ဥပေဒအထက္မွာ ဘုရင္ကုိပင္ မထားတတ္သူ (သုိ႔) ပခန္းမင္းႀကီး ဦးရန္ေ၀း အေၾကာင္း

Posted on

ဒီတစ္ခါေတာ့ အမွန္တရားအတြက္ မည္သူမ်က္ႏွာမွ မေထာက္သူ ၊ ဥပေဒအထက္မွာ ဘုရင္ကုိပင္မထားသူ ပခန္းမင္းႀကီး ဦးရန္ေ၀း အေႀကာင္းေဖာ္ၿပခ်င္ပါတယ္။ မင္းတုန္းမင္းလက္ထက္ လႊတ္ေတာ္မွာ၀န္ႀကီး ရွစ္ပါးရွိပါတယ္။ ဒီအထဲက အဓိက၀န္ႀကီးကေတာ့ သတုိးမင္းႀကီး မဟာမင္းလွစည္သူ ဦးရန္ေ၀း ပါပဲ။ ဦးရန္ေ၀းဟာ မင္းတုန္းမင္း လႊတ္တက္မင္းသား ဘ၀တည္းက ဆရာေတာ္ ဦး၀ိသုဒၶ အၿဖစ္သီလမွန္မွန္ေပးခဲ့သူ ၿဖစ္ တာေႀကာင့္ မင္းတုန္းမင္းရဲ႕ ငယ္ဆရာလုိ႔လည္း ေၿပာလုိ႔ရပါတယ္။ ( ဦးရန္ေ၀းဟာ ကင္း၀န္မင္းႀကီးဦးေကာင္းရဲ႕ ဆရာလည္းၿဖစ္ပါတယ္) ။ မင္းတုန္းမင္း ေရႊဘုိကုိတိမ္းေရွာင္စဥ္မွာ အတန္တန္ေတာင္းပန္တာေႀကာင့္ ဦး၀ိသုဒၶဟာ လူ၀တ္လဲၿပီး အႀကီးေတာ္အၿဖစ္လုိက္ပါခဲ့ပါတယ္။ မင္းတုန္းမင္း ဘုရင္ၿဖစ္ေတာ့ အတြင္း၀န္၊ ေသနတ္စု၀န္၊ လႊတ္ေတာ္ေခါင္းေဆာင္၀န္ႀကီး ၊ ႏုိင္ငံၿခားေရး၀န္ႀကီး စသည္ၿဖင့္ ထိပ္ဆုံးရာထူးႀကီးမ်ားကုိ ယူခဲ့သူၿဖစ္ပါတယ္။ မင္းတုန္းမင္း ကလည္း ဆရာကုိ အလြန္သိတတ္သူၿဖစ္ပါတယ္။ သူ႔ဆရာလူထြက္၀န္ႀကီးကုိ သာယာ၀တီမင္းရဲ႕မိဖုရားငယ္ သန္လွ်င္ၿမဳိ႕စားမိဖုရားနဲ႔ လက္ဆက္ေ စၿပီး လစာရိကၡာ ၂၀၀၀ က်ပ္ ခ်ီးၿမွင့္ကာ ပခန္း၀န္ႀကီးအိမ္ကုိ ပြဲေတာ္အုပ္ပုိ႔ေပးတဲ့အထိ ပါပဲ။

တစ္ႀကိမ္ေတာ့ ဦးရန္ေ၀းရဲ႕ႏွမၿဖစ္သူ ေဒၚနီဟာ ဦးရန္ေ၀းထံလာၿပီး အေထာက္အပံ့ေတာင္းပါတယ္။ ဦးရန္ေ၀းအေနၿဖင့္လည္း ရသည့္ လစာ ၂၀၀၀ တြင္ ၀န္ကေတာ္အတြက္ ၁၀၀၀၊ ငယ္သားမ်ားအတြက္ ၅၀၀ ၊ သူ႔အသုံးစရိတ္အတြက္ ၅၀၀ သုံးစြဲၿပီးၿဖစ္သၿဖင့္ အပုိအလွ်ံ မရွိတာေႀကာင့္ အခက္ႀကဳံရပါတယ္။ ဒီအခ်ိန္မွာပဲ ေရႊပန္းတိမ္ ဆီမွာ မင္းတုန္းမင္းေရႊပုခက္လုပ္ရာမွာ ပုိလာတဲ့ ေရႊ ၄၅ က်ပ္သား တစ္တုံး ကုိေတြ႔တာေႀကာင့္ ယူၿပီး ႏွမၿဖစ္သူကုိေပးလုိက္ပါတယ္။ ဒီအေႀကာင္းမင္းတုန္းမင္း ႀကားေတာ့ ဟုတ္မဟုတ္ ေယာအတြင္း၀န္ ဦးဘုိးလႈိင္ ကို ေစလႊတ္ကာ ဦးရန္ေ၀းကုိ ေမးေစေရာ ဦးရန္ေ၀းက ” ငါယူတာမွန္တယ္ ၊ ငါ့ႏွမဒုကၡသည္ကုိေထာက္ပံ႔ရန္တာ၀န္ရွိသည္။ တံစုိးလက္ေဆာင္လည္း ငါမယူ။ ထုိ႔ေႀကာင့္ ခုိးခ်င္ခုိး ကုိယ့္ဘုရင္ ပစၥည္းသာခုိးသည္။ ေနာင္သံသာရာတြင္ ဒီအၿပစ္အတြက္ အတုံ အလွည့္ခံရလည္း ကုိယ့္ဘုရင္အိမ္မွာ ေခြးၿဖစ္ၿဖစ္ ခံရတာၿမတ္တယ္ လုိ႔ ေအာက္ေမ့ၿပီး ငါယူခဲ့တယ္ ” ဟု ဆုိပါတယ္။ ဒီစကားမင္းတုန္းမင္း ႀကားေတာ့ အလြန္သေဘာက်ေတာ္မူၿပီး ေရႊတုံးကုိ ၁၀၀၀ ၿဖင့္ၿပန္ ေရြးေစကာ ၊ ေဒၚနီကုိလည္း အေနာက္ေဆာင္မိဖုရားမ်ားမွေစာင့္ေရွာက္ေစပါတယ္။

မင္းတုန္းမင္းႀကီးဟာ ဘာသာတရားကုိ ႀကည္ညဳိလြန္းသူၿဖစ္ပါတယ္။ ဒီအတြက္သာသနာေရးကိစၥမ်ား အသုံးၿပဳရန္ အခြန္ေကာက္ခံလုိေႀကာင္း ဦးရန္ေ၀းအား တုိင္ပင္ပါတယ္။ ဒီအခါ ဦးရန္ေ၀းေၿဖလုိက္သည္ကား “မဟာသမၼတမင္း လက္ထက္မွစကာ ေရွးမင္းအဆက္ဆက္တုိ႔သည္ ဆယ္ဖုိ႔တစ္ဖုိ႔ ၊ ဆယ္ခုိင္တစ္ခုိင္သာ ေကာက္ယူသည့္ထုံးစံရွိေႀကာင္း ၊ မည္သည့္အေႀကာင္းေႀကာင့္မွ ပုိမုိေကာင္ခံရန္မသင့္ေႀကာင္း ၊ ေကာက္ယူမည္ဆုိလွ်င္ ေရွးအစဥ္အလာကုိ ေဖာက္ဖ်က္သည့္အတြက္ ဥယ်ာဥ္ကုိ ေမ်ာက္ဖ်က္သည္ ႏွင့္ တူေႀကာင္း ” ေလွ်ာက္တင္ရာ မင္းတုန္းမင္း လက္ေလွ်ာ့ရၿပန္ပါတယ္။

ေနာက္တစ္ႀကိမ္က ကရင္နီနယ္ အေရးပါ။ ဒီတစ္ႀကိမ္ေတာ့ မင္းတုန္းမင္းေတာ္ေတာ္ေလး ေဒါသထြက္သြားပုံပါပဲ။ ၿဖစ္ပုံက ကရင္နီေစာ္ဘြားက သူ႔နယ္ကုိလာသိမ္းဖုိ႔ မင္းတုန္းမင္းအား စာပုိ႔ေလွ်ာက္ထားပါတယ္။ မင္းတုန္းမင္းကလည္း သိမ္းယူမည္ဟု ဆုိကာ လႊတ္ေတာ္အားအမိန္႔ၿပန္ေစဖုိ႔ ေစခုိင္းလုိက္ပါတယ္။ ဦးရန္ေ၀းက အမိန္႔စာကုိ ဆုတ္ၿဖဲ၍ “မင္းတုိ႔ၿမင္တဲ့အတုိင္း ေလွ်ာက္တင္လုိက္” ဟုမင္းခ်င္းတုိ႔အားေၿပာလုိက္ပါတယ္။ မင္းတုန္းမင္းလည္း အမ်က္ႀကီးစြာထြက္ကာ ဦးရန္ေ၀းအား ဆင့္ေခၚေစပါတယ္။ ဦးရန္ေ၀းကလည္း ” တုိင္းေရးၿပည္မႈေတြနဲ႔ လႊတ္ေတာ္မွာ အလုပ္ရႈပ္ေနတယ္ ။ အမိန္႔နဲ႔ ဆင့္ေခၚတုိင္း မလာႏုိင္ဘူး ေလွ်ာက္လုိက္ ” ဟု ခပ္ၿပတ္ၿပတ္ တုံ႔ၿပန္ပါတယ္။ တကယ့္ ဦးရန္ေ၀းပါေပ။

မင္းတုန္းမင္းမွာလည္း ေဒါသထြက္ေပမယ့္ ဆရာလည္းၿဖစ္ အလြန္ေလး စားသူလည္း ၿဖစ္တာေႀကာင့္ ဘာမွမေၿပာပဲ ႀကည့္ေနရပါတယ္။ ငါးရက္ႀကာမွ အခစား၀င္ရာ မင္းတုန္းမင္းက အဘယ္ေႀကာင့္ အမိန္႔ကုိ ဖ်က္သနည္းဟု ေမးရာ “ကရင္နီသည္ ယုိးဒယားနယ္စပ္ၿဖစ္သည္။ ကုိယ့္ပုိင္နက္နယ္စပ္မွာ ရွိလာလွ်င္ ကုလားၿဖဴပုိင္နက္ႏွင့္လည္း နီးစပ္ကာ အယွက္အတင္အေထြးအေရာ ၿဖစ္လာႏုိင္သည္။ ကုလားၿဖဴတုိ႔ ထႀကြလာႏုိင္သည္။ ႏွစ္စဥ္ ဆက္သၿမဲ လက္ေဆာက္ပ႑ာေတာ္ကုိ သာ ေအးေအးေဆးေဆး ယူသည့္သည္။ အက်ဳိးထက္ အၿပစ္ပုိမ်ားမည္။ ၿပီးေတာ့ မင္းမည္သည္ မင္းႏွင့္တူေအာင္ က်င့္ရသည္။ သူတစ္ပါးေၿပာတုိင္း မလုပ္သင့္။ လႊတ္ေတာ္ကုိမတုိင္ပင္ပဲ အမိန္႔ေတြထုတ္လုိလွ်င္ ဘာေႀကာင့္လႊတ္ေတာ္ကုိ ထားဦးမည္နည္း။ ဖ်က္သိမ္းလုိက္လွ်င္ ပုိေကာင္းမည္ ” ဟုရွင္းလင္း ေလွ်ာက္တင္ရာ အလုံးစုံမွန္ေနသၿဖင့္ မင္းတုန္းမင္းမွာ ဆုိဖြယ္ရာမရွိ ၊ နားေထာင္လုိ႔သာ ေနရပါတယ္။

ေနာက္တစ္ခုတြင္လည္း မင္းတုန္းမင္းက “ငါ့အမူထမ္းမ်ား မယားမ်ား စြာယူေနႀကလုိ႔ လစာရိကၡာ မေလာက္မငၿဖစ္၊ တံစုိးလက္ေဆာင္ေတြ စားၿဖစ္ေနႀကသည္။ ဒါေႀကာင့္ ရာထူးအလုိက္ မယားဦးေရကန္႔ သတ္လွ်င္ေကာင္းမည္” ဟုဆုိရာ ဦးရန္ေ၀းႀကားေသာ္ “ေအး၊ တုိင္းၿပည္မွာ ဘုရင္ဟာ မယားအမ်ားဆုံးယူတဲ့ ပုဂၢဳိလ္ပဲ ၊ ဒီေတာ့ ဘုရင္ကုိပါ ထည့္သြင္းပညတ္မွ ဒီအမိန္႔ဥပေဒဟာ တရားမွ်တ မွန္ကန္မယ္” ဟု ဆုိရာ မင္းတုန္းမင္းဟာ သူ႔အႀကံကုိ လက္ေလွ်ာ့ရၿပန္ပါတယ္။ ဦးရန္ေ၀းဟာ ဘုရားပြဲတစ္ခုသြားရင္း ၀န္ကေတာ္ေလးတစ္ဦး က ေၿခာက္ေထာင္စလွည္းယာဥ္ နဲ႔ ေရႊထီးေဆာင္းလုိ႔ အေဆာင္ကုိင္မ်ားနဲ႔ တခမ္းတနားသြားေနတာ ၿမင္ရေတာ့ သူ႔လည္းသမားအား
” ဒီ၀န္ကေတာ္ကုိ ႀကိမ္လုံးနဲ႔ရုိက္စမ္း” လုိ႔ေစခုိင္းလုိက္ပါေရာ။ ၀န္ ကေတာ္ခဗ်ာမွာလည္း ေႀကာက္လန္႔ၿပီး အိမ္ၿပန္ေၿပးရပါတယ္။ ဒါကုိ မင္းတုန္းမင္းက ဘာေႀကာင့္ရုိက္သနည္းဟု ေမးရာ “၀န္ကေတာ္ဟာ သူ႔လင္ရတဲ့လခထက္ အဆေပါင္းမ်ားစြာ ပုိသုံးစြဲကာ တေဆာင္တေယာင္ လုပ္တယ္။ ဒါကုိၿပည္သူေတြကၿမင္လွ်င္ ၀န္ကေတာ္ဟာ တံစုိးလက္ေဆာင္ရလုိ႔ ဒီလုိခမ္းခမ္းနားနား သြားႏုိင္တာပဲလုိ႔ ထင္ႀကမယ္။ ဒါေႀကာင့္ ေတာ္မေတာ္ မသိတဲ့ဘ၀င္ကုိ ခ်ႏွိမ္ဖုိ႔ ရုိက္ဆုံး မခုိင္းတာပါ ” လုိ႔ ေလွ်ာက္တင္ပါတယ္။

