ကမာၻ႔အနက္ဆုံးေနရာ (သုိ႔) မာရီယာနာေခ်ာက္အေၾကာင္းသိေကာင္းစရာ

Posted on


ကမာၻေက်ာ္မာရီယာနာေခ်ာက္ဟာ ေျမာက္ပစိဖိတ္သမုဒၵရာရဲ႕အေနာက္ပုိင္း ဖိလစ္ပုိင္ နဲ႔ ဂ်ပန္ႏုိင္ငံမ်ား မာရီယာနာကြ်န္းစုတုိ႔ရဲ႕ အနီးမွာတည္ရွိပါတယ္။

တုိင္းတာရခဲ့သမွ် အနက္ဆုံးေနရာရဲ႕ အနက္ဟာ ၃၆၀၇၀ ေပ ရွိၿပီး ကမာၻ႔အနက္ဆုံးေနရာတစ္ခုလည္းျဖစ္ပါတယ္။ အနက္ဆုံးေနရာကုိ Challenger Deep လုိ႔လည္းေခၚၾကပါတယ္။ တခ်ဳိ႕ကေတာ့ ေခ်ာက္ရဲ႕အနက္ဟာ အဲဒီအနက္ထက္ ပိုႏုိင္ေသးတယ္လုိ႔ ဆုိၾကပါတယ္။ ၁၉၅၁ခုႏွစ္မွာ Challenger သေဘၤာနဲ႔တုိင္းတာရရွိခဲ့တဲ့အနက္ကုိ ဂုဏ္ျပဳတဲ့အေနနဲ႔ ဒီနာမည္ကိုေပးထားတာပဲျဖစ္ပါတယ္။

ဒီေခ်ာက္ဟာ ဧရိယာအားျဖင့္ အလ်ား ၁၅၈၀မုိင္ အနံ ၄၃မုိင္ က်ယ္ျပန္႔ႀကီးမားၿပီး ပုံသ႑ာန္ကေတာ့ လျခမ္း (သုိ႔) စက္၀ုိင္းျခမ္းပုံစံျဖစ္ပါတယ္။

ေခ်ာက္ရဲ႕ေအာက္ေျခမွာရွိတဲ့ဖိအားဟာ ပင္လယ္ေရမ်က္ႏွာျပင္ဖိအားထက္ အဆ၁၀၀၀ ပုိပါတယ္။ အပူခ်ိန္ ကေတာ့ ၁ မွ ၄ ဒီဂရီ ဆဲစီးယပ္စ္ရွိတဲ့အတြက္ အလြန္ေအးတဲ့ေနရာလည္းျဖစ္ပါတယ္။

မာရီယာနာေခ်ာက္ရဲ႕ ေအာက္ေျခၾကမ္းျပင္မွာေတာ့ ဟုိက္ဒရုိဂ်င္ဆာလဖုိဒ္ကဲ့သုိ႔ တြင္းထြက္ေတြကုိ ထုတ္လႊတ္ေပးေနတဲ့ အေပါက္ငယ္ေတြရွိေနပါတယ္။ ေဆြးေျမ့ပ်က္စီးေနတဲ့ အပင္ေတြ တိရစာၦန္ေတြ ၊ တိရစာၦန္ေတြရဲ႕အရုိးေတြစုပုံေနတာေၾကာင့္ မာရီယာနာေခ်ာက္ရဲ႕ၾကမ္းျပင္ဟာ အ၀ါေရာင္သန္းေနပါတယ္။

သိပၸံပညာရွင္ေတြရဲ႕ တြက္ခ်က္မႈအရ မာရီယာနာေခ်ာက္ရဲ႕သက္တမ္းဟာ ႏွစ္သန္းေပါင္း ၁၈၀ ရွိၿပီျဖစ္ၿပီး သက္တမ္းအရင့္ဆုံးေနရာေတြထဲကတစ္ခုျဖစ္တယ္လုိ႔ ဆုိပါတယ္။

