သြင္း ယူေဆာင္ကာ ျပပြဲသို႕ သြားေရာက္ခဲ့သည္။ယင္း ေပါက္ကြဲပစၥည္းမ်ားကို စနက္တံျဖဳတ္ၿပီး ၁၀ မိနစ္အတြင္းေပါက္ကြဲေစရန္ စီစဥ္ခဲ့သည္။

ဂါးစ္ေတာ့ဖ္သည္ ဟစ္တလာႏွင့္ အဖြဲ႕ေရာက္ရွိလာမည့္ အခ်ိန္ကို တည္ၿငိမ္ေနသည့္ ပုံေပါက္ေအာင္ႀကိဳးစားလ်က္ ေစာင့္ ဆိုင္းခဲ့သည္။သို႕ေသာ္ ဟစ္တလာက နာရီမ်ားစြာေနာက္က်သည့္တိုင္ေရာက္မလာသျဖင့္ ဂါးစ္ေတာ့ဖ္သည္ အိတ္ထဲတြင္ ထည့္ထား သည့္ ဗုံးမ်ားႏွင့္ အတူ နာဇီပရိတ္သတ္အတြင္း ရပ္ေနခဲ့ရသည္။ဟစ္တလာေရာက္ရွိလာခ်ိန္တြင္ ဟစ္တလာ သည္ ရွစ္မိနစ္သာ အခ်ိန္ေပးမည္ျဖစ္ေၾကာင္းေႀကညာခဲ့ရာ ဂါးစ္ေတာ့ဖ္၏ ဗုံးမ်ားသည္ ၁၀ မိနစ္ခ်ိန္ထားသျဖင့္ ဟစ္တလာျပန္သည့္ အခ်ိန္တိုင္ေအာင္ ေပါက္ကြဲမည္မဟုတ္ေၾကာင္း ဂါးစ္ေတာ့ဖ္ က သိရွိလိုက္ေပသည္။ ထို႕ေၾကာင့္ ဂါးစ္ေတာ့ဖ္သည္ မိမိအၾကံကို မည္သူမွ် မသိရွိမီ ျပခန္းမွ ထြက္ခြာခဲ့ရသည္။ဟစ္တလာကား ေသျခင္းႏွင့္ မထိုက္တန္သူ တစ္ေယာက္ျဖစ္ခဲ့ေခ်ၿပီ။

၄။ ဟန္းစ္ေအာ့စ္တာ(Hans Oster)

ဂ်ာမနီႏိုင္ငံ စစ္ဘက္ေထာက္လွမ္းေရးရုံးမွ အႀကီးအကဲတစ္ဦးျဖစ္သူ ဟန္းစ္ေအာ့စ္တာသည္ ၁၉၃၈ ခုႏွစ္တြင္ ဟစ္တလာ ကို လုပ္ၾကံရုံသာမက နာဇီပါတီ တစ္ခုလုံးကိုပါ ၿဖိဳခြင္းရန္ ၾကံစည္ခဲ့သည္။ဟစ္တလာသည္ ထိုအခ်ိန္တြင္ ခ်က္ကို စလိုဗားကီးယား ႏိုင္ငံကို ထိန္းခ်ဳပ္ရန္ အမိန္႕ေပးခဲ့ရာ ဟန္းစ္ေအာ့စ္တာသည္ ဟစ္တလာ၏ အမိန္႕သည္ ဂ်ာမနီကို ကမၻာစစ္အတြင္း ဆြဲသြင္းေစ မည္ျဖစ္ေၾကာင္း ယုံၾကည္ကာ ယင္းအမိန္႕ကို ရပ္တန္႕ေစရမည္ဟု ဆုံးျဖတ္ခဲ့သည္။

ဟန္းစ္ေအာ့စ္တာသည္ အရာရွိ္ ၆၀ ပါ၀င္သည့္ အဖြဲ႕ျဖင့္ အာဏာသိမ္းရန္ၾကံစည္ခဲ့ကာ ဟစ္တလာ့ကို တစ္နည္း မဟုတ္ တစ္နည္းျဖင့္ ဖမ္းဆီးရန္ ၾကံရြယ္ခဲ့သည္။အခ်ိဳ႕က ဟစ္တလာ့ကို ေသဒဏ္စီရင္ရန္၊ အခ်ိဳ႕က စိတ္က်န္းမာေရး ခၽြတ္ယြင္းေနသူဟု ေၾကညာရန္ ဆႏၵရွိခဲ့ၾကေသာ္လည္း ဟန္းစ္ေအာ့စ္တာကမူ ဟစ္တလာကို ဖမ္းဆီးမႈကို ခုခံသည္ဟူသည့္အေၾကာင္းျပခ်က္ျဖင့္ ေသနတ္ျဖင့္ ပစ္သတ္လိုခဲ့သည္။ သို႕ေသာ္ အာဏာသိမ္းမႈမျဖစ္ခဲ့ရုံသာမက ဟစ္တလာသည္ ခ်က္ကိုစလိုဗားကီးယားကိုေသနတ္ တစ္ခ်က္ပင္ မေဖာက္လိုက္ရဘဲ ျမဴးနစ္ေဘာတူညီခ်က္ျဖင့္ သိမ္းပိုက္ႏိုင္ခဲ့သျဖင့္ လူတိုင္းက အံ့ႀသခဲ့သည္။ ခ်က္ကိုစလိုဗား ကီး ယားကို သိမ္းပိုက္လိုက္သျဖင့္ ဟန္းစ္ေအာ့စ္တာ ေမွ်ာ္လင့္ထားသကဲ့သို႕ ကမၻာစစ္ ျဖစ္မလာသျဖင့္ အာဏာသိမ္းရန္ ၾကံစည္ခဲ့ သူမ်ားသည္ ျပႆနာ ေျပၿငိမ္းၿပီဟု ယူဆကာ အုပ္စု ခြဲသြားခဲ့ၾကသည္။သို႕ေသာ္ ဒုတိယ ကမၻာစစ္ တကယ္ျဖစ္လာ ခ်ိန္တြင္ သူတို႕သည္ မည္သို႕မွ် မတတ္ႏိုင္ခဲ့ေတာ့ပါေခ်။

