ျမန္မာ့သမုိင္းထဲက ေသနတ္နဲ႔လုပ္ႀကံျခင္းခံရတဲ့ နာမည္ေက်ာ္ဆရာေတာ္ႀကီး

Posted on

ျမန္မာ့သမုိင္းေခတ္အဆက္ဆက္တြင္ ႏႈတ္ေရးႏႈတ္ရာ တခၤဏုပၸတၱိဥာဏ္ထက္ျမက္ေသာ ပုဂၢဳိလ္ႀကီးမ်ားအထဲတြင္ သဂၤဇာဆရာေတာ္ႀကီးသည္လည္း တစ္ဦးအပါအ၀င္ျဖစ္သည္။ သူေရးသားေျပာဆုိခဲ့ေသာ စကားပုံမ်ားစြာတုိ႔သည္ ယခုေခတ္တုိင္ေအာင္ က်န္ရစ္ေနေသးသည္။ စကားအရာတြင္ တခၤဏုပၸတၱိဉာဏ္ထက္ျမက္ ေတာ္မူေသာ သဂၤဇာဆရာေတာ္ (ျမန္မာ ၁၁၇၇-၁၂၄၈) သည္ ပုဂံမင္း၊ မင္းတုန္းမင္း၊ သီေပါမင္း ဟူေသာ မင္းသုံးဆက္တိုင္တိုင္ ထင္ရွားေတာ္မူခဲ့သည္။ ဆရာေတာ္ကို စစ္ကိုင္းတိုင္း၊ ေျမာင္ၿမိဳ႕နယ္ ေက်းလက္ေပါက္ေခ်ာင္း႐ြာတြင္ ျမန္မာသကၠရာဇ္ ၁၁၇၇-ခုႏွစ္ နယုန္လဆန္း ၁၄ရက္ တနဂၤေႏြေန႔တြင္ဖြားျမင္သည္။ ငယ္မည္ေမာင္ပို ျဖစ္၏။

ေမာင္ပို ၁၃ႏွစ္သားအ႐ြယ္တြင္ ရွင္သာမေဏျပဳသည္။ ဘြဲ႕မွာရွင္အဂၢဓမၼျဖစ္သည္။ ရတနာပူရ အင္းဝၿမိဳ႕၊ သဲအင္းသာသနာပိုင္ ဆရာေတာ္ထံသြားေရာက္ စာေပသင္ယူလ်က္ ၁၁၉၇ ခုႏွစ္တြင္သဲအင္း တိုက္၌ပင္ ထီးလင္းဆရာေတာ္ကို ဥပဇၩာယ္ျပဳ၍ရဟန္းျဖစ္သည္။ သုံးဝါရေသာအခါ ေ႐ႊဘိုၿမိဳ႕အေနာက္ ဘက္သီးလုံးဆရာေတာ္ ရွင္စႏၵိမာထံ သြားေရာက္ စာေပသင္ယူသည္။ ထိုေနာက္စစ္ကိုင္းၿမိဳ႕၊ အင္းဝၿမိဳ႕တို႔သြားေရာက္သီတင္းသုံးသည္။ ဆရာေတာ္အား မင္းတုန္းမင္းက ပင့္ကာသဂၤဇာေခ်ာင္းအနီးတြင္ ေက်ာင္းေဆာက္တင္လႉသျဖင့္ထိုေက်ာင္း၌ သီတင္းသုံးသည္ကို အစြဲျပဳၿပီးလၽွင္ သဂၤဇာဆရာေတာ္ဟုတြင္ေခၚ ေက်ာ္ေစာသည္။ အဂၢဓမၼာလကၤာရ ကဝိဓဇမဟာဓမၼ ရာဇာဓိ ရာဇဂု႐ု ဘြဲ႕တံဆိပ္ေတာ္လည္း ကပ္လႉျခင္းခံရသည္။

