၁ ပုလင္းကို ေဒၚလာ၃ေသာင္းတန္တဲ့ ကမာၻ႔ေစ်းအႀကီးဆုံး၀ုိင္

Posted on

အေကာင္းတကာ့ အေကာင္းဆုံး၀ုိင္ေတြဟာ တစ္ပုလင္းကုိ ေဒၚလာ ေထာင္ဂဏန္း၀န္းက်င္မွာသာ ရွိေနေပမယ့္ ဒီ၀ုိင္က ဘာလုိ႔ဒီေလာက္ေစ်းႀကီးေနရပါသလဲ..။

အေၾကာင္းကေတာ့ ၀ုိင္ထုတ္လုပ္တဲ့ စပ်စ္ပင္ေတြရဲ႕သက္တမ္းေၾကာင့္ျဖစ္ပါတယ္။ AurumRed Gold ဆုိတဲ့ဒီ၀ုိင္အရက္ကုိ ႏွစ္ ၁၀၀ သက္တမ္းရွိတဲ့ Tempranillo စပ်စ္ပင္(စပ်စ္နက္) ေတြက ထုတ္လုပ္ထားတဲ့အျပင္ ကင္ဆာနဲ႔အျခားေရာဂါအမ်ဳိးမ်ဳိးကိုသက္သာေစႏုိင္တဲ့ အာနိသင္ေတြပါရွိေနတာေၾကာင့္လုိ႔ ဆုိပါတယ္။

ဒီ၀ုိင္ျဖစ္ေပၚလာပုံရဲ႕အစကေတာ့ စပိန္ႏုိင္ငံ La Mancha ၿမဳိ႕က Hilario Garcia ဆုိသူ စပ်စ္ၿခံပိုင္ရွင္ျဖစ္ပါတယ္။ သူဟာ ေအာက္ပုိင္းေသေရာဂါကုိ ခံစားခဲ့ရသူျဖစ္ၿပီး စပ်စ္ကုိ၀ုိင္လုပ္ၿပီး ပုံမွန္ေသာက္ခဲ့ရာကေန ျပန္လည္က်န္းမာလာခဲ့တာျဖစ္ပါတယ္။ ဒီနည္းလမ္းနဲ႔ကုသတာကုိ ozone ကုသနည္းလုိ႔ေခၚပါတယ္။

ozone ကုသနည္းဟာ သန္႔စင္တဲ့ေအာက္ဆီဂ်င္ေတြကုိ ခႏၶာကိုယ္အတြင္းမွာတုိးလာေစၿပီး က်န္းမာေစတဲ့နည္းျဖစ္ပါတယ္။ Ozone ဆိုတာ oxygen atom သံုးလံုးေပါင္းထားျခင္းျဖစ္ပါတယ္။ Oxygen အပိုတစ္လံုးက ခႏၶာကိုယ္ ကို ဖ်က္ဆီးေနတဲ့ free radical ေတြကို သြားေရာက္ တားဆီးေပးျခင္းအားျဖင့္ Free radical ပ်က္စီးမႈေတြ ကို ရပ္တန္႔ေစပါတယ္။

ဒီစပ်စ္၀ုိင္ဟာ ozone ကုသနည္းကို အကူအညီေပးခဲ့တာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ Garcia ဟာ စပ်စ္၀ုိင္ကို ထုတ္လုပ္ဖုိ႔အႀကံရခဲ့ၿပီး ေခတ္ေပၚနည္း နဲ႔ ရုိးရာနည္းေတြနဲ႔ စနစ္တက်ေပါင္းစပ္ကာ ထုတ္လုပ္ခဲ့ပါေတာ့တယ္။

၂၀၀၉ ခုႏွစ္ေလာက္က ထုတ္လုပ္ခဲ့တာျဖစ္ၿပီး ထုတ္လုပ္စဥ္က ၀ုိင္တစ္ပုလင္းရဲ႕တန္ဖုိးဟာ ေဒၚလာ ၄၀၀၀ သာျဖစ္ေပမယ့္ တစ္ႏွစ္ ႏွစ္ႏွစ္ အတြင္းမွာ ေဒၚလာ ၁၇၀၀၀ အထိျမင့္တက္လာခဲ့ၿပီး အခုဆုိရင္ ေဒၚလာ ၃ေသာင္းအထိရွိခဲ့ၿပီျဖစ္ပါတယ္။

