လူသားေတြကုိ အက်ဳိးျပဳတဲ့ ပင္နီဆီလင္ေဆးကို ေတြ႔ရွိခဲ့သူ (သုိ႔) အလက္ဇႏၵား ဖလင္းမင္း

Posted on

ပင္နီဆီလင္ေဆးကို ေတြ႕ရွိခဲ့သူ ေဒါက္တာ အလက္ဇႏၵား ဖလင္းမင္း (Alexander Fleming) ကို ၁၈၈၁ ခုႏွစ္က စေကာ့တလန္ျပည္နယ္ ေကာ့ဒ္ဖီလ္ၿမိဳ႕၌ ဖြားျမင့္ခဲ့သည္။ လန္ဒန္ၿမိဳ႕ စိန္႔ေမရီ ေဆးေက်ာင္းမွ ဘြဲ႕ရၿပီး ဖလင္းမင္းသည္ ေဆးဝါး သုေတသန လုပ္ငန္းမ်ားကို ေဇာက္ခ်လုပ္ကိုင္ခဲ့သည္။

ပထမ ကမၻာစစ္ႀကီးတြင္ စစ္ဆရာဝန္အျဖစ္ ထမ္းေဆာင္စဥ္ ဒဏ္ရာမ်ားကို ေလ့လာရာ၌ ေရာဂါကာကြယ္ေဆးေၾကာင့္ မိုက္ခ႐ုတ္ပိုးမ်ားထက္ပိုၿပီး ကိုယ္ခႏၶာဆဲလ္မ်ားမွာ ထိခိုက္မႈ ပိုမိုျဖစ္ပြားေၾကာင္း သတိျပဳမိလာသည္။ ဤေနရာတြင္ လူသား၏ ဆဲလ္မ်ားကို မထိခိုက္ေစဘဲ ဘက္တီးရီးယားကို ေခ်မႈန္းႏိုင္မည့္ ေဆးဝါးမ်ား တီထြင္ရန္ လိုအပ္ေၾကာင္း သိလာသည္။

စစ္ၿပီးကာလ စိန္႔ေမရီေဆး႐ုံသို႔ ေဒါက္တာဖလင္းမင္း ျပန္လာၿပီး သုေတသန ျပဳလုပ္ေသာအခါ လိုင္ဆိုဇုန္းေခၚ ပစၥည္းတစ္မ်ိဳးကို ေတြ႕ရွိသည္။ လိုင္ဆိုဇုန္းမွာ လူ႕ခႏၶာမွ ထြက္လာျခင္း ျဖစ္သည္။ ယင္းသည္ လူ႕ဆဲလ္ကို အႏၲရာယ္ မျဖစ္ေပ။ မိုက္ခ႐ုတ္မ်ားကို ၎က ႏွိမ္နင္းေပးႏိုင္ေသာ္လည္း လူကို အႏၲရာယ္ျပဳေစသည့္ ပိုးမႊားမ်ားကိုမူ မႏွိမ္နင္းႏိုင္ခဲ့ေပ။

ပင္နယ္စီလင္ရွာေဖြေတြ႕ရွိပုံ
၁၉၂၈ ခုႏွစ္တြင္ ဓာတ္ခြဲခန္းမွ စတက္ဖိုင္လို ေကာ့ကပ္စ္ ဘက္တီးရီးယားကို ေလတြင္ၾကာၾကာထားေသာအခါ မႈိတက္လာသည္ကို ေတြ႕ရသည္။ ယင္းမႈိ၏ ပတ္ဝန္းက်င္ရွိ စတက္ဖိုင္လို ေကာ့ကပ္စ္ ဘက္တီးရီးယားတ္ို႔ ပ်က္စီးသြားရပုံကိုလည္း ေတြ႕ရွိရသည္။ ဤတြင္မႈိသည္ ဘက္တီးရီးယားကို ေသေစႏိုင္သည့္ အဆိပ္အေတာက္ တစ္မ်ိဳးျဖစ္ရမည္ဟု သူက ေကာက္ခ်က္ခ်သည္။ မၾကာမီတြင္ လူကိုဒုကၡေပးသည့္ အျခားဘက္တီးရီးယားမ်ား ႀကီးထြားမႈကိုလည္း အလားတူ ဝတၳဳပစၥည္းမ်ိဳးက ဟန္႔တားေပးပုံကိုလည္း သူျပသႏိုင္ခဲ့သည္။ ဤပစၥည္းကို ပင္နီဆီလီယံ ႏိုေတတန္မႈိမွ ရသည့္အတြက္ ပင္နီဆီလင္ဟု သူက မွည့္ေခၚခဲ့သည္။ ယင္းမွာ လူႏွင့္ သတၱဝါမ်ားအတြက္ အဆိပ္အေတာက္ မျဖစ္ေစပါ။

ေဒါက္တာဖလင္းမင္းက ၎၏ ေတြ႕ရွိခ်က္မ်ားကို ၁၉၂၉ ခုႏွစ္တြင္ ပုံႏွိပ္ ထုတ္ေဝသည္။ ေဆးသိပၸံေလာကတြင္ အလြန္အေရးပါမည္ဟု တင္ျပသည္။ သို႔ေသာ္ ပင္နီဆီလင္ အသန္႔လုပ္နည္းကို သူကိုယ္တိုင္ မေတြ႕ခဲ့ေသးေပ။ ၁၉၃၀ ျပည့္ႏွစ္ ေနာက္ပိုင္း ၿဗိတိန္အမ်ိဳးသား ေဆးဝါးသုေတသီမ်ား ျဖစ္ၾကသည့္ ေဟာင္းဝါ့ ေဝၚလတာ ဖလိုရီ (Howard Walter Florey) ႏွင့္ အန္႔ ဗိုးရစ္ ခ်ိန္း (Ernst Boris Chain) တို႔က ေဒါက္တာဖလင္းမင္း၏ နည္းအရ ပင္နီဆီလင္ကို သန္႔စင္စမ္းသပ္ေသာအခါ ပထမတြင္ တိရစၧာန္မ်ားကို စမ္းသပ္ေအာင္ျမင္ေၾကာင္း ေတြ႕ရသည္။

ဘဝနိဂုံး
၁၉၄၁ ခုႏွစ္တြင္ ပင္နီဆီလင္ကို လူမ်ားႏွင့္ ပတ္သက္စမ္းသပ္သည္။ ေအာင္ျမင္၍ ၁၉၄၅ ခုႏွစ္ စစ္ၿပီးေသာအခါ ပင္နီဆီလင္ကို ကမၻာႏွင့္အဝန္း အသုံးျပဳလာသည္။ လူကို အႏၲရာယ္ေပးသည့္ မိုက္ခ႐ိုေအာ္ဂဲနစ္ဇင္ (micro organism) ေရာဂါပိုးမႊားႀကီးမ်ားကို ပင္နီဆီလင္က လူကို အႏၲရာယ္ေပးသည့္ မိုက္ခ႐ိုေအာ္ဂဲနစ္ဇင္ ေရာဂါပိုးမႊားႀကီးမ်ားကို ပင္နီဆီလင္က လုံးဝႏွိမ္နင္းေပးသည္။ ေဒါက္တာဖလင္းမင္းမွာ ၁၉၅၅ ခုႏွစ္တြင္ ကြယ္လြန္ခဲ့သည္။

Via : Myanmar Wikipedia


လူသားတွေကို အကျိုးပြုတဲ့ ပင်နီဆီလင်ဆေးကို တွေ့ရှိခဲ့သူ (သို့) အလက်ဇန္ဒား ဖလင်းမင်း (unicode)

ပင်နီဆီလင်ဆေးကို တွေ့ရှိခဲ့သူ ဒေါက်တာ အလက်ဇန္ဒား ဖလင်းမင်း (Alexander Fleming) ကို ၁၈၈၁ ခုနှစ်က စကော့တလန်ပြည်နယ် ကော့ဒ်ဖီလ်မြို့၌ ဖွားမြင့်ခဲ့သည်။ လန်ဒန်မြို့ စိန့်မေရီ ဆေးကျောင်းမှ ဘွဲ့ရပြီး ဖလင်းမင်းသည် ဆေးဝါး သုတေသန လုပ်ငန်းများကို ဇောက်ချလုပ်ကိုင်ခဲ့သည်။

ပထမ ကမ္ဘာစစ်ကြီးတွင် စစ်ဆရာဝန်အဖြစ် ထမ်းဆောင်စဉ် ဒဏ်ရာများကို လေ့လာရာ၌ ရောဂါကာကွယ်ဆေးကြောင့် မိုက်ခရုတ်ပိုးများထက်ပိုပြီး ကိုယ်ခန္ဓာဆဲလ်များမှာ ထိခိုက်မှု ပိုမိုဖြစ်ပွားကြောင်း သတိပြုမိလာသည်။ ဤနေရာတွင် လူသား၏ ဆဲလ်များကို မထိခိုက်စေဘဲ ဘက်တီးရီးယားကို ချေမှုန်းနိုင်မည့် ဆေးဝါးများ တီထွင်ရန် လိုအပ်ကြောင်း သိလာသည်။