၁၂၄ဝ ျပည့္ႏွစ္တြင္ မင္းတုန္းမင္း နတ္႐ြာစံၿပီးေနာက္ ဆရာေတာ္သည္ နန္းတြင္းေရးတြင္ ဝင္မစြက္လိုသျဖင့္ တန္ေဆာင္မုန္းလဆုတ္ ၁၄ရက္ေန႔တြင္ ရန္ကုန္သို႔ စုန္ဆင္းႂကြလာေတာ္မူ၍ ေ႐ႊတိဂုံေစတီေတာ္ႀကီးအေရွ႕ဘက္ ေက်ာင္းေတာ္ရာတိုက္အတြင္း သီတင္သုံးေနေတာ္မူသည္။ ထိုမွတစ္ဆင့္ျမန္မာႏိုင္ငံ ေအာက္ပိုင္းၿမိဳ႕႐ြာအသီးသီးတို႔မွ ပင့္ေဆာင္ခ်က္အရ ႂကြေရာက္ေတာ္မူကာ တရားဓမၼေဟာေျပာေတာ္မူျခင္းျဖင့္ သာသနာျပဳေတာ္မူသည္။ ဆရာေတာ္အား ေမာ္လၿမိဳင္ၿမိဳ႕မွ သိမ္သမုတ္ရန္ကိစၥအတြက္ ပင့္ေဆာင္ၾကသျဖင့္ ေမာ္လၿမိဳင္ၿမိဳ႕သို႔ႂကြေရာက္ကာ က်ိဳက္သံလန္ေစတီေတာ္၏ အေရွ႕ေျမာက္ယြန္းယြန္း ဒီပါ႐ုံေက်ာင္းမွအေနာက္မ်က္ႏွာတာ ၃ဝ ခန္႔ကြာေသာေျမျပန္႔၌ သာသနာ ၅ဝဝဝ ပတ္လုံးမပ်က္ တည္ေစျခင္းငွာ ဓမၼဝိလာသနိအမည္ရွိေသာ သိမ္ႀကီးကို ၾကပ္မေပး ေတာ္မူသည္။

ဆရာေတာ္ႀကဳံခဲ့ရသည့္ အျဖစ္အပ်က္မ်ားစြာတုိ႔အထဲမွ တစ္ခုမွာ ေသနတ္ျဖင့္လုပ္ႀကံခံရျခင္းျဖစ္သည္။ ဒီအေၾကာင္းနဲ႔ပတ္သတ္လုိ႔ ကိုဂ်ိမ္းသူရ ေရးသားထားတာကို ျပန္လည္မွ်ေ၀ခ်င္ပါတယ္။

အဲဒါက ကုန္းေဘာင္ေခတ္ ဟသၤာတျမိဳ႕တရားပြဲမွာ ျဖစ္ပြားခဲ႔တာ။ လုပ္ၾကံျခင္းခံရတဲ႔သူက ဥပမာ စကားအလွနဲ႔ ဟာသေျမာက္ေအာင္ ေဟာႏိုင္ျပီး၊ သတိၱကလည္းမေခတဲ႔ ထိုေခတ္ကာလက နာမည္ေက်ာ္ မေထရ္အေမာ္ သဂၤဇာဆရာေတာ္ … ။

ဆရာေတာ္ကို ေသနတ္နဲ႔ပစ္ လုပ္ၾကံသူက ေမာင္ဖိုးဝ ဆိုသူပါ။ ထိုေခတ္ကာလက ဂိုဏ္းဂဏအကြဲအျပဲ အစြဲျပင္းထန္သူေၾကာင္႔ လုပ္ၾကံတာပါတဲ႔ ။ ေမာင္ဖိုးဝဟာ အေသအခ်ာ ခ်ိန္ျပီးပစ္ေပမယ္႔၊ ဆရာေတာ္ရဲ႕ သူေတာ္ေကာင္းစိတ္ဓာတ္၊ သီလဘုန္းေတာ္ေၾကာင္႔ ထိခိုက္နာက်င္မႈ မျဖစ္ခဲ႔ပါဘူး။ ဒါေပမယ္႔ ပစ္ခတ္တဲ႔ ေမာင္ဖိုးဝကိုေတာ႔ ပရိတ္သတ္ေတြက ဝိုင္းဖမ္းျပီး၊ အေရးပိုင္မင္းရုံးကို စစ္ေဆးဖို႔ ပို႔လိုက္ၾကတာေပါ႔။ ဒါကို ဆရာေတာ္က သိသြားျပီး၊ အေရးပိုင္မင္းရံုးကို လိုက္သြားတယ္။

