ရန္ကုန္ၿမဳိ႕ရဲ႕ ၿမဳိ႕နယ္အမည္ေတြ ဘယ္လုိျဖစ္လာသလဲ နဲ႔ ေမာင္ကံရာဇ၀င္

Posted on

ဟုိးတုန္းကေတာ့ ရန္ကုန္ဟာ ေရႊတိဂုံဘုရားကုိ ဗဟုိၿပဳထားတဲ့ ငါးဖမ္းရြာေလးတစ္ရြာသာ ၿဖစ္ပါတယ္။ ေအဒီ ၆ ရာစုက စလုိ႔ မြန္လူမ်ဳိးမ်ားက ဒဂုံ အၿဖစ္ေၿပာင္းလဲ တည္ေထာင္ခဲ့ႀကပါတယ္။ ဒဂုံ ဆုိသည္မွာ ဒဂုင္လြဳင္ ဟူေသာ ေရႊတိဂုံေစတီေတာ္ႀကီး၏ ဘြဲ႔အမည္မွ ဆင္းသက္လာခဲ့ေႀကာင္း သိရပါတယ္။ မြန္ေ၀ါဟာရ အရ ကုန္းၿမင့္ေပၚက ေစတီ လို႔ အဓိပၸါယ္ရပါတယ္။

၁၇၅၅ ခုႏွစ္မွာ အေလာင္းဘုရားဟာ ဒဂုံကုိ ေအာင္ႏုိင္ၿပီး ရန္ကုန္ ဟူ၍ စတင္ေၿပာင္းလဲခဲ့ပါတယ္။ အဲဒီေနာက္ ကုန္းေဘာင္ေခတ္ ၊ ကုိလုိနီေခတ္မ်ားကုိ ေက်ာ္ၿဖတ္ခဲ့ၿပီး ယေန႔အခ်ိန္မွာေတာ့ ရန္ကုန္ဟာ ၿမန္မာႏုိင္ငံရဲ႕ အစည္ကားဆုံး နဲ႔ အဓိကအက်ဆုံး ၿမဳိ႕အၿဖစ္ရပ္တည္ေနပါတယ္။ ရန္ကုန္ၿမဳိ႕ဟာ ကမာရြတ္၊ တာေမြ ၊ စမ္းေခ်ာင္း စတဲ့ ၿမဳိ႕နယ္ခြဲေပါင္းမ်ားစြာနဲ႔ ဖြဲ႔စည္းထားတဲ့ၿမဳိ႕တစ္ၿမဳိ႕ၿဖစ္ပါတယ္။ ထုိၿမဳိ႕ေတြရဲ႕အမည္ ဟာ ဘယ္ကေန ၿဖစ္ေပၚလာပါသလဲ။ အမ်ားစုကေတာ့ မြန္နာမည္ အေခၚအေ၀ၚကေန ဆင္းသက္လာခဲ့ပါတယ္။ မသိေသးသူမ်ား သိေစဖုိ႔ ဗဟုသုတအၿဖစ္ မွ်ေ၀လုိက္ပါတယ္။

ကမာရြတ္- မြန္ဘာသာ အမည္ ကမာရြတ္မွာ ‘ကမာ’ဆုိတာ ေရကန္ ၊ ‘ရြတ္’ ဆုိတာ ရတာ ၿဖစ္ပါတယ္။ ရတနာကန္ ဆုိတဲ့ အဓိပၸါယ္ေပါ့။ အင္းလ်ားကန္ကုိ ေရွးတုန္းက ေခၚတဲ့နာမည္ေပါ့။

ေက်ာက္တံတား- ကုန္းေဘာင္ေခတ္ဦးတုန္းက ဆူးေလတစ္၀ုိက္ဟာေရပတ္လည္၀ိုင္းေနတဲ့ ေနရာပါ။ အဲဒီအနီးအနားမွာ ဘုရားဘက္ကုိ ကူးသြားႏုိင္တဲ့ ေက်ာက္တံတားႀကီး တစ္ခု ရွိခဲ့ဖူးရာကေန ဒီနာမည္ ၿဖစ္လာပါသတဲ့။

ႀကည့္ၿမင္တုိင္ – မြန္ဘာသာအမည္ ကမန္ဋ္ဳင္က ဆင္းသက္လာတာပါ။ ၿမဳိ႕ရုိးရွိတဲ့ ၿမဳိ႕လုိ႔ အဓိပၸါယ္ရပါတယ္။

ကံဘဲ့ – မြန္ဘာသာအမည္ ခပင္း(ခေပင္) ကုိ ၿမန္မာဘာသာနဲ႔ ေခၚရာ ကေန ကန္ဘဲ့ ဆုိၿပီးၿဖစ္လာတာပါ။ အဓိပၸါယ္က ကသစ္ပင္ ၿဖစ္ပါတယ္။

ကုကၠဳိင္း – မြန္ဘာသာ “ေကာ့ေကာင္း” က ဆင္းသက္လာတာ ၿဖစ္ပါ တယ္။ ေကာ့ဆုိတာ ကုန္း၊ ေကာင္းဆုိတာက မေရြးပင္ကုိေခၚတာမုိ႕ အစကေတာ့ မေရြးပင္ကုန္းလုိ႔ ေခၚတဲ့ေနရာပါ။

စမ္းေခ်ာင္း – စတင္တည္ေထာင္စအခ်ိန္မွာ ေတာင္ကုန္းၿဖစ္ခဲ့ၿပီး အဲဒီေတာင္ကုန္းေတြႀကားမွာ စမ္းေခ်ာင္းကေလးတစ္ခု စီးဆင္းေန ပါသတဲ့။ အဲဒီစမ္းေခ်ာင္းကို အစြဲၿပဳၿပီး ေခၚခဲ့ၿခင္း ၿဖစ္ပါတယ္။

ဆင္မလုိက္ – ေရွးအခါက ႏြံထူတဲ့အရပ္ၿဖစ္တာေႀကာင့္ ဆင္ေတြဟာ အဲဒီေနရာေရာက္ရင္ ဆက္မသြား ၊ ဆက္မလုိက္ေတာ့ပဲ ရပ္တန္႔ သြားတတ္ရာကေန ဆင္မလုိက္ ဆုိၿပီး ၿဖစ္လာပါသတဲ့။

တာေမြ – မြန္အမည္ တာေမြ ကေန တုိက္ရုိက္ဆင္းသက္လာပါတယ္။ ထန္းပင္တစ္ပင္ ဆုိတဲ့အဓိပၸါယ္ၿဖစ္ပါတယ္။

ပုဇြန္ေတာင္ – မြန္ဘာသာ “ပုဇြန္ေဒ” ကလာတာပါ။ ေတာင္ကုန္းငါးခု လုိ႔ အဓိပၸါယ္ရပါတယ္။ အဲဒီကုန္းေတြက မလႊကုန္း ၊ မအူကုန္း ၊ သစ္ဆိမ့္ကုန္း ၊ ခ်စ္တီးကုန္း နဲ႔ ပုရြက္ဆိတ္ကုန္း တုိ႔ၿဖစ္ပါတယ္။

ဗဟန္း – ဗဟန္းဆုိတာကလည္း မြန္ဘာသာကေနဆင္းသက္လာၿပီး အ၀ါေရာင္ရွိတဲ့ေၿမလုိ႔ အဓိပၸါယ္ရပါတယ္။ ေရွးအခါက ကန္႔ထြက္တဲ့ အရပ္ေဒသ ၿဖစ္ခဲ့ဟန္ တူပါတယ္။

ေဘာက္ေထာ္ – မြန္ဘာသာ ေပါက္ေထာကေနလာၿပီး ေရႊဟသၤာလို႔ အဓိပၸါယ္ရပါတယ္။

မဂၤလာဒုံ – မြန္အမည္ “ဍဳံဒရုိင္မေင” ကေန ဆင္းသက္လာပါတယ္။ အဓိပၸါယ္က မဂၤလာသမင္ၿမိဳ႕ ၿဖစ္ပါတယ္။ အဲဒီကေန ၿမန္မာဘာသာ တုိက္ရုိက္ယူ သုံးရာကေန မဂၤလာဒုံၿမဳိ႕ ဆုိၿပီး ၿဖစ္လာပါတယ္။

ေၿမနီကုန္း – ၁၈၄၁ခုႏွစ္ သာယာ၀တီမင္းလက္ထက္ အခုၿမဳိ႕မေက်ာင္းနား က ကြင္းၿပင္မွာ ေအာင္ေၿမရန္ႏွင္ နန္းၿမဳိ႕တည္ေဆာက္စဥ္ ၿမဳိ႕ေတာ္တံခါးေတြထဲမွာ ေၿမနီကုန္းတံခါး ဆုိတာပါပါတယ္။ အဲဒီတံခါးကေန ထြက္ လုိက္ရင္ အနီေရာင္ေတာင္ကုန္းငယ္ကေလးကုိ ေတြ႔ရွိႏုိင္လုိ႔ပဲ ၿဖစ္ပါတယ္။

လသာ – ရန္ကုန္ကုိ အဂၤလိပ္ေတြသိမ္းၿပီး ၿမဳိ႕ကြက္ရုိက္ရာမွာ လမ္းနာမည္ကုိ သူတုိ႔အရာရွိေတြရဲ႕အမည္ေတြေပးခဲ့ပါတယ္။ အဂၤလိပ္-ၿမန္မာ ဒုတိယစစ္ပြဲမွာပါ၀င္ခဲ့တဲ့ ကတ္ပတိန္လတၱာ(Capt.Lattar) ကုိ ဂုဏ္ၿပဳ တဲ့အေနနဲ႔ေပးခဲ့တာၿဖစ္ပါတယ္။ လတၱာလမ္းကို ၿမန္မာလုိေခၚခဲ့ႀကရာမွာ လသာလမ္း ဆုိၿပီးၿဖစ္လာပါတယ္။ အဲဒီနားတ၀ုိက္ကိုလည္း လသာရပ္ ဆုိၿပီးေခၚခဲ့ႀကပါတယ္။

လမ္းမေတာ္ – သာယာ၀တီမင္း ရန္ကုန္ၿမဳိ႕ကုိႀကြလာစဥ္တုန္းက သေဘၤာဆိပ္ကေန ေအာင္ေၿမရန္ႏွင္နန္းၿမိဳ႕ကို သြားတဲ့လမ္းၿဖစ္ပါတယ္။ ဘုရင္သြားတဲ့လမ္းမ ၿဖစ္တာေႀကာင့္’ ေတာ္’တပ္ေခၚရာေန လမ္းမေတာ္ ဆုိၿပီးၿဖစ္လာပါတယ္။

အင္းစိန္ – မြန္ဘာသာ အန္းစိန္(အင္စိင္)ကေန ဆင္းသက္လာၿပီး ဆင္ေတြေရကစားရာအရပ္ လုိ႔ အဓိပၸါယ္ရပါတယ္။

