ပိုင္ရွင္ေတြရဲ႕စြန္႔ပစ္ျခင္းကို ခံခဲ့ရတဲ့ သနားစရာေခြးကေလး

Posted on


ပိုင္ရွင္ေတြက စြန္႔ပစ္သြားတဲ့ ဒီေခြးကေလးကုိ ၿပီးခဲ့တဲ့အပတ္က အဂၤလန္ ေရာ့ရႈိင္းနားျပည္နယ္ Doncaster ၿမဳိ႕က လႈိဏ္ေခါင္းတစ္ခုထဲမွာ ေတြ႔ခဲ့တာျဖစ္ပါတယ္။ ေတြ႔ခဲ့သူကေတာ့ ေဒသခံတစ္ဦးျဖစ္ၿပီး အဲဒီေနရာကို သူျဖတ္သြားတဲ့အခ်ိန္မွာ အရုိးေပၚအေရတင္ကာ ေခြေခြေလးလဲေနတဲ့ ဒီေခြးေလးကုိေတြ႔ခဲ့ရတာပါ။ ေတြ႔ေတြ႔ခ်င္းမွာပဲ ေဒသခံဟာ တိရစာၦန္ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႔ RSPCA ကုိ ဆက္သြယ္ခဲ့ပါတယ္။

ေဒသခံရဲ႕ သတင္းေပးမႈေၾကာင့္ RSPCA ၀န္ထမ္းတစ္ေယာက္ျဖစ္တဲ့ Jennie Ronksley ဟာ ေခြးကေလးကုိ ျပဳစုေစာင့္ေရွက္ရန္အတြက္ လာေရာက္ေခၚယူခဲ့ပါတယ္။ သူက-
အရမ္းသနားဖို႔ေကာင္းလုိက္တာဗ်ာ။ သူ႔ၾကည့္ရတာ အရမ္းခ်မ္းေနပုံရပါတယ္။ ၿပီးေတာ့ ပိန္ေနတာကလည္း ခင္ဗ်ားျမင္တဲ့အတုိင္းပဲ အရုိးေတြက အေရျပားကုိေပါက္ထြက္မတတ္ပါပဲ။ ဒီေလာက္အဟာရခ်ဳိ႕တဲ့ေနတာေတာင္ အသက္ရွင္ေနေသးတာ အံၾသဖို႔ေကာင္းပါတယ္။ ကြ်န္ေတာ္တုိ႔သာ ရက္နည္းနည္းေနာက္က်ၿပီးမွေတြ႔ရင္ သူေသေနေလာက္ပါၿပီ” လုိ႔ ဆုိပါတယ္။ ေလာေလာဆယ္မွာ ေခြးကေလးရဲ႕နာမည္ကို Ollie လုိ႔ေပးထားၿပီး သူ႔ရဲ႕အသက္ဟာ ၃ႏွစ္၀န္းက်င္လုိ႔ခန္႔မွန္းရပါတယ္။ အရုိးသာသာ က်န္ေတာ့တဲ့ သူ႔ရဲ႕အေလးခ်ိန္ဟာ ပုံမွန္ေခြးတစ္ေကာင္ရဲ႕ တစ္၀က္မွ်သာရွိပါေတာ့တယ္။

ကယ္ဆယ္ေရးအဖြဲ႔၀င္ဟာ ေခြးကေလးကို တိရစာၦန္ေဆးကုခန္းဆီယူသြားခဲ့ပါတယ္။ ေအာက္ကုိခ်ခ်လုိက္ခ်င္းမွာပဲ ေခြးကေလးဟာ လွဲမေနပဲ ေခြးစာေတြထားရာ ေနရာကုိ အတင္းေလွ်ာက္သြားခဲ့ပါတယ္။ သူ႔ၾကည့္ရတာ အလြန္အမင္းဆာေလာင္ေနတဲ့ပုံလုိ႔ ၀န္ထမ္းကဆုိပါတယ္။ အဖြဲ႔က ေခြးကေလးကုိ စစ္ေဆးၾကည့္တဲ့အခါမွာေတာ့ ေရာဂါအေထြအထူး မေတြ႔ပဲ အဟာရခ်ဳိ႕တဲ့ေနတာတစ္ခုပဲေတြပါတယ္။ သင့္ေတာ္တဲ့ေဆး၀ါးအဟာရေတြနဲ႔ ကုသေပးခဲ့ၿပီး တစ္ပတ္အၾကာမွာေတာ့ ေခြးကေလးရဲ႕အေလးခ်ိန္ဟာ ၅ေပါင္ျပန္တက္လာၿပီး မၾကာခင္မွာ က်န္းမာလာေတာ့မယ္လုိ႔ သိရပါတယ္။