ဆရာေတာ္ၾကီးက -” အေရးပိုင္မင္း ျမန္မာစကားသင္ဖူးသလား”။
” အနည္းအက်ဥ္းေတာ႔ သင္ဖူးပါတယ္” ဆိုေတာ႔။
“နတ္ျပည္နဲ႔ ျဗဟၼာ႔ဘုံကို ေရးတဲ႔အခါ (ဝ) အကၡရာမ်ား ပါသလား”လို႔ ေမးပါတယ္။
“မပါ ပါ” လို႔ အေရးပိုင္မင္းက ဆိုေတာ႔

“ဒါဆိုရင္အဝီစိလို႔ ေရးရင္ေကာ (ဝ) အကၡရာနဲ႔ မေရးရဘူးလား” တဲ႔။ “ေရးရပါတယ္”လို႔ ေလ်ွာက္တဲ႔အခါဆရာေတာ္ၾကီးက
“အေရးပိုင္မင္း၊ အခုဖမ္းဆီးထားတဲ႔ ေသနတ္သမား ေမာင္ဖိုးဝဟာ လူ႔ဘုံ၊နတ္ဘုံ၊ ျဗဟၼာ႔ဘုံမ်ားနဲ႔ လားလားမွမဆိုင္၊ အဝီစိမွ တ
ပါး အျခားလားရာမျမင္၊ ဒါေၾကာင္႔ သူ႔အမႈကို သူစီရင္ေပလိမ္႔မယ္။သူ႔ကို ဖမ္းဆီးခ်ဳပ္ေႏွာင္ထားေသာပစၥကၡမင္းဒဏ္မွ လႊတ္ေပးေစခ်င္ပါတယ္” တဲ႔ ။

ဆရာေတာ္ၾကီးရဲ႕ ေမတၱာဓာတ္နဲ႔ ကရုဏာအားၾကီးျမတ္မႈေၾကာင္႔ ေမာင္ဖိုးဝ လြတ္ျငိမ္းခ်မ္းသာခြင္႔ ရသြားခဲ႔ပါတယ္။ ဆရာေတာ္က ခြင္႔လႊတ္သည္းခံႏိုင္စြမ္း ျမင္႔မားေပမယ္႔၊ ဒါကာ၊ ဒါကာမ၊တပည့္ သာဝကမ်ားက မေက်နပ္လို႔၊ ” မင္းတို႔ကနာက်ည္းရုံေလာက္ပဲ၊ ငါ႔မွာက တရားလည္းေဟာရေသး နာလည္းနာေသး” ဆိုတဲ႔ တရားေတာ္ကိုပုံပမာနဲ႔ လက္တမ္းေဟာၾကားျပီး မေက်နပ္ၾကတဲ႔တပည့္နဲ႔ သာဝကမ်ားကို ေခြ်းသိပ္ေတာ္မူတယ္။ အံ႔ဖြယ္ သေဘာထားၾကီးျမတ္၊ သူေတာ္ေကာင္း ဓာတ္ လင္းပေတာ္မူတဲ႔ ဆရာေတာ္ၾကီးပါတကား။

ေမာ္လၿမိဳင္တြင္ သိမ္သမုတ္ေပးၿပီးေနာက္ ရန္ကုန္ၿမိဳ႕သို႔ျပန္ႂကြလာကာ ၁၂၄၆ ခုႏွစ္တြင္ အိႏၵိယႏိုင္ငံ၊ ကာလကတၱားၿမိဳ႕သို႔ႂကြေရာက္၍ ေညာင္အုပ္မင္းသား အိမ္ေတာ္၌ တစ္ပတ္သီတင္းသုံးေတာ္မူသည္။ သီဟိုဠ္ကၽြန္းသို႔ သြားရန္ပါ ရည္႐ြယ္ေတာ္မူေသာ္လည္း မေအာင္ျမင္ေခ်။ ၁၂၄၇ ခုႏွစ္နတ္ေတာ္လဆန္း ၅ ရက္ေန႔တြင္ ဆရာေတာ္ဘုရားႀကီးအား ေမာ္လၿမိဳင္ၿမိဳ႕မွ ဒုတိယအႀကိမ္ ပင့္ေဆာင္ျပန္ရာ က်ိဳက္သံလန္ေစတီေတာ္ ေတာင္ဘက္ မန္က်ည္းေတာေက်ာင္းတိုက္၌ ေခတၱတည္းခို ဝါဆိုေတာ္မူသည္။ ၁၂၄၈ ခုႏွစ္ ဝါေခါင္လဆန္း ၁ဝ ရက္နာရီျပန္ ၂ ခ်က္တီး အခ်ိန္တြင္ သဂၤဇာဆရာေတာ္ဘုရားသည္ဝါေတာ္ ၅၂ သက္ေတာ္ ၇၂တြင္ မန္က်ည္းေတာ ေက်ာင္းတိုက္၌ပင္ပ်ံလြန္ေတာ္မူသည္။

