လူသိနည္းတဲ့ စိတ္၀င္စားဖုိ႔ေကာင္းေသာေနရာေလးမ်ားအေၾကာင္း

Posted on

ၾကယ္ျပာကမ္းေျခ
အမွတ္တမဲ့ၾကည့္မယ္ဆုိရင္ေတာ့ တကယ့္အစစ္လုိ႔ထင္မွာ မဟုတ္ပဲ ပိုတုိေရွာ့ ဒါမွမဟုတ္ ရုပ္ရွင္ထဲကလုိ႔ထင္ၾကမွာျဖစ္ပါတယ္။

ဒါေပမယ့္ ဒီေနရာဟာ ေမာ္လဒုိက္ႏုိင္ငံ ကမ္းေျခမွာ တကယ္ရွိတဲ့ေနရာတစ္ခုပဲ ျဖစ္ပါတယ္။

ဒီလုိကမ္းေျခသဲျပင္ေရစပ္မွာ ၾကယ္ျပာေလးေတြ တလက္လက္ေတာက္ပေနသလုိျဖစ္ေနရျခင္းအေၾကာင္းကေတာ့ အလြန္ေသးငယ္တဲ့ bio-luminescent phytoplankton ေလးေတြေၾကာင့္ပါတဲ့။

ဒီအေျခအေနဟာ အၿမဲတမ္းေတာ့ျဖစ္ေနတာ မဟုတ္ပဲ ကံေကာင္းတဲ့သူေတြဟာ ဒီလုိအေျခအေနနဲ႔ႀကဳံႏုိင္တာျဖစ္ပါတယ္။

ႀကဳံဖူးတဲ့သူေတြကေတာ့ ဒီလုိအခါမ်ဳိး အဲဒီေနရာမွာ လမ္းေလွ်ာက္ရတာဟာ ေမွာ္ဆန္လွၿပီး အလြန္ၾကည္ႏူးဖုိ႔ေကာင္းတယ္လုိ႔ ဆုိၾကပါတယ္။ ကုိယ့္ခ်စ္သူနဲ႔ အတူတူ ဒီေနရာမွာ လမ္းမေလွ်ာက္ခ်င္ဘူးလား 🙂

သရဲသစ္ပင္မ်ား

သရဲတေစၦသစ္ပင္ေတြလုိ႔ တင္စားေခၚေ၀ၚခံရတဲ့သစ္ပင္ေတြကေတာ့ ပါကစၥတန္ Sindh ျပည္နယ္မွာရွိတဲ့သစ္ပင္ေတြျဖစ္ပါတယ္။

ေၾကာက္ဖုိ႔ေကာင္းတဲ့ ပုံသ႑ာန္ေၾကာင့္ သရဲသစ္ပင္ေတြလုိ႔ေခၚေနၾကတာျဖစ္ၿပီး တကယ္တမ္းေတာ့ ဒါေတြဟာ ထူထပ္ႀကီးမားလြန္းတဲ့ပင့္ကူအိမ္ေတြသာျဖစ္ပါတယ္။

အဲဒီေနရာမွာေရႀကီးစဥ္က သိန္းေပါင္းမ်ားစြာေသာ ပင့္ကူေတြဟာ သစ္ပင္ေပၚကုိတက္ကာ ပင့္ကူအိမ္ေတြဖြဲ႔တာေၾကာင့္ အခုလုိသစ္ပင္ေတြျဖစ္သြားရတာပါ။

Lencois Maranhenses ဥယ်ာဥ္နယ္ေျမ

ဒီေနရာကေတာ့ ဘရာဇီးႏုိင္ငံ Maranhãoျပည္နယ္မွာရွိတဲ့ေနရာတစ္ခုျဖစ္ပါတယ္။ သဲေျမထူထပ္တာေၾကာင့္ သဲကႏာၱရတစ္ခုလုိ႔ ထင္ရေပမယ့္ ပုံမွန္သဲကႏာၱရတစ္ခု မဟုတ္ပါဘူး။

ဒီေနရာဟာ မုိးအလြန္မ်ားတဲ့ေနရာတစ္ခုျဖစ္ၿပီး မုိးရြာတဲ့အခါမ်ဳိးမွာ သဲေျမခ်ဳိိင့္ေတြထဲမွာ ႀကီးမားတဲ့ ကန္ေတြသဖြယ္ျဖစ္ေနတတ္ပါတယ္။

ဒီလုိ သဲကႏာၱရထဲမွာ ေရကန္ေတြရွိေနရျခင္းကိုက ဒီေနရာရဲ႕ ထူးျခားခ်က္ျဖစ္ပါတယ္။

ခရီးသြားေတြဟာ အဲဒီေနရာက ေရထဲမွာ ေရကူးရတာကို အလြန္ႏွစ္သက္ၿပီး သဲကုန္းျပင္ေတြ ၊ ၾကည္လင္တဲ့ေရေတြဟာ ေကာင္းကင္နဲ႔ ပနံ႔ရလွပေနတဲ့ေနရာလည္းျဖစ္ပါတယ္။

