အေသးဆုံးၿဂဳိိဟ္ ေနနဲ႔အနီးဆုံးၿဂဳိဟ္ ျဖစ္တဲ့ မာက်ဴရီေခၚ ဗုဒၶဟူးၿဂဳိဟ္အေၾကာင္း သိေကာင္းစရာ

Posted on

ဗီးနပ္စ္ ၊ ေစတန္ ၊ ဂ်ဴပီတာ ၊ မားစ္ စတဲ့ၿဂဳိဟ္ေတြအေၾကာင္းေတာ့ သုတဇုန္မွာတင္ခဲ့ၿပီးပါၿပီ။ ဒီတစ္ခါေတာ့ ေနနဲ႔အနီးဆုံးၿဂဳိဟ္ျဖစ္သလုိ ကြ်န္ေတာ္တုိ႔ရဲ႕ေနအဖြဲ႔အစည္းအတြင္းမွာ အေသးဆုံးျဖစ္တဲ့ မာက်ဴရီ (ေခၚ) ဗုဒၶဟူးၿဂဳိဟ္အေၾကာင္းကို သုတဇုန္မိတ္ေဆြမ်ားအတြက္ ဗဟုသုတအေနနဲ႔ မွ်ေ၀ခ်င္ပါတယ္။

ဗုဒၶဟူးၿဂိဳဟ္၏ အဂၤလိပ္အမည္ မာက်ဴရီကို ေရာမဘုရား၏ အေတာင္ပံပါေသာ တမန္ေတာ္ ၏ အမည္ကို အစြဲျပဳ၍ မွည့္ေခၚျခင္းျဖစ္သည္။ ဒီၿဂဳိဟ္ရွိေနတဲ့အေၾကာင္းကို လြန္ခဲ့ေသာႏွစ္ေပါင္း ၅၀၀၀ခန္႔ကတည္းက ဆူမားရီးယန္းလူမ်ဳိးေတြက သိရွိခဲ့ၾကပါတယ္။
မာက်ဴရီၿဂဳိဟ္ ဟာ ေန႔အဖြဲ႔အစည္းအတြင္းမွာ အေသးငယ္ဆုံးၿဂဳိဟ္ျဖစ္ၿပီး အရြယ္အစားအားျဖင့္ အခ်င္းမုိင္ ၃၀၃၀ သာ ရွိတာေၾကာင့္ ကမာၻရဲ႕၃ပုံ၁ပုံ အရြယ္အစားသာ ရွိပါတယ္။ ဗုဒၶဟူးၿဂဳိဟ္ရဲ႕ မ်က္ႏွာျပင္ သည္ ေနအဖဲြ႕အစည္း အတြင္းရွိ အျခားၿဂဳိဟ္မ်ား၏ မ်က္ႏွာျပင္မ်ား ကဲ့သုိ႔ ျဖစ္ေပၚလာျခင္းမဟုတ္ဘဲ ရွားပါးေသာဥကၠာခဲမ်ားႏွင့္ ဖဲြ႕စည္းထားတယ္လုိ႔ သိရပါတယ္။

ေနႏွင့္အနီးဆုံးၿဂဳိဟ္ျဖစ္ေပမယ့္ အပူဆုံးၿဂဳိဟ္မဟုတ္ပဲ ေန႔အခါမွာ အလြန္ပူၿပီး ညအခါမွာ အလြန္ေအးတဲ့ၿဂဳိဟ္ျဖစ္ပါတယ္။ ဒီလုိအပူဆုံးၿဂဳိဟ္မျဖစ္ရတဲ့အေၾကာင္းကေတာ့ ဒီၿဂဳိဟ္မွာ အလြန္ထူထပ္တဲ့ဓာတ္ေငြ႔ေတြရွိၿပီး ဒီဓာတ္ေငြေတြဟာ ေနရဲ႕အပူကို ကာကြယ္ေပးထားတာပဲျဖစ္ပါတယ္။ အပူခ်ိန္ကေတာ့ ေန႔အခါမွာ ၄၂၀ဒီဂရီစင္တီဂရိတ္ရွိၿပီး ညအခါမွာ -၁၈၀ဒီဂရီစင္တီဂရိတ္ရွိတာေၾကာင့္ အပူအေအးေျပာင္းလဲမႈ ကြာျခားလြန္းတဲ့ၿဂဳိဟ္လည္းျဖစ္ပါတယ္။

မာက်ဴရီၿဂဳိဟ္ရဲ႕ သက္တမ္းဟာ ႏွစ္ေပါင္း ၄.၆ဘီလ်ံ ရွိၿပီျဖစ္ပါတယ္။ ေနႏွင့္ အနီးဆုံးၿဂိဳဟ္ျဖစ္သျဖင့္ ေနကို အျမန္ဆုံး လွည့္ပတ္ေနေသာ ၿဂိဳဟ္လည္းျဖစ္ပါတယ္။ ေနကို တစ္ပတ္ပတ္ရန္ (၈၈) ရက္မၽွသာၾကာပါတယ္။ ေနနဲ႔အနီးဆုံးျဖစ္ေပမယ့္ ေနနဲ႔မာက်ဴရီရဲ႕ အနီးဆုံးအကြာအေ၀းက မုိင္ေပါင္း ၂၉သန္းျဖစ္ၿပီး အေ၀းဆုံးအကြာအေ၀းက မုိင္ေပါင္း ၄၃သန္းျဖစ္ပါတယ္။ မာက်ဴရီၿဂိဳဟ္ဟာ ေနအဖြဲ႕အစည္းအတြင္းမွာ သိပ္သည္းမႈအမ်ားဆုံးၿဂိဳဟ္ျဖစ္ၿပီး ကမၻာကေတာ့ သိပ္သည္းမႈ ဒုတိယအမ်ားဆုံးျဖစ္ပါတယ္္။ ဗုဒၶဟူးၿဂိဳဟ္ဟာ သံသတၱဳမ်ားျဖင့္ဖြဲ႕စည္းထားတာေၾကာင့္ အလြန္သိပ္သည္းမႈမ်ားေသာ္လည္း အလြန္အားနည္းေသာ သံလိုက္စက္ကြင္းရွိသည္။ ကမၻာၿဂိဳလ္ သံလိုက္စက္ကြင္းရဲ႕ အပုံ၁၀၀ပုံ ၁ပုံခန္႔သာ ရွိပါတယ္။

မာက်ဴရီၿဂဳိဟ္မွာ ေလထုမရွိဘူးလုိ႔ ကြ်န္ေတာ္တုိ႔အမ်ားစုသိထားၾကေပမယ့္ တကယ္တမ္းေတာ့ သူ႔မွာ အလြန္ေသးငယ္ပါးလႊာတဲ့ ေလထုတစ္ခုရွိပါတယ္။ သူ႔ရဲ႕ေလထုကို ပုိတက္ဆီယမ္ ၀.၅%၊ ဟီလီယမ္ ၆%၊ ဟုိက္ဒရုိဂ်င္ ၂၂% ၊ ဆုိဒီယမ္ ၂၉% ၊ ေအာက္ဆီဂ်င္ ၄၂% စတဲ့ဓာတ္ေငြ႔ေတြနဲ႔ ဖြဲ႔စည္းထားပါတယ္။ မာက်ဴရီသည္ ေနႏွင့္ အလြန္နီးကပ္တဲ့အျပင္ လွည့္ပတ္မႈျမန္လြန္းတာေၾကာင့္ ေလ့လာဖုိ႔အလြန္ခက္ခဲတဲ့ၿဂဳိဟ္တစ္ခုလည္းျဖစ္ပါတယ္။ မာက်ဴရီၿဂိဳဟ္မွာ ၿဂိဳလ္ရံလ မရွိပါဘူး။ မာက်ဴရီၿဂဳိဟ္ရဲ႕တစ္ရက္ဟာ ကြ်န္ေတာ္တုိ႔ကမာၻရဲ႕ရက္ေပါင္း ၅၉ရက္နဲ႔ ညီမွ်ပါတယ္။

မာက်ဴရီၿဂဳိဟ္ကို ပထမဆုံးေရာက္ခဲ့တဲ့ အာကာသယာဥ္ကေတာ့ မာရီနာ ၁၀(Mariner 10) ဆုိတဲ့ယာဥ္ျဖစ္ၿပီး ၁၉၇၄ခုႏွစ္မွာပစ္လႊတ္ခဲ့တာျဖစ္ပါတယ္။ မာရီိနာ ၁၀ မွ မာက်ဴရီၿဂဳိဟ္ရဲ႕မ်က္ႏွာျပင္ပုံရိပ္မ်ားကို ပုိ႔ေဆာင္ေပးႏုိင္ခဲ့ပါတယ္။ ဒုတိယ ယာဥ္ကေတာ့ မက္ဆင္ဂ်ာ (Messenger) ဆုိတဲ့ယာဥ္ျဖစ္ၿပီး ၂၀၀၄ခုႏွစ္မွာ စတင္ျဖစ္လႊတ္ခဲ့ၿပီး ၂၀၀၈ခုႏွစ္မွာ မာက်ဴရီၿဂဳိဟ္အားျဖတ္ကာ ပ်ံသန္းႏုိင္ခဲ့ပါတယ္။ အခုေနာက္ဆုံး ပစ္လႊတ္လုိက္တဲ့ယာဥ္ကေတာ့ BepiColombo ဆုိတဲ့ယာဥ္ျဖစ္ၿပီး ၂၀၀၃ခုႏွစ္က စတင္ပစ္လႊတ္ခဲ့တာျဖစ္ပါတယ္။ ဒီယာဥ္ဟာ ၂၀၁၉ခုႏွစ္မွာ မာက်ဴရီၿဂဳိဟ္အနီးကုိေရာက္ရွိမွာျဖစ္ပါတယ္။


အသေးဆုံးဂြိုဟ် နေနဲ့အနီးဆုံးဂြိုဟ် ဖြစ်တဲ့ မာကျူရီခေါ် ဗုဒ္ဓဟူးဂြိုဟ်အကြောင်း သိကောင်းစရာ (unicode)

ဗီးနပ်စ် ၊ စေတန် ၊ ဂျူပီတာ ၊ မားစ် စတဲ့ဂြိုဟ်တွေအကြောင်းတော့ သုတဇုန်မှာတင်ခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ နေနဲ့အနီးဆုံးဂြိုဟ်ဖြစ်သလို ကျွန်တော်တို့ရဲ့နေအဖွဲ့အစည်းအတွင်းမှာ အသေးဆုံးဖြစ်တဲ့ မာကျူရီ (ခေါ်) ဗုဒ္ဓဟူးဂြိုဟ်အကြောင်းကို သုတဇုန်မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့ မျှဝေချင်ပါတယ်။

ဗုဒ္ဓဟူးဂြိုဟ်၏ အင်္ဂလိပ်အမည် မာကျူရီကို ရောမဘုရား၏ အတောင်ပံပါသော တမန်တော် ၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ခြင်းဖြစ်သည်။ ဒီဂြိုဟ်ရှိနေတဲ့အကြောင်းကို လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ဝခန့်ကတည်းက ဆူမားရီးယန်းလူမျိုးတွေက သိရှိခဲ့ကြပါတယ်။
မာကျူရီဂြိုဟ် ဟာ နေ့အဖွဲ့အစည်းအတွင်းမှာ အသေးငယ်ဆုံးဂြိုဟ်ဖြစ်ပြီး အရွယ်အစားအားဖြင့် အချင်းမိုင် ၃၀၃၀ သာ ရှိတာကြောင့် ကမ္ဘာရဲ့၃ပုံ၁ပုံ အရွယ်အစားသာ ရှိပါတယ်။ ဗုဒ္ဓဟူးဂြိုဟ်ရဲ့ မျက်နှာပြင် သည် နေအဖွဲ့အစည်း အတွင်းရှိ အခြားဂြိုဟ်များ၏ မျက်နှာပြင်များ ကဲ့သို့ ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ရှားပါးသောဥက္ကာခဲများနှင့် ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

နေနှင့်အနီးဆုံးဂြိုဟ်ဖြစ်ပေမယ့် အပူဆုံးဂြိုဟ်မဟုတ်ပဲ နေ့အခါမှာ အလွန်ပူပြီး ညအခါမှာ အလွန်အေးတဲ့ဂြိုဟ်ဖြစ်ပါတယ်။ ဒီလိုအပူဆုံးဂြိုဟ်မဖြစ်ရတဲ့အကြောင်းကတော့ ဒီဂြိုဟ်မှာ အလွန်ထူထပ်တဲ့ဓာတ်ငွေ့တွေရှိပြီး ဒီဓာတ်ငွေတွေဟာ နေရဲ့အပူကို ကာကွယ်ပေးထားတာပဲဖြစ်ပါတယ်။ အပူချိန်ကတော့ နေ့အခါမှာ ၄၂ဝဒီဂရီစင်တီဂရိတ်ရှိပြီး ညအခါမှာ -၁၈ဝဒီဂရီစင်တီဂရိတ်ရှိတာကြောင့် အပူအအေးပြောင်းလဲမှု ကွာခြားလွန်းတဲ့ဂြိုဟ်လည်းဖြစ်ပါတယ်။

