ဟယ္လင္ကဲလ္လာ လို႔ ျဖစ္လာေစခဲ့တဲ့ အဓိကအေၾကာင္းအရင္း (သုိ႔) ဆရာမ Annie Sullavan Macy

Posted on

စုစည္းတင္ျပသူ – Win Pa Pa San

အခု မိတ္ေဆြဖတ္ေနတဲ့စာေတြကို ျမင္လည္းမျမင္ရ၊ ဖတ္ျပရင္လည္းမၾကားရပဲ စကားလည္းေျပာႏိုင္မယ္၊ စာလည္းဖတ္တတ္မယ္၊ မိတ္ေဆြအေပါင္းအသင္းေတြနဲ႕လည္း ေပ်ာ္ေပ်ာ္ပါးပါးေဆြးေႏြးေျပာဆိုႏိုင္မယ္။ ေကာလိပ္တက္ျပီး စာအုပ္ေပါင္း ၁၀ အုပ္ေက်ာ္ေရးမယ္၊ ကမၻာပတ္ျပီး အေမရိကန္သမၼတနဲ႕လည္းေတြ႕ဆံုႏိုင္မယ္။ စိတ္ခ်မ္းေျမ႕ေပ်ာ္ရႊင္စြာနဲ႕ အသက္ ၈၇ ထိေနသြားမယ္။ သိပ္ကို အံ့ၾသစရာေကာင္းတယ္မဟုတ္လား။ အဲဒီပုဂၢိဳလ္ရဲ႕ အမည္က Helen Keller ပါ။ သူမကို ဒီလိုျဖစ္လာေအာင္ ျပဳျပင္ေျမေတာင္ေျမွာက္ေပးသူကေတာ့ သူမရဲ႕ ဆရာမ Anne Sullivan ပါ။ Anne Sullivan သာ မရွိခဲ့ရင္ Helen ဆိုတာလည္း ရွိမလာႏိုင္ပါဘူး။ နားမၾကား မ်က္စိလည္းမျမင္လို႕ စကားလည္း ေျပာဖုိ႕ မသင္ယူႏိုင္တဲ့ Helen ဆိုတဲ့ကေလးမေလး ကို ေသြးသားရင္းလို ၾကင္နာေဖးမပ်ိဳးေထာင္ေပးခဲ့တဲ့ Anne ရဲ႕ အေၾကာင္းကို ေရးသားေဖာ္ျပေပး လိုက္ပါတယ္။

Annie ကို ၁၈၆၆ ခုႏွစ္ ဧျပီ ၄ရက္ေန႔ Massachusetts ျပည္နယ္ Feeding Hillsမွာ ေမြးဖြားခဲ့ပါတယ္။ သူမရဲ႕ မိဘေတြျဖစ္တဲ့ Thomas Sullivan နဲ႕ Alice Cloesy Sullivan တို႕ဟာ ဆင္းရဲႏြမ္းပါးျပီး ပညာလည္းမတတ္ၾကပါဘူး။ အေမဟာ တီဘီေရာဂါသည္ျဖစ္ျပီး အေဖက အရက္သမားတစ္ေယာက္ပါ။ သူမဘ၀ရဲ႕ အစဦးအခ်ိန္ေတြမွာ သူမဟာ ဘာဆိုဘာမွ မသင္ယူခဲ့ရပါဘူး။ ေက်ာင္းမေနခဲ့ရတဲ့ အျပင္ ေဒါသလည္းအရမ္းကိုၾကီးတဲ့ ကေလးတစ္ေယာက္ပါ။ ၇ ႏွစ္အရြယ္မွာ မ်က္ခမ္းစပ္ေရာဂါ ျဖစ္တာကို မကုသခဲ့ရတာေၾကာင့္ မ်က္စိကန္းမတတ္ျဖစ္ခဲ့ရပါတယ္။ ၈ ႏွစ္အရြယ္မွာ အေမဆံုးသြားျပီး ရက္စက္တတ္တဲ့ အေဖနဲ႕ေနခဲ့ရပါတယ္။ ၂ ႏွစ္အၾကာမွာေတာ့ သူမရဲ႕အေဖဟာ အိမ္က ထြက္သြားပါတယ္။

၁၈၇၆ ေဖေဖၚ၀ါရီ ၂၂ မွာ Anne နဲ႕ သူမရဲ႕ေမာင္ေလး Jimmie တို႕ဟာ Massachusetts ျပည္နယ္ Tewksbury မွ လူအို႐ံုသို႕ပို႕ခံခဲ့ရျပီး ေမာင္ေလးဟာ တင္ပါးအက်ိတ္ေရာင္ေရာဂါနဲ႕ မၾကာခင္မွာပဲ ေသဆံုးသြားခဲ့ပါတယ္။ ေမာင္ေလးကို လြမ္းဆြတ္တဲ့စိတ္နဲ႕ မ်က္လံုးခြဲစိတ္မႈ မေအာင္ျမင္ျခင္းကို စိတ္ပ်က္ေၾကကြဲစိတ္နဲ႕ ညိႈးခ်ံဳးစြာ ၄ ႏွစ္ၾကာေတြေ၀ေနခဲ့ပါတယ္။ အဲဒီေနာက္မွာ သူမဟာ စာသင္ခြင့္ရဖို႕ ႐ံုးကို တိုက္႐ိုက္ေလ်ွာက္ထားခဲ့ျပီး မၾကာခင္မွာပဲ Massachusetts ျပည္နယ္ Boston ျမိဳ႕မွ Perkins မ်က္မျမင္ေက်ာင္းမွာ စာသင္ခြင့္ရရွိခဲ့ပါတယ္။

သူမရဲ႕ အသက္ ၁၄ႏွစ္အရြယ္ ၁၈၈၀ ေအာက္တိုဘာလမွာ ေက်ာင္းပညာကို စတင္သင္ယူခြင့္ ရခဲ့ျပီးေနာက္ မၾကာခင္မွာပဲ အလြန္လ်င္ျမန္စြာ တတ္ေျမာက္ခဲ့ပါတယ္။ မ်က္မျမင္အကၡရာေတြ သာမက ပံုမွန္အကၡရာေတြကို ပါသင္ယူႏိုင္ခဲ့့ျပီး နားမၾကားသူ၊ မ်က္မျမင္သူေတြနဲ႕ ဆက္သြယ္ မိတ္ဖြဲ႕နည္းေတြကို တတ္ေျမာက္ႏိုင္ခဲ့ပါတယ္။ အဲဒီပညာေတြနဲ႕ပဲ သူမရဲ႕အနာဂတ္ေအာင္ျမင္မႈ ေတြကို တည္ေဆာက္ႏိုင္ခဲ့တာပါ။

ကံေကာင္းျခင္းေတြ စတင္ရရွိလာတဲ့ Anne ဟာ မ်က္လံုးခြဲစိပ္မႈ ကိုလည္း ေအာင္ျမင္ခဲ့ပါတယ္။ ၁၈၈၆ ခုႏွစ္မွာ ေက်ာင္းျပီးခဲ့ျပီး ေက်ာင္းဆင္းပြဲအမွတ္တရ စကား ေျပာၾကားသူအျဖစ္ ေဆာင္ရြက္ခဲ့ရပါတယ္။ ေက်ာင္းျပီးလို႕ သိပ္မၾကာခင္မွာပဲ Hellen Keller ရဲ႕ ဆရာမအျဖစ္ ကမ္းလွမ္းခ်က္ကို လက္ခံခဲ့ပါတယ္။ Anne ၂၂ ႏွစ္အရြယ္ ၁၈၈၇ ခုႏွစ္မွာ Helen Keller ရဲ႕ တသက္တာဆရာမအျဖစ္ လုပ္ေဆာင္ဖို႕ ဆံုးျဖတ္လိုက္ပါတယ္။ Anne ဟာ ေဒါသတၾကီးနဲ႕ ပုန္ကန္တတ္တဲ့ကေလးျဖစ္တဲ့ Helen ကို ခဏတာအတြင္းမွာပဲ စည္း႐ံုးႏုိင္ခဲ့ျပီး Helen ရဲ႕ယံုၾကည္အားကိုးမႈကို ရရွိခဲ့ပါတယ္။ Helen ကို ၁၃ ႏွစ္ၾကာစာသင္ၾကားေပးခဲ့ျပီး ၁၉၀၀ ျပည့္ႏွစ္မွာ Helen ဟာ Radcliffe ေကာလိပ္မွာေက်ာင္းတက္ဖို႕အတြက္ Helen နဲ႕အတူ Cambridge သို႕သြားခဲ့ပါတယ္။ Anne ဟာ Helen တက္တဲ့အတန္းတိုင္းကို လိုက္တက္ျပီး သင္ခန္းစာတိုင္းကို Hellen လက္ဖ၀ါးေပၚ ေရးျပျပီး သင္ယူေစခဲ့ပါတယ္။ Hellen ၀ိဇၨာဘြဲ႕ရတဲ့အခါ ဆရာတပည့္ နွစ္ဦးလံုးအတိုင္းမသိ ေပ်ာ္ရႊင္ခဲ့ၾကပါတယ္။ Annie အေနနဲ႕ ေက်ာင္းအပ္စရာမလိုပဲ ေကာလိပ္ပညာသင္ခဲ့ရပါတယ္။

