ကမာၻေက်ာ္ အန္ေကာ၀ပ္ ဘုရားေက်ာင္းႀကီးအေၾကာင္းသိေကာင္းစရာ

Posted on

(တစ္)
အန္ေကာ၀ပ္ (Angkor Wat) ဟု ဆုိလုိက္သည္ႏွင့္ ကေမၻာဒီးယားႏုိင္ငံထဲက ကမၻာေက်ာ္ေရွးေဟာင္းအေမြအႏွစ္ႀကီးတစ္ခုကို လူတုိင္းလူတုိင္း မ်က္လုံးထဲတြင္ ေျပး၍ ျမင္မိၾကစၿမဲျဖစ္ပါသည္။ ၀ပ္ (Wat) ဆုိေသာ စကားလုံးက ေက်ာင္းကို ရည္ၫႊန္းပါသည္။ ႐ုိး႐ုိးေက်ာင္းမဟုတ္။ ဘာသာေရးႏွင့္ ဆက္ႏႊယ္သည့္ေက်ာင္း။ ၿခံစည္း႐ုိးကေလးသာျခားသည့္ ထုိင္းမွာေရာ ကေမၻာဒီးယားမွာပါ ဘုန္းေတာ္ ႀကီးေက်ာင္းေတြကလည္း ၀ပ္ (Wat)၊ ဟိႏၵဴဘုရားေက်ာင္းေတြကလည္း ၀ပ္ (Wat)။ အန္ေကာ၀ပ္ကေတာ့ ကမၻာ့ထိပ္တန္းစာရင္း၀င္ ခမာႏုိင္ငံေတာ္အေမြအႏွစ္။ အခုရက္ေတြထဲ ထုိယဥ္ေက်းမႈအေမြအႏွစ္ အန္ေကာ၀ပ္ေက်ာင္းေတာ္ႀကီးထဲ၌ ကုိယ္လုံးတီးဓာတ္ပုံ အ႐ုိက္ခံသူတုိ႔ အေၾကာင္းေတြကို သတင္းစာ၊ ဂ်ာနယ္မ်ားထဲ၌ ဖတ္႐ႈခြင့္ရလုိက္ရာ ကြၽန္ေတာ္ အံ့ၾသေန မိပါသည္။ ဘယ္လုိမ်ဳိး စိတ္ကူးႀကီးေတြပါလိမ့္။

(ႏွစ္)
အန္ေကာ၀ပ္က စီရမ္ရိ (Siem Reap) ျပည္နယ္ထဲမွာရွိပါသည္။ ဘန္ေကာက္မွ စီရမ္ရိသုိ႔ တစ္နာရီ ၀န္းက်င္ ေလယာဥ္စီးလုိက္ၿပီးသည္ႏွင့္ ကမၻာေက်ာ္ အန္ေကာ၀ပ္ဘုရားေက်ာင္း ရွိရာဆီသုိ႔ ေမာ္ေတာ္ ကားစီးၿပီး အေရာက္သြားႏုိင္ပါၿပီ။ အန္ေကာ၀ပ္က ပုဂံႏွင့္ေခတ္ၿပိဳင္။ ဘုရင္စနစ္ျဖင့္ အုပ္ခ်ဳပ္ခဲ့ေသာ ကေမၻာဒီးယားႏုိင္ငံက ၁၁ ရာစု ေႏွာင္းပုိင္းႏွစ္ကာလမ်ားတြင္ မၿငိမ္မသက္ မႈမ်ား၊ အစိတ္စိတ္အႁမႊာႁမႊာ ၿပိဳကြဲမႈမ်ားျဖင့္ ျပည့္ႏွက္ေနခဲ့ပါသည္။ အာဏာကုန္ပုိင္စုိးႏုိင္ဖုိ႔ရာအတြက္ စင္ၿပိဳင္ႀကိဳးပမ္းၾကသူေတြႏွစ္ဦး၊ သုံးဦးအထိရွိခဲ့ေသာ ကာလမ်ားပင္ရွိခဲ့ဖူးပါသည္။ သုိ႔ျဖင့္ ၁၁ ရာစုကုန္ေလေသာအခါ ေနာက္ႏွစ္တစ္ရာရွည္ၾကာတည္တံ့မည့္ မင္းဆက္အသစ္ ေပၚေပါက္လာပါေတာ့သည္။

ပထမဦးဆုံးေပၚေပါက္ခဲ့ၾကသည့္ ေဇယ်ဗာမန္ (၆) ႏွင့္ ၾအနိႏၵရာဗာမန္ (၁) တုိ႔၏ အေၾကာင္းကို လူသိအလြန္နည္းပါသည္။ သုိ႔ေသာ္ သူတုိ႔၏ တူေတာ္စပ္သူ သူရိယဗာမန္ (၂) ကမူ ထူးျခားေသာမင္းတစ္ပါးပဲ ျဖစ္ပါသည္။ ကမၻာေက်ာ္အန္ေကာ၀ပ္ကုိ တည္ေဆာက္ခဲ့သူမွာ သူရိယဗာမန္ (၂) ပင္ျဖစ္ပါ၏။ ေက်ာက္စာအေထာက္အထားတုိ႔အရ ထုိသူရိယဗာမန္ (၂) Suryavarman(II) သည္ ၿပိဳင္ဘက္မင္းတစ္ပါးကို အႏုိင္ရၿပီးေနာက္ ဘုန္းတန္ခုိးႀကီးမားလာခဲ့ျခင္းျဖစ္သည္ဟု ဆိုပါသည္။ စစ္ေျမျပင္တြင္ ရန္သူဘုရင္၏ ဆင္ဦးကင္းေပၚသုိ႔တက္ၿပီး လုပ္ႀကံပစ္လုိက္ပုံမွာ ေတာင္ေစာင္းတြင္ ေႁမြကို ဂဠဳန္က သုတ္ပစ္လုိက္သည့္ပမာႏွင့္ တူလွေၾကာင္း ေဖာ္ျပေလ့ရွိၾကပါသည္။

သူရိယဗာမန္ (၂) သည္ ဗီယက္နမ္ကို အတုိက္အခံျပဳကာ တ႐ုတ္၏ အားေပးမႈကိုခံယူၿပီး အန္ကာေခတ္ဘုရင္မ်ားထဲတြင္ တ႐ုတ္ႏွင့္ ဦးစြာ သံတမန္ဆက္ဆံခဲ့ေသာ ဘုရင္လည္းျဖစ္ပါသည္။ ယခုေခတ္ ထုိင္းႏုိင္ငံအေရွ႕ေျမာက္တြင္ရွိေသာ Pimai ႏွင့္ Phnom Rung အရပ္ေဒသမ်ားတြင္ အံ့ၾသခ်ီးက်ဴးဖြယ္ရာ ေက်ာင္းေတာ္မ်ားကို ထိုဘုရင္ တည္ေဆာက္ခဲ့ပါသည္။ သူရိယဗာမန္ (၂) က ဗိႆႏုိးနတ္ကို အျမတ္တႏုိးကုိးကြယ္သည္။ ထုိ႔ေၾကာင့္ အန္ကာေခတ္ (Angkor) ၏ အႀကီးမားဆုံး၊ အလွပဆုံး၊ အဆန္းၾကယ္ဆုံး၊ အခံ့ထည္ဆုံး အန္ေကာ၀ပ္ေက်ာင္းေတာ္ႀကီးကို တည္ေဆာက္ခဲ့ပါသည္။

အန္ေကာ၀ပ္ေက်ာင္းေတာ္ဧရိယာက ဧက ငါးရာေက်ာ္သည္။ သူရိယဗာမန္ (၂) နန္းတက္စ အေစာပုိင္းႏွစ္မ်ားတြင္ တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ခရစ္ႏွစ္ ၁၁၅၀ သူ နတ္ရြာစံသည္အထိ မၿပီးျပတ္ခဲ့။ ယခုအခါ ေပ်ာက္ဆုံးသြားၿပီျဖစ္ေသာ ေက်ာင္းေဆာင္အလယ္ရွိ ဗိႆႏုိးနတ္႐ုပ္ႀကီးသည္ သူရိယဗာမန္ (၂) ၏ (၃၃) ႏွစ္ေျမာက္ ေမြးေန႔ (ခရစ္ႏွစ္-၁၁၃၁) ကိုရည္ရြယ္ကာ ထုလုပ္ခဲ့ျခင္းျဖစ္သည္ဟု ဆုိပါသည္။ အန္ေကာ၀ပ္ေက်ာင္းေတာ္ႀကီးသည္ အေနာက္ဘက္သုိ႔ မ်က္ႏွာဖြင့္ထားသည့္အတြက္ ထူးျခားသည္ဟုဆုိပါသည္။ ေက်ာင္းေဆာင္ပတ္ပတ္လည္ရွိ ႐ုပ္တုႀကီးမ်ားသည္ တစ္မုိင္ပတ္ပတ္လည္၌ ရွိေနၾကျခင္းျဖစ္ၿပီး အေနာက္ေျမာက္မွစကာ နာရီလက္တံ ေျပာင္းျပန္လည္သည့္ အေနအထားအတုိင္းၾကည့္ရင္း အၫႊန္းစာမ်ားကို ဖတ္သြားၾကရန္ျဖစ္ပါသည္။

ဤသုိ႔ေျပာင္းျပန္လွည့္ရသည့္ အဓိပၸာယ္မွာ ေသျခင္းတရားႏွင့္ ဆက္စပ္ေနၿပီး ‘‘အေနာက္ဘက္’’ ဟူသည့္ စကာလုံးကလည္း ခမာဘာသာစကားအရ က်ဆုံးျခင္း နစ္ျမဳပ္ျခင္းကုိ ကုိယ္စားျပဳေၾကာင္း ယူဆသူမ်ားရွိပါသည္။ ထုိ႔ေၾကာင့္ ျပင္သစ္ေလ့လာသူမ်ားက အန္ေကာ၀ပ္သည္ ေက်ာင္းေတာ္မဟုတ္ဘဲ ဂူသခ်ႋဳင္းျဖစ္ရမည္ဟု ျငင္းခုံခဲ့သည္မ်ားလည္း ရွိခဲ့ပါသည္။

အန္ေကာ၀ပ္ေက်ာင္းေတာ္ ဝန္းက်င္ႀကီးတစ္ခုလုံးသည္ နက္႐ႈိင္းသည့္ သစ္ေတာအုပ္ႀကီး၏ အလယ္တြင္ ႏွစ္ေပါင္းမ်ားစြာ ပုန္း၀ွက္ကြယ္ေပ်ာက္ကာ ငုပ္လွ်ဳိးေနခဲ့ျခင္းျဖစ္ၿပီး ျပင္သစ္ကိုလိုနီဘ၀သုိ႔ က်ေရာက္စဥ္ ေန႔ရက္မ်ားတြင္မွ ျပင္သစ္တုိ႔က ျပန္လည္ေဖာ္ထုတ္ေပးခဲ့ျခင္းျဖစ္ပါသည္။
၁၉၄၀ ႏွင့္ ၁၉၇၀ ၾကားတြင္ အန္ေကာ၀ပ္သုိ႔ ေလ့လာသူအမ်ားအျပား ေရာက္ရွိ၍ လာၾကပါသည္။ ၁၉၄၀ ၌ ေရာက္ရွိသူ Codes ဆုိသူက အန္ေကာ၀ပ္သည္ ေက်ာင္းလည္းဟုတ္၊ ဂူလည္း ဟုတ္သည္ဟုဆုိပါသည္။ အေနာက္သုိ႔ မ်က္ႏွာလွည့္ထားျခင္းသည္ ဗိႆႏုိးကို အ႐ုိအေသျပဳျခင္းတဲ့။ အန္ကာေခတ္ႀကီးတစ္ေခတ္လုံးတြင္ ဗိႆႏုိးကို ပူေဇာ္ေသာ ဘုရားေက်ာင္းဟူ၍ အန္ေကာ၀ပ္ တစ္ခုသာရွိပါသည္။

(သုံး)
၁၉၇၀ ျပည့္ ႏွစ္လယ္ပုိင္းတြင္ အန္ေကာ၀ပ္ေက်ာင္းေတာ္၏ အတုိင္းအတာမ်ားကို ေလ့လာသူ Eleanor Moron ဆုိသူတစ္ေယာက္ ေရာက္လာပါသည္။ ေက်ာင္းေတာ္၏ အတုိင္းအတာ၊ အမွတ္အသား မွန္သမွ်သည္ ေက်ာင္းေတာ္ကို ဒီဇုိင္းေရးဆြဲခဲ့သူတုိ႔က လွ်ဳိ႕၀ွက္အမွတ္အသားမ်ားျဖင့္ အဓိပၸာယ္ ေဖာ္ခဲ့ျခင္းျဖစ္မည္ဟု ခန္႔မွန္းၾကပါသည္။

ကေမၻာဒီးယားအတုိင္းအတာအရ အေနာက္ဘက္အေပါက္မွ ေက်ာင္းေဆာင္အလယ္အထိ ၁၇၂၈ ဘက္ (Bat) ရွိပါသည္။ အျခားသုံးဘက္မွာမူ ေက်ာင္းေဆာင္အလယ္သုိ႔ ေရာက္ေစရန္ ၁၂၉၆ ဘက္၊ ၈၆၇ဘက္၊ ၄၃၉ဘက္ အသီးသီးရွိပါသည္။ ထုိအကြာအေ၀းပမာဏတုိ႔သည္ အိႏၵိယအယူအဆအရ ေခတ္ႀကီးေလးေခတ္ကုိ ကုိယ္စားျပဳသည္ဟု ဆိုပါသည္။ ေရႊေခတ္သည္ ႏွစ္ ၁ ဒသမ ၇၂၈ သန္းၾကာၿပီး အျခားသုံးေခတ္သည္ ႏွစ္ ၁ ဒသမ ၂၉၆ သန္း၊ ၈၆၄၀၀၀ ႏွစ္ႏွင့္ ၄၃၂၀၀၀ ႏွစ္တုိ႔ ကုိယ္စားျပဳေၾကာင္းဆုိပါ၏။ အေစာဆုံးေခတ္သည္ ေနာက္ဆုံးေခတ္၏ ေလးဆ၊ ဒုတိယေခတ္၏ သုံးဆ၊ တတိယေခတ္၏ ႏွစ္ဆရွိၿပီး ယခုေခတ္သည္ ေနာက္ဆုံးေခတ္ျဖစ္ကာ အဆုံးတြင္ စၾက၀ဠာႀကီး ပ်က္စီးသြားမည္ျဖစ္ေၾကာင္း ယူဆပါသည္။

ေၾသာ္- ကေမၻာဒီးယား အေျခခံအတိုင္းအတာ ဘက္ (Bat) တစ္ဘက္မွာ ၀ ဒသမ ၄ မီတာတဲ့။ ၁ ဒသမ ၃ ေပ တဲ့။ လိုရာစနစ္သို႔ တြက္ခ်က္ၾကည့္ယူႏိုင္ပါသည္။ ထား။ သို႔ဆိုလွ်င္ နာရီလက္တံ ေျပာင္းျပန္အတိုင္း ဖတ္ၾကည့္ရမည္ဆိုသည့္ အန္ေကာ၀ပ္ေက်ာင္းေတာ္ႀကီးသည္ အခ်ိန္ကာလ ခရီးသြားျခင္းကို ကိုယ္စားျပဳတဲ့ အဓိပၸာယ္ပဲေပါ့။ အေနာက္ေပါက္မွ ၀င္ေရာက္လာလွ်င္ ေသျခင္းတရား၏ ဆန္႔က်င္ဘက္။ အိႏိၵယတို႔ ယံုၾကည္ၾကရာ အခ်ိန္ကာလ၏အစသို႔ ခ်ဥ္းကပ္လာသည့္ အနက္အဓိပၸာယ္။

leanor Moron က အန္ေကာ၀ပ္ေက်ာင္းတြင္ နကၡတ္တာရာအရ ဆက္စပ္မႈမ်ားလည္း ရွိသည္ဟု ဆိုပါသည္။ Phmum Bak အရပ္ရွိ ေတာင္ကုန္းကေလးတစ္ခုေပၚမွ ေနထြက္လာေသာ အခ်ိန္တြင္ ေနသည္ အေနာက္ဘက္၀င္ေပါက္ႏွင့္ တစ္တန္းတည္း ျဖစ္ေနသည္ဟု ဆိုပါသည္။ အန္ေကာ၀ပ္ကို တည္ေဆာက္သူ သူရိယဗာမန္၏ အမည္ကပင္လွ်င္ ေနမင္းႀကီး၏ ကာကြယ္ေစာင့္ေရွာက္မႈကို ခံရသူဟု အဓိပၸာယ္သက္ေရာက္ေနသည္ မဟုတ္လား။ သို႔ဆိုလွ်င္ျဖင့္ အန္ေကာ၀ပ္ ေက်ာင္းေတာ္ႀကီးသည္ လွ်ဳိ႕၀ွက္စာမ်ားျဖင့္ ေရးသားထားသည့္ ဘာသာေရး ပေဟဠိပုစၧာတစ္ပုဒ္မ်ား ျဖစ္ေနေလေရာ့သလား မသိ။

ထိုဘုရားေက်ာင္း၏ ထူးျခားခ်က္မွာ မ်ားျပားလွေသာ မ်က္ႏွာမ်ားျဖစ္သည္။ အရင္တုန္းက ဗုဒၶ၏ မ်က္ႏွာမ်ားဟု နာမည္ႀကီးခဲ့ၿပီး တစ္ခ်ိဳ႕က ခမာဘုရင္တို႔၏ မ်က္ႏွာမ်ားဟု ယူဆၾကသည္။ေနာက္ထပ္နာမည္ႀကီးေသာ ေနရာမွာ Ta Prohm ဆိုေသာေနရာပင္ျဖစ္မည္။ Tomb Rider ကိုၾကည့္ဖူးသူတိုင္းအတြက္ ထိုေနရာႏွင့္စိမ္းမည္ မဟုတ္ပါ။ အန္ေကာၿမိဳ႕ေဟာင္းသည္ တစ္ခ်ိန္က ေတာအုပ္ႀကီးထဲတြင္ ႏွစ္ေပါင္းမ်ားစြာ လူတို႔၏ စြန္႔ပစ္ျခင္းကို ခံခဲ့ရသည္။ ျပင္သစ္လူမ်ိဳးက ျပန္လည္တူးေဖာ္ၿပီးေသာအခါ အန္ေကာၿမိဳ႕ေဟာင္း၏ အလွသည္ ျပန္ၿပီးအသက္ဝင္လာသည္။
ေနာက္ထပ္ ထူးျခားခ်က္မွာ သမိုင္းပညာရွင္တို႔၏ မတူးေဖာ္ခင္အတိုင္း အရွိကိုအရွိအတိုင္း ထားျခင္းျဖစ္သည္။ Silk Tree ၏ ႀကီးမားလွေသာ အျမစ္မ်ားၾကားထဲတြင္ ဘုရားေက်ာင္းသည္ တိတ္ဆိတ္ၿငိမ္သက္စြာျဖင့္ မတ္တပ္ရပ္စဲရွိသည္။ ပန္းေရာင္းေဖ်ာ့ေဖ်ာ့ အျမစ္ႀကီးမ်ားသည္ ေႁမြလိမ္ေႁမြေကာက္ပမာ ဘုရားေက်ာင္းကို ရစ္ပတ္ထားၿပီး အစိမ္းေရာင္ေရၫွိပင္မ်ားက လႊမ္းၿခဳံထားသည္။ ေျမ၏သဘာ၀ႏွင့္ လူသားတို႔ဖန္တီးမႈ ႏွစ္ခုသည္ လွပစြာေပါင္းစည္းေနေသာ ေနရာေလးျဖစ္သည္။

VIDEO

Via: 7Day Daily
Myanmar Wikipedia


ကမ္ဘာကျော် အန်ကောဝပ် ဘုရားကျောင်းကြီးအကြောင်းသိကောင်းစရာ (unicode)

(တစ်)
အန်ကောဝပ် (Angkor Wat) ဟု ဆိုလိုက်သည်နှင့် ကမ္ဘောဒီးယားနိုင်ငံထဲက ကမ္ဘာကျော်ရှေးဟောင်းအမွေအနှစ်ကြီးတစ်ခုကို လူတိုင်းလူတိုင်း မျက်လုံးထဲတွင် ပြေး၍ မြင်မိကြစမြဲဖြစ်ပါသည်။ ဝပ် (Wat) ဆိုသော စကားလုံးက ကျောင်းကို ရည်ညွှန်းပါသည်။ ရိုးရိုးကျောင်းမဟုတ်။ ဘာသာရေးနှင့် ဆက်နွှယ်သည့်ကျောင်း။ ခြံစည်းရိုးကလေးသာခြားသည့် ထိုင်းမှာရော ကမ္ဘောဒီးယားမှာပါ ဘုန်းတော် ကြီးကျောင်းတွေကလည်း ဝပ် (Wat)၊ ဟိန္ဒူဘုရားကျောင်းတွေကလည်း ဝပ် (Wat)။ အန်ကောဝပ်ကတော့ ကမ္ဘာ့ထိပ်တန်းစာရင်းဝင် ခမာနိုင်ငံတော်အမွေအနှစ်။ အခုရက်တွေထဲ ထိုယဉ်ကျေးမှုအမွေအနှစ် အန်ကောဝပ်ကျောင်းတော်ကြီးထဲ၌ ကိုယ်လုံးတီးဓာတ်ပုံ အရိုက်ခံသူတို့ အကြောင်းတွေကို သတင်းစာ၊ ဂျာနယ်များထဲ၌ ဖတ်ရှုခွင့်ရလိုက်ရာ ကျွန်တော် အံ့ဩနေ မိပါသည်။ ဘယ်လိုမျိုး စိတ်ကူးကြီးတွေပါလိမ့်။

(နှစ်)
အန်ကောဝပ်က စီရမ်ရိ (Siem Reap) ပြည်နယ်ထဲမှာရှိပါသည်။ ဘန်ကောက်မှ စီရမ်ရိသို့ တစ်နာရီ ဝန်းကျင် လေယာဉ်စီးလိုက်ပြီးသည်နှင့် ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်း ရှိရာဆီသို့ မော်တော် ကားစီးပြီး အရောက်သွားနိုင်ပါပြီ။ အန်ကောဝပ်က ပုဂံနှင့်ခေတ်ပြိုင်။ ဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံက ၁၁ ရာစု နှောင်းပိုင်းနှစ်ကာလများတွင် မငြိမ်မသက် မှုများ၊ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမှုများဖြင့် ပြည့်နှက်နေခဲ့ပါသည်။ အာဏာကုန်ပိုင်စိုးနိုင်ဖို့ရာအတွက် စင်ပြိုင်ကြိုးပမ်းကြသူတွေနှစ်ဦး၊ သုံးဦးအထိရှိခဲ့သော ကာလများပင်ရှိခဲ့ဖူးပါသည်။ သို့ဖြင့် ၁၁ ရာစုကုန်လေသောအခါ နောက်နှစ်တစ်ရာရှည်ကြာတည်တံ့မည့် မင်းဆက်အသစ် ပေါ်ပေါက်လာပါတော့သည်။

