အေျဖရွာမရတဲ့ ေပ်ာက္ဆုံးမႈတစ္ခု (သုိ႔) ကမာၻေက်ာ္အမ်ဳိးသမီး Amelia Earhart ေပ်ာက္ဆုံးမႈ

Posted on

Written By Arr Luu(MYMC)

Amelia Earhart က Atlantic သမုဒၶရာကို တစ္ေယာက္တည္း ၿဖတ္ကူးခဲ့တဲ့ ပထမဆံုး အမ်ိဳးသမီး ေလယာဥ္မႈး ၿဖစ္ၿပီး သူမ ဘယ္လို ေပ်ာက္ဆံုး သြားခဲ့သလဲ ဆိုတာကို ခုထိ အေၿဖရွာ မရေသး ပါဘူး။

Amelia Earhart ကိုရုပ္ရွင္ေတြထဲမွာ ၾကားဖူး ၾကမွာပါ။ အေမရိကန္က အမ်ိဳးသမီး ေလယာဥ္မႈး၊ စာေရးဆရာမနဲ႔ အမ်ိဳးသမီး ေတြရဲ႕ အခြင့္အေရး အတြက္ တက္ၾကြလႈပ္ရွားသူ တစ္ေယာက္ပါ။ Atlantic ကိုတစ္ေယာက္တည္း ၿဖတ္ကူးခဲ့တဲ့ ပထမဆံုး အမ်ိဳးသမီး ေလယာဥ္မႈး ၿဖစ္ၿပီး ၁၉၃၇မွာ ကမာၻၾကီးကို ပတ္ၿပီး ပ်ံသန္းဖို႔ စီစဥ္ထား ခဲ့ၿပီး လမ္းတ၀က္မွာ သတင္း အစအန မရေတာ့ဘဲ ေပ်ာက္ဆံုး သြားတာကို လူတိုင္းက စိတ္၀င္စား ခဲ့ၾကပါတယ္။

Amelia Mary Earhart ကို၁၈၉၇ခုႏွစ္ ဇူလိုင္လ ၂၄ရက္ေန႔မွာ အေမရိကန္ ႏိုင္ငံ၊ Kansas ၿပည္နယ္က Atchison ၿမိဳ႕မွာ ေမြးဖြားခဲ့ ပါတယ္။ ၁၉၁၇ခုႏွစ္ ခရစ္စမတ္ ကာလမွာ သူမရဲ႕ အမရွိတဲ့ Toronto ၿမိဳ႕ကို အလည္သြားရင္းနဲ႔ aviation expo တစ္ခုကို သြားလည္ ၿဖစ္ခဲ့ၿပီး သူမအနီးကေန ေလယာဥ္မႈးက ေလယာဥ္ေမာင္း သြားတာကို ေတြ႔ၿမင္ခဲ့ ရၿပီးကတည္းက ေလယာဥ္ ေမာင္းတာဟာ သူမကို ခံစားခ်က္ တစ္ခု ေပးတယ္လို႔ ေနာက္ပိုင္းမွာ ဖြင့္ေၿပာခဲ့ ပါတယ္။

ေနာက္ ၁၉၂၀ ဒီဇင္ဘာလမွာ California ၿပည္နယ္၊ Long Beach က air show တစ္ခုကို သြားခဲ့ၿပီး ေလယာဥ္စီး ၿဖစ္ခဲ့ပါတယ္။ ဒီဆယ္မိနစ္ ေလာက္ပဲ ၾကာတဲ့ ခရီးတိုေလး တစ္ခုက သူမရဲ႕ ဘ၀ကို ေၿပာင္းလဲ ပစ္ခဲ့ပါတယ္။ အဲ့အခ်ိန္တုန္းက ေၿမၿပင္နဲ႔ ေပ၂၀၀-၃၀၀ေလာက္ အကြာအေ၀းမွာပဲ ရွိေပမယ့္ သူမပ်ံသန္းရတာ ၾကိဳက္တယ္ ဆိုတာ သိေနခဲ့ ပါတယ္လို႔ ဆိုပါတယ္။ ေလယာဥ္ေမာင္း သင္တန္း တက္ခဲ့ၿပီး ေနာက္ေၿခာက္လ အၾကာမွာ သူမရဲ႕ ပထမဆံုး Canary လို႔နာမည္ ေပးထားတဲ့ အ၀ါေရာင္ ေတာက္ေတာက္ အသံုးၿပဳ ၿပီးသား ေလယာဥ္ တစ္စင္းကို ၀ယ္ယူ ခဲ့ပါတယ္။ ၁၉၂၂ ေအာက္တိုဘာမွာ အမ်ိဳးသမီး ေလယာဥ္မႈး ေတြထဲမွာ ေပ၁၄၀၀၀ အၿမင့္ ပ်ံသန္းခဲ့ၿပီး ကမာၻ႔ altitude record တစ္ခုကို တင္ႏိုင္ခဲ့ ပါတယ္။ ၁၉၄၂မွာေတာ့ သူမရဲ႕ မိဘေတြ ကြာရွင္းခဲ့ၿပီးေနာက္ ေငြေၾကး အခက္အခဲ ေတြေၾကာင့္ Canary ကိုေရာင္းခဲ့ရၿပီး Boston မွာအလုပ္ သြားလုပ္ ေနခဲ့ ရပါတယ္။

