အလုပ္ထဲက ေဒါသကုိ ထိန္းခ်ဳပ္ႏုိင္မည့္နည္းလမ္းေလးမ်ား

Posted on

လုပ္ငန္းခြင္

စားဝတ္ေနေရး အတြက္ျဖစ္ျဖစ္ ဘဝအဓိပၸာယ္ ျပည့္စံုမႈအတြက္ ျဖစ္ျဖစ္ အရြယ္ ေရာက္သူတုိင္း အလုပ္ကိုယ္စီ လုပ္ကိုင္ၾကရသည္။ ထို႔ေၾကာင့္ လုပ္ငန္းခြင္သည္ ကြၽန္မတုိ႔၏ ဒုတိယအိမ္သဖြယ္ျဖစ္လာေတာ့ သည္။ လုပ္ငန္းခြင္တြင္ ေန႔စဥ္ ေျပာဆိုဆက္ဆံေနရသည့္ ပတ္ဝန္း က်င္ရွိလူမ်ား၊ လုပ္ေဖာ္ကိုင္ဖက္ မ်ားေၾကာင့္ အနည္းႏွင့္အမ်ားဆုိ သလို စိတ္သေဘာထား မတုိက္ဆုိင္သည့္အခါ စိတ္ဆိုးေဒါသထြက္မိတတ္ၾကသည္။

လုပ္ငန္းခြင္သည္ ေပ်ာ္ရႊင္ဖြယ္အတိျဖစ္ေနေသာေနရာဟု ဘယ္သူမွ အာမမခံ။ သုိ႔ေသာ္ လုပ္ရင္းကိုင္ရင္းပင္ အလုပ္၏အႏွစ္သာရ၊ ေပ်ာ္ရႊင္မႈကို ခံစားၾကရျခင္း ျဖစ္သည္။ အလုပ္လုပ္ရင္းပင္ စိတ္မေက်နပ္မႈ၊ ေဒါသျဖစ္မႈတုိ႔ကိုလည္း ၾကံဳေတြ႕ ခံစားရႏုိင္ပါေသးသည္။ အလုပ္သည္ သင္ေပါက္ကြဲပြင့္ထြက္စရာေနရာမဟုတ္ပါ။ ထုိ႔ေၾကာင့္ လုပ္ငန္းခြင္အတြင္း သင့္ေဒါသမ်ား ထိန္းခ်ဳပ္ႏုိင္မည့္နည္းလမ္းအခ်ဳိ႕ကို ျပန္လည္မွ်ေဝလုိက္ပါသည္။

အေျခအေနကို လက္ခံျခင္း

အေျခတက်ျဖစ္ေနသည့္ လုပ္ငန္းတစ္ခု၏ လည္ပတ္မႈယႏၲရားကုိ သင္မႀကိဳက္ လုိ႔ ျပဳျပင္ေျပာင္းလဲမည္ဟုေတြးရင္း ေဒါသျဖစ္ေနပါက ယင္းအေတြးမ်ားကို ရပ္တန္႔ လုိက္ပါ။ အျဖစ္သင့္ဆံုးက သင့္အေနျဖင့္ လက္ရွိအေနအထားကို အေကာင္းဆံုး ဟု လက္ခံလုိက္ျခင္းပင္။ အဆိုးဆံုးအေျခအေနမ်ားထဲမွ အေကာင္းဆံုးလုပ္ကိုင္ ႏုိင္မည့္နည္းလမ္းမ်ားကုိသာ ရွာေဖြပါ။ အကယ္၍လုပ္ငန္း၏ လက္ရွိအေနအထား ကုိ လက္မခံႏုိင္လွ်င္ အလုပ္မွထြက္လိုက္ပါ။

အေကာင္းျမင္စိတ္ေမြးပါ

အလုပ္ႏွင့္ပတ္သက္ၿပီး မေကာင္းျမင္တတ္ေသာ အေတြးအျမင္မ်ားကို ရပ္တန္႔ၿပီး ယင္းအစား အေကာင္းျမင္စိတ္ကို ေမြးျမဴေပးပါ။ စကားတစ္ခု ရွိပါ သည္။ ‘သင္ၾကံဳေတြ႕ေနရေသာ အရာမ်ားသည္ အဆိုးဆံုးမဟုတ္ေသးပါ’။ မွန္သည္။ မုန္တိုင္းေတြထန္ၿပီးလွ်င္ ေနျခည္ျဖာမည့္အခ်ိန္ မၾကာခင္ေရာက္ေတာ့မည္ဆုိသည္ ကို သတိရပါ။

ပုဂၢိဳလ္ေရးအေလးေပးစဥ္းစားမႈကို ေလွ်ာ့ခ်ပါ

အလုပ္တြင္ အျခားလူတစ္ဦးက ကိစၥတစ္ခုကို သင့္ထက္အရင္ၿပီးစီးေအာင္ ေဆာင္ရြက္ႏုိင္မႈမ်ား ရွိေကာင္းရွိႏုိင္ပါလိမ့္မယ္။ ဒါသည္ သင္၏ည့ံဖ်င္းမႈဟုဆုိတာ ကိုယ့္ကိုယ္ကုိယ္ အျပစ္သားသဖြယ္ မစဥ္းစားသင့္ေပ။ လူတစ္ဦးခ်င္းစီတုိင္းတြင္ အားသာ ခ်က္မ်ားရွိၿပီး အဆုိပါအားသာခ်က္မ်ားကို ေကာင္းေကာင္းအသံုးခ်တတ္ရန္ သာ လုိအပ္သည္။

အလုပ္ကို ခ်ည္းပဲဦးစားမေပးပါႏွင့္

အလုပ္ကို အေကာင္းဆံုးလုပ္ပါ။ မိမိတြင္ရွိသမွ် အရည္အေသြးမ်ားကို အသံုးခ်ပါ။ သုိ႔ေသာ္ ဘဝ၏အစိတ္အပိုင္းအေတာ္မ်ားမ်ားတြင္ အလုပ္ကုိ ဦးစား မေပးပါႏွင့္။ အလုပ္တြင္ ကုန္ဆံုးရမည့္အခ်ိန္၊ အသံုးျပဳရမည့္စြမ္းအင္တုိ႔ကို ေသခ်ာသတ္မွတ္ပါ။ သင္ခ်စ္ခင္ျမတ္ႏိုးရေသာ မိသားစုဝင္မ်ား၊ မိတ္ေဆြမ်ား လည္း အေရးႀကီးသည္ကို သတိရပါ။ သူတို႔ႏွင့္အခ်ိန္ကုန္ဆံုးျခင္းသည္ လုပ္ငန္းခြင္ ဖိအားမ်ားကို ေျပေလ်ာ့ေစၿပီး ေပ်ာ္ရႊင္မႈကိုျဖစ္ေစသည္။

Via : The Union Daily


အလုပ်ထဲက ဒေါသကို ထိန်းချုပ်နိုင်မည့်နည်းလမ်းများ (unicode)

လုပ်ငန်းခွင်။ စားဝတ်နေရေး အတွက်ဖြစ်ဖြစ် ဘဝအဓိပ္ပာယ် ပြည့်စုံမှုအတွက် ဖြစ်ဖြစ် အရွယ် ရောက်သူတိုင်း အလုပ်ကိုယ်စီ လုပ်ကိုင်ကြရသည်။ ထို့ကြောင့် လုပ်ငန်းခွင်သည် ကျွန်မတို့၏ ဒုတိယအိမ်သဖွယ်ဖြစ်လာတော့ သည်။ လုပ်ငန်းခွင်တွင် နေ့စဉ် ပြောဆိုဆက်ဆံနေရသည့် ပတ်ဝန်း ကျင်ရှိလူများ၊ လုပ်ဖော်ကိုင်ဖက် များကြောင့် အနည်းနှင့်အများဆို သလို စိတ်သဘောထား မတိုက်ဆိုင်သည့်အခါ စိတ်ဆိုးဒေါသထွက်မိတတ်ကြသည်။
လုပ်ငန်းခွင်သည် ပျော်ရွှင်ဖွယ်အတိဖြစ်နေသောနေရာဟု ဘယ်သူမှ အာမမခံ။ သို့သော် လုပ်ရင်းကိုင်ရင်းပင် အလုပ်၏အနှစ်သာရ၊ ပျော်ရွှင်မှုကို ခံစားကြရခြင်း ဖြစ်သည်။ အလုပ်လုပ်ရင်းပင် စိတ်မကျေနပ်မှု၊ ဒေါသဖြစ်မှုတို့ကိုလည်း ကြုံတွေ့ ခံစားရနိုင်ပါသေးသည်။ အလုပ်သည် သင်ပေါက်ကွဲပွင့်ထွက်စရာနေရာမဟုတ်ပါ။ ထို့ကြောင့် လုပ်ငန်းခွင်အတွင်း သင့်ဒေါသများ ထိန်းချုပ်နိုင်မည့်နည်းလမ်းအချို့ကို ပြန်လည်မျှဝေလိုက်ပါသည်။

အခြေအနေကို လက်ခံခြင်း
အခြေတကျဖြစ်နေသည့် လုပ်ငန်းတစ်ခု၏ လည်ပတ်မှုယန္တရားကို သင်မကြိုက် လို့ ပြုပြင်ပြောင်းလဲမည်ဟုတွေးရင်း ဒေါသဖြစ်နေပါက ယင်းအတွေးများကို ရပ်တန့် လိုက်ပါ။ အဖြစ်သင့်ဆုံးက သင့်အနေဖြင့် လက်ရှိအနေအထားကို အကောင်းဆုံး ဟု လက်ခံလိုက်ခြင်းပင်။ အဆိုးဆုံးအခြေအနေများထဲမှ အကောင်းဆုံးလုပ်ကိုင် နိုင်မည့်နည်းလမ်းများကိုသာ ရှာဖွေပါ။ အကယ်၍လုပ်ငန်း၏ လက်ရှိအနေအထား ကို လက်မခံနိုင်လျှင် အလုပ်မှထွက်လိုက်ပါ။

အကောင်းမြင်စိတ်မွေးပါ
အလုပ်နှင့်ပတ်သက်ပြီး မကောင်းမြင်တတ်သော အတွေးအမြင်များကို ရပ်တန့်ပြီး ယင်းအစား အကောင်းမြင်စိတ်ကို မွေးမြူပေးပါ။ စကားတစ်ခု ရှိပါ သည်။ ‘သင်ကြုံတွေ့နေရသော အရာများသည် အဆိုးဆုံးမဟုတ်သေးပါ’။ မှန်သည်။ မုန်တိုင်းတွေထန်ပြီးလျှင် နေခြည်ဖြာမည့်အချိန် မကြာခင်ရောက်တော့မည်ဆိုသည် ကို သတိရပါ။

ပုဂ္ဂိုလ်ရေးအလေးပေးစဉ်းစားမှုကို လျှော့ချပါ
အလုပ်တွင် အခြားလူတစ်ဦးက ကိစ္စတစ်ခုကို သင့်ထက်အရင်ပြီးစီးအောင် ဆောင်ရွက်နိုင်မှုများ ရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဒါသည် သင်၏ညံ့ဖျင်းမှုဟုဆိုတာ ကိုယ့်ကိုယ်ကိုယ် အပြစ်သားသဖွယ် မစဉ်းစားသင့်ပေ။ လူတစ်ဦးချင်းစီတိုင်းတွင် အားသာ ချက်များရှိပြီး အဆိုပါအားသာချက်များကို ကောင်းကောင်းအသုံးချတတ်ရန် သာ လိုအပ်သည်။

အလုပ်ကို ချည်းပဲဦးစားမပေးပါနှင့်
အလုပ်ကို အကောင်းဆုံးလုပ်ပါ။ မိမိတွင်ရှိသမျှ အရည်အသွေးများကို အသုံးချပါ။ သို့သော် ဘဝ၏အစိတ်အပိုင်းအတော်များများတွင် အလုပ်ကို ဦးစား မပေးပါနှင့်။ အလုပ်တွင် ကုန်ဆုံးရမည့်အချိန်၊ အသုံးပြုရမည့်စွမ်းအင်တို့ကို သေချာသတ်မှတ်ပါ။ သင်ချစ်ခင်မြတ်နိုးရသော မိသားစုဝင်များ၊ မိတ်ဆွေများ လည်း အရေးကြီးသည်ကို သတိရပါ။ သူတို့နှင့်အချိန်ကုန်ဆုံးခြင်းသည် လုပ်ငန်းခွင် ဖိအားများကို ပြေလျော့စေပြီး ပျော်ရွှင်မှုကိုဖြစ်စေသည်။

Via : The Union Daily

Leave a Reply