Tianzi ေတာင္မ်ား

ဒီေနရာကိုေတာ့ တရုတ္သုိင္းကားေတြ နဲ႔ Avatar လုိ ကားေတြထဲမွာ ျမင္ဖူးၾကပါလိမ့္မယ္။

နက္ရႈိင္းတဲ့ေခ်ာက္ေတြနဲ႔ ထူးျခားၿပီး မုိးထိတမွ်ျမင့္မားတဲ့ ေက်ာက္ေဆာင္ႀကီးေတြဟာ ဒီေနရာရဲ႕ အလွျဖစ္ပါတယ္။

တရုတ္ႏုိင္ငံ ဟူနန္ျပည္နယ္မွာတည္ရွိတဲ့ Tianzi ေတာင္ နဲ႔ သစ္ေတာျဖစ္ပါတယ္။

အစကေတာ့ သြားခ်င္ၾကေပမယ့္ ခက္ခဲတာေၾကာင့္ သြားလုိ႔မရတဲ့ေနရာတစ္ခုျဖစ္ခဲ့ၿပီး ယခုအခါမွာေတာ့ ေကဘယ္ကားေတြေပၚေနၿပီျဖစ္တာေၾကာင့္ ရင္သပ္ရႈေမာရတာကိုႀကဳိက္တဲ့ခရီးသြားေတြ သြားေရာက္လည္ပတ္ႏုိင္ၿပီျဖစ္ပါတယ္။

အခ်စ္ဥမင္လႈိဏ္ေခါင္း

ရုိမန္တစ္ဆန္ခ်င္တဲ့သူေတြၾကားမွာေတာ့ Tunnel of Love လုိ႔တင္စားေခၚေ၀ၚတဲ့ဒီေနရာဟာ အလြန္ေရပန္းစားပါတယ္။

ယူကရိန္းႏုိင္ငံ Klevan နယ္ေျမမွာတည္ရွိတဲ့ ဒီေနရာဟာ ၃ကီလုိမီတာ ရွည္လ်ားတဲ့ ရထားလမ္းတ္ခုျဖစ္ၿပီး စိမ္းစိုလန္းဆန္းတဲ့အပင္ေတြေၾကာင့္ အစိမ္းေရာင္ဥမင္တစ္ခု သဖြယ္ျဖစ္ေနရျခင္းပါ။

ဒီအပင္ေတြဟာ ရာသီဥတုအလုိက္အေရာင္ေျပာင္းတတ္ၿပီး တခါတရံ အ၀ါေရာင္ ၊ တခါတရံ အနီေရာင္စသည္ျဖင့္ ေျပာင္းတတ္ပါတယ္။

ဘယ္အေရာင္မွာ ျဖစ္ပါေစ ဒီေနရာရဲ႕ လွပမႈကေတာ့ မေျပာင္းလဲသြားတဲ့ စုံတြဲေတြ အတူတြဲကာလမ္းေလွ်ာက္ခ်င္လွတဲ့ ေနရာတစ္ခုလည္းျဖစ္ပါတယ္။

—————————

လူသိနည်းလှတဲ့ စိတ်ဝင်စားဖို့ကောင်းသောနေရာလေးများအကြောင်း (unicode)

ကြယ်ပြာကမ်းခြေ
အမှတ်တမဲ့ကြည့်မယ်ဆိုရင်တော့ တကယ့်အစစ်လို့ထင်မှာ မဟုတ်ပဲ ပိုတိုရှော့ ဒါမှမဟုတ် ရုပ်ရှင်ထဲကလို့ထင်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာဟာ မော်လဒိုက်နိုင်ငံ ကမ်းခြေမှာ တကယ်ရှိတဲ့နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုကမ်းခြေသဲပြင်ရေစပ်မှာ ကြယ်ပြာလေးတွေ တလက်လက်တောက်ပနေသလိုဖြစ်နေရခြင်းအကြောင်းကတော့ အလွန်သေးငယ်တဲ့ bio-luminescent phytoplankton လေးတွေကြောင့်ပါတဲ့။ ဒီအခြေအနေဟာ အမြဲတမ်းတော့ဖြစ်နေတာ မဟုတ်ပဲ ကံကောင်းတဲ့သူတွေဟာ ဒီလိုအခြေအနေနဲ့ကြုံနိုင်တာဖြစ်ပါတယ်။ ကြုံဖူးတဲ့သူတွေကတော့ ဒီလိုအခါမျိုး အဲဒီနေရာမှာ လမ်းလျှောက်ရတာဟာ မှော်ဆန်လှပြီး အလွန်ကြည်နူးဖို့ကောင်းတယ်လို့ ဆိုကြပါတယ်။ ကိုယ့်ချစ်သူနဲ့ အတူတူ ဒီနေရာမှာ လမ်းမလျှောက်ချင်ဘူးလား 🙂