၁၉၂၈ ဧၿပီလမွာေတာ့ သူမဆီကို မေမွ်ာ္လင့္တဲ့ ဖုန္းတစ္ခု ၀င္လာပါတယ္။ အတၱလတိတ္ကို ၿဖတ္ေက်ာ္တဲ့ ပထမဆံုး အမ်ိဳးသမီး ၿဖစ္ခ်င္သလား ဆိုၿပီး ေမးတဲ့အခါ သူမက ခ်က္ခ်င္းပဲ ေခါင္းညိမ့္ ခဲ့ပါတယ္။ သူမကို co-pilot အၿဖစ္သာ စာရင္း ထည့္ထားခဲ့ၿပီး သူမ မရင္းႏွီးတဲ့ ေလယာဥ္ အမ်ိဳးအစား ၿဖစ္တာေၾကာင့္ ေမာင္းႏွင္ ကြပ္ကဲခြင့္ေတာ့ မရခဲ့ ပါဘူး။ ဒါေပမယ့္ သူမကေတာ့ ေလေၾကာင္းနဲ႔ ပတ္သက္တဲ့ ေက်ာ္ၾကားသူ တစ္ေယာက္ေတာ့ ၿဖစ္လာခဲ့ ၿပီးေတာ့ သူမကို “Lady Lindy” လို႔မီဒီယာ ေတြက နာမည္ေပး ခဲ့ပါတယ္။ သူမရဲ႕ ခရီးသည္ တစ္ဦးအၿဖစ္သာ လိုက္ပါခြင့္ ရခဲ့တဲ့ ခရီးစဥ္ အၿပီး ၾသဂုတ္လမွာ သူမတစ္ဦးတည္း Atlantic ကိုၿဖတ္ေက်ာ္ၿပီး သမိုင္းတြင္မယ့္ ခရီးတစ္ခုကို ေအာင္ၿမင္စြာ ၿပီးဆံုးခဲ့ ပါတယ္။

Charles Lindbergh အေၾကာင္းေတြ အမ်ားၾကီး ေရးခဲ့တဲ့ George P. Putnam ကသူမရဲ႕ အေတြ႔အၾကံဳ ေတြကို စာ ေရးခဲ့ၿပီး သူ႔ရဲ႕ ေရာင္းအား အေကာင္းဆံုး စာအုပ္တစ္အုပ္ ၿဖစ္ခဲ့ပါတယ္။ Earhart နဲ႔ Putnam တို႔ႏွစ္ေယာက္က ပြဲေတြ အမ်ိဳးမ်ိဳးမွာ အတူတူ နီးနီးကပ္ကပ္ အလုပ္လုပ္ ခဲ့ၿပီးေနာက္ ၁၉၃၁မွာ Putnam အိမ္ေထာင္ေရး ၿပိဳကြဲသြား တဲ့အခါ သူတို႔ႏွစ္ေယာက္ လက္ထပ္လိုက္ ၾကပါတယ္။ Earhart ရဲ႕အမွတ္ ပံုရိပ္ေတြကို အမ်ိဳးသမီး ဖက္ရွင္၊ မဂၢဇင္းနဲ႔ airline management စတဲ့ေနရာ ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႔လာရ ေပမယ့္ သူမရဲ႕ တကယ့္ စိတ္ဆႏၶ ၿဖစ္တဲ့ ပ်ံသန္းဖို႔ကို အၿမဲ ေတာင့္တ ေနတာပါ။ ေနာက္ထပ္ ကမာၻ႔မွတ္တမ္း အၿမင့္တစ္ခုကို ေပ၁၈၄၁၅ နဲ႔ထပ္တင္ခဲ့ ၿပီးေနာက္ အမ်ိဳးသမီး ေလယာဥ္မႈး အဖြဲ႔အစည္း တစ္ခုၿဖစ္တဲ့ Ninety-Nines ရဲ႕ေခါင္းေဆာင္ တစ္ေယာက္ ၿဖစ္လာပါတယ္။

Earhart နဲ႔ Putnam တို႔က အတၱလတိတ္ကို တစ္ဦးတည္း ထပ္ၿဖတ္ဖို႔ လ်ိဳ႕၀ွက္ ၾကံစည္ခဲ့ ၾကပါတယ္။ ဒီတစ္ခါမွာေတာ့ အတၱလတိတ္ကို ေမာင္းႏွင္ ၿဖတ္ေက်ာ္တဲ့ ပထမဆံုး အမ်ိဳးသမီး ေလယာဥ္မႈးနဲ႔ ဒုတိယေၿမာက္ တစ္ဦးတည္း ၿဖတ္ေက်ာ္တဲ့သူ ၿဖစ္လာမွာပါ။ ပထမဆံုး တစ္ဦးတည္း ၿဖတ္ေက်ာ္ခဲ့တဲ့ သူက Charles Lindbergh ၿဖစ္ၿပီး Putnam ကသူ႔အေၾကာင္း စာေရးခဲ့ ဖူးပါတယ္။ Lindbergh ၿဖတ္ခဲ့ၿပီး ေနာက္ငါးႏွစ္ အၾကာ ၁၉၃၂၊ ေမလ ၂၀ရက္မွာေတာ့ Newfoundland၊ Harbor Grace ကေန Paris ကိုဦးတည္ ပ်ံသန္းၿပီး သူမရဲ႕ ခရီးစဥ္ စခဲ့ပါတယ္။ ဒါေပမယ့္ ရာသီဥတု အေၿခအေန မေကာင္းဘဲ တိမ္ထူၿပီး ေလယာဥ္ ေတာင္ပံက ေရခဲေတြေၾကာင့္ ဒုကၡမ်ားခဲ့ ရပါတယ္။ သူမကိုယ္တိုင္ ကလည္း Paris ကိုမေရာက္ႏိုင္ဘူး ဆိုတာ သိေနခဲ့ၿပီး Ireland၊ Londonderry မွာဆင္းသက္ ခဲ့ရပါတယ္။