မာရီယာနာေခ်ာက္ရဲ႕ အနက္ဆုံးေနရာ Challenger Deep ကုိ ပထမဆုံးေရာက္ခဲ့သူေတြကေတာ့ ၁၉၆၀ခုႏွစ္မွာေရာက္ခဲ့ၾကတဲ့ US ေရတပ္ဗုိလ္ Don Walsh နဲ႔ ဆြစ္သိပၸံပညာရွင္ Jacques Piccard တုိ႔ျဖစ္ပါတယ္။

တကယ္လုိ႔မ်ား သင္ဟာ ကမာၻ႔အျမင့္ဆုံးေတာင္ျဖစ္တဲ့ ဧ၀ရက္ေတာင္ကို မာရီယာနာေခ်ာက္ထဲကိုေရႊ႕လုိက္မယ္ဆုိရင္ ဧ၀ရက္ေတာင္ဟာ သမုဒၵရာေရမ်က္ႏွာျပင္ေအာက္ ၁မုိင္ေက်ာ္ေက်ာ္နစ္ျမဳပ္သြားမွာျဖစ္ပါတယ္။

Barreleye Fish လိုရွားပါးငါးေတြ ၊ လႊငါးမန္းေတြ ၊ ေရဘ၀ဲေတြ နဲ႔ အျခားရွားပါးငါးေျမာက္မ်ားစြာကို ဒီေနရာမွေတြ႔ရေလ့ရွိပါတယ္။

(မာရီရာနာေခ်ာက္တဲ့ ပုိနက္တဲ့ အရာတစ္ခုရွိိပါေသးတယ္။ သူကေတာ့သဘာ၀ေနရာတစ္ခုေတာ့ မဟုတ္ပါဘူး။ ရုရွားမွာရွိတဲ့ Kola Superdeep Borehole ဆုိတဲ့ ပေရာဂ်က္တစ္ခုျဖစ္ပါတယ္။ ၁၉၇၀ ခုႏွစ္တည္းက စတဲ့ဒီပေရာဂ်က္မွာ အနက္ဆုံးေနရာကို စက္နဲ႔တူးတာပဲျဖစ္ပါတယ္။ အနက္ေပ ၄၉၀၀၀ ခန္႔ထိတူးႏုိင္မယ္လုိ႔ ေမွ်ာ္မွန္းထားေပမယ့္ လက္ရွိမွာေတာ့ ၄၀၅၀၂ေပထိပဲ တူးႏိုင္ပါေသးတယ္။ အဲဒီေနရာရဲ႕ အပူခ်ိန္က ၁၈၀ ဒီဂရီစင္တီဂရိတ္အထိရွိေနတာေၾကာင့္ ဆက္လက္တူးဖုိ႔ခက္ခဲပါတယ္)


ကမ္ဘာ့အနက်ဆုံးနေရာ (သို့) မာရီယာနာချောက်အကြောင်းသိကောင်းစရာ (unicode)

ကမ္ဘာကျော်မာရီယာနာချောက်ဟာ မြောက်ပစိဖိတ်သမုဒ္ဒရာရဲ့အနောက်ပိုင်း ဖိလစ်ပိုင် နဲ့ ဂျပန်နိုင်ငံများ မာရီယာနာကျွန်းစုတို့ရဲ့ အနီးမှာတည်ရှိပါတယ်။

တိုင်းတာရခဲ့သမျှ အနက်ဆုံးနေရာရဲ့ အနက်ဟာ ၃၆၀၇၀ ပေ ရှိပြီး ကမ္ဘာ့အနက်ဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။ အနက်ဆုံးနေရာကို Challenger Deep လို့လည်းခေါ်ကြပါတယ်။ တချို့ကတော့ ချောက်ရဲ့အနက်ဟာ အဲဒီအနက်ထက် ပိုနိုင်သေးတယ်လို့ ဆိုကြပါတယ်။ ၁၉၅၁ခုနှစ်မှာ Challenger သင်္ဘောနဲ့တိုင်းတာရရှိခဲ့တဲ့အနက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနာမည်ကိုပေးထားတာပဲဖြစ်ပါတယ်။

ဒီချောက်ဟာ ဧရိယာအားဖြင့် အလျား ၁၅၈ဝမိုင် အနံ ၄၃မိုင် ကျယ်ပြန့်ကြီးမားပြီး ပုံသဏ္ဍာန်ကတော့ လခြမ်း (သို့) စက်ဝိုင်းခြမ်းပုံစံဖြစ်ပါတယ်။

ချောက်ရဲ့အောက်ခြေမှာရှိတဲ့ဖိအားဟာ ပင်လယ်ရေမျက်နှာပြင်ဖိအားထက် အဆ၁၀၀၀ ပိုပါတယ်။ အပူချိန် ကတော့ ၁ မှ ၄ ဒီဂရီ ဆဲစီးယပ်စ်ရှိတဲ့အတွက် အလွန်အေးတဲ့နေရာလည်းဖြစ်ပါတယ်။

မာရီယာနာချောက်ရဲ့ အောက်ခြေကြမ်းပြင်မှာတော့ ဟိုက်ဒရိုဂျင်ဆာလဖိုဒ်ကဲ့သို့ တွင်းထွက်တွေကို ထုတ်လွှတ်ပေးနေတဲ့ အပေါက်ငယ်တွေရှိနေပါတယ်။ ဆွေးမြေ့ပျက်စီးနေတဲ့ အပင်တွေ တိရစ္ဆာန်တွေ ၊ တိရစ္ဆာန်တွေရဲ့အရိုးတွေစုပုံနေတာကြောင့် မာရီယာနာချောက်ရဲ့ကြမ်းပြင်ဟာ အဝါရောင်သန်းနေပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ မာရီယာနာချောက်ရဲ့သက်တမ်းဟာ နှစ်သန်းပေါင်း ၁၈၀ ရှိပြီဖြစ်ပြီး သက်တမ်းအရင့်ဆုံးနေရာတွေထဲကတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

မာရီယာနာချောက်ရဲ့ အနက်ဆုံးနေရာ Challenger Deep ကို ပထမဆုံးရောက်ခဲ့သူတွေကတော့ ၁၉၆ဝခုနှစ်မှာရောက်ခဲ့ကြတဲ့ US ရေတပ်ဗိုလ် Don Walsh နဲ့ ဆွစ်သိပ္ပံပညာရှင် Jacques Piccard တို့ဖြစ်ပါတယ်။

တကယ်လို့များ သင်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရက်တောင်ကို မာရီယာနာချောက်ထဲကိုရွှေ့လိုက်မယ်ဆိုရင် ဧဝရက်တောင်ဟာ သမုဒ္ဒရာရေမျက်နှာပြင်အောက် ၁မိုင်ကျော်ကျော်နစ်မြုပ်သွားမှာဖြစ်ပါတယ်။

Barreleye Fish လိုရှားပါးငါးတွေ ၊ လွှငါးမန်းတွေ ၊ ရေဘဝဲတွေ နဲ့ အခြားရှားပါးငါးမြောက်များစွာကို ဒီနေရာမှတွေ့ရလေ့ရှိပါတယ်။

(မာရီရာနာချောက်တဲ့ ပိုနက်တဲ့ အရာတစ်ခုရှိပါသေးတယ်။ သူကတော့သဘာ၀နေရာတစ်ခုတော့ မဟုတ်ပါဘူး။ ရုရှားမှာရှိတဲ့ Kola Superdeep Borehole ဆိုတဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ ၁၉၇၀ ခုနှစ်တည်းက စတဲ့ဒီပရောဂျက်မှာ အနက်ဆုံးနေရာကို စက်နဲ့တူးတာပဲဖြစ်ပါတယ်။ အနက်ပေ ၄၉၀၀၀ ခန့်ထိတူးနိုင်မယ်လို့ မျှော်မှန်းထားပေမယ့် လက်ရှိမှာတော့ ၄၀၅၀၂ပေထိပဲ တူးနိုင်ပါသေးတယ်။ အဲဒီနေရာရဲ့ အပူချိန်က ၁၈၀ ဒီဂရီစင်တီဂရိတ်အထိရှိနေတာကြောင့် ဆက်လက်တူးဖို့ခက်ခဲပါတယ်)

Leave a Reply