အမိႈက္ရွင္းတမ္း

Posted on

Written By ဦးတိုးေအာင္

” အမိႈက္ဆိုတာ အမိႈက္မဟုတ္ပါဘူး…
သူရိွသင့္တဲ့ေနရာမွာ မရိွတဲ့အတြက္ေၾကာင့္သာ အမိႈက္ျဖစ္ရတာပါ…”
” အမိႈက္ဆိုတာ အမိႈက္မဟုတ္ပါဘူး….
သူနဲ႔သင့္ေတာ္တဲ့ေနရာ မေရာက္ေသးလို႔သာ အမိႈက္ျဖစ္ရတာပါ…”

——————————

ကြၽန္ေတာ့္အသိဆရာဝန္တစ္ေယာက္ရိွတယ္။ သူက႐ိုး႐ိုးေအးေအးေလးပဲေနတယ္။ ဘာသာေရးလည္းလိုက္စားတယ္။ သူကေဘာင္းဘီရွည္ဝတ္ခဲတယ္။ ပုဆိုးကိုစြဲစြဲၿမဲၿမဲဝတ္ေလ့ရိွတယ္။ သူ႕ကိုေတြ႕လိုက္ရင္ သူ႕ေဆးခန္းမွာ လူနာေတြနဲ႔မဟုတ္ရင္ဖုန္း တစ္လံုးနဲ႔ အလုပ္႐ႈပ္ေနတတ္တယ္။သူ႕ကို အသိမိတ္ေဆြေတြက ဘိလိယက္ထိုးဖို႔ေခၚတယ္။သူမလိုက္ဘူး။ ႐ုပ္ရွင္ၾကည့္ဖို႔ေခၚေတာ့ အေခြထြက္မွ အိမ္မွာၾကည့္မယ္တဲ့။ ကာရာအိုေကသြားဖို႔ေခၚျပန္ေတာ့ မအားဘူး၊ေဆးခန္းေစာင့္ရဦးမယ္လို႔ေျပာတယ္။ ၾကာေတာ့ သူငယ္ခ်င္းေတြက သူ႕ဆီမလာၾကေတာ့ဘူး။သူကေတာ့ ေန႔တစ္ေန႔တာကို ေဆးခန္း၊လူနာ၊ဖုန္းနဲ႔ျဖတ္သန္းေနတယ္။

တစ္ေန႔…လူနာရွင္းခ်ိန္ သူ႕ဆီေရာက္သြားေတာ့ သူနဲ႔ စကားမ်ားမ်ား ေျပာျဖစ္တယ္။ ကြၽန္ေတာ္က
” ဆရာ့သူငယ္ခ်င္းေတြ ဆရာ့ဆီမလာၾကေတာ့ဘူးမလား…”
လို႔ေမးေတာ ေဒါက္တာက
” ေအး….ဟုတ္တယ္…”
လို႔ေျဖတယ္။ဒါနဲ႔ကြၽန္ေတာ္က
” ဆရာက ဆရာ့လူနာေတြပဲ အခ်ိန္ေပးေနတာကိုး…ဆရာ့အသိ
ေတြကိုလည္း အခ်ိန္ေပးသင့္တာေပါ့….”
” တစ္ခုလိုခ်င္ရင္ တစ္ခုစြန္႔လႊတ္ရမွာေပါ့ကြာ…ငါလုပ္တဲ့အလုပ္က ငါ့အတြက္ေရာ အမ်ားအတြက္ပါအက်ဳိးရိွေတာ့ သူငယ္ခ်င္းေတြနဲ႔
ေပ်ာ္ပါးဖို႔အခြင့္အေရးေတြကို စြန္႔လႊတ္ႏိုင္ပါတယ္…”