၃။ မိန္းမလ်ာ ဟစ္တလာ စီမံကိန္း

ဟစ္တလာအား လက္နက္ျဖင့္ လုပ္ၾကံမႈမ်ားသည္ တစ္ခုမွ မေအာင္ျမင္ခဲ့သည့္အျပင္ ထူးထူးျခားျခား ၾကံစည္မႈမ်ား သည္ လည္း အထေျမာက္ေအာင္ျမင္ျခင္းမရွိခဲ့ပါေခ်။ ၿဗိတိသွ်တို႕သည္ ဟစ္တလာ့အား အီစရိုဂ်င္ေကၽြးကာ မိန္းမဟိုမုန္းမ်ား တိုးပြား လာၿပီး ရင္သားမ်ားၾကီးထြားလာကာ မိန္းမလ်ာတစ္ေယာက္ကဲ့သို႕ ျဖစ္သြားေစရန္ စီစဥ္ခဲ့သည္။ ဟစ္တလာ၏ ညီမသည္ သေဘာထားေပ်ာ့ေျပာင္းႏူးညံ့ေသာ အတြင္းေရးမွဴးတစ္ဦးျဖစ္ၿပီး ၿဗိတိသွ်တို႕က ဟစ္တလာကို မိန္းမစိတ္၀င္ေအာင္လုပ္ႏိုင္ပါက ေပ်ာ့ေျပာင္းႏူးညံ့သြားမည္ဟု ယူဆခဲ့ၾကသည္။ဟစ္တလာ စားသုံးသည့္ အစားအစာမ်ားကို သိရွိ ရန္ ၿဗိတိသွ်တို႕တြင္ သူလွ်ိဳမ်ားရွိေသာ္လည္း ဟစ္တလာသည္ သူမစားသုံးမီ သူ႕စားမည့္ အစားအစာမ်ားကို အဆိပ္ရွိမရွိ စစ္ ေဆး သူမ်ားအား စားသုံးခိုင္းျခင္းရွိ မရွိ မေသခ်ာသျဖင့္ ဟစ္တလာစားမည့္ အစာမ်ားထဲသို႕ အီစရိုဂ်င္ဟိုမုန္းမ်ား ထည့္သြင္းရန္ ႀကံစည္ ခဲ့သည္။

ၿဗိတိသွ်တို႕သည္ ဟစ္တလာ၏ ဥယ်ာဥ္မွဴးအား ဟစ္တလာစားမည့္ မုန္လာဥမ်ားထဲသို႕ အီစရိုဂ်င္မ်ားကို ေဆးထိုးအပ္ျဖင့္ ထည့္သြင္းေပးရန္ စည္းရုံးႏိုင္ခဲ့သည္။သို႕ေသာ္ ယင္းအၾကံအစည္သည္ မည္သို႕ အဆုံးသတ္ခဲ့ေၾကာင္း ရွင္းလင္းစြာမသိရွိခဲ့ရသည့္ အျပင္ အလုပ္ျဖစ္ခဲ့ပုံလည္း မရပါေခ်။ဟစ္တလာ၏ အစားအစာမ်ားကို စစ္ေဆးၾကသူမ်ားသည္ အီစရိုဂ်င္မ်ားပါရွိေနသည့္ မုန္လာဥ မ်ားကို သိရွိသြားသေလာ သို႕မဟုတ္ ဥယ်ာဥ္မွဴးက သူလွ်ိဳမ်ားကို လွည့္စားခဲ့သေလာ ဆိုသည္ကို မည္သူမွ် မသိႏိုင္ၾက ပါေခ်။

၂။ စတာဖင္ဘာ့ခ္၏ ဇူလိုင္ ၂၀ စီမံကိန္း

စတာဖင္ဘာ့ခ္သည္ ဟစ္တလာ၏ ၀ံပုေလြသားရဲတြင္းဟု ေခၚသည့္ အစည္းအေ၀းခန္းသို႕ ၀င္ထြက္ႏိုင္သည့္ အခြင့္အေရး ရလာခ်ိန္၀ယ္ ဟစ္တလာ့ကို လုပ္ၾကံသတ္ျဖတ္ရန္ အနီးဆုံးလူတစ္ေယာက္ျဖစ္လာခဲ့သည္။ဟစ္တလာသည္ ယင္းခန္းမတြင္ မိမိ အယုံၾကည္ရဆုံး ပုဂၢိဳလ္မ်ားႏွင့္ ထိပ္တန္းလွ်ိဳ႕၀ွက္ အစည္းအေ၀းမ်ားကို က်င္းပေလ့ရွိခဲ့သည္။

၁၉၄၄ ခုႏွစ္ ဇူလိုင္လ ၂၀ ရက္တြင္ စတာဖင္ဘာ့ခ္သည္ ေပါက္ကြဲပစၥည္းမ်ားအျပည့္ ထည့္လာသည့္ ရုံးသုံး လက္ဆြဲအိတ္ ကို သားရဲတြင္းသို႕ ယူေဆာင္လာခဲ့ကာ အခန္းတစ္ခုတြင္ စနက္တံကို လွ်ိဳ႕၀ွက္ တပ္ဆင္ခဲ့သည္။စနက္တံတစ္ေခ်ာင္းသာ တပ္ဆင္ ၿပီးေသးခ်ိန္တြင္ အေစာင့္က ဟစ္တလာက သူ႕အားေစာင့္ေနေၾကာင္း လာေရာက္သတင္းပို႕သျဖင့္ စတာဖင္ဘာ့ခ္သည္ သားရဲတြင္း အတြင္းသို႕ ၀င္ေရာက္ကာ လက္ဆြဲအိတ္ကို အစည္းအေ၀း စားပြဲေအာက္၌ ခ်ထားခဲ့သည္။ စတာဖင္ဘာ့ခ္သည္ ဗုံးတစ္လုံးေပါက္ ကြဲလွ်င္ ဟစ္တလာအတြက္ လုံေလာက္ၿပီဟု ယူဆကာ လက္ဆြဲအိတ္ကို ဟစ္တလာႏွင့္ နီးႏိုင္သမွ် နီးေအာင္ တိုးထားလိုက္ၿပီး အစည္းအေ၀းခန္းမွ ခြင့္ပန္ကာ အျပင္သို႕ ထြက္ခဲ့ၿပီး ဗုံးေပါက္ကြဲသံကို ေစာင့္ဆိုင္းခဲ့သည္။

စတာဖင္ဘာ့ခ္ ေထာင္ခဲ့သည့္ ဗုံးသည္ ေပါက္ကြဲခဲ့ကာ အခန္းတစ္ခန္းလုံး အစိတ္စိတ္ အၿမြာၿမြာျဖစ္သြားခဲ့ၿပီီး လူ ေလး ေယာက္ ေသဆုံးသြားေသာ္လည္း ေသဆုံးသူမ်ားထဲတြင္ ဟစ္တလာမပါ၀င္ခဲ့ေခ်။ ဟစ္တလာကား ဒဏ္ရာအနည္းငယ္ျဖင့္ အခန္း တြင္းမွ ထြက္လာခဲ့သည္။ စတာဖင္ဘာ့ခ္သည္ ဖမ္းဆီးခံရၿပီး သတ္ျဖတ္ျခင္းခံခဲ့ရေပသည္။

၁။ မေသေသာ ဟစ္တလာ

ၿဗိတိသွ်တို႕သည္ ဟစ္တလာ့ကို လုပ္ၾကံရန္ နည္းမ်ိဳးစုံ အသုံးျပဳခဲ့ေသာ္လည္း ဟစ္တလာသည္ အမွန္ပင္ မေသခဲ့ေခ်။သူတို႕သည္ ဟစ္တလာ၏ ကိုယ္ပိုင္မီးရထားကိုဗုံးခြဲရန္ၾကံစည္သကဲ့သို႕ ဟစ္တလာေသာက္မည့္ေရကို အဆိပ္ခတ္ရန္လည္း ၾကံရြယ္ခဲ့ၾကသည္။ ၿဗိတိသွ်တို႕သည္ ၁၉၄၄ ခုႏွစ္တြင္ ဟစ္တလာ၏ ကိုယ္ေရးကိုယ္တာ အေစာင့္တစ္ေယာက္ကို ဖမ္းဆီးႏိုင္ခဲ့ရာမွ ထိုသူ သည္ ဟစ္တလာ၏ ဘာဗာဗီးယန္း ေတာင္ေပၚ ဆိတ္ၿငိမ္စခန္းတြင္ အလုပ္လုပ္သူျဖစ္ၿပီး ဟစ္တလာ့အား လုပ္ၾကံႏိုင္မည့္ နည္းမ်ား ကို ေျပာျပခဲ့သည္။

