ေျမာက္၀န္ရုိးစြန္း ဆုိတာ (သို႔) ေျမာက္၀န္ရုိးစြန္းရဲ႕ ထူးျခားခ်က္မ်ား

Posted on

Written By Paing Hmu Ko(MYMC Club)

 

ေျမာက္၀င္ရုိးစြန္း (North Pole) ဆိုတာ ဘာလဲ၊ ဘယ္မွာ ရွိတာလဲ။ သူနဲ႔ ပတ္သက္သမွ် စိတ္၀င္စားစရာ အေၾကာင္း အရာ ေတြကို တင္ဆက္ ေပးထားတာမို႔ ဆက္လက္ ဖတ္ရႈ ၾကပါဦး။

ေျမာက္၀င္ရုိးစြန္း အေၾကာင္း မေျပာခင္ ၀င္ရုိးစြန္း အေၾကာင္း စေျပာျပ ပါရေစ။ ကမာၻေပၚမွာ ၀င္ရိုးစြန္း ႏွစ္ခု ရွိတာေတာ့ လူတိုင္း သိၾကပါ တယ္။ ေတာင္၀င္ရိုး စြန္းရယ္၊ ေျမာက္၀င္ရုိးစြန္း ရယ္ေပါ့။ တကယ္ေတာ့ ၀င္ရိုးစြန္း ႏွစ္ခု ထက္မက ရွိပါတယ္။ သံလုိက္ ေျမာက္၀င္ရုိးစြန္းနဲ႔ သံလိုက္ ေတာင္၀င္ရိုးစြန္း ဆိုတာလည္း ရွိပါ ေသးတယ္။ အဲဒါေၾကာင့္ ေျမာက္၀င္ရိုးစြန္း လို႔ဆိုရင္ ကမာၻေျမာက္ စြန္းစြန္းမွာ ရွိတဲ့ လူသိမ်ားတဲ့ ေျမာက္၀င္ရုိးစြန္းရယ္၊ သံလိုက္ အိမ္ေျမွာင္ရဲ႕ ေျမာက္ဘက္ တည့္တည့္ မွာရွိတဲ့ သံလိုက္ ေျမာက္၀င္ရုိးစြန္း ဆိုျပီး ႏွစ္မ်ိဳးႏွစ္စား ရွိမွာ ျဖစ္ ပါတယ္။

သံလုိက္ ေျမာက္၀င္ရိုးစြန္း အေၾကာင္း

ကမာၻလံုးၾကီးရဲ႕ အတြင္းဆံုး သံလႊာရဲ႕ အျပင္ဆံုး အျခမ္းမွာ လႈပ္ရွားမႈ ေတြေၾကာင့္ သံလုိက္ စက္ကြင္းေတြ ထြက္ပါတယ္။ သံလုိက္ေၿမာက္ ၀င္ရိုးစြန္းနဲ႔ သံလုိက္ ေတာင္၀င္ရိုးစြန္း ေနရာ ေတြဟာ အဆိုပါ သံလုိက္ စက္ကြင္းေတြရဲ႕ ေဒါင္လိုက္ က်တဲ့ ေနရာေတြ ျဖစ္ပါတယ္။ သံလုိက္ ေျမာက္၀င္ရုိး စြန္းဟာ ရိုးရုိး ေျမာက္၀င္ရိုး စြန္းနဲ႔ မတူပါဘူး။ သံလုိက္ ေျမာက္၀င္ရိုး စြန္းဟာ တကယ့္ ရုိးရိုးေျမာက္ ၀င္ရိုးစြန္းရဲ႕ မိုင္ေပါင္း မ်ားစြာေသာ အကြာအေ၀းမွာ ရွိပါတယ္။ သူ႔ကို ပထမဆံုး စတင္ ေတြ႔ရွိခဲ့ တာကေတာ့ ၁၈၃၁ ကပါ။ စတင္ ေတြ႔ရွိတဲ့ ေနရာကေတာ့ ရိုးရိုး ေျမာက္၀င္ရိုးစြန္းရဲ႕ မိုင္၅၀၀ အကြာ ကေနဒါႏုိင္ငံ ရဲ႕ Ellesmere ကြ်န္းနားမွာ ျဖစ္ပါတယ္။

