အလုပ္ႀကဳိးစားလြန္းၿပီး အလုပ္ခ်ိန္ထက္ပိုလုပ္တဲ့သူမ်ားကို ေခတ္မီနည္းစနစ္နဲ႔ ႏွင္ထုတ္ေတာ့မယ္ ဂ်ပန္

Posted on

ကမာၻေပၚမွာ ဂ်ပန္ႏုိင္ငံဟာ အလုပ္အလုပ္ဆုံးႏုိင္ငံဆုိတာကုိ အားလုံးသိၿပီးျဖစ္ပါလိမ့္မယ္။ ဒီလုိသတ္မွတ္ခံထားရျခင္းအေၾကာင္းကလည္း ဂ်ပန္ႏုိင္ငံသားေတြဟာ အလုပ္ေတြကို ရုိးရာယဥ္ေက်းမႈတစ္ခုလုိ ေလာဘတႀကီးနင္းကန္လုပ္တတ္လုိ႔ျဖစ္ပါတယ္။ အလုပ္ခ်ိန္ၿပီးတဲ့အခါ အလုပ္ရွင္ေတြက ျပန္ခုိင္းေပမယ့္ ဂ်ပန္ႏုိင္ငံသားေတြဟာ ျပန္ေလ့မရွိပဲ သတ္မွတ္ထားတဲ့အခ်ိန္ထက္ အေတာ္ေနာက္က်ၿပီးမွ ျပန္ေလ့ရွိၾကပါတယ္။ ဒါေၾကာင့္ ၀န္ထမ္းေတြကုိ အခ်ိန္ပုိမဆင္းႏုိင္ေအာင္ ေႏွာင့္ယွက္ဖုိ႔ နည္းစနစ္တစ္ခုကို ဂ်ပန္အစုိးရ နဲ႔ ကုမၸဏီမ်ားက ေခတ္မီ အစီအစဥ္တစ္ခုကို ဖန္တီးလုိက္ၾကပါတယ္။

မိမိတုိ႔ႏုိင္ငံံမည္မွ် အလုပ္ႀကဳိးစားေၾကာင္းကို တစ္ကမာၻလုံးသိၿပီးျဖစ္သည့္အတြက္ အလုပ္ခ်ိန္ျပည့္ၿပီးနာရီေပါင္းမ်ားစြာၾကာတဲ့အထိ အခ်ိန္ပုိဆင္းဖုိ႔ မလုိေတာ့ေၾကာင္း ၊ အခ်ိန္ပိုဆင္းတဲ့သူမ်ားကို စိတ္အေႏွာက္အယွက္ျဖစ္ၿပီး အိမ္ျပန္ေစဖုိ႔ ဒီနည္းနဲ႔ ႏွင္ထုတ္ေတာ့မွာျဖစ္ပါတယ္။ အဲဒီနည္းကေတာ့ အလုပ္ခ်ိန္ျပည့္ၿပီးတဲ့အခါ ကုမၸဏီရုံးခန္းေတြမွာ အဆင့္ျမင့္ဒရုန္းယာဥ္ေတြပ်ံသန္းေစမယ့္နည္းျဖစ္ပါတယ္။ အဲဒီဒရုန္းယာဥ္ေတြမွာ က်ယ္ေလာင္စြာဖြင့္ထားမယ့္ သီခ်င္းေတြပါရွိမွာျဖစ္ၿပီး ဒီသီခ်င္းကေတာ့ “အလုပ္ခ်ိန္ၿပီးပါၿပီ၊ အိမ္ျပန္ပါ” ဆုိတဲ့စာသားကို ထပ္ကာထပ္ကာ ထည့္သြင္းထားတဲ့ သီခ်င္းျဖစ္ပါတယ္။ ဒီဒရုန္းေတြဟာ ၀န္ထမ္းေတြရဲ႕ေခါင္းေပၚမွာ ေခါက္ျပန္လူးလာပ်ံသန္းၿပီး ၀န္ထမ္းေတြကို အလုပ္ဆက္မလုပ္ေတာ့ပဲ အိမ္ျပန္သြားခ်င္ေအာင္ အေႏွာင့္အယွက္ေပးမွာျဖစ္ပါတယ္။

