အစၥေရးရဲ႕ ကမာၻေက်ာ္ ေျခာက္ရက္စစ္ပြဲ

Posted on

ေျခာက္ရက္စစ္ပြဲ ကို ဇြန္လစစ္ပြဲ၊ ၁၉၆၇ အာရပ္-အစၥေရးစစ္ပြဲ သို႔ တတိယ အာရပ္-အစၥေရး စစ္ပြဲ စသည္ျဖင့္ ရည္ၫႊန္းေလ့ ရွိၾကၿပီး ၁၉၆၇ ဇြန္လ ၅ ရက္ႏွင့္ ၁၀ ရက္ အတြင္း အစၥေရး ႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ား ျဖစ္ၾကေသာ အီဂ်စ္ႏိုင္ငံ၊ ေဂ်ာ္ဒန္ႏိုင္ငံ ႏွင့္ ဆီးရီးယားႏိုင္ငံ တို႔ တိုက္ခိုက္ၾကေသာ စစ္ပြဲ ျဖစ္သည္။ အစၥေရးႏွင့္ ၎၏ အိမ္နီးခ်င္းႏိုင္ငံမ်ား အၾကား အလြန္အမင္းတင္းမာမႈမ်ား ျဖစ္ပြားၿပီးေနာက္ ဇြန္လ ၅ရက္ေန႔တြင္ အစၥေရးက အာရပ္တပ္မ်ားအား ေလေၾကာင္းတိုက္ခိုက္မႈ အမွတ္မထင္ ႐ုတ္တရက္ စတင္ရာမွ စစ္ပြဲစတင္ ျဖစ္ပြားခဲ့သည္။ ရလာဒ္မွာ အစၥေရး အေနႏွင့္ လ်င္ျမန္စြာပင္ ေအာင္ျမင္မႈ ရလိုက္ျခင္း ျဖစ္သည္။ အစၥေရးသည္ အီဂ်စ္ထံမွ ဂါဇာကမ္းေျမာင္ေဒသ ႏွင့္ ဆီႏိုင္း ကၽြန္းဆြယ္၊ ေဂ်ာ္ဒန္ထံမွ အေနာက္ဘက္ကမ္းေျခႏွင့္ ေဂ်႐ုဆလင္ အေရွ႕ပိုင္း၊ ဆီးရီးယားထံမွ ဂိုးလန္း ကုန္းျမင့္ တို႔ကို ရရွိ ထိန္းခ်ဳပ္ႏိုင္ခဲ့သည္။ အစၥေရး၏ တိုက္ခိုက္မႈသည္ တမင္သက္သက္ ရန္လိုျခင္း သို႔မဟုတ္ ကာကြယ္ရန္ အတြက္ လက္ဦးမႈ ရယူျခင္းဟု အယူအဆ အမ်ိဳးမ်ိဳး ကြဲျပားၾကသည္။