ဒါေပမယ့္ သံလိုက္ ေျမာက္၀င္ရိုး စြန္းဟာ တစ္ေနရာ တည္းမွာ ရွိမေန ပါဘူး။ ကမာၻ႔ သံလုိက္ စက္ကြင္းေတြ အေျပာင္းအလဲေၾကာင့္ သူလည္း ေနရာအျမဲလို ေျပာင္းပါတယ္။ ယခုလက္ရွိ အရ ေျပာရရင္ စတင္ ေတြ႔ရွိတဲ့ ေနရာရဲ အေနာက္ ေျမာက္ဘက္ကို တစ္ႏွစ္လွ်င္ ၃၄မိုင္ႏႈန္း ေလာက္ကို ျမန္ျမန္ ဆန္ဆန္ ေျပာင္းေန ပါတယ္။ ျပ ႆနာ ေတြ႔ၾကံဳရတဲ့ သူေတြ ကေတာ့ ရာသီေျပာင္း ငွက္ေတြနဲ႔ လူေတြရဲ႕ သံလိုက္ အိမ္ေျမွာင္ ေတြပါပဲ။ ဒါေပမယ့္ သံလိုက္ ၀င္ရိုးစြန္း ေတြ ကေတာ့ ေတာင္နဲ႔ေျမာက္ ေျပာင္းသြား တဲ့အထိ ေျပာင္းေန မွာပါပဲ။ အ့ဲလို ျဖစ္ရပ္မ်ိဳး ကေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၇၃၀ ၀၀၀ ေက်ာ္က ျဖစ္ ဖူးျပီး ေနာက္ျဖစ္ဖို႔ ကေတာ့ ကြ်န္ေတာ္တို႔ သက္တမ္းနဲ႔ မီမွာ မဟုတ္ေပမယ့္ အဲဒီလို ျဖစ္ခဲ့ရင္ သံလိုက္ အိမ္ေျမွာင္ေတြဟာ ေတာင္ဘက္ကုိ ညႊန္ ကုန္ၾကမွာ ျဖစ္ပါတယ္။

ရိုးရိုး ေျမာက္၀င္ရိုးစြန္း အေၾကာင္း

ဒီေျမာက္၀င္ရိုး စြန္းဟာ ကမာၻၾကီးရဲ႕ ေျမာက္ဘက္ အက်ဆံုး ေနရာမွာ ရွိပါတယ္။ အဆိုပါ ေနရာရဲ႕ လကၱီက်ဳဟာ ၉၀ ဒီဂရီ ေျမာက္ဘက္ တိ တိ ရွိျပီး ေလာင္တီက်ဳ မ်ဥ္းအားလံုးဟာ အဲဒီမွာပဲ သြားဆံု ပါတယ္။ ေလာင္တီက်ဳ မ်ဥ္းေတြ အားလံုးဟာ အဲဒီေနရာမွာ စတာေၾကာင့္ Time Zone မရွိပါဘူး။ တည္ေနရာ ကေတာ့ ေရခဲအထူ ၆ ေပကေန ၁၀ ေပအထိ ရွိတဲ့ ေရခဲေတြနဲ႔ ဖံုးလႊမ္းေနတဲ့ အာတိတ္ သမုဒၶရာ ထဲမွာ ရွိ ပါတယ္။ ဒီ ေျမာက္၀င္ရိုးစြန္း ကလည္း အခ်ိန္နဲ႔ အမွ် နည္းနည္းျခင္းစီ ေျပာင္းလဲေလ့ ရွိပါတယ္။

ကမာၻၾကီးရဲ႕ ၀င္ရုိးဟာ ၂၃.၄ ဒီဂရီ တိမ္း ေစာင္း ေနတာေၾကာင့္ ဒီေျမာက္၀င္ရိုးစြန္း ဟာလည္း လိုက္ေျပာင္း ပါတယ္။ သိပၸံပညာရွင္ ေတြရဲ႕ ေတြ႔ရွိခ်က္ အရေတာ့ လြန္ခဲ့တဲ့ ခုႏွစ္ႏွစ္ အတြင္းမွာ ေပ၃၀ေလာက္ ေျပာင္းသြား တယ္လို႔ ဆိုပါတယ္။ ရာသီဥတု အရ ေျပာရရင္ လူေတြ ေနထုိင္ သင့္တဲ့ သင့္ေတာ္တဲ့ အရပ္ေဒသ မ ဟုတ္ပါဘူး။ တစ္ႏွစ္လံုး ေနမွ မတ္လနဲ႔ စက္တင္ဘာ လမ်ားမွာ ေန၀င္ တစ္ခါ ေနထြက္ တစ္ခါပဲ ရွိမွာ ျဖစ္ပါတယ္။ ေျခာက္လလုံးဆက္တုိက္လင္းထိန္ေနမွာျဖစ္ၿပီး ေနာက္ေျခာက္လလုံးဆက္တုိက္ ေမွာင္မဲေနမွာျဖစ္ပါတယ္။ ေႏြရာ သီ မတ္လ ကစလို႔ ေနထြက္ ေနတာပဲ တစ္ေန႔လံုး ၾကံဳရမွာျဖစ္ျပီး စက္တင္ဘာ ေဆာင္းေရာက္ရင္ ေမွာင္ေမွာင္ မည္းမည္းပဲ ရွိေနမွာ ျဖစ္ပါ တယ္။

