အစၥေရးႏိုင္ငံ ထူေထာင္ျခင္း (သုိ႔) သူရဲေကာင္းမုိေရွဒါယန္ရဲ႕ တုိက္ပြဲမ်ား

Posted on

Via : မိုေရွဒါယန္အစၥေရးသူရဲေကာင္း

ဒုတိယကမၻာစစ္ႀကီး ၿပီးဆုံးခ်ိန္တြင္ (Jews)ဂ်ဴးလူမ်ိဳးတို႔၏ လြတ္လပ္ေရးတိုက္ပြဲမွာ ပို၍ ျပင္းထန္လာသည္။ မိုေ႐ွဒါယန္သည္ (Haganah)ဟာဂါးနားအဖြဲ႕ႀကီး၏ အလံေတာ္ေအာက္တြင္ ႏိုင္ငံေရးေစာက္ခ် လုပ္ကိုင္လ်က္ ႐ွိသည္။ ဂ်ဴးေခါင္းေဆာင္ႀကီး (David Ben-Gurion) ေဒးဗစ္ ဘင္ဂူရီယန္ အမွဴးျပဳေသာ ႏိုင္ငံေရးေခါင္းေဆာင္မ်ားကလည္း ၿဗိတိသွ်အစိုးရအဖြဲ႕ အေျပာင္းအလဲ (ေလဘာပါတီ အစိုးရတက္လာခ်ိန္)ကို အခြင့္ေကာင္းယူကာ အစၥေရးႏိုင္ငံ ထူေထာင္ေရးအတြက္ ႀကိဳးပမ္းေနၾကသည္။ (Golda Meir)ဂိုလ္ဒါ မီယာတို႔လို ႏိုင္ငံရပ္ျခား ႏွံ႔စပ္သူမ်ားကလည္း ဥေရာပႏွင့္ အေမရိကတခြင္သို႔ လွည့္လည္ကာ အစၥေရးႏိုင္ငံထူေထာင္ေရးအတြက္ လိုအပ္ေသာ ဘ႑ာေငြမ်ားကို စုေဆာင္းလ်က္ ႐ွိသည္။ ႏိုင္ငံသစ္ထူေထာင္လွ်င္ ေငြ႐ွိမွ ျဖစ္မည္။ ထို႔ေၾကာင့္ ႏိုင္ငံရပ္ျခားတြင္ စီးပြားေရးျဖစ္ထြန္းေနၾကေသာ ဂ်ဴးလူမ်ိဳးမ်ားထံမွ အမ်ိဳးသားေရး အားေပးၾကရန္ အလွဴခံခဲ့ျခင္း ျဖစ္သည္။

ထိုအခ်ိန္တြင္ မိုေ႐ွဒါယန္တို႔ လူငယ္တစ္စုကလည္း လက္နက္ကိုင္တပ္ဖြဲ႕အတြက္ က်ိတ္၍ ႀကံေနၾကသည္။ စစ္ေသြးစစ္မာန္တက္ေနေသာ မိုေ႐ွဒါယန္သည္ စစ္ပြဲတစ္ရပ္ မုခ် ဆင္ႏြဲရလိမ့္မည္ဟု ယုံၾကည္ေနသည္။ “ဟစ္တလာကို တိုက္ခိုက္ၿပီးၿပီ။ ယခု အဂၤလိပ္ကို ဆက္တိုက္ခိုက္ရဦးမည္”ဟူေသာ ေဒးဗစ္ ဘင္ဂူရီယန္၏ တပ္လွန္႔သံသည္ မိုေ႐ွဒါယန္တို႔ကို တိုက္ပြဲ အသင့္အေနထား ႐ွိေစရန္ လႈံ႕ေဆာ္ေပးထားသည္။ အစၥေရးႏိုင္ငံထူေထာင္ရန္ ပါလက္စတိုင္းေဒသသို႔ ဂ်ဴးလူမ်ိဳးမ်ား အလုံးအရင္းႏွင့္ လာေရာက္ ေနထိုင္ၾကဖို႔ အေရးတႀကီး လိုအပ္ေနသည္။ ၿဗိတိသွ်တို႔က ဂ်ဴးလူမ်ိဳးတို႔ အလုံးအရင္းႏွင့္ စည္း႐ုံးမိမည္ကို စိုးရိမ္ေနသည္။ သို႔ရာတြင္ ဥေရာပတိုက္မွာ နာဇီဂ်ာမာန္တို႔၏ လက္ခ်က္ေၾကာင့္ ေျပးလာေသာ ဂ်ဴးလူမ်ိဳးမ်ားသည္ ပါလက္စတိုင္းေဒသသို႔ အားျဖည့္ ဝင္ေရာက္လာၾကသည္။ အာ႐ွတိုက္ဘက္မွလည္း တစိမ့္စိမ့္ ဝင္ေရာက္ေနဆဲ႐ွိသည္။

အေမရိကန္သမၼတ ထ႐ူးမင္းက ဂ်ဴးလူမ်ိဳးမ်ားကို ပါလက္စတိုင္းေဒသတြင္ ေနရာေပးရန္ ေထာက္ခံသည္။ ပါလက္စတိုင္းသည္ ေ႐ွးႏွစ္ေပါင္းမ်ားစြာ ခရစ္ေတာ္မေပၚမီ BC.1500 ခန္႔ကစ၍ ဂ်ဴးလူမ်ိဳးတို႔၏ ျမင့္ျမတ္ေသာဌာန ျဖစ္ခဲ့သည္။ ထို႔ေၾကာင့္ သူတို႔၏ မူလအစ ေနရာကို သူတို႔ ျပန္ရသင့္သည္ဟု အေမရိကန္အစိုးရက သေဘာထားသည္။ ဂ်ဴးလူမ်ိဳးမ်ားကလာည္း “ပါလက္စတိုင္းေဒသတြင္ ဂ်ဴးလူမ်ိဳးတို႔၏ ကိုယ္ပိုင္ႏိုင္ငံထူေထာင္ရမည္။ ပါလက္စတိုင္းသည္ ဂ်ဴးလူမ်ိဳးတို႔၏ ျမင့္ျမတ္ေသာ မူရင္းေဒသ ျဖစ္သည္”ဟူေသာ (zion)ဇီယြန္ဝါဒကို ကိုင္စြဲကာ မဆုတ္မနစ္ ႀကိဳးပမ္းေနၾကသည္။
အာဂြန္ႏွင့္ စတန္း စေသာ ဂ်ဴးအမ်ိဳးသားေရးအဖြဲ႕မ်ားကမူ ၿဗိတိသွ်လူမ်ိဳးမ်ားကို ေခ်ာင္းေျမာင္းတိုက္ခိုက္ အၾကမ္းဖက္လုပ္ရပ္မ်ားကိုပင္ လုပ္ေဆာင္လာၾကသည္။ ဟာဂါးနား အဖြဲ႕ႀကီးသည္ကား ဂ်ဴးလူမ်ိဳးမ်ား ပို၍ အားေကာင္းလာေရးကိုသာ ဖိဖိစီးစီး ႀကိဳးစားေနသည္။ သေဘၤာျဖင့္ အစုလိုက္အၿပံဳလိုက္ ဝင္ေရာက္လာေရးကိုသာ ဂ်ဴးလူမ်ိဳးမ်ားကို ႀကိဳဆိုလ်က္ ႐ွိသည္။

1948 ခုႏွစ္ ၾသဂုတ္လတြင္ သမိုင္းဝင္ (Exodus)အိပ္ဇိုးဒတ္ သေဘၤာႀကီးျဖင့္ တရားမဝင္ ဝင္ေရာက္လာေသာ ဂ်ဴးလူမ်ိဳး(၄၅ဝဝဝ)တို႔၏ ဇာတ္လမ္းမွာ ေၾကကြဲဖြယ္ရာ ျဖစ္ခဲ့သည္။ အိပ္ဇိုးဒတ္ သေဘၤာႀကီးသည္ (Haifa)ဟိုင္ဖာဆိပ္ကမ္းသို႔ ဝင္လာခ်ိန္တြင္ ဥေရာပမွာ ဂ်ဴးလူမ်ိဳး ဒုကၡသည္မ်ားသည္ လွမ္းျမင္ေနရၿပီျဖစ္ေသာ ဘိုးစဥ္ေဘာင္ဆက္တို႔၏ ဇာတိေျမကို လြမ္းဆြတ္တသစြာ ၾကည့္႐ႈေနၾကစဥ္ ၿဗိတိသွ်သေဘၤာ အို႐ွင္း-ဗီဂါက ကမ္းကပ္ခြင့္မေပးဘဲ ဖမ္းဆြဲကာ ဂ်ာမဏီသို႔ ျပန္ေခၚသြားခဲ့သည္။ ဂ်ဴးလူမ်ိဳးတို႔ ဝမ္းနည္းပူးေဆြးစြာျဖင့္ ငို႐ႈိက္သံမ်ား နာၾကည္းစြား ေတာက္ခါက္သံမ်ားသည္ အိပ္ဇိုးဒတ္သေဘၤာေပၚတြင္ ဖုံးလႊမ္းေနသည္။ အျဖစ္ဆိုးလွေသာ အဆိုပါ ဂ်ဴးဒုကၡသည္မ်ား၏ ဇာတ္ေၾကာင္းကို စာေရးဆရာႀကီး လီယြန္အူးရစၥ က “(Exodus)အိပ္ဇိုးဒတ္”ဟူေသာ အမည္ျဖင့္ ဝတၳဳႀကီး ေရးသားခဲ့သည္။

