• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဒုက္ခရောက်နေတဲ့ အိမ်ယာမဲ့ကိုယ်ဝန်ဆောင် ပရိသတ်ကို အိမ်ဝယ်ပေးခဲ့တဲ့တေလာဆွစ်

by Thutamm
July 27, 2019
1 min read
0
ဒုက္ခရောက်နေတဲ့ အိမ်ယာမဲ့ကိုယ်ဝန်ဆောင် ပရိသတ်ကို အိမ်ဝယ်ပေးခဲ့တဲ့တေလာဆွစ်
Share on FacebookShare on Twitter

တေလာဆွစ်ဆိုတာနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုပေါင်းများစွာကို ရယူထားနိုင်တဲ့ အဆိုတော်မလေး ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ချစ်သူခင်သူများပြားသလို မုန်းသူလည်းများတဲ့ အဆိုတော်ဖြစ်ပါတယ်။ ဘယ်သူတွေဘာပြောပြော တေလာဆွစ်ပရိသတ်တွေကတော့ သူမကို အရူးအမူးနှစ်သက်နေကြဆဲဖြစ်ပါတယ်။

သူတို့နှစ်သက်တဲ့အထဲမှာ တေလာဆွစ်ဟာ သူမပရိတ်သတ်တွေအပေါ် အလေးထားလွန်းတဲ့အချက်တစ်ချက်လည်း အပါအဝင်ဖြစ်ပါတယ်။ ဖန်တွေကို အံသြဝမ်းသာသွားအောင် surprise မကြာခဏ လုပ်တတ်သူအဖြစ်လည်း နာမည်ကြီးပါတယ်။

အခုဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက အင်္ဂလန်မှာပြုလုပ်ခဲ့တဲ့ တေလာဆွစ်ရဲ့ဖျော်ဖြေမှုပွဲ အပြီးမှာ ဖြစ်ခဲ့တာပါ။ တေလာဆွစ်ကတော့ ဒီအကြောင်းကို ဘယ်သူကိုမှ ထုတ်မပြောခဲ့ပေမယ့် သူမရဲ့ surprise လုပ်ခြင်းကို ခံလိုက်ရတဲ့ သူမရဲ့ ပရိသတ် Stephanie ဆိုသူတဲ့အမျိုးသမီးက ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒီအကြောင်းကို ထုတ်ပြောသင့်မပြောသင့် ကျမစဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် တေလာရဲ့ ပရိသတ်တွေအပေါ်သိတတ်မှုကို အားလုံးကိုသိစေချင်တာကြောင့် အခုလိုထုတ်ပြောရခြင်းဖြစ်ပါတယ်” လို့ Stephanie က ဆိုပါတယ်။

တေလာဆွစ်ကို နှစ်ပေါင်းများစွာအားပေးခဲ့တဲ့ အမာခံပရိတ်သတ်ဖြစ်သူ Stephanie ဟာ လက်ရှိအချိန်မှာ ကိုယ်ဝန်ဆောင်ဖြစ်နေပြီး နေစရာမရှိတဲ့ အိမ်ယာမဲ့လည်းဖြစ်နေပါတယ်။ ဆိုးရွားတာကတော့ သူမနေခဲ့တဲ့ တိုက်ခန်းဟာ လုံခြုံရေးအရှုပ်အထွေးတွေကြောင့် အပိတ်ခံခဲ့ရတာကြောင့် အိမ်ယာမဲ့ဖြစ်သွားကာ လမ်းပေါ်မှာနေခဲ့ရပါတယ်။

လမ်းပေါ်မှာနေရတဲ့အထဲ သူမရဲ့အတူနေချစ်သူ Matthew ကလည်း အလုပ်ပြုတ်သွားခဲ့တာကြောင့် တော်တော်ကိုဒုက္ခရောက်ခဲ့ရပါတယ်။ ဒီလောက်ဒုက္ခရောက်ခဲ့ပေမယ့် သူမဟာ တေလာဆွစ်ရဲ့ အမာခံပရိတ်ဖြစ်တာကြောင့် တေလာဆွစ်ရဲ့ပွဲကိုတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင်သွားကြည့်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ တေလာဆွစ်ဟာ Stephanie ကိုခေါ်တွေ့ပြီး အိမ်ဝယ်ဖို့အတွက် လိုအပ်တဲ့ငွေတွေကို ပေးလှူကူညီခဲ့တာဖြစ်ပါတယ်။

” Stephanie ရှင်ကျမကို နှစ်ပေါင်းများစွာအားပေးလာတဲ့ အမာခံပရိသတ်ဆိုတာ ကျမသိပါတယ်။ ရှင်ဒီလောက် အခက်အခဲတွေဖြစ်နေတယ်ဆိုတာတောင် ကျမကို မပြောခဲ့ဖူးနော်။ အခုတောင် ရှင့်အမေလာပြောလို့ ရှင့်ရဲ့အဖြစ်အပျက်တွေကိုသိရတာ။ ရှင့်အမေက ရှင့်ကို စိတ်ချမ်းသာအောင် တစ်ခုခုပြောစေချင်ခဲ့တာ။

ဒီလောက်ဒုက္ခတွေ ရောက်နေတဲ့ကြားက ကျမပွဲကို ကြည့်ဖြစ်အောင်လာကြည့်နိုင်သေးတယ်နော်။ ရှင်သာပြောရင် ကျမကူညီမှာပေါ့ရှင်။ ကျမပရိသတ်တစ်ယောက် ဒီလောက်ဒုက္ခရောက်နေတာ ကျမကြည့်ရက်ပါ့မလား” လို့တေလာက သူမကိုပြောခဲ့ကြောင်း Stephanie က ဆိုပါတယ်။