ဒီ၁၅နာရီပဲ ၾကာတဲ့ ခရီးစဥ္ တိုေလးအတြက္ သူမကို ဂုဏ္ၿပဳခဲ့ ၾကၿပီး ႏိုင္ငံတကာက ေလးစားရတဲ့ သူရဲေကာင္း တစ္ဦး ၿဖစ္လာပါတယ္။ ၁၉၃၀ ကေန ၁၉၃၅အတြင္းမွာ သူမက အရွိန္နဲ႔ အကြာအေ၀း ေတြနဲ႔ ပတ္သက္တဲ့ မွတ္တမ္း ခုႏွစ္ခု ထပ္တင္ခဲ့ ပါတယ္။ သူမရဲ႕ အသက္ေလးဆယ္ၿပည့္ ေမြးေန႔ မတိုင္ခင္ သူမက ေနာက္ထပ္ ပ်ံသန္းမႈ တစ္ခု ထပ္လုပ္ခ်င္တဲ့ ခံစားခ်က္ ရွိတယ္လို႔ ေၿပာခဲ့ၿပီး ကမာၻကို ပတ္ၿပီး ပ်ံသန္းတဲ့ ခရီးတစ္ခု ၿဖစ္လာဖို႔ ေမွ်ာ္လင့္ခဲ့ၿပီး ဒါကို လုပ္ႏိုင္တဲ့ ပထမဆံုး အမ်ိဳးသမီး တစ္ေယာက္ ၿဖစ္ခ်င္ခဲ့ ပါတယ္။

၁၉၃၇ခုႏွစ္ ဇြန္၁ရက္ေန႔မွာ သူမနဲ႔ လမ္းၿပ Fred Noonan တို႔က မိုင္၂၉၀၀၀ရွိတဲ့ ခရီးကို စတင္ဖို႔ Miami ကေန အေရွ႕ဘက္ကို ဦးတည္ ထြက္ခြာခဲ့ ၾကပါတယ္။ ခရီးစတင္ၿပီး ၂၉ရက္ အၾကာမွာ New Guinea၊ Lae မွာဆင္းသက္ ရပ္နားခဲ့ၿပီး Pacific ကိုၿဖတ္ဖို႔ မိုင္၇၀၀၀ က်န္ေသး ပါတယ္။ Lae ကေန မိုင္ေပါင္း ၂၅၅၆ ၿဖတ္ေက်ာ္ အၿပီးမွာ Hawaii နဲ႔ Australia အၾကားက Howland Island မွာတေထာက္နားဖို႔ အေၾကာင္းဖန္ လာပါတယ္။ Howland Island က၁.၅မိုင္ေလာက္ ရွည္ၿပီး တစ္မိုင္ေလာက္ပဲ က်ယ္တဲ့ ကၽြန္းေသးေသးေလး ဆိုေတာ့ ဆင္းသက္ရတာ ေတာ္ေတာ္ ခက္တဲ့ ေနရာတစ္ခုပါ။ ဒီပ်ံသန္းတဲ့ ေနရာမွာ U.S. Coast Guard သေဘာၤ Itasca နဲ႔အဆက္အသြယ္ ယူထားတာ အပါအ၀င္ အထူးၿပင္ဆင္မႈေတြ ၿပဳလုပ္ခဲ့ ရပါတယ္။

မနက္ ၁၀နာရီ ေလာက္မွာ Earhart and Noonan တို႔က Lae ကေန ထြက္လာခဲ့ၿပီး ကတည္းက တိမ္ထူၿပီး မိုးရြာ ေနတာေၾကာင့္ ၿပႆနာေတြ အမ်ားၾကီး ၾကံဳခဲ့ ရပါတယ္။ တခ်ိဳ႕ကေတာ့ သူတို႔ ေလယာဥ္က ေရဒီယို အင္တင္နာက ပ်က္သြားခဲ့တာလို႔ ဆိုၾကၿပီး တခ်ိဳ႕ကေတာ့ သူတို႔ ေၿမပံုက မတိက်၊ မမွန္ဘူးလို႔ ဆိုၾကပါတယ္။ Howland Island နားေရာက္လာေတာ့ သူတို႔ကို ေကာင္းေကာင္း ဆက္သြယ္လို႔ မရခဲ့ ပါဘူး။ ေနာက္ဆံုး အဆက္အသြယ္ ရခဲ့တာက မနက္ ၈း၄၃ အခ်ိန္ေလာက္မွာ ၿဖစ္ၿပီး ေတာင္နဲ႔ေၿမာက္ကို ပ်ံသန္း ေနတယ္လို႔ ေၿပာခဲ့ပါတယ္။ Itasca သေဘာၤက ကယ္ဆယ္ေရး လုပ္ငန္းေတြ ခ်က္ခ်င္း စခဲ့ၿပီး ရက္သတၱေပါင္း မ်ားစြာ ရွာေဖြခဲ့ ေပမယ့္ ဘာမွ ရွာမေတြ႔ ခဲ့ပါဘူး။ ေနာက္ႏွစ္ႏွစ္ အၾကာ ၁၉၃၉ခုႏွစ္မွာ သူမကို ေသဆံုး သြားခဲ့ၿပီလို႔ တရား၀င္ ေၾကညာခဲ့ ပါတယ္။

ေလယာဥ္ ေပ်ာက္ဆံုး သြားတာနဲ႔ ပတ္သက္ၿပီး ေလယာဥ္က ေလာင္စာကုန္ၿပီး ပင္လယ္ထဲ ပ်က္က် ခဲ့တယ္လို႔ ယူဆခဲ့ ၾကပါတယ္။ ေနာက္ပိုင္း မွာေတာ့ ေၿခရာခံ လိုက္ၿပီးတဲ့ ေနာက္မွာ သူတို႔ေလယာဥ္ဟာ လူမေနတဲ့ Nikumaroro Island ကိုဆင္းသက္ခဲ့ တယ္လို႔ ဆိုၾကပါတယ္။ International Group for Historic Aircraft Recovery ရဲ႕အဆိုအရ သူတို႔ႏွစ္ေယာက္က ကၽြန္းေပၚကို အသက္ရွင္လ်က္ ေရာက္သြားခဲ့ၿပီး ရက္သတၱပတ္ ေတာ္ေတာ္ၾကာ ေနခဲ့ၾကတယ္လို႔ ဆိုပါတယ္။ ငါးေတြ၊ လိပ္ေတြ၊ ငွက္ေတြ စားၿပီး မိုးေရကို ေသာက္ၿပီး အသက္ဆက္ ခဲ့ရၿပီး Earhart ကကၽြန္းရဲ႕ အေရွ႕ေတာင္ဘက္က စခန္းခ်တဲ့ ေနရာမွာ ေသဆံုး သြားတယ္လို႔ ဆိုပါတယ္။ လမ္းၿပ Noonan ရဲ႕ကံၾကမၼာ ကိုေတာ့ မသိရ ေသးပါဘူး။ ဒီအယူအဆက အ၀တ္စ၊ ဖန္စနဲ႔ aluminum panel ေတြကို ေလ့လာၿပီး ထင္ေၾကး ေပးထားတာပါ။

၂၀၁၂ခုႏွစ္ ေမလမွာေတာ့ စူးစမ္းရွာေဖြ သူေတြဟာ ခရားအိုး တစ္ခုကို ေတြ႔ရွိခဲ့ၿပီး Earhart ရဲ႕ပစၥည္းလို႔ ယူဆခဲ့ ၾကပါတယ္။ ၁၉၄၀တုန္းက British Colonial Service ကအရာရွိ တစ္ေယာက္က အရိုးစု အပိုင္းတစ္ခုကို မီးပံု၊ တိရစာၦန္ အရိုးေတြ၊ တည္ေနရာ ၿပတဲ့ ေနရာမွာ သံုးတဲ့ sextant box နဲ႔ဖိနပ္ေတြနဲ႔ အတူ ရွာေဖြ ေတြ႔ရွိခဲ့ ပါတယ္။ အဲ့အရာရွိက သူမရဲ႕ ရုပ္အေလာင္းကို ရွာေဖြေတြ႔ခဲ့ၿပီလို႔ မွတ္ယူခဲ့ ေပမယ့္ ဆရာ၀န္က ဒီအရိုးစုက ေယာက်ာၤး ၿဖစ္မယ္လို႔ ယံုၾကည္ ခဲ့ၿပီး အေမရိကန္က အရာရွိေတြကို အသိမေပး ခဲ့ပါဘူး။ ဒီအရိုးေတြက ေနာက္ေတာ့ ေပ်ာက္ဆံုး သြားခဲ့ပါတယ္။ လတ္တေလာ ေလ့လာ ၾကည့္သေလာက္ ကေတာ့ ဒီအရိုးစုက ဥေရာပ ေၿမာက္ပိုင္းက လူၿဖဴ အမ်ိဳးသမီး တစ္ေယာက္ ၿဖစ္ႏိုင္ေခ် ရွိတယ္လို႔ ဆိုပါတယ္။ TIGHAR အဖြဲ႔အစည္း ကေတာ့ ဒီကၽြန္းေပၚမွာ ေလ့လာမႈ ေတြကို ဦးေဆာင္ ၿပဳလုပ္ခဲ့ၿပီး ၁၉၃၀ ေလာက္တုန္းက အေမရိကန္ အမ်ိဳးသမီး တစ္ေယာက္ က်န္ခဲ့တဲ့ ပစၥည္းေတြလို႔ ယူဆရတဲ့ အသံုးအေဆာင္ ေတြကို ရွာေဖြ ေတြ႔ရွိ ခဲ့ပါတယ္။ ေနာက္ႏွစ္ေတြ မွာလည္း စူးစမ္းမႈေတြ ထပ္လုပ္ဖို႔ စီစဥ္ ထားပါတယ္။

