မေသတဲ့စစ္တပ္(သုိ႔) IMMORTAL ဆုိတဲ့စစ္တပ္ႀကီးအေၾကာင္း

Posted on

Written By MNJ-KnightCross-MMO

အင္ေမာ္တယ္ (IMMORTAL) ဆိုတာ မေသမ်ိဳးလို႔ အဓိပၸာယ္ ဖြင့္ဆိုထားေတာ့ ေတြးမိပါ လိမ့္မယ္။ အသက္ ျပန္သြင္းထားတဲ့ စစ္သားေတြမ်ားလားေပါ့။ အစက အဲ့လို ေတြးမိ ပါတယ္။ တကယ္တမ္း က်ေတာ့ မဟုတ္ပါ ဘူး အင္ေမာ္တယ္ ဆိုတဲ့ နာမည္ က ပထမ ပါ႐ွန္း အင္ပါယာ ( BC550-BC330 ) ေခတ္တုန္း က ဖြဲ႔စည္း ခဲ့တဲ့ တပ္ တစ္ခု ရဲ႕ နာမည္ ျဖစ္ၿပီး အထူး တပ္ဖြဲ႕တခု ျဖစ္ပါတယ္။ Persian Immortals (သုိ႔) Persian Warriors စသည္ျဖင့္လည္း ေခၚေ၀ၚၾကပါေသးတယ္။

အင္ေမာ္တယ္ ဆိုတဲ့ နာမည္ကိုေတာ့ ဟီ႐ိုဒိုးတပ္ ( Herodotus ) က အမည္ေပးခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီ တပ္ မွာ စစ္သည္ အင္အား တစ္ေသာင္းတိတိ ႐ွိၿပီး စစ္သည္မ်ား က်ဆံုးသည္ ျဖစ္ေစ ၊ ဒဏ္ရာ ရသည္ ျဖစ္ေစ အျခားအသစ္မ်ား ႏွင့္ ခ်က္ခ်င္း အစားထိုး ခဲ့ၿပီး တစ္ေသာင္း ကေန မေလၽွာ႔ရေအာင္ စီစဥ္ထား ပါတယ္။ အင္ပါယာကို ကာကြယ္ဖုိ႔ နဲ႔ ရန္သူေတြကုိ သြားေရာက္တုိက္ခုိက္ဖုိ႔ ၂မ်ဳိးစလုံးမွာ သုံးတဲ့စစ္တပ္ျဖစ္ပါတယ္။

အျမဲတမ္း လူအင္အားျပည့္ ျဖစ္ေနတဲ့ သေဘာ ကို ရည္ရြယ္ၿပီး အမည္ေပးထားဟန္ တူပါတယ္။ အင္ေမာ္တယ္ တြင္ လူ အင္အား ေလ်ာ့ေသာ အခါ သူ႕ထက္ အဆင့္နိမ့္တဲ့ အထူးတပ္ဖြဲ႕ ၂ ခု ျဖစ္တဲ့ စပါရာဘာရာ ( Sparabara ) နဲ႔ တာကာဘာရာ ( Tarkabara ) တို႔မွ စိစစ္ေရြးခ်ယ္ အစားထိုး ပါတယ္။

အဲ့ဒီ ေခတ္က သူ နဲ႕ေခတ္ၿပိဳင္ ျဖစ္တဲ့ ဂရိ စစ္တပ္ နဲ႔ ယွဥ္လိုက္ရင္ ပါ႐ွန္း စစ္တပ္ ဟာ လက္နက္ အရည္အေသြး နိမ့္က်ေပမယ့္ သံခ်ပ္ကာ အကာအကြယ္ ( ဒိုင္း ၊လႊား ) အသံုးျပဳမႈ႕တြင္ ပါ႐ွန္းမ်ား က သာလြန္ ေနပါတယ္။

ဒ႑ာရီ အရ ကေတာ့ ဘုရင္ ဇာဆက္ လက္ေအာက္တြင္ စစ္သည္ အင္အား ၃ သန္း ႐ွိသည္ ဟု ေဖာ္ျပထားေပမယ့္ ယေန ႔ေခတ္ သမိုင္းပညာ႐ွင္မ်ား ကေတာ့ စစ္သည္ ၈ ေသာင္းခန္႕သာ ႐ွိမည္ ဟု ျပန္လည္ သံုးသပ္ထား ပါတယ္။

ပံုမွန္ အားျဖင့္ေတာ့ အင္ေမာ္တယ္ စစ္တပ္ အတြက္ အသက္ ၅ ႏွစ္ေလာက္ ကေန စတင္ၿပီး ေလ့က်င့္ေစခဲ့ ပါတယ္။ ေျခလ်င္တပ္ တိုက္ခိုက္ေရး၊ ျမင္းစီး တိုက္ခိုက္ေရး နဲ႔ လက္နက္မဲ့ တိုက္ခိုက္ျခင္း တို႔ကို ေလ့က်င့္သင္ၾကား ရၿပီး အသက္ ၁၅ ႏွစ္ အရြယ္တြင္ အင္ေမာ္တယ္ တပ္ တြင္ စတင္ တာဝန္ ထမ္းေဆာင္ရၿပီး စစ္ပြဲမ်ားတြင္ မေသပါက အသက္ ၅၀ တြင္ အၿငိမ္းစား ယူႏိုင္ ပါတယ္။

အင္ေမာ္တယ္ တပ္ အတြက္ ရိကၡာ စနစ္ ကေတာ့ ခ်ီတက္ရာ ေနရာတိုင္း ကို ရိကၡာ လွည္းႀကီး ျဖင့္ ခ်ီတက္ျခင္း သာ ျဖစ္ပါတယ္။

ပါ႐ွန္းေတြ ဟာ စစ္ျမင္းရထားမ်ား ကို ပင္မ ျမင္းတပ္ အျဖစ္ အသံုးျပဳ ၾကၿပီး သူ႔ရဲ႕ ဘီး ဝင္႐ိုး ႏွစ္ဖက္တြင္ ေတာ့ ဓား႐ွည္ႀကီးမ်ား တပ္ဆင္ထား ပါတယ္။

အဆိုပါ စစ္ျမင္းရထားမ်ား ေနာက္မွာ မွ ျမင္းတပ္ ႏွင့္ ကုလားအုတ္ တပ္မ်ား က ေနရာ ယူၾက ပါတယ္။ တခ်ိဳ႕လူမ်ား သိၾက သလို ပါ႐ွား ဆင္တပ္ႀကီး မ႐ွိပဲ ဆင္ ဆယ္ေကာင္ သာ ႐ွိပါတယ္။

အင္ေမာ္တယ္ တပ္ ရဲ႕ အဓိက လက္နက္ ကေတာ့ ၆ ေပ ႐ွည္တဲ့ လွံ႐ွည္ႀကီးေတြ ျဖစ္ၿပီး ေလး၊ ဓား နဲ႔ ပုဆိန္ တို႔ ကိုလည္း အလ်ဥ္းသင့္ သလို ကိုင္ေဆာင္ၾက ပါတယ္။

ဘုရင့္ ကိုယ္ရံေတာ္ တပ္ အျဖစ္ အင္ေမာ္တယ္ တပ္သား တစ္ေသာင္းထဲ မွ အေတာ္ဆံုး လူ တစ္ေထာင္ ကို ထုတ္ႏႈတ္ထား ကာ ထို အဖြဲ႕ကေတာ့ ၈ ေပ႐ွည္တဲ့ လွံ႐ွည္ႀကီးမ်ား ကို ကိုင္ေဆာင္ ပါတယ္။

အင္ေမာ္တယ္စစ္တပ္ႀကီးဟာ အီဂ်စ္ကိုေအာင္ျမင္ျခင္း နဲ႔ အိႏၵိယအေနာက္ပိုင္းႏုိင္ငံငယ္ေလးေတြကို တုိက္ခုိက္ေအာင္ျမင္ခဲ့ရာမွာ အဓိက အခန္းက႑က ပါ၀င္ခဲ့တယ္လုိ႔ သိရပါတယ္။

ပါ႐ွန္း အင္ေမာ္တယ္ တပ္ ဟာ သူ႕ရဲ႕နာမည္ေၾကာင့္ စိတ္ဝင္စားစရာ ေကာင္းေနသလို အမွန္ တကယ္႐ွိ မ႐ွိ ယေန႔တိုင္ အျငင္းအခုန္ ျပဳေနၾကဆဲ ပါ႐ွန္း အထူးတပ္ဖြဲ႔ တစ္ခုျဖစ္ ပါတယ္။ ။


မသေတဲ့စစ်တပ်(သို့) IMMORTAL ဆိုတဲ့စစ်တပ်ကြီးအကြောင်း (unicode)

Written By MNJ-KnightCross-MMO

အင်မော်တယ် (IMMORTAL) ဆိုတာ မသေမျိုးလို့ အဓိပ္ပာယ် ဖွင့်ဆိုထားတော့ တွေးမိပါ လိမ့်မယ်။ အသက် ပြန်သွင်းထားတဲ့ စစ်သားတွေများလားပေါ့။ အစက အဲ့လို တွေးမိ ပါတယ်။ တကယ်တမ်း ကျတော့ မဟုတ်ပါ ဘူး အင်မော်တယ် ဆိုတဲ့ နာမည် က ပထမ ပါရှန်း အင်ပါယာ ( BC550-BC330 ) ခေတ်တုန်း က ဖွဲ့စည်း ခဲ့တဲ့ တပ် တစ်ခု ရဲ့ နာမည် ဖြစ်ပြီး အထူး တပ်ဖွဲ့တခု ဖြစ်ပါတယ်။ Persian Immortals (သို့) Persian Warriors စသည်ဖြင့်လည်း ခေါ်ဝေါ်ကြပါသေးတယ်။

အင်မော်တယ် ဆိုတဲ့ နာမည်ကိုတော့ ဟီရိုဒိုးတပ် ( Herodotus ) က အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ တပ် မှာ စစ်သည် အင်အား တစ်သောင်းတိတိ ရှိပြီး စစ်သည်များ ကျဆုံးသည် ဖြစ်စေ ၊ ဒဏ်ရာ ရသည် ဖြစ်စေ အခြားအသစ်များ နှင့် ချက်ချင်း အစားထိုး ခဲ့ပြီး တစ်သောင်း ကနေ မလျှော့ရအောင် စီစဉ်ထား ပါတယ်။ အင်ပါယာကို ကာကွယ်ဖို့ နဲ့ ရန်သူတွေကို သွားရောက်တိုက်ခိုက်ဖို့ ၂မျိုးစလုံးမှာ သုံးတဲ့စစ်တပ်ဖြစ်ပါတယ်။

အမြဲတမ်း လူအင်အားပြည့် ဖြစ်နေတဲ့ သဘော ကို ရည်ရွယ်ပြီး အမည်ပေးထားဟန် တူပါတယ်။ အင်မော်တယ် တွင် လူ အင်အား လျော့သော အခါ သူ့ထက် အဆင့်နိမ့်တဲ့ အထူးတပ်ဖွဲ့ ၂ ခု ဖြစ်တဲ့ စပါရာဘာရာ ( Sparabara ) နဲ့ တာကာဘာရာ ( Tarkabara ) တို့မှ စိစစ်ရွေးချယ် အစားထိုး ပါတယ်။

အဲ့ဒီ ခေတ်က သူ နဲ့ခေတ်ပြိုင် ဖြစ်တဲ့ ဂရိ စစ်တပ် နဲ့ ယှဉ်လိုက်ရင် ပါရှန်း စစ်တပ် ဟာ လက်နက် အရည်အသွေး နိမ့်ကျပေမယ့် သံချပ်ကာ အကာအကွယ် ( ဒိုင်း ၊လွှား ) အသုံးပြုမှု့တွင် ပါရှန်းများ က သာလွန် နေပါတယ်။

ဒဏ္ဍာရီ အရ ကတော့ ဘုရင် ဇာဆက် လက်အောက်တွင် စစ်သည် အင်အား ၃ သန်း ရှိသည် ဟု ဖော်ပြထားပေမယ့် ယနေ့ခေတ် သမိုင်းပညာရှင်များ ကတော့ စစ်သည် ၈ သောင်းခန့်သာ ရှိမည် ဟု ပြန်လည် သုံးသပ်ထား ပါတယ်။

ပုံမှန် အားဖြင့်တော့ အင်မော်တယ် စစ်တပ် အတွက် အသက် ၅ နှစ်လောက် ကနေ စတင်ပြီး လေ့ကျင့်စေခဲ့ ပါတယ်။ ခြေလျင်တပ် တိုက်ခိုက်ရေး၊ မြင်းစီး တိုက်ခိုက်ရေး နဲ့ လက်နက်မဲ့ တိုက်ခိုက်ခြင်း တို့ကို လေ့ကျင့်သင်ကြား ရပြီး အသက် ၁၅ နှစ် အရွယ်တွင် အင်မော်တယ် တပ် တွင် စတင် တာဝန် ထမ်းဆောင်ရပြီး စစ်ပွဲများတွင် မသေပါက အသက် ၅၀ တွင် အငြိမ်းစား ယူနိုင် ပါတယ်။

အင်မော်တယ် တပ် အတွက် ရိက္ခာ စနစ် ကတော့ ချီတက်ရာ နေရာတိုင်း ကို ရိက္ခာ လှည်းကြီး ဖြင့် ချီတက်ခြင်း သာ ဖြစ်ပါတယ်။

ပါရှန်းတွေ ဟာ စစ်မြင်းရထားများ ကို ပင်မ မြင်းတပ် အဖြစ် အသုံးပြု ကြပြီး သူ့ရဲ့ ဘီး ဝင်ရိုး နှစ်ဖက်တွင် တော့ ဓားရှည်ကြီးများ တပ်ဆင်ထား ပါတယ်။

အဆိုပါ စစ်မြင်းရထားများ နောက်မှာ မှ မြင်းတပ် နှင့် ကုလားအုတ် တပ်များ က နေရာ ယူကြ ပါတယ်။ တချို့လူများ သိကြ သလို ပါရှား ဆင်တပ်ကြီး မရှိပဲ ဆင် ဆယ်ကောင် သာ ရှိပါတယ်။

အင်မော်တယ် တပ် ရဲ့ အဓိက လက်နက် ကတော့ ၆ ပေ ရှည်တဲ့ လှံရှည်ကြီးတွေ ဖြစ်ပြီး လေး၊ ဓား နဲ့ ပုဆိန် တို့ ကိုလည်း အလျဉ်းသင့် သလို ကိုင်ဆောင်ကြ ပါတယ်။

ဘုရင့် ကိုယ်ရံတော် တပ် အဖြစ် အင်မော်တယ် တပ်သား တစ်သောင်းထဲ မှ အတော်ဆုံး လူ တစ်ထောင် ကို ထုတ်နှုတ်ထား ကာ ထို အဖွဲ့ကတော့ ၈ ပေရှည်တဲ့ လှံရှည်ကြီးများ ကို ကိုင်ဆောင် ပါတယ်။

အင်မော်တယ်စစ်တပ်ကြီးဟာ အီဂျစ်ကိုအောင်မြင်ခြင်း နဲ့ အိန္ဒိယအနောက်ပိုင်းနိုင်ငံငယ်လေးတွေကို တိုက်ခိုက်အောင်မြင်ခဲ့ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ပါရှန်း အင်မော်တယ် တပ် ဟာ သူ့ရဲ့နာမည်ကြောင့် စိတ်ဝင်စားစရာ ကောင်းနေသလို အမှန် တကယ်ရှိ မရှိ ယနေ့တိုင် အငြင်းအခုန် ပြုနေကြဆဲ ပါရှန်း အထူးတပ်ဖွဲ့ တစ်ခုဖြစ် ပါတယ်။ ။

Leave a Reply