ေနာက္ လႊတ္ေတာ္သုိ႔ေရာက္လာတဲ့ ရာထူးခန္႔အပ္ေရးဆုိင္ရာ အမိန္ ႔စာခြ်န္လႊာကို ဦးရန္ေ၀းက ခ်ဳိးဖ်က္ၿပန္ပါတယ္။ အေႀကာင္းမွာ ထုိရာ ထူးမ်ားမွာ မိဖုရားငယ္တုိ႔ အႀကဳိက္ ၎တုိ႔၏ ေဆြမ်ဳိးသားခ်င္းမ်ားကုိ ခန္႔ထားေစရန္အတြက္ ၿဖစ္တာေႀကာင့္ပါ။ မင္းတုန္းမင္းေမးေသာ္ ” လႊတ္ေတာ္ဆုိတာ တုိင္းၿပည္ေကာင္းဖုိ႔ ဘုရင့္အမိန္႔ေတာ္ကုိသာ နာခံၿပီး အမႈေတာ္ထမ္းရြက္တာၿဖစ္ပါတယ္။ မိဖုရားမ်ားအမိန္႔ကုိေတာ့ နာခံဖုိ႔မရွိပါ” ဟု ၿပန္လည္ ေလွ်ာက္တင္ပါတယ္။ ဦးရန္ေ၀းကလည္း ဦးရန္ေ၀း ၊ မင္းတုန္းမင္းကလည္း မင္းတုန္းမင္းပါပဲ ။ မင္းတုန္းမင္းေနရာမွာ အၿခားမင္းတစ္ပါးသာဆုိရင္ ဦးရန္ေ၀း ဟာ ေစာေစာစီးစီး အမ်က္ေတာ္သင့္ႏုိင္ပါတယ္။

ဦးရန္ေ၀းဟာ မ်က္ႏွာၿဖဴအရာရွိမ်ားရဲ႕ ေလးစားၿခင္းကုိလည္း ခံရသူပါ။ အီးဘီစေလဒင္က “၀န္ႀကီးဟာ ပြင့္လင္းသူ ၊ တရားမွ်တသူ ” လုိ႔အႀကိမ္ႀကိမ္ေဖာ္ၿပပါတယ္။ ‘ဖုိက္’ ရဲ႕ မႏၱေလးသြားမွတ္တမ္းမွာလည္း ‘ပခန္းမင္းႀကီးဟာ အလြန္ဗဟုသုတ ႀကြယ္၀ေႀကာင္း ၊ သံႀကီး တမန္ႀကီး လကၡဏာမ်ားနဲ႔ အၿပည့္စုံဆုံး ပုဂၢဳိလ္ၿဖစ္ေႀကာင္း ၊ အေရးႀကီးၿပသနာမ်ားကုိ ေၿဖရွင္းႏုိင္ သူၿဖစ္ေႀကာင္း ” ခ်ီးက်ဴးေရးထားပါတယ္။ ‘၀ွီးလား’ ကလည္း “အသက္ေၿခာက္ဆယ္ခန္႔ ရွိၿပီၿဖစ္ေသာ ပခန္း၀န္ႀကီးသည္ နဖူးက်ယ္က်ယ္၊ ေက်ာက္ေပါက္မာ သက္သက္ ၊ ကြမ္းစားထားေသာ သြားမ်ားက မည္းနက္လ်က္ရွိၿပီး သိကၡာ သမာဓိႏွင့္ အၿပည့္ရွိေသာ အသြင္ကုိေဆာင္သည္ ” ဟု မွတ္တမ္းတင္ခဲ့ပါတယ္။

ဘုရင္ကုိ ေက်ာ္လြန္တတ္လုိ႔ ၿပည္သူမ်ားက ခ်စ္စႏုိးနဲ႔ ‘ပခန္းရွင္ဘုရင္ႀကီး’ ဟုအေခၚခံရသူ ၊ မင္းတုန္းမင္းက ‘ဆရာႀကီး’ ဟု ေခၚေလ့ရွိသူ ဦးရန္ေ၀းဟာ ၁၂၃၇ ခု ၊ ေတာ္သလင္းလ အသက္ ၆၃ ႏွစ္မွာ ကြယ္လြန္ခဲ့ပါတယ္။ ဦးရန္ေ၀းကြယ္လြန္ေတာ့ မင္းတုန္းမင္းကုိယ္တုိင္ အိမ္ေတာ္ကုိ ႀကြလာၿပီး မ်က္ရည္စုိ႔စုိ႔နဲ႔ ” ဆရာႀကီးသည္ တုိင္းေရး ၿပည္မႈမွစ၍ ကြ်ႏု္ပ္အက်ဳိးကုိ မ်ားစြာေဆာင္ပါေပသည္။ ဆရာႀကီးေက်းဇူး ကြ်ႏု္ပ္အေပၚမွာ ရွိပါေပသည္။ ဆရာႀကီး၏ ေက်းဇူးကုိ ကြ်ႏု္ပ္က ႀကီးက်ယ္ေသာ ေက်းဇူးၿပန္၍ မဆပ္ႏုိင္၊ မခ်ီးေၿမွာက္ႏုိင္ ေႀကြးတင္လ်က္ ရွိခဲ့ေလသည္ ။ ဆရာႀကီးကဲ့သုိ႔ ကြ်ႏု္ပ္အေပၚ ေစာင့္ေရွာက္ဆုံးမမည့္ မင္းႀကီး ေပၚေပါက္လာမည္ မထင္ေပ ” လုိ႔ ၿမည္တမ္းရွာပါတယ္။ မင္းတုန္းမင္းရဲ႕ စကားဟာ ၀မ္းနည္းေႀကကြဲၿခင္းမွာ ၿမစ္ဖ်ားခံေပမယ့္ ပခန္း၀န္ႀကီးရဲ႕ သီလ၊ မသာဓိဂုဏ္ နဲ႔ သူကိုယ္တုိင္ ဆုိဆုံးမလြယ္ သူၿဖစ္ေႀကာင္း ေဖာ္ၿပတဲ့စကားေတြ ၿဖစ္တယ္လုိ႔ မွတ္တမ္းတင္ရင္း ဥပေဒအထက္မွာ မည္သူမွ်မထားတဲ့ ေလးစားဖြယ္ ပခန္းမင္းႀကီး ဦးရန္ေ၀းအေႀကာင္းကုိ ဗဟုသုတအၿဖစ္ တင္ဆက္လုိက္ပါတယ္။

Ref:
သမုိင္းမတြင္ သမုိင္းတြင္ သမုိင္း၀န္ေနတဲ့စကားမ်ား – ခ်စ္ဦးညဳိ
ၿမန္မာ့စြယ္စုံက်မ္း
ကုန္းေဘာင္ေခတ္မင္းမႈထမ္း အဘိဓာန္ – တင္ႏုိင္တုိး

————————

ဥပဒေအထက်မှာ ဘုရင်ကိုပင် မထားတတ်သူ (သို့) ပခန်းမင်းကြီး ဦးရန်ဝေး အကြောင်း (unicode)

ဒီတစ်ခါတော့ အမှန်တရားအတွက် မည်သူမျက်နှာမှ မထောက်သူ ၊ ဥပဒေအထက်မှာ ဘုရင်ကိုပင်မထားသူ ပခန်းမင်းကြီး ဦးရန်ဝေး အကြောင်းဖော်ပြချင်ပါတယ်။ မင်းတုန်းမင်းလက်ထက် လွှတ်တော်မှာဝန်ကြီး ရှစ်ပါးရှိပါတယ်။ ဒီအထဲက အဓိကဝန်ကြီးကတော့ သတိုးမင်းကြီး မဟာမင်းလှစည်သူ ဦးရန်ဝေး ပါပဲ။ ဦးရန်ဝေးဟာ မင်းတုန်းမင်း လွှတ်တက်မင်းသား ဘဝတည်းက ဆရာတော် ဦးဝိသုဒ္ဓ အဖြစ်သီလမှန်မှန်ပေးခဲ့သူ ဖြစ် တာကြောင့် မင်းတုန်းမင်းရဲ့ ငယ်ဆရာလို့လည်း ပြောလို့ရပါတယ်။ ( ဦးရန်ဝေးဟာ ကင်းဝန်မင်းကြီးဦးကောင်းရဲ့ ဆရာလည်းဖြစ်ပါတယ်) ။ မင်းတုန်းမင်း ရွှေဘိုကိုတိမ်းရှောင်စဉ်မှာ အတန်တန်တောင်းပန်တာကြောင့် ဦးဝိသုဒ္ဓဟာ လူဝတ်လဲပြီး အကြီးတော်အဖြစ်လိုက်ပါခဲ့ပါတယ်။ မင်းတုန်းမင်း ဘုရင်ဖြစ်တော့ အတွင်းဝန်၊ သေနတ်စုဝန်၊ လွှတ်တော်ခေါင်းဆောင်ဝန်ကြီး ၊ နိုင်ငံခြားရေးဝန်ကြီး စသည်ဖြင့် ထိပ်ဆုံးရာထူးကြီးများကို ယူခဲ့သူဖြစ်ပါတယ်။ မင်းတုန်းမင်း ကလည်း ဆရာကို အလွန်သိတတ်သူဖြစ်ပါတယ်။ သူ့ဆရာလူထွက်ဝန်ကြီးကို သာယာဝတီမင်းရဲ့မိဖုရားငယ် သန်လျှင်မြို့စားမိဖုရားနဲ့ လက်ဆက်ေ စပြီး လစာရိက္ခာ ၂၀၀၀ ကျပ် ချီးမြှင့်ကာ ပခန်းဝန်ကြီးအိမ်ကို ပွဲတော်အုပ်ပို့ပေးတဲ့အထိ ပါပဲ။