စစ်ပြီးကာလ စိန့်မေရီဆေးရုံသို့ ဒေါက်တာဖလင်းမင်း ပြန်လာပြီး သုတေသန ပြုလုပ်သောအခါ လိုင်ဆိုဇုန်းခေါ် ပစ္စည်းတစ်မျိုးကို တွေ့ရှိသည်။ လိုင်ဆိုဇုန်းမှာ လူ့ခန္ဓာမှ ထွက်လာခြင်း ဖြစ်သည်။ ယင်းသည် လူ့ဆဲလ်ကို အန္တရာယ် မဖြစ်ပေ။ မိုက်ခရုတ်များကို ၎င်းက နှိမ်နင်းပေးနိုင်သော်လည်း လူကို အန္တရာယ်ပြုစေသည့် ပိုးမွှားများကိုမူ မနှိမ်နင်းနိုင်ခဲ့ပေ။

ပင်နယ်စီလင်ရှာဖွေတွေ့ရှိပုံ
၁၉၂၈ ခုနှစ်တွင် ဓာတ်ခွဲခန်းမှ စတက်ဖိုင်လို ကော့ကပ်စ် ဘက်တီးရီးယားကို လေတွင်ကြာကြာထားသောအခါ မှိုတက်လာသည်ကို တွေ့ရသည်။ ယင်းမှို၏ ပတ်ဝန်းကျင်ရှိ စတက်ဖိုင်လို ကော့ကပ်စ် ဘက်တီးရီးယားတ်ို့ ပျက်စီးသွားရပုံကိုလည်း တွေ့ရှိရသည်။ ဤတွင်မှိုသည် ဘက်တီးရီးယားကို သေစေနိုင်သည့် အဆိပ်အတောက် တစ်မျိုးဖြစ်ရမည်ဟု သူက ကောက်ချက်ချသည်။ မကြာမီတွင် လူကိုဒုက္ခပေးသည့် အခြားဘက်တီးရီးယားများ ကြီးထွားမှုကိုလည်း အလားတူ ဝတ္ထုပစ္စည်းမျိုးက ဟန့်တားပေးပုံကိုလည်း သူပြသနိုင်ခဲ့သည်။ ဤပစ္စည်းကို ပင်နီဆီလီယံ နိုတေတန်မှိုမှ ရသည့်အတွက် ပင်နီဆီလင်ဟု သူက မှည့်ခေါ်ခဲ့သည်။ ယင်းမှာ လူနှင့် သတ္တဝါများအတွက် အဆိပ်အတောက် မဖြစ်စေပါ။

ဒေါက်တာဖလင်းမင်းက ၎င်း၏ တွေ့ရှိချက်များကို ၁၉၂၉ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေသည်။ ဆေးသိပ္ပံလောကတွင် အလွန်အရေးပါမည်ဟု တင်ပြသည်။ သို့သော် ပင်နီဆီလင် အသန့်လုပ်နည်းကို သူကိုယ်တိုင် မတွေ့ခဲ့သေးပေ။ ၁၉၃၀ ပြည့်နှစ် နောက်ပိုင်း ဗြိတိန်အမျိုးသား ဆေးဝါးသုတေသီများ ဖြစ်ကြသည့် ဟောင်းဝါ့ ဝေါ်လတာ ဖလိုရီ (Howard Walter Florey) နှင့် အန့် ဗိုးရစ် ချိန်း (Ernst Boris Chain) တို့က ဒေါက်တာဖလင်းမင်း၏ နည်းအရ ပင်နီဆီလင်ကို သန့်စင်စမ်းသပ်သောအခါ ပထမတွင် တိရစ္ဆာန်များကို စမ်းသပ်အောင်မြင်ကြောင်း တွေ့ရသည်။

ဘဝနိဂုံး
၁၉၄၁ ခုနှစ်တွင် ပင်နီဆီလင်ကို လူများနှင့် ပတ်သက်စမ်းသပ်သည်။ အောင်မြင်၍ ၁၉၄၅ ခုနှစ် စစ်ပြီးသောအခါ ပင်နီဆီလင်ကို ကမ္ဘာနှင့်အဝန်း အသုံးပြုလာသည်။ လူကို အန္တရာယ်ပေးသည့် မိုက်ခရိုအော်ဂဲနစ်ဇင် (micro organism) ရောဂါပိုးမွှားကြီးများကို ပင်နီဆီလင်က လူကို အန္တရာယ်ပေးသည့် မိုက်ခရိုအော်ဂဲနစ်ဇင် ရောဂါပိုးမွှားကြီးများကို ပင်နီဆီလင်က လုံးဝနှိမ်နင်းပေးသည်။ ဒေါက်တာဖလင်းမင်းမှာ ၁၉၅၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

Leave a Reply