ဆရာ့စကားေတြက မွတ္သားဖို႔ေကာင္းတယ္။ဆရာက ဆက္ေျပာေသးတယ္။
” ငါက ဆရာဝန္တစ္ေယာက္ေလကြာ…ဆရာဝန္က ေဆးခန္းနဲ႔လူနာ၊လူနာနဲ႔ေဆးခန္းကို ထိေတြ႕ဆက္ဆံေနတာ မဆန္းပါဘူး….ဆရာဝန္တစ္ေယာက္ျဖစ္ၿပီး ကာရာအိုေကဆိုင္ သြားလိုက္၊ ဘိလိယက္ခံုသြားလိုက္၊ ႐ုပ္ရွင္႐ံုသြားလိုက္၊ အႏိွပ္ခန္း
သြားလိုက္လုပ္ေနရင္ ငါက အမိႈက္ျဖစ္သြားမွာေပါ့…အမိႈက္ဆိုတာ သူမ်ားေတြ စြန္႔ပစ္တဲ့ အရာတစ္ခု၊အသံုးမဝင္တဲ့ အရာတစ္ခု၊တန္ဖိုးမရိွတဲ့ အရာတစ္ခု…ဒါေပမယ့္ အမိႈက္ဆိုတာ တကယ္ေတာ့ အမိႈက္မဟုတ္ဘူး…ရိွသင့္တဲ့ေနရာမွာမရိွပဲ ေနရာလြဲေနလို႔သာ အမိႈက္လို႔ အေခၚခံရတာ…”

” ဘယ္လို…”
ကြၽန္ေတာ္ နားမလည္၍ျပန္ေမးမိတယ္။
” ဒီလိုေလကြာ…မင္း သနပ္ခါးလိမ္းဖူးလား…”
” ဘာဆိုင္လို႔လဲ…”
” ေျဖၾကည့္ပါ…”
” အင္း…ငယ္ငယ္ကလိမ္းဖူးတယ္…”
” သနပ္ခါးက ပါးေပၚမွာလိမ္းတာေနာ္…”
” ဟုတ္တယ္ေလဆရာ…တစ္ခ်ဳိ႕မိဘေတြကေတာ့ သူ႕ကေလးကို တစ္ကိုယ္လံုးလိမ္းေပးၾကတယ္…”
” အင္း…ေကာင္းၿပီ…သနပ္ခါးကို ပါးမွာလိမ္းတယ္ ကိုယ္မွာလိမ္းတယ္…ဆံပင္မွာေကာ လိမ္းလို႔ရလား…”
” ႀကံႀကီးစည္ရာ ဆရာရယ္…သနပ္ခါးကိုဆံပင္မွာလိမ္းလို႔ဘယ္ရမလဲ ဆရာရဲ႕…မ်က္ႏွာကိုသနပ္ခါးလိမ္းလို႔ ဆံပင္ကိုသနပ္ခါးေပသြားရင္ေတာင္သုပ္ပစ္ၾကတာပဲကို….”

” အဲဒါေျပာတာ…သနပ္ခါးက သူ႕ေနရာမဟုတ္တဲ့ ဆံပင္ေပၚ ေရာက္သြားရင္ အမွုိက္အေနနဲ႔ သုပ္ပစ္ခံရေရာ…ဒီလိုပဲ ေခါင္းလိမ္းဆီလည္း ဆံပင္မွာမေနပဲ မ်က္ႏွာမွာ ေနရင္ အမိႈက္အေနနဲ႔ သုပ္ပစ္ခံရမွာပဲ…”
” ဪ…ဒီလိုလား…ကြၽန္ေတာ္သေဘာေပါက္ပါၿပီ…ဆရာ့အေတြး အရမ္းေကာင္းတာပဲ…”
ကြၽန္ေတာ္ ခ်ီးက်ဴးလိုက္တယ္။သူတစ္ပါးကို အျပစ္ကိုေထာက္ျပေတာ့ မည္ဆို လွ်င္၊သားသမီးကိုဆံုးမေတာ့မည္ဆိုလွ်င္ ႏွစ္ေယာက္တည္း
ရိွတဲ့အခ်ိန္မွေျပာသင့္တယ္။သူတစ္ပါး သို႔မဟုတ္ သားသမီးကို ခ်ီးမႊမ္း ေတာ့မည္ဆိုလွ်င္ လူပံုအလယ္မွာ ခ်ီးမႊမ္းရမယ္လို႔ မွတ္သားဖူးတယ္။