အစကတော့ တေလာဆွစ်က သူမကို စကားပြောပြီး လက်မှတ်ဖိုးငွေပြန်ပေးခဲ့မယ်လို့ သူမမျှော်လင့်ခဲ့ပေမယ့် တကယ်တော့ တေလာဟာ သူမကို အိမ်ဝယ်ဖို့ငွေပါ အလုံအလောက်ပေးအပ်လာခဲ့တာဖြစ်ပါတယ်။ သူမမမျှော်လင့်ထားတဲ့ တေလာရဲ့ ဒီလိုလုပ်ဆောင်မှုကြောင့် စိတ်လှုပ်ရှားပြီး မျက်ရည်ကျအောင်ဝမ်းသာခဲ့ရတယ် ၊ တေလာကိုလည်း သူမသေတဲ့အထိ အားပေးသွားမယ်လို့ သူမက ဆိုပါတယ်။

တေလာဆွစ်ဟာ သူမရဲ့ ပရိသတ်တွေကို မကြာခဏ ရင်းရင်းနှီးနှီးတွေ့ဆုံတာ ၊ surprise လုပ်တာ ၊ လိုအပ်တဲ့ကူညီစောင့်ရှောက်မှုတွေပေးတာ စတာတွေကို မကြာခဏလုပ်ဆောင်လေ့ရှိပါတယ်။ ဒါ့အပြင် သူမပရိတ်သတ်တွေ အချင်းချင်းဆက်သွယ်ဖို့ သူမကိုဆက်သွယ်နိုင်ဖို့အတွက် Swift Life လို့အမည်ရတဲ့ ကိုယ်ပိုင် ဆိုရှယ်မီဒီယာတစ်ခုကိုလည်း ဖွင့်ပေးထားပါသေးတယ်။ တေလာရဲ့ ပရိသတ်တွေကတော့ တေလာရဲ့လုပ်ဆောင်မှုအပေါ် ဂုဏ်ယူနေကြမှာဖြစ်ပါတယ်။

Tags: world people
Next Post
ကမ္ဘာ့အနက်ဆုံးနေရာ (သို့) မာရီယာနာချောက်အကြောင်းသိကောင်းစရာ

ကမ္ဘာ့အနက်ဆုံးနေရာ (သို့) မာရီယာနာချောက်အကြောင်းသိကောင်းစရာ

Discussion about this post

Trending

လမ်းမပေါ်က ဟိုတယ် (သို့) ဒေါ်လာ ၃သန်းတန် ဘတ်စ်ကား
Amazing

လမ်းမပေါ်က ဟိုတယ် (သို့) ဒေါ်လာ ၃သန်းတန် ဘတ်စ်ကား

by Thutamm
December 5, 2019
ယာဉ်ကြောပိတ်ဆို့လွန်းတာကို ဖြေရှင်းဖို့ ကိုယ်ပိုင်ရဟတ်ယာဉ်တည်ဆောက်ခဲ့သူ
Amazing

ယာဉ်ကြောပိတ်ဆို့လွန်းတာကို ဖြေရှင်းဖို့ ကိုယ်ပိုင်ရဟတ်ယာဉ်တည်ဆောက်ခဲ့သူ

by Thutamm
December 5, 2019
အီကွေဒေါနိုင်ငံ အကြောင်းသိကောင်းစရာ
Knowledge

အီကွေဒေါနိုင်ငံ အကြောင်းသိကောင်းစရာ

by Thutamm
December 4, 2019
စာအုပ်ပေါင်း ၃၈သန်းကျော် စုဆောင်းထားတဲ့ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီး
Knowledge

စာအုပ်ပေါင်း ၃၈သန်းကျော် စုဆောင်းထားတဲ့ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီး

by Thutamm
December 4, 2019
ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက် နှစ်မြုပ်ခံခဲ့ရသော နယ်သာလန် နာမည်ကျော် စစ်သင်္ဘော ၃စီး
History

ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ခိုက် နှစ်မြုပ်ခံခဲ့ရသော နယ်သာလန် နာမည်ကျော် စစ်သင်္ဘော ၃စီး

by Thutamm
December 3, 2019

သုတဇုန် ဆိုတာ

သုတဇုန်စာမျက်နှာသည် ထူးထူးဆန်းဆန်းအကြောင်းများ ၊ သုတရသ ဗဟုသုတများ ၊ ရှေးဟောင်းနှောင်းဖြစ်သမိုင်းများ ၊ အသုံးဝင်အချက်အလက်များ ၊ စိတ်ခွန်အားပေးစာစုများ စသည့်အကြောင်းအရာများကို သီးသန့် တင်ဆက်ပေးနေသော စာမျက်နှာဖြစ်ပါတယ်။ ဗဟုသုတအကြောင်းအရာများကို အလွယ်တကူ သိချင် ဖတ်ချင်သူမိတ်ဆွေများအတွက် ကြိုးစားတင်ဆက်ပေးနေပါတယ်။

Tags

amazing ancient knowledge animals buddhism buddhism monk chemistry cities countries facts feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places plants rivers science science knowledge Sport Sport people story successful tech thinking tips to know world actors world actress world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • no
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook
  • About Us
  • Contact Us
  • Home
  • Privacy Policy

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy