ေမတၱာတရားႀကီးမားလြန္းသည့္ ေအာက္ခ်င္းငွက္မ်ားအေၾကာင္း

Posted on

ေအာက္ခ်င္းငွက္သည္ ျမန္မာႏိုင္ငံတြင္ အၿမဲေနထိုင္ ေလ့ရွိေသာငွက္ ျဖစ္ၿပီး ယင္းအား ျမန္မာႏိုင္ငံ၌ ကြင္းျပင္ႏွင့္ေတာင္ေျခမ်ားတြင္ အႏွံ႔အျပားေတြ႕ရွိႏိုင္ေလသည္။ ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္တို႔တြင္ ေတြ႕ရေလ့ရွိသည္။ ေအာက္ခ်င္းငွက္သည္ ပ႐ြက္ပ်ံမ်ား ၊ လင္းႏုိ႔မ်ား ႏွင့္ ေျမြေသမ်ားကို ဖမ္းယူ စားေသာက္ေလ့ရွိသည္။ ေအာက္ခ်င္းငွက္သည္ အျခားေအာက္ခ်င္းငွက္ေပါင္း တစ္ဒါဇင္ခန္႔ႏွင့္အတူ အုပ္ဖြဲ႕၍ေနေလ့ရွိသည္ကို အေတြ႕ရမ်ား ေသာ္လည္း ထိုအေရအတြက္ထက္ မ်ားျပားစြာအုပ္ဖြဲ႕၍ေနေသာ ေအာက္ခ်င္းငွက္မ်ားကိုလည္း တစ္ခါတစ္ရံ ျမင္ရတတ္သည္။ ေအာက္ခ်င္းငွက္သည္ ပ်ံသန္းရာတြင္အေတာင္မ်ားကို ခတ္ လိုက္ ေလဟုန္စီးလိုက္ႏွင့္ပ်ံေလ့ရွိသည္။ က်ိဳကၡမီခ႐ိုင္အတြင္း၌ ေအာက္ခ်င္းငွက္၏ အသိုက္ မ်ားကိုေတြ႕ရၿပီးလၽွင္ ဥမ်ားကို မတ္လေစာေစာပိုင္းတြင္ ေတြ႕ရ ေလ့ရွိသည္။ တစ္ၿမဳံလၽွင္ ႏွစ္ဥ၊ သို႔မဟုတ္ သုံးဥရွိတတ္ေလ သည္။

ေအာက္ခ်င္းငွက္၏ သိပၸံအမည္မွာ အန္သရာကိုဆာေရာ့ ကို႐ိုးေနးတပ္ လ်ဴကို ဂက္စတာ ျဖစ္ေလသည္။ ေအာက္ခ်င္း ငွက္ထီး၏ အလ်ားမွာ ၂၇ လက္မမွ လက္မ ၃ဝ အထိရွိ၍ ငွက္မ၏အလ်ားမွာ ၂၆ လက္မမွ ၂၇ လက္မအထိရွိသည္။ ပ်ံသန္းရာတြင္ ေအာက္ခ်င္းငွက္၏ ရင္ပတ္ႏွင့္အေတာင္အဖ်ား ရွိ အျဖဴအမွတ္အသားမ်ားကို ထင္ရွားစြာျမင္ရသည္။ ေအာက္ခ်င္းငွက္သည္ စူးရွေသာအသံမ်ားႏွင့္ ဆူညံစြာ ေနေလ့ရွိေသာငွက္မ်ိဳးျဖစ္သည္။ ေဆာင္းအကုန္ေႏြအကူး ဇန္နဝါရီလမွ ဧၿပီလအတြင္းတြင္ ဥ အုေလ့ရွိၾကသည္။ ဥဝပ္ခ်ိန္သည္ တစ္လခြဲမၽွ ၾကာျမင့္ေလ့ရွိၾကသည္။ သားေပါက္ေသာအခါ ဥဝပ္သည့္ သစ္ပင္ႀကီး၏ အျမင့္ဆုံးထိပ္ဖ်ားမွာ အသိုက္လုပ္ၿပီး ေနေလ့ရွိၾကသည္။ ထိုအသိုက္မ်ားအား႐ြံ႕ျဖင့္ တည္ေဆာက္ထားၾကသည္။ မ်ားေသာအားျဖင့္ သစ္ေခါင္းအတြင္းတြင္ ငွက္မမ်ား ဥ အုရန္ဝင္ေန၍ ငွက္ဖိုမ်ားက အျပင္မွ ႐ႊံ႕ေစးျဖင့္ ပိတ္ထားေပးၿပီး ႏႈတ္သီးထြက္ရန္သာ ဖန္တီးထားၾကတတ္သည္။ ငွက္ဖိုမ်ားသည္ ငွက္မမ်ား သားေမြးသည့္အခါတြင္ အစာ ရွာေႂကြးေလ့ရွိသည္။

ေအာက္ခ်င္းငွက္တို႔တြင္ ထူးျခားေသာ ႏႈတ္သီးတစ္ခုႏွင့္ အၿမီးရွိ၍ ထင္းရွားစြာ ျမင္ေတြ႕ႏိုင္သည္။ ႏႈတ္သီးသည္ အလြန္ႀကီးမား၍ ရွည္လ်ားသည္။ အဝါေရာင္ ေအာက္ခံႏႈတ္သီးႀကီးေပၚတြင္ အနီေရာင္ အေမာက္ဖုႀကီး ရွိသည္။ အၿမီးမွာလည္း ရွည္လ်ားက်ယ္ျပန္႔သည့္အျပင္ အနက္ေရာင္ ကန္႔လန္႔စင္းမ်ား ရွိသည္။ ဦးေခါင္း၊ ေနာက္ေက်ာ၊ အေတာင္ႏွင့္ ရင္ဘတ္မ်ားတြင္ အမည္းေရာင္ ျဖစ္ၿပီး၊ ဝမ္းဗိုက္ႏွင့္ ေပါင္မွာ အျဖဴေရာင္ ျဖစ္၍ ပိုမိုလွပေလသည္။

ဖိုမ ႏွစ္ေကာင္တြဲ၍ အၿမဲ ပ်ံသန္းေလ့ရွိၾကသည္။ ထိုငွက္မ်ိဳးသည္ တစ္ေကာင္ႏွင့္ တစ္ေကာင္ အလြန္ေမတၱာႀကီးၾကသည္။ ငွက္မမ်ား သားေမြးသည့္အခါ ငွက္ဖိုမွာ အနားမွ မခြာဘဲ အစာေကၽြး ေစာင့္ေရွာက္ေလ့ရွိၾကသည္။ ငွက္မအသိုက္ပ်က္ၿပီး အသက္ေဘးႏွင့္ ႀကဳံလာပါက ငွက္ဖိုပါ လိုက္လံ ေသဆုံးေလ့ရွိသည္မွာလည္း ရင္နင့္စရာေကာင္းလွသည္။ ပ်ံသန္းစဥ္တြင္ ဖိုမ ျမည္သံမွာ အလြန္စူးရွသည္။ ေတာင္ပံခတ္သံသည္ အေဝးမွပင္ၾကားႏိုင္ေအာင္ တဝွီးဝွီး ရွိသည္။ ႏႈတ္သီးဖ်ားမွ အၿမီးထိ ၄ ေပခန္႔ ရွိၿပီး အေလးခ်ိန္မွာ ၆.၅ ကီလိုေက်ာ္ခန္႔ ရွိတတ္သည္။

ေအာက္ခ်င္းငွက္ မ်ိဳးစိတ္ေပါင္း ၁၀ မ်ိဳးခန္႔ ရွိေလသည္။ ထိုအထဲတြင္ ေအာက္ခ်င္းႏွင့္ ေအာင္ေလာင္ငွက္ ဟူေသာ မ်ိဳးစိတ္ႏွစ္မ်ိဳးသာ အေတြ႕မ်ားသည္။ ေအာင္ခ်င္းငွက္သည္ အေကာင္ႀကီးၿပီး ဖိုမႏွစ္ေကာင္တည္းသာ ေနေလ့ရွိၾကသည္။ ေအာင္ေလာင္ငွက္မ်ိဳးမွာမူ အုပ္စုဖြဲ႕ ေနေလ့ရွိၾကသည္။ ထို႔ျပင္ အေကာင္လည္းငယ္သည္။ ေအာက္ခ်င္းငွက္မ်ား၏ သက္တမ္းမွာ ၃၀ ႏွစ္ခန္႔သာ ရွိေလသည္။

ကိုးကား
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၅)
နကၡတၱေရာင္ျခည္ မဂၢဇင္း၊၂၀၁၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလ၊အမွတ္-၂၉၂

—————–

မေတ္တာတရားကြီးမားလွန်းသည့် အောက်ချင်းငှက်များအကြောင်း (unicode)

အောက်ချင်းငှက်သည် မြန်မာနိုင်ငံတွင် အမြဲနေထိုင် လေ့ရှိသောငှက် ဖြစ်ပြီး ယင်းအား မြန်မာနိုင်ငံ၌ ကွင်းပြင်နှင့်တောင်ခြေများတွင် အနှံ့အပြားတွေ့ရှိနိုင်လေသည်။ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် တွေ့ရလေ့ရှိသည်။ အောက်ချင်းငှက်သည် ပရွက်ပျံများ ၊ လင်းနို့များ နှင့် မြွေသေများကို ဖမ်းယူ စားသောက်လေ့ရှိသည်။ အောက်ချင်းငှက်သည် အခြားအောက်ချင်းငှက်ပေါင်း တစ်ဒါဇင်ခန့်နှင့်အတူ အုပ်ဖွဲ့၍နေလေ့ရှိသည်ကို အတွေ့ရများ သော်လည်း ထိုအရေအတွက်ထက် များပြားစွာအုပ်ဖွဲ့၍နေသော အောက်ချင်းငှက်များကိုလည်း တစ်ခါတစ်ရံ မြင်ရတတ်သည်။ အောက်ချင်းငှက်သည် ပျံသန်းရာတွင်အတောင်များကို ခတ် လိုက် လေဟုန်စီးလိုက်နှင့်ပျံလေ့ရှိသည်။ ကျိုက္ခမီခရိုင်အတွင်း၌ အောက်ချင်းငှက်၏ အသိုက် များကိုတွေ့ရပြီးလျှင် ဥများကို မတ်လစောစောပိုင်းတွင် တွေ့ရ လေ့ရှိသည်။ တစ်မြုံလျှင် နှစ်ဥ၊ သို့မဟုတ် သုံးဥရှိတတ်လေ သည်။