” ဒါနဲ႔…ေျပာရဦးမယ္…လူေတြစြန္႔ပစ္ေနတဲ့၊ဘာမွအသံုး မဝင္တဲ့အမိႈက္လည္း ႏွစ္ဆယ့္တစ္ရာစုမွာ ေနရာတစ္ခုရသြားၿပီ၊တန္ဖိုးရိွသြားၿပီ….”
” ဘယ္လို ဆရာ…”
ဆရာ့ရဲ႕ ဒႆနဆန္တဲ့စကားေတြကို နားမလည္စြာနဲ႔ ျပန္ေမးမိတယ္။
” အခု လူေတြစြန္႔ပစ္ေနတဲ့ အမိႈက္ကေန လွ်ပ္စစ္ဓာတ္အား ထုတ္ႏိုင္ၿပီေလကြာ…ဒါ အမိႈက္ရဲ႕တန္ဖိုးေပါ့ကြ…ဒီေတာ့ေလကြာ…
ေလာကမွာ အမိႈက္ဆိုတာ မရိွေတာ့ဘူး…ႏွစ္ဆယ့္တစ္ရာစုမွာ အမိႈက္ဟာ ေလာင္စာအျဖစ္ တန္ဖိုးရိွသြားၿပီ…လူ႕အက်ဳိးျပဳေလာင္စာအျဖစ္
တန္ဖိုးရိွစြာ ရပ္တည္ႏိုင္ခဲ့ၿပီ…”
ဆရာ့ရဲ႕ စကားလံုးေတြကို တစ္ဘဝလံုး၊တစ္သက္လံုး၊မေသမခ်င္း အသံုးျပဳသြားရမယ့္ အေတြးအေခၚအတြက္ ငတ္မြတ္စြာ စားသံုးခဲ့တယ္။
” တကယ္ေတာ့ အမိႈက္ဆိုတာ အမိႈက္မဟုတ္ပါဘူးဗ်ာ…”

ဦးတိုးေအာင္

———————-

အမှိုက်ရှင်းတမ်း (unicode)

Written By ဦးတိုးအောင်

” အမှိုက်ဆိုတာ အမှိုက်မဟုတ်ပါဘူး…
သူရှိသင့်တဲ့နေရာမှာ မရှိတဲ့အတွက်ကြောင့်သာ အမှိုက်ဖြစ်ရတာပါ…”
” အမှိုက်ဆိုတာ အမှိုက်မဟုတ်ပါဘူး….
သူနဲ့သင့်တော်တဲ့နေရာ မရောက်သေးလို့သာ အမှိုက်ဖြစ်ရတာပါ…”

——————————

ကျွန်တော့်အသိဆရာဝန်တစ်ယောက်ရှိတယ်။ သူကရိုးရိုးအေးအေးလေးပဲနေတယ်။ ဘာသာရေးလည်းလိုက်စားတယ်။ သူကဘောင်းဘီရှည်ဝတ်ခဲတယ်။ ပုဆိုးကိုစွဲစွဲမြဲမြဲဝတ်လေ့ရှိတယ်။ သူ့ကိုတွေ့လိုက်ရင် သူ့ဆေးခန်းမှာ လူနာတွေနဲ့မဟုတ်ရင်ဖုန်း တစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်တယ်။သူ့ကို အသိမိတ်ဆွေတွေက ဘိလိယက်ထိုးဖို့ခေါ်တယ်။သူမလိုက်ဘူး။ ရုပ်ရှင်ကြည့်ဖို့ခေါ်တော့ အခွေထွက်မှ အိမ်မှာကြည့်မယ်တဲ့။ ကာရာအိုကေသွားဖို့ခေါ်ပြန်တော့ မအားဘူး၊ဆေးခန်းစောင့်ရဦးမယ်လို့ပြောတယ်။ ကြာတော့ သူငယ်ချင်းတွေက သူ့ဆီမလာကြတော့ဘူး။သူကတော့ နေ့တစ်နေ့တာကို ဆေးခန်း၊လူနာ၊ဖုန်းနဲ့ဖြတ်သန်းနေတယ်။