တစ်ကြိမ်တော့ ဦးရန်ဝေးရဲ့နှမဖြစ်သူ ဒေါ်နီဟာ ဦးရန်ဝေးထံလာပြီး အထောက်အပံ့တောင်းပါတယ်။ ဦးရန်ဝေးအနေဖြင့်လည်း ရသည့် လစာ ၂၀၀၀ တွင် ဝန်ကတော်အတွက် ၁၀၀၀၊ ငယ်သားများအတွက် ၅၀၀ ၊ သူ့အသုံးစရိတ်အတွက် ၅၀၀ သုံးစွဲပြီးဖြစ်သဖြင့် အပိုအလျှံ မရှိတာကြောင့် အခက်ကြုံရပါတယ်။ ဒီအချိန်မှာပဲ ရွှေပန်းတိမ် ဆီမှာ မင်းတုန်းမင်းရွှေပုခက်လုပ်ရာမှာ ပိုလာတဲ့ ရွှေ ၄၅ ကျပ်သား တစ်တုံး ကိုတွေ့တာကြောင့် ယူပြီး နှမဖြစ်သူကိုပေးလိုက်ပါတယ်။ ဒီအကြောင်းမင်းတုန်းမင်း ကြားတော့ ဟုတ်မဟုတ် ယောအတွင်းဝန် ဦးဘိုးလှိုင် ကို စေလွှတ်ကာ ဦးရန်ဝေးကို မေးစေရော ဦးရန်ဝေးက ” ငါယူတာမှန်တယ် ၊ ငါ့နှမဒုက္ခသည်ကိုထောက်ပံ့ရန်တာဝန်ရှိသည်။ တံစိုးလက်ဆောင်လည်း ငါမယူ။ ထို့ကြောင့် ခိုးချင်ခိုး ကိုယ့်ဘုရင် ပစ္စည်းသာခိုးသည်။ နောင်သံသာရာတွင် ဒီအပြစ်အတွက် အတုံ အလှည့်ခံရလည်း ကိုယ့်ဘုရင်အိမ်မှာ ခွေးဖြစ်ဖြစ် ခံရတာမြတ်တယ် လို့ အောက်မေ့ပြီး ငါယူခဲ့တယ် ” ဟု ဆိုပါတယ်။ ဒီစကားမင်းတုန်းမင်း ကြားတော့ အလွန်သဘောကျတော်မူပြီး ရွှေတုံးကို ၁၀၀၀ ဖြင့်ပြန် ရွေးစေကာ ၊ ဒေါ်နီကိုလည်း အနောက်ဆောင်မိဖုရားများမှစောင့်ရှောက်စေပါတယ်။

မင်းတုန်းမင်းကြီးဟာ ဘာသာတရားကို ကြည်ညိုလွန်းသူဖြစ်ပါတယ်။ ဒီအတွက်သာသနာရေးကိစ္စများ အသုံးပြုရန် အခွန်ကောက်ခံလိုကြောင်း ဦးရန်ဝေးအား တိုင်ပင်ပါတယ်။ ဒီအခါ ဦးရန်ဝေးဖြေလိုက်သည်ကား “မဟာသမ္မတမင်း လက်ထက်မှစကာ ရှေးမင်းအဆက်ဆက်တို့သည် ဆယ်ဖို့တစ်ဖို့ ၊ ဆယ်ခိုင်တစ်ခိုင်သာ ကောက်ယူသည့်ထုံးစံရှိကြောင်း ၊ မည်သည့်အကြောင်းကြောင့်မှ ပိုမိုကောင်ခံရန်မသင့်ကြောင်း ၊ ကောက်ယူမည်ဆိုလျှင် ရှေးအစဉ်အလာကို ဖောက်ဖျက်သည့်အတွက် ဥယျာဉ်ကို မျောက်ဖျက်သည် နှင့် တူကြောင်း ” လျှောက်တင်ရာ မင်းတုန်းမင်း လက်လျှော့ရပြန်ပါတယ်။

နောက်တစ်ကြိမ်က ကရင်နီနယ် အရေးပါ။ ဒီတစ်ကြိမ်တော့ မင်းတုန်းမင်းတော်တော်လေး ဒေါသထွက်သွားပုံပါပဲ။ ဖြစ်ပုံက ကရင်နီစော်ဘွားက သူ့နယ်ကိုလာသိမ်းဖို့ မင်းတုန်းမင်းအား စာပို့လျှောက်ထားပါတယ်။ မင်းတုန်းမင်းကလည်း သိမ်းယူမည်ဟု ဆိုကာ လွှတ်တော်အားအမိန့်ပြန်စေဖို့ စေခိုင်းလိုက်ပါတယ်။ ဦးရန်ဝေးက အမိန့်စာကို ဆုတ်ဖြဲ၍ “မင်းတို့မြင်တဲ့အတိုင်း လျှောက်တင်လိုက်” ဟုမင်းချင်းတို့အားပြောလိုက်ပါတယ်။ မင်းတုန်းမင်းလည်း အမျက်ကြီးစွာထွက်ကာ ဦးရန်ဝေးအား ဆင့်ခေါ်စေပါတယ်။ ဦးရန်ဝေးကလည်း ” တိုင်းရေးပြည်မှုတွေနဲ့ လွှတ်တော်မှာ အလုပ်ရှုပ်နေတယ် ။ အမိန့်နဲ့ ဆင့်ခေါ်တိုင်း မလာနိုင်ဘူး လျှောက်လိုက် ” ဟု ခပ်ပြတ်ပြတ် တုံ့ပြန်ပါတယ်။ တကယ့် ဦးရန်ဝေးပါပေ။