သူ၏ေျပာျပခ်က္အရ ဟစ္တလာသည္ ဘာဗာဗီးယန္း စခန္းတြင္ရွိေနခ်ိန္တြင္ နာဇီအလံကို လႊင့္ထူထားေလ့ရွိ ၿပီး ေန႕စဥ္နံနက္ ၁၀ နာရီအခ်ိန္တြင္ ဟစ္တလာသည္ တစ္ဦးတည္း လမ္းေလွ်ာက္ေလ့ရွိေၾကာင္းသိရွိခဲ့ၾကသည္။ ဟစ္တလာ လမ္းေလွ်ာက္ခ်ိန္ မိနစ္၂၀ တြင္ အေစာင့္မ်ား မရွိဘဲ တစ္ကိုယ္တည္းျဖစ္သျဖင့္ ထိုအခ်ိန္တြင္ အေ၀းမီ စႏိုက္ပါျဖင့္ ပစ္ခတ္ရွင္းလင္း ႏိုင္ ေၾကာင္းသိရွိခဲ့ၾကရသည္။

ၿဗိတိသွ်တို႕သည္ ဟစ္တလာကို လုပ္ၾကံရန္စီစဥ္ခဲ့ၿပီးေနာက္ ၿဗိတိသွ် ဒုတိယဗိုလ္မွဴးႀကီး ေရာ္နယ္သြန္ေနးက ဟစ္တလာ ကို အရွင္ဖမ္းမိျခင္းက ပိုမိုေကာင္းမြန္မည္ျဖစ္ေၾကာင္း ညႊန္ၾကားခဲ့သည္။ ဟစ္တလာ့ကို သတ္ျဖတ္လိုက္ျခင္းသည္ သူ႕အား အာဇာ နည္ ျဖစ္သြားေစမည္ျဖစ္ဆိုသျဖင့္ ယင္းစီမံကိန္သည္ ပ်က္ျပားခဲ့ရျပန္သည္။ ကမၻာစစ္ႀကီး ၿပီးဆုံးသြားခ်ိန္တြင္ မဟာမိတ္တို႕ သည္ ဟစ္တလာသည္ မေသဘဲ ရွိေနျခင္းသည္ အမွန္ပင္ ေကာင္းမြန္ခဲ့ေၾကာင္း သေဘာေပါက္ခဲ့ၾကသည္။ ဟစ္တလာသည္ ကမၻာေပၚတြင္ အဆိုးရြားဆုံးေသာ အုပ္ခ်ဳပ္သူ တစ္ဦး ျဖစ္ခဲ့သည့္တိုင္ သူ၏ သက္တမ္းတစ္ေလ်ာက္ တစ္စုံတစ္ဦး၏ လုပ္ၾကံသတ္ျဖတ္ျခင္းကို မခံရဘဲ မိမိကိုယ္တိုင္ အဆုံးစီရင္ခဲ့သည္ဟုသာ ယူဆခဲ့ၾကရေပသည္။

ေမာင္သာ(ေရွးေဟာင္းသုေတသန)
၂၀၁၇ ခုႏွစ္ ဒီဇင္ဘာလထုတ္ သုတစြယ္စုံမဂၢဇင္းမွ


ဟစ်တလာအား မအောင်မြင်သော လုပ်ကြံမှုကြီးများ (unicode)

Written By မောင်သာ(ရှေးဟောင်းသုတေသန)

ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးလူမျိုးများကို သန်းနှင့်ချီ၍ သတ်ဖြတ်ခဲ့သူ ဟစ်တလာသည် ကမ္ဘာပေါ်တွင် နာမည်ဆိုးဖြင့် အကျော်ကြားဆုံး အာဏာရှင်တစ်ဦးအဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့သည်။ ဂျာမနီနိုင်ငံကို မအုပ်စိုးမီအချိန်မှစ၍ ဂျာမနီနိုင်ငံ၏ ခေါင်းဆောင်ဖြစ်လာချိန်အထိ ဟစ်တလာကို လုပ်ကြံရန်ကြံစည် မှု များဖြစ်ပွားခဲ့သော်လည်း တစ်ခုမျှ အောင်မြင်မှု မရရှိခဲ့ချေ။ထို့ကြောင့် ဟစ်တလာကို တစ်စုံတစ်ယောက်ကသာ သတ်ဖြတ်နိုင်ခဲ့လျှင် ကမ္ဘာကြီးသည် မည်သို့ဖြစ်ပျက်ခဲ့မည်ကို လူအများက မှန်းဆကာ စိတ်ဝင်စားခဲ့ကြသည်။သို့သော် ဟစ်တလာသည် လုပ်ကြံမှုများမှ လွတ်မြောက်ကာ သတ်ဖြတ်ရန် အလွန်ခက်ခဲသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားခဲ့သည်။

ဂျာမနီနိုင်ငံ၏ အဓိပတိ ဖြစ်မလာမီက လူအနည်းဆုံးလေးယောက်က ဟစ်တလာ့အား သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ပြီး ဟစ်တလာ အာဏာရရှိပြီးနောက် လုပ်ကြံမှု အကြိမ် ၄၀ ဖြစ်ပွားခဲ့သည့်တိုင် ဟစ်တလာသည် သေဘေးများအားလုံးမှ လွတ်မြောက် ခဲ့သည်။ယခုအချိန်တွင် လူ့လောက၌ ဟစ်တလာ မရှိတော့သည်မှာ နှစ် ပေါင်း ၇၀ ကျော်ခဲ့သည့်တိုင် ဟစ်တလာနှင့် ပတ်သက် သည့် မမေ့နိုင်ဖွယ် ဖြစ်ရပ်များက များစွာ ကျန်ရှိနေပေသည်။
ဟစ်တလာ့ကိုလုပ်ကြံ သတ်ဖြတ်ရန် အားထုတ်ခဲ့မှုများကို သူရဲကောင်းဆန်ခြင်း၊ရူးသွပ်ခြင်း၊ထူးဆန်းသော လုပ်ရပ်ဖြစ်ခြင်း စသည်ဖြင့် ယူဆမှုအမျိုးမျိုးရှိခဲ့သည်။ယင်းလုပ်ကြံမှုများအနက် တစ်ခုခုသာ အောင်မြင်ခဲ့လျှင် ကမ္ဘာကြီးသည် လုံး၀ ပြောင်း လဲသွား ခဲ့မည်ဟု ဆိုကြသည်။