တစ်နေ့…လူနာရှင်းချိန် သူ့ဆီရောက်သွားတော့ သူနဲ့ စကားများများ ပြောဖြစ်တယ်။ ကျွန်တော်က
” ဆရာ့သူငယ်ချင်းတွေ ဆရာ့ဆီမလာကြတော့ဘူးမလား…”
လို့မေးတော ဒေါက်တာက
” အေး….ဟုတ်တယ်…”
လို့ဖြေတယ်။ဒါနဲ့ကျွန်တော်က
” ဆရာက ဆရာ့လူနာတွေပဲ အချိန်ပေးနေတာကိုး…ဆရာ့အသိ
တွေကိုလည်း အချိန်ပေးသင့်တာပေါ့….”
” တစ်ခုလိုချင်ရင် တစ်ခုစွန့်လွှတ်ရမှာပေါ့ကွာ…ငါလုပ်တဲ့အလုပ်က ငါ့အတွက်ရော အများအတွက်ပါအကျိုးရှိတော့ သူငယ်ချင်းတွေနဲ့
ပျော်ပါးဖို့အခွင့်အရေးတွေကို စွန့်လွှတ်နိုင်ပါတယ်…”

ဆရာ့စကားတွေက မှတ်သားဖို့ကောင်းတယ်။ဆရာက ဆက်ပြောသေးတယ်။
” ငါက ဆရာဝန်တစ်ယောက်လေကွာ…ဆရာဝန်က ဆေးခန်းနဲ့လူနာ၊လူနာနဲ့ဆေးခန်းကို ထိတွေ့ဆက်ဆံနေတာ မဆန်းပါဘူး….ဆရာဝန်တစ်ယောက်ဖြစ်ပြီး ကာရာအိုကေဆိုင် သွားလိုက်၊ ဘိလိယက်ခုံသွားလိုက်၊ ရုပ်ရှင်ရုံသွားလိုက်၊ အနှိပ်ခန်း
သွားလိုက်လုပ်နေရင် ငါက အမှိုက်ဖြစ်သွားမှာပေါ့…အမှိုက်ဆိုတာ သူများတွေ စွန့်ပစ်တဲ့ အရာတစ်ခု၊အသုံးမဝင်တဲ့ အရာတစ်ခု၊တန်ဖိုးမရှိတဲ့ အရာတစ်ခု…ဒါပေမယ့် အမှိုက်ဆိုတာ တကယ်တော့ အမှိုက်မဟုတ်ဘူး…ရှိသင့်တဲ့နေရာမှာမရှိပဲ နေရာလွဲနေလို့သာ အမှိုက်လို့ အခေါ်ခံရတာ…”