သရဲသစ်ပင်များ
သရဲတစ္ဆေသစ်ပင်တွေလို့ တင်စားခေါ်ဝေါ်ခံရတဲ့သစ်ပင်တွေကတော့ ပါကစ္စတန် Sindh ပြည်နယ်မှာရှိတဲ့သစ်ပင်တွေဖြစ်ပါတယ်။ ကြောက်ဖို့ကောင်းတဲ့ ပုံသဏ္ဍာန်ကြောင့် သရဲသစ်ပင်တွေလို့ခေါ်နေကြတာဖြစ်ပြီး တကယ်တမ်းတော့ ဒါတွေဟာ ထူထပ်ကြီးမားလွန်းတဲ့ပင့်ကူအိမ်တွေသာဖြစ်ပါတယ်။ အဲဒီနေရာမှာရေကြီးစဉ်က သိန်းပေါင်းများစွာသော ပင့်ကူတွေဟာ သစ်ပင်ပေါ်ကိုတက်ကာ ပင့်ကူအိမ်တွေဖွဲ့တာကြောင့် အခုလိုသစ်ပင်တွေဖြစ်သွားရတာပါ။

Lencois Maranhenses ဥယျာဉ်နယ်မြေ
ဒီနေရာကတော့ ဘရာဇီးနိုင်ငံ Maranhãoျ ပည်နယ်မှာရှိတဲ့နေရာတစ်ခုဖြစ်ပါတယ်။ သဲမြေထူထပ်တာကြောင့် သဲကန္တာရတစ်ခုလို့ ထင်ရပေမယ့် ပုံမှန်သဲကန္တာရတစ်ခု မဟုတ်ပါဘူး။ ဒီနေရာဟာ မိုးအလွန်များတဲ့နေရာတစ်ခုဖြစ်ပြီး မိုးရွာတဲ့အခါမျိုးမှာ သဲမြေချိုင့်တွေထဲမှာ ကြီးမားတဲ့ ကန်တွေသဖွယ်ဖြစ်နေတတ်ပါတယ်။ ဒီလို သဲကန္တာရထဲမှာ ရေကန်တွေရှိနေရခြင်းကိုက ဒီနေရာရဲ့ ထူးခြားချက်ဖြစ်ပါတယ်။ ခရီးသွားတွေဟာ အဲဒီနေရာက ရေထဲမှာ ရေကူးရတာကို အလွန်နှစ်သက်ပြီး သဲကုန်းပြင်တွေ ၊ ကြည်လင်တဲ့ရေတွေဟာ ကောင်းကင်နဲ့ ပနံ့ရလှပနေတဲ့နေရာလည်းဖြစ်ပါတယ်။

Tianzi တောင်များ
ဒီနေရာကိုတော့ တရုတ်သိုင်းကားတွေ နဲ့ Avatar လို ကားတွေထဲမှာ မြင်ဖူးကြပါလိမ့်မယ်။ နက်ရှိုင်းတဲ့ချောက်တွေနဲ့ ထူးခြားပြီး မိုးထိတမျှမြင့်မားတဲ့ ကျောက်ဆောင်ကြီးတွေဟာ ဒီနေရာရဲ့ အလှဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှာတည်ရှိတဲ့ Tianzi တောင် နဲ့ သစ်တောဖြစ်ပါတယ်။ အစကတော့ သွားချင်ကြပေမယ့် ခက်ခဲတာကြောင့် သွားလို့မရတဲ့နေရာတစ်ခုဖြစ်ခဲ့ပြီး ယခုအခါမှာတော့ ကေဘယ်ကားတွေပေါ်နေပြီဖြစ်တာကြောင့် ရင်သပ်ရှုမောရတာကိုကြိုက်တဲ့ခရီးသွားတွေ သွားရောက်လည်ပတ်နိုင်ပြီဖြစ်ပါတယ်။

အချစ်ဥမင်လှိုဏ်ခေါင်း
ရိုမန်တစ်ဆန်ချင်တဲ့သူတွေကြားမှာတော့ Tunnel of Love လို့တင်စားခေါ်ဝေါ်တဲ့ဒီနေရာဟာ အလွန်ရေပန်းစားပါတယ်။ ယူကရိန်းနိုင်ငံ Klevan နယ်မြေမှာတည်ရှိတဲ့ ဒီနေရာဟာ ၃ကီလိုမီတာ ရှည်လျားတဲ့ ရထားလမ်းတ်ခုဖြစ်ပြီး စိမ်းစိုလန်းဆန်းတဲ့အပင်တွေကြောင့် အစိမ်းရောင်ဥမင်တစ်ခု သဖွယ်ဖြစ်နေရခြင်းပါ။ ဒီအပင်တွေဟာ ရာသီဥတုအလိုက်အရောင်ပြောင်းတတ်ပြီး တခါတရံ အဝါရောင် ၊ တခါတရံ အနီရောင်စသည်ဖြင့် ပြောင်းတတ်ပါတယ်။ ဘယ်အရောင်မှာ ဖြစ်ပါစေ ဒီနေရာရဲ့ လှပမှုကတော့ မပြောင်းလဲသွားတဲ့ စုံတွဲတွေ အတူတွဲကာလမ်းလျှောက်ချင်လှတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply