ၿဂဳိဟ္ႀကီး ၉ လုံး ကေန ၈လုံး ျဖစ္သြားရတဲ့အေၾကာင္းအရင္း

Posted on


၂၀၀၆ ခုႏွစ္တည္းက ၿဂဳိဟ္ႀကီး ၈ လုံးသာရွိေၾကာင္း ေျပာင္းလဲသတ္မွတ္ခဲ့တာပါ။ ၾကာၿပီျဖစ္ေပမယ့္ ယခုထက္တုိင္ မရွင္းလင္းေသးတဲ့မိတ္ေဆြမ်ားအတြက္ Myanmar Astronomy မွ ‘ခြန္း’ ေရးခဲ့တဲ့ပိုစ့္ကုိ ျပန္လည္ေ၀မွ်လုိက္ပါတယ္။

ပလူတို ကို ဘာေႀကာင္႔ ျဂိဳဟ္သိမ္ အျဖစ္ အဆင္႔ ေလ်ွာ႔ခ်ရတာလဲ

IAU က ၂၀၀၆ ခုနွစ္ မွာ definition of planet ကို သတ္မွတ္လိုက္ တဲ႔ အခ်ိန္ မတိုင္ခင္ အထိ ပလူတို ဟာ ျဂိဳဟ္ အျဖစ္ ရွိခဲ႔ပါတယ္။ အဲဒီ defination ကို ထုတ္ျပီးတဲ႔ အခါမွာေတာ႔ ပလူတိုဟာ ျဂိဳဟ္သိမ္ ျဖစ္သြားပါျပီ။ အရင္ကေတာ႔ ေကာင္းျပီ ေကာင္းရက္နဲ႔ ျဂိဳဟ္ လုပ္ထားျပီးေတာ႔ မွ အခုမွ ျဂိဳဟ္သိမ္ ဆိုျပီး ေကာက္ လုပ္လိုက္တဲ႔ အတြက္ စတင္ေတြ႔ရွိခဲ႔သူ Clyde W. Tombaugh ရဲ႔ အသိုင္းအ၀ိုင္းနဲ႔ သူ႔ကို ေလးစားႀကည္ညိဳသူမ်ားရဲ႔ ဆႏၵျပမႈေတြ ျဖစ္ခဲ႔ပါတယ္။ ဒါေပမယ္႔ အဲလို မလုပ္လို႔ မရတဲ႔ အေႀကာင္း အရာကလည္း ရွိေနပါတယ္။

၁၉၅၁ ခုနွစ္မွာ ေကြပါခါးပါတ္ (kuiper belt) ကို ေတြ႔ရွိျပီးတဲ႔ အခ်ိန္ကစလို႔ ပလူတို နဲ႔ ပါတ္သတ္ျပီး စဥ္းစား စရာေတြ စျဖစ္လာခဲ႔တာပါ။ ၂၀၀၂ ခုနွစ္မွာ KBO 50000 Quaoar ကို စျပီး ေတြ႔ခဲ႔ ပါတယ္။ အခ်င္း အားျဖင္႔ ၁၂၈၀ ကီလို မီတာ ရွိျပီးေတာ႔ ပလူတိုရဲ႔ တ၀က္ ရွိပါတယ္။ ၂၀၀၄ ခုနွစ္မွာ Sedna ကို ေတြ႔ခဲ႔ ပါတယ္။ သူ႔အခ်င္းက ကီလိုမီတာ ၁၈၀၀ ျဖစ္တဲ႔အတြက္ အခ်င္း ကီလိုမီတာ ၂၃၂၀ ပဲ ရွိတဲ႔ ပလူတိုနဲ႔ မတိမ္းမယိမ္း ရွိေန ပါျပီ။ ၂၀၀၅ ခုနွစ္ ဇူလိုင္ ၂၉ ခုနွစ္မွာ ေတာ႔ နက္ပကြ်န္းအလြန္ အရာ၀တၳဳေတြ႔ ရွိေႀကာင္း ေႀကာ္ညာခ်က္ ထြက္ ေပၚခဲ႔ပါတယ္။ အသစ္ ေတြ႔ရွိတဲ႔ အရာ၀တၳဳ အမည္က Eris ျဖစ္ျပီးေတာ႔ သူက ပလူတို ထက္ ပိုႀကီးပါတယ္။ ၁၈၄၆ ခုနွစ္က Triton ကို ေတြ႔ရွိျပီးတဲ႔ ေနာက္ပိုင္းမွာ ေနစႀကာ၀ဠာ အတြင္း အႀကီးမားဆံုး အရာ၀တၳဳ ေတြ႔ရွိတာ ျဖစ္ပါတယ္။ တရား၀င္ သတ္မွတ္မႈ မရွိေသးေပမယ္႔ ၁၀ ခုေျမာက္ ျဂိဳဟ္ လို႔ ေခၚခဲ႔ႀကပါတယ္။ Eris ကို ျဂိဳဟ္ အျဖစ္ သတ္မွတ္လိုက္ရင္ သူ႔ လိုပဲ သတ္မွတ္စရာ ျဂိဳဟ္ ေတြ အမ်ားႀကီး က်န္ပါေသးတယ္။

