ကမာၻ႔အညစ္ပတ္ဆုံးကမ္းေျခကို အလွဆုံးကမ္းေျခအျဖစ္သုိ႔ ေျပာင္းလဲပစ္ခဲ့သူ

Posted on

ဒီေနရာဟာ အိႏၵိယႏုိင္ငံအေနာက္ေျမာက္ပိုင္းမွာ Versova ကမ္းေျချဖစ္ၿပီး တစ္ခ်ိန္ကေတာ့ အလြန္လွပတဲ့ကမ္းေျချဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းႏွစ္ေတြမွာ အမႈိက္ေတြစြန္႔ပစ္ျခင္း နဲ႔ ကမ္းေျခကအမႈိက္ေတြစုပုံလာတာကို မရွင္းလင္းခဲ့ျခင္းတုိ႔ေၾကာင့္ ကမ္းေျခတစ္ခုလုံးဟာ အမႈိက္အညစ္အေၾကးေတြနဲ႔ ျပည့္ေနပါေတာ့တယ္။ ဒီျပသနာကို အစုိးရအေနနဲ႔ ဦးေဆာင္ေျဖရွင္းဖုိ႔ႀကဳိးစားခဲ့ေပမယ့္ မ်ားျပားလြန္းတဲ့အမႈိက္ေတြကုိ ကုန္စင္ေအာင္ ရွင္းလင္းႏုိင္ျခင္းမရွိခဲ့ပါဘူး။ ဒါေၾကာင့္ ကမ္းေျခဟာ အလြန္ညစ္ပတ္တဲ့ကမ္းေျခတစ္ခု ျဖစ္လာခဲ့ပါတယ္။

ဒါကုိ မၾကည့္ရက္ခဲ့သူကေတာ့ ကမ္းေျခရဲ႕မ်က္ႏွာခ်င္းဆုိင္မွာ ေနထုိင္တဲ့ Afroz Shah ဆုိတဲ့ေရွ႕ေနတစ္ဦးျဖစ္ပါတယ္။ သူဟာ ပတ္၀န္းက်င္ထိမ္းသိမ္းေရးကို ျမတ္ႏုိးသူတစ္ေယာက္လည္းျဖစ္ပါတယ္။ ဒါေၾကာင့္ သူႏုိင္သေလာက္ရွင္းလင္းမယ္ လုိ႔ ဆုံးျဖတ္ၿပီး အစပိုင္းမွာ တစ္ေယာက္တည္း အမႈိက္ေတြကို ေကာက္ယူရွင္းလင္းခဲ့ပါတယ္။ ကမ္းေျခဟာ ၁မုိင္ခြဲေက်ာ္ရွည္လ်ားတဲ့အတြက္ သူတစ္ေယာက္တည္း ရွင္းလင္းတာထက္ အျခားသူေတြရဲ႕အကူအညီကို ရရင္ပိုေကာင္းမယ္လုိ႔ သူစဥ္းစားမိခဲ့ပါတယ္။ အျခားသူေတြပါ၀င္လာေစဖုိ႔အတြက္ သူ႔ရဲ႕ဆုိရွယ္မီဒီယာအေကာင့္ေတြမွာေၾကျငာျခင္း ၊ ပတ္၀န္းက်င္သန္႔ရွင္းေရးအတြက္ကမ့္ပိန္းမ်ားျပဳလုပ္ျခင္း ၊ လက္ကမ္းစာေစာင္မ်ားေ၀မွ်ရင္း ေစတနာ့၀န္ထမ္းမ်ားကို ရွာေဖြခဲ့ပါတယ္။