အထက္ပါအခ်က္အလက္ေတြကေတာ့ စာအုပ္ မွတ္တမ္းေတြထဲက အခ်က္အလက္ေတြျဖစ္ၿပီး ေနာက္ထပ္ ရန္ကုန္ၿမဳိ႕နဲ႔ ဆက္စပ္တဲ့လူသိမ်ားတဲ့ရာဇ၀င္ကေတာ့ ေမာင္ကံ ရာဇ၀င္ပါ။ ေမာင္ကံဇာတ္လမ္းထဲမွာေတာ့ ရန္ကုန္ၿမဳိ႕ရဲ႕ ၿမဳိ႕နယ္နာမည္ေတြျဖစ္လာပုံက တစ္မ်ဳိးတဘာသာျဖစ္ပါတယ္။ ေမာင္ကံ နဲ႔ ရန္ကုန္ၿမဳိ႕ရာဇ၀င္ကုိ မသိေသးသူမ်ားအတြက္ ကုိမင္းထက္ေက်ာ္စြာ(ပဥၥမံေၾကာင္) ေရးထားတာေလးကို မွ်ေ၀လုိက္ပါတယ္။

အကယ္၍ မိတ္ေဆြသည္ ေရႊတိဂံုေစတီေတာ္ျမတ္ၾကီးသို႔ ဖူးေျမာ္ေရာက္ရွိခဲ့ပါက အေနာက္ဘက္မုခ္အနီးတြင္ ဆံေတာ္တြင္းကို ၾကည္ညိဳေတြ႔ရွိရမည္ျဖစ္သည္။ က်ေနာ္ ေျပာမည့္အေၾကာင္းအရာ သည္ အဆိုပါ ဆံေတာ္တြင္းထဲတြင္ ယေန႔တိုင္ ေက်ာက္ရုပ္ အျဖစ္တည္ရွိေနသည္ဆုိေသာ မြန္သူရဲေကာင္း ေမာင္ကံ၏ စြန့္စားခန္း ( The Legend of Maung Kan ) ပင္ျဖစ္ေတာ့သတည္း။

တစ္ခါက ဒဂံုျမိဳ႕တြင္ ရိုးသားစြာ လယ္ယာလုပ္ကိုင္ေသာ ေမာင္ကံအမည္ရွိ လူငယ္တစ္ဦး ရွိေလ၏။ လြန္စြာ သန္မာထြားက်ိဳင္းသည္ဆို၏။ တစ္ေန႔တြင္ ရေသ့တစ္ပါးက(မူကြဲမ်ားတြင္ ေဇာ္ဂ်ီဟုလည္းဆုိ) မိမိ၏ ထြက္ရပ္လမ္းအတြက္ လိုအပ္ေသာ ပုဂၢိဳလ္လိုက္ရွာရာ ေမာင္ကံအားေတြ႔သျဖင့္ မိမိအား ကူညီပါမည္လားေမးျမန္းရာ ေမာင္ကံလည္း ၀မ္းေျမာက္၀မ္းသာလက္ခံေလ၏။

သို႔ရာတြင္ ရေသ့က ေမာင္ကံ၏ သတၱိကုိစမ္းလိုသျဖင့္ ငါခုန္သလို လိုက္ခုန္စမ္းပါလွည့္္ ဟုဆိုကာ ကန္တစ္ခုအား ခုန္ေက်ာ္ျပေလ၏။ ကန္မွာအေတာ္က်ယ္ေသာ္လည္း ရေသ့မွာ ေခ်ာေမာစြာပင္ တစ္ဖက္ကမ္းသို႔ေရာက္ေလ၏။ ေမာင္ကံလည္း မာန္ကိုသြင္း၍ ခုန္ေသာ္လည္း ရေသ့က တန္ခိုးျပေသာေၾကာင့္ ကမ္းေပၚမေရာက္ဘဲ ေဘာင္ေပၚက်ကာ ကန္ပဲ့သြားေလ၏။
( ထိုအရပ္ကို ယေန႔တိုင္ ကံဘဲ့ ဟုေခၚေလသည္။)

ထို႔ေနာက္ ရေသ့က ေမာင္ကံအား စည္းတစ္ခုတားေပးကာ ေဆးလံုးသံုးလံုးေပးေလ၏။ မိမိက ေပါက္ဟုေအာ္လွ်င္ ေဆးတစ္လံုးသာ ေပါက္ရန္မွာကာ မည္သည့္ရန္သူလာလာ စည္းကို မေက်ာ္ရန္မွာၾကားေလ၏။

ပထမတစ္ေခါက္တြင္ ဆင္ရိုင္းအုပ္ၾကီးသည္လည္းေကာင္း၊ဒုတိယအေခါက္တြင္ မိုးၾကိဳးမုန္တိုင္းမ်ားက်၍လည္းေကာင္း၊တတိယအေခါက္တြင္ ဘီလူးသရဲမ်ားေရာက္၍ေသာ္လည္းေကာင္း အေႏွင့္အယွက္မ်ားလာေသာ္လည္း ေမာင္ကံသည္ တည္ျငိမ္စြာရင္ဆိုင္ႏိုင္ခဲ့သည္ ဆို၏။ ရေသ့လည္း ထြက္ရပ္ေပါက္၍အလိုျပည့္သည့္အခါ ေမာင္ကံကို ေက်းဇူးတင္သျဖင့္ ေျမလွ်ိဳးမိုးပ်ံ ႏိုင္ေသာ လွံရွည္ ကို ေပးအပ္ခဲ့ေလ၏

ေမာင္ကံလည္း ထိုလွံပ်ံ တန္ခိုးျဖင့္ လွည့္လည္သြားလာရင္း ဂႏၶာလရာဇ္တိုင္း(တရုတ္ျပည္)ထိေရာက္ကာ တရုတ္ဥတည္မင္း၏ သမီးေတာ္ၾကင္စာရီ ႏွင့္ေတြ႔ေလ၏။ ၾကင္စာရီမွာလည္း အစြမ္းထက္ေသာ မြန္လူစြမ္းေကာင္း အား ေမတၱာသက္၀င္ ႏွစ္သက္သြားကာ မ်ားမၾကာမီ ခ်စ္သူမ်ား ျဖစ္သြားၾကေလ၏။လအနည္းငယ္အၾကာတြင္ ပဋိသေႏၶခေလ၏။

ထိုအေၾကာင္းကို ဥတည္မင္း သိလွ်င္ ေမာင္ကံအားေခၚ၍ “မြန္လူစြမ္းေကာင္းငယ္၊သင္တို႔ဟံသာ၀တီျပည္မွ တန္ခိုးၾကီးဘုရားေရႊတိဂံုတြင္ ျမတ္ဗုဒၶ၏ဆံေတာ္အစစ္ကို ဌာပနာထားသည္ မဟုတ္တုံေလာ၊ ငါလည္း ကိုးကြယ္ခ်င္ပါ၏။ ငါ့ထံသို႔ဆံေတာ္မ်ားေဆာင္က်ဥ္းေပးျပီးသည္ႏွင့္တစ္ျပိဳင္နက္ သင့္အား သမီးေတာ္ႏွင့္ ထိမ္းျမားကာ အိမ္ေရွ႔အရာ ေပးအံ့”

ေမာင္ကံလည္း ခ်စ္ရသူႏွင့္ေ၀းမည္စိုးသျဖင့္ ခ်က္ခ်င္းပင္ေဆာင္ယူမည္ျဖစ္ေၾကာင္း ကတိေပးကာ လွံရွည္အားခြလ်က္ ေမြးရပ္ေျမသို႔ ပ်ံထြက္ခဲ့ေလ၏။ ၾကာျမင့္စြာ ပ်ံသန္း၍ တစ္ေနရာသို႔အေရာက္တြင္ ေမာျပီ ဟုဆိုကာ လွံကို ေထာက္လ်က္နားေလ၏။ ( ထိုအရပ္ကို ေမွာ္ဘီ ဟု ယေန႔တိုင္တြင္ေလ၏)

အေမာေျပ၍ဆက္လက္ပ်ံသန္းရင္း စမ္းေခ်ာင္းတစ္ခုကိုေတြ႔၍ ေရဆင္းေသာက္ခဲ့ေသးသည္ဆို၏။( ထိုအရပ္ကို စမ္းေခ်ာင္း ဟု ယေန႔တိုင္တြင္ေလ၏။)
ထို႔ေနာက္ ဆက္လက္ပ်ံသန္းခဲ့ရာ ေရႊတိဂံုေစတီေတာ္ကို ၾကည့္လွ်င္ ျမင္ႏိုင္သည့္ ေနရာသို႔ေရာက္ေလ၏။ (ထိုအရပ္မွာ ယေန႔ ၾကည့္ျမင္တိုင္ ဟုေခၚေသာအရပ္ပင္ျဖစ္သည္။)

တစ္ေနရာတြင္မူ ေမာင္ကံသည္ ရပ္၍စဥ္းစား၏။ “ဘုရားဆံေတာ္ကို ခိုးယူျခင္းမွာ အကုသိုလ္ ၾကီးမားေပမည္။ အို မျဖစ္ေခ်ပါဘူး။ ဆံေတာ္မပါလွ်င္ ၾကင္စာရီ ႏွင့္ေ၀းရခ်ည့္။မည္သို႔ပင္ျဖစ္ေစ ေရႊတိဂံုတို္င္ေအာင္သြားေတာ့မည္။” ( ထိုအရပ္ကို ေရႊဂံုတိုင္ဟု ယေန႔တိုင္ တြင္ေလ၏)

ဘုရားကို ျမင္ရေသာ္လည္း အကုသိုလ္အလုပ္လုပ္မည့္ေမာင္ကံသည္ လမ္းလည္လ်က္ေနေလ၏။ တစ္ေနရာတြင္ ၾကီးမားေသာေျမြၾကီးတစ္ေကာင္က ေမာင္ကံအား တားေလ၏။ သို႔ေသာ္ ထိုေျမြၾကီးမွာ ေမာင္ကံလက္ခ်က္ျဖင့္ဇီ၀ိန္ခ်ဳပ္ေလသည္။
(ထိုအရပ္ကို တားေျမြဟုေခၚရာမွ ယေန႔ တာေမြ ျဖစ္လာေလသည္။)

ေနာက္ဆံုး ေရႊတိဂံုေစတီေတာ္သို့ေမာင္ကံေရာက္ရွိကာ ဆံေတာ္တြင္းသို႔ လွံကိုစိုက္ခ်ကာ ၀င္ေလ၏။ ဓားစက္၊လွံစက္မ်ားကို လွံရွည္တန္ခိုးျဖင့္ ျဖတ္ေက်ာ္ကာ ဆံေတာ္တည္ရွိရာ ေနရာအနီးသို႔ေရာက္ေလ၏။ ထိုအခ်ိန္တြင္ ရုတ္တရက္ငလ်င္ေတာ္လည္းကာ ေမာင္ကံ၏ ေျခအစံုသည္ လႈပ္၍မရေတာ့ေပ။

