ေျမြကုိက္ခံခဲ့ရတာကုိ ဓာတ္ပုံတင္ႏုိင္ခဲ့ေသးတဲ့ ေကာင္ေလး ေသဆုံး

Posted on

ဒီျဖစ္ရပ္ကေတာ့ ၿပီးခဲ့တဲ့ရက္က အင္ဒုိနီးရွားႏုိင္ငံ အေနာက္ဂ်ာဗားျပည္နယ္က Bundung ၿမဳိ႕မွာျဖစ္ခဲ့တာျဖစ္ပါတယ္။ အဲဒီၿမဳိ႕မွာေနတဲ့ Arli လုိ႔ေခၚတဲ့ ၁၄ႏွစ္အရြယ္ေကာင္ေလး ရဲ႕ျဖစ္ရပ္ပါ။ သူဟာ သူ႔ရဲ႕အခ်စ္ေတာ္ေျမြရဲ႕အကုိက္ခံရၿပီးတဲ့ေနာက္မွာ ဓာတ္ပုံေတြရုိက္ကာ ဆုိရွယ္မီဒီယာေပၚတင္ခဲ့ၿပီး အဲဒီေန႔မွာတင္ ေသဆုံးသြားခဲ့ရတာပါ။

အဲဒီေန႔မနက္ ၉နာရီ ၅၀မိနစ္မွာ Arli ဟာ ဆုိရွယ္မီဒီယာေပၚကုိ ဓာတ္ပုံတစ္ပုံတင္ခဲ့ပါတယ္။ ပါးျပင္းေထာင္ၿပီး ေဒါသႀကီးေနတဲ့ ေျမြတစ္ေကာင္ပုံျဖစ္ၿပီး စာမွာေတာ့ – “ဘာလုိ႔ေဒါသႀကီးေနရတာလဲကြာ” လုိ႔ေရးသားထားပါတယ္။ ေနာက္ ၄မိနစ္အၾကာမွာ ဓာတ္ပုံတစ္ပုံထပ္ၿပီးတင္ခဲ့ပါတယ္။ ေျမြကုိက္ခံခဲ့ရတာေၾကာင့္ ေသြးေတြထြက္ေနၿပီး လက္အရင္းမွာေတာ့ ရႈးဖိနပ္ႀကဳိးနဲ႔ခ်ည္ထားပါတယ္။ ဒါဟာ ေျမြဆိပ္မပ်ံ႕ေစဖုိ႔ သူနားလည္သလုိ လုပ္ထားလုိက္ျခင္းျဖစ္ပါတယ္။ အဲဒီပုံကုိေတာ့ “ဘ၀ နဲ႔ ေသျခင္းရဲ႕ၾကား” လုိ႔ေခါင္းစဥ္တပ္တင္ခဲ့တာပါ။ အဲဒီေနာက္ေတာ့ “ငါဒဏ္ရာရေနၿပီ ၊ ငါ့ကုိေဆးရုံတင္ေပးႏုိင္မယ့္ သူငယ္ခ်င္းတစ္ေယာက္ေယာက္မ်ားရွိမလားကြာ” လုိ႔ စာထပ္တင္ခဲ့ပါေသးတယ္။