အောက်ချင်းငှက်၏ သိပ္ပံအမည်မှာ အန်သရာကိုဆာရော့ ကိုရိုးနေးတပ် လျူကို ဂက်စတာ ဖြစ်လေသည်။ အောက်ချင်း ငှက်ထီး၏ အလျားမှာ ၂၇ လက်မမှ လက်မ ၃ဝ အထိရှိ၍ ငှက်မ၏အလျားမှာ ၂၆ လက်မမှ ၂၇ လက်မအထိရှိသည်။ ပျံသန်းရာတွင် အောက်ချင်းငှက်၏ ရင်ပတ်နှင့်အတောင်အဖျား ရှိ အဖြူအမှတ်အသားများကို ထင်ရှားစွာမြင်ရသည်။ အောက်ချင်းငှက်သည် စူးရှသောအသံများနှင့် ဆူညံစွာ နေလေ့ရှိသောငှက်မျိုးဖြစ်သည်။ ဆောင်းအကုန်နွေအကူး ဇန်နဝါရီလမှ ဧပြီလအတွင်းတွင် ဥ အုလေ့ရှိကြသည်။ ဥဝပ်ချိန်သည် တစ်လခွဲမျှ ကြာမြင့်လေ့ရှိကြသည်။ သားပေါက်သောအခါ ဥဝပ်သည့် သစ်ပင်ကြီး၏ အမြင့်ဆုံးထိပ်ဖျားမှာ အသိုက်လုပ်ပြီး နေလေ့ရှိကြသည်။ ထိုအသိုက်များအားရွံ့ဖြင့် တည်ဆောက်ထားကြသည်။ များသောအားဖြင့် သစ်ခေါင်းအတွင်းတွင် ငှက်မများ ဥ အုရန်ဝင်နေ၍ ငှက်ဖိုများက အပြင်မှ ရွှံ့စေးဖြင့် ပိတ်ထားပေးပြီး နှုတ်သီးထွက်ရန်သာ ဖန်တီးထားကြတတ်သည်။ ငှက်ဖိုများသည် ငှက်မများ သားမွေးသည့်အခါတွင် အစာ ရှာကြွေးလေ့ရှိသည်။
အောက်ချင်းငှက်တို့တွင် ထူးခြားသော နှုတ်သီးတစ်ခုနှင့် အမြီးရှိ၍ ထင်းရှားစွာ မြင်တွေ့နိုင်သည်။ နှုတ်သီးသည် အလွန်ကြီးမား၍ ရှည်လျားသည်။ အဝါရောင် အောက်ခံနှုတ်သီးကြီးပေါ်တွင် အနီရောင် အမောက်ဖုကြီး ရှိသည်။ အမြီးမှာလည်း ရှည်လျားကျယ်ပြန့်သည့်အပြင် အနက်ရောင် ကန့်လန့်စင်းများ ရှိသည်။ ဦးခေါင်း၊ နောက်ကျော၊ အတောင်နှင့် ရင်ဘတ်များတွင် အမည်းရောင် ဖြစ်ပြီး၊ ဝမ်းဗိုက်နှင့် ပေါင်မှာ အဖြူရောင် ဖြစ်၍ ပိုမိုလှပလေသည်။

ဖိုမ နှစ်ကောင်တွဲ၍ အမြဲ ပျံသန်းလေ့ရှိကြသည်။ ထိုငှက်မျိုးသည် တစ်ကောင်နှင့် တစ်ကောင် အလွန်မေတ္တာကြီးကြသည်။ ငှက်မများ သားမွေးသည့်အခါ ငှက်ဖိုမှာ အနားမှ မခွာဘဲ အစာကျွေး စောင့်ရှောက်လေ့ရှိကြသည်။ ငှက်မအသိုက်ပျက်ပြီး အသက်ဘေးနှင့် ကြုံလာပါက ငှက်ဖိုပါ လိုက်လံ သေဆုံးလေ့ရှိသည်မှာလည်း ရင်နင့်စရာကောင်းလှသည်။ ပျံသန်းစဉ်တွင် ဖိုမ မြည်သံမှာ အလွန်စူးရှသည်။ တောင်ပံခတ်သံသည် အဝေးမှပင်ကြားနိုင်အောင် တဝှီးဝှီး ရှိသည်။ နှုတ်သီးဖျားမှ အမြီးထိ ၄ ပေခန့် ရှိပြီး အလေးချိန်မှာ ၆.၅ ကီလိုကျော်ခန့် ရှိတတ်သည်။

အောက်ချင်းငှက် မျိုးစိတ်ပေါင်း ၁၀ မျိုးခန့် ရှိလေသည်။ ထိုအထဲတွင် အောက်ချင်းနှင့် အောင်လောင်ငှက် ဟူသော မျိုးစိတ်နှစ်မျိုးသာ အတွေ့များသည်။ အောင်ချင်းငှက်သည် အကောင်ကြီးပြီး ဖိုမနှစ်ကောင်တည်းသာ နေလေ့ရှိကြသည်။ အောင်လောင်ငှက်မျိုးမှာမူ အုပ်စုဖွဲ့ နေလေ့ရှိကြသည်။ ထို့ပြင် အကောင်လည်းငယ်သည်။ အောက်ချင်းငှက်များ၏ သက်တမ်းမှာ ၃၀ နှစ်ခန့်သာ ရှိလေသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)
နက္ခတ္တရောင်ခြည် မဂ္ဂဇင်း၊၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ၊အမှတ်-၂၉၂၊

 

Leave a Reply