ဒါေပမယ့္ ဘာပဲ ေျပာေျပာ ေျမာက္၀င္ရိုးစြန္းဟာ သမုဒၵရာ ပတ္လည္ ၀ိုင္းေန တာေၾကာင့္ ေတာင္၀င္ရိုးစြန္း ထက္ေတာ့ ပိုေႏြးတယ္လို႔ ဆို သည့္တိုင္ ေဆာင္းဥတုမွာ အပူခ်ိန္ဟာ အႏုတ္၄၀ ဒီဂရီ Celsius အထိ ရွိျပီး ေႏြရာသီ မွာေတာ့ ၀ဒီဂရီ Celsius ေတာင္ရွိ ေသးတာေၾကာင့္ အ ၿမဲေအး ေနပါတယ္။ ဆိုင္ကလုန္းေတြ၊ ကမာၻၾကီး ပူေႏြးမႈေၾကာင့္ ေရခဲျပင္ ျပိဳကြဲ၊ အက္ကြဲမႈ ေတြေၾကာင့္လည္း ေနာက္အနာဂတ္မွာ အပူခ်ိန္ ပို က်သြားဖို႔ ရွိပါတယ္။

ေျမာက္၀င္ရုိးစြန္းမွာ အဓိက ရွင္သန္တဲ့ သတၱ၀ါေတြ ကေတာ့ ရာသီေျပာင္း ငွက္ေတြပါပဲ။ ဥပမာ – Arctic tern လိုမိုင္ ေပါင္း ၄၃ ၀၀၀ ေလာက္ေ၀းတဲ့ ေတာင္၀င္ရိုးစြန္းက လာတဲ့ငွက္ ေတြအျပင္ Snow bunting, Fulmar, Kittiwake လိုငွက္မ်ိဳး ေတြလည္း ေန ထိုင္ ရွင္သန္ ၾကပါတယ္။ အဲဒီငွက္ ေတြအျပင္ ပိုလာ ၀က္၀ံေတြ Caribou (Arctic reindeer) နဲ႔ Arctic fox ေတြလည္း ရွိပါတယ္။ ေရ ေအာက္ သတၱ၀ါေတြ အေနနဲ႔ ငါးအမ်ိဳးမ်ိဳး၊ ဂဏန္းပုစြန္ အမ်ိဳးမ်ိဳး အျပင္ ပင္လယ္ဖ်ံ ေတြလည္း ရွင္သန္ ေနထုိင္ ၾကပါတယ္။

 

ေျမာက္၀န္ရုိးစြန္းနဲ႔ အနီးဆုံးကုန္းေျမကေတာ့ ဂရင္းလန္ကြ်န္းရဲ႕ေျမာက္ဘက္ ၄၃၀မုိင္အကြာက Kaffeklubben ကြ်န္းပဲျဖစ္ပါတယ္။ ေရာဗတ္ အီး၊ ပီယားရီ အမည္ရွိ အေမရိကန္ လူမ်ိဳးတစ္ဦးသည္ ေျမာက္ဝင္႐ိုးစြန္းသို႔ ၁၉ဝ၉ ခုႏွစ္ ဧၿပီလ ၆ ရက္ေန႔မွာ ပထမဦးဆုံးေရာက္ခဲ့တာျဖစ္ပါတယ္။ ေတာင္၀န္ရိုးစြန္းမွာ ပိုလာ၀က္၀ံ မရွိသလုိ ၊ ေျမာက္၀န္ရုိးစြန္းမွာလည္း ပင္ဂြင္းငွက္မရွိပါဘူး။ အာတိတ္ေဒသထဲမွာ ပါတဲ့တုိင္းျပည္ေတြကေတာ့ ရုရွား ၊ အေမရိကန္ ၊ ေနာ္ေ၀ ၊ ဒိန္းမတ္(ဂရင္းလန္) နဲ႔ ကေနဒါ တုိ႔ျဖစ္ၾကပါတယ္။