ေနာက္ ၁နာရီအၾကာမွာေတာ့ သူ႔ရဲ႕သူငယ္ခ်င္းတစ္ေယာက္ ေရာက္လာခဲ့ၿပီး သူ႔ကို ေဆးရုံဆီအျမန္ဆုံးပုိ႔ေပးခဲ့ပါတယ္။ ဆရာ၀န္ေတြႀကဳိးစားပမ္းစား ကယ္ဆယ္ခဲ့ၾကေပမယ့္ အဲဒီည ၁၀နာရီမွာ Arli ေသဆုံးခဲ့ပါတယ္။ ေဆးရုံအေရာက္ ေနာက္က်ၿပီး အဆိပ္ေတြပ်ံ႕ႏွံ႔ခဲ့ၿပီးတာေၾကာင့္ျဖစ္ပါတယ္။
တကယ္လုိ႔သာ ျဖစ္ျဖစ္ျခင္းမွာ အနီးအနားက အေရးေပၚအကူအညီေတာင္းတာျဖစ္ျဖစ္ ဒါမွမဟုတ္ ဖုန္းဆက္တာပဲျဖစ္ျဖစ္ လုပ္ေဆာင္ခဲ့မယ္ဆုိရင္ ျဖစ္ကတည္းက ေဆးရုံတင္ႏုိင္ခဲ့မွာျဖစ္ၿပီး အသက္ရွင္ႏုိင္တဲ့ အခြင့္အေရးရွိမွာျဖစ္ပါတယ္။ ဒီလုိမလုပ္ခဲ့ပဲ ဆုိရွယ္မီဒီယာကုိ ဆက္သုံးေနခဲ့လုိ႔သာ အခုလုိျဖစ္ခဲ့ရတာပါ။

မိခင္ျဖစ္သူရဲ႕ေျပာၾကားခ်က္အရ အဲဒီအခ်ိန္က အိမ္မွာ Arli တစ္ေယာက္တည္း ရွိေနတာလုိ႔သိရပါတယ္။ ဖခင္ျဖစ္သူက ေတာ့ ႏုိင္ငံရပ္ျခားမွာအလုပ္သြားလုပ္ေနသူျဖစ္ပါတယ္။ Arli ဟာ ေျမြခ်စ္သူတစ္ေယာက္ျဖစ္ၿပီး သူ႔မွာေမြးျမဴထားတဲ့ေျမြေပါင္း ၁ဒါဇင္ခန္႔ရွိပါတယ္။ သူဟာ ေျမြေတြကိုေရာင္းဖြယ္ေဖာက္ကားျခင္း နဲ႔ သဘာ၀ေဘးအႏၱရာယ္က်ေရာက္မႈတုိ႔မွ အကာအကြယ္ေပးတဲ့ အဖြဲ႔အစည္းရဲ႕ တက္ၾကြမန္ဘာတစ္ေယာက္လည္းျဖစ္ပါတယ္။ အခုေတာ့ သူခ်စ္တဲ့ေျမြက သူ႔ရဲ႕အသက္ကိုယူသြားခဲ့ၿပီျဖစ္ပါတယ္။


မြွေကိုက်ခံခဲ့ရတာကို ဓာတ်ပုံတင်နိုင်ခဲ့သေးတဲ့ ကောင်လေး သေဆုံး (unicode)

ဒီဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ရက်က အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်က Bundung မြို့မှာဖြစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမြို့မှာနေတဲ့ Arli လို့ခေါ်တဲ့ ၁၄နှစ်အရွယ်ကောင်လေး ရဲ့ဖြစ်ရပ်ပါ။ သူဟာ သူ့ရဲ့အချစ်တော်မြွေရဲ့အကိုက်ခံရပြီးတဲ့နောက်မှာ ဓာတ်ပုံတွေရိုက်ကာ ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ပြီး အဲဒီနေ့မှာတင် သေဆုံးသွားခဲ့ရတာပါ။