ဂျိုဟန်ဂျော့အယ်လ်ဆာ(Johann Georg Elser)
၁၉၃၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ဟစ်တလာသည် သေဘေးမှ လက်မ အနည်းငယ်သာ ကွာဝေးခဲ့ပြီး အသက်ချမ်းသာ ရာရရှိခဲ့သည်။ထိုနေ့က ဟစ်တလာသည် မြူးနစ်မြို့ ဘီယာခန်းမတွင် မိန့်ခွန်းပြောကြားနေစဉ် ရာသီဥတုဆိုး ရွားလာမည်ကို စိုးရိမ် ခဲ့သဖြင့် ခန်းမမှ မိနစ် ၃၀ စောထွက်ရန် ဆုံးဖြတ်ခဲ့သည်။ ဟစ်တလာခန်းမအတွင်းမှ ထွက်ခဲ့ပြီး ၁၀ မိနစ်ပင်မကြာမီ ခန်းမအတွင်းထောင်ထားသည့် ချိန်ကိုက်ဗုံးသည် ဟစ်တလာ ဟောပြောခဲ့သည့် တစ်ယောက်စာ စင်မြင့်အနောက်ဘက်ရှိ တိုင်တွင် ပေါက်ကွဲခဲ့သည်။ဗုံးပေါက်ကွဲမှုကြောင့် လူ ၈ ဦးသေဆုံးကာ ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ယင်းချိန်ကိုက်ဗုံးကို ကွန်မြူနစ် လက်သမား တစ်ဦးဖြစ်သည့် ဂျိုဟန်ဂျော့အယ်လ်ဆာက ထောင်ခဲ့သည်။ ဗုံးမထောင်မီ ရက် အနည်းငယ်က ဂျော့အယ်လ်ဆာသည် သူ၏ မိတ်ဆွေတစ်ဦးကို ဟစ်တလာအား တစ်ယောက်ယောက်က အပြတ်မရှင်းနိုင်လျှင် ဂျာမနီသည် နိုင်ငံလမ်းကြောင်းပေါ်သို့မည်သည့်အခါမှ ပြန်လည်ရောက်ရှိမည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ ဂျော့အယ်လ်ဆာ
သည် ကွန်မြူနစ်တော်လှန်ရေးကို စတင်နိုင်မည်ဟု ယုံကြည်ခဲ့သူလည်းဖြစ်သည်။

ဂျော့အယ်လ်ဆာအား ဆွစ်ဇာလန်နိုင်ငံသို့ ထွက်ပြေးရန် ကြိုးပမ်းနေစဉ်ဖမ်းမိခဲ့ကာ ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ပြီးနောက်
Dachau အကျဉ်းစခန်းသို့ပို့၍ သတ်ဖြတ်ခဲ့သည်။ ဟစ်တလာအား မအောင်မြင်သော လုပ်ကြံမှု ဖြစ်ပွားပြီး နောက်ရက်တွင် ဂျာမနီ နိုင်ငံတစ်ဝန်းရှိ ဂျူး စီးပွားရေးလုပ်ငန်းများနှင့် ရဟူဒီ ဘုရားကျောင်းများကို မီးရှို့ခဲ့သည်။ ထိုနေ့မှစ၍ ဂျူးလူမျိုးများအစုလိုက် အပြုံ လိုက်သတ်ဖြတ်ခြင်းများ အစပြုခဲ့သည်ဟု ဆိုကြသည်။

မောရစ်စ်ဘေးဗော့ (Maurice Bavaud)
မောရစ်စ်ဘေးဗော့သာ ကောင်းစွာပစ်ခတ်နိုင်ခဲ့ပါက ဟစ်တလာသည် အသက်ရှင်သန်ရန် နောက်ထပ် ၂၄ နာရီ အခွင့် အရေးမရနိုင်ဟု ပြောခဲ့ကြသည့် လုပ်ကြံမှုသည် သေနတ်တစ်ချက်ပင် မပစ်လိုက်ရဘဲ အဆုံးသတ်ခဲ့သည်။ မောရစ်စ်ဘေးဗော့သည် ဆွစ်ဇာလန်နိုင်ငံမှ ခရစ်ယာန် ဘာသာရေးဆိုင်ရာ ကျောင်သားတစ်ယောက်ဖြစ်ပြီး ဟစ်တလာ သည် ခရစ်တော်ကို ဆန့်ကျင်သူ တစ်ဦးဖြစ်ကြောင်းယုံကြည်ခဲ့သည်။ခရစ်ယာန်ဘာသာယုံကြည်မှုနှင့် လူ့လောကကို ခြိမ်းခြောက် နေသည့် ဟစ်တလာအား သတ်ဖြတ်ရန်ကိစ္စသည် ဘုရားသခင်က သူ့အားပေးအပ်သော တာဝန်ဟု ယူဆခဲ့ကာ မောရစ်စ်ဘေးဗော့ သည် သေနတ်တစ်လက်ကို ထုတ်ပိုးယူဆောင်၍ ဂျာမနီနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ သူသည် သူသတ်ဖြတ်ရန် ကြံရွယ်ထားသည့် ဟစ်တလာ့ကို တွေ့ ခွင့်ရရန် အသည်းအသန် အားထုတ်ခဲ့သည်။

သူသည် ဟစ်တလာ လာရောက်မည့် မြူးနစ်မြို့၏ လမ်းများတွင် သေနတ်ကို ဝှက်ပြီးစောင့်ဆိုင်းနေခဲ့သည်။အကယ်၍ သူ ၏ အကြံအစည် မဖြစ်မြောက်ခဲ့လျှင်လည်း ဟစ်တလာကို ထောက်ခံသည့် လူအုပ်ကြီးနှင့် ရောနှောလိုက်မည်ဟု ကြံရွယ်ခဲ့သည်။ ဟစ်တလာသည် သူစောင့်နေသည့် လမ်းအတိုင်းဝင်ရောက်လာချိန်တွင် လူအုပ်ကြီးက လက်များကို ဝှေ့ရမ်း၍အလေးပြုနေကြ သဖြင့် မောရစ်စ်ဘေးဗော့သည် ပစ်ခွင့်မရခဲ့ဘဲ ဟစ်တလာကို ပစ်မည် မပစ်မည်ကို ဆုံးဖြတ်ရန်အချိန်အနည်းငယ်မျှ သာရရှိခဲ့သည်။

နောက်ဆုံးတွင် မောရစ်စ်ဘေးဗော့သည် ဟစ်တလာကို ပစ်ခွင့်မရတော့ဘဲ ပြင်သစ်နိုင်ငံသို့ မီးရထားဖြင့်ထွက်ပြေးခဲ့သည်။ ရထားပေါ်တွင် မောရစ်စ်ဘေးဗော့သည် လက်မှတ်အတုဖြင့်စီးနင်းလာသောကြောင့် အဖမ်းခံခဲ့ရပြီး လုံခြုံရေးများက သူ၏ ပစ္စည်း များကို ရှာဖွေခဲ့ရာ သေနတ်နှင့်ဟစ်တလာ အပန်းဖြေသည့် နေအိမ်မြေပုံကို တွေ့ရှိသွားခဲ့ကြသည်။မောရစ်စ်ဘေးဗော့ ကို ၁၉၄၁ ခုနှစ်၊မေလတွင်ခေါင်းဖြတ်စက်ဖြင့် သေဒဏ်စီရင်ခဲ့သည်။