ဒါေတြကတာ့ ေျမာက္၀င္ရိုးစြန္း အေၾကာင္း အက်ဥ္းခ်ဳပ္ပါ။ စာဖတ္သူ ေတြနဲ႔ ေဒသ အလွမ္းေ၀း ပါတယ္ ဆိုေပမယ့္ ဒီေဒသရဲ႕ အေၾကာင္းကို ဗဟုသုတ အေနနဲ႔ မွတ္သား ထားႏိုင္ၾက ပါေစလို႔ ေမွ်ာ္လင့္ရင္း နိဂံုးခ်ဳပ္ အပ္ပါတယ္။

 


မြောက်ဝန်ရိုးစွန်း ဆိုတာ (သို့) မြောက်ဝန်ရိုးစွန်းရဲ့ ထူးခြားချက်များ (unicode)

Written By Paing Hmu Ko(MYMC Club)

မြောက်ဝင်ရိုးစွန်း (North Pole) ဆိုတာ ဘာလဲ၊ ဘယ်မှာ ရှိတာလဲ။ သူနဲ့ ပတ်သက်သမျှ စိတ်ဝင်စားစရာ အကြောင်း အရာ တွေကို တင်ဆက် ပေးထားတာမို့ ဆက်လက် ဖတ်ရှု ကြပါဦး။

မြောက်ဝင်ရိုးစွန်း အကြောင်း မပြောခင် ဝင်ရိုးစွန်း အကြောင်း စပြောပြ ပါရစေ။ ကမ္ဘာပေါ်မှာ ဝင်ရိုးစွန်း နှစ်ခု ရှိတာတော့ လူတိုင်း သိကြပါ တယ်။ တောင်ဝင်ရိုး စွန်းရယ်၊ မြောက်ဝင်ရိုးစွန်း ရယ်ပေါ့။ တကယ်တော့ ဝင်ရိုးစွန်း နှစ်ခု ထက်မက ရှိပါတယ်။ သံလိုက် မြောက်ဝင်ရိုးစွန်းနဲ့ သံလိုက် တောင်ဝင်ရိုးစွန်း ဆိုတာလည်း ရှိပါ သေးတယ်။ အဲဒါကြောင့် မြောက်ဝင်ရိုးစွန်း လို့ဆိုရင် ကမ္ဘာမြောက် စွန်းစွန်းမှာ ရှိတဲ့ လူသိများတဲ့ မြောက်ဝင်ရိုးစွန်းရယ်၊ သံလိုက် အိမ်မြှောင်ရဲ့ မြောက်ဘက် တည့်တည့် မှာရှိတဲ့ သံလိုက် မြောက်ဝင်ရိုးစွန်း ဆိုပြီး နှစ်မျိုးနှစ်စား ရှိမှာ ဖြစ် ပါတယ်။