တစ္ခ်ိဳ႕ေတြက သူမကို သမၼတ Franklin D Roosevelt ရဲ႕စပိုင္ တစ္ေယာက္ ၿဖစ္တာေၾကာင့္ ဂ်ပန္ေတြက ဖမ္းဆီး သြားတာလို႔ ေကာလဟာလ ေတြထြက္ခဲ့ ပါတယ္။ တခ်ိဳ႕ကေတာ့ သူမက ကၽြန္းေပၚမွာ ေလယာဥ္ ပ်က္က်ၿပီး ေသဆံုး သြားတယ္လို႔ ဆိုၾကပါတယ္။ ဒါေပမယ့္ တိက်တဲ့အေထာက္အထားကိုေတာ့ ယေန႔ထက္တုိင္မေတြ႔ရပါဘူး။


အဖြေရှာမရတဲ့ ပျောက်ဆုံးမှုတစ်ခု (သို့) ကမ္ဘာကျော်အမျိုးသမီး Amelia Earhart ပျောက်ဆုံးမှု (unicode)

Written By Arr Luu(MYMC)

Amelia Earhart က Atlantic သမုဒ္ဓရာကို တစ်ယောက်တည်း ဖြတ်ကူးခဲ့တဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှုး ဖြစ်ပြီး သူမ ဘယ်လို ပျောက်ဆုံး သွားခဲ့သလဲ ဆိုတာကို ခုထိ အဖြေရှာ မရသေး ပါဘူး။

Amelia Earhart ကိုရုပ်ရှင်တွေထဲမှာ ကြားဖူး ကြမှာပါ။ အမေရိကန်က အမျိုးသမီး လေယာဉ်မှုး၊ စာရေးဆရာမနဲ့ အမျိုးသမီး တွေရဲ့ အခွင့်အရေး အတွက် တက်ကြွလှုပ်ရှားသူ တစ်ယောက်ပါ။ Atlantic ကိုတစ်ယောက်တည်း ဖြတ်ကူးခဲ့တဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှုး ဖြစ်ပြီး ၁၉၃၇မှာ ကမ္ဘာကြီးကို ပတ်ပြီး ပျံသန်းဖို့ စီစဉ်ထား ခဲ့ပြီး လမ်းတဝက်မှာ သတင်း အစအန မရတော့ဘဲ ပျောက်ဆုံး သွားတာကို လူတိုင်းက စိတ်ဝင်စား ခဲ့ကြပါတယ်။

Amelia Mary Earhart ကို၁၈၉၇ခုနှစ် ဇူလိုင်လ ၂၄ရက်နေ့မှာ အမေရိကန် နိုင်ငံ၊ Kansas ပြည်နယ်က Atchison မြို့မှာ မွေးဖွားခဲ့ ပါတယ်။ ၁၉၁၇ခုနှစ် ခရစ်စမတ် ကာလမှာ သူမရဲ့ အမရှိတဲ့ Toronto မြို့ကို အလည်သွားရင်းနဲ့ aviation expo တစ်ခုကို သွားလည် ဖြစ်ခဲ့ပြီး သူမအနီးကနေ လေယာဉ်မှုးက လေယာဉ်မောင်း သွားတာကို တွေ့မြင်ခဲ့ ရပြီးကတည်းက လေယာဉ် မောင်းတာဟာ သူမကို ခံစားချက် တစ်ခု ပေးတယ်လို့ နောက်ပိုင်းမှာ ဖွင့်ပြောခဲ့ ပါတယ်။

နောက် ၁၉၂၀ ဒီဇင်ဘာလမှာ California ပြည်နယ်၊ Long Beach က air show တစ်ခုကို သွားခဲ့ပြီး လေယာဉ်စီး ဖြစ်ခဲ့ပါတယ်။ ဒီဆယ်မိနစ် လောက်ပဲ ကြာတဲ့ ခရီးတိုလေး တစ်ခုက သူမရဲ့ ဘဝကို ပြောင်းလဲ ပစ်ခဲ့ပါတယ်။ အဲ့အချိန်တုန်းက မြေပြင်နဲ့ ပေ၂၀၀-၃၀၀လောက် အကွာအဝေးမှာပဲ ရှိပေမယ့် သူမပျံသန်းရတာ ကြိုက်တယ် ဆိုတာ သိနေခဲ့ ပါတယ်လို့ ဆိုပါတယ်။ လေယာဉ်မောင်း သင်တန်း တက်ခဲ့ပြီး နောက်ခြောက်လ အကြာမှာ သူမရဲ့ ပထမဆုံး Canary လို့နာမည် ပေးထားတဲ့ အဝါရောင် တောက်တောက် အသုံးပြု ပြီးသား လေယာဉ် တစ်စင်းကို ဝယ်ယူ ခဲ့ပါတယ်။ ၁၉၂၂ အောက်တိုဘာမှာ အမျိုးသမီး လေယာဉ်မှုး တွေထဲမှာ ပေ၁၄၀၀၀ အမြင့် ပျံသန်းခဲ့ပြီး ကမ္ဘာ့ altitude record တစ်ခုကို တင်နိုင်ခဲ့ ပါတယ်။ ၁၉၄၂မှာတော့ သူမရဲ့ မိဘတွေ ကွာရှင်းခဲ့ပြီးနောက် ငွေကြေး အခက်အခဲ တွေကြောင့် Canary ကိုရောင်းခဲ့ရပြီး Boston မှာအလုပ် သွားလုပ် နေခဲ့ ရပါတယ်။