Radcliffe မွာ ေနခဲ့တဲ့ႏွစ္ေတြအတြင္း Anne ဟာ John Albert Macy နဲ႕ ခင္မင္ခဲ့့ျပီး Helen ရဲ႕ အတၳဳပၸတၱိကို ကူညီတည္းျဖတ္ေပးခဲ့ပါတယ္။ Anne နဲ႕ John တို႕ဟာ ခ်စ္ၾကိဳက္သြားၾကျပီး Anne အသက္ ၃၉ႏွစ္အရြယ္ ၁၉၀၅ ခုႏွစ္မွာ လက္ထပ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ၁၉၁၄ မွာလမ္းခြဲခဲ့ၾကျပီး တရား၀င္ကြာရွင္းျခင္းေတာ့ မရွိခဲ့ပါဘူး။ Anne ဟာ Massachusetts ျပည္နယ္ Wrentham မွာ ေတာ္ေတာ္ၾကာေနခဲ့ျပီးမွ Helen နဲ႕ Polly Thomson တို႕ေနတဲ့ Forest Hills ကိုေျပာင္းလာခဲ့ပါတယ္။ Polly ဟာ Helen ရဲ႕အတြင္းေရးမွဴးျဖစ္ျပီး သူတို႕ သံုးဦးဟာ တတြဲတြဲေနထိုင္ခဲ့ၾကပါတယ္။ ၁၉၁၆ ခုႏွစ္ Anne အသက္ ၅၀ အရြယ္မွာ က်န္းမာေရးခ်ိဳ႕ယြင္းလာခဲ့ပါတယ္။ တီဘီေရာဂါလို႕ မွားယြင္းယူဆခံရျပီး Placid ကန္ရွိတဲ့ေဒသကို အပန္းေျဖအနားယူဖို႕ သြားရန္ဆရာ၀န္က ညႊန္ၾကားခဲ့တဲ့အတြက္ အမ်ိဳးသမီး သံုးေယာက္လံုး အတူသြားေရာက္ခဲ့ၾကျပီး ပထမကမၻာစစ္စတင္လာတဲ့အခါက်မွ Forest Hills ကိုျပန္လည္၀င္ေရာက္ခဲ့ၾကပါတယ္။

Anne ဟာ မက်န္းမာတဲ့ၾကားက Helen ၊ Polly တို႕နဲ႕ အေဖာ္ျပဳျပီး အေမရိကန္ျပည္ေထာင္စု တစ္ခြင္ လွည့္လည္ကာ ေဟာေျပာပြဲမ်ား၊ သင္ၾကားပို႔ခ်မႈမ်ား ျပဳလုပ္ခဲ့ၾကျပီး “Deliverance” လို႕အမည္ရတဲ့ ႐ုပ္ရွင္တစ္ကားမွာလည္း ပါ၀င္႐ိုက္ကူးခဲ့ၾကပါတယ္။ ၁၉၂၄ ခုႏွစ္မွစတင္ျပီး အေမရိကန္မ်က္မျမင္အသင္း (American Foundation for the Blind) မွာ အၾကံေပးပုဂၢိဳလ္၊ ေရွ႕ေန၊ ရံပံုေငြစုေဆာင္းေရးတာ၀န္ခံမ်ား အေနနဲ႕ ေဆာင္ရြက္ခဲ့ၾကပါတယ္။

၁၉၃၀- ၃၁ မွာ Philadephia တကၠသိုလ္မွ Anne နဲ႕ Helen တို႕ရဲ႕ လုပ္ေဆာင္ခ်က္မ်ားကို ဂုဏ္ျပဳတဲ့အေနနဲ႕ ဘြဲ႕မ်ား ခ်ီးျမွင့္တဲ့အခါ Helen က လက္ခံခဲ့ေပမဲ့ Anne က ျငင္းခဲ့ပါတယ္။ တစ္ႏွစ္ခန္႕အၾကာမွာေတာ့ Helen နဲ႕တျခားမိတ္ေဆြမ်ားရဲ႕ တိုက္တြန္းမႈေၾကာင့္ ဘြဲ႕ကို လက္ခံခဲ့ပါတယ္။ ၁၉၃၆ ခုႏွစ္ ေအာက္တိုဘာ ၂၀ ရက္ေန႔ Anne အသက္ ၇၀ အရြယ္မွာ New York မွ Forest Hills မွာ ကြယ္လြန္သြားခဲ့ပါတယ္။

VIDEO

Win Pa Pa San


ဟယ်လင်ကဲလ်လာ လို့ ဖြစ်လာစေခဲ့တဲ့ အဓိကအကြောင်းအရင်း (သို့) ဆရာမ Annie Sullavan Macy (unicode)

စုစည်းတင်ပြသူ – Win Pa Pa San

အခု မိတ်ဆွေဖတ်နေတဲ့စာတွေကို မြင်လည်းမမြင်ရ၊ ဖတ်ပြရင်လည်းမကြားရပဲ စကားလည်းပြောနိုင်မယ်၊ စာလည်းဖတ်တတ်မယ်၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်ပါးပါးဆွေးနွေးပြောဆိုနိုင်မယ်။ ကောလိပ်တက်ပြီး စာအုပ်ပေါင်း ၁၀ အုပ်ကျော်ရေးမယ်၊ ကမ္ဘာပတ်ပြီး အမေရိကန်သမ္မတနဲ့လည်းတွေ့ဆုံနိုင်မယ်။ စိတ်ချမ်းမြေ့ပျော်ရွှင်စွာနဲ့ အသက် ၈၇ ထိနေသွားမယ်။ သိပ်ကို အံ့ဩစရာကောင်းတယ်မဟုတ်လား။ အဲဒီပုဂ္ဂိုလ်ရဲ့ အမည်က Helen Keller ပါ။ သူမကို ဒီလိုဖြစ်လာအောင် ပြုပြင်မြေတောင်မြှောက်ပေးသူကတော့ သူမရဲ့ ဆရာမ Anne Sullivan ပါ။ Anne Sullivan သာ မရှိခဲ့ရင် Helen ဆိုတာလည်း ရှိမလာနိုင်ပါဘူး။ နားမကြား မျက်စိလည်းမမြင်လို့ စကားလည်း ပြောဖို့ မသင်ယူနိုင်တဲ့ Helen ဆိုတဲ့ကလေးမလေး ကို သွေးသားရင်းလို ကြင်နာဖေးမပျိုးထောင်ပေးခဲ့တဲ့ Anne ရဲ့ အကြောင်းကို ရေးသားဖော်ပြပေး လိုက်ပါတယ်။

Annie ကို ၁၈၆၆ ခုနှစ် ဧပြီ ၄ရက်နေ့ Massachusetts ပြည်နယ် Feeding Hillsမှာ မွေးဖွားခဲ့ပါတယ်။ သူမရဲ့ မိဘတွေဖြစ်တဲ့ Thomas Sullivan နဲ့ Alice Cloesy Sullivan တို့ဟာ ဆင်းရဲနွမ်းပါးပြီး ပညာလည်းမတတ်ကြပါဘူး။ အမေဟာ တီဘီရောဂါသည်ဖြစ်ပြီး အဖေက အရက်သမားတစ်ယောက်ပါ။ သူမဘဝရဲ့ အစဦးအချိန်တွေမှာ သူမဟာ ဘာဆိုဘာမှ မသင်ယူခဲ့ရပါဘူး။ ကျောင်းမနေခဲ့ရတဲ့ အပြင် ဒေါသလည်းအရမ်းကိုကြီးတဲ့ ကလေးတစ်ယောက်ပါ။ ၇ နှစ်အရွယ်မှာ မျက်ခမ်းစပ်ရောဂါ ဖြစ်တာကို မကုသခဲ့ရတာကြောင့် မျက်စိကန်းမတတ်ဖြစ်ခဲ့ရပါတယ်။ ၈ နှစ်အရွယ်မှာ အမေဆုံးသွားပြီး ရက်စက်တတ်တဲ့ အဖေနဲ့နေခဲ့ရပါတယ်။ ၂ နှစ်အကြာမှာတော့ သူမရဲ့အဖေဟာ အိမ်က ထွက်သွားပါတယ်။

၁၈၇၆ ဖေဖေါ်ဝါရီ ၂၂ မှာ Anne နဲ့ သူမရဲ့မောင်လေး Jimmie တို့ဟာ Massachusetts ပြည်နယ် Tewksbury မှ လူအိုရုံသို့ပို့ခံခဲ့ရပြီး မောင်လေးဟာ တင်ပါးအကျိတ်ရောင်ရောဂါနဲ့ မကြာခင်မှာပဲ သေဆုံးသွားခဲ့ပါတယ်။ မောင်လေးကို လွမ်းဆွတ်တဲ့စိတ်နဲ့ မျက်လုံးခွဲစိတ်မှု မအောင်မြင်ခြင်းကို စိတ်ပျက်ကြေကွဲစိတ်နဲ့ ညှိုးချုံးစွာ ၄ နှစ်ကြာတွေဝေနေခဲ့ပါတယ်။ အဲဒီနောက်မှာ သူမဟာ စာသင်ခွင့်ရဖို့ ရုံးကို တိုက်ရိုက်လျှောက်ထားခဲ့ပြီး မကြာခင်မှာပဲ Massachusetts ပြည်နယ် Boston မြို့မှ Perkins မျက်မမြင်ကျောင်းမှာ စာသင်ခွင့်ရရှိခဲ့ပါတယ်။
သူမရဲ့ အသက် ၁၄နှစ်အရွယ် ၁၈၈၀ အောက်တိုဘာလမှာ ကျောင်းပညာကို စတင်သင်ယူခွင့် ရခဲ့ပြီးနောက် မကြာခင်မှာပဲ အလွန်လျင်မြန်စွာ တတ်မြောက်ခဲ့ပါတယ်။ မျက်မမြင်အက္ခရာတွေ သာမက ပုံမှန်အက္ခရာတွေကို ပါသင်ယူနိုင်ခဲ့ပြီး နားမကြားသူ၊ မျက်မမြင်သူတွေနဲ့ ဆက်သွယ် မိတ်ဖွဲ့နည်းတွေကို တတ်မြောက်နိုင်ခဲ့ပါတယ်။ အဲဒီပညာတွေနဲ့ပဲ သူမရဲ့အနာဂတ်အောင်မြင်မှု တွေကို တည်ဆောက်နိုင်ခဲ့တာပါ။

ကံကောင်းခြင်းတွေ စတင်ရရှိလာတဲ့ Anne ဟာ မျက်လုံးခွဲစိပ်မှု ကိုလည်း အောင်မြင်ခဲ့ပါတယ်။ ၁၈၈၆ ခုနှစ်မှာ ကျောင်းပြီးခဲ့ပြီး ကျောင်းဆင်းပွဲအမှတ်တရ စကား ပြောကြားသူအဖြစ် ဆောင်ရွက်ခဲ့ရပါတယ်။ ကျောင်းပြီးလို့ သိပ်မကြာခင်မှာပဲ Hellen Keller ရဲ့ ဆရာမအဖြစ် ကမ်းလှမ်းချက်ကို လက်ခံခဲ့ပါတယ်။ Anne ၂၂ နှစ်အရွယ် ၁၈၈၇ ခုနှစ်မှာ Helen Keller ရဲ့ တသက်တာဆရာမအဖြစ် လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Anne ဟာ ဒေါသတကြီးနဲ့ ပုန်ကန်တတ်တဲ့ကလေးဖြစ်တဲ့ Helen ကို ခဏတာအတွင်းမှာပဲ စည်းရုံးနိုင်ခဲ့ပြီး Helen ရဲ့ယုံကြည်အားကိုးမှုကို ရရှိခဲ့ပါတယ်။ Helen ကို ၁၃ နှစ်ကြာစာသင်ကြားပေးခဲ့ပြီး ၁၉၀၀ ပြည့်နှစ်မှာ Helen ဟာ Radcliffe ကောလိပ်မှာကျောင်းတက်ဖို့အတွက် Helen နဲ့အတူ Cambridge သို့သွားခဲ့ပါတယ်။ Anne ဟာ Helen တက်တဲ့အတန်းတိုင်းကို လိုက်တက်ပြီး သင်ခန်းစာတိုင်းကို Hellen လက်ဖဝါးပေါ် ရေးပြပြီး သင်ယူစေခဲ့ပါတယ်။ Hellen ဝိဇ္ဇာဘွဲ့ရတဲ့အခါ ဆရာတပည့် နှစ်ဦးလုံးအတိုင်းမသိ ပျော်ရွှင်ခဲ့ကြပါတယ်။ Annie အနေနဲ့ ကျောင်းအပ်စရာမလိုပဲ ကောလိပ်ပညာသင်ခဲ့ရပါတယ်။

Radcliffe မှာ နေခဲ့တဲ့နှစ်တွေအတွင်း Anne ဟာ John Albert Macy နဲ့ ခင်မင်ခဲ့ပြီး Helen ရဲ့ အတ္ထုပ္ပတ္တိကို ကူညီတည်းဖြတ်ပေးခဲ့ပါတယ်။ Anne နဲ့ John တို့ဟာ ချစ်ကြိုက်သွားကြပြီး Anne အသက် ၃၉နှစ်အရွယ် ၁၉၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၁၄ မှာလမ်းခွဲခဲ့ကြပြီး တရားဝင်ကွာရှင်းခြင်းတော့ မရှိခဲ့ပါဘူး။ Anne ဟာ Massachusetts ပြည်နယ် Wrentham မှာ တော်တော်ကြာနေခဲ့ပြီးမှ Helen နဲ့ Polly Thomson တို့နေတဲ့ Forest Hills ကိုပြောင်းလာခဲ့ပါတယ်။ Polly ဟာ Helen ရဲ့အတွင်းရေးမှူးဖြစ်ပြီး သူတို့ သုံးဦးဟာ တတွဲတွဲနေထိုင်ခဲ့ကြပါတယ်။ ၁၉၁၆ ခုနှစ် Anne အသက် ၅၀ အရွယ်မှာ ကျန်းမာရေးချို့ယွင်းလာခဲ့ပါတယ်။ တီဘီရောဂါလို့ မှားယွင်းယူဆခံရပြီး Placid ကန်ရှိတဲ့ဒေသကို အပန်းဖြေအနားယူဖို့ သွားရန်ဆရာဝန်က ညွှန်ကြားခဲ့တဲ့အတွက် အမျိုးသမီး သုံးယောက်လုံး အတူသွားရောက်ခဲ့ကြပြီး ပထမကမ္ဘာစစ်စတင်လာတဲ့အခါကျမှ Forest Hills ကိုပြန်လည်ဝင်ရောက်ခဲ့ကြပါတယ်။

Anne ဟာ မကျန်းမာတဲ့ကြားက Helen ၊ Polly တို့နဲ့ အဖော်ပြုပြီး အမေရိကန်ပြည်ထောင်စု တစ်ခွင် လှည့်လည်ကာ ဟောပြောပွဲများ၊ သင်ကြားပို့ချမှုများ ပြုလုပ်ခဲ့ကြပြီး “Deliverance” လို့အမည်ရတဲ့ ရုပ်ရှင်တစ်ကားမှာလည်း ပါဝင်ရိုက်ကူးခဲ့ကြပါတယ်။ ၁၉၂၄ ခုနှစ်မှစတင်ပြီး အမေရိကန်မျက်မမြင်အသင်း (American Foundation for the Blind) မှာ အကြံပေးပုဂ္ဂိုလ်၊ ရှေ့နေ၊ ရံပုံငွေစုဆောင်းရေးတာဝန်ခံများ အနေနဲ့ ဆောင်ရွက်ခဲ့ကြပါတယ်။

၁၉၃၀- ၃၁ မှာ Philadephia တက္ကသိုလ်မှ Anne နဲ့ Helen တို့ရဲ့ လုပ်ဆောင်ချက်များကို ဂုဏ်ပြုတဲ့အနေနဲ့ ဘွဲ့များ ချီးမြှင့်တဲ့အခါ Helen က လက်ခံခဲ့ပေမဲ့ Anne က ငြင်းခဲ့ပါတယ်။ တစ်နှစ်ခန့်အကြာမှာတော့ Helen နဲ့တခြားမိတ်ဆွေများရဲ့ တိုက်တွန်းမှုကြောင့် ဘွဲ့ကို လက်ခံခဲ့ပါတယ်။ ၁၉၃၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်နေ့ Anne အသက် ၇၀ အရွယ်မှာ New York မှ Forest Hills မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Win Pa Pa San

Leave a Reply