အဲဒီနေ့မနက် ၉နာရီ ၅ဝမိနစ်မှာ Arli ဟာ ဆိုရှယ်မီဒီယာပေါ်ကို ဓာတ်ပုံတစ်ပုံတင်ခဲ့ပါတယ်။ ပါးပြင်းထောင်ပြီး ဒေါသကြီးနေတဲ့ မြွေတစ်ကောင်ပုံဖြစ်ပြီး စာမှာတော့ – “ဘာလို့ဒေါသကြီးနေရတာလဲကွာ” လို့ရေးသားထားပါတယ်။ နောက် ၄မိနစ်အကြာမှာ ဓာတ်ပုံတစ်ပုံထပ်ပြီးတင်ခဲ့ပါတယ်။ မြွေကိုက်ခံခဲ့ရတာကြောင့် သွေးတွေထွက်နေပြီး လက်အရင်းမှာတော့ ရှုးဖိနပ်ကြိုးနဲ့ချည်ထားပါတယ်။ ဒါဟာ မြွေဆိပ်မပျံ့စေဖို့ သူနားလည်သလို လုပ်ထားလိုက်ခြင်းဖြစ်ပါတယ်။ အဲဒီပုံကိုတော့ “ဘ၀ နဲ့ သေခြင်းရဲ့ကြား” လို့ခေါင်းစဉ်တပ်တင်ခဲ့တာပါ။ အဲဒီနောက်တော့ “ငါဒဏ်ရာရနေပြီ ၊ ငါ့ကိုဆေးရုံတင်ပေးနိုင်မယ့် သူငယ်ချင်းတစ်ယောက်ယောက်များရှိမလားကွာ” လို့ စာထပ်တင်ခဲ့ပါသေးတယ်။

နောက် ၁နာရီအကြာမှာတော့ သူ့ရဲ့သူငယ်ချင်းတစ်ယောက် ရောက်လာခဲ့ပြီး သူ့ကို ဆေးရုံဆီအမြန်ဆုံးပို့ပေးခဲ့ပါတယ်။ ဆရာဝန်တွေကြိုးစားပမ်းစား ကယ်ဆယ်ခဲ့ကြပေမယ့် အဲဒီည ၁ဝနာရီမှာ Arli သေဆုံးခဲ့ပါတယ်။ ဆေးရုံအရောက် နောက်ကျပြီး အဆိပ်တွေပျံ့နှံ့ခဲ့ပြီးတာကြောင့်ဖြစ်ပါတယ်။
တကယ်လို့သာ ဖြစ်ဖြစ်ခြင်းမှာ အနီးအနားက အရေးပေါ်အကူအညီတောင်းတာဖြစ်ဖြစ် ဒါမှမဟုတ် ဖုန်းဆက်တာပဲဖြစ်ဖြစ် လုပ်ဆောင်ခဲ့မယ်ဆိုရင် ဖြစ်ကတည်းက ဆေးရုံတင်နိုင်ခဲ့မှာဖြစ်ပြီး အသက်ရှင်နိုင်တဲ့ အခွင့်အရေးရှိမှာဖြစ်ပါတယ်။ ဒီလိုမလုပ်ခဲ့ပဲ ဆိုရှယ်မီဒီယာကို ဆက်သုံးနေခဲ့လို့သာ အခုလိုဖြစ်ခဲ့ရတာပါ။

မိခင်ဖြစ်သူရဲ့ပြောကြားချက်အရ အဲဒီအချိန်က အိမ်မှာ Arli တစ်ယောက်တည်း ရှိနေတာလို့သိရပါတယ်။ ဖခင်ဖြစ်သူက တော့ နိုင်ငံရပ်ခြားမှာအလုပ်သွားလုပ်နေသူဖြစ်ပါတယ်။ Arli ဟာ မြွေချစ်သူတစ်ယောက်ဖြစ်ပြီး သူ့မှာမွေးမြူထားတဲ့မြွေပေါင်း ၁ဒါဇင်ခန့်ရှိပါတယ်။ သူဟာ မြွေတွေကိုရောင်းဖွယ်ဖောက်ကားခြင်း နဲ့ သဘာ၀ဘေးအန္တရာယ်ကျရောက်မှုတို့မှ အကာအကွယ်ပေးတဲ့ အဖွဲ့အစည်းရဲ့ တက်ကြွမန်ဘာတစ်ယောက်လည်းဖြစ်ပါတယ်။ အခုတော့ သူချစ်တဲ့မြွေက သူ့ရဲ့အသက်ကိုယူသွားခဲ့ပြီဖြစ်ပါတယ်။

Leave a Reply