၁၉၂၈ ဧပြီလမှာတော့ သူမဆီကို မမျှော်လင့်တဲ့ ဖုန်းတစ်ခု ဝင်လာပါတယ်။ အတ္တလတိတ်ကို ဖြတ်ကျော်တဲ့ ပထမဆုံး အမျိုးသမီး ဖြစ်ချင်သလား ဆိုပြီး မေးတဲ့အခါ သူမက ချက်ချင်းပဲ ခေါင်းညိမ့် ခဲ့ပါတယ်။ သူမကို co-pilot အဖြစ်သာ စာရင်း ထည့်ထားခဲ့ပြီး သူမ မရင်းနှီးတဲ့ လေယာဉ် အမျိုးအစား ဖြစ်တာကြောင့် မောင်းနှင် ကွပ်ကဲခွင့်တော့ မရခဲ့ ပါဘူး။ ဒါပေမယ့် သူမကတော့ လေကြောင်းနဲ့ ပတ်သက်တဲ့ ကျော်ကြားသူ တစ်ယောက်တော့ ဖြစ်လာခဲ့ ပြီးတော့ သူမကို “Lady Lindy” လို့မီဒီယာ တွေက နာမည်ပေး ခဲ့ပါတယ်။ သူမရဲ့ ခရီးသည် တစ်ဦးအဖြစ်သာ လိုက်ပါခွင့် ရခဲ့တဲ့ ခရီးစဉ် အပြီး ဩဂုတ်လမှာ သူမတစ်ဦးတည်း Atlantic ကိုဖြတ်ကျော်ပြီး သမိုင်းတွင်မယ့် ခရီးတစ်ခုကို အောင်မြင်စွာ ပြီးဆုံးခဲ့ ပါတယ်။

Charles Lindbergh အကြောင်းတွေ အများကြီး ရေးခဲ့တဲ့ George P. Putnam ကသူမရဲ့ အတွေ့အကြုံ တွေကို စာ ရေးခဲ့ပြီး သူ့ရဲ့ ရောင်းအား အကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်။ Earhart နဲ့ Putnam တို့နှစ်ယောက်က ပွဲတွေ အမျိုးမျိုးမှာ အတူတူ နီးနီးကပ်ကပ် အလုပ်လုပ် ခဲ့ပြီးနောက် ၁၉၃၁မှာ Putnam အိမ်ထောင်ရေး ပြိုကွဲသွား တဲ့အခါ သူတို့နှစ်ယောက် လက်ထပ်လိုက် ကြပါတယ်။ Earhart ရဲ့အမှတ် ပုံရိပ်တွေကို အမျိုးသမီး ဖက်ရှင်၊ မဂ္ဂဇင်းနဲ့ airline management စတဲ့နေရာ တော်တော်များများမှာ တွေ့လာရ ပေမယ့် သူမရဲ့ တကယ့် စိတ်ဆန္ဓ ဖြစ်တဲ့ ပျံသန်းဖို့ကို အမြဲ တောင့်တ နေတာပါ။ နောက်ထပ် ကမ္ဘာ့မှတ်တမ်း အမြင့်တစ်ခုကို ပေ၁၈၄၁၅ နဲ့ထပ်တင်ခဲ့ ပြီးနောက် အမျိုးသမီး လေယာဉ်မှုး အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Ninety-Nines ရဲ့ခေါင်းဆောင် တစ်ယောက် ဖြစ်လာပါတယ်။