ပထမဦးဆုံးပေါ်ပေါက်ခဲ့ကြသည့် ဇေယျဗာမန် (၆) နှင့် အြနိန္ဒရာဗာမန် (၁) တို့၏ အကြောင်းကို လူသိအလွန်နည်းပါသည်။ သို့သော် သူတို့၏ တူတော်စပ်သူ သူရိယဗာမန် (၂) ကမူ ထူးခြားသောမင်းတစ်ပါးပဲ ဖြစ်ပါသည်။ ကမ္ဘာကျော်အန်ကောဝပ်ကို တည်ဆောက်ခဲ့သူမှာ သူရိယဗာမန် (၂) ပင်ဖြစ်ပါ၏။ ကျောက်စာအထောက်အထားတို့အရ ထိုသူရိယဗာမန် (၂) Suryavarman(II) သည် ပြိုင်ဘက်မင်းတစ်ပါးကို အနိုင်ရပြီးနောက် ဘုန်းတန်ခိုးကြီးမားလာခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ စစ်မြေပြင်တွင် ရန်သူဘုရင်၏ ဆင်ဦးကင်းပေါ်သို့တက်ပြီး လုပ်ကြံပစ်လိုက်ပုံမှာ တောင်စောင်းတွင် မြွေကို ဂဠုန်က သုတ်ပစ်လိုက်သည့်ပမာနှင့် တူလှကြောင်း ဖော်ပြလေ့ရှိကြပါသည်။

သူရိယဗာမန် (၂) သည် ဗီယက်နမ်ကို အတိုက်အခံပြုကာ တရုတ်၏ အားပေးမှုကိုခံယူပြီး အန်ကာခေတ်ဘုရင်များထဲတွင် တရုတ်နှင့် ဦးစွာ သံတမန်ဆက်ဆံခဲ့သော ဘုရင်လည်းဖြစ်ပါသည်။ ယခုခေတ် ထိုင်းနိုင်ငံအရှေ့မြောက်တွင်ရှိသော Pimai နှင့် Phnom Rung အရပ်ဒေသများတွင် အံ့ဩချီးကျူးဖွယ်ရာ ကျောင်းတော်များကို ထိုဘုရင် တည်ဆောက်ခဲ့ပါသည်။ သူရိယဗာမန် (၂) က ဗိဿနိုးနတ်ကို အမြတ်တနိုးကိုးကွယ်သည်။ ထို့ကြောင့် အန်ကာခေတ် (Angkor) ၏ အကြီးမားဆုံး၊ အလှပဆုံး၊ အဆန်းကြယ်ဆုံး၊ အခံ့ထည်ဆုံး အန်ကောဝပ်ကျောင်းတော်ကြီးကို တည်ဆောက်ခဲ့ပါသည်။

အန်ကောဝပ်ကျောင်းတော်ဧရိယာက ဧက ငါးရာကျော်သည်။ သူရိယဗာမန် (၂) နန်းတက်စ အစောပိုင်းနှစ်များတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ခရစ်နှစ် ၁၁၅၀ သူ နတ်ရွာစံသည်အထိ မပြီးပြတ်ခဲ့။ ယခုအခါ ပျောက်ဆုံးသွားပြီဖြစ်သော ကျောင်းဆောင်အလယ်ရှိ ဗိဿနိုးနတ်ရုပ်ကြီးသည် သူရိယဗာမန် (၂) ၏ (၃၃) နှစ်မြောက် မွေးနေ့ (ခရစ်နှစ်-၁၁၃၁) ကိုရည်ရွယ်ကာ ထုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။ အန်ကောဝပ်ကျောင်းတော်ကြီးသည် အနောက်ဘက်သို့ မျက်နှာဖွင့်ထားသည့်အတွက် ထူးခြားသည်ဟုဆိုပါသည်။ ကျောင်းဆောင်ပတ်ပတ်လည်ရှိ ရုပ်တုကြီးများသည် တစ်မိုင်ပတ်ပတ်လည်၌ ရှိနေကြခြင်းဖြစ်ပြီး အနောက်မြောက်မှစကာ နာရီလက်တံ ပြောင်းပြန်လည်သည့် အနေအထားအတိုင်းကြည့်ရင်း အညွှန်းစာများကို ဖတ်သွားကြရန်ဖြစ်ပါသည်။

ဤသို့ပြောင်းပြန်လှည့်ရသည့် အဓိပ္ပာယ်မှာ သေခြင်းတရားနှင့် ဆက်စပ်နေပြီး ‘‘အနောက်ဘက်’’ ဟူသည့် စကာလုံးကလည်း ခမာဘာသာစကားအရ ကျဆုံးခြင်း နစ်မြုပ်ခြင်းကို ကိုယ်စားပြုကြောင်း ယူဆသူများရှိပါသည်။ ထို့ကြောင့် ပြင်သစ်လေ့လာသူများက အန်ကောဝပ်သည် ကျောင်းတော်မဟုတ်ဘဲ ဂူသင်္ချိုင်းဖြစ်ရမည်ဟု ငြင်းခုံခဲ့သည်များလည်း ရှိခဲ့ပါသည်။

အန်ကောဝပ်ကျောင်းတော် ဝန်းကျင်ကြီးတစ်ခုလုံးသည် နက်ရှိုင်းသည့် သစ်တောအုပ်ကြီး၏ အလယ်တွင် နှစ်ပေါင်းများစွာ ပုန်းဝှက်ကွယ်ပျောက်ကာ ငုပ်လျှိုးနေခဲ့ခြင်းဖြစ်ပြီး ပြင်သစ်ကိုလိုနီဘဝသို့ ကျရောက်စဉ် နေ့ရက်များတွင်မှ ပြင်သစ်တို့က ပြန်လည်ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်ပါသည်။
၁၉၄၀ နှင့် ၁၉၇၀ ကြားတွင် အန်ကောဝပ်သို့ လေ့လာသူအများအပြား ရောက်ရှိ၍ လာကြပါသည်။ ၁၉၄၀ ၌ ရောက်ရှိသူ Codes ဆိုသူက အန်ကောဝပ်သည် ကျောင်းလည်းဟုတ်၊ ဂူလည်း ဟုတ်သည်ဟုဆိုပါသည်။ အနောက်သို့ မျက်နှာလှည့်ထားခြင်းသည် ဗိဿနိုးကို အရိုအသေပြုခြင်းတဲ့။ အန်ကာခေတ်ကြီးတစ်ခေတ်လုံးတွင် ဗိဿနိုးကို ပူဇော်သော ဘုရားကျောင်းဟူ၍ အန်ကောဝပ် တစ်ခုသာရှိပါသည်။

(သုံး)
၁၉၇၀ ပြည့် နှစ်လယ်ပိုင်းတွင် အန်ကောဝပ်ကျောင်းတော်၏ အတိုင်းအတာများကို လေ့လာသူ Eleanor Moron ဆိုသူတစ်ယောက် ရောက်လာပါသည်။ ကျောင်းတော်၏ အတိုင်းအတာ၊ အမှတ်အသား မှန်သမျှသည် ကျောင်းတော်ကို ဒီဇိုင်းရေးဆွဲခဲ့သူတို့က လျှို့ဝှက်အမှတ်အသားများဖြင့် အဓိပ္ပာယ် ဖော်ခဲ့ခြင်းဖြစ်မည်ဟု ခန့်မှန်းကြပါသည်။

ကမ္ဘောဒီးယားအတိုင်းအတာအရ အနောက်ဘက်အပေါက်မှ ကျောင်းဆောင်အလယ်အထိ ၁၇၂၈ ဘက် (Bat) ရှိပါသည်။ အခြားသုံးဘက်မှာမူ ကျောင်းဆောင်အလယ်သို့ ရောက်စေရန် ၁၂၉၆ ဘက်၊ ၈၆၇ဘက်၊ ၄၃၉ဘက် အသီးသီးရှိပါသည်။ ထိုအကွာအဝေးပမာဏတို့သည် အိန္ဒိယအယူအဆအရ ခေတ်ကြီးလေးခေတ်ကို ကိုယ်စားပြုသည်ဟု ဆိုပါသည်။ ရွှေခေတ်သည် နှစ် ၁ ဒသမ ၇၂၈ သန်းကြာပြီး အခြားသုံးခေတ်သည် နှစ် ၁ ဒသမ ၂၉၆ သန်း၊ ၈၆၄၀၀၀ နှစ်နှင့် ၄၃၂၀၀၀ နှစ်တို့ ကိုယ်စားပြုကြောင်းဆိုပါ၏။ အစောဆုံးခေတ်သည် နောက်ဆုံးခေတ်၏ လေးဆ၊ ဒုတိယခေတ်၏ သုံးဆ၊ တတိယခေတ်၏ နှစ်ဆရှိပြီး ယခုခေတ်သည် နောက်ဆုံးခေတ်ဖြစ်ကာ အဆုံးတွင် စကြဝဠာကြီး ပျက်စီးသွားမည်ဖြစ်ကြောင်း ယူဆပါသည်။

ဪ- ကမ္ဘောဒီးယား အခြေခံအတိုင်းအတာ ဘက် (Bat) တစ်ဘက်မှာ ၀ ဒသမ ၄ မီတာတဲ့။ ၁ ဒသမ ၃ ပေ တဲ့။ လိုရာစနစ်သို့ တွက်ချက်ကြည့်ယူနိုင်ပါသည်။ ထား။ သို့ဆိုလျှင် နာရီလက်တံ ပြောင်းပြန်အတိုင်း ဖတ်ကြည့်ရမည်ဆိုသည့် အန်ကောဝပ်ကျောင်းတော်ကြီးသည် အချိန်ကာလ ခရီးသွားခြင်းကို ကိုယ်စားပြုတဲ့ အဓိပ္ပာယ်ပဲပေါ့။ အနောက်ပေါက်မှ ဝင်ရောက်လာလျှင် သေခြင်းတရား၏ ဆန့်ကျင်ဘက်။ အိန္ဒိယတို့ ယုံကြည်ကြရာ အချိန်ကာလ၏အစသို့ ချဉ်းကပ်လာသည့် အနက်အဓိပ္ပာယ်။

leanor Moron က အန်ကောဝပ်ကျောင်းတွင် နက္ခတ်တာရာအရ ဆက်စပ်မှုများလည်း ရှိသည်ဟု ဆိုပါသည်။ Phmum Bak အရပ်ရှိ တောင်ကုန်းကလေးတစ်ခုပေါ်မှ နေထွက်လာသော အချိန်တွင် နေသည် အနောက်ဘက်ဝင်ပေါက်နှင့် တစ်တန်းတည်း ဖြစ်နေသည်ဟု ဆိုပါသည်။ အန်ကောဝပ်ကို တည်ဆောက်သူ သူရိယဗာမန်၏ အမည်ကပင်လျှင် နေမင်းကြီး၏ ကာကွယ်စောင့်ရှောက်မှုကို ခံရသူဟု အဓိပ္ပာယ်သက်ရောက်နေသည် မဟုတ်လား။ သို့ဆိုလျှင်ဖြင့် အန်ကောဝပ် ကျောင်းတော်ကြီးသည် လျှို့ဝှက်စာများဖြင့် ရေးသားထားသည့် ဘာသာရေး ပဟေဠိပုစ္ဆာတစ်ပုဒ်များ ဖြစ်နေလေရော့သလား မသိ။

ထိုဘုရားကျောင်း၏ ထူးခြားချက်မှာ များပြားလှသော မျက်နှာများဖြစ်သည်။ အရင်တုန်းက ဗုဒ္ဓ၏ မျက်နှာများဟု နာမည်ကြီးခဲ့ပြီး တစ်ချို့က ခမာဘုရင်တို့၏ မျက်နှာများဟု ယူဆကြသည်။နောက်ထပ်နာမည်ကြီးသော နေရာမှာ Ta Prohm ဆိုသောနေရာပင်ဖြစ်မည်။ Tomb Rider ကိုကြည့်ဖူးသူတိုင်းအတွက် ထိုနေရာနှင့်စိမ်းမည် မဟုတ်ပါ။ အန်ကောမြို့ဟောင်းသည် တစ်ချိန်က တောအုပ်ကြီးထဲတွင် နှစ်ပေါင်းများစွာ လူတို့၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။ ပြင်သစ်လူမျိုးက ပြန်လည်တူးဖော်ပြီးသောအခါ အန်ကောမြို့ဟောင်း၏ အလှသည် ပြန်ပြီးအသက်ဝင်လာသည်။
နောက်ထပ် ထူးခြားချက်မှာ သမိုင်းပညာရှင်တို့၏ မတူးဖော်ခင်အတိုင်း အရှိကိုအရှိအတိုင်း ထားခြင်းဖြစ်သည်။ Silk Tree ၏ ကြီးမားလှသော အမြစ်များကြားထဲတွင် ဘုရားကျောင်းသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် မတ်တပ်ရပ်စဲရှိသည်။ ပန်းရောင်းဖျော့ဖျော့ အမြစ်ကြီးများသည် မြွေလိမ်မြွေကောက်ပမာ ဘုရားကျောင်းကို ရစ်ပတ်ထားပြီး အစိမ်းရောင်ရေညှိပင်များက လွှမ်းခြုံထားသည်။ မြေ၏သဘာ၀နှင့် လူသားတို့ဖန်တီးမှု နှစ်ခုသည် လှပစွာပေါင်းစည်းနေသော နေရာလေးဖြစ်သည်။

Via: 7Day Daily
Myanmar Wikipedia

Leave a Reply