1947 ခုႏွစ္ ၾသဂုတ္ 31 တြင္ ကုလသမဂၢအဖြဲ႕ႀကီး၏ ပါလက္စတိုင္းေဒသဆိုရာ အထူးေကာမတီက ပါလက္စတိုင္းေဒသကို (Jews) ဂ်ဴးနယ္ေျမႏွင့္ (Arab) အာရပ္နယ္ေျမဟူ၍ ႏွစ္ပိုင္းခြဲျခားသတ္မွတ္ေပးသင့္ေၾကာင့္ တင္ျပသည္။ ကုလသမဂၢအေထြေထြညီလာခံႀကီးက ႏိုဝင္ဘာ(၂၉)ရက္ေန႔တြင္ နယ္ေျမခြဲျခားေပးရန္ အတည္ျပဳ ဆုံးျဖတ္သည္။ ေထာက္ခံမဲ(၃၃)မဲ၊ ကန္႔ကြက္မဲ(၁၃)မဲ၊ ၾကားေနမဲ(၁ဝ)မဲ ျဖစ္သည္။ ေဂ်႐ုဆလင္ၿမိဳ႕ကိုကား ဘာသာေရးအရ အထိမခံဘဲ ျပႆနာတက္လာရန္ အလားအလာ႐ွိေသာေၾကာင့္ ႏိုင္ငံတကာ၏ ႀကီးၾကပ္မႈေအာက္တြင္ ထား႐ွိရန္ အမ်ားသေဘာတူ ဆုံးျဖတ္ အတည္ျပဳလိုက္သည္။

1947 ႏိုဝင္ဘာ(29) ေသာၾကာေန႔
ကုလသမဂၢညီလာခံ
United Nations Partition Plan for Palestine

ကုလသမဂၢအေထြေထြညီလာခံႀကီး စတင္ေနၿပီ ျဖစ္သည္။ ပါလက္စတိုင္းအေရး မဲခြဲရန္ ျဖစ္သည္။
“ကၽြႏု္ပ္တို႔သည္ ႏိုင္ငံတစ္ခုစီ၏ အမည္ေခၚၿပီး ခြဲေရးအဆိုကို မဲခြဲဆုံးျဖတ္ပါမယ္။ ခြဲေရးအဆိုဟာ မဲအေရအတြက္ရဲ့ (၃)ပုံ/(၂)ပုံရမွ အႏိုင္ရ႐ွိမွာ ျဖစ္ပါတယ္။ ႏိုင္ငံတိုင္းက ကိုယ္စားလွယ္ေတြဟာ (ေထာက္ခံပါတယ္)/ (ကန္႔ကြက္ပါတယ္)/ (ၾကားေနပါတယ္)ဆိုတဲ့ (၃)မ်ိဳးတို႔တြင္ ႀကိဳက္ရာ တစ္မ်ိဳးကို မဲေပးႏိုင္ပါတယ္။”

ကုလသမဂၢညီလာခံခန္းမႀကီး တစ္ခုလုံး ၿငိမ္သက္ေနသည္။

(1) အာဖဂန္နစၥတန္။…..။ “ကန္႔ကြက္ပါတယ္”✗
(ဂ်ဴးတို႔သည္ ပြဲဦးထြက္ထြက္ခ်င္း ခံလိုက္ရၿပီ)
(2) အာဂ်င္တီးနား။…..။”ၾကားေနပါတယ္” (*)

(3) ၾသစေၾတးလီးယား။…..။”ခြဲထြက္ေရးကို ေထာက္ခံပါတယ္”✔1
(ၿဗိတိသွ်ဓနသဟာယ အဖြဲ႕ဝင္ႏိုင္ငံ၏ ပထမဆုံး မဲျဖစ္ေသာေၾကာင့္ ပရိသတ္မ်ား လႈပ္႐ွားသြားသည္)
(4) ဘယ္လ္ဂ်ီယံ။…..။”ေထာက္ခံပါတယ္”✔2
(5) ဘိုလီးဗီးယား။…..။”ေထာက္ခံပါတယ္”✔3

(6) ဘရာဇီး။…..။”ေထာက္ခံပါတယ္”✔4
(ေတာင္အေမရိကတိုက္မွ မဲမ်ားသည္ တစ္စုတစ္စည္း ရေနသည္။ ယခုခ်ိန္ထိ ေထာက္ခံမဲ(၄)မဲ၊ ကန္႔ကြက္မဲ(၁)မဲ၊ ၾကားေနမဲ(၁)မဲ ျဖစ္ေနသည္။ ေနာက္လာမည့္ ဘိုင္လို-႐ု႐ွား ျဖစ္သည္။ ဆိုဗီယက္ျပည္ေထာင္စုသည္ တကယ္ ဘာလုပ္မည္ဆိုျခင္းကို သိရေတာ့မည္။)

(7) ဘိုင္လို-႐ု႐ွား။…..။”ေထာက္ခံပါတယ္”✔5
(ဂ်ဴးမ်ားသည္ အခုမွ အသက္႐ႈႏိုင္ေတာ့သည္။ ယခုထိ အေျခအေနအရ အေ႐ွ႕ဥေရာပႏိုင္ငံမ်ားမွ မဲမ်ားကို သူတို႔ ရေတာ့မည္။ အေျခအေနေကာင္းေနသည္။)
(8) ကေနဒါ။…..။”ေထာက္ခံပါတယ္”✔6
(ဒုတိယေျမာက္ ၿဗိတိသွ်ဓနသဟာယ အဖြဲ႕ဝင္ႏိုင္ငံ၏ မဲကို ဂ်ဴးတို႔ ရျပန္သည္။)

(9) ခ်ီလီ။…..။”ၾကားေနပါတယ္” (*)
(10) တ႐ုတ္ျပည္။…..။”ၾကားေနပါတယ္” (*)
ထိုအခ်ိန္က တ႐ုတ္ျပည္သည္ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံ မဟုတ္ေသး။ ဤတရုတ္ျပည္သည္ ေဖာ္မိုဆာ(ထိုင္ဝမ္) ျဖစ္သည္။

(11) ကိုစတာရီကာ။…..။”ေထာက္ခံပါတယ္”✔7
(12) က်ဴးဘား။…..။”ကန္႔ကြက္ပါတယ္”✗
(13)ခ်က္ကိုစလိုေဗးကီးယား ။…..။”ေထာက္ခံပါတယ္”✔8
(14) ဒိန္းမတ္။…..။”ေထာက္ခံပါတယ္”✔9

(15) ဒိုမီနီကန္။…..။”ေထာက္ခံပါတယ္”✔10
(16) အီဂ်စ္။…..။”ျပင္းျပင္းထန္ထန္ ကန္႔ကြက္ပါတယ္”✗
(ခန္မႀကီး တစ္ခုလုံး ဆူဆူညံျဖစ္ၿပီး ခဏၾကာမွ ၿငိမ္သက္သြားေလသည္)
(17) အီေကြေဒါ။…..။”ေထာက္ခံပါတယ္”✔11

(18) အီသီယိုးပီးယား။…..။”ၾကားေနပါတယ္” (*)
(အာရပ္ႏိုင္ငံကိုယ္စားလွယ္မ်ားက အီသီယိုးပီးယားကိုယ္စားလွယ္ကို မေက်နပ္သည့္ပုံစံျဖင့္ ၾကည့္ေနသည္)
(19) ျပင္သစ္။…..။”ေထာက္ခံပါတယ္”✔12
(ႀကီးေလးႀကီးတို႔ ပထမဆုံးမဲကို ဂ်ဴးတို႔ ရျပန္သည္)

(20) ဂြာတီမာလာ။…..။”ေထာက္ခံပါတယ္”✔13
(21) ဂရိ။…..။”ကန္႔ကြက္ပါတယ္”✗
(22) ဟြန္ဒူရပ္စ္။…..။”ၾကားေနပါတယ္” (*)
(23) အိုက္စလန္။…..။”ေထာက္ခံပါတယ္”✔14

(24) အိႏၵိယ။…..။”ကန္႔ကြက္ပါတယ္”✗
(25) အီရန္။…..။”ကန္႔ကြက္ပါတယ္”✗
(26) အီရတ္။…..။”ယခုလည္း ကန္႔ကြက္ပါတယ္”✗
“ဂ်ဴးေတြကို ဘယ္ေတာ့မွ အသိအမွတ္ မျပဳႏိုင္ဘူး”

(27) လက္ဘႏြန္။…..။”ကန္႔ကြက္ပါတယ္”✗
(ယခုခ်ိန္ထိ ေထာက္ခံမဲ(၁၄)မဲ၊ ကန္႔ကြက္မဲ(၈)မဲ၊ ၾကားေနမဲ(၅)မဲ ျဖစ္ေနသည္။ ဂ်ဴးတို႔သည္ ၃-ပုံ ၂-ပုံမဲ အေျခအေနအရ (၁)မဲ အသာရေနသည္။
(28) လိုက္ေဘးရီးယား။…..။”ေထာက္ခံပါတယ္”✔15
(29) လူဇင္ဘတ္။…..။”ေထာက္ခံပါတယ္”✔16

(30) မကၠဆီကို။…..။”ၾကားေနပါတယ္” (*)
(31) နယ္သာလန္။…..။”ေထာက္ခံပါတယ္”✔17
(32) နယူးဇီလန္။…..။”ေထာက္ခံပါတယ္”✔18
(33) ေနာ္ေဝ။…..။”ေထာက္ခံပါတယ္”✔19

(34) ပါကစၥတန္။…..။”ကန္႔ကြက္ပါတယ္”✗
(35) ပနားမား။…..။”ေထာက္ခံပါတယ္”✔20
(36) ပါရာေဂြး။…..။”ေထာက္ခံပါတယ္”✔21
(37) ဖိလစ္ပိုင္။…..။”ေထာက္ခံပါတယ္”✔22

(မဲအေျခအေနမွာ ေထာက္ခံမဲ(၂၂)မဲ၊ ကန္႔ကြက္မဲ(၉)မဲ၊ ၾကားေနမဲ(၆)မဲ ျဖစ္ေနသည္)
(38) ပိုလန္။…..။”ေထာက္ခံပါတယ္”✔23
(39) ထိုင္း။…..။ အစည္းအေဝး မတက္ပါ။
(40) ေဆာ္ဒီအာေရဗ်။…..။”ကန္႔ကြက္ပါတယ္”✗

(41) ဆြီဒင္။…..။”ေထာက္ခံပါတယ္”✔24
(42) ႏိုက္ကာရာေဂြး။…..။”ေထာက္ခံပါတယ္”✔25
(43) ဆီးရီးယား။…..။”ကန္႔ကြက္ပါတယ္”✗
(44) တူရကီ။…..။”ကန္႔ကြက္ပါတယ္”✗

(45) ယူကရိန္း။…..။”ေထာက္ခံပါတယ္”✔26
(46) ေတာင္အာဖရိက။…..။”ေထာက္ခံပါတယ္”✔27
(47) ဆိုဗီယက္ျပည္ေထာင္စု။…..။”ေထာက္ခံပါတယ္”✔28
(48) ၿဗိတိန္။…..။”ၾကားေနပါတယ္” (*)

(49) အေမရိကန္ျပည္ေထာင္စု။…..။”ေထာက္ခံပါတယ္”✔29
(50) ယီမင္။…..။”ကန္႔ကြက္ပါတယ္”✗
(51) ေဟတီ။…..။”ေထာက္ခံပါတယ္”✔30

(52) ပီ႐ူး။…..။”ေထာက္ခံပါတယ္”✔31
(53) ယူဂိုဆလားဗီးယား။…..။”ၾကားေနပါတယ္” (*)
(54) ကိုလံဘီယာ။…..။”ၾကားေနပါတယ္” (*)

(55) ဆာဗားဒါး။…..။”ၾကားေနပါတယ္” (*)
(56) ဥ႐ုေဂြး။…..။”ေထာက္ခံပါတယ္”✔32
(57) ဗင္နီဇြဲလား။…..။”ေထာက္ခံပါတယ္”✔33

ဇာတ္လမ္းက ဆုံးေခ်ၿပီ။ သတင္းေထာက္မ်ားကလည္း အေျပးအလႊား သတင္းေခါင္းစဥ္မ်ား ပို႔ေနၿပီ။ ယီမင္ႏိုင္ငံက အာရပ္အုပ္စုအတြက္ (၁၃)ခုေျမာက္ မဲေပးၿပီး၊ ဥ႐ုေဂြးႏွင့္ ဗင္နီဇြဲလားတို႔က ခြဲထြက္ေရးအတြက္ (၃၂)မဲေျမာက္ (၃၃)မဲေျမာက္ ျဖစ္ေစေအာင္ ေထာက္ခံမဲ ေပးလိုက္ၾကေလသည္။ တကယ္တမ္း မဲေရြးလိုက္ေသာအခါ ဂ်ဴးမ်ားက (၃၃)မဲျဖင့္ အျပတ္အသတ္ အႏိုင္ရသြားေလသည္။ အာရပ္အုပ္စုမွာ (၁၃)မဲသာ ရ႐ွိေလသည္။ ဂ်ဴလူမ်ိဳးမ်ား အႏိုင္ရ႐ွိသြားၾကေလၿပီ။ တဲလ္အဗစ္မွာ ႐ွိေသာ ဂ်ဴးလူမ်ိဳးမ်ားကလည္း ေပ်ာ္ပြဲသဘင္ ဆင္ယင္ႏိုင္ၾကၿပီ။ သို႔ေသာ္ ဘင္ဂူရီယန္ႏွင့္ ႏိုင္ငံေရးေခါင္းေဆာင္မ်ားကမူ ဂ်ဴးႏိုင္ငံ(အစၥေရးႏိုင္ငံ) ထူေထာင္ႏိုင္ဖို႔ထက္ ထူးဆန္းေသာ အစြမ္းအစကို ျပႏိုင္ပါမွ ျဖစ္မည္ကို သူတို႔သိသည္။ အေၾကာင္းကား ပတ္ဝန္းက်င္တြင္ အာရပ္ႏိုင္ငံ အားလုံးက “ဂ်ဴးမ်ားကို အျပတ္႐ွင္းပစ္”ဟူေသာ အသံသည္ မိုးၿခိမ္းသံကဲ့သို႔ ဟိန္းေနေသာေၾကာင့္ ျဖစ္သည္။

ဆီးရီးယားသမၼတ။…..။”က်ဳပ္တို႔ ပါလက္စတိုင္းေျမနဲ႔ အတူေနမယ္၊ အတူေသမယ္”
အီဂ်စ္ သတင္းစာ။…..။”အီရတ္လူမ်ိဳး (၅)သိန္းဟာ ဘာသာေရးစစ္ပြဲဆင္ႏႊဲဖို႔ အသင့္ျဖစ္ေနၿပီ။ ဆီးရီးယားတပ္ဖြဲ႕(၁၅ဝဝဝ)ဟာ ပါလက္စတိုင္းနယ္စပ္ ေရာက္ေနၾကၿပီ။ အီဂ်စ္၏ ႀကီးမားေသာ စစ္တပ္ႀကီးကလည္း ဂ်ဴးမ်ား သူတို႔ႏိုင္ငံ ထူေထာင္ေၾကာင္း ေၾကညာလွ်င္ ဂ်ဴးမွန္သမွ် ေျမထဲပင္လယ္ထဲ ေမာင္းခ်မည္။”
ဆီရီယန္ ဝန္ႀကီးခ်ဳပ္။…..။”စကားေျပာ ရပ္ၾကစို႔၊ ညီအစ္ကိုယ္ေတာ္ မူဆလင္မ်ား ထၾကကုန္ေလာ့၊ ဇီယြန္လူမ်ိဳးမ်ားအား ေမာင္းထုတ္ၾကကုန္ေလာ့။”

ေဆာင္ဒီအာေရဗ် ဘုရင္။…..။”က်ဳပ္တို႔ဆီမွာ အာရပ္လူမ်ိုး သန္း(၅ဝ)႐ွိတယ္၊ ဒီဂ်ဴးေတြကို သတ္ဖို႔ ဘာလို႔ လူ(၁ဝ)သန္းေလာက္ မျဖဳန္းႏိုင္ရမွာလဲ၊ တန္ပါတယ္။”
အာရပ္ လူငယ္အဖြဲ႕။…..။”ဓားအိမ္မွ ဓားမ်ားထုတ္ၾက၍ ဂ်ဴးမ်ားကို ခုတ္ၾကကုန္ေလာ့၊ ဂ်ဴးမ်ား က်ဆုံးရမည္၊ ကၽြႏ္ုပ္တို႔သည္ ေအာင္ပြဲခံရမယ္။”
ကုလသမဂၢ၏ ဆုံးျဖတ္ခ်က္ကို ႏိုင္ငံအတည္တက် မ႐ွိ႐ွာၾကေသာ ဂ်ဴးလူမ်ိဳးတို႔က ေက်နပ္စြာ လက္ခံၾကသည္။ မည္သို႔ဆိုေစ ပါလက္စတိုင္းေဒသတြင္ မိမိတို႔ ေက်ာတစ္ခင္းစာ တစ္အိုးတစ္အိမ္ ထူေထာင္ႏိုင္ၿပီဟု ဝမ္းသာေနၾကသည္။ သို႔ရာတြင္ အာရပ္လူမ်ိဳးမ်ားကမူ ဂ်ဴးလူမ်ိဳးတို႔၏ နယ္ေျမတည္႐ွိမႈကို လုံးဝ လက္မခံႏိုင္ေခ်။ ဂ်ဴးလူမ်ိဳးတို႔ကို လုံးဝ ေမာင္းထုတ္ေရးကိုသာ အားသြန္ႀကိဳးပမ္းလ်က္ ႐ွိသည္။

1948 ဇန္နဝါရီ 10 တြင္ အာရပ္လြတ္ေျမာက္ေရး တပ္မေတာ္က ဂ်ဴးရပ္ကြက္မ်ားကို စနစ္တက် တိုက္စစ္ဆင္လာသည္။ ေဖေဖာ္ဝါရီ(၂၂)တြင္ ေဂ်႐ုဆလင္ၿမိဳ႕႐ွိ ဂ်ဴးရပ္ကြက္၌ ၿဗိတိသွ်သံခ်ပ္ကာကားမ်ားကို အာရပ္တို႔က ေဖာက္ခြဲမီး႐ႈိ႕ၾကရာ ဂ်ဴးတို႔၏ ေနအိမ္မ်ား ပ်က္စီးခဲ့ရၿပီး လူေပါင္း(၅ဝ)ေက်ာ္ ေသဆုံးခဲ့ရသည္။ အဆိုပါ ေဖာက္ခြဲမႈႀကီးတြင္ ၿဗိတိသွ်တပ္ေျပးမ်ား၊ ယူဂိုဆလပ္ႏွင့္ ပိုလန္လူမ်ိဳးမ်ား၊ အီဂ်စ္ေထာင္မွ လႊတ္ေပးလိုက္ေသာ ဂ်ာမာန္ နာဇီေဟာင္းမ်ား ပါဝင္သည္ဟု ဂ်ဴးလူမ်ိဳးဘက္က စြပ္စြဲသည္။ အာရပ္မ်ား၏ တိုက္စစ္မွာ မရပ္တန္႔ဘဲ ပို၍ ျပင္းထန္လာသည္။ မတ္လကုန္မွစ၍ ေဂ်႐ုဆလင္ၿမိဳ႕႐ွိ ဂ်ဴးရပ္ကြက္အားလုံးကို အၾကမ္းဖက္တိုက္ခိုက္မႈမ်ား ပို၍ မ်ားျပားလာသည္။ ဂ်ဴးလူမ်ိဳးမ်ားမွာ အုပ္စုျဖင့္သာ သြားလာေနထိုင္ရေသာ အေျခအေနသို႔ ေရာက္ေနၾကရသည္။ ၿဗိတိသွ် စစ္အရာ႐ွိႀကီးမ်ား ႀကီးမွဴးေသာ အာရပ္နယ္ျခားစစ္တပ္မ်ားသည္ ေဂ်ာ္ဒန္ႏိုင္ငံမွ တစ္ဆင့္ ပါလက္စတိုင္းေဒသသို႔ ကူးဝင္လာက စစ္ျပင္ဆင္ေနၾကသည္။