Earhart နဲ့ Putnam တို့က အတ္တလတိတ်ကို တစ်ဦးတည်း ထပ်ဖြတ်ဖို့ လျို့ဝှက် ကြံစည်ခဲ့ ကြပါတယ်။ ဒီတစ်ခါမှာတော့ အတ္တလတိတ်ကို မောင်းနှင် ဖြတ်ကျော်တဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှုးနဲ့ ဒုတိယမြောက် တစ်ဦးတည်း ဖြတ်ကျော်တဲ့သူ ဖြစ်လာမှာပါ။ ပထမဆုံး တစ်ဦးတည်း ဖြတ်ကျော်ခဲ့တဲ့ သူက Charles Lindbergh ဖြစ်ပြီး Putnam ကသူ့အကြောင်း စာရေးခဲ့ ဖူးပါတယ်။ Lindbergh ဖြတ်ခဲ့ပြီး နောက်ငါးနှစ် အကြာ ၁၉၃၂၊ မေလ ၂ဝရက်မှာတော့ Newfoundland၊ Harbor Grace ကနေ Paris ကိုဦးတည် ပျံသန်းပြီး သူမရဲ့ ခရီးစဉ် စခဲ့ပါတယ်။ ဒါပေမယ့် ရာသီဥတု အခြေအနေ မကောင်းဘဲ တိမ်ထူပြီး လေယာဉ် တောင်ပံက ရေခဲတွေကြောင့် ဒုက္ခများခဲ့ ရပါတယ်။ သူမကိုယ်တိုင် ကလည်း Paris ကိုမရောက်နိုင်ဘူး ဆိုတာ သိနေခဲ့ပြီး Ireland၊ Londonderry မှာဆင်းသက် ခဲ့ရပါတယ်။

ဒီ၁၅နာရီပဲ ကြာတဲ့ ခရီးစဉ် တိုလေးအတွက် သူမကို ဂုဏ်ပြုခဲ့ ကြပြီး နိုင်ငံတကာက လေးစားရတဲ့ သူရဲကောင်း တစ်ဦး ဖြစ်လာပါတယ်။ ၁၉၃၀ ကနေ ၁၉၃၅အတွင်းမှာ သူမက အရှိန်နဲ့ အကွာအဝေး တွေနဲ့ ပတ်သက်တဲ့ မှတ်တမ်း ခုနှစ်ခု ထပ်တင်ခဲ့ ပါတယ်။ သူမရဲ့ အသက်လေးဆယ်ပြည့် မွေးနေ့ မတိုင်ခင် သူမက နောက်ထပ် ပျံသန်းမှု တစ်ခု ထပ်လုပ်ချင်တဲ့ ခံစားချက် ရှိတယ်လို့ ပြောခဲ့ပြီး ကမ္ဘာကို ပတ်ပြီး ပျံသန်းတဲ့ ခရီးတစ်ခု ဖြစ်လာဖို့ မျှော်လင့်ခဲ့ပြီး ဒါကို လုပ်နိုင်တဲ့ ပထမဆုံး အမျိုးသမီး တစ်ယောက် ဖြစ်ချင်ခဲ့ ပါတယ်။

၁၉၃၇ခုနှစ် ဇွန်၁ရက်နေ့မှာ သူမနဲ့ လမ်းပြ Fred Noonan တို့က မိုင်၂၉၀၀ဝရှိတဲ့ ခရီးကို စတင်ဖို့ Miami ကနေ အရှေ့ဘက်ကို ဦးတည် ထွက်ခွာခဲ့ ကြပါတယ်။ ခရီးစတင်ပြီး ၂၉ရက် အကြာမှာ New Guinea၊ Lae မှာဆင်းသက် ရပ်နားခဲ့ပြီး Pacific ကိုဖြတ်ဖို့ မိုင်၇၀၀၀ ကျန်သေး ပါတယ်။ Lae ကနေ မိုင်ပေါင်း ၂၅၅၆ ဖြတ်ကျော် အပြီးမှာ Hawaii နဲ့ Australia အကြားက Howland Island မှာတထောက်နားဖို့ အကြောင်းဖန် လာပါတယ်။ Howland Island က၁.၅မိုင်လောက် ရှည်ပြီး တစ်မိုင်လောက်ပဲ ကျယ်တဲ့ ကျွန်းသေးသေးလေး ဆိုတော့ ဆင်းသက်ရတာ တော်တော် ခက်တဲ့ နေရာတစ်ခုပါ။ ဒီပျံသန်းတဲ့ နေရာမှာ U.S. Coast Guard သဘောၤ Itasca နဲ့အဆက်အသွယ် ယူထားတာ အပါအဝင် အထူးပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ ရပါတယ်။

မနက် ၁ဝနာရီ လောက်မှာ Earhart and Noonan တို့က Lae ကနေ ထွက်လာခဲ့ပြီး ကတည်းက တိမ်ထူပြီး မိုးရွာ နေတာကြောင့် ပြဿနာတွေ အများကြီး ကြုံခဲ့ ရပါတယ်။ တချို့ကတော့ သူတို့ လေယာဉ်က ရေဒီယို အင်တင်နာက ပျက်သွားခဲ့တာလို့ ဆိုကြပြီး တချို့ကတော့ သူတို့ မြေပုံက မတိကျ၊ မမှန်ဘူးလို့ ဆိုကြပါတယ်။ Howland Island နားရောက်လာတော့ သူတို့ကို ကောင်းကောင်း ဆက်သွယ်လို့ မရခဲ့ ပါဘူး။ နောက်ဆုံး အဆက်အသွယ် ရခဲ့တာက မနက် ၈း၄၃ အချိန်လောက်မှာ ဖြစ်ပြီး တောင်နဲ့မြောက်ကို ပျံသန်း နေတယ်လို့ ပြောခဲ့ပါတယ်။ Itasca သဘောၤက ကယ်ဆယ်ရေး လုပ်ငန်းတွေ ချက်ချင်း စခဲ့ပြီး ရက်သတ္တပေါင်း များစွာ ရှာဖွေခဲ့ ပေမယ့် ဘာမှ ရှာမတွေ့ ခဲ့ပါဘူး။ နောက်နှစ်နှစ် အကြာ ၁၉၃၉ခုနှစ်မှာ သူမကို သေဆုံး သွားခဲ့ပြီလို့ တရားဝင် ကြေညာခဲ့ ပါတယ်။