တကယ္တမ္းဆိုေသာ္ ဤစစ္ပြဲသည္ ဝမ္းနည္းဖြယ္ရာျဖစ္ရပ္တစ္ခုဟုဆိုႏိုင္ေပ၏။ ဤစစ္ပြဲကို မည္သူကမၽွ မတိုက္ခ်င္ခဲ့ၾကဘဲ စစ္ပြဲႀကီးအျဖစ္ မထင္မွတ္ဘဲ ေျပာင္းလဲသြားခဲ့ရေပသည္။ ဤစစ္ကိုမီးေမႊးခဲ့သူ အဓိက တရားခံဟုဆိုႏိုင္သူ အီဂ်စ္သမၼတ နာဆာ၏ ရည္႐ြယ္ခ်က္မွာ အေမရိကန္ျပည္အား အက်ပ္ကိုင္ရန္သာျဖစ္၏။ အေမရိကန္ျပည္၏ဘ႑ာေရး၊ စားနပ္ရိကၡာ အကူအညီမ်ားျဖင့္ ရွင္သန္ရပ္တည္ခဲ့ရာမွ ဆိုဗီယက္ျပည္ေထာင္စု၏ စစ္ေရးအေထာက္အပံ့မ်ားျဖင့္ ေဒသတြင္း အင္အားေတာင့္တင္းလာၿပီးေနာက္ အေမရိကန္ျပည္အေပၚ မိတ္ေဆြမဆန္သည့္ ဆက္ဆံေရးမ်ား ျပဳလုပ္လာခဲ့ေသာေၾကာင့္ အေမရိကန္ျပည္က အီဂ်စ္ႏိုင္ငံအေပၚ စီးပြားေရးအေထာက္အပံ့အားလုံး ႐ုတ္သိမ္းလိုက္၏။ ျပည္တြင္းစားသုံးမႈအတြက္ အေမရိကန္ဂ်ဳံအေပၚ မွီခိုအားထားေနရေသာ အီဂ်စ္ႏိုင္ငံတြင္း စားနပ္ရိကၡာျပတ္လပ္မႈေၾကာင့္ မေက်နပ္မႈမ်ား၊ အုံႂကြမႈမ်ား ျဖစ္ေပၚလာခဲ့၏။ ထိုအက်ပ္အတည္းမွ အာ႐ုံလႊဲရန္ အာရပ္ကမၻာ၏ ေထာက္ခံမႈကို ရယူရန္ရည္႐ြယ္ကာ ဘုံရန္သူ အစၥေရးအား ရင္ဆိုင္ရဲသည့္ အာရပ္သူရဲေကာင္းအျဖစ္ မိမိကိုယ္ကိုပြဲထုတ္ေလေတာ့၏။

အီဂ်စ္ႏွင့္ အစၥေရးၾကားနယ္စပ္၊ ဆိုင္းႏိုင္းသဲကႏၲာရအတြင္း တပ္စြဲထားသည့္ ကုလသမဂၢၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈ တပ္ဖြဲ႕မ်ားအား ျပန္လည္႐ုတ္သိမ္းရန္ေတာင္းဆိုလိုက္၏။ ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္ ဦးသန္႔၏အမိန္႔ျဖင့္ ထိုတပ္မ်ား ႐ုတ္သိမ္းသြားၿပီးေနာက္ သူတို႔၏ေနရာတြင္ အီဂ်စ္စစ္တပ္မ်ား၊ ယႏၲရားတပ္မ်ားကို အစားထိုးခ်ထားလိုက္၏။ အစၥေရးက ကန္႔ကြက္ေသာ္လည္း အျခားမည္သည့္ ကမၻာ့ႏိုင္ငံကမွ အေရးတယူမရွိလွေပ။ ထိုအခါ နာဆာသည္ ပိုမိုအတင့္ရဲလာၿပီး အစၥေရး၏အသက္ေသြးေၾကာဟုဆိုႏိုင္ေသာ တီရန္ေရလက္ၾကားကို ပိတ္ဆို႔လိုက္ေလေတာ့သည္။ အာရပ္ကမၻာတြင္ နာဆာသည္ သူရဲေကာင္းႀကီးျဖစ္သြားေသာ္လည္း အစၥေရးအတြက္မူ ခက္ခဲေသာ ဆုံးျဖတ္ခ်က္မ်ားကို ခ်မွတ္ရေလေတာ့သည္။

 

၁၉၅၆ ခုႏွစ္၊ စူးအက္တူးေျမာင္းအေရးအခင္းၿပီးေနာက္တြင္ တီရန္ေရလက္ၾကားကို မည္သူကမၽွမပိတ္ဆို႔ေစရဟု အေမရိကန္က အစၥေရးအား အာမခံခ်က္ေပးထားခဲ့ၿပီး၊ အစၥေရးကလည္း တီရန္ေရလက္ၾကားပိတ္ဆို႔ျခင္းကို မိမိအားစစ္တိုက္ျခင္းဟု ယူဆမည္ျဖစ္ေၾကာင္း ျပတ္သားစြာေၾကျငာထားခဲ့၏။ တကယ္တမ္းတြင္ အီဂ်စ္၏လုပ္ရပ္အတြက္ အေမရိကန္ကေရာ မည္သည့္ႏိုင္ငံကပါ အေရးတယူ မရွိလွသည့္အခါ အစၥေရးအတြက္ မိမိကိုယ္ကို အားကိုးရန္ ဆုံးျဖတ္ရေလေတာ့၏။