သံလိုက် မြောက်ဝင်ရိုးစွန်း အကြောင်း

ကမ္ဘာလုံးကြီးရဲ့ အတွင်းဆုံး သံလွှာရဲ့ အပြင်ဆုံး အခြမ်းမှာ လှုပ်ရှားမှု တွေကြောင့် သံလိုက် စက်ကွင်းတွေ ထွက်ပါတယ်။ သံလိုက်မြောက် ဝင်ရိုးစွန်းနဲ့ သံလိုက် တောင်ဝင်ရိုးစွန်း နေရာ တွေဟာ အဆိုပါ သံလိုက် စက်ကွင်းတွေရဲ့ ဒေါင်လိုက် ကျတဲ့ နေရာတွေ ဖြစ်ပါတယ်။ သံလိုက် မြောက်ဝင်ရိုး စွန်းဟာ ရိုးရိုး မြောက်ဝင်ရိုး စွန်းနဲ့ မတူပါဘူး။ သံလိုက် မြောက်ဝင်ရိုး စွန်းဟာ တကယ့် ရိုးရိုးမြောက် ဝင်ရိုးစွန်းရဲ့ မိုင်ပေါင်း များစွာသော အကွာအဝေးမှာ ရှိပါတယ်။ သူ့ကို ပထမဆုံး စတင် တွေ့ရှိခဲ့ တာကတော့ ၁၈၃၁ ကပါ။ စတင် တွေ့ရှိတဲ့ နေရာကတော့ ရိုးရိုး မြောက်ဝင်ရိုးစွန်းရဲ့ မိုင်၅၀၀ အကွာ ကနေဒါနိုင်ငံ ရဲ့ Ellesmere ကျွန်းနားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သံလိုက် မြောက်ဝင်ရိုး စွန်းဟာ တစ်နေရာ တည်းမှာ ရှိမနေ ပါဘူး။ ကမ္ဘာ့ သံလိုက် စက်ကွင်းတွေ အပြောင်းအလဲကြောင့် သူလည်း နေရာအမြဲလို ပြောင်းပါတယ်။ ယခုလက်ရှိ အရ ပြောရရင် စတင် တွေ့ရှိတဲ့ နေရာရဲ အနောက် မြောက်ဘက်ကို တစ်နှစ်လျှင် ၃၄မိုင်နှုန်း လောက်ကို မြန်မြန် ဆန်ဆန် ပြောင်းနေ ပါတယ်။ ပြ ဿနာ တွေ့ကြုံရတဲ့ သူတွေ ကတော့ ရာသီပြောင်း ငှက်တွေနဲ့ လူတွေရဲ့ သံလိုက် အိမ်မြှောင် တွေပါပဲ။ ဒါပေမယ့် သံလိုက် ဝင်ရိုးစွန်း တွေ ကတော့ တောင်နဲ့မြောက် ပြောင်းသွား တဲ့အထိ ပြောင်းနေ မှာပါပဲ။ အဲ့လို ဖြစ်ရပ်မျိုး ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၃၀ ၀၀၀ ကျော်က ဖြစ် ဖူးပြီး နောက်ဖြစ်ဖို့ ကတော့ ကျွန်တော်တို့ သက်တမ်းနဲ့ မီမှာ မဟုတ်ပေမယ့် အဲဒီလို ဖြစ်ခဲ့ရင် သံလိုက် အိမ်မြှောင်တွေဟာ တောင်ဘက်ကို ညွှန် ကုန်ကြမှာ ဖြစ်ပါတယ်။

ရိုးရိုး မြောက်ဝင်ရိုးစွန်း အကြောင်း

ဒီမြောက်ဝင်ရိုး စွန်းဟာ ကမ္ဘာကြီးရဲ့ မြောက်ဘက် အကျဆုံး နေရာမှာ ရှိပါတယ်။ အဆိုပါ နေရာရဲ့ လက္တီကျုဟာ ၉၀ ဒီဂရီ မြောက်ဘက် တိ တိ ရှိပြီး လောင်တီကျု မျဉ်းအားလုံးဟာ အဲဒီမှာပဲ သွားဆုံ ပါတယ်။ လောင်တီကျု မျဉ်းတွေ အားလုံးဟာ အဲဒီနေရာမှာ စတာကြောင့် Time Zone မရှိပါဘူး။ တည်နေရာ ကတော့ ရေခဲအထူ ၆ ပေကနေ ၁၀ ပေအထိ ရှိတဲ့ ရေခဲတွေနဲ့ ဖုံးလွှမ်းနေတဲ့ အာတိတ် သမုဒ္ဓရာ ထဲမှာ ရှိ ပါတယ်။ ဒီ မြောက်ဝင်ရိုးစွန်း ကလည်း အချိန်နဲ့ အမျှ နည်းနည်းခြင်းစီ ပြောင်းလဲလေ့ ရှိပါတယ်။ ကမ္ဘာကြီးရဲ့ ဝင်ရိုးဟာ ၂၃.၄ ဒီဂရီ တိမ်း စောင်း နေတာကြောင့် ဒီမြောက်ဝင်ရိုးစွန်း ဟာလည်း လိုက်ပြောင်း ပါတယ်။ သိပ္ပံပညာရှင် တွေရဲ့ တွေ့ရှိချက် အရတော့ လွန်ခဲ့တဲ့ ခုနှစ်နှစ် အတွင်းမှာ ပေ၃၀လောက် ပြောင်းသွား တယ်လို့ ဆိုပါတယ်။ ရာသီဥတု အရ ပြောရရင် လူတွေ နေထိုင် သင့်တဲ့ သင့်တော်တဲ့ အရပ်ဒေသ မ ဟုတ်ပါဘူး။ တစ်နှစ်လုံး နေမှ မတ်လနဲ့ စက်တင်ဘာ လများမှာ နေဝင် တစ်ခါ နေထွက် တစ်ခါပဲ ရှိမှာ ဖြစ်ပါတယ်။ ခြောက်လလုံးဆက်တိုက်လင်းထိန်နေမှာဖြစ်ပြီး နောက်ခြောက်လလုံးဆက်တိုက် မှောင်မဲနေမှာဖြစ်ပါတယ်။ နွေရာ သီ မတ်လ ကစလို့ နေထွက် နေတာပဲ တစ်နေ့လုံး ကြုံရမှာဖြစ်ပြီး စက်တင်ဘာ ဆောင်းရောက်ရင် မှောင်မှောင် မည်းမည်းပဲ ရှိနေမှာ ဖြစ်ပါ တယ်။