ဒီ၀ုိင္ပုလင္းေတြကုိ ၁ႏွစ္မွာ ပုလင္း ၃၀၀ သာထုတ္လုပ္ၿပီး အဲဒီထဲက ၃၀% ကုိ စပိန္မွာေရာင္းခ်ၿပီး က်န္ ၇၀% ကိုေတာ့ ႏုိင္ငံျခားကို တင္ပို႔ပါတယ္။ စတင္ထုတ္လုပ္ကတည္းက အခုအခ်ိန္အထိ ဒီ၀ုိင္ကုိ မေကာင္းဘူးေျပာတဲ့သူ မရွိေသးဘူးလုိ႔ ထုတ္လုပ္သူ Garcia က ဆုိပါတယ္။

Garcia ဟာ ၀ုိင္ထုတ္လုပ္နည္းကိုေတာ့ ဖြင့္ဟမေျပာခဲ့ပါဘူး။ ဒါေပမယ့္ ဒီ၀ုိင္ဟာ ပုံမွန္၀ုိင္ေတြနဲ႔ မတူပဲ တစ္ခြက္ေသာက္တာနဲ႔ အားအင္ေတြကိုတုိးေစလိမ့္မယ္ဆုိတာကိုေတာ့ အခုိင္အမာဆုိပါတယ္။ အနံ႔အရသာနဲ႔ ျပည့္စုံတဲ့ ဒီ၀ုိင္ရဲ႕ေနာက္ထပ္ေကာင္းက်ဳိးေတြကေတာ့ ခႏၶာကုိယ္ခုခံအားေကာင္းေစတာ ၊ ကုိယ္တြင္းက အဆိပ္အေတာက္ေတြကိုဖယ္ရွားေပးတာ ၊ ႏုပ်ဳိျခင္းကိုထိမ္းေပးတာ စတာေတြျဖစ္တယ္လုိ႔ သိရပါတယ္။

ဒါေပမယ့္ ေကာင္းေပ့ညႊန္းေပ့ဆုိတဲ့ ၀ုိင္တစ္ပုလင္းဟာ ေဒၚလာ ရာဂဏန္း ၊ ေထာင္ဂဏန္း၀န္းက်င္သာ ရွိေနၿပီး AurumRed Gold ၀ုိင္ကေတာ့ ေသာင္းဂဏန္းအထိရွိေနတာေၾကာင့္ သူေဌးေတြကလြဲရင္ ေတာ္ရုံလူေတြကေတာ့ အနားကပ္ရဲမွာမဟုတ္ပါဘူး။

VIDEO


၁ ပုလင်းကို ဒေါ်လာ၃သောင်းတန်တဲ့ ကမ္ဘာ့ဈေးအကြီးဆုံးဝိုင် (unicode)

အကောင်းတကာ့ အကောင်းဆုံးဝိုင်တွေဟာ တစ်ပုလင်းကို ဒေါ်လာ ထောင်ဂဏန်းဝန်းကျင်မှာသာ ရှိနေပေမယ့် ဒီဝိုင်က ဘာလို့ဒီလောက်ဈေးကြီးနေရပါသလဲ..။ အကြောင်းကတော့ ဝိုင်ထုတ်လုပ်တဲ့ စပျစ်ပင်တွေရဲ့သက်တမ်းကြောင့်ဖြစ်ပါတယ်။ AurumRed Gold ဆိုတဲ့ဒီဝိုင်အရက်ကို နှစ် ၁၀၀ သက်တမ်းရှိတဲ့ Tempranillo စပျစ်ပင်(စပျစ်နက်) တွေက ထုတ်လုပ်ထားတဲ့အပြင် ကင်ဆာနဲ့အခြားရောဂါအမျိုးမျိုးကိုသက်သာစေနိုင်တဲ့ အာနိသင်တွေပါရှိနေတာကြောင့်လို့ ဆိုပါတယ်။

