ေရတံခြန္ေတြရဲ႕ ဘုရင္ (သုိ႔) ဥေရာပရဲ႕ အားအျပင္းဆုံးေရတံခြန္ Dettifoss

Posted on


Dettifoss ေရတံခြန္ဟာ အုိက္စလန္ႏုိင္ငံရဲ႕ အေရွ႕ေျမာက္ဘက္က Vatnajökull အမ်ဳိးသားဥယ်ာဥ္နယ္ေျမထဲမွာ တည္ရွိၿပီး ဥေရာပရဲ႕ေရစီးအားအျပင္းဆုံးေရတံခြန္အျဖစ္ နာမည္ေက်ာ္ပါတယ္။  Dettifoss ရဲ႕အဓိပၸါယ္က ပူေပါင္းထေနေသာ လုိ႔အဓိပၸါယ္ရၿပီး ဒီေရတံခြန္ကုိ ဥေရာပရဲ႕ ႏုိင္ဂါရာေရတံခြန္လုိ႔လည္းေခၚၾကပါေသးတယ္။ ပ်မ္းမွ်အားျဖင့္ တစ္စကၠန္႔ကုိ ၁၉၃ကုဗမီတာ ေရစီးအားရွိၿပီး ရာသီဥတုျပင္းထန္တဲ့အခါ နဲ႔ မီးေတာင္ေပါက္ကြဲမႈေတြရွိတဲ့ အခါေတြမွာေတာ့ ၅၀၀ ကုဗမီတာခန္႔အထိ ရွိတတ္ပါတယ္။ ဒီလုိအခါမ်ဳိးမွာ ေရတံခြန္၀န္းက်င္က ေက်ာက္ေဆာင္ေတြဟာ ျပင္းထန္စြာတုန္ခါေနေလ့ရွိပါတယ္။

ဒီေရတံခြန္ဟာ Vatnajökull ေရခဲေတာင္ကေန စီးဆင္းေနတဲ့ Jökulsá á Fjöllum ျမစ္မွာတည္ရွိတာျဖစ္ၿပီး အက်ယ္အားျဖင့္ မီတာ ၁၀၀ အနက္အားျဖင့္ ၄၅မီတာ ရွိပါတယ္။ ေရတံခြန္က ေရေတြဟာ Jökulsárgljúfur ေခ်ာက္ထဲကို အဆက္မျပတ္စီးဆင္းေနပါတယ္။ ဒီေရတံခြန္မွာ ဒုတိယေရတံခြန္ႏွစ္ခုရွိေနပါေသးတယ္။ ဒီေရတံခြန္ေတြကေတာ့ ေတာင္ဘက္ကီလုိမီတာ အနည္းငယ္မွာရွိေနတဲ့ Selfoss ေရတံခြန္ နဲ႔ ေျမာက္ဘက္ ကီလုိမီတာ အနည္းငယ္မွာရွိေနတဲ့ Hafragilsfoss ေရတံခြန္ေတြျဖစ္ပါတယ္။

ေရတံခြန္က စီးက်ေနတဲ့ေရအေရာင္ဟာ ပုံမွန္ အုိင္စလန္ျမစ္ေတြကေရအေရာင္နဲ႔ မတူပဲ ညဳိညစ္ညစ္ျဖစ္ေနတာကိုေတြ႔ရမွာပါ။
ကမာၻလွည့္ခရီးသြားေတြဟာ ဒီေရတံခြန္ရဲ႕ မ်က္ႏွာျခင္းဆုိင္ကမ္းပါးေပၚကေန ေရတံခြန္ကိုၾကည့္ရင္း ဆူညံေနတဲ့ေရစီးက်သံေတြကုိ နားေထာင္ရတဲ့ အရသာကုိ အလြန္ႏွစ္သက္ၾကပါတယ္။

VIDEO


ရေတံခွန်တွေရဲ့ ဘုရင် (သို့) ဥရောပရဲ့ အားအပြင်းဆုံးရေတံခွန် Dettifoss

Dettifoss ရေတံခွန်ဟာ အိုက်စလန်နိုင်ငံရဲ့ အရှေ့မြောက်ဘက်က Vatnajökull အမျိုးသားဥယျာဉ်နယ်မြေထဲမှာ တည်ရှိပြီး ဥရောပရဲ့ရေစီးအားအပြင်းဆုံးရေတံခွန်အဖြစ် နာမည်ကျော်ပါတယ်။  Dettifoss ရဲ့အဓိပ္ပါယ်က ပူပေါင်းထနေသော လို့အဓိပ္ပါယ်ရပြီး ဒီရေတံခွန်ကို ဥရောပရဲ့ နိုင်ဂါရာရေတံခွန်လို့လည်းခေါ်ကြပါသေးတယ်။ ပျမ်းမျှအားဖြင့် တစ်စက္ကန့်ကို ၁၉၃ကုဗမီတာ ရေစီးအားရှိပြီး ရာသီဥတုပြင်းထန်တဲ့အခါ နဲ့ မီးတောင်ပေါက်ကွဲမှုတွေရှိတဲ့ အခါတွေမှာတော့ ၅၀၀ ကုဗမီတာခန့်အထိ ရှိတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ ရေတံခွန်ဝန်းကျင်က ကျောက်ဆောင်တွေဟာ ပြင်းထန်စွာတုန်ခါနေလေ့ရှိပါတယ်။

ဒီရေတံခွန်ဟာ Vatnajökull ရေခဲတောင်ကနေ စီးဆင်းနေတဲ့ Jökulsá á Fjöllum မြစ်မှာတည်ရှိတာဖြစ်ပြီး အကျယ်အားဖြင့် မီတာ ၁၀၀ အနက်အားဖြင့် ၄၅မီတာ ရှိပါတယ်။ ရေတံခွန်က ရေတွေဟာ Jökulsárgljúfur ချောက်ထဲကို အဆက်မပြတ်စီးဆင်းနေပါတယ်။ ဒီရေတံခွန်မှာ ဒုတိယရေတံခွန်နှစ်ခုရှိနေပါသေးတယ်။ ဒီရေတံခွန်တွေကတော့ တောင်ဘက်ကီလိုမီတာ အနည်းငယ်မှာရှိနေတဲ့ Selfoss ရေတံခွန် နဲ့ မြောက်ဘက် ကီလိုမီတာ အနည်းငယ်မှာရှိနေတဲ့ Hafragilsfoss ရေတံခွန်တွေဖြစ်ပါတယ်။

ရေတံခွန်က စီးကျနေတဲ့ရေအရောင်ဟာ ပုံမှန် အိုင်စလန်မြစ်တွေကရေအရောင်နဲ့ မတူပဲ ညိုညစ်ညစ်ဖြစ်နေတာကိုတွေ့ရမှာပါ။
ကမ္ဘာလှည့်ခရီးသွားတွေဟာ ဒီရေတံခွန်ရဲ့ မျက်နှာခြင်းဆိုင်ကမ်းပါးပေါ်ကနေ ရေတံခွန်ကိုကြည့်ရင်း ဆူညံနေတဲ့ရေစီးကျသံတွေကို နားထောင်ရတဲ့ အရသာကို အလွန်နှစ်သက်ကြပါတယ်။

Leave a Reply