လြန္ခဲ့ေသာ ႏွစ္ေပါင္း ၅၀၀၀ခန္႔က အလြန္ေခတ္မီခဲ့ေသာ ၿမဳိ႕ႀကီး(သုိ႔) မရဏဘုံသားတုိ႔စံျမန္းရာၿမဳိ႕

Posted on


Written By Ko Kyaw Min Aung

လြန္​ခဲ့တဲ့ႏွစ္​​ေပါင္​း၅၀၀၀​ေက်ာ္​​ေလာက္​က မိုဟန္​ဂ်ိဳဒရိုဆိုတဲ့ၿမိဳ႕ႀကီးတၿမိဳ႕ အိႏၵိယအ​ေနာက္​ပိုင္​း (ယ​ေန႔​ေခတ္​ပါကစၥတန္​နိုင္​ငံအတြင္​း)အိႏၵဴျမစ္​ဝွမ္​းမွာ ရိွခဲ့ဘူးပါတယ္​။ အီဂ်စ္​၊မက္​ဆိုပို​ေတးမီးယားယဥ္​​ေက်းမူ​ေတြနဲ႔ ​ေခတ္​ၿပိဳင္​ျဖစ္​တယ္​။

မိုဟန္​ဂ်ိဳဒရိုဆိုတဲ့နာမည္​ကအခု​ေခတ္​မွ​ေပးထားတဲ့ နာမည္​ျဖစ္​ၿပီး “မရဏဘံုသားတို႔ရဲ႕စံျမန္​းရာ”လို႔အဓိပၸာယ္​ရပါတယ္​။ ဒီၿမိဳ႕ႀကီးရဲ႕မူလနာမည္​ရင္​းကို​ေတာ့ဘယ္​သူမွမသိၾက​ေတာ့ပါဘူး။ ဒီၿမိဳ႕ႀကီးမွာ ဘယ္​လူမ်ိဳး​ေတြ​ေနသြားၾကတယ္​ဆိုတာလည္​းအတိအက်မွန္​းဆလို႔မရၾကဘူး။

နွစ္​​ေပါင္​း​ေလး​ေထာင္​နီးပါး​ေလာက္​စြန္​႔ပစ္​ထားတဲ့ ဒီၿမိဳ႕ႀကီးကို ၁၉၁၉ခုနွစ္​မွာ​အိႏၵိယ​ေရွး​ေဟာင္​းသု​ေတသနပညာရွင္​ ဘနာဂ်ီ ကစတင္​ရွ​ာေဖြ​ေတြ႕ရိွခဲ့တာျဖစ္​ၿပီး​ေတာ့ၿမိဳ႕ႀကီးတခုလံုး​ေပၚလာဖို႔ ႏွစ္​​ေပါင္​း၄၀ၾကာတူး​ေဖာ္​ခဲ့ရတယ္​။

ဒီၿမိဳ႕​ေဟာင္​းႀကီးကို တူး​ေဖာ္​​ေတြ႕ရိွခဲ့တာဟာ ​ေရွး​ေဟာင္​းသု​ေတသန​ေလာကအတြက္​အဖိုးမျဖတ္​နိုင္​တဲ့​ေတြ႕ရိွခ်က္​ႀကီးတခုလည္​းျဖစ္​ရံုသာမက ႏွစ္​၅၀၀၀​ေက်ာ္​ကလူ႔အဖြဲ႕အစည္​းတခုရဲ႕ အလြန္​အဆင္​့အတန္​းျမင္​့တဲ့ၿမိဳ႕ျပ​ေနထိုင္​မူအ​ေၾကာင္​းလူသား​ေတြသိခြင္​့ရလိုက္​တာလည္​းျဖစ္​ပါတယ္​။

တူး​ေဖာ္​​ေတြ႕ရိွရတဲ့ပစၥည္​း​ေတြထဲမွာ စစ္​မက္​​ေရးရာနဲ႔ပတ္​သက္​တဲ့အမွတ္​သ​ေကၤတ၊စစ္​လက္​နက္​ပစၥည္​းတစံုတ​ေလမွမ​ေတြ႕ရတဲ့အတြက္​ ဒီၿမိဳ႕ႀကီးမွာ​ေနထိုင္​ခဲ့သူ​ေတြဟာစိတ္​နွလံုးႏူးညံ့သိမ္​​ေမြ႕သူ​ေတြ စစ္​ကိုမလိုလားၾကပဲၿငိမ္​းခ်မ္​းစြာ​ေနလိုသူ​ေတြ ေတြျဖစ္​မယ္​လို႔​ေကာက္​ခ်က္​ခ်ၾကပါတယ္​။

​ေနာက္​ၿပီး​ေတာ့ဘုရင္​၊မင္​းစိုးရာဇာနဲ႔ဆက္​နြယ္​တဲ့အရာ​ေတြ၊​ေတာ္​ဝင္​အသံုးအ​ေဆာင္​ပစၥည္​း​ေတြရွာမ​ေတြ႕ရတဲ့အတြက္​ဒီၿမိဳ႕မွာသက္​ဦးဆံပိုင္​ဘုရင္​စနစ္​မရိွခဲ့ပဲ ျပည္​သူက ​ေ႐ြး​ေကာက္​တင္​​ေျမႇာက္​တဲ့​ေကာ္​မတီတရပ္​က အုပ္​ခ်ဳပ္​တဲ့ အစိုးရပံုစံမ်ိဳးရိွခဲ့လိမ္​့မယ္​လို႔လည္း သံုးသပ္​ၾကပါတယ္​။

ဒီၿမိဳ႕ႀကီးဟာ ပ်က္​လိုက္​ ျပန္​တည္​လိုက္​နဲ႔ တစ္​ေနရာတည္​းမွာပဲ အႀကိမ္​ႀကိမ္​အခါခါ ျပန္​လည္​တည္​​ေဆာက္​ထားခဲ့တဲ့လကၡဏာ​ေတြကိုလည္​း​ေတြ႕ရပါတယ္​။ ဒီလိုအႀကိမ္​ႀကိမ္​ျပန္​တည္​ရတာ​ေတြဟာ အိႏၵဴျမစ္​ဝွမ္​း​ေရလႊမ္​းမိုးမူ​ေတြ​ေၾကာင္​့ျဖစ္​နိုင္​ပါတယ္​။

ဘီစီ ၁၉၀၀​ ေလာက္​မွာ​ေတာ့ လံုးဝ လူသူ​ေနထိုင္​ျခင္​းမရိွ​ေတာ့တဲ့ၿမိဳ႕ပ်က္​ႀကီးျဖစ္​သြားခဲ့ၿပီးလူ​ေတြရဲ႕အမွတ္​သညာထဲက​ေပ်ာက္​ဆံုးသြားခဲ့တာဟာျပန္​လည္​​ေတြ႕ရိွတဲ့​ ေအဒီ၁၉၁၉ ခုနွစ္​အထိပါပဲ။

ဒီအဆင္​့အတန္​းျမင္​့တဲ့ယဥ္​​ေက်းမူႀကီးကိုပ်က္​သုဥ္​း​ေစခဲ့သူ​ေတြက​ေတာ့ ​ေျမာက္​ပိုင္​းကဝင္​​ေရာက္​လာခဲ့တဲ့အာရိယန္​​ေတြျဖစ္​လိမ္​့မယ္လို႔ို႔ယူဆၾကပါတယ္​။ ကြ်န္​​ေတာ္​အဓိက​ေျပာခ်င္​တဲ့အ​ေၾကာင္​းက ဒီ​ေရွး​ေဟာင္​းၿမိဳ႕​ေတာ္​ႀကီးမွာ အလြန္​​ေခတ္​မီတဲ့ Planning​ေကာင္​းတဲ့ ၿမိဳ႕ျပဖြဲ႕စည္​းပံုစနစ္​မ်ိဳးရိွခဲ့တဲ့အ​ေၾကာင္​းပါ။