ျဂိဳဟ္ေတြ အမ်ားႀကီး ျဖစ္လာျပီး စႀကာ၀ဠာ ေလ႔လာမႈ အတြက္ ရႈပ္ေထြးလာေတာ႔ မွာ ျဖစ္ပါတယ္။ အဲဒီ အခ်ိန္မွာ နကၡတၱပညာရွင္ အသိုင္းအ၀ိုင္း မွာ ပလူတိုကို ျဂိဳဟ္သိမ္ အျဖစ္ သတ္မွတ္ဖို႔ ဖိအား ပိုမ်ား လာခဲ႔ပါတယ္။ အျခားျဂိဳဟ္ ေတြရဲ႔ ပါတ္လမ္းေတြကို ေထာင္႔တစ္ခု ခံေဆာင္ျပီး ပါတ္ေနတဲ႔ သူရဲ႔ ပါတ္လမ္းကို ေဘးက ပံုမွာ ေတြ႔နိုင္ပါတယ္။ ပလူတို ကို ျဂိဳဟ္အျဖစ္ သတ္မွတ္ နိုင္စရာ တစ္ခုထဲေသာ အေႀကာင္းအရာ အျဖစ္ သူ႔ရဲ႔ ခပ္ႀကီးႀကီး လ တစ္လံုး ျဖစ္တဲ႔ Charon ပဲ က်န္ပါတယ္။ ဒါေပမယ္႔ ၂၀၀၅ စက္တင္ဘာမွာ Eris မွာ ျဂိဳဟ္ရံလ Dysnomia ရွိေႀကာင္း ေတြ႔ ရွိ ခဲ႔တဲ႔ အတြက္ ပလူတို ကို ျဂိဳဟ္ အျဖစ္ ဆက္လက္ ထားရွိေရး ကိစၥ အဆံုးသတ္သြား ခဲ႔ပါတယ္။

၂၀၀၆ ခုနွစ္မွာ IAU က definition of planet ကို ထုတ္ျပန္ခဲ႔ပါတယ္။ အဲဒီ ထုတ္ျပန္ခ်က္အရ အရာ၀တၳဳတစ္ခု ဟာ ျဂိဳဟ္ အျဖစ္ သတ္မွတ္ ခံရနိုင္ဖို႔ ေအာက္ ပါ အခ်က္သံုးခ်က္နဲ႔ ညီ ဖို႔ လုိအပ္ပါတယ္။

၁။ အရာ၀တၳဳဟာ ေနကို ပါတ္တဲ႔ ပါတ္လမ္း အတြင္းမွာ ရွိရပါမယ္။
၂။ အရာ၀တၳဳဟာ သူ႔ကိုယ္ပိုင္ ဆြဲငင္အား နဲ႔ လံုး၀န္းတဲ႔ ပံုစံ ျဖစ္ေစဖို႔ လံုေလာက္တဲ႔ ျဒပ္သား ပမာဏ ရွိရပါမယ္။ သူ႔ရဲ႔ ပံုစံကို hydrostatic equilibrium ျဖစ္ေစဖို႔ လံုေလာက္တဲ႔ ဆြဲငင္အား ရွိရပါမယ္။
၃။ အရာ၀တၳဳမွာ ရွင္းလင္းတဲ႔ ေနပါတ္လမ္းေႀကာင္း ရွိရပါမယ္။ သူ႔ ပါတ္လမ္း တြင္း မွာ အျခား အရာ၀တၳဳ မ်ား မရွိရပါဘူး။

ပလူတုိဟာ တတိယအခ်က္နဲ႔ မညီပါဘူး။ သူ႔ ရဲ႔ ျဒပ္ထုဟာ သူ႔ ပါတ္လမ္း အတြင္း မွာရွိတဲ႔ အရာ၀တၳဳ စုစု ေပါင္း ျဒပ္ထုရဲ႔ ၀.၀၇ ဆ ပဲ ရွိပါတယ္။ (ကမၻာရဲ႔ ျဒပ္ထုဟာ သူ႔ပါတ္လမ္းထဲရွိ အျခား အရာစုစုေပါင္းရဲ႔ ၁.၇ သန္း ဆ ရွိပါတယ္။)

