မုိဘုိင္းေငြေခ်မႈစနစ္နဲ႔ အဆင့္မီမီ ေတာင္းလာၾကတဲ့ သူေတာင္းစားမ်ား

Posted on

(ပုိစ့္ေအာက္မွာ ဗီဒီယုိပါရွိပါတယ္)

လက္ရွိအခ်ိန္မွာ နည္းပညာဟာ အလြန္ျမင့္မားလာၿပီျဖစ္ပါတယ္။ ဖုန္းတစ္လုံးတည္းနဲ႔ အရာေတာ္ေတာ္မ်ားမ်ားကို ျပဳလုပ္လုိ႔ရေနၿပီျဖစ္ၿပီး ဒီအထဲမွာ အြန္လုိင္းကေန ပစၥည္းေတြ၀ယ္ယူႏုိင္တာ ၊ ေငြေပးယူမႈေတြျပဳလုပ္ႏုိင္တာလည္း ပါ၀င္ပါတယ္။ ဒီလုိတုိးတက္တဲ့နည္းပညာနဲ႔ အတူလုိက္ပါႏုိင္တဲ့သူေတြကေတာ့ တရုတ္ႏုိင္ငံက သူေတာင္စားေတြျဖစ္ပါတယ္။

သူတုိ႔ဟာ အရင္လုိပုံမွန္္အတုိင္းခြက္တစ္လုံးနဲ႔ ေတာင္းေတာ့တာမဟုတ္ပဲ မုိဘုိင္းစနစ္နဲ႔ေပးလွဴႏုိင္ေအာင္ေတာင္းလာၾကၿပီျဖစ္ပါတယ္။ အဓိကကေတာ့ Shandong ျပည္နယ္ ဂ်ီနင္းၿမဳိ႕ နဲ႔ ေဘဂ်င္းၿမဳိ႕က သူေတာင္းစားေတြျဖစ္ပါတယ္။

သူတုိ႔ရဲ႕ေခတ္မီမီေတာင္းတဲ့ စနစ္က ရုိးရွင္းပါတယ္။ သူတုိ႔ရဲ႕ေရွ႕မွာခြက္တစ္လုံး နဲ႔ အတူ အျဖဴအမည္းျခယ္ထားတဲ့ေလးေထာင့္ကြက္ စာရြက္တစ္ရြက္ကုိပါ ခ်ထားပါတယ္။ အေၾကြရွိတဲ့သူက ပုံမွန္အတုိင္းခြက္ထဲကုိ ထည့္ႏုိင္ၿပီး အေၾကြမရွိတဲ့သူကေတာ့ သူခ်ထားတဲ့ ေလးေထာင့္စာရြက္ကုိ ဖုန္းကေန Scan ဖတ္ရုံနဲ႔ လွဴလုိက္ရုံပါပဲ။ အဲဒီစာရြက္ကေတာ့ အားလုံးသိၾကတဲ့အတုိင္း ဘားကုဒ္(QR code) စာရြက္ျဖစ္ပါတယ္။

လွဴသူရဲ႕ မုိဘုိင္းဖုန္းကေန Scan ဖတ္ၿပီးအတည္ျပဳလုိက္တာနဲ႔ လွဴသူရဲ႕အေကာင့္ထဲက ေငြေတြဟာ သူေတာင္းစားရဲ႕အေကာင့္ထဲကုိ ေျပာင္းလဲေရာက္ရွိသြားမွာ ပဲျဖစ္ပါတယ္။ ဒီ QR Code ကို တရုတ္ႏုိင္ငံရဲ႕ နာမည္ႀကီးေငြေၾကးလုပ္ငန္းေတြျဖစ္တဲ့ Alipay, WeChat Wallet တုိ႔အျပင္ အျခားစနစ္ေတြကလည္း ေပးေခ်ႏုိင္ေအာင္ စီစဥ္ထားတာပဲျဖစ္ပါတယ္။ လုိက္ေတာင္းတဲ့သူေတြရဲ႕လက္ထဲမွာလည္း ဒီ QR code စာရြက္ကေလးကို ျမင္ရမွာျဖစ္ပါတယ္။

အဓိက ပစ္မွတ္ထားတာကေတာ့ လာလည္တဲ့ ခရီးသြားေတြကုိျဖစ္ၿပီး သူတုိ႔မွာေငြမပါေပမယ့္ အြန္လုိင္းအေကာင့္တစ္ခုပါတယ္ဆုိတာကို သူတုိ႔က သိထားၾကလုိ႔ပါ။ ဒီ QR ကုဒ္နဲ႔ေတာင္းတဲ့စနစ္ကို တရား၀င္ ခြင့္ျပဳထားၿပီး QR code တစ္ခုကို တစ္ခါမွာ ၀.၁ေဒၚလာ ကေန ၀.၂၂ေဒၚလာ အထိသာ လွဴဒါန္းႏုိင္မွာျဖစ္ပါတယ္။