မာကျူရီဂြိုဟ်ရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၄.၆ဘီလျံ ရှိပြီဖြစ်ပါတယ်။ နေနှင့် အနီးဆုံးဂြိုဟ်ဖြစ်သဖြင့် နေကို အမြန်ဆုံး လှည့်ပတ်နေသော ဂြိုဟ်လည်းဖြစ်ပါတယ်။ နေကို တစ်ပတ်ပတ်ရန် (၈၈) ရက်မျှသာကြာပါတယ်။ နေနဲ့အနီးဆုံးဖြစ်ပေမယ့် နေနဲ့မာကျူရီရဲ့ အနီးဆုံးအကွာအဝေးက မိုင်ပေါင်း ၂၉သန်းဖြစ်ပြီး အဝေးဆုံးအကွာအဝေးက မိုင်ပေါင်း ၄၃သန်းဖြစ်ပါတယ်။ မာကျူရီဂြိုဟ်ဟာ နေအဖွဲ့အစည်းအတွင်းမှာ သိပ်သည်းမှုအများဆုံးဂြိုဟ်ဖြစ်ပြီး ကမ္ဘာကတော့ သိပ်သည်းမှု ဒုတိယအများဆုံးဖြစ်ပါတယ်။ ဗုဒ္ဓဟူးဂြိုဟ်ဟာ သံသတ္တုများဖြင့်ဖွဲ့စည်းထားတာကြောင့် အလွန်သိပ်သည်းမှုများသော်လည်း အလွန်အားနည်းသော သံလိုက်စက်ကွင်းရှိသည်။ ကမ္ဘာဂြိုလ် သံလိုက်စက်ကွင်းရဲ့ အပုံ၁၀ဝပုံ ၁ပုံခန့်သာ ရှိပါတယ်။

မာကျူရီဂြိုဟ်မှာ လေထုမရှိဘူးလို့ ကျွန်တော်တို့အများစုသိထားကြပေမယ့် တကယ်တမ်းတော့ သူ့မှာ အလွန်သေးငယ်ပါးလွှာတဲ့ လေထုတစ်ခုရှိပါတယ်။ သူ့ရဲ့လေထုကို ပိုတက်ဆီယမ် ၀.၅%၊ ဟီလီယမ် ၆%၊ ဟိုက်ဒရိုဂျင် ၂၂% ၊ ဆိုဒီယမ် ၂၉% ၊ အောက်ဆီဂျင် ၄၂% စတဲ့ဓာတ်ငွေ့တွေနဲ့ ဖွဲ့စည်းထားပါတယ်။ မာကျူရီသည် နေနှင့် အလွန်နီးကပ်တဲ့အပြင် လှည့်ပတ်မှုမြန်လွန်းတာကြောင့် လေ့လာဖို့အလွန်ခက်ခဲတဲ့ဂြိုဟ်တစ်ခုလည်းဖြစ်ပါတယ်။ မာကျူရီဂြိုဟ်မှာ ဂြိုလ်ရံလ မရှိပါဘူး။ မာကျူရီဂြိုဟ်ရဲ့တစ်ရက်ဟာ ကျွန်တော်တို့ကမ္ဘာရဲ့ရက်ပေါင်း ၅၉ရက်နဲ့ ညီမျှပါတယ်။

မာကျူရီဂြိုဟ်ကို ပထမဆုံးရောက်ခဲ့တဲ့ အာကာသယာဉ်ကတော့ မာရီနာ ၁၀(Mariner 10) ဆိုတဲ့ယာဉ်ဖြစ်ပြီး ၁၉၇၄ခုနှစ်မှာပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ မာရိနာ ၁၀ မှ မာကျူရီဂြိုဟ်ရဲ့မျက်နှာပြင်ပုံရိပ်များကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒုတိယ ယာဉ်ကတော့ မက်ဆင်ဂျာ (Messenger) ဆိုတဲ့ယာဉ်ဖြစ်ပြီး ၂၀၀၄ခုနှစ်မှာ စတင်ဖြစ်လွှတ်ခဲ့ပြီး ၂၀၀၈ခုနှစ်မှာ မာကျူရီဂြိုဟ်အားဖြတ်ကာ ပျံသန်းနိုင်ခဲ့ပါတယ်။ အခုနောက်ဆုံး ပစ်လွှတ်လိုက်တဲ့ယာဉ်ကတော့ BepiColombo ဆိုတဲ့ယာဉ်ဖြစ်ပြီး ၂၀၀၃ခုနှစ်က စတင်ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ ဒီယာဉ်ဟာ ၂၀၁၉ခုနှစ်မှာ မာကျူရီဂြိုဟ်အနီးကိုရောက်ရှိမှာဖြစ်ပါတယ်။

Leave a Reply