မၾကာမီမ်ဳိးတုံးေပ်ာက္ကြယ္သြားႏုိင္တဲ့ ဧရာ၀တီလင္းပုိင္ေလးေတြအေၾကာင္း

Posted on

ကမၻာေပၚရွိ ေရခ်ဳိေဒသတြင္ က်က္စားေနထိုင္သမွ် လင္းပိုင္မ်ား အားလံုးကို ဧရာဝတီ လင္းပိုင္ဟု ေခၚတြင္ေလသည္။ ဧရာဝတီျမစ္အတြင္း ဧရာဝတီလင္းပိုင္မ်ား က်က္စားေနထိုင္ေလ့ရွိေသာ ေနရာမ်ားမွာ ဗန္းေမာ္ၿမဳိ႕ နွင့္ မႏၱေလးၿမဳိ႕အၾကားရွိ ျမစ္အပိုင္းအတြင္းတြင္ ျဖန္႔ၾကက္သြားလာေပါက္ဖြား ရွင္သန္လ်က္ရွိသည္။ ဧရာဝတီ လင္းပိုင္သည္ ေရေနႏုိ႔တိုက္ သတၱဝါတစ္မ်ဳိးျဖစ္သည္။ ဧရာဝတီ လင္းပိုင္သည္ အေရွ႕ေတာင္ အာရွ၏ထင္ရွားေသာ ျပယုဂ္ တစ္ခု ျဖစ္သည္။

ဧရာဝတီ လင္းပိုင္မ်ားကို ဧရာဝတီျမစ္ထဲတြင္ စတင္ေတြ႔ရွိခဲ့၍ တကမၻာလံုးမွာရွိေသာ ေရခ်ဳိလင္းပိုင္ အားလံုးကို စေတြ႔သည့္သူက ဧရာဝတီ လင္းပိုင္ဟုေခၚဆိုခဲ့တာျဖစ္သည္။ ေနာက္ပိုင္းတြင္ အျခားႏိုင္ငံမ်ားတြင္ေတြ႕ရွိခဲ့သည့္ မ်ိဳးတူလင္းပိုင္မ်ားကိုလည္း ဧရာဝတီလင္းပိုင္ဟုပင္ ေခၚဆိုခဲ့ၾကသည္။

Orcaella brevirostris ဟု သိပၸံအမည္ေပးထားေသာ လင္းပိုင္မ်ားသည္ ကမၻာေပၚတြင္ ၄-မ်ဳိးသာ က်န္ရွိေတာ့သည့္ ေရခ်ိုလင္းပိုင္ငါးမ်ားအနက္မွ ရွားပါးမ်ဳိးႏြယ္ဝင္ ျဖစ္ပါသည္။ သို႔ေသာ္လည္း လြန္ခဲ့သည့္ ရာစုနွစ္အတြင္း ဧရာဝတီျမစ္အတြင္း ေနထိုင္ၾကသည့္ ေရခ်ဳိလင္းပိုင္ငါး အေရအတြက္ ၆၀% အထိ ေလ်ာ့က်သြားခဲ့ပါသည္။

ဤလင္းပိုင္ငါးမ်ားသည္ ၆ေပခြဲမွ ၉ေပနီးပါး အထိ အလ်ားရွိၾကျပီး၊ အျပာနက္ေမွာင္အေရာင္နွင့္ မီးခိုးေရာင္အရင့္ အေရာင္ရွိၾကပါသည္။အေလးခ်ိန္မွာမႈ ေပါင္ ၄၀၀ ခန္႔ရွိတတ္သည္။ ပုံမွန္အားျဖင့္ ေရကူးေႏွးသည္ဟုထင္ရေသာ္လည္း မွတ္တမ္းတင္ထားမႈအရ တစ္နာရီကုိ ၁၂မုိင္မွ ၁၆မုိင္ အထိကူးႏုိင္စြမ္းရွိပါသည္။ဤလင္းပိုင္ငါးမ်ားသည္ လူမ်ားနွင့္ ရင္းနွီးစြာ ေပါင္းသင္း၍ ပူးေပါင္းဆက္ဆံမႈ ရွိၾကျပီး၊ တံငါသည္မ်ားငါးဖမ္းရာတြင္ ကူညီတတ္ၾကသည္။ ဤအခ်က္ မွာ လူနွင့္ တိရစၦာန္မ်ား ဆက္ဆံေရးအတြက္ ေလ့လာမႈျပဳရန္ အထူးအခြင့္ေကာင္း ျဖစ္ပါသည္။ လင္းပိုင္အမမ်ားသည္ ကုိယ္၀န္ေဆာင္ခ်ိန္ ၁၄လခန္႔ၾကာျမင့္တတ္ၿပီး ေမြးဖြားလာသည့္လင္းပုိင္ေပါက္ကေလးမွာ ၁၁ေပါင္ခန္႔ရွိတတ္သည္။ ငါးႀကီးမ်ားႏွင့္ အခြံမာေရသတၱ၀ါမ်ားမွာ သူတုိ႔၏အစာျဖစ္သည္။ ဧရာ၀တီလင္းပုိင္မ်ား၏ သက္တမ္းမွာ အႏွစ္ ၃၀ ျဖစ္သည္။

ဧရာဝတီလင္းပိုင္မ်ားကို ျမန္မာနိုင္ငံတြင္ ဧရာဝတီျမစ္ေၾကာင္း၊ ရခိုင္ ကမ္းေျမာင္ေဒသ၊ ဧရာဝတီ ျမစ္ဝကြ်န္းေပၚေဒသနွင့္ ၿမိတ္ကြ်န္းစုတို႔တြင္ ေတြ႔ရသည္။ ကမၻာတြင္ ဩစေၾတးလ်တိုက္ ေျမာက္ပိုင္း၊ နယူးဂီနီ၊ ဖိလစ္ပိုင္ႏုိင္ငံ၊ ဘဂၤလားပင္လယ္ေအာ္၊ အိႏၵိယအေရွ့ေျမာက္ေဒသ၊ ဂဂၤါျမစ္၊ အင္ဒိုနီးရွားႏုိင္ငံ မဟာခမ္ျမစ္၊ ဘဂၤလားေဒ့ရွ္နိုင္ငံ ျဗဟၼပုတၱရျမစ္၊ လာအိုႏုိင္ငံ၊ ကေမၻာဒီးယားနိုင္ငံ၊ ဗီယက္နမ္ႏုိင္ငံတို့ရွိ မဲေခါင္ျမစ္ေၾကာင္း တစ္ေလွ်ာက္တို႔ တြင္လည္း ေတြ႔ရသည္။ ဧရာဝတီလင္းပိုင္တို့ကို ေတာင္အာရွႏွင့္ အေရွ႕ေတာင္အာရွတို့၏ ကမ္းရိုးတန္းေဒသမ်ားတြင္၎၊ ျမစ္ႀကီး (၃)စင္းျဖစ္ေသာ မဲေခါင္ျမစ္၊ ျမန္မာနိုင္ငံရွိ ဧရာဝတီျမစ္နွင့္၊ အင္ဒိုနီးရွားႏုိင္ငံ၊ ေဘာ္နီယိုကြ်န္းရွိ မဟာခမ္ျမစ္တို႔တြင္၎ ေတြ႔နိုင္ပါသည္။

၂၀၁၃ခုႏွစ္ က ေကာက္ခံမႈအရ ျမန္မာႏုိင္ငံတြင္ ဧရာ၀တီလင္းပိုင္ အေကာင္ ၇၀နီးပါး သာက်န္ေတာ့သည္ဟု သိရၿပီး ထိမ္းသိမ္းမႈမ်ား ပညာေပးအစီအစဥ္မ်ားကို တစုိက္မတ္မတ္လုပ္ေဆာင္ခဲ့ေသာ္လည္း ရွားပါးတိရစာၦန္ကို ထိမ္းသိမ္းေကာင္းရမွန္း မသိသည့္ လူတခ်ဳိ႕၏ရက္စက္မႈေၾကာင့္ ယခုအခါတြင္မႈ အေကာင္ ၆၀ ၀န္းက်င္ေတာင္မရွိေတာ့ဟု သိရပါသည္။


မကြာမီမျိုးတုံးပျောက်ကွယ်သွားနိုင်တဲ့ ဧရာဝတီလင်းပိုင်လေးတွေအကြောင်း (unicode)

ကမ္ဘာပေါ်ရှိ ရေချိုဒေသတွင် ကျက်စားနေထိုင်သမျှ လင်းပိုင်များ အားလုံးကို ဧရာဝတီ လင်းပိုင်ဟု ခေါ်တွင်လေသည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင်များ ကျက်စားနေထိုင်လေ့ရှိသော နေရာများမှာ ဗန်းမော်မြို့ နှင့် မန္တလေးမြို့အကြားရှိ မြစ်အပိုင်းအတွင်းတွင် ဖြန့်ကြက်သွားလာပေါက်ဖွား ရှင်သန်လျက်ရှိသည်။ ဧရာဝတီ လင်းပိုင်သည် ရေနေနို့တိုက် သတ္တဝါတစ်မျိုးဖြစ်သည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင် အာရှ၏ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်သည်။

ဧရာဝတီ လင်းပိုင်များကို ဧရာဝတီမြစ်ထဲတွင် စတင်တွေ့ရှိခဲ့၍ တကမ္ဘာလုံးမှာရှိသော ရေချိုလင်းပိုင် အားလုံးကို စတွေ့သည့်သူက ဧရာဝတီ လင်းပိုင်ဟုခေါ်ဆိုခဲ့တာဖြစ်သည်။ နောက်ပိုင်းတွင် အခြားနိုင်ငံများတွင်တွေ့ရှိခဲ့သည့် မျိုးတူလင်းပိုင်များကိုလည်း ဧရာဝတီလင်းပိုင်ဟုပင် ခေါ်ဆိုခဲ့ကြသည်။

Orcaella brevirostris ဟု သိပ္ပံအမည်ပေးထားသော လင်းပိုင်များသည် ကမ္ဘာပေါ်တွင် ၄-မျိုးသာ ကျန်ရှိတော့သည့် ရေချိုလင်းပိုင်ငါးများအနက်မှ ရှားပါးမျိုးနွယ်ဝင် ဖြစ်ပါသည်။ သို့သော်လည်း လွန်ခဲ့သည့် ရာစုနှစ်အတွင်း ဧရာဝတီမြစ်အတွင်း နေထိုင်ကြသည့် ရေချိုလင်းပိုင်ငါး အရေအတွက် ၆၀% အထိ လျော့ကျသွားခဲ့ပါသည်။

ဤလင်းပိုင်ငါးများသည် ၆ပေခွဲမှ ၉ပေနီးပါး အထိ အလျားရှိကြပြီး၊ အပြာနက်မှောင်အရောင်နှင့် မီးခိုးရောင်အရင့် အရောင်ရှိကြပါသည်။အလေးချိန်မှာမှု ပေါင် ၄၀၀ ခန့်ရှိတတ်သည်။ ပုံမှန်အားဖြင့် ရေကူးနှေးသည်ဟုထင်ရသော်လည်း မှတ်တမ်းတင်ထားမှုအရ တစ်နာရီကို ၁၂မိုင်မှ ၁၆မိုင် အထိကူးနိုင်စွမ်းရှိပါသည်။ဤလင်းပိုင်ငါးများသည် လူများနှင့် ရင်းနှီးစွာ ပေါင်းသင်း၍ ပူးပေါင်းဆက်ဆံမှု ရှိကြပြီး၊ တံငါသည်များငါးဖမ်းရာတွင်

ကူညီတတ်ကြသည်။ ဤအချက် မှာ လူနှင့် တိရစ္ဆာန်များ ဆက်ဆံရေးအတွက် လေ့လာမှုပြုရန် အထူးအခွင့်ကောင်း ဖြစ်ပါသည်။
လင်းပိုင်အမများသည် ကိုယ်ဝန်ဆောင်ချိန် ၁၄လခန့်ကြာမြင့်တတ်ပြီး မွေးဖွားလာသည့်လင်းပိုင်ပေါက်ကလေးမှာ ၁၁ပေါင်ခန့်ရှိတတ်သည်။ ငါးကြီးများနှင့် အခွံမာရေသတ္တဝါများမှာ သူတို့၏အစာဖြစ်သည်။ ဧရာဝတီလင်းပိုင်များ၏ သက်တမ်းမှာ အနှစ် ၃၀ ဖြစ်သည်။

ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကြောင်း၊ ရခိုင် ကမ်းမြောင်ဒေသ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရသည်။ ကမ္ဘာတွင် ဩစတြေးလျတိုက် မြောက်ပိုင်း၊ နယူးဂီနီ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယအရှေ့မြောက်ဒေသ၊ ဂင်္ဂါမြစ်၊ အင်ဒိုနီးရှားနိုင်ငံ မဟာခမ်မြစ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဗြဟ္မပုတ္တရမြစ်၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ရှိ မဲခေါင်မြစ်ကြောင်း တစ်လျှောက်တို့ တွင်လည်း တွေ့ရသည်။ ဧရာဝတီလင်းပိုင်တို့ကို တောင်အာရှနှင့် အရှေ့တောင်အာရှတို့၏ ကမ်းရိုးတန်းဒေသများတွင်၎င်း၊ မြစ်ကြီး (၃)စင်းဖြစ်သော မဲခေါင်မြစ်၊ မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်နှင့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းရှိ မဟာခမ်မြစ်တို့တွင်၎င်း တွေ့နိုင်ပါသည်။

၂၀၁၃ခုနှစ် က ကောက်ခံမှုအရ မြန်မာနိုင်ငံတွင် ဧရာဝတီလင်းပိုင် အကောင် ၇ဝနီးပါး သာကျန်တော့သည်ဟု သိရပြီး ထိမ်းသိမ်းမှုများ ပညာပေးအစီအစဉ်များကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သော်လည်း ရှားပါးတိရစ္ဆာန်ကို ထိမ်းသိမ်းကောင်းရမှန်း မသိသည့် လူတချို့၏ရက်စက်မှုကြောင့် ယခုအခါတွင်မှု အကောင် ၆၀ ဝန်းကျင်တောင်မရှိတော့ဟု သိရပါသည်။

Leave a Reply