ဒါပေမယ့် ဘာပဲ ပြောပြော မြောက်ဝင်ရိုးစွန်းဟာ သမုဒ္ဒရာ ပတ်လည် ဝိုင်းနေ တာကြောင့် တောင်ဝင်ရိုးစွန်း ထက်တော့ ပိုနွေးတယ်လို့ ဆို သည့်တိုင် ဆောင်းဥတုမှာ အပူချိန်ဟာ အနုတ်၄၀ ဒီဂရီ Celsius အထိ ရှိပြီး နွေရာသီ မှာတော့ ဝဒီဂရီ Celsius တောင်ရှိ သေးတာကြောင့် အ မြဲအေး နေပါတယ်။ ဆိုင်ကလုန်းတွေ၊ ကမ္ဘာကြီး ပူနွေးမှုကြောင့် ရေခဲပြင် ပြိုကွဲ၊ အက်ကွဲမှု တွေကြောင့်လည်း နောက်အနာဂတ်မှာ အပူချိန် ပို ကျသွားဖို့ ရှိပါတယ်။

မြောက်ဝင်ရိုးစွန်းမှာ အဓိက ရှင်သန်တဲ့ သတ္တဝါတွေ ကတော့ ရာသီပြောင်း ငှက်တွေပါပဲ။ ဥပမာ – Arctic tern လိုမိုင် ပေါင်း ၄၃ ၀၀၀ လောက်ဝေးတဲ့ တောင်ဝင်ရိုးစွန်းက လာတဲ့ငှက် တွေအပြင် Snow bunting, Fulmar, Kittiwake လိုငှက်မျိုး တွေလည်း နေ ထိုင် ရှင်သန် ကြပါတယ်။ အဲဒီငှက် တွေအပြင် ပိုလာ ဝက်ဝံတွေ Caribou (Arctic reindeer) နဲ့ Arctic fox တွေလည်း ရှိပါတယ်။ ရေ အောက် သတ္တဝါတွေ အနေနဲ့ ငါးအမျိုးမျိုး၊ ဂဏန်းပုစွန် အမျိုးမျိုး အပြင် ပင်လယ်ဖျံ တွေလည်း ရှင်သန် နေထိုင် ကြပါတယ်။

မြောက်ဝန်ရိုးစွန်းနဲ့ အနီးဆုံးကုန်းမြေကတော့ ဂရင်းလန်ကျွန်းရဲ့မြောက်ဘက် ၄၃ဝမိုင်အကွာက Kaffeklubben ကျွန်းပဲဖြစ်ပါတယ်။ ရောဗတ် အီး၊ ပီယားရီ အမည်ရှိ အမေရိကန် လူမျိုးတစ်ဦးသည် မြောက်ဝင်ရိုးစွန်းသို့ ၁၉ဝ၉ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ ပထမဦးဆုံးရောက်ခဲ့တာဖြစ်ပါတယ်။ တောင်ဝန်ရိုးစွန်းမှာ ပိုလာဝက်ဝံ မရှိသလို ၊ မြောက်ဝန်ရိုးစွန်းမှာလည်း ပင်ဂွင်းငှက်မရှိပါဘူး။ အာတိတ်ဒေသထဲမှာ ပါတဲ့တိုင်းပြည်တွေကတော့ ရုရှား ၊ အမေရိကန် ၊ နော်ဝေ ၊ ဒိန်းမတ်(ဂရင်းလန်) နဲ့ ကနေဒါ တို့ဖြစ်ကြပါတယ်။

ဒါတွေကတာ့ မြောက်ဝင်ရိုးစွန်း အကြောင်း အကျဉ်းချုပ်ပါ။ စာဖတ်သူ တွေနဲ့ ဒေသ အလှမ်းဝေး ပါတယ် ဆိုပေမယ့် ဒီဒေသရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ မှတ်သား ထားနိုင်ကြ ပါစေလို့ မျှော်လင့်ရင်း နိဂုံးချုပ် အပ်ပါတယ်။

Leave a Reply