အဆင့္ျမင့္ဒရုန္းေတြျဖစ္တာေၾကာင့္ အတားအဆီးေတြ နံရံေတြကုိ အလြယ္တကူေရွာင္ရွားႏုိင္မွာျဖစ္ၿပီး သတ္မွတ္ထားတဲ့အျမင့္တစ္ခုကေန အႏၱရာယ္မရွိေစပဲ ပ်ံသန္းမွာျဖစ္ပါတယ္။ ဆူညံတဲ့သီခ်င္းသံသာမက ေစာင့္ၾကည့္ေရးကင္မရာေတြလည္း ဒီဒရုန္းမွာပါ၀င္မွာျဖစ္ပါတယ္။ ဒီနည္းစနစ္ကို ေနာက္ႏွစ္ ေဖေဖာ္၀ါရီလေလာက္ကစလုိ႔ သုံးစြဲမွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဒီဒရုန္းေတြကုိ မ်က္ႏွာကိုပါ scan ဖတ္ႏုိင္တဲ့ ေဆာ့၀ဲေတြပါထည့္သြင္းႏုိင္ေအာင္ ႀကဳိးပမ္းလွ်က္ရွိပါတယ္။ ဒရုန္းေတြရဲ႕ တန္ဖိုးကေတာ့ ေဒၚလာ ၄၅၀၀ ၀န္းက်င္ရွိမွာျဖစ္ပါတယ္။ စတဲ့အခ်ိန္မွာ ေနာက္ဆုံး ေသာၾကာေန႔ေတြမွာ ဒီအစီအစဥ္ကို ျပဳလုပ္သြားမွာျဖစ္ေပမယ့္ ၀န္ထမ္းအမ်ားစုကေတာ့ ဒီအစီအစဥ္ကို ကန္႔ကြက္လာႏုိင္ပါတယ္။ အေၾကာင္းကေတာ့ ေနာက္ဆုံးေသာၾကာေန႔ေတြဟာ သူတုိ႔ရဲ႕အလုပ္အရႈပ္ဆုံးအခ်ိန္ေတြျဖစ္ေနၿပီး ဒီလုိေန႔မ်ဳိးမွာ အလုပ္ေလွ်ာ့လုပ္ဖုိ႔ မျဖစ္ႏုိင္ဘူး လုိ႔ဆုိပါတယ္။

ဂ်ပန္အစုိးရ ကုိယ္တုိင္ကလည္း ၀န္ထမ္းေတြကို သင့္ေတာ္သေလာက္သာ အလုပ္လုပ္ေစခ်င္ေနပါတယ္။ ဒီလုိ အလုပ္ႀကဳိးစားၿပီး အခ်ိန္ေပါင္းမ်ားစြာပုိလုပ္တာဟာ တုိင္းျပည္ကုိ တုိးတက္ေစေသာ္ျငားလည္း တစ္ဖက္ကၾကည့္ရင္လည္း ဆုံးရႈံးမႈေတြရွိပါတယ္။ ဒါကေတာ့ ၀န္ထမ္းအမ်ားစု ဟာ ကုိယ္ပုိင္အခ်ိန္မရွိသေလာက္ျဖစ္ၿပီး အၿမဲအလုပ္ေတြသာဖိလုပ္ေနရတဲ့အတြက္ စိတ္ဖိအားမ်ားလာတတ္ၾကၿပီး ကုိယ့္ကုိယ္ကုိ သတ္ေသမႈေတြမ်ားလာၾကသလုိ strokeလုိ Heart Attack လုိေရာဂါျဖစ္ပြားမႈေတြကလည္း တစ္ႏွစ္နဲ႔တစ္ႏွစ္မ်ားျပားလာေနလုိ႔ျဖစ္ပါတယ္။

ဒီလုိ အခ်ိန္ပိုေတြလုပ္ၾကတာကလည္း အစုိးရနဲ႔ ကုမၸဏီပုိင္ရွင္ေတြဖိအားေပးမႈေၾကာင့္ မဟုတ္ပဲ ကုိယ္ပုိင္အသိစိတ္နဲ႔ ႀကဳိးစားပမ္းစားလုပ္ေနၾကတာျဖစ္ပါတယ္။ ဂ်ပန္ႏုိငံ ဟာ အားလုံးၿပဳိလဲသြားခဲ့ေပမယ့္ အခ်ိန္တုိအတြင္း ကမာၻ႔ထိပ္ဆုံးကိုျပန္ေရာက္လာခဲ့တာဒီလို အလုပ္ႀကဳိးစားတဲ့သူေတြ မ်ားျပားလြန္းတာေၾကာင့္ပဲ ျဖစ္ပါတယ္။ အျခားႏုိင္ငံ အသီးသီးက မိမိတုိ႔ႏုိင္ငံသားေတြကုိ အလုပ္ေတြပိုလုပ္ၾကဖုိ႔ တုိက္တြန္းေနခ်ိန္မွာ ဂ်ပန္ကေတာ့ ပုိလုပ္လြန္းတာေၾကာင့္ ေလွ်ာ့လုပ္ၾကဖို႔ တုိက္တြန္းရတဲ့အဆင့္ထိ ျဖစ္ေနပါၿပီ။

VIDEO


အလုပ်ကြိုးစားလွန်းပြီး အလုပ်ချန်ထက်ပိုလုပ်တဲ့သူများကို ခေတ်မီနည်းစနစ်နဲ့ နှင်ထုတ်တော့မယ် ဂျပန် (unicode)

ကမ္ဘာပေါ်မှာ ဂျပန်နိုင်ငံဟာ အလုပ်အလုပ်ဆုံးနိုင်ငံဆိုတာကို အားလုံးသိပြီးဖြစ်ပါလိမ့်မယ်။ ဒီလိုသတ်မှတ်ခံထားရခြင်းအကြောင်းကလည်း ဂျပန်နိုင်ငံသားတွေဟာ အလုပ်တွေကို ရိုးရာယဉ်ကျေးမှုတစ်ခုလို လောဘတကြီးနင်းကန်လုပ်တတ်လို့ဖြစ်ပါတယ်။ အလုပ်ချိန်ပြီးတဲ့အခါ အလုပ်ရှင်တွေက ပြန်ခိုင်းပေမယ့် ဂျပန်နိုင်ငံသားတွေဟာ ပြန်လေ့မရှိပဲ သတ်မှတ်ထားတဲ့အချိန်ထက် အတော်နောက်ကျပြီးမှ ပြန်လေ့ရှိကြပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေကို အချိန်ပိုမဆင်းနိုင်အောင် နှောင့်ယှက်ဖို့ နည်းစနစ်တစ်ခုကို ဂျပန်အစိုးရ နဲ့ ကုမ္ပဏီများက ခေတ်မီ အစီအစဉ်တစ်ခုကို ဖန်တီးလိုက်ကြပါတယ်။

မိမိတို့နိုင်ငံမည်မျှ အလုပ်ကြိုးစားကြောင်းကို တစ်ကမ္ဘာလုံးသိပြီးဖြစ်သည့်အတွက် အလုပ်ချိန်ပြည့်ပြီးနာရီပေါင်းများစွာကြာတဲ့အထိ အချိန်ပိုဆင်းဖို့ မလိုတော့ကြောင်း ၊ အချိန်ပိုဆင်းတဲ့သူများကို စိတ်အနှောက်အယှက်ဖြစ်ပြီး အိမ်ပြန်စေဖို့ ဒီနည်းနဲ့ နှင်ထုတ်တော့မှာဖြစ်ပါတယ်။ အဲဒီနည်းကတော့ အလုပ်ချိန်ပြည့်ပြီးတဲ့အခါ ကုမ္ပဏီရုံးခန်းတွေမှာ အဆင့်မြင့်ဒရုန်းယာဉ်တွေပျံသန်းစေမယ့်နည်းဖြစ်ပါတယ်။ အဲဒီဒရုန်းယာဉ်တွေမှာ ကျယ်လောင်စွာဖွင့်ထားမယ့် သီချင်းတွေပါရှိမှာဖြစ်ပြီး ဒီသီချင်းကတော့ “အလုပ်ချိန်ပြီးပါပြီ၊ အိမ်ပြန်ပါ” ဆိုတဲ့စာသားကို ထပ်ကာထပ်ကာ ထည့်သွင်းထားတဲ့ သီချင်းဖြစ်ပါတယ်။ ဒီဒရုန်းတွေဟာ ဝန်ထမ်းတွေရဲ့ခေါင်းပေါ်မှာ ခေါက်ပြန်လူးလာပျံသန်းပြီး ဝန်ထမ်းတွေကို အလုပ်ဆက်မလုပ်တော့ပဲ အိမ်ပြန်သွားချင်အောင် အနှောင့်အယှက်ပေးမှာဖြစ်ပါတယ်။