ဝီလျံဆီးဘရွတ် (William Seabrook)
ဂျာမာန်များနှင့်ဆွစ်များသည် ဟစ်တလာ့အား သေနတ်များ၊ပေါက်ကွဲပစ္စည်းများဖြင့် လုပ်ကြံရန် ကြိုးစားနေကြချိန်တွင်
အမေရိကန်လူမျိုး စာရေးဆရာ ဝီလျံဆီးဘရွတ်က နည်းလမ်းတစ်မျိုးပြောင်းကာ မှော်အတတ်ဖြင့် လုပ်ကြံရန်စီစဉ်ခဲ့သည်။ ၁၉၄၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် ဝီလျံဆီးဘရွတ်သည် သူ၏ မိတ်ဆွေတစ်စုကို မေရီလန်းရှိ အခန်းတစ်ခုတွင် ဆဋ္ဌမပါတီ အတွက်စု ရုံးစေခဲ့သည်။ သူတို့သည် အရုဏ်တက်ချိန်အထိ အရက်သောက်ကြပြီးဗုံများကို တီးခတ်ကြကာ ဂျာမာန်ခေါင်းဆောင် ဟစ်တလာကို ဖယ်ရှားပေးရန် နတ်များကို တိုင်တည်ခဲ့ကြသည်။

သူတို့သည် အရုပ်တစ်ရုပ်ကို နာဇီ ယူနီဖောင်းများဝတ်ဆင်ပေးပြီး`မင်းက ဟစ်တလာ၊ မင်းက ဟစ်တလာ`ဟု ဝိုင်းဝန်း အော်ဟစ်ခဲ့ကြသည်။ထို့နောက် ဝီလျံဆီးဘရွတ်က သူ၏ အဖော်များကို Istan နတ်ကို ပင့်ခေါ်စေကာ ဟစ်တလာ အရုပ်တွင်ရှိနေ သည့် ဒဏ်ရာများကို ဟစ်တလာထံရောက်ရှိစေရန် ဆုတောင်းလျက် အရုပ်ကို တံတွေးဖြင့် ထွေးခဲ့ကြသည်။ဗုံများကို တီးနေစဉ် အရက်မူးနေသည့် ဂမ္ဘီရ သမားများသည် ဟစ်တလာရုပ်အတွင်းကို သံများကို ရိုက်ထည့်ခဲ့ကြသည်။ ထို့နောက် ဝီလျံဆီးဘရွတ်က အရုပ်၏ဦးခေါင်းကို ပုဆိန်ဖြင့် ခုတ်ဖြတ်ကာ တောထဲတွင် သွားရောက်မြှုပ်နှံခဲ့ကြသည်။ သို့သော်လည်း ဟစ်တလာကား မည်သို့မျှ မဖြစ်ခဲ့ဘဲ ဆက်လက် ရှင်သန်လှုပ်ရှားခဲ့ပေသည်။

လူ ၃၀၀ နှင့် ဟစ်တလာ
ဟစ်တလာ အာဏာမရရှိမီ ၁၉၂၁ ခုနှစ် နိုဝင်ဘာလတွင် ဟစ်တလာ့အား ပထမဆုံး လုပ်ကြံမှုဖြစ်ခဲ့ပြီး ဟစ်တလာကို လုပ် ကြံမှုများသည် အနည်းဆုံး နှစ် ၂၀ ကြာသည့်တိုင် ဖြစ်ပွားခဲ့သည်။မြူးနစ် ဘီယာခန်းမတွင် မိန့်ခွန်းပြောပြီးနောက် ဟစ်တလာ သည် အမျိုးသားရေးဆိုရှယ်လစ်ဝါဒကို ဂုဏ်တင်ရန် လူပေါင်းရာချီစုရုံး၍ ဟောပြောပွဲတစ်ရပ်ကို ကျင်းပခဲ့သည်။ဟောပြောပွဲသို့လာရောက် ကြသူများတွင် ဟစ်တလာကို ထောက်ခံကြသူများအပြင် ဆန့်ကျင်ကန့်ကွက်သူ ၃၀၀ ကျော်လည်း ပါရှိခဲ့သည်။ သူတို့သည်အရက် သေစာများသောက်စားလာကြပြီး ဟစ်တလာပြောနေသည်ကို နားထောင်နေကြစဉ် ဟစ်တလာ့ စကား များ ကို ဆန့်ကျင်ဆန္ဒပြကာ အော်ဟစ်ဆူပူခဲ့ကြသည်။

ယင်းလူအုပ်သည် ဟစ်တလာမိန့်ခွန်းပြောနေသည့် စင်ပေါ်သို့ ဘီယာပုလင်းများဖြင့် ပစ်ပေါက်ကြချိန်တွင် ဟစ်တလာကို ထောက်ခံသူများက ပြန်လည်ပစ်ပေါက်ကြရာမှ ဟောပြောပွဲသည် အဓိကရုဏ်းတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့သည်။ ကုလားထိုင် များက လေတွင်ပျံဝဲလာသကဲ့သို့လူအများက ခဲပိုက်များ၊ ကြေးလက်ကိုင်ကွင်းများကိုင်ကာ ရုန့်ရင်းဆန်ခတ်ဖြစ်ပြီး ပရိတ်သတ်များ သည် သွေးသံတရဲရဲဖြစ်ခဲ့ကြသည်။

ဟစ်တလာ၏ အစောင့်များက ပရိတ်သတ်များကို တွန်းထုတ်နေစဉ် တစ်ယောက်သောသူက သေနတ်ဖြင့် ဟစ်တလာကို ပစ်ခတ်လိုက်ရာ ဟစ်တလာကိုသာ ထိမှန်ခဲ့ပါက နာဇီပါတီသည် အဆုံးသတ်သွားဖွယ်ရှိသော်လည်း ကျည်ဆန်က လွဲချော်္သွားခဲ့ သည်။ ဟစ်တလာသည် တုန်လှုပ်ခြောက်ခြားမှုမရှိသည့်အပြင် အကာအကွယ်ရှိသည့် နေရာသို့လည်း မသွားရောက်ခဲ့ချေ။ အချို့ သူများ၏ ပြောပြချက်အရ ဟစ်တလာသည် သူ၏ သေနတ်ကို ဆွဲထုတ်၍ ပြန်လည်ပစ်ခတ်ခဲ့သည်ဟုပင်ဆိုသည်။ ဟစ်တလာသည် ပရိတ်သတ်များ တစ်ယောက်နှင့် တစ်ယောက်ရိုက်နှက်ကြကာ သူ့ကိုလည်း သတ်ရန် ကြိုးစားနေ သည့် တိုင် နောက်ထပ် မိနစ် ၂၀ ကြာ ဆက်လက်ဟောပြောခဲ့သည်။