လေယာဉ် ပျောက်ဆုံး သွားတာနဲ့ ပတ်သက်ပြီး လေယာဉ်က လောင်စာကုန်ပြီး ပင်လယ်ထဲ ပျက်ကျ ခဲ့တယ်လို့ ယူဆခဲ့ ကြပါတယ်။ နောက်ပိုင်း မှာတော့ ခြေရာခံ လိုက်ပြီးတဲ့ နောက်မှာ သူတို့လေယာဉ်ဟာ လူမနေတဲ့ Nikumaroro Island ကိုဆင်းသက်ခဲ့ တယ်လို့ ဆိုကြပါတယ်။ International Group for Historic Aircraft Recovery ရဲ့အဆိုအရ သူတို့နှစ်ယောက်က ကျွန်းပေါ်ကို အသက်ရှင်လျက် ရောက်သွားခဲ့ပြီး ရက်သတ္တပတ် တော်တော်ကြာ နေခဲ့ကြတယ်လို့ ဆိုပါတယ်။ ငါးတွေ၊ လိပ်တွေ၊ ငှက်တွေ စားပြီး မိုးရေကို သောက်ပြီး အသက်ဆက် ခဲ့ရပြီး Earhart ကကျွန်းရဲ့ အရှေ့တောင်ဘက်က စခန်းချတဲ့ နေရာမှာ သေဆုံး သွားတယ်လို့ ဆိုပါတယ်။ လမ်းပြ Noonan ရဲ့ကံကြမ္မာ ကိုတော့ မသိရ သေးပါဘူး။ ဒီအယူအဆက အဝတ်စ၊ ဖန်စနဲ့ aluminum panel တွေကို လေ့လာပြီး ထင်ကြေး ပေးထားတာပါ။

၂၀၁၂ခုနှစ် မေလမှာတော့ စူးစမ်းရှာဖွေ သူတွေဟာ ခရားအိုး တစ်ခုကို တွေ့ရှိခဲ့ပြီး Earhart ရဲ့ပစ္စည်းလို့ ယူဆခဲ့ ကြပါတယ်။ ၁၉၄ဝတုန်းက British Colonial Service ကအရာရှိ တစ်ယောက်က အရိုးစု အပိုင်းတစ်ခုကို မီးပုံ၊ တိရစ္ဆာန် အရိုးတွေ၊ တည်နေရာ ပြတဲ့ နေရာမှာ သုံးတဲ့ sextant box နဲ့ဖိနပ်တွေနဲ့ အတူ ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။ အဲ့အရာရှိက သူမရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ခဲ့ပြီလို့ မှတ်ယူခဲ့ ပေမယ့် ဆရာဝန်က ဒီအရိုးစုက ယောကျာၤး ဖြစ်မယ်လို့ ယုံကြည် ခဲ့ပြီး အမေရိကန်က အရာရှိတွေကို အသိမပေး ခဲ့ပါဘူး။ ဒီအရိုးတွေက နောက်တော့ ပျောက်ဆုံး သွားခဲ့ပါတယ်။ လတ်တလော လေ့လာ ကြည့်သလောက် ကတော့ ဒီအရိုးစုက ဥရောပ မြောက်ပိုင်းက လူဖြူ အမျိုးသမီး တစ်ယောက် ဖြစ်နိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။ TIGHAR အဖွဲ့အစည်း ကတော့ ဒီကျွန်းပေါ်မှာ လေ့လာမှု တွေကို ဦးဆောင် ပြုလုပ်ခဲ့ပြီး ၁၉၃၀ လောက်တုန်းက အမေရိကန် အမျိုးသမီး တစ်ယောက် ကျန်ခဲ့တဲ့ ပစ္စည်းတွေလို့ ယူဆရတဲ့ အသုံးအဆောင် တွေကို ရှာဖွေ တွေ့ရှိ ခဲ့ပါတယ်။ နောက်နှစ်တွေ မှာလည်း စူးစမ်းမှုတွေ ထပ်လုပ်ဖို့ စီစဉ် ထားပါတယ်။

စ်ချို့တွေက သူမကို သမ္မတ Franklin D Roosevelt ရဲ့စပိုင် တစ်ယောက် ဖြစ်တာကြောင့် ဂျပန်တွေက ဖမ်းဆီး သွားတာလို့ ကောလဟာလ တွေထွက်ခဲ့ ပါတယ်။ တချို့ကတော့ သူမက ကျွန်းပေါ်မှာ လေယာဉ် ပျက်ကျပြီး သေဆုံး သွားတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် တိကျတဲ့အထောက်အထားကိုတော့ ယနေ့ထက်တိုင်မတွေ့ရပါဘူး။

Leave a Reply