သဂၤဇာဆရာေတာ္ႀကီး၏ ေထ႐ုပၸတၱိအေၾကာင္းအရာ ေက်ာက္စာကိုလည္းထိုအခါက ေမာ္လၿမိဳင္ ၿမိဳ႕တြင္ ဖြဲ႕စည္းလ်က္ရွိေသာ သမာေနာဝါဒအသင္းသားတို႔က စရိတ္ေၾကးေငြ စိုက္ထုတ္ကာ ဝဇီရာရာမ ဆရာေတာ္ကိုယ္တိုင္ ၾကပ္မၾကည့္႐ႈေတာ္မူလ်က္ ၁၂၅၁ခုႏွစ္ဝါဆိုလဆန္း ၁၅ ရက္ေန႔၌ က်ိဳက္သံလန္ ေစတီေတာ္၏ တံတိုင္းအတြင္းဝယ္ ေက်ာက္သလင္းကို ထု၍ျပဳစုေရးသားစိုက္ထူထားသည္။

ဆရာေတာ္ဘုရားႀကီးေရးသားျပဳစုခဲ့ေသာ က်မ္းမ်ားမွာ ေအာက္ပါအတိုင္းျဖစ္သည္။
ကာယပစၥေဝကၡဏာ က်မ္း၊
စတုရာရကၡ က်မ္း၊
ဓာတြတၳဒီပက ပါဠိနိသ်၊
ဓမၼပဒပါဠိေတာ္ နိသ်သစ္၊

ဝိမတိဝိေနာဒနီဋီကာ နိသ်၊
ဥပသေကာဝါဒ စာကိုယ္၊
ဥပသေကာဝါဒ ဋီကာ၊
သိဂၤါေလာဝါဒ ဆုံးမစာ၊

ဆရာေတာ္သည္က်မ္းတတ္စာတတ္ျဖစ္႐ုံမက ဉာဏ္လည္း ထက္ျမက္သည္။ စကားအရာလည္းႂကြယ္ဝ ကၽြမ္းက်င္သည္။ ဆရာေတာ္ေဟာေျပာဆုံးမလၽွင္ ဥပမာမ်ား စကားပုံမ်ားျဖင့္သာေဟာ ေျပာေလ့ရွိသည္။ ဆရာေတာ္၏ စကားပုံမ်ားကိုၾကားနာရသည္မွာ ၿပဳံးစရာ႐ႊင္စရာျဖစ္သည္။ ဗဟုသုတတိုးစရာလည္းျဖစ္သည္။

‘ရွင္ေမဓာပုဂၢိဳလ္တုံးတိုႏွင့္ေရကူးသလို’၊ ‘အရက္ျပတ္၍ခြက္ကပ္ႏွင့္မူးသလို’ ၊’သက္ေသခံလက္ငင္းမအပ္ႏိုင္၍ မ်က္စဥ္းခတ္ခံရပုံ’ စေသာစကားပုံမ်ားသည္ သဂၤဇာဆရာေတာ္ ေျပာဆိုမိန္႔ၾကား ခဲ့ေသာစကားပုံမ်ားျဖစ္သည္။ ဆရာေတာ္မိန္႔ၾကားခဲ့သည့္ စကားပုံႏွင့္ပုံတိုမ်ားကို စုေဆာင္း၍ ဥပမာသမူဟဂီရကၠမက်မ္း ဟူေသာ အမည္ျဖင့္ထုတ္ေဝသည္။

ပ်က္စီးျခင္း ( ၄ ) မ်ဳိး

၁။ ပုဏၰားက ရွင္ဘုရင္အလုပ္ကိုလုပ္ရင္ ဇာတ္ပ်က္တယ္ ။
၂။ ရွင္ဘုရင္က ပုဏၰားအလုပ္ကိုလုပ္ရင္ တိုင္းျပည္ပ်က္တယ္ ။
၃။ လူက ရဟန္းအလုပ္ကိုလုပ္ရင္ စီးပြားပ်က္တယ္ ။
၄။ ရဟန္းက လူအလုပ္ကိုလုပ္ရင္ သာသနာပ်က္တယ္ ။

သဂၤဇာဆရာေတာ္

တေခတ္တခါက ဗုဒၶဘာသာ သူရဲေကာင္းမ်ားစာတမ္းမ်ားမွ ေကာက္ႏႈတ္ခ်က္
James Thura
ျမန္မာ့စြယ္စုံက်မ္းအတြဲ(၁၃)


မြန်မာ့သမိုင်းထဲက သေနတ်နဲ့လုပ်ကြံခြင်းခံရတဲ့ နာမည်ကျော်ဆရာတော်ကြီး (unicode)

မြန်မာ့သမိုင်းခေတ်အဆက်ဆက်တွင် နှုတ်ရေးနှုတ်ရာ တင်္ခဏုပ္ပတ္တိဥာဏ်ထက်မြက်သော ပုဂ္ဂိုလ်ကြီးများအထဲတွင် သင်္ဂဇာဆရာတော်ကြီးသည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ သူရေးသားပြောဆိုခဲ့သော စကားပုံများစွာတို့သည် ယခုခေတ်တိုင်အောင် ကျန်ရစ်နေသေးသည်။ စကားအရာတွင် တင်္ခဏုပ္ပတ္တိဉာဏ်ထက်မြက် တော်မူသော သင်္ဂဇာဆရာတော် (မြန်မာ ၁၁၇၇-၁၂၄၈) သည် ပုဂံမင်း၊ မင်းတုန်းမင်း၊ သီပေါမင်း ဟူသော မင်းသုံးဆက်တိုင်တိုင် ထင်ရှားတော်မူခဲ့သည်။ ဆရာတော်ကို စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျေးလက်ပေါက်ချောင်းရွာတွင် မြန်မာသက္ကရာဇ် ၁၁၇၇-ခုနှစ် နယုန်လဆန်း ၁၄ရက် တနင်္ဂနွေနေ့တွင်ဖွားမြင်သည်။ ငယ်မည်မောင်ပို ဖြစ်၏။

မောင်ပို ၁၃နှစ်သားအရွယ်တွင် ရှင်သာမဏေပြုသည်။ ဘွဲ့မှာရှင်အဂ္ဂဓမ္မဖြစ်သည်။ ရတနာပူရ အင်းဝမြို့၊ သဲအင်းသာသနာပိုင် ဆရာတော်ထံသွားရောက် စာပေသင်ယူလျက် ၁၁၉၇ ခုနှစ်တွင်သဲအင်း တိုက်၌ပင် ထီးလင်းဆရာတော်ကို ဥပဇ္ဈာယ်ပြု၍ရဟန်းဖြစ်သည်။ သုံးဝါရသောအခါ ရွှေဘိုမြို့အနောက် ဘက်သီးလုံးဆရာတော် ရှင်စန္ဒိမာထံ သွားရောက် စာပေသင်ယူသည်။ ထိုနောက်စစ်ကိုင်းမြို့၊ အင်းဝမြို့တို့သွားရောက်သီတင်းသုံးသည်။ ဆရာတော်အား မင်းတုန်းမင်းက ပင့်ကာသင်္ဂဇာချောင်းအနီးတွင် ကျောင်းဆောက်တင်လှူသဖြင့်ထိုကျောင်း၌ သီတင်းသုံးသည်ကို အစွဲပြုပြီးလျှင် သင်္ဂဇာဆရာတော်ဟုတွင်ခေါ် ကျော်စောသည်။ အဂ္ဂဓမ္မာလင်္ကာရ ကဝိဓဇမဟာဓမ္မ ရာဇာဓိ ရာဇဂုရု ဘွဲ့တံဆိပ်တော်လည်း ကပ်လှူခြင်းခံရသည်။

၁၂၄ဝ ပြည့်နှစ်တွင် မင်းတုန်းမင်း နတ်ရွာစံပြီးနောက် ဆရာတော်သည် နန်းတွင်းရေးတွင် ဝင်မစွက်လိုသဖြင့် တန်ဆောင်မုန်းလဆုတ် ၁၄ရက်နေ့တွင် ရန်ကုန်သို့ စုန်ဆင်းကြွလာတော်မူ၍ ရွှေတိဂုံစေတီတော်ကြီးအရှေ့ဘက် ကျောင်းတော်ရာတိုက်အတွင်း သီတင်သုံးနေတော်မူသည်။ ထိုမှတစ်ဆင့်မြန်မာနိုင်ငံ အောက်ပိုင်းမြို့ရွာအသီးသီးတို့မှ ပင့်ဆောင်ချက်အရ ကြွရောက်တော်မူကာ တရားဓမ္မဟောပြောတော်မူခြင်းဖြင့် သာသနာပြုတော်မူသည်။ ဆရာတော်အား မော်လမြိုင်မြို့မှ သိမ်သမုတ်ရန်ကိစ္စအတွက် ပင့်ဆောင်ကြသဖြင့် မော်လမြိုင်မြို့သို့ကြွရောက်ကာ ကျိုက်သံလန်စေတီတော်၏ အရှေ့မြောက်ယွန်းယွန်း ဒီပါရုံကျောင်းမှအနောက်မျက်နှာတာ ၃ဝ ခန့်ကွာသောမြေပြန့်၌ သာသနာ ၅ဝဝဝ ပတ်လုံးမပျက် တည်စေခြင်းငှာ ဓမ္မဝိလာသနိအမည်ရှိသော သိမ်ကြီးကို ကြပ်မပေး တော်မူသည်။

ဆရာတော်ကြုံခဲ့ရသည့် အဖြစ်အပျက်များစွာတို့အထဲမှ တစ်ခုမှာ သေနတ်ဖြင့်လုပ်ကြံခံရခြင်းဖြစ်သည်။ ဒီအကြောင်းနဲ့ပတ်သတ်လို့ ကိုဂျိမ်းသူရ ရေးသားထားတာကို ပြန်လည်မျှဝေချင်ပါတယ်။

အဲဒါက ကုန်းဘောင်ခေတ် ဟင်္သာတမြို့တရားပွဲမှာ ဖြစ်ပွားခဲ့တာ။ လုပ်ကြံခြင်းခံရတဲ့သူက ဥပမာ စကားအလှနဲ့ ဟာသမြောက်အောင် ဟောနိုင်ပြီး၊ သတ္တိကလည်းမခေတဲ့ ထိုခေတ်ကာလက နာမည်ကျော် မထေရ်အမော် သင်္ဂဇာဆရာတော် … ။

ဆရာတော်ကို သေနတ်နဲ့ပစ် လုပ်ကြံသူက မောင်ဖိုးဝ ဆိုသူပါ။ ထိုခေတ်ကာလက ဂိုဏ်းဂဏအကွဲအပြဲ အစွဲပြင်းထန်သူကြောင့် လုပ်ကြံတာပါတဲ့ ။ မောင်ဖိုးဝဟာ အသေအချာ ချိန်ပြီးပစ်ပေမယ့်၊ ဆရာတော်ရဲ့ သူတော်ကောင်းစိတ်ဓာတ်၊ သီလဘုန်းတော်ကြောင့် ထိခိုက်နာကျင်မှု မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ပစ်ခတ်တဲ့ မောင်ဖိုးဝကိုတော့ ပရိတ်သတ်တွေက ဝိုင်းဖမ်းပြီး၊ အရေးပိုင်မင်းရုံးကို စစ်ဆေးဖို့ ပို့လိုက်ကြတာပေါ့။ ဒါကို ဆရာတော်က သိသွားပြီး၊ အရေးပိုင်မင်းရုံးကို လိုက်သွားတယ်။

ဆရာတော်ကြီးက -” အရေးပိုင်မင်း မြန်မာစကားသင်ဖူးသလား”။
” အနည်းအကျဉ်းတော့ သင်ဖူးပါတယ်” ဆိုတော့။
“နတ်ပြည်နဲ့ ဗြဟ္မာ့ဘုံကို ရေးတဲ့အခါ (ဝ) အက္ခရာများ ပါသလား”လို့ မေးပါတယ်။
“မပါ ပါ” လို့ အရေးပိုင်မင်းက ဆိုတော့

“ဒါဆိုရင်အဝီစိလို့ ရေးရင်ကော (ဝ) အက္ခရာနဲ့ မရေးရဘူးလား” တဲ့။ “ရေးရပါတယ်”လို့ လျှောက်တဲ့အခါဆရာတော်ကြီးက
“အရေးပိုင်မင်း၊ အခုဖမ်းဆီးထားတဲ့ သေနတ်သမား မောင်ဖိုးဝဟာ လူ့ဘုံ၊နတ်ဘုံ၊ ဗြဟ္မာ့ဘုံများနဲ့ လားလားမှမဆိုင်၊ အဝီစိမှ တ
ပါး အခြားလားရာမမြင်၊ ဒါကြောင့် သူ့အမှုကို သူစီရင်ပေလိမ့်မယ်။သူ့ကို ဖမ်းဆီးချုပ်နှောင်ထားသောပစ္စက္ခမင်းဒဏ်မှ လွှတ်ပေးစေချင်ပါတယ်” တဲ့ ။

ဆရာတော်ကြီးရဲ့ မေတ္တာဓာတ်နဲ့ ကရုဏာအားကြီးမြတ်မှုကြောင့် မောင်ဖိုးဝ လွတ်ငြိမ်းချမ်းသာခွင့် ရသွားခဲ့ပါတယ်။ ဆရာတော်က ခွင့်လွှတ်သည်းခံနိုင်စွမ်း မြင့်မားပေမယ့်၊ ဒါကာ၊ ဒါကာမ၊တပည့် သာဝကများက မကျေနပ်လို့၊ ” မင်းတို့ကနာကျည်းရုံလောက်ပဲ၊ ငါ့မှာက တရားလည်းဟောရသေး နာလည်းနာသေး” ဆိုတဲ့ တရားတော်ကိုပုံပမာနဲ့ လက်တမ်းဟောကြားပြီး မကျေနပ်ကြတဲ့တပည့်နဲ့ သာဝကများကို ချွေးသိပ်တော်မူတယ်။ အံ့ဖွယ် သဘောထားကြီးမြတ်၊ သူတော်ကောင်း ဓာတ် လင်းပတော်မူတဲ့ ဆရာတော်ကြီးပါတကား။

မော်လမြိုင်တွင် သိမ်သမုတ်ပေးပြီးနောက် ရန်ကုန်မြို့သို့ပြန်ကြွလာကာ ၁၂၄၆ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့သို့ကြွရောက်၍ ညောင်အုပ်မင်းသား အိမ်တော်၌ တစ်ပတ်သီတင်းသုံးတော်မူသည်။ သီဟိုဠ်ကျွန်းသို့ သွားရန်ပါ ရည်ရွယ်တော်မူသော်လည်း မအောင်မြင်ချေ။ ၁၂၄၇ ခုနှစ်နတ်တော်လဆန်း ၅ ရက်နေ့တွင် ဆရာတော်ဘုရားကြီးအား မော်လမြိုင်မြို့မှ ဒုတိယအကြိမ် ပင့်ဆောင်ပြန်ရာ ကျိုက်သံလန်စေတီတော် တောင်ဘက် မန်ကျည်းတောကျောင်းတိုက်၌ ခေတ္တတည်းခို ဝါဆိုတော်မူသည်။ ၁၂၄၈ ခုနှစ် ဝါခေါင်လဆန်း ၁ဝ ရက်နာရီပြန် ၂ ချက်တီး အချိန်တွင် သင်္ဂဇာဆရာတော်ဘုရားသည်ဝါတော် ၅၂ သက်တော် ၇၂တွင် မန်ကျည်းတော ကျောင်းတိုက်၌ပင်ပျံလွန်တော်မူသည်။