အော်ပရေးရှင်း ဖလက်ခ်ျ (Operation Flash)
ဂျာမနီနိုင်ငံတွင် ဟစ်တလာ အာဏာရရှိခဲ့သော်လည်း ပြည်သူအားလုံးပျော်ရွှင်ခဲ့သည်ကား မဟုတ်ချေ။ ဟစ်တလာသည်
သူ၏ နိုင်ငံရေး ပြိုင်ဘက်များကို ဖျောက်ဖျက်၍ ဂျူးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်လာချိန်တွင် ဗိုလ်ချုပ်ကြီး ဟန်နင်းဗွန်
ထရက်စ်ကိုး(Gen. Henning von Tresckow) သည် နာဇီပါတီကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ဂျာမနီ တော်လှန်ရေး ကိုစတင်ရန် အကူအညီပေးခဲ့ကာ ဟစ်တလာပြုတ်ကျရေးအတွက်ပြုလုပ်သည့် မည်သည့် လုပ်ရပ်ကို မဆို တားဆီးမည်မဟုတ်ဟု ဆုံးဖြတ်ခဲ့သည်။

ဟစ်တလာသည် ၁၉၄၃ ခုနှစ် မတ်လ ၁၃ ရက်တွင် ရုရှနိုင်ငံ ဗီနစ်ဆာမြို့မှ ဂျာမနီနိုင်ငံသို့ပြန်လာခဲ့ရာ လမ်းတွင် စမိုလင့်ခ် တွင် ခရီးတစ်ထောက်နားရန် စီစဉ်ခဲ့သည်။ယင်းအစီအစဉ်သည် ဗိုလ်ချုပ်ကြီးအတွက် ဟစ်တလာကို လုပ်ကြံရန် အခွင့်အရေး တစ် ရပ်ဖြစ်ခဲ့ကာ လေယာဉ်တွင်လိုက်ပါသွားမည့် အရာရှိတစ်ယောက်အား တန်ဖိုးကြီးသော ဘရန်ဒီ တစ်ပုလင်းကို ဘာလင်ရှိ အရာရှိ များအတွက် လက်ဆောင်ဟုဆိုကာထည့်ပေးလိုက်သည်။ ဗိုလ်ချုပ်ကြီးသည် ဘရန်ဒီပုလင်းထဲတွင် မိနစ် ၃၀ အကြာတွင် ပေါက်ကွဲ မည့် ဗုံးကို လျှို့ဝှက် ထည့်သွင်းပေးခဲ့သည်။

ဂျာမာန်အရာရှိက ထိုပုလင်းကို လေယာဉ်ပေါ်သို့ ယူဆောင်သွားခဲ့သဖြင့် ဗိုလ်ချုပ်ကြီး ဟန်နင်းဗွန်ထရက်စ်ကိုးသည် ဟစ်တလာလိုက်ပါသွားသည့် လေယာဉ်ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့ပြီး လေထုအတွင်း ပေါက်ကွဲသွားမည့်အချိန်ကို စောင့်ဆိုင်းခဲ့သည်။ သို့သော် ဗုံးက မပေါက်ခဲ့။
ဘရန်ဒီဗုံးပုလင်းကို ယူဆောင်သွားသည့် အရာရှိက ဝန်ချီစလယ်များထားသည့် အခန်းအတွင်းထည့်သွင်းသိမ်းဆည်းခဲ့ရာ ယင်းအခန်းသည် အေးလွန်းသဖြင့် ဗုံး၏ စနက်တံက မီးမစွဲနိုင်ခဲ့သဖြင့် ဟစ်တလာသည် မိမိအိမ်သို့ ချောမွေ့စွာရောက်ရှိသွားခဲ့ပြီး မိမိ၏ အသက်အန္တရာယ်ကို သိပင်မသိလိုက်ပါချေ။ ဗုံးမပေါက်ကွဲသဖြင့် ဗျာများသွားခဲ့ရသည့် ဗိုလ်ချုပ်ကြီးသည် ဘာလင်မှ သူ့လူ များကို မည်သူမှ မသိမီ ဘရန်ဒီပုလင်းကို ခိုးကြောင်ခိုးဝှက် ဖယ်ထုတ်စေခဲ့ရပေသည်။

ဗိုလ်ချုပ်ကြီး၏ ထပ်မံကြိုးပမ်းမှု
ဗိုလ်ချုပ်ကြီး ဟန်နင်းဗွန်ထရက်စ်ကိုးသည် ဟစ်တလာ့အားလုပ်ကြံရန်စီစဉ်ခဲ့မှုသည် မအောင်မြင်ခဲ့သော်လည်း မိမိ၏ အကြံကို လက်မလျှော့ဘဲ ထပ်မံဖန်တီးခဲ့သည်။ ဗိုလ်ချုပ်ကြီး၏အကြံကို နာဇီဗိုလ်ချုပ် ဂါးစ်တော့ဖ်က အသေခံဆောင်ရွက်ရန် စီစဉ်ခဲ့ သည်။ နာဇီဗိုလ်ချုပ်သည် ဟစ်တလာမရှိသည့် ကမ္ဘာ ဖြစ်ပေါ်လာမည်ဆိုလျှင် သူ့အသက်ကို အသေခံရန် အသင့်ရှိခဲ့သူဖြစ်သည်။ ဟစ်တလာသည် ရုရှနိုင်ငံမှ သိမ်းဆည်းရမိသော စက်ပစ္စည်းများပြပွဲကို ဖွင့်လှစ်ရန် ဘာလင်မြို့သို့ ၁၉၄၃ ခုနှစ် မတ်လ ၁၅ ရက်တွင် ဂိုရင်း၊ ဟင်မ်မလားတို့နှင့်အတူ ရောက်ရှိလာချိန်တွင် နာဇီဗိုလ်ချုပ် ဂါးစ်တော့ဖ်က သူတို့သုံးယောက်အနီးတွင် ဗုံးခွဲ ကာနာဇီပါတီ၏ အာဏာအကြီးဆုံးပုဂ္ဂိုလ်သုံးဦးလုံးကို ရှင်းလင်းရန်စီစဉ်ခဲ့သည်။ ဂါးစ်တော့ဖ်သည် မိမိ၏ ကုတ်အင်္ကျ ီအိတ်များ အတွင်း ပေါက်ကွဲပစ္စည်းများထည့်သွင်း ယူဆောင်ကာ ပြပွဲသို့ သွားရောက်ခဲ့သည်။ယင်း ပေါက်ကွဲပစ္စည်းများကို စနက်တံဖြုတ်ပြီး ၁၀ မိနစ်အတွင်းပေါက်ကွဲစေရန် စီစဉ်ခဲ့သည်။

ဂါးစ်တော့ဖ်သည် ဟစ်တလာနှင့် အဖွဲ့ရောက်ရှိလာမည့် အချိန်ကို တည်ငြိမ်နေသည့် ပုံပေါက်အောင်ကြိုးစားလျက် စောင့် ဆိုင်းခဲ့သည်။သို့သော် ဟစ်တလာက နာရီများစွာနောက်ကျသည့်တိုင်ရောက်မလာသဖြင့် ဂါးစ်တော့ဖ်သည် အိတ်ထဲတွင် ထည့်ထား သည့် ဗုံးများနှင့် အတူ နာဇီပရိတ်သတ်အတွင်း ရပ်နေခဲ့ရသည်။ဟစ်တလာရောက်ရှိလာချိန်တွင် ဟစ်တလာ သည် ရှစ်မိနစ်သာ အချိန်ပေးမည်ဖြစ်ကြောင်းကြေညာခဲ့ရာ ဂါးစ်တော့ဖ်၏ ဗုံးများသည် ၁၀ မိနစ်ချိန်ထားသဖြင့် ဟစ်တလာပြန်သည့် အချိန်တိုင်အောင် ပေါက်ကွဲမည်မဟုတ်ကြောင်း ဂါးစ်တော့ဖ် က သိရှိလိုက်ပေသည်။ ထို့ကြောင့် ဂါးစ်တော့ဖ်သည် မိမိအကြံကို မည်သူမျှ မသိရှိမီ ပြခန်းမှ ထွက်ခွာခဲ့ရသည်။ဟစ်တလာကား သေခြင်းနှင့် မထိုက်တန်သူ တစ်ယောက်ဖြစ်ခဲ့ချေပြီ။