ထိုအျဖစ္ကို ရေသ့လည္း ဒိဗၺစကၡဳျဖင့္ျမင္၍ တပည့္၏အျဖစ္ကို သနားကာ ခ်က္ခ်င္းပင္ ဆံေတာ္တြင္းသို႔လိုက္သြားေလ၏။ ေမာင္ကံက ၾကင္စာရီႏွင့္ ေတြ႔ခ်င္သည္ဆိုသျဖင့္ ရေသ့က တန္ခိုးျဖင့္ ေဆာင္ယူေပးေလ၏။ ၾကင္စာရီေရာက္လွ်င္ ေမာင္ကံမွာ ရင္ဘတ္ထိတိုင္ ေက်ာက္ရုပ္ျဖစ္၍ေနျပီျဖစ္သည္။ ေမာင္ကံလည္း တုန္ရီေသာ ႏႈတ္ခမ္းအစံုျဖင့္ မိမိတို႔၏ ရင္ေသြးေလးကို မည္သည့္အခါတြင္မွ ျမတ္ဗုဒၶႏွင့္ ရတနာသံုးပါးကို မေစာ္ကားမိေစရန္ ဆံုးမပါဟု မွာကာ မ်ားမၾကာမီ ေက်ာက္ရုပ္ ျဖစ္ေလသတည္း။


ရန်ကုန်မြို့ရဲ့ မြို့နယ်အမည်တွေ ဘယ်လိုဖြစ်လာသလဲ နဲ့ မောင်ကံရာဇဝင် (unicode)

ဟိုးတုန်းကတော့ ရန်ကုန်ဟာ ရွှေတိဂုံဘုရားကို ဗဟိုပြုထားတဲ့ ငါးဖမ်းရွာလေးတစ်ရွာသာ ဖြစ်ပါတယ်။ အေဒီ ၆ ရာစုက စလို့ မွန်လူမျိုးများက ဒဂုံ အဖြစ်ပြောင်းလဲ တည်ထောင်ခဲ့ကြပါတယ်။ ဒဂုံ ဆိုသည်မှာ ဒဂုင်လွုင် ဟူသော ရွှေတိဂုံစေတီတော်ကြီး၏ ဘွဲ့အမည်မှ ဆင်းသက်လာခဲ့ကြောင်း သိရပါတယ်။ မွန်ဝေါဟာရ အရ ကုန်းမြင့်ပေါ်က စေတီ လို့ အဓိပ္ပါယ်ရပါတယ်။

၁၇၅၅ ခုနှစ်မှာ အလောင်းဘုရားဟာ ဒဂုံကို အောင်နိုင်ပြီး ရန်ကုန် ဟူ၍ စတင်ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက် ကုန်းဘောင်ခေတ် ၊ ကိုလိုနီခေတ်များကို ကျော်ဖြတ်ခဲ့ပြီး ယနေ့အချိန်မှာတော့ ရန်ကုန်ဟာ မြန်မာနိုင်ငံရဲ့ အစည်ကားဆုံး နဲ့ အဓိကအကျဆုံး မြို့အဖြစ်ရပ်တည်နေပါတယ်။ ရန်ကုန်မြို့ဟာ ကမာရွတ်၊ တာမွေ ၊ စမ်းချောင်း စတဲ့ မြို့နယ်ခွဲပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ထိုမြို့တွေရဲ့အမည် ဟာ ဘယ်ကနေ ဖြစ်ပေါ်လာပါသလဲ။ အများစုကတော့ မွန်နာမည် အခေါ်အဝေါ်ကနေ ဆင်းသက်လာခဲ့ပါတယ်။ မသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ် မျှဝေလိုက်ပါတယ်။

ကမာရွတ်- မွန်ဘာသာ အမည် ကမာရွတ်မှာ ‘ကမာ’ဆိုတာ ရေကန် ၊ ‘ရွတ်’ ဆိုတာ ရတာ ဖြစ်ပါတယ်။ ရတနာကန် ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ အင်းလျားကန်ကို ရှေးတုန်းက ခေါ်တဲ့နာမည်ပေါ့။

ကျောက်တံတား- ကုန်းဘောင်ခေတ်ဦးတုန်းက ဆူးလေတစ်ဝိုက်ဟာရေပတ်လည်ဝိုင်းနေတဲ့ နေရာပါ။ အဲဒီအနီးအနားမှာ ဘုရားဘက်ကို ကူးသွားနိုင်တဲ့ ကျောက်တံတားကြီး တစ်ခု ရှိခဲ့ဖူးရာကနေ ဒီနာမည် ဖြစ်လာပါသတဲ့။

ကြည့်မြင်တိုင် – မွန်ဘာသာအမည် ကမန်ဋ်ုင်က ဆင်းသက်လာတာပါ။ မြို့ရိုးရှိတဲ့ မြို့လို့ အဓိပ္ပါယ်ရပါတယ်။

ကံဘဲ့ – မွန်ဘာသာအမည် ခပင်း(ခပေင်) ကို မြန်မာဘာသာနဲ့ ခေါ်ရာ ကနေ ကန်ဘဲ့ ဆိုပြီးဖြစ်လာတာပါ။ အဓိပ္ပါယ်က ကသစ်ပင် ဖြစ်ပါတယ်။