ပညာရွင္​​ေတြရဲ႕​ေလ့လာ​ေတြ႕ရိွခ်က္​​ေတြအရ- သမိုင္​းမတိုင္​မီBC2500နဲ႔ BC1900အတြင္​း ႏွစ္​​ေပါင္​း​ေျခာက္​ရာ​ေလာက္​အဓြန္​႔ရွည္​စြာ စည္​ပင္​သာယာဝ​ေျပာခဲ့တဲ့ မိုဟန္​ဂ်ိဳဒရိုၿမိဳ႕ႀကီးရဲ႕ၿမိဳ႕ျပဖြဲ႕စည္​းပံုစနစ္​​ေတြဟာ ရင္​သပ္​ရူ​ေမာမယံုနိုင္​စရာ​ေကာင္​း​ေလာက္​​ေအာင္​အဆင္​့ျမင္​့မား​ေနတာ​ေတြ႕ရပါတယ္​။

ဘယ္​​ေလာက္​အဆင္​့အတန္​းျမင္​့သလဲဆိုရင္​ အခု​ေခတ္​ ျမန္​မာနိုင္​ငံမွာ​ေတာင္​ ဘယ္​ၿမိဳ႕မွ အဲဒီ​ေလာက္​ ​ေကာင္​းတဲ့ျမဴ နီစပယ္​စနစ္​မ်ိဳးမရိွ​ေသးဘူးလို႔​ေျပာလို႔ရပါတယ္​။

ျမန္​မာျပည္​မွာ ဘယ္​ၿမိဳ႕မွလည္​းအဲဒီ​ေလာက္​စနစ္​က်တဲ့ town planning မရိွ​ေသးဘူး။အဲသ​ေလာက္ ၿမိဳ႕ျပဆန္​တဲ့​အသိရိွသူ​ေတြဦး​ေဆာင္​ဦးရြက္​ျပဳ​ေနတဲ့ town council မ်ိဳးလည္​းမရိွ​ေသးဘူး။ အဲဒီ​ေရွး​ေဟာင္​းၿမိဳ႕ပ်က္​​ေနရာႀကီးမွာ တူး​ေဖာ္​​ေတြ႕ရိွတဲ့အ​ေဆာက္​အဦ​ေတြ ပစၥည္​း​ေတြကို​ပညာရွင္​​ေတြ​ ေလ့လာခ်က္​အရ သမိုင္​းမတိုင္​မီ လြန္​ခဲ့တဲ့နွစ္​၅၀၀၀အလြန္​က ထြန္​းကားခဲ့တဲ့အဲဒီၿမိဳ႕ႀကီးဟာ urban planningနဲ႔ အ​ေသအခ်ာတည္​​ေဆာက္​ထားတာျဖစ္​​ေၾကာင္​း အံ႔အားသင္႕ဖြယ္​သိခဲ့ရတယ္​။

ေနထိုင္သူေလးေသာင္းေက်ာ္ရိွတဲ့ၿမဳိ႕ႀကီးမွာ​ေလး​ေထာင္​့စပ္​စပ္​ ​အိမ္​​ေတြကုိ အုတ္​အဂၤ​ေတ​ေတြနဲ႔​ေဆာက္​လုပ္​ ထားၾကၿပီးလမ္​း​ေတြကလည္​းက်ယ္​ျပန္​႔​ေျဖာင္​့ျဖဴး ၾကတယ္​။ၿမိဳ႕လယ္ေကာင္​မွာ​ေစ်း​ေနရာ​ေတြလုပ္​ထားတယ္​။ လူရာ​ေပါင္​းမ်ားစြာဆန္​႔တဲ့ညီလာခံခန္​းမလိုမ်ိဳး အမ်ားျပည္​သူနဲ႔ဆ္ိုင္​တဲ့အ​ေဆာက္​အဦ​ေတြ ျမဳိ့လည္​မွာရိွတယ္​။ အိမ္​တိုင္​းမွာ​ေရခ်ိဳးခန္​း​ေတြရိွၾကတယ္​။