အံ့ဩစရာေကာင္းသည္မွာ ဤမၽွေဘးကပ္ဆိုးက်ေရာက္ေနခ်ိန္တြင္ပင္ ဒီမိုကေရစီႏိုင္ငံျဖစ္ေသာ အစၥေရးႏိုင္ငံေရးေလာကတြင္ ညီၫြတ္မႈမရွိဘဲ ႏိုင္ငံေရးအျမတ္ထုတ္မႈမ်ားျဖင့္ အျငင္းအခုံ ထူေျပာေနခဲ့၏။ သို႔ေသာ္ ေနာက္ဆုံးတြင္ အစၥေရးျပည္သူတို႔၏ ၾကားဝင္လႈပ္ရွားေတာင္းဆိုမႈျဖင့္ ၁၉၅၆ ခုႏွစ္၊ စူးအက္တူးေျမာင္းအရးအခင္း၏ အစၥေရးစစ္သူရဲေကာင္းျဖစ္သူ မိုေရွဒါယန္း ကာကြယ္ေရးဝန္ႀကီးျဖစ္လာခဲ့သည္။ သူသည္ မ်က္လုံးတစ္ဖက္လပ္ေနၿပီး ထိုမ်က္လုံးလပ္ကို အမည္းေရာင္သားေရစျဖင့္ ဖုံးအုပ္ထားရကာ အစၥေရးႏိုင္ငံ အသက္ရွင္ရပ္တည္ရန္ စြန္႔စားႀကိဳးပမ္းမႈ၏ ျပယုဂ္သဏၭာန္လည္းျဖစ္ေလသည္။ သူ႕အား မႏွစ္သက္သူမ်ားက မလိုတမာေျပာၾကားၾကေစကာမူ အစၥေရးစစ္တပ္ႏွင့္ အရပ္သားျပည္သူမ်ား၏ စိတ္ႏွလုံးကို သူ၏ဆြဲေဆာင္ႏိုင္မႈသည္ ၁၉၆၇ ေျခာက္ရက္စစ္ပြဲအတြင္း အစၥေရး၏ အံ့ခ်ီးဖြယ္ စစ္ေရးေအာင္ျမင္မႈမ်ား၏ အဓိကအေၾကာင္းရင္းျဖစ္ခဲ့သည္။

အစၥေရးႏိုင္ငံငယ္ေလးသည္ မိမိထက္ လူသူလက္နက္ အင္အားမ်ားစြာသာလြန္ေသာ အာရပ္ႏိုင္ငံမ်ားစြာမွစစ္တပ္မ်ားကို ေျခာက္ရက္အတြင္း ေခ်မႈန္းႏိုင္ခဲ့ကာ မိမိ၏ရပ္တည္မႈသိကၡာႏွင့္ ကမၻာ့အသိအမွတ္ျပဳမႈကို ရရွိခဲ့ေသာ္လည္း ထိုစစ္ပြဲေၾကာင့္ပင္ ယေန႔အထိမေျဖရွင္းႏိုင္ေသးေသာ ျပႆနာေသာင္းေျခာက္ေထာင္ကို ရင္ခြင္ပိုက္ေျဖရွင္းေနခဲ့ရသည္။ အာရပ္ႏိုင္ငံမ်ားလက္ေအာက္ရွိ ဂါဇာကမ္းေျမႇာင္၊ ဂိုလန္ကုန္းျမင့္ႏွင့္ ေဂ်ာ္ဒန္ျမစ္အေနာက္ဘက္ကမ္းကဲ့သို႔ေသာ ျပႆနာနယ္ေျမမ်ားသည္ အစၥေရးအုပ္ခ်ဳပ္မႈေအာက္ေရာက္ခဲ့ၿပီး အစၥေရးအတြက္ အစၥလာမၼစ္အစြန္းေရာက္အဖြဲ႕မ်ားျဖစ္ေသာ ဟားမတ္စ္၊ ဖာတာ၊ ဟဇၨ္ဘိုလာစသည္တို႔ႏွင့္ ရင္ဆိုင္တိုက္ခိုက္ေနရကာ ဆုပ္လည္းစူး၊ စားလည္း႐ူးအေျခအေနမ်ိဳး ယေန႔ဆိုက္ေရာက္ေနခဲ့ရသည္။