ကုက္ကိုင်း – မွန်ဘာသာ “ကော့ကောင်း” က ဆင်းသက်လာတာ ဖြစ်ပါ တယ်။ ကော့ဆိုတာ ကုန်း၊ ကောင်းဆိုတာက မရွေးပင်ကိုခေါ်တာမို့ အစကတော့ မရွေးပင်ကုန်းလို့ ခေါ်တဲ့နေရာပါ။

စမ်းချောင်း – စတင်တည်ထောင်စအချိန်မှာ တောင်ကုန်းဖြစ်ခဲ့ပြီး အဲဒီတောင်ကုန်းတွေကြားမှာ စမ်းချောင်းကလေးတစ်ခု စီးဆင်းနေ ပါသတဲ့။ အဲဒီစမ်းချောင်းကို အစွဲပြုပြီး ခေါ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဆင်မလိုက် – ရှေးအခါက နွံထူတဲ့အရပ်ဖြစ်တာကြောင့် ဆင်တွေဟာ အဲဒီနေရာရောက်ရင် ဆက်မသွား ၊ ဆက်မလိုက်တော့ပဲ ရပ်တန့် သွားတတ်ရာကနေ ဆင်မလိုက် ဆိုပြီး ဖြစ်လာပါသတဲ့။

တာမွေ – မွန်အမည် တာမွေ ကနေ တိုက်ရိုက်ဆင်းသက်လာပါတယ်။ ထန်းပင်တစ်ပင် ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။

ပုဇွန်တောင် – မွန်ဘာသာ “ပုဇွန်ဒေ” ကလာတာပါ။ တောင်ကုန်းငါးခု လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီကုန်းတွေက မလွှကုန်း ၊ မအူကုန်း ၊ သစ်ဆိမ့်ကုန်း ၊ ချစ်တီးကုန်း နဲ့ ပုရွက်ဆိတ်ကုန်း တို့ဖြစ်ပါတယ်။

ဗဟန်း – ဗဟန်းဆိုတာကလည်း မွန်ဘာသာကနေဆင်းသက်လာပြီး အဝါရောင်ရှိတဲ့မြေလို့ အဓိပ္ပါယ်ရပါတယ်။ ရှေးအခါက ကန့်ထွက်တဲ့ အရပ်ဒေသ ဖြစ်ခဲ့ဟန် တူပါတယ်။

ဘောက်ထော် – မွန်ဘာသာ ပေါက်ထောကနေလာပြီး ရွှေဟင်္သာလို့ အဓိပ္ပါယ်ရပါတယ်။

မင်္ဂလာဒုံ – မွန်အမည် “ဍုံဒရိုင်မငေ” ကနေ ဆင်းသက်လာပါတယ်။ အဓိပ္ပါယ်က မင်္ဂလာသမင်မြို့ ဖြစ်ပါတယ်။ အဲဒီကနေ မြန်မာဘာသာ တိုက်ရိုက်ယူ သုံးရာကနေ မင်္ဂလာဒုံမြို့ ဆိုပြီး ဖြစ်လာပါတယ်။

မြေနီကုန်း – ၁၈၄၁ခုနှစ် သာယာဝတီမင်းလက်ထက် အခုမြို့မကျောင်းနား က ကွင်းပြင်မှာ အောင်မြေရန်နှင် နန်းမြို့တည်ဆောက်စဉ် မြို့တော်တံခါးတွေထဲမှာ မြေနီကုန်းတံခါး ဆိုတာပါပါတယ်။ အဲဒီတံခါးကနေ ထွက် လိုက်ရင် အနီရောင်တောင်ကုန်းငယ်ကလေးကို တွေ့ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။

လသာ – ရန်ကုန်ကို အင်္ဂလိပ်တွေသိမ်းပြီး မြို့ကွက်ရိုက်ရာမှာ လမ်းနာမည်ကို သူတို့အရာရှိတွေရဲ့အမည်တွေပေးခဲ့ပါတယ်။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲမှာပါဝင်ခဲ့တဲ့ ကတ်ပတိန်လတ္တာ(Capt.Lattar) ကို ဂုဏ်ပြု တဲ့အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်။ လတ္တာလမ်းကို မြန်မာလိုခေါ်ခဲ့ကြရာမှာ လသာလမ်း ဆိုပြီးဖြစ်လာပါတယ်။ အဲဒီနားတဝိုက်ကိုလည်း လသာရပ် ဆိုပြီးခေါ်ခဲ့ကြပါတယ်။

လမ်းမတော် – သာယာဝတီမင်း ရန်ကုန်မြို့ကိုကြွလာစဉ်တုန်းက သင်္ဘောဆိပ်ကနေ အောင်မြေရန်နှင်နန်းမြို့ကို သွားတဲ့လမ်းဖြစ်ပါတယ်။ ဘုရင်သွားတဲ့လမ်းမ ဖြစ်တာကြောင့်’ တော်’တပ်ခေါ်ရာနေ လမ်းမတော် ဆိုပြီးဖြစ်လာပါတယ်။

အင်းစိန် – မွန်ဘာသာ အန်းစိန်(အင်စိင်)ကနေ ဆင်းသက်လာပြီး ဆင်တွေရေကစားရာအရပ် လို့ အဓိပ္ပါယ်ရပါတယ်။