ဟန်းစ်အော့စ်တာ(Hans Oster)
ဂျာမနီနိုင်ငံ စစ်ဘက်ထောက်လှမ်းရေးရုံးမှ အကြီးအကဲတစ်ဦးဖြစ်သူ ဟန်းစ်အော့စ်တာသည် ၁၉၃၈ ခုနှစ်တွင် ဟစ်တလာ ကို လုပ်ကြံရုံသာမက နာဇီပါတီ တစ်ခုလုံးကိုပါ ဖြိုခွင်းရန် ကြံစည်ခဲ့သည်။ဟစ်တလာသည် ထိုအချိန်တွင် ချက်ကို စလိုဗားကီးယား နိုင်ငံကို ထိန်းချုပ်ရန် အမိန့်ပေးခဲ့ရာ ဟန်းစ်အော့စ်တာသည် ဟစ်တလာ၏ အမိန့်သည် ဂျာမနီကို ကမ္ဘာစစ်အတွင်း ဆွဲသွင်းစေ မည်ဖြစ်ကြောင်း ယုံကြည်ကာ ယင်းအမိန့်ကို ရပ်တန့်စေရမည်ဟု ဆုံးဖြတ်ခဲ့သည်။

ဟန်းစ်အော့စ်တာသည် အရာရှိ် ၆၀ ပါဝင်သည့် အဖွဲ့ဖြင့် အာဏာသိမ်းရန်ကြံစည်ခဲ့ကာ ဟစ်တလာ့ကို တစ်နည်း မဟုတ် တစ်နည်းဖြင့် ဖမ်းဆီးရန် ကြံရွယ်ခဲ့သည်။အချို့က ဟစ်တလာ့ကို သေဒဏ်စီရင်ရန်၊ အချို့က စိတ်ကျန်းမာရေး ချွတ်ယွင်းနေသူဟု ကြေညာရန် ဆန္ဒရှိခဲ့ကြသော်လည်း ဟန်းစ်အော့စ်တာကမူ ဟစ်တလာကို ဖမ်းဆီးမှုကို ခုခံသည်ဟူသည့်အကြောင်းပြချက်ဖြင့် သေနတ်ဖြင့် ပစ်သတ်လိုခဲ့သည်။ သို့သော် အာဏာသိမ်းမှုမဖြစ်ခဲ့ရုံသာမက ဟစ်တလာသည် ချက်ကိုစလိုဗားကီးယားကိုသေနတ် တစ်ချက်ပင် မဖောက်လိုက်ရဘဲ မြူးနစ်ဘောတူညီချက်ဖြင့် သိမ်းပိုက်နိုင်ခဲ့သဖြင့် လူတိုင်းက အံ့ဩခဲ့သည်။ ချက်ကိုစလိုဗား ကီး ယားကို သိမ်းပိုက်လိုက်သဖြင့် ဟန်းစ်အော့စ်တာ မျှော်လင့်ထားသကဲ့သို့ ကမ္ဘာစစ် ဖြစ်မလာသဖြင့် အာဏာသိမ်းရန် ကြံစည်ခဲ့ သူများသည် ပြဿနာ ပြေငြိမ်းပြီဟု ယူဆကာ အုပ်စု ခွဲသွားခဲ့ကြသည်။သို့သော် ဒုတိယ ကမ္ဘာစစ် တကယ်ဖြစ်လာ ချိန်တွင် သူတို့သည် မည်သို့မျှ မတတ်နိုင်ခဲ့တော့ပါချေ။

မိန်းမလျာ ဟစ်တလာ စီမံကိန်း
ဟစ်တလာအား လက်နက်ဖြင့် လုပ်ကြံမှုများသည် တစ်ခုမှ မအောင်မြင်ခဲ့သည့်အပြင် ထူးထူးခြားခြား ကြံစည်မှုများ သည် လည်း အထမြောက်အောင်မြင်ခြင်းမရှိခဲ့ပါချေ။ ဗြိတိသျှတို့သည် ဟစ်တလာ့အား အီစရိုဂျင်ကျွေးကာ မိန်းမဟိုမုန်းများ တိုးပွား လာပြီး ရင်သားများကြီးထွားလာကာ မိန်းမလျာတစ်ယောက်ကဲ့သို့ ဖြစ်သွားစေရန် စီစဉ်ခဲ့သည်။ ဟစ်တလာ၏ ညီမသည် သဘောထားပျော့ပြောင်းနူးညံ့သော အတွင်းရေးမှူးတစ်ဦးဖြစ်ပြီး ဗြိတိသျှတို့က ဟစ်တလာကို မိန်းမစိတ်ဝင်အောင်လုပ်နိုင်ပါက ပျော့ပြောင်းနူးညံ့သွားမည်ဟု ယူဆခဲ့ကြသည်။ဟစ်တလာ စားသုံးသည့် အစားအစာများကို သိရှိ ရန် ဗြိတိသျှတို့တွင် သူလျှိုများရှိသော်လည်း ဟစ်တလာသည် သူမစားသုံးမီ သူ့စားမည့် အစားအစာများကို အဆိပ်ရှိမရှိ စစ် ဆေး သူများအား စားသုံးခိုင်းခြင်းရှိ မရှိ မသေချာသဖြင့် ဟစ်တလာစားမည့် အစာများထဲသို့ အီစရိုဂျင်ဟိုမုန်းများ ထည့်သွင်းရန် ကြံစည် ခဲ့သည်။

ဗြိတိသျှတို့သည် ဟစ်တလာ၏ ဥယျာဉ်မှူးအား ဟစ်တလာစားမည့် မုန်လာဥများထဲသို့ အီစရိုဂျင်များကို ဆေးထိုးအပ်ဖြင့် ထည့်သွင်းပေးရန် စည်းရုံးနိုင်ခဲ့သည်။သို့သော် ယင်းအကြံအစည်သည် မည်သို့ အဆုံးသတ်ခဲ့ကြောင်း ရှင်းလင်းစွာမသိရှိခဲ့ရသည့် အပြင် အလုပ်ဖြစ်ခဲ့ပုံလည်း မရပါချေ။ဟစ်တလာ၏ အစားအစာများကို စစ်ဆေးကြသူများသည် အီစရိုဂျင်များပါရှိနေသည့် မုန်လာဥ များကို သိရှိသွားသလော သို့မဟုတ် ဥယျာဉ်မှူးက သူလျှိုများကို လှည့်စားခဲ့သလော ဆိုသည်ကို မည်သူမျှ မသိနိုင်ကြ ပါချေ။