VIDEO

Krauthammer 2007.
Tucker 2004, p. 176.
Gawrych 2000, p. 3
Myanmar Wikipedia


အစ္စရေးရဲ့ ကမ္ဘာကျော် ခြောက်ရက်စစ်ပွဲ (unicode)

ခြောက်ရက်စစ်ပွဲ ကို ဇွန်လစစ်ပွဲ၊ ၁၉၆၇ အာရပ်-အစ္စရေးစစ်ပွဲ သို့ တတိယ အာရပ်-အစ္စရေး စစ်ပွဲ စသည်ဖြင့် ရည်ညွှန်းလေ့ ရှိကြပြီး ၁၉၆၇ ဇွန်လ ၅ ရက်နှင့် ၁၀ ရက် အတွင်း အစ္စရေး နှင့် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော အီဂျစ်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံ နှင့် ဆီးရီးယားနိုင်ငံ တို့ တိုက်ခိုက်ကြသော စစ်ပွဲ ဖြစ်သည်။ အစ္စရေးနှင့် ၎င်း၏ အိမ်နီးချင်းနိုင်ငံများ အကြား အလွန်အမင်းတင်းမာမှုများ ဖြစ်ပွားပြီးနောက် ဇွန်လ ၅ရက်နေ့တွင် အစ္စရေးက အာရပ်တပ်များအား လေကြောင်းတိုက်ခိုက်မှု အမှတ်မထင် ရုတ်တရက် စတင်ရာမှ စစ်ပွဲစတင် ဖြစ်ပွားခဲ့သည်။ ရလာဒ်မှာ အစ္စရေး အနေနှင့် လျင်မြန်စွာပင် အောင်မြင်မှု ရလိုက်ခြင်း ဖြစ်သည်။ အစ္စရေးသည် အီဂျစ်ထံမှ ဂါဇာကမ်းမြောင်ဒေသ နှင့် ဆီနိုင်း ကျွန်းဆွယ်၊ ဂျော်ဒန်ထံမှ အနောက်ဘက်ကမ်းခြေနှင့် ဂျေရုဆလင် အရှေ့ပိုင်း၊ ဆီးရီးယားထံမှ ဂိုးလန်း ကုန်းမြင့် တို့ကို ရရှိ ထိန်းချုပ်နိုင်ခဲ့သည်။ အစ္စရေး၏ တိုက်ခိုက်မှုသည် တမင်သက်သက် ရန်လိုခြင်း သို့မဟုတ် ကာကွယ်ရန် အတွက် လက်ဦးမှု ရယူခြင်းဟု အယူအဆ အမျိုးမျိုး ကွဲပြားကြသည်။