ပိုင်ရှင်တွေရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ သနားစရာခွေးကလေး (unicode)

ပိုင်ရှင်တွေက စွန့်ပစ်သွားတဲ့ ဒီခွေးကလေးကို ပြီးခဲ့တဲ့အပတ်က အင်္ဂလန် ရော့ရှိုင်းနားပြည်နယ် Doncaster မြို့က လှိုဏ်ခေါင်းတစ်ခုထဲမှာ တွေ့ခဲ့တာဖြစ်ပါတယ်။ တွေ့ခဲ့သူကတော့ ဒေသခံတစ်ဦးဖြစ်ပြီး အဲဒီနေရာကို သူဖြတ်သွားတဲ့အချိန်မှာ အရိုးပေါ်အရေတင်ကာ ခွေခွေလေးလဲနေတဲ့ ဒီခွေးလေးကိုတွေ့ခဲ့ရတာပါ။ တွေ့တွေ့ချင်းမှာပဲ ဒေသခံဟာ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ RSPCA ကို ဆက်သွယ်ခဲ့ပါတယ်။

ဒေသခံရဲ့ သတင်းပေးမှုကြောင့် RSPCA ဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ Jennie Ronksley ဟာ ခွေးကလေးကို ပြုစုစောင့်ရှေက်ရန်အတွက် လာရောက်ခေါ်ယူခဲ့ပါတယ်။ သူက-
“အရမ်းသနားဖို့ကောင်းလိုက်တာဗျာ။ သူ့ကြည့်ရတာ အရမ်းချမ်းနေပုံရပါတယ်။ ပြီးတော့ ပိန်နေတာကလည်း ခင်ဗျားမြင်တဲ့အတိုင်းပဲ အရိုးတွေက အရေပြားကိုပေါက်ထွက်မတတ်ပါပဲ။ ဒီလောက်အဟာရချို့တဲ့နေတာတောင် အသက်ရှင်နေသေးတာ အံဩဖို့ကောင်းပါတယ်။ ကျွန်တော်တို့သာ ရက်နည်းနည်းနောက်ကျပြီးမှတွေ့ရင် သူသေနေလောက်ပါပြီ” လို့ ဆိုပါတယ်။ လောလောဆယ်မှာ ခွေးကလေးရဲ့နာမည်ကို Ollie လို့ပေးထားပြီး သူ့ရဲ့အသက်ဟာ ၃နှစ်ဝန်းကျင်လို့ခန့်မှန်းရပါတယ်။ အရိုးသာသာ ကျန်တော့တဲ့ သူ့ရဲ့အလေးချိန်ဟာ ပုံမှန်ခွေးတစ်ကောင်ရဲ့ တစ်ဝက်မျှသာရှိပါတော့တယ်။

ကယ်ဆယ်ရေးအဖွဲ့ဝင်ဟာ ခွေးကလေးကို တိရစ္ဆာန်ဆေးကုခန်းဆီယူသွားခဲ့ပါတယ်။ အောက်ကိုချချလိုက်ချင်းမှာပဲ ခွေးကလေးဟာ လှဲမနေပဲ ခွေးစာတွေထားရာ နေရာကို အတင်းလျှောက်သွားခဲ့ပါတယ်။ သူ့ကြည့်ရတာ အလွန်အမင်းဆာလောင်နေတဲ့ပုံလို့ ဝန်ထမ်းကဆိုပါတယ်။ အဖွဲ့က ခွေးကလေးကို စစ်ဆေးကြည့်တဲ့အခါမှာတော့ ရောဂါအထွေအထူး မတွေ့ပဲ အဟာရချို့တဲ့နေတာတစ်ခုပဲတွေပါတယ်။ သင့်တော်တဲ့ဆေးဝါးအဟာရတွေနဲ့ ကုသပေးခဲ့ပြီး တစ်ပတ်အကြာမှာတော့ ခွေးကလေးရဲ့အလေးချိန်ဟာ ၅ပေါင်ပြန်တက်လာပြီး မကြာခင်မှာ ကျန်းမာလာတော့မယ်လို့ သိရပါတယ်။

Leave a Reply