အထက်ပါအချက်အလက်တွေကတော့ စာအုပ် မှတ်တမ်းတွေထဲက အချက်အလက်တွေဖြစ်ပြီး နောက်ထပ် ရန်ကုန်မြို့နဲ့ ဆက်စပ်တဲ့လူသိများတဲ့ရာဇဝင်ကတော့ မောင်ကံ ရာဇဝင်ပါ။ မောင်ကံဇာတ်လမ်းထဲမှာတော့ ရန်ကုန်မြို့ရဲ့ မြို့နယ်နာမည်တွေဖြစ်လာပုံက တစ်မျိုးတဘာသာဖြစ်ပါတယ်။ မောင်ကံ နဲ့ ရန်ကုန်မြို့ရာဇဝင်ကို မသိသေးသူများအတွက် ကိုမင်းထက်ကျော်စွာ(ပဥ္စမံကြောင်) ရေးထားတာလေးကို မျှဝေလိုက်ပါတယ်။

အကယ်၍ မိတ်ဆွေသည် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဖူးမြော်ရောက်ရှိခဲ့ပါက အနောက်ဘက်မုခ်အနီးတွင် ဆံတော်တွင်းကို ကြည်ညိုတွေ့ရှိရမည်ဖြစ်သည်။ ကျနော် ပြောမည့်အကြောင်းအရာ သည် အဆိုပါ ဆံတော်တွင်းထဲတွင် ယနေ့တိုင် ကျောက်ရုပ် အဖြစ်တည်ရှိနေသည်ဆိုသော မွန်သူရဲကောင်း မောင်ကံ၏ စွန့်စားခန်း ( The Legend of Maung Kan ) ပင်ဖြစ်တော့သတည်း။

တစ်ခါက ဒဂုံမြို့တွင် ရိုးသားစွာ လယ်ယာလုပ်ကိုင်သော မောင်ကံအမည်ရှိ လူငယ်တစ်ဦး ရှိလေ၏။ လွန်စွာ သန်မာထွားကျိုင်းသည်ဆို၏။ တစ်နေ့တွင် ရသေ့တစ်ပါးက(မူကွဲများတွင် ဇော်ဂျီဟုလည်းဆို) မိမိ၏ ထွက်ရပ်လမ်းအတွက် လိုအပ်သော ပုဂ္ဂိုလ်လိုက်ရှာရာ မောင်ကံအားတွေ့သဖြင့် မိမိအား ကူညီပါမည်လားမေးမြန်းရာ မောင်ကံလည်း ဝမ်းမြောက်ဝမ်းသာလက်ခံလေ၏။

သို့ရာတွင် ရသေ့က မောင်ကံ၏ သတ္တိကိုစမ်းလိုသဖြင့် ငါခုန်သလို လိုက်ခုန်စမ်းပါလှည့် ဟုဆိုကာ ကန်တစ်ခုအား ခုန်ကျော်ပြလေ၏။ ကန်မှာအတော်ကျယ်သော်လည်း ရသေ့မှာ ချောမောစွာပင် တစ်ဖက်ကမ်းသို့ရောက်လေ၏။ မောင်ကံလည်း မာန်ကိုသွင်း၍ ခုန်သော်လည်း ရသေ့က တန်ခိုးပြသောကြောင့် ကမ်းပေါ်မရောက်ဘဲ ဘောင်ပေါ်ကျကာ ကန်ပဲ့သွားလေ၏။
( ထိုအရပ်ကို ယနေ့တိုင် ကံဘဲ့ ဟုခေါ်လေသည်။)

ထို့နောက် ရသေ့က မောင်ကံအား စည်းတစ်ခုတားပေးကာ ဆေးလုံးသုံးလုံးပေးလေ၏။ မိမိက ပေါက်ဟုအော်လျှင် ဆေးတစ်လုံးသာ ပေါက်ရန်မှာကာ မည်သည့်ရန်သူလာလာ စည်းကို မကျော်ရန်မှာကြားလေ၏။

ပထမတစ်ခေါက်တွင် ဆင်ရိုင်းအုပ်ကြီးသည်လည်းကောင်း၊ဒုတိယအခေါက်တွင် မိုးကြိုးမုန်တိုင်းများကျ၍လည်းကောင်း၊တတိယအခေါက်တွင် ဘီလူးသရဲများရောက်၍သော်လည်းကောင်း အနှေင့်အယှက်များလာသော်လည်း မောင်ကံသည် တည်ငြိမ်စွာရင်ဆိုင်နိုင်ခဲ့သည် ဆို၏။ ရသေ့လည်း ထွက်ရပ်ပေါက်၍အလိုပြည့်သည့်အခါ မောင်ကံကို ကျေးဇူးတင်သဖြင့် မြေလျှိုးမိုးပျံ နိုင်သော လှံရှည် ကို ပေးအပ်ခဲ့လေ၏

မောင်ကံလည်း ထိုလှံပျံ တန်ခိုးဖြင့် လှည့်လည်သွားလာရင်း ဂန္ဓာလရာဇ်တိုင်း(တရုတ်ပြည်)ထိရောက်ကာ တရုတ်ဥတည်မင်း၏ သမီးတော်ကြင်စာရီ နှင့်တွေ့လေ၏။ ကြင်စာရီမှာလည်း အစွမ်းထက်သော မွန်လူစွမ်းကောင်း အား မေတ္တာသက်ဝင် နှစ်သက်သွားကာ များမကြာမီ ချစ်သူများ ဖြစ်သွားကြလေ၏။လအနည်းငယ်အကြာတွင် ပဋိသန္ဓေခလေ၏။