ဒါေပမယ့္ တစ္ပတ္ကုိ ၄၅နာရီ ေတာင္းရမ္းတဲ့သူရဲ႕ တစ္လ၀င္ေငြဟာ တရုတ္ယြမ္ေငြ ၅၀၀၀ (ေဒၚလာ ၇၀၀) ၀န္းက်င္ရွိပါတယ္။ ဒါဟာ တရုတ္ႏုိင္ငံက ေအာက္ေျခအလုပ္သမားအမ်ားစုရဲ႕ ၀င္ေငြထက္သာလြန္တဲ့ ၀င္ေငြျဖစ္ပါတယ္။

လာလည္တဲ့ အျခားႏုိင္ငံက ခရီးသြားေတြကေတာ့ ဒီျမင္ကြင္းကုိ အံၾသၾကမွာျဖစ္ပါတယ္။ ဒီလုိျဖစ္ရျခင္းအေၾကာင္းကေတာ့ တရုတ္ႏုိင္ငံဟာ လက္ရွိအခ်ိန္မွာ ေငြစကၠဴမဲ့စနစ္ကုိတျဖည္းျဖည္းမသုံးေတာ့ပဲ မုိဘုိင္းကဒ္စနစ္ ၊ QR code စနစ္ေတြနဲ႔သာ အသုံးျပဳဖုိ႔ႀကဳိးစားလာတဲ့အတြက္ျဖစ္ပါတယ္။

ယခုဆုိရင္ တရုတ္ႏုိင္ငံရဲ႕ လုပ္ငန္းႀကီးငယ္ေတြမွာသာ မက လမ္းေဘးစားေသာက္ဆုိင္ေတြမွာပါ မုိဘုိင္းစနစ္ကို သုံးစြဲလာၾကၿပီျဖစ္ပါတယ္။ လူဦးေရမ်ားျပားလြန္းတဲ့ တရုတ္ႏုိင္ငံရဲ႕ လက္ရွိမုိဘုိင္းေငြေပးေခ်တဲ့ပမာဏ ဟာ ကမာၻ႔ထိပ္တန္းႏုိင္ငံျဖစ္တဲ့ အေမရိကန္ထက္ အဆ ၅၀ ပုိမ်ားတယ္လုိ႔ သိရပါတယ္။

ဒီစနစ္ကုိေတာ့ codeconomy လို႔ေခၚၾကပါတယ္။ တရုတ္ႏုိင္ငံက သူေတာင္းစားေတြရဲ႕ ေခတ္မီမႈေနာက္မွာ အေနာက္ႏုိင္ငံက သူေတာင္းစားေတြကလည္း က်န္မေနခဲ့ပါဘူး။ ၿပီးခဲ့တဲ့ ႏွစ္က သူ႔ကိုယ္သူ Professional သူေတာင္းစားလုိ႔ သတ္မွတ္ထားသူ Damien Preston-Booth က သူ႔ကုိလွဴဒါန္းဖုိ႔အတြက္ မုိဘုိင္းေငြေခ်စနစ္သာ မက ကဒ္နဲ႔ပါ ေပးေခ်ႏုိင္တယ္လုိ႔ ေၾကာ္ျငာခဲ့ဖူးပါတယ္။

VIDEO


မိုဘိုင်းငွေချေမှုစနစ်နဲ့ အဆင့်မီမီ တောင်းလာကြတဲ့ သူတောင်းစားများ (unicode)

လက်ရှိအချိန်မှာ နည်းပညာဟာ အလွန်မြင့်မားလာပြီဖြစ်ပါတယ်။ ဖုန်းတစ်လုံးတည်းနဲ့ အရာတော်တော်များများကို ပြုလုပ်လို့ရနေပြီဖြစ်ပြီး ဒီအထဲမှာ အွန်လိုင်းကနေ ပစ္စည်းတွေဝယ်ယူနိုင်တာ ၊ ငွေပေးယူမှုတွေပြုလုပ်နိုင်တာလည်း ပါဝင်ပါတယ်။ ဒီလိုတိုးတက်တဲ့နည်းပညာနဲ့ အတူလိုက်ပါနိုင်တဲ့သူတွေကတော့ တရုတ်နိုင်ငံက သူတောင်စားတွေဖြစ်ပါတယ်။ သူတို့ဟာ အရင်လိုပုံမှန်အတိုင်းခွက်တစ်လုံးနဲ့ တောင်းတော့တာမဟုတ်ပဲ မိုဘိုင်းစနစ်နဲ့ပေးလှူနိုင်အောင်တောင်းလာကြပြီဖြစ်ပါတယ်။ အဓိကကတော့ Shandong ပြည်နယ် ဂျီနင်းမြို့ နဲ့ ဘေဂျင်းမြို့က သူတောင်းစားတွေဖြစ်ပါတယ်။