​ေရခ်ိဳးခန္​း​ေတြကို​ေႂကြျပား​ေတြကပ္​ထားၾကတယ္​။​ေရပူ​ေရ​ေအးစနစ္​​ေတြရိွတယ္​။​ေရပူရဖို႔အတြက္​​ေရခ်ိဳးခန္​း​ေအာက္​မွာ​ေျမ​ေအာက္​မီးဖိုႀကီး​ေတြရိွၾကတယ္​။ ၿမိဳ႕လည္​မွာအမ်ားသံုး​ေရကူးကန္​ႀကီးတခုကိုလည္​း ​ေတြ႕ရတယ္​။​ေရကူးကန္​ႀကီး​ေဘးပတ္​ပတ္​လည္​မွာ အဝတ္​လဲခန္​း​ေတြ၊​ေရခ်ိဳးခန္​းငယ္​​ေတြရိွၿပီး​ေရကန္​ကို​ေရျဖည္​့တဲ့စနစ္​နဲ႔​ေရထုတ္​တဲ့စနစ္​​ေတြလည္​းရိွတယ္​။

အိမ္​​ေတြကို​​ေသာက္​သံုး​ေရ​ေပးဖို႔​ေရ​ေပး​ေဝ​ေရးစနစ္​ ေတြရိွတယ္​။အဲဒီအတြက္​​ေရတြင္​း​ေတြကိုၿမိဳ႕အႏွံ႔ တူးထားၿပီးတၿမိဳ႕လံုးကို​စဥ္​့​ေေရတန္​​ေလ်ာက္​​ေတြနဲ႔ သြယ္​တန္​းထားၿပီး​ေရ​ေပး​ေဝတယ္​။ အိမ္​​ေတြကထြက္​လာတဲ့ ​ေရဆိုး​ေတြထုတ္​ဖို႔အတြက္​လည္​း လမ္​း​ေဘး​ေတြမွာ​ေရဆိုးထုတ္​​ေျမာင္​း​ေတြရိွတယ္​။​

အဲ့​ေျမာင္​း​ေတြကို​ေျမာင္​းဖံုး​ေတြနဲ႔အက်အနဖံုးအုပ္​ထားတယ္​။တၿမဳိ႕လံုးအႏွံ႔ ကြန္ယက္သဖြယ္ရိွေနတဲ႔မိလႅာေျမာင္း ေတြနဲ႔ၿမိဳ႕ျပင္ကိုစနစ္တက် စြန္႔ထုတ္ၾကတယ္။ တကယ္​လို႔ဒီၿမိဳ႕ႀကီးအ​ေၾကာင္​းကို တူး​ေဖာ္​​ေတြ႕ရိွရတဲ့အ​ေထာက္​အထား​ေတြမရိွပဲ စာအုပ္​​ေတြထဲမွာမွတ္​တမ္​းတင္​ထားတာမ်ိဳးကိုသာ ဖတ္​ရမယ္​ဆိုရင္​ဘယ္​သူမွယံုၾကမွာမဟုတ္​ပါဘူး။

လြန္​ခဲ့တဲ့နွစ္​​ေပါင္​း၅၀၀၀​ေလာက္​က မိုဟန္​ဂ်ိဳဒရိုၿမိဳ႕သား​ေတြဟာ အခု​ေခတ္​၂၁ ရာစုၿမိဳ႕ျပအဖြဲ႕အစည္​းထဲက တိုက္​​ေနာက္​​ေဘးအမိူက္​ပစ္​​ေနဆဲ…​ေခ်ာင္​းထဲ​၊ေျမာင္​းထဲမိလႅာစြန္​႔​ေနဆဲ…လမ္​း​ေပၚမွာ ကား​ေရာ ဆိုက္​ကား​ေရာ ႏြား​ေရာ လူ​ေရာ ​ေစ်းသည္​​ေရာ အ​ေရာ​ေရာအ​ေထြး​ေထြးနဲ႔ လမ္​းတခုထြက္​ဖို႔အ​ေရး စိတ္​ပင္​ပမ္​းဆင္​းရဲမူ​ေတြ မတန္​တဆခံ​ေနရတဲ့ ကြ်န္​​ေတာ္​တို႔ထက္​​ေတာင္​ပိုၿပီးၿမိဳ႕ျပဆန္​​ေနပါလားလို႔မထင္​မွတ္​ပဲသိလိုက္​ရ​ေသာအခါ…

(By: Kyawmin Aung)


လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ဝခန့်က အလွန်ခေတ်မီခဲ့သော မြို့ကြီး(သို့) မရဏဘုံသားတို့စံမြန်းရာမြို့ (unicode)

Written By Kyaw Min Aung
လွန်​ခဲ့တဲ့နှစ်​​ပေါင်​း၅၀၀၀​ကျော်​​လောက်​က မိုဟန်​ဂျိုဒရိုဆိုတဲ့မြို့ကြီးတမြို့ အိန္ဒိယအ​နောက်​ပိုင်​း (ယ​နေ့​ခေတ်​ပါကစ္စတန်​နိုင်​ငံအတွင်​း)အိန္ဒူမြစ်​ဝှမ်​းမှာ ရှိခဲ့ဘူးပါတယ်​။ အီဂျစ်​၊မက်​ဆိုပို​တေးမီးယားယဉ်​​ကျေးမူ​တွေနဲ့ ​ခေတ်​ပြိုင်​ဖြစ်​တယ်​။ မိုဟန်​ဂျိုဒရိုဆိုတဲ့နာမည်​ကအခု​ခေတ်​မှ​ပေးထားတဲ့ နာမည်​ဖြစ်​ပြီး “မရဏဘုံသားတို့ရဲ့စံမြန်​းရာ”လို့အဓိပ္ပာယ်​ရပါတယ်​။ ဒီမြို့ကြီးရဲ့မူလနာမည်​ရင်​းကို​တော့ဘယ်​သူမှမသိကြ​တော့ပါဘူး။ ဒီမြို့ကြီးမှာ ဘယ်​လူမျိုး​တွေ​နေသွားကြတယ်​ဆိုတာလည်​းအတိအကျမှန်​းဆလို့မရကြဘူး။

နှစ်​​ပေါင်​း​လေး​ထောင်​နီးပါး​လောက်​စွန်​႔ပစ်​ထားတဲ့ ဒီမြို့ကြီးကို ၁၉၁၉ခုနှစ်​မှာ​အိန္ဒိယ​ရှေး​ဟောင်​းသု​တေသနပညာရှင်​ ဘနာဂျီ ကစတင်​ရှ​ာဖွေ​တွေ့ရှိခဲ့တာဖြစ်​ပြီး​တော့မြို့ကြီးတခုလုံး​ပေါ်လာဖို့ နှစ်​​ပေါင်​း၄၀ကြာတူး​ဖော်​ခဲ့ရတယ်​။ ဒီမြို့​ဟောင်​းကြီးကို တူး​ဖော်​​တွေ့ရှိခဲ့တာဟာ ​ရှေး​ဟောင်​းသု​တေသန​လောကအတွက်​အဖိုးမဖြတ်​နိုင်​တဲ့​တွေ့ရှိချက်​ကြီးတခုလည်​းဖြစ်​ရုံသာမက နှစ်​၅၀၀၀​ကျော်​ကလူ့အဖွဲ့အစည်​းတခုရဲ့ အလွန်​အဆင်​့အတန်​းမြင်​့တဲ့မြို့ပြ​နေထိုင်​မူအ​ကြောင်​းလူသား​တွေသိခွင်​့ရလိုက်​တာလည်​းဖြစ်​ပါတယ်​။

တူး​ဖော်​​တွေ့ရှိရတဲ့ပစ္စည်​း​တွေထဲမှာ စစ်​မက်​​ရေးရာနဲ့ပတ်​သက်​တဲ့အမှတ်​သ​င်္ကေတ၊စစ်​လက်​နက်​ပစ္စည်​းတစုံတ​လေမှမ​တွေ့ရတဲ့အတွက်​ ဒီမြို့ကြီးမှာ​နေထိုင်​ခဲ့သူ​တွေဟာစိတ်​နှလုံးနူးညံ့သိမ်​​မွေ့သူ​တွေ စစ်​ကိုမလိုလားကြပဲငြိမ်​းချမ်​းစွာ​နေလိုသူ​တွေ တွေဖြစ်​မယ်​လို့​ကောက်​ချက်​ချကြပါတယ်​။ ​နောက်​ပြီး​တော့ဘုရင်​၊မင်​းစိုးရာဇာနဲ့ဆက်​နွယ်​တဲ့အရာ​တွေ၊​တော်​ဝင်​အသုံးအ​ဆောင်​ပစ္စည်​း​တွေရှာမ​တွေ့ရတဲ့အတွက်​ဒီမြို့မှာသက်​ဦးဆံပိုင်​ဘုရင်​စနစ်​မရှိခဲ့ပဲ ပြည်​သူက ​ရွေး​ကောက်​တင်​​မြှောက်​တဲ့​ကော်​မတီတရပ်​က အုပ်​ချုပ်​တဲ့ အစိုးရပုံစံမျိုးရှိခဲ့လိမ်​့မယ်​လို့လည်း သုံးသပ်​ကြပါတယ်​။

ဒီမြို့ကြီးဟာ ပျက်​လိုက်​ ပြန်​တည်​လိုက်​နဲ့ တစ်​နေရာတည်​းမှာပဲ အကြိမ်​ကြိမ်​အခါခါ ပြန်​လည်​တည်​​ဆောက်​ထားခဲ့တဲ့လက္ခဏာ​တွေကိုလည်​း​တွေ့ရပါတယ်​။ ဒီလိုအကြိမ်​ကြိမ်​ပြန်​တည်​ရတာ​တွေဟာ အိန္ဒူမြစ်​ဝှမ်​း​ရေလွှမ်​းမိုးမူ​တွေ​ကြောင်​့ဖြစ်​နိုင်​ပါတယ်​။ ဘီစီ ၁၉၀၀​ လောက်​မှာ​တော့ လုံးဝ လူသူ​နေထိုင်​ခြင်​းမရှိ​တော့တဲ့မြို့ပျက်​ကြီးဖြစ်​သွားခဲ့ပြီးလူ​တွေရဲ့အမှတ်​သညာထဲက​ပျောက်​ဆုံးသွားခဲ့တာဟာပြန်​လည်​​တွေ့ရှိတဲ့​ အေဒီ၁၉၁၉ ခုနှစ်​အထိပါပဲ။

ဒီအဆင်​့အတန်​းမြင်​့တဲ့ယဉ်​​ကျေးမူကြီးကိုပျက်​သုဉ်​း​စေခဲ့သူ​တွေက​တော့ ​မြောက်​ပိုင်​းကဝင်​​ရောက်​လာခဲ့တဲ့အာရိယန်​​တွေဖြစ်​လိမ်​့မယ်လို့ယူဆကြပါတယ်​။ ကျွန်​​တော်​အဓိက​ပြောချင်​တဲ့အ​ကြောင်​းက ဒီ​ရှေး​ဟောင်​းမြို့​တော်​ကြီးမှာ အလွန်​​ခေတ်​မီတဲ့ Planning​ကောင်​းတဲ့ မြို့ပြဖွဲ့စည်​းပုံစနစ်​မျိုးရှိခဲ့တဲ့အ​ကြောင်​းပါ။ ပညာရှင်​​တွေရဲ့​လေ့လာ​တွေ့ရှိချက်​​တွေအရ- သမိုင်​းမတိုင်​မီBC2500နဲ့ BC1900အတွင်​း နှစ်​​ပေါင်​း​ခြောက်​ရာ​လောက်​အဓွန်​႔ရှည်​စွာ စည်​ပင်​သာယာဝ​ပြောခဲ့တဲ့ မိုဟန်​ဂျိုဒရိုမြို့ကြီးရဲ့မြို့ပြဖွဲ့စည်​းပုံစနစ်​​တွေဟာ ရင်​သပ်​ရူ​မောမယုံနိုင်​စရာ​ကောင်​း​လောက်​​အောင်​အဆင်​့မြင်​့မား​နေတာ​တွေ့ရပါတယ်​။ ဘယ်​​လောက်​အဆင်​့အတန်​းမြင်​့သလဲဆိုရင်​ အခု​ခေတ်​ မြန်​မာနိုင်​ငံမှာ​တောင်​ ဘယ်​မြို့မှ အဲဒီ​လောက်​ ​ကောင်​းတဲ့မြူ နီစပယ်​စနစ်​မျိုးမရှိ​သေးဘူးလို့​ပြောလို့ရပါတယ်​။

မြန်​မာပြည်​မှာ ဘယ်​မြို့မှလည်​းအဲဒီ​လောက်​စနစ်​ကျတဲ့ town planning မရှိ​သေးဘူး။အဲသ​လောက် မြို့ပြဆန်​တဲ့​အသိရှိသူ​တွေဦး​ဆောင်​ဦးရွက်​ပြု​နေတဲ့ town council မျိုးလည်​းမရှိ​သေးဘူး။ အဲဒီ​ရှေး​ဟောင်​းမြို့ပျက်​​နေရာကြီးမှာ တူး​ဖော်​​တွေ့ရှိတဲ့အ​ဆောက်​အဦ​တွေ ပစ္စည်​း​တွေကို​ပညာရှင်​​တွေ​ လေ့လာချက်​အရ သမိုင်​းမတိုင်​မီ လွန်​ခဲ့တဲ့နှစ်​၅၀၀ဝအလွန်​က ထွန်​းကားခဲ့တဲ့အဲဒီမြို့ကြီးဟာ urban planningနဲ့ အ​သေအချာတည်​​ဆောက်​ထားတာဖြစ်​​ကြောင်​း အံ့အားသင့်ဖွယ်​သိခဲ့ရတယ်​။ နေထိုင်သူလေးသောင်းကျော်ရှိတဲ့မြို့ကြီးမှာ​လေး​ထောင်​့စပ်​စပ်​ ​အိမ်​​တွေက်ိုအုတ်​အင်္ဂ​တေ​တွေနဲ့​ဆောက်​လုပ်​ ထားကြပြီးလမ်​း​တွေကလည်​းကျယ်​ပြန်​႔​ဖြောင်​့ဖြူး ကြတယ်​။မြို့လယ်ကောင်​မှာ​ဈေး​နေရာ​တွေလုပ်​ထားတယ်​။ လူရာ​ပေါင်​းများစွာဆန်​႔တဲ့ညီလာခံခန်​းမလိုမျိုး အများပြည်​သူနဲ့ဆ်ိုင်​တဲ့အ​ဆောက်​အဦ​တွေ မြို့လည်​မှာရှိတယ်​။ အိမ်​တိုင်​းမှာ​ရေချိုးခန်​း​တွေရှိကြတယ်​။​ရေချိုးခန်​း​တွေကို​ကြွေပြား​တွေကပ်​ထားကြတယ်​။​ရေပူ​ရေ​အေးစနစ်​​တွေရှိတယ်​။​ရေပူရဖို့အတွက်​​ရေချိုးခန်​း​အောက်​မှာ​မြေ​အောက်​မီးဖိုကြီး​တွေရှိကြတယ်​။ မြို့လည်​မှာအများသုံး​ရေကူးကန်​ကြီးတခုကိုလည်​း ​တွေ့ရတယ်​။​ရေကူးကန်​ကြီး​ဘေးပတ်​ပတ်​လည်​မှာ အဝတ်​လဲခန်​း​တွေ၊​ရေချိုးခန်​းငယ်​​တွေရှိပြီး​ရေကန်​ကို​ရေဖြည်​့တဲ့စနစ်​နဲ့​ရေထုတ်​တဲ့စနစ်​​တွေလည်​းရှိတယ်​။

အိမ်​​တွေကို​​သောက်​သုံး​ရေ​ပေးဖို့​ရေ​ပေး​ဝေ​ရေးစနစ်​ တွေရှိတယ်​။အဲဒီအတွက်​​ရေတွင်​း​တွေကိုမြို့အနှံ့ တူးထားပြီးတမြို့လုံးကို​စဉ်​့​ေရေတန်​​လျောက်​​တွေနဲ့ သွယ်​တန်​းထားပြီး​ရေ​ပေး​ဝေတယ်​။ အိမ်​​တွေကထွက်​လာတဲ့ ​ရေဆိုး​တွေထုတ်​ဖို့အတွက်​လည်​း လမ်​း​ဘေး​တွေမှာ​ရေဆိုးထုတ်​​မြောင်​း​တွေရှိတယ်​။​အဲ့​မြောင်​း​တွေကို​မြောင်​းဖုံး​တွေနဲ့အကျအနဖုံးအုပ်​ထားတယ်​။တမြို့လုံးအနှံ့ ကွန်ယက်သဖွယ်ရှိနေတဲ့မိလ္လာမြောင်း တွေနဲ့မြို့ပြင်ကိုစနစ်တကျ စွန့်ထုတ်ကြတယ်။ တကယ်​လို့ဒီမြို့ကြီးအ​ကြောင်​းကို တူး​ဖော်​​တွေ့ရှိရတဲ့အ​ထောက်​အထား​တွေမရှိပဲ စာအုပ်​​တွေထဲမှာမှတ်​တမ်​းတင်​ထားတာမျိုးကိုသာ ဖတ်​ရမယ်​ဆိုရင်​ဘယ်​သူမှယုံကြမှာမဟုတ်​ပါဘူး။

လွန်​ခဲ့တဲ့နှစ်​​ပေါင်​း၅၀၀၀​လောက်​က မိုဟန်​ဂျိုဒရိုမြို့သား​တွေဟာ အခု​ခေတ်​၂၁ ရာစုမြို့ပြအဖွဲ့အစည်​းထဲက တိုက်​​နောက်​​ဘေးအမိူက်​ပစ်​​နေဆဲ…​ချောင်​းထဲ​၊မြောင်​းထဲမိလ္လာစွန်​႔​နေဆဲ…လမ်​း​ပေါ်မှာ ကား​ရော ဆိုက်​ကား​ရော နွား​ရော လူ​ရော ​ဈေးသည်​​ရော အ​ရော​ရောအ​ထွေး​ထွေးနဲ့ လမ်​းတခုထွက်​ဖို့အ​ရေး စိတ်​ပင်​ပမ်​းဆင်​းရဲမူ​တွေ မတန်​တဆခံ​နေရတဲ့ ကျွန်​​တော်​တို့ထက်​​တောင်​ပိုပြီးမြို့ပြဆန်​​နေပါလားလို့မထင်​မှတ်​ပဲသိလိုက်​ရ​သောအခါ…

(By: Kyawmin Aung)

One thought on “လြန္ခဲ့ေသာ ႏွစ္ေပါင္း ၅၀၀၀ခန္႔က အလြန္ေခတ္မီခဲ့ေသာ ၿမဳိ႕ႀကီး(သုိ႔) မရဏဘုံသားတုိ႔စံျမန္းရာၿမဳိ႕

Leave a Reply