အဆင့်မြင့်ဒရုန်းတွေဖြစ်တာကြောင့် အတားအဆီးတွေ နံရံတွေကို အလွယ်တကူရှောင်ရှားနိုင်မှာဖြစ်ပြီး သတ်မှတ်ထားတဲ့အမြင့်တစ်ခုကနေ အန္တရာယ်မရှိစေပဲ ပျံသန်းမှာဖြစ်ပါတယ်။ ဆူညံတဲ့သီချင်းသံသာမက စောင့်ကြည့်ရေးကင်မရာတွေလည်း ဒီဒရုန်းမှာပါဝင်မှာဖြစ်ပါတယ်။ ဒီနည်းစနစ်ကို နောက်နှစ် ဖေဖော်ဝါရီလလောက်ကစလို့ သုံးစွဲမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဒီဒရုန်းတွေကို မျက်နှာကိုပါ scan ဖတ်နိုင်တဲ့ ဆော့ဝဲတွေပါထည့်သွင်းနိုင်အောင် ကြိုးပမ်းလျှက်ရှိပါတယ်။ ဒရုန်းတွေရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၄၅၀၀ ဝန်းကျင်ရှိမှာဖြစ်ပါတယ်။ စတဲ့အချိန်မှာ နောက်ဆုံး သောကြာနေ့တွေမှာ ဒီအစီအစဉ်ကို ပြုလုပ်သွားမှာဖြစ်ပေမယ့် ဝန်ထမ်းအများစုကတော့ ဒီအစီအစဉ်ကို ကန့်ကွက်လာနိုင်ပါတယ်။ အကြောင်းကတော့ နောက်ဆုံးသောကြာနေ့တွေဟာ သူတို့ရဲ့အလုပ်အရှုပ်ဆုံးအချိန်တွေဖြစ်နေပြီး ဒီလိုနေ့မျိုးမှာ အလုပ်လျှော့လုပ်ဖို့ မဖြစ်နိုင်ဘူး လို့ဆိုပါတယ်။

ဂျပန်အစိုးရ ကိုယ်တိုင်ကလည်း ဝန်ထမ်းတွေကို သင့်တော်သလောက်သာ အလုပ်လုပ်စေချင်နေပါတယ်။ ဒီလို အလုပ်ကြိုးစားပြီး အချိန်ပေါင်းများစွာပိုလုပ်တာဟာ တိုင်းပြည်ကို တိုးတက်စေသော်ငြားလည်း တစ်ဖက်ကကြည့်ရင်လည်း ဆုံးရှုံးမှုတွေရှိပါတယ်။ ဒါကတော့ ဝန်ထမ်းအများစု ဟာ ကိုယ်ပိုင်အချိန်မရှိသလောက်ဖြစ်ပြီး အမြဲအလုပ်တွေသာဖိလုပ်နေရတဲ့အတွက် စိတ်ဖိအားများလာတတ်ကြပြီး ကိုယ့်ကိုယ်ကို သတ်သေမှုတွေများလာကြသလို strokeလို Heart Attack လိုရောဂါဖြစ်ပွားမှုတွေကလည်း တစ်နှစ်နဲ့တစ်နှစ်များပြားလာနေလို့ဖြစ်ပါတယ်။

ဒီလို အချိန်ပိုတွေလုပ်ကြတာကလည်း အစိုးရနဲ့ ကုမ္ပဏီပိုင်ရှင်တွေဖိအားပေးမှုကြောင့် မဟုတ်ပဲ ကိုယ်ပိုင်အသိစိတ်နဲ့ ကြိုးစားပမ်းစားလုပ်နေကြတာဖြစ်ပါတယ်။ ဂျပန်နိုငံ ဟာ အားလုံးပြိုလဲသွားခဲ့ပေမယ့် အချိန်တိုအတွင်း ကမ္ဘာ့ထိပ်ဆုံးကိုပြန်ရောက်လာခဲ့တာဒီလို အလုပ်ကြိုးစားတဲ့သူတွေ များပြားလွန်းတာကြောင့်ပဲ ဖြစ်ပါတယ်။ အခြားနိုင်ငံ အသီးသီးက မိမိတို့နိုင်ငံသားတွေကို အလုပ်တွေပိုလုပ်ကြဖို့ တိုက်တွန်းနေချိန်မှာ ဂျပန်ကတော့ ပိုလုပ်လွန်းတာကြောင့် လျှော့လုပ်ကြဖို့ တိုက်တွန်းရတဲ့အဆင့်ထိ ဖြစ်နေပါပြီ။

Leave a Reply