သင်္ဂဇာဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကြောင်းအရာ ကျောက်စာကိုလည်းထိုအခါက မော်လမြိုင် မြို့တွင် ဖွဲ့စည်းလျက်ရှိသော သမာနောဝါဒအသင်းသားတို့က စရိတ်ကြေးငွေ စိုက်ထုတ်ကာ ဝဇီရာရာမ ဆရာတော်ကိုယ်တိုင် ကြပ်မကြည့်ရှုတော်မူလျက် ၁၂၅၁ခုနှစ်ဝါဆိုလဆန်း ၁၅ ရက်နေ့၌ ကျိုက်သံလန် စေတီတော်၏ တံတိုင်းအတွင်းဝယ် ကျောက်သလင်းကို ထု၍ပြုစုရေးသားစိုက်ထူထားသည်။

ဆရာတော်ဘုရားကြီးရေးသားပြုစုခဲ့သော ကျမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
ကာယပစ္စဝေက္ခဏာ ကျမ်း၊
စတုရာရက္ခ ကျမ်း၊
ဓာတွတ္ထဒီပက ပါဠိနိသျ၊
ဓမ္မပဒပါဠိတော် နိသျသစ်၊

ဝိမတိဝိနောဒနီဋီကာ နိသျ၊
ဥပသကောဝါဒ စာကိုယ်၊
ဥပသကောဝါဒ ဋီကာ၊
သိင်္ဂါလောဝါဒ ဆုံးမစာ၊
ဆရာတော်သည်ကျမ်းတတ်စာတတ်ဖြစ်ရုံမက ဉာဏ်လည်း ထက်မြက်သည်။ စကားအရာလည်းကြွယ်ဝ ကျွမ်းကျင်သည်။ ဆရာတော်ဟောပြောဆုံးမလျှင် ဥပမာများ စကားပုံများဖြင့်သာဟော ပြောလေ့ရှိသည်။ ဆရာတော်၏ စကားပုံများကိုကြားနာရသည်မှာ ပြုံးစရာရွှင်စရာဖြစ်သည်။ ဗဟုသုတတိုးစရာလည်းဖြစ်သည်။

‘ရှင်မေဓာပုဂ္ဂိုလ်တုံးတိုနှင့်ရေကူးသလို’၊ ‘အရက်ပြတ်၍ခွက်ကပ်နှင့်မူးသလို’ ၊’သက်သေခံလက်ငင်းမအပ်နိုင်၍ မျက်စဉ်းခတ်ခံရပုံ’ စသောစကားပုံများသည် သင်္ဂဇာဆရာတော် ပြောဆိုမိန့်ကြား ခဲ့သောစကားပုံများဖြစ်သည်။ ဆရာတော်မိန့်ကြားခဲ့သည့် စကားပုံနှင့်ပုံတိုများကို စုဆောင်း၍ ဥပမာသမူဟဂီရက္ကမကျမ်း ဟူသော အမည်ဖြင့်ထုတ်ဝေသည်။

ပျက်စီးခြင်း ( ၄ ) မျိုး

၁။ ပုဏ္ဏားက ရှင်ဘုရင်အလုပ်ကိုလုပ်ရင် ဇာတ်ပျက်တယ် ။
၂။ ရှင်ဘုရင်က ပုဏ္ဏားအလုပ်ကိုလုပ်ရင် တိုင်းပြည်ပျက်တယ် ။
၃။ လူက ရဟန်းအလုပ်ကိုလုပ်ရင် စီးပွားပျက်တယ် ။
၄။ ရဟန်းက လူအလုပ်ကိုလုပ်ရင် သာသနာပျက်တယ် ။

သင်္ဂဇာဆရာတော်

တခေတ်တခါက ဗုဒ္ဓဘာသာ သူရဲကောင်းများစာတမ်းများမှ ကောက်နှုတ်ချက်
James Thura
မြန်မာ့စွယ်စုံကျမ်းအတွဲ(၁၃)

Leave a Reply