၂၀၀၆ ခုနွစ္ စက္တင္ဘာ ၁၃ ရက္ေန႔မွာ IAU က ျဂိဳဟ္သိမ္ (minor planet) စာရင္းကို ထုတ္ျပန္ ခဲ႔ပါတယ္။ အဲဒီ စာရင္းထဲက အႀကီးဆံုး အရာ၀တၳဳ ၁၀ခု ရဲ႔ ပံုကို ေအာက္မွာ ျပထားပါတယ္။


ခြန္း( Myanmar Astronomy )


ဂြိုဟ်ကြီး ၉ လုံး ကနေ ၈လုံး ဘာကြောင့်ဖြစ်သွားတာလဲ (unicode)

၂၀၀၆ ခုနှစ်တည်းက ဂြိုဟ်ကြီး ၈ လုံးသာရှိကြောင်း ပြောင်းလဲသတ်မှတ်ခဲ့တာပါ။ ကြာပြီဖြစ်ပေမယ့် ယခုထက်တိုင် မရှင်းလင်းသေးတဲ့မိတ်ဆွေများအတွက် Myanmar Astronomy မှာ ‘ခွန်း’ ရေးခဲ့တဲ့ပိုစ့်ကို ပြန်လည်ဝေမျှလိုက်ပါတယ်။

ပလူတို ကို ဘာကြောင့် ဂြိုဟ်သိမ် အဖြစ် အဆင့် လျှော့ချရတာလဲ

IAU က ၂၀၀၆ ခုနှစ် မှာ definition of planet ကို သတ်မှတ်လိုက် တဲ့ အချိန် မတိုင်ခင် အထိ ပလူတို ဟာ ဂြိုဟ် အဖြစ် ရှိခဲ့ပါတယ်။ အဲဒီ defination ကို ထုတ်ပြီးတဲ့ အခါမှာတော့ ပလူတိုဟာ ဂြိုဟ်သိမ် ဖြစ်သွားပါပြီ။ အရင်ကတော့ ကောင်းပြီ ကောင်းရက်နဲ့ ဂြိုဟ် လုပ်ထားပြီးတော့ မှ အခုမှ ဂြိုဟ်သိမ် ဆိုပြီး ကောက် လုပ်လိုက်တဲ့ အတွက် စတင်တွေ့ရှိခဲ့သူ Clyde W. Tombaugh ရဲ့ အသိုင်းအဝိုင်းနဲ့ သူ့ကို လေးစားကြည်ညိုသူများရဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲလို မလုပ်လို့ မရတဲ့ အကြောင်း အရာကလည်း ရှိနေပါတယ်။

၁၉၅၁ ခုနှစ်မှာ ကွေပါခါးပါတ် (kuiper belt) ကို တွေ့ရှိပြီးတဲ့ အချိန်ကစလို့ ပလူတို နဲ့ ပါတ်သတ်ပြီး စဉ်းစား စရာတွေ စဖြစ်လာခဲ့တာပါ။ ၂၀၀၂ ခုနှစ်မှာ KBO 50000 Quaoar ကို စပြီး တွေ့ခဲ့ ပါတယ်။ အချင်း အားဖြင့် ၁၂၈၀ ကီလို မီတာ ရှိပြီးတော့ ပလူတိုရဲ့ တဝက် ရှိပါတယ်။ ၂၀၀၄ ခုနှစ်မှာ Sedna ကို တွေ့ခဲ့ ပါတယ်။ သူ့အချင်းက ကီလိုမီတာ ၁၈၀၀ ဖြစ်တဲ့အတွက် အချင်း ကီလိုမီတာ ၂၃၂၀ ပဲ ရှိတဲ့ ပလူတိုနဲ့ မတိမ်းမယိမ်း ရှိနေ ပါပြီ။ ၂၀၀၅ ခုနှစ် ဇူလိုင် ၂၉ ခုနှစ်မှာ တော့ နက်ပကျွန်းအလွန် အရာဝတ္ထုတွေ့ ရှိကြောင်း ကြော်ညာချက် ထွက် ပေါ်ခဲ့ပါတယ်။ အသစ် တွေ့ရှိတဲ့ အရာဝတ္ထု အမည်က Eris ဖြစ်ပြီးတော့ သူက ပလူတို ထက် ပိုကြီးပါတယ်။ ၁၈၄၆ ခုနှစ်က Triton ကို တွေ့ရှိပြီးတဲ့ နောက်ပိုင်းမှာ နေစကြာဝဠာ အတွင်း အကြီးမားဆုံး အရာဝတ္ထု တွေ့ရှိတာ ဖြစ်ပါတယ်။ တရားဝင် သတ်မှတ်မှု မရှိသေးပေမယ့် ၁၀ ခုမြောက် ဂြိုဟ် လို့ ခေါ်ခဲ့ကြပါတယ်။ Eris ကို ဂြိုဟ် အဖြစ် သတ်မှတ်လိုက်ရင် သူ့ လိုပဲ သတ်မှတ်စရာ ဂြိုဟ် တွေ အများကြီး ကျန်ပါသေးတယ်။