ဒီဝိုင်ဖြစ်ပေါ်လာပုံရဲ့အစကတော့ စပိန်နိုင်ငံ La Mancha မြို့က Hilario Garcia ဆိုသူ စပျစ်ခြံပိုင်ရှင်ဖြစ်ပါတယ်။ သူဟာ အောက်ပိုင်းသေရောဂါကို ခံစားခဲ့ရသူဖြစ်ပြီး စပျစ်ကိုဝိုင်လုပ်ပြီး ပုံမှန်သောက်ခဲ့ရာကနေ ပြန်လည်ကျန်းမာလာခဲ့တာဖြစ်ပါတယ်။ ဒီနည်းလမ်းနဲ့ကုသတာကို ozone ကုသနည်းလို့ခေါ်ပါတယ်။ ozone ကုသနည်းဟာ သန့်စင်တဲ့အောက်ဆီဂျင်တွေကို ခန္ဓာကိုယ်အတွင်းမှာတိုးလာစေပြီး ကျန်းမာစေတဲ့နည်းဖြစ်ပါတယ်။ Ozone ဆိုတာ oxygen atom သုံးလုံးပေါင်းထားခြင်းဖြစ်ပါတယ်။ Oxygen အပိုတစ်လုံးက ခန္ဓာကိုယ် ကို ဖျက်ဆီးနေတဲ့ free radical တွေကို သွားရောက် တားဆီးပေးခြင်းအားဖြင့် Free radical ပျက်စီးမှုတွေ ကို ရပ်တန့်စေပါတယ်။ ဒီစပျစ်ဝိုင်ဟာ ozone ကုသနည်းကို အကူအညီပေးခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် Garcia ဟာ စပျစ်ဝိုင်ကို ထုတ်လုပ်ဖို့အကြံရခဲ့ပြီး ခေတ်ပေါ်နည်း နဲ့ ရိုးရာနည်းတွေနဲ့ စနစ်တကျပေါင်းစပ်ကာ ထုတ်လုပ်ခဲ့ပါတော့တယ်။

၂၀၀၉ ခုနှစ်လောက်က ထုတ်လုပ်ခဲ့တာဖြစ်ပြီး ထုတ်လုပ်စဉ်က ဝိုင်တစ်ပုလင်းရဲ့တန်ဖိုးဟာ ဒေါ်လာ ၄၀၀၀ သာဖြစ်ပေမယ့် တစ်နှစ် နှစ်နှစ် အတွင်းမှာ ဒေါ်လာ ၁၇၀၀၀ အထိမြင့်တက်လာခဲ့ပြီး အခုဆိုရင် ဒေါ်လာ ၃သောင်းအထိရှိခဲ့ပြီဖြစ်ပါတယ်။ ဒီဝိုင်ပုလင်းတွေကို ၁နှစ်မှာ ပုလင်း ၃၀၀ သာထုတ်လုပ်ပြီး အဲဒီထဲက ၃၀% ကို စပိန်မှာရောင်းချပြီး ကျန် ၇၀% ကိုတော့ နိုင်ငံခြားကို တင်ပို့ပါတယ်။ စတင်ထုတ်လုပ်ကတည်းက အခုအချိန်အထိ ဒီဝိုင်ကို မကောင်းဘူးပြောတဲ့သူ မရှိသေးဘူးလို့ ထုတ်လုပ်သူ Garcia က ဆိုပါတယ်။

Garcia ဟာ ဝိုင်ထုတ်လုပ်နည်းကိုတော့ ဖွင့်ဟမပြောခဲ့ပါဘူး။ ဒါပေမယ့် ဒီဝိုင်ဟာ ပုံမှန်ဝိုင်တွေနဲ့ မတူပဲ တစ်ခွက်သောက်တာနဲ့ အားအင်တွေကိုတိုးစေလိမ့်မယ်ဆိုတာကိုတော့ အခိုင်အမာဆိုပါတယ်။ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဒီဝိုင်ရဲ့နောက်ထပ်ကောင်းကျိုးတွေကတော့ ခန္ဓာကိုယ်ခုခံအားကောင်းစေတာ ၊ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးတာ ၊ နုပျိုခြင်းကိုထိမ်းပေးတာ စတာတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကောင်းပေ့ညွှန်းပေ့ဆိုတဲ့ ဝိုင်တစ်ပုလင်းဟာ ဒေါ်လာ ရာဂဏန်း ၊ ထောင်ဂဏန်းဝန်းကျင်သာ ရှိနေပြီး AurumRed Gold ဝိုင်ကတော့ သောင်းဂဏန်းအထိရှိနေတာကြောင့် တော်ရုံလူတွေကတော့ အနားကပ်ရဲမှာမဟုတ်ပါဘူး။

Leave a Reply