” ဘယ်လို…”
ကျွန်တော် နားမလည်၍ပြန်မေးမိတယ်။
” ဒီလိုလေကွာ…မင်း သနပ်ခါးလိမ်းဖူးလား…”
” ဘာဆိုင်လို့လဲ…”
” ဖြေကြည့်ပါ…”
” အင်း…ငယ်ငယ်ကလိမ်းဖူးတယ်…”
” သနပ်ခါးက ပါးပေါ်မှာလိမ်းတာနော်…”
” ဟုတ်တယ်လေဆရာ…တစ်ချို့မိဘတွေကတော့ သူ့ကလေးကို တစ်ကိုယ်လုံးလိမ်းပေးကြတယ်…”
” အင်း…ကောင်းပြီ…သနပ်ခါးကို ပါးမှာလိမ်းတယ် ကိုယ်မှာလိမ်းတယ်…ဆံပင်မှာကော လိမ်းလို့ရလား…”
” ကြံကြီးစည်ရာ ဆရာရယ်…သနပ်ခါးကိုဆံပင်မှာလိမ်းလို့ဘယ်ရမလဲ ဆရာရဲ့…မျက်နှာကိုသနပ်ခါးလိမ်းလို့ ဆံပင်ကိုသနပ်ခါးပေသွားရင်တောင်သုပ်ပစ်ကြတာပဲကို….”

” အဲဒါပြောတာ…သနပ်ခါးက သူ့နေရာမဟုတ်တဲ့ ဆံပင်ပေါ် ရောက်သွားရင် အမှိုက်အနေနဲ့ သုပ်ပစ်ခံရရော…ဒီလိုပဲ ခေါင်းလိမ်းဆီလည်း ဆံပင်မှာမနေပဲ မျက်နှာမှာ နေရင် အမှိုက်အနေနဲ့ သုပ်ပစ်ခံရမှာပဲ…”
” ဪ…ဒီလိုလား…ကျွန်တော်သဘောပေါက်ပါပြီ…ဆရာ့အတွေး အရမ်းကောင်းတာပဲ…”
ကျွန်တော် ချီးကျူးလိုက်တယ်။သူတစ်ပါးကို အပြစ်ကိုထောက်ပြတော့ မည်ဆို လျှင်၊သားသမီးကိုဆုံးမတော့မည်ဆိုလျှင် နှစ်ယောက်တည်း
ရှိတဲ့အချိန်မှပြောသင့်တယ်။သူတစ်ပါး သို့မဟုတ် သားသမီးကို ချီးမွှမ်း တော့မည်ဆိုလျှင် လူပုံအလယ်မှာ ချီးမွှမ်းရမယ်လို့ မှတ်သားဖူးတယ်။

” ဒါနဲ့…ပြောရဦးမယ်…လူတွေစွန့်ပစ်နေတဲ့၊ဘာမှအသုံး မဝင်တဲ့အမှိုက်လည်း နှစ်ဆယ့်တစ်ရာစုမှာ နေရာတစ်ခုရသွားပြီ၊တန်ဖိုးရှိသွားပြီ….”
” ဘယ်လို ဆရာ…”
ဆရာ့ရဲ့ ဒဿနဆန်တဲ့စကားတွေကို နားမလည်စွာနဲ့ ပြန်မေးမိတယ်။
” အခု လူတွေစွန့်ပစ်နေတဲ့ အမှိုက်ကနေ လျှပ်စစ်ဓာတ်အား ထုတ်နိုင်ပြီလေကွာ…ဒါ အမှိုက်ရဲ့တန်ဖိုးပေါ့ကွ…ဒီတော့လေကွာ…
လောကမှာ အမှိုက်ဆိုတာ မရှိတော့ဘူး…နှစ်ဆယ့်တစ်ရာစုမှာ အမှိုက်ဟာ လောင်စာအဖြစ် တန်ဖိုးရှိသွားပြီ…လူ့အကျိုးပြုလောင်စာအဖြစ်
တန်ဖိုးရှိစွာ ရပ်တည်နိုင်ခဲ့ပြီ…”
ဆရာ့ရဲ့ စကားလုံးတွေကို တစ်ဘဝလုံး၊တစ်သက်လုံး၊မသေမချင်း အသုံးပြုသွားရမယ့် အတွေးအခေါ်အတွက် ငတ်မွတ်စွာ စားသုံးခဲ့တယ်။
” တကယ်တော့ အမှိုက်ဆိုတာ အမှိုက်မဟုတ်ပါဘူးဗျာ…”

ဦးတိုးအောင်

Leave a Reply