ဂြိုဟ်တွေ အများကြီး ဖြစ်လာပြီး စကြာဝဠာ လေ့လာမှု အတွက် ရှုပ်ထွေးလာတော့ မှာ ဖြစ်ပါတယ်။ အဲဒီ အချိန်မှာ နက္ခတ္တပညာရှင် အသိုင်းအဝိုင်း မှာ ပလူတိုကို ဂြိုဟ်သိမ် အဖြစ် သတ်မှတ်ဖို့ ဖိအား ပိုများ လာခဲ့ပါတယ်။ အခြားဂြိုဟ် တွေရဲ့ ပါတ်လမ်းတွေကို ထောင့်တစ်ခု ခံဆောင်ပြီး ပါတ်နေတဲ့ သူရဲ့ ပါတ်လမ်းကို ဘေးက ပုံမှာ တွေ့နိုင်ပါတယ်။ ပလူတို ကို ဂြိုဟ်အဖြစ် သတ်မှတ် နိုင်စရာ တစ်ခုထဲသော အကြောင်းအရာ အဖြစ် သူ့ရဲ့ ခပ်ကြီးကြီး လ တစ်လုံး ဖြစ်တဲ့ Charon ပဲ ကျန်ပါတယ်။ ဒါပေမယ့် ၂၀၀၅ စက်တင်ဘာမှာ Eris မှာ ဂြိုဟ်ရံလ Dysnomia ရှိကြောင်း တွေ့ ရှိ ခဲ့တဲ့ အတွက် ပလူတို ကို ဂြိုဟ် အဖြစ် ဆက်လက် ထားရှိရေး ကိစ္စ အဆုံးသတ်သွား ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ IAU က definition of planet ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ထုတ်ပြန်ချက်အရ အရာဝတ္ထုတစ်ခု ဟာ ဂြိုဟ် အဖြစ် သတ်မှတ် ခံရနိုင်ဖို့ အောက် ပါ အချက်သုံးချက်နဲ့ ညီ ဖို့ လိုအပ်ပါတယ်။

၁။ အရာဝတ္ထုဟာ နေကို ပါတ်တဲ့ ပါတ်လမ်း အတွင်းမှာ ရှိရပါမယ်။
၂။ အရာဝတ္ထုဟာ သူ့ကိုယ်ပိုင် ဆွဲငင်အား နဲ့ လုံးဝန်းတဲ့ ပုံစံ ဖြစ်စေဖို့ လုံလောက်တဲ့ ဒြပ်သား ပမာဏ ရှိရပါမယ်။ သူ့ရဲ့ ပုံစံကို hydrostatic equilibrium ဖြစ်စေဖို့ လုံလောက်တဲ့ ဆွဲငင်အား ရှိရပါမယ်။
၃။ အရာဝတ္ထုမှာ ရှင်းလင်းတဲ့ နေပါတ်လမ်းကြောင်း ရှိရပါမယ်။ သူ့ ပါတ်လမ်း တွင်း မှာ အခြား အရာဝတ္ထု များ မရှိရပါဘူး။

ပလူတိုဟာ တတိယအချက်နဲ့ မညီပါဘူး။ သူ့ ရဲ့ ဒြပ်ထုဟာ သူ့ ပါတ်လမ်း အတွင်း မှာရှိတဲ့ အရာဝတ္ထု စုစု ပေါင်း ဒြပ်ထုရဲ့ ၀.၀၇ ဆ ပဲ ရှိပါတယ်။ (ကမ္ဘာရဲ့ ဒြပ်ထုဟာ သူ့ပါတ်လမ်းထဲရှိ အခြား အရာစုစုပေါင်းရဲ့ ၁.၇ သန်း ဆ ရှိပါတယ်။)

၂၀၀၆ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့မှာ IAU က ဂြိုဟ်သိမ် (minor planet) စာရင်းကို ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီ စာရင်းထဲက အကြီးဆုံး အရာဝတ္ထု ၁ဝခု ရဲ့ ပုံကို အောက်မှာ ပြထားပါတယ်။

ခွန်း( Myanmar Astronomy )

Leave a Reply