မင်းတုန်းမင်းမှာလည်း ဒေါသထွက်ပေမယ့် ဆရာလည်းဖြစ် အလွန်လေး စားသူလည်း ဖြစ်တာကြောင့် ဘာမှမပြောပဲ ကြည့်နေရပါတယ်။ ငါးရက်ကြာမှ အခစားဝင်ရာ မင်းတုန်းမင်းက အဘယ်ကြောင့် အမိန့်ကို ဖျက်သနည်းဟု မေးရာ “ကရင်နီသည် ယိုးဒယားနယ်စပ်ဖြစ်သည်။ ကိုယ့်ပိုင်နက်နယ်စပ်မှာ ရှိလာလျှင် ကုလားဖြူပိုင်နက်နှင့်လည်း နီးစပ်ကာ အယှက်အတင်အထွေးအရော ဖြစ်လာနိုင်သည်။ ကုလားဖြူတို့ ထကြွလာနိုင်သည်။ နှစ်စဉ် ဆက်သမြဲ လက်ဆောက်ပဏ္ဍာတော်ကို သာ အေးအေးဆေးဆေး ယူသည့်သည်။ အကျိုးထက် အပြစ်ပိုများမည်။ ပြီးတော့ မင်းမည်သည် မင်းနှင့်တူအောင် ကျင့်ရသည်။ သူတစ်ပါးပြောတိုင်း မလုပ်သင့်။ လွှတ်တော်ကိုမတိုင်ပင်ပဲ အမိန့်တွေထုတ်လိုလျှင် ဘာကြောင့်လွှတ်တော်ကို ထားဦးမည်နည်း။ ဖျက်သိမ်းလိုက်လျှင် ပိုကောင်းမည် ” ဟုရှင်းလင်း လျှောက်တင်ရာ အလုံးစုံမှန်နေသဖြင့် မင်းတုန်းမင်းမှာ ဆိုဖွယ်ရာမရှိ ၊ နားထောင်လို့သာ နေရပါတယ်။

နောက်တစ်ခုတွင်လည်း မင်းတုန်းမင်းက “ငါ့အမူထမ်းများ မယားများ စွာယူနေကြလို့ လစာရိက္ခာ မလောက်မငဖြစ်၊ တံစိုးလက်ဆောင်တွေ စားဖြစ်နေကြသည်။ ဒါကြောင့် ရာထူးအလိုက် မယားဦးရေကန့် သတ်လျှင်ကောင်းမည်” ဟုဆိုရာ ဦးရန်ဝေးကြားသော် “အေး၊ တိုင်းပြည်မှာ ဘုရင်ဟာ မယားအများဆုံးယူတဲ့ ပုဂ္ဂိုလ်ပဲ ၊ ဒီတော့ ဘုရင်ကိုပါ ထည့်သွင်းပညတ်မှ ဒီအမိန့်ဥပဒေဟာ တရားမျှတ မှန်ကန်မယ်” ဟု ဆိုရာ မင်းတုန်းမင်းဟာ သူ့အကြံကို လက်လျှော့ရပြန်ပါတယ်။ ဦးရန်ဝေးဟာ ဘုရားပွဲတစ်ခုသွားရင်း ဝန်ကတော်လေးတစ်ဦး က ခြောက်ထောင်စလှည်းယာဉ် နဲ့ ရွှေထီးဆောင်းလို့ အဆောင်ကိုင်များနဲ့ တခမ်းတနားသွားနေတာ မြင်ရတော့ သူ့လည်းသမားအား
” ဒီဝန်ကတော်ကို ကြိမ်လုံးနဲ့ရိုက်စမ်း” လို့စေခိုင်းလိုက်ပါရော။ ဝန် ကတော်ခဗျာမှာလည်း ကြောက်လန့်ပြီး အိမ်ပြန်ပြေးရပါတယ်။ ဒါကို မင်းတုန်းမင်းက ဘာကြောင့်ရိုက်သနည်းဟု မေးရာ “ဝန်ကတော်ဟာ သူ့လင်ရတဲ့လခထက် အဆပေါင်းများစွာ ပိုသုံးစွဲကာ တဆောင်တယောင် လုပ်တယ်။ ဒါကိုပြည်သူတွေကမြင်လျှင် ဝန်ကတော်ဟာ တံစိုးလက်ဆောင်ရလို့ ဒီလိုခမ်းခမ်းနားနား သွားနိုင်တာပဲလို့ ထင်ကြမယ်။ ဒါကြောင့် တော်မတော် မသိတဲ့ဘဝင်ကို ချနှိမ်ဖို့ ရိုက်ဆုံး မခိုင်းတာပါ ” လို့ လျှောက်တင်ပါတယ်။

နောက် လွှတ်တော်သို့ရောက်လာတဲ့ ရာထူးခန့်အပ်ရေးဆိုင်ရာ အမိန့်စာချွန်လွှာကို ဦးရန်ဝေးက ချိုးဖျက်ပြန်ပါတယ်။ အကြောင်းမှာ ထိုရာ ထူးများမှာ မိဖုရားငယ်တို့ အကြိုက် ၎င်းတို့၏ ဆွေမျိုးသားချင်းများကို ခန့်ထားစေရန်အတွက် ဖြစ်တာကြောင့်ပါ။ မင်းတုန်းမင်းမေးသော် ” လွှတ်တော်ဆိုတာ တိုင်းပြည်ကောင်းဖို့ ဘုရင့်အမိန့်တော်ကိုသာ နာခံပြီး အမှုတော်ထမ်းရွက်တာဖြစ်ပါတယ်။ မိဖုရားများအမိန့်ကိုတော့ နာခံဖို့မရှိပါ” ဟု ပြန်လည် လျှောက်တင်ပါတယ်။ ဦးရန်ဝေးကလည်း ဦးရန်ဝေး ၊ မင်းတုန်းမင်းကလည်း မင်းတုန်းမင်းပါပဲ ။ မင်းတုန်းမင်းနေရာမှာ အခြားမင်းတစ်ပါးသာဆိုရင် ဦးရန်ဝေး ဟာ စောစောစီးစီး အမျက်တော်သင့်နိုင်ပါတယ်။

ဦးရန်ဝေးဟာ မျက်နှာဖြူအရာရှိများရဲ့ လေးစားခြင်းကိုလည်း ခံရသူပါ။ အီးဘီစလေဒင်က “ဝန်ကြီးဟာ ပွင့်လင်းသူ ၊ တရားမျှတသူ ” လို့အကြိမ်ကြိမ်ဖော်ပြပါတယ်။ ‘ဖိုက်’ ရဲ့ မန္တလေးသွားမှတ်တမ်းမှာလည်း ‘ပခန်းမင်းကြီးဟာ အလွန်ဗဟုသုတ ကြွယ်၀ကြောင်း ၊ သံကြီး တမန်ကြီး လက္ခဏာများနဲ့ အပြည့်စုံဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း ၊ အရေးကြီးပြသနာများကို ဖြေရှင်းနိုင် သူဖြစ်ကြောင်း ” ချီးကျူးရေးထားပါတယ်။ ‘ဝှီးလား’ ကလည်း “အသက်ခြောက်ဆယ်ခန့် ရှိပြီဖြစ်သော ပခန်းဝန်ကြီးသည် နဖူးကျယ်ကျယ်၊ ကျောက်ပေါက်မာ သက်သက် ၊ ကွမ်းစားထားသော သွားများက မည်းနက်လျက်ရှိပြီး သိက္ခာ သမာဓိနှင့် အပြည့်ရှိသော အသွင်ကိုဆောင်သည် ” ဟု မှတ်တမ်းတင်ခဲ့ပါတယ်။

ဘုရင်ကို ကျော်လွန်တတ်လို့ ပြည်သူများက ချစ်စနိုးနဲ့ ‘ပခန်းရှင်ဘုရင်ကြီး’ ဟုအခေါ်ခံရသူ ၊ မင်းတုန်းမင်းက ‘ဆရာကြီး’ ဟု ခေါ်လေ့ရှိသူ ဦးရန်ဝေးဟာ ၁၂၃၇ ခု ၊ တော်သလင်းလ အသက် ၆၃ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဦးရန်ဝေးကွယ်လွန်တော့ မင်းတုန်းမင်းကိုယ်တိုင် အိမ်တော်ကို ကြွလာပြီး မျက်ရည်စို့စို့နဲ့ ” ဆရာကြီးသည် တိုင်းရေး ပြည်မှုမှစ၍ ကျွန်ုပ်အကျိုးကို များစွာဆောင်ပါပေသည်။ ဆရာကြီးကျေးဇူး ကျွန်ုပ်အပေါ်မှာ ရှိပါပေသည်။ ဆရာကြီး၏ ကျေးဇူးကို ကျွန်ုပ်က ကြီးကျယ်သော ကျေးဇူးပြန်၍ မဆပ်နိုင်၊ မချီးမြှောက်နိုင် ကြွေးတင်လျက် ရှိခဲ့လေသည် ။ ဆရာကြီးကဲ့သို့ ကျွန်ုပ်အပေါ် စောင့်ရှောက်ဆုံးမမည့် မင်းကြီး ပေါ်ပေါက်လာမည် မထင်ပေ ” လို့ မြည်တမ်းရှာပါတယ်။ မင်းတုန်းမင်းရဲ့ စကားဟာ ဝမ်းနည်းကြေကွဲခြင်းမှာ မြစ်ဖျားခံပေမယ့် ပခန်းဝန်ကြီးရဲ့ သီလ၊ မသာဓိဂုဏ် နဲ့ သူကိုယ်တိုင် ဆိုဆုံးမလွယ် သူဖြစ်ကြောင်း ဖော်ပြတဲ့စကားတွေ ဖြစ်တယ်လို့ မှတ်တမ်းတင်ရင်း ဥပဒေအထက်မှာ မည်သူမျှမထားတဲ့ လေးစားဖွယ် ပခန်းမင်းကြီး ဦးရန်ဝေးအကြောင်းကို ဗဟုသုတအဖြစ် တင်ဆက်လိုက်ပါတယ်။

Ref:
သမိုင်းမတွင် သမိုင်းတွင် သမိုင်းဝန်နေတဲ့စကားများ – ချစ်ဦးညို
မြန်မာ့စွယ်စုံကျမ်း
ကုန်းဘောင်ခေတ်မင်းမှုထမ်း အဘိဓာန် – တင်နိုင်တိုး

Leave a Reply