စတာဖင်ဘာ့ခ်၏ ဇူလိုင် ၂၀ စီမံကိန်း
စတာဖင်ဘာ့ခ်သည် ဟစ်တလာ၏ ဝံပုလွေသားရဲတွင်းဟု ခေါ်သည့် အစည်းအဝေးခန်းသို့ ဝင်ထွက်နိုင်သည့် အခွင့်အရေး ရလာချိန်ဝယ် ဟစ်တလာ့ကို လုပ်ကြံသတ်ဖြတ်ရန် အနီးဆုံးလူတစ်ယောက်ဖြစ်လာခဲ့သည်။ဟစ်တလာသည် ယင်းခန်းမတွင် မိမိ အယုံကြည်ရဆုံး ပုဂ္ဂိုလ်များနှင့် ထိပ်တန်းလျှို့ဝှက် အစည်းအဝေးများကို ကျင်းပလေ့ရှိခဲ့သည်။

၁၉၄၄ ခုနှစ် ဇူလိုင်လ ၂၀ ရက်တွင် စတာဖင်ဘာ့ခ်သည် ပေါက်ကွဲပစ္စည်းများအပြည့် ထည့်လာသည့် ရုံးသုံး လက်ဆွဲအိတ် ကို သားရဲတွင်းသို့ ယူဆောင်လာခဲ့ကာ အခန်းတစ်ခုတွင် စနက်တံကို လျှို့ဝှက် တပ်ဆင်ခဲ့သည်။စနက်တံတစ်ချောင်းသာ တပ်ဆင် ပြီးသေးချိန်တွင် အစောင့်က ဟစ်တလာက သူ့အားစောင့်နေကြောင်း လာရောက်သတင်းပို့သဖြင့် စတာဖင်ဘာ့ခ်သည် သားရဲတွင်း အတွင်းသို့ ဝင်ရောက်ကာ လက်ဆွဲအိတ်ကို အစည်းအဝေး စားပွဲအောက်၌ ချထားခဲ့သည်။ စတာဖင်ဘာ့ခ်သည် ဗုံးတစ်လုံးပေါက် ကွဲလျှင် ဟစ်တလာအတွက် လုံလောက်ပြီဟု ယူဆကာ လက်ဆွဲအိတ်ကို ဟစ်တလာနှင့် နီးနိုင်သမျှ နီးအောင် တိုးထားလိုက်ပြီး အစည်းအဝေးခန်းမှ ခွင့်ပန်ကာ အပြင်သို့ ထွက်ခဲ့ပြီး ဗုံးပေါက်ကွဲသံကို စောင့်ဆိုင်းခဲ့သည်။

စတာဖင်ဘာ့ခ် ထောင်ခဲ့သည့် ဗုံးသည် ပေါက်ကွဲခဲ့ကာ အခန်းတစ်ခန်းလုံး အစိတ်စိတ် အမြွာမြွာဖြစ်သွားခဲ့ပြီး လူ လေး ယောက် သေဆုံးသွားသော်လည်း သေဆုံးသူများထဲတွင် ဟစ်တလာမပါဝင်ခဲ့ချေ။ ဟစ်တလာကား ဒဏ်ရာအနည်းငယ်ဖြင့် အခန်း တွင်းမှ ထွက်လာခဲ့သည်။ စတာဖင်ဘာ့ခ်သည် ဖမ်းဆီးခံရပြီး သတ်ဖြတ်ခြင်းခံခဲ့ရပေသည်။

မသေသော ဟစ်တလာ
ဗြိတိသျှတို့သည် ဟစ်တလာ့ကို လုပ်ကြံရန် နည်းမျိုးစုံ အသုံးပြုခဲ့သော်လည်း ဟစ်တလာသည် အမှန်ပင် မသေခဲ့ချေ။သူတို့သည် ဟစ်တလာ၏ ကိုယ်ပိုင်မီးရထားကိုဗုံးခွဲရန်ကြံစည်သကဲ့သို့ ဟစ်တလာသောက်မည့်ရေကို အဆိပ်ခတ်ရန်လည်း ကြံရွယ်ခဲ့ကြသည်။ ဗြိတိသျှတို့သည် ၁၉၄၄ ခုနှစ်တွင် ဟစ်တလာ၏ ကိုယ်ရေးကိုယ်တာ အစောင့်တစ်ယောက်ကို ဖမ်းဆီးနိုင်ခဲ့ရာမှ ထိုသူ သည် ဟစ်တလာ၏ ဘာဗာဗီးယန်း တောင်ပေါ် ဆိတ်ငြိမ်စခန်းတွင် အလုပ်လုပ်သူဖြစ်ပြီး ဟစ်တလာ့အား လုပ်ကြံနိုင်မည့် နည်းများ ကို ပြောပြခဲ့သည်။သူ၏ပြောပြချက်အရ ဟစ်တလာသည် ဘာဗာဗီးယန်း စခန်းတွင်ရှိနေချိန်တွင် နာဇီအလံကို လွှင့်ထူထားလေ့ရှိ ပြီး နေ့စဉ်နံနက် ၁၀ နာရီအချိန်တွင် ဟစ်တလာသည် တစ်ဦးတည်း လမ်းလျှောက်လေ့ရှိကြောင်းသိရှိခဲ့ကြသည်။ ဟစ်တလာ လမ်းလျှောက်ချိန် မိနစ်၂၀ တွင် အစောင့်များ မရှိဘဲ တစ်ကိုယ်တည်းဖြစ်သဖြင့် ထိုအချိန်တွင် အဝေးမီ စနိုက်ပါဖြင့် ပစ်ခတ်ရှင်းလင်း နိုင် ကြောင်းသိရှိခဲ့ကြရသည်။

ဗြိတိသျှတို့သည် ဟစ်တလာကို လုပ်ကြံရန်စီစဉ်ခဲ့ပြီးနောက် ဗြိတိသျှ ဒုတိယဗိုလ်မှူးကြီး ရော်နယ်သွန်နေးက ဟစ်တလာ ကို အရှင်ဖမ်းမိခြင်းက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်။ ဟစ်တလာ့ကို သတ်ဖြတ်လိုက်ခြင်းသည် သူ့အား အာဇာ နည် ဖြစ်သွားစေမည်ဖြစ်ဆိုသဖြင့် ယင်းစီမံကိန်သည် ပျက်ပြားခဲ့ရပြန်သည်။ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားချိန်တွင် မဟာမိတ်တို့ သည် ဟစ်တလာသည် မသေဘဲ ရှိနေခြင်းသည် အမှန်ပင် ကောင်းမွန်ခဲ့ကြောင်း သဘောပေါက်ခဲ့ကြသည်။ ဟစ်တလာသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးသော အုပ်ချုပ်သူ တစ်ဦး ဖြစ်ခဲ့သည့်တိုင် သူ၏ သက်တမ်းတစ်လျောက် တစ်စုံတစ်ဦး၏ လုပ်ကြံသတ်ဖြတ်ခြင်းကို မခံရဘဲ မိမိကိုယ်တိုင် အဆုံးစီရင်ခဲ့သည်ဟုသာ ယူဆခဲ့ကြရပေသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ

Leave a Reply