သူတို့ရဲ့ခေတ်မီမီတောင်းတဲ့ စနစ်က ရိုးရှင်းပါတယ်။ သူတို့ရဲ့ရှေ့မှာခွက်တစ်လုံး နဲ့ အတူ အဖြူအမည်းခြယ်ထားတဲ့လေးထောင့်ကွက် စာရွက်တစ်ရွက်ကိုပါ ချထားပါတယ်။ အကြွေရှိတဲ့သူက ပုံမှန်အတိုင်းခွက်ထဲကို ထည့်နိုင်ပြီး အကြွေမရှိတဲ့သူကတော့ သူချထားတဲ့ လေးထောင့်စာရွက်ကို ဖုန်းကနေ Scan ဖတ်ရုံနဲ့ လှူလိုက်ရုံပါပဲ။ အဲဒီစာရွက်ကတော့ အားလုံးသိကြတဲ့အတိုင်း ဘားကုဒ်(QR code) စာရွက်ဖြစ်ပါတယ်။ လှူသူရဲ့ မိုဘိုင်းဖုန်းကနေ Scan ဖတ်ပြီးအတည်ပြုလိုက်တာနဲ့ လှူသူရဲ့အကောင့်ထဲက ငွေတွေဟာ သူတောင်းစားရဲ့အကောင့်ထဲကို ပြောင်းလဲရောက်ရှိသွားမှာ ပဲဖြစ်ပါတယ်။ ဒီ QR Code ကို တရုတ်နိုင်ငံရဲ့ နာမည်ကြီးငွေကြေးလုပ်ငန်းတွေဖြစ်တဲ့ Alipay, WeChat Wallet တို့အပြင် အခြားစနစ်တွေကလည်း ပေးချေနိုင်အောင် စီစဉ်ထားတာပဲဖြစ်ပါတယ်။ လိုက်တောင်းတဲ့သူတွေရဲ့လက်ထဲမှာလည်း ဒီ QR code စာရွက်ကလေးကို မြင်ရမှာဖြစ်ပါတယ်။

အဓိက ပစ်မှတ်ထားတာကတော့ လာလည်တဲ့ ခရီးသွားတွေကိုဖြစ်ပြီး သူတို့မှာငွေမပါပေမယ့် အွန်လိုင်းအကောင့်တစ်ခုပါတယ်ဆိုတာကို သူတို့က သိထားကြလို့ပါ။ ဒီ QR ကုဒ်နဲ့တောင်းတဲ့စနစ်ကို တရားဝင် ခွင့်ပြုထားပြီး QR code တစ်ခုကို တစ်ခါမှာ ၀.၁ဒေါ်လာ ကနေ ၀.၂၂ဒေါ်လာ အထိသာ လှူဒါန်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ပတ်ကို ၄၅နာရီ တောင်းရမ်းတဲ့သူရဲ့ တစ်လဝင်ငွေဟာ တရုတ်ယွမ်ငွေ ၅၀၀၀ (ဒေါ်လာ ၇၀၀) ဝန်းကျင်ရှိပါတယ်။ ဒါဟာ တရုတ်နိုင်ငံက အောက်ခြေအလုပ်သမားအများစုရဲ့ ဝင်ငွေထက်သာလွန်တဲ့ ဝင်ငွေဖြစ်ပါတယ်။

လာလည်တဲ့ အခြားနိုင်ငံက ခရီးသွားတွေကတော့ ဒီမြင်ကွင်းကို အံဩကြမှာဖြစ်ပါတယ်။ ဒီလိုဖြစ်ရခြင်းအကြောင်းကတော့ တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ ငွေစက္ကူမဲ့စနစ်ကိုတဖြည်းဖြည်းမသုံးတော့ပဲ မိုဘိုင်းကဒ်စနစ် ၊ QR code စနစ်တွေနဲ့သာ အသုံးပြုဖို့ကြိုးစားလာတဲ့အတွက်ဖြစ်ပါတယ်။ ယခုဆိုရင် တရုတ်နိုင်ငံရဲ့ လုပ်ငန်းကြီးငယ်တွေမှာသာ မက လမ်းဘေးစားသောက်ဆိုင်တွေမှာပါ မိုဘိုင်းစနစ်ကို သုံးစွဲလာကြပြီဖြစ်ပါတယ်။ လူဦးရေများပြားလွန်းတဲ့ တရုတ်နိုင်ငံရဲ့ လက်ရှိမိုဘိုင်းငွေပေးချေတဲ့ပမာဏ ဟာ ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်တဲ့ အမေရိကန်ထက် အဆ ၅၀ ပိုများတယ်လို့ သိရပါတယ်။ ဒီစနစ်ကိုတော့ codeconomy လို့ခေါ်ကြပါတယ်။ တရုတ်နိုင်ငံက သူတောင်းစားတွေရဲ့ ခေတ်မီမှုနောက်မှာ အနောက်နိုင်ငံက သူတောင်းစားတွေကလည်း ကျန်မနေခဲ့ပါဘူး။ ပြီးခဲ့တဲ့ နှစ်က သူ့ကိုယ်သူ Professional သူတောင်းစားလို့ သတ်မှတ်ထားသူ Damien Preston-Booth က သူ့ကိုလှူဒါန်းဖို့အတွက် မိုဘိုင်းငွေချေစနစ်သာ မက ကဒ်နဲ့ပါ ပေးချေနိုင်တယ်လို့ ကြော်ငြာခဲ့ဖူးပါတယ်။

Leave a Reply