သူ႔ရဲ႕သန္႔ရွင္းေရး အစီအစဥ္ထဲကို ပထမဆုံး၀င္ေရာက္လာသူကေတာ့ သူ႔ရဲ႕အိမ္နီးခ်င္းျဖစ္သူ အသက္ ၈၄ႏွစ္အရြယ္ အဘုိးအုိ Harbansh Mathur ပဲျဖစ္ပါတယ္။ အဲဒီေနာက္ေတာ့ ၂ေယာက္ကေန ၃ေယာက္ ၊ ၃ေယာက္ကေန ၄ေယာက္ စသည္ျဖင့္ တျဖည္းျဖည္းတုိးပြားလာခဲ့ၿပီး ေစတနာ့၀န္ထမ္းေပါင္း ရာဂဏန္းအထိရွိလာခဲ့ပါတယ္။ ဒီလုိသန္႔ရွင္းေရးလုပ္တဲ့အခါမွာ အခ်ိန္သတ္မွတ္ထားျခင္းမရွိပဲ အားတဲ့သူက ၂၄နာရီအတြင္း အားတဲ့အခ်ိန္မွာ သန္႔ရွင္းေရးလုပ္ခဲ့ျခင္းျဖစ္ပါတယ္။ ဒါေပမယ့္ လာအနည္းငယ္ၾကာတဲ့အထိ အရာမထင္ခဲ့ပါဘူး။ အမႈိက္ေတြဟာ အလြန္မ်ားျပားလြန္းၿပီး တခ်ဳိ႕ေနရာေတြမွာဆုိရင္ ၄၊၅ ေပခန္႔ ထူေနတာေတြ ေျမႀကီးထဲျမဳပ္ေနတာေတြရွိေနတဲ့အျပင္ သူတုိ႔အဖြဲ႔ဟာ လက္ခ်ည္းသက္သက္သာ အသုံးျပဳၿပီးသန္႔ရွင္းခဲ့တာေၾကာင့္လည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္အတြင္းမွာ Afroz Shah ဦးေဆာင္တဲ့ဒီအဖြဲ႔ဟာ အမႈိက္တန္ခ်ိန္ေပါင္း ၄ေထာင္ေက်ာ္ကုိ ရွင္းပစ္ႏုိင္ခဲ့ပါတယ္။

ေနာက္ပုိင္းမွာေတာ့ Afroz Shah ရဲ႕အစီအစဥ္ေတြမွာ အစုိးရအဖြဲ႔နဲ႔ ကုလသမဂၢသန္႔ရွင္းေရးအဖြဲ႔ေတြအျပင္ ေဒသခံေစတနာ့၀န္ထမ္းေတြလည္း ေထာင္နဲ႔ခ်ီၿပီး ပါ၀င္လာခဲ့ၾကပါတယ္။ ေန႔စဥ္မျပတ္သန္႔ရွင္းေရးလုပ္ခဲ့မႈေၾကာင့္ တစ္ခ်ိန္က အလြန္ညစ္ပတ္ခဲ့တဲ့ အမႈိက္ပုံကမ္းေျခဟာ အခုေတာ့ သန္႔ရွင္းလွပတဲ့ ကမ္းေျခတစ္ခုျဖစ္လာခဲ့ပါၿပီ။ စုစုေပါင္း သန္႔ရွင္းေရးအတြက္ၾကာခ်ိန္ကေတာ့ Afroz Shah စတင္ခဲ့တဲ့အခ်ိန္ ၂၀၁၅က စလုိ႔ ၁၀၉ပတ္(၂ႏွစ္ေက်ာ္) ၾကာျမင့္ခဲ့ပါတယ္။ ဒီလုိေျပာင္းလဲမႈႀကီးျဖစ္သြားေအာင္ စတင္ဦးေဆာင္ခဲ့တဲ့ Afroz Shah ဟာ ကုလသမဂၢရဲ႕ ပတ္၀န္းက်င္သန္႔ရွင္းေရး ဂုဏ္ထူးေဆာင္ဘြဲ႔ကို ခ်ီးျမင့္ခံခဲ့ရပါတယ္။

ကုလသမဂၢကသန္႔ရွင္းေရးအဖြဲ႔ ကေပးခဲ့ၿပီး အိႏၵိယသားတစ္ေယာက္အေနနဲ႔ အျမင့္ဆုံးရခဲ့တဲ့ဆုကုိလက္ခံခဲ့တဲ့ Afroz Shah ကေတာ့-
“ဒီဆုဟာ ကြ်န္ေတာ္တစ္ေယာက္တည္းအတြက္မဟုတ္ပဲ ပူးေပါင္းသန္႔ရွင္းေရးလုပ္ခဲ့ၾကသူ အားလုံးနဲ႔ သက္ဆုိင္ပါတယ္။ ကြ်န္ေတာ္ဒီလုိစတင္လုပ္ခဲ့တာကေတာ့ ပတ္၀န္းက်င္ကိုခ်စ္သလုိ ၊ ကုိယ့္ႏုိင္ငံကိုလည္းခ်စ္လုိ႔ပါ။ အခုဆုိရင္ တစ္ကမာၻလုံးက သမုဒၵရာေတြဟာ လူသားေတြေၾကာင့္ အညစ္အေၾကးေတြ တစ္ေန႔ထက္ေန႔မ်ားျပားလာေနပါၿပီ။ ဒါေၾကာင့္ သမုဒၵရာေတြထဲ အမႈိက္စြန္႔ပစ္ျခင္းကို ရပ္တန္႔ၿပီး အားလုံးက ကုိယ့္အသိစိတ္နဲ႔ သန္႔ရွင္းမယ္ဆုိရင္ သမုဒၵရာေတြဟာ တျဖည္းျဖည္းသန္႔ရွင္းလာၿပီး ကမာၻႀကီးဟာ သာယာလာမွာျဖစ္ပါတယ္။ တစ္ေယာက္ေယာက္ လုပ္ေနတာကို ေစာင့္မေနပဲ ကုိယ္တုိင္ စတင္အေကာင္အထည္ေဖာ္လုိက္ၾကပါ” လုိ႔ ဆုိခဲ့ပါတယ္။

VIDEO


ကမ္ဘာ့အညစ်ပတ်ဆုံးကမ်းခြေကို အလှဆုံးကမ်းခြေအဖြစ်သို့ ပြောင်းလဲပစ်ခဲ့သူ (unicode)

ဒီနေရာဟာ အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်းမှာ Versova ကမ်းခြေဖြစ်ပြီး တစ်ချိန်ကတော့ အလွန်လှပတဲ့ကမ်းခြေဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းနှစ်တွေမှာ အမှိုက်တွေစွန့်ပစ်ခြင်း နဲ့ ကမ်းခြေကအမှိုက်တွေစုပုံလာတာကို မရှင်းလင်းခဲ့ခြင်းတို့ကြောင့် ကမ်းခြေတစ်ခုလုံးဟာ အမှိုက်အညစ်အကြေးတွေနဲ့ ပြည့်နေပါတော့တယ်။ ဒီပြသနာကို အစိုးရအနေနဲ့ ဦးဆောင်ဖြေရှင်းဖို့ကြိုးစားခဲ့ပေမယ့် များပြားလွန်းတဲ့အမှိုက်တွေကို ကုန်စင်အောင် ရှင်းလင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ကမ်းခြေဟာ အလွန်ညစ်ပတ်တဲ့ကမ်းခြေတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒါကို မကြည့်ရက်ခဲ့သူကတော့ ကမ်းခြေရဲ့မျက်နှာချင်းဆိုင်မှာ နေထိုင်တဲ့ Afroz Shah ဆိုတဲ့ရှေ့နေတစ်ဦးဖြစ်ပါတယ်။ သူဟာ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကို မြတ်နိုးသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့် သူနိုင်သလောက်ရှင်းလင်းမယ် လို့ ဆုံးဖြတ်ပြီး အစပိုင်းမှာ တစ်ယောက်တည်း အမှိုက်တွေကို ကောက်ယူရှင်းလင်းခဲ့ပါတယ်။ ကမ်းခြေဟာ ၁မိုင်ခွဲကျော်ရှည်လျားတဲ့အတွက် သူတစ်ယောက်တည်း ရှင်းလင်းတာထက် အခြားသူတွေရဲ့အကူအညီကို ရရင်ပိုကောင်းမယ်လို့ သူစဉ်းစားမိခဲ့ပါတယ်။ အခြားသူတွေပါဝင်လာစေဖို့အတွက် သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်တွေမှာကြေငြာခြင်း ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက်ကမ့်ပိန်းများပြုလုပ်ခြင်း ၊ လက်ကမ်းစာစောင်များဝေမျှရင်း စေတနာ့ဝန်ထမ်းများကို ရှာဖွေခဲ့ပါတယ်။