ထိုအကြောင်းကို ဥတည်မင်း သိလျှင် မောင်ကံအားခေါ်၍ “မွန်လူစွမ်းကောင်းငယ်၊သင်တို့ဟံသာဝတီပြည်မှ တန်ခိုးကြီးဘုရားရွှေတိဂုံတွင် မြတ်ဗုဒ္ဓ၏ဆံတော်အစစ်ကို ဌာပနာထားသည် မဟုတ်တုံလော၊ ငါလည်း ကိုးကွယ်ချင်ပါ၏။ ငါ့ထံသို့ဆံတော်များဆောင်ကျဉ်းပေးပြီးသည်နှင့်တစ်ပြိုင်နက် သင့်အား သမီးတော်နှင့် ထိမ်းမြားကာ အိမ်ရှေ့အရာ ပေးအံ့”

မောင်ကံလည်း ချစ်ရသူနှင့်ဝေးမည်စိုးသဖြင့် ချက်ချင်းပင်ဆောင်ယူမည်ဖြစ်ကြောင်း ကတိပေးကာ လှံရှည်အားခွလျက် မွေးရပ်မြေသို့ ပျံထွက်ခဲ့လေ၏။ ကြာမြင့်စွာ ပျံသန်း၍ တစ်နေရာသို့အရောက်တွင် မောပြီ ဟုဆိုကာ လှံကို ထောက်လျက်နားလေ၏။ ( ထိုအရပ်ကို မှော်ဘီ ဟု ယနေ့တိုင်တွင်လေ၏)

အမောပြေ၍ဆက်လက်ပျံသန်းရင်း စမ်းချောင်းတစ်ခုကိုတွေ့၍ ရေဆင်းသောက်ခဲ့သေးသည်ဆို၏။( ထိုအရပ်ကို စမ်းချောင်း ဟု ယနေ့တိုင်တွင်လေ၏။)
ထို့နောက် ဆက်လက်ပျံသန်းခဲ့ရာ ရွှေတိဂုံစေတီတော်ကို ကြည့်လျှင် မြင်နိုင်သည့် နေရာသို့ရောက်လေ၏။ (ထိုအရပ်မှာ ယနေ့ ကြည့်မြင်တိုင် ဟုခေါ်သောအရပ်ပင်ဖြစ်သည်။)

တစ်နေရာတွင်မူ မောင်ကံသည် ရပ်၍စဉ်းစား၏။ “ဘုရားဆံတော်ကို ခိုးယူခြင်းမှာ အကုသိုလ် ကြီးမားပေမည်။ အို မဖြစ်ချေပါဘူး။ ဆံတော်မပါလျှင် ကြင်စာရီ နှင့်ဝေးရချည့်။မည်သို့ပင်ဖြစ်စေ ရွှေတိဂုံတ်ိုင်အောင်သွားတော့မည်။” ( ထိုအရပ်ကို ရွှေဂုံတိုင်ဟု ယနေ့တိုင် တွင်လေ၏)

ဘုရားကို မြင်ရသော်လည်း အကုသိုလ်အလုပ်လုပ်မည့်မောင်ကံသည် လမ်းလည်လျက်နေလေ၏။ တစ်နေရာတွင် ကြီးမားသောမြွေကြီးတစ်ကောင်က မောင်ကံအား တားလေ၏။ သို့သော် ထိုမြွေကြီးမှာ မောင်ကံလက်ချက်ဖြင့်ဇီဝိန်ချုပ်လေသည်။
(ထိုအရပ်ကို တားမြွေဟုခေါ်ရာမှ ယနေ့ တာမွေ ဖြစ်လာလေသည်။)

နောက်ဆုံး ရွှေတိဂုံစေတီတော်သို့မောင်ကံရောက်ရှိကာ ဆံတော်တွင်းသို့ လှံကိုစိုက်ချကာ ဝင်လေ၏။ ဓားစက်၊လှံစက်များကို လှံရှည်တန်ခိုးဖြင့် ဖြတ်ကျော်ကာ ဆံတော်တည်ရှိရာ နေရာအနီးသို့ရောက်လေ၏။ ထိုအချိန်တွင် ရုတ်တရက်ငလျင်တော်လည်းကာ မောင်ကံ၏ ခြေအစုံသည် လှုပ်၍မရတော့ပေ။

ထိုအဖြစ်ကို ရသေ့လည်း ဒိဗ္ဗစက္ခုဖြင့်မြင်၍ တပည့်၏အဖြစ်ကို သနားကာ ချက်ချင်းပင် ဆံတော်တွင်းသို့လိုက်သွားလေ၏။ မောင်ကံက ကြင်စာရီနှင့် တွေ့ချင်သည်ဆိုသဖြင့် ရသေ့က တန်ခိုးဖြင့် ဆောင်ယူပေးလေ၏။ ကြင်စာရီရောက်လျှင် မောင်ကံမှာ ရင်ဘတ်ထိတိုင် ကျောက်ရုပ်ဖြစ်၍နေပြီဖြစ်သည်။ မောင်ကံလည်း တုန်ရီသော နှုတ်ခမ်းအစုံဖြင့် မိမိတို့၏ ရင်သွေးလေးကို မည်သည့်အခါတွင်မှ မြတ်ဗုဒ္ဓနှင့် ရတနာသုံးပါးကို မစော်ကားမိစေရန် ဆုံးမပါဟု မှာကာ များမကြာမီ ကျောက်ရုပ် ဖြစ်လေသတည်း။

Leave a Reply