တကယ်တမ်းဆိုသော် ဤစစ်ပွဲသည် ဝမ်းနည်းဖွယ်ရာဖြစ်ရပ်တစ်ခုဟုဆိုနိုင်ပေ၏။ ဤစစ်ပွဲကို မည်သူကမျှ မတိုက်ချင်ခဲ့ကြဘဲ စစ်ပွဲကြီးအဖြစ် မထင်မှတ်ဘဲ ပြောင်းလဲသွားခဲ့ရပေသည်။ ဤစစ်ကိုမီးမွှေးခဲ့သူ အဓိက တရားခံဟုဆိုနိုင်သူ အီဂျစ်သမ္မတ နာဆာ၏ ရည်ရွယ်ချက်မှာ အမေရိကန်ပြည်အား အကျပ်ကိုင်ရန်သာဖြစ်၏။ အမေရိကန်ပြည်၏ဘဏ္ဍာရေး၊ စားနပ်ရိက္ခာ အကူအညီများဖြင့် ရှင်သန်ရပ်တည်ခဲ့ရာမှ ဆိုဗီယက်ပြည်ထောင်စု၏ စစ်ရေးအထောက်အပံ့များဖြင့် ဒေသတွင်း အင်အားတောင့်တင်းလာပြီးနောက် အမေရိကန်ပြည်အပေါ် မိတ်ဆွေမဆန်သည့် ဆက်ဆံရေးများ ပြုလုပ်လာခဲ့သောကြောင့် အမေရိကန်ပြည်က အီဂျစ်နိုင်ငံအပေါ် စီးပွားရေးအထောက်အပံ့အားလုံး ရုတ်သိမ်းလိုက်၏။ ပြည်တွင်းစားသုံးမှုအတွက် အမေရိကန်ဂျုံအပေါ် မှီခိုအားထားနေရသော အီဂျစ်နိုင်ငံတွင်း စားနပ်ရိက္ခာပြတ်လပ်မှုကြောင့် မကျေနပ်မှုများ၊ အုံကြွမှုများ ဖြစ်ပေါ်လာခဲ့၏။ ထိုအကျပ်အတည်းမှ အာရုံလွှဲရန် အာရပ်ကမ္ဘာ၏ ထောက်ခံမှုကို ရယူရန်ရည်ရွယ်ကာ ဘုံရန်သူ အစ္စရေးအား ရင်ဆိုင်ရဲသည့် အာရပ်သူရဲကောင်းအဖြစ် မိမိကိုယ်ကိုပွဲထုတ်လေတော့၏။

အီဂျစ်နှင့် အစ္စရေးကြားနယ်စပ်၊ ဆိုင်းနိုင်းသဲကန္တာရအတွင်း တပ်စွဲထားသည့် ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့များအား ပြန်လည်ရုတ်သိမ်းရန်တောင်းဆိုလိုက်၏။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်၏အမိန့်ဖြင့် ထိုတပ်များ ရုတ်သိမ်းသွားပြီးနောက် သူတို့၏နေရာတွင် အီဂျစ်စစ်တပ်များ၊ ယန္တရားတပ်များကို အစားထိုးချထားလိုက်၏။ အစ္စရေးက ကန့်ကွက်သော်လည်း အခြားမည်သည့် ကမ္ဘာ့နိုင်ငံကမှ အရေးတယူမရှိလှပေ။ ထိုအခါ နာဆာသည် ပိုမိုအတင့်ရဲလာပြီး အစ္စရေး၏အသက်သွေးကြောဟုဆိုနိုင်သော တီရန်ရေလက်ကြားကို ပိတ်ဆို့လိုက်လေတော့သည်။ အာရပ်ကမ္ဘာတွင် နာဆာသည် သူရဲကောင်းကြီးဖြစ်သွားသော်လည်း အစ္စရေးအတွက်မူ ခက်ခဲသော ဆုံးဖြတ်ချက်များကို ချမှတ်ရလေတော့သည်။

၁၉၅၆ ခုနှစ်၊ စူးအက်တူးမြောင်းအရေးအခင်းပြီးနောက်တွင် တီရန်ရေလက်ကြားကို မည်သူကမျှမပိတ်ဆို့စေရဟု အမေရိကန်က အစ္စရေးအား အာမခံချက်ပေးထားခဲ့ပြီး၊ အစ္စရေးကလည်း တီရန်ရေလက်ကြားပိတ်ဆို့ခြင်းကို မိမိအားစစ်တိုက်ခြင်းဟု ယူဆမည်ဖြစ်ကြောင်း ပြတ်သားစွာကြေငြာထားခဲ့၏။ တကယ်တမ်းတွင် အီဂျစ်၏လုပ်ရပ်အတွက် အမေရိကန်ကရော မည်သည့်နိုင်ငံကပါ အရေးတယူ မရှိလှသည့်အခါ အစ္စရေးအတွက် မိမိကိုယ်ကို အားကိုးရန် ဆုံးဖြတ်ရလေတော့၏။

အံ့ဩစရာကောင်းသည်မှာ ဤမျှဘေးကပ်ဆိုးကျရောက်နေချိန်တွင်ပင် ဒီမိုကရေစီနိုင်ငံဖြစ်သော အစ္စရေးနိုင်ငံရေးလောကတွင် ညီညွတ်မှုမရှိဘဲ နိုင်ငံရေးအမြတ်ထုတ်မှုများဖြင့် အငြင်းအခုံ ထူပြောနေခဲ့၏။ သို့သော် နောက်ဆုံးတွင် အစ္စရေးပြည်သူတို့၏ ကြားဝင်လှုပ်ရှားတောင်းဆိုမှုဖြင့် ၁၉၅၆ ခုနှစ်၊ စူးအက်တူးမြောင်းအရးအခင်း၏ အစ္စရေးစစ်သူရဲကောင်းဖြစ်သူ မိုရှေဒါယန်း ကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့သည်။ သူသည် မျက်လုံးတစ်ဖက်လပ်နေပြီး ထိုမျက်လုံးလပ်ကို အမည်းရောင်သားရေစဖြင့် ဖုံးအုပ်ထားရကာ အစ္စရေးနိုင်ငံ အသက်ရှင်ရပ်တည်ရန် စွန့်စားကြိုးပမ်းမှု၏ ပြယုဂ်သဏ္ဌာန်လည်းဖြစ်လေသည်။ သူ့အား မနှစ်သက်သူများက မလိုတမာပြောကြားကြစေကာမူ အစ္စရေးစစ်တပ်နှင့် အရပ်သားပြည်သူများ၏ စိတ်နှလုံးကို သူ၏ဆွဲဆောင်နိုင်မှုသည် ၁၉၆၇ ခြောက်ရက်စစ်ပွဲအတွင်း အစ္စရေး၏ အံ့ချီးဖွယ် စစ်ရေးအောင်မြင်မှုများ၏ အဓိကအကြောင်းရင်းဖြစ်ခဲ့သည်။

အစ္စရေးနိုင်ငံငယ်လေးသည် မိမိထက် လူသူလက်နက် အင်အားများစွာသာလွန်သော အာရပ်နိုင်ငံများစွာမှစစ်တပ်များကို ခြောက်ရက်အတွင်း ချေမှုန်းနိုင်ခဲ့ကာ မိမိ၏ရပ်တည်မှုသိက္ခာနှင့် ကမ္ဘာ့အသိအမှတ်ပြုမှုကို ရရှိခဲ့သော်လည်း ထိုစစ်ပွဲကြောင့်ပင် ယနေ့အထိမဖြေရှင်းနိုင်သေးသော ပြဿနာသောင်းခြောက်ထောင်ကို ရင်ခွင်ပိုက်ဖြေရှင်းနေခဲ့ရသည်။ အာရပ်နိုင်ငံများလက်အောက်ရှိ ဂါဇာကမ်းမြှောင်၊ ဂိုလန်ကုန်းမြင့်နှင့် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းကဲ့သို့သော ပြဿနာနယ်မြေများသည် အစ္စရေးအုပ်ချုပ်မှုအောက်ရောက်ခဲ့ပြီး အစ္စရေးအတွက် အစ္စလာမ္မစ်အစွန်းရောက်အဖွဲ့များဖြစ်သော ဟားမတ်စ်၊ ဖာတာ၊ ဟဇ္ဇ်ဘိုလာစသည်တို့နှင့် ရင်ဆိုင်တိုက်ခိုက်နေရကာ ဆုပ်လည်းစူး၊ စားလည်းရူးအခြေအနေမျိုး ယနေ့ဆိုက်ရောက်နေခဲ့ရသည်။

Krauthammer 2007.
Tucker 2004, p. 176.
Gawrych 2000, p. 3
Myanmar Wikipedia

Leave a Reply