သူ့ရဲ့သန့်ရှင်းရေး အစီအစဉ်ထဲကို ပထမဆုံးဝင်ရောက်လာသူကတော့ သူ့ရဲ့အိမ်နီးချင်းဖြစ်သူ အသက် ၈၄နှစ်အရွယ် အဘိုးအို Harbansh Mathur ပဲဖြစ်ပါတယ်။ အဲဒီနောက်တော့ ၂ယောက်ကနေ ၃ယောက် ၊ ၃ယောက်ကနေ ၄ယောက် စသည်ဖြင့် တဖြည်းဖြည်းတိုးပွားလာခဲ့ပြီး စေတနာ့ဝန်ထမ်းပေါင်း ရာဂဏန်းအထိရှိလာခဲ့ပါတယ်။ ဒီလိုသန့်ရှင်းရေးလုပ်တဲ့အခါမှာ အချိန်သတ်မှတ်ထားခြင်းမရှိပဲ အားတဲ့သူက ၂၄နာရီအတွင်း အားတဲ့အချိန်မှာ သန့်ရှင်းရေးလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် လာအနည်းငယ်ကြာတဲ့အထိ အရာမထင်ခဲ့ပါဘူး။ အမှိုက်တွေဟာ အလွန်များပြားလွန်းပြီး တချို့နေရာတွေမှာဆိုရင် ၄၊၅ ပေခန့် ထူနေတာတွေ မြေကြီးထဲမြုပ်နေတာတွေရှိနေတဲ့အပြင် သူတို့အဖွဲ့ဟာ လက်ချည်းသက်သက်သာ အသုံးပြုပြီးသန့်ရှင်းခဲ့တာကြောင့်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ Afroz Shah ဦးဆောင်တဲ့ဒီအဖွဲ့ဟာ အမှိုက်တန်ချိန်ပေါင်း ၄ထောင်ကျော်ကို ရှင်းပစ်နိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Afroz Shah ရဲ့အစီအစဉ်တွေမှာ အစိုးရအဖွဲ့နဲ့ ကုလသမဂ္ဂသန့်ရှင်းရေးအဖွဲ့တွေအပြင် ဒေသခံစေတနာ့ဝန်ထမ်းတွေလည်း ထောင်နဲ့ချီပြီး ပါဝင်လာခဲ့ကြပါတယ်။ နေ့စဉ်မပြတ်သန့်ရှင်းရေးလုပ်ခဲ့မှုကြောင့် တစ်ချိန်က အလွန်ညစ်ပတ်ခဲ့တဲ့ အမှိုက်ပုံကမ်းခြေဟာ အခုတော့ သန့်ရှင်းလှပတဲ့ ကမ်းခြေတစ်ခုဖြစ်လာခဲ့ပါပြီ။ စုစုပေါင်း သန့်ရှင်းရေးအတွက်ကြာချိန်ကတော့ Afroz Shah စတင်ခဲ့တဲ့အချိန် ၂၀၁၅က စလို့ ၁၀၉ပတ်(၂နှစ်ကျော်) ကြာမြင့်ခဲ့ပါတယ်။ ဒီလိုပြောင်းလဲမှုကြီးဖြစ်သွားအောင် စတင်ဦးဆောင်ခဲ့တဲ့ Afroz Shah ဟာ ကုလသမဂ္ဂရဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြင့်ခံခဲ့ရပါတယ်။

ကုလသမဂ္ဂကသန့်ရှင်းရေးအဖွဲ့ ကပေးခဲ့ပြီး အိန္ဒိယသားတစ်ယောက်အနေနဲ့ အမြင့်ဆုံးရခဲ့တဲ့ဆုကိုလက်ခံခဲ့တဲ့ Afroz Shah ကတော့-
“ဒီဆုဟာ ကျွန်တော်တစ်ယောက်တည်းအတွက်မဟုတ်ပဲ ပူးပေါင်းသန့်ရှင်းရေးလုပ်ခဲ့ကြသူ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ကျွန်တော်ဒီလိုစတင်လုပ်ခဲ့တာကတော့ ပတ်ဝန်းကျင်ကိုချစ်သလို ၊ ကိုယ့်နိုင်ငံကိုလည်းချစ်လို့ပါ။ အခုဆိုရင် တစ်ကမ္ဘာလုံးက သမုဒ္ဒရာတွေဟာ လူသားတွေကြောင့် အညစ်အကြေးတွေ တစ်နေ့ထက်နေ့များပြားလာနေပါပြီ။ ဒါကြောင့် သမုဒ္ဒရာတွေထဲ အမှိုက်စွန့်ပစ်ခြင်းကို ရပ်တန့်ပြီး အားလုံးက ကိုယ့်အသိစိတ်နဲ့ သန့်ရှင်းမယ်ဆိုရင် သမုဒ္ဒရာတွေဟာ တဖြည်းဖြည်းသန့်ရှင်းလာပြီး ကမ္ဘာကြီးဟာ သာယာလာမှာဖြစ်ပါတယ်။ တစ်ယောက်ယောက် လုပ်နေတာကို စောင့်မနေပဲ ကိုယ်တိုင် စတင်အကောင်အထည်ဖော်လိုက်ကြပါ” လို့ ဆိုခဲ့ပါတယ်။

Leave a Reply