ဂ်ဴးအမ်ိဳးသားတို႔၏ ဟာဂါးနားအဖြဲ႕ကလည္း တန္ျပန္တိုက္စစ္ဆင္ရန္ ျပင္ဆင္ေလရေတာ့သည္။ ဂ်ဴးအၾကမ္းဖက္မ်ားကမူ အာရပ္ေက်းရြာမ်ားတြင္ ရက္စက္ၾကမ္းၾကဳပ္စြာ ျပန္လွန္တိုက္ခိုက္ သတ္ျဖတ္မႈမ်ား ျပဳလုပ္လာၾကသည္။ ရန္ၿငိဳးမေျပႏိုင္ၾကေသာ လူမ်ိဳး(၂)မ်ိဳးသည္ မည္သို႔မွ် ဖ်န္ေျဖ၍ မရေအာင္ သဲသဲမဲမဲ သတ္ျဖတ္ေနၾကေလေတာ့သည္။ ၿဗိတိသွ်တို႔က ပါလက္စတိုင္းေဒသကို ထိန္းသိန္းေစာင့္ေ႐ွာက္ ေဂါပကအုပ္ခ်ဳပ္ေရးျဖင့္ အုပ္ခ်ဳပ္မႈကို 1948 ခုႏွစ္၊ ဇန္နဝါရီ(15)ရက္ေန႔တြင္ စြန္႔လႊတ္ရေတာ့မည္ ျဖစ္သည္။ ထိုအခ်ိန္မတိုင္မီ ဂ်ဴးလူမ်ိဳးမ်ားက နယ္ေျမမ်ားကို လက္ဦးထားဖို႔ အေရးႀကီးသည္။ မိုေ႐ွဒါယန္သည္ စနစ္တက် လက္ဦးမႈကို စတင္ႀကိဳးပမ္းေလေတာ့သည္။ ဟိုင္ဖာႏွင့္ ဂ်က္ဖာကဲ့သို႔ေသာ ဆိပ္ကမ္းၿမိဳ႕မ်ားကို အပိုင္စီးထားသည္။ တာဘားရီးယပ္ႏွင့္ ဆာဖက္ ၿမိဳ႕ကိုလည္း သိမ္းလိုက္သည္။ မိုေ႐ွဒါယန္တို႔အဖြဲ႕က စစ္ေရးအရ လက္ဦးမႈ ရယူခဲ့သလို ဂ်ဴးႏိုင္ငံေရးေခါင္းေဆာင္မ်ားကလည္း ၿဗိတိသွ်တို႔ မထြက္ခြာမီ ႀကိဳတင္၍ (Tel Aviv) တဲလ္ အဗစ္ၿမိဳ႕၌ ယာယီအစိုးရကို ဖြဲ႕လိုက္သည္။ ဂ်ဴးေခါင္းေဆာင္ႀကီး ေဒးဗစ္ ဘင္ဂူရီယန္သည္ ဝန္ႀကီးခ်ဳပ္ျဖစ္လာသည္။

ႏွစ္ေပါင္း(၂ဝဝဝ)ေက်ာ္မွ် အႏွိမ္ခံ၊ အပစ္ပယ္ခံ၊ အမုန္းခံ၊ အႏွိပ္စက္ခံ၊ တိုင္းျပည္မဲ့ လူမ်ိဳးအျဖစ္မွ ဂ်ဴးလူမ်ိဳးတို႔ အသက္ေခၽြး ေျမာက္ျမားစြာ ေပးဆပ္၍ ပါလက္စတိုင္း နယ္ေျမထဲ၌ အစၥေရးႏိုင္ငံသစ္ ျပန္လည္ တည္ေဆာက္ႏိုင္ေလၿပီ။ 1948 ခုႏွစ္ ေမလ(14)ရက္ေန႔တြင္ ယာယီအစိုးရ ဝန္ႀကီးခ်ဳပ္ ေဒးဗစ္ ဘင္ဂူရီယန္က လြတ္လပ္ေသာ (Israel) အစၥေရးႏိုင္ငံ ထူေထာင္ၿပီးေၾကာင္း ေၾကညာလိုက္သည္။ ထိုေန႔မွာပင္ အာရပ္(၅)ႏိုင္ငံက အစၥေရးကို ဝိုင္းတိုက္ၾကေလေတာ့သည္။ လက္ဘႏြန္က ေျမာက္ဘက္မွ ဝင္တိုက္သည္။ ဆီးရီးယားက အေ႐ွ႕ေျမာက္ဘက္မွ၊ ေဂ်ာ္ဒန္က အေ႐ွ႕ဘက္မွ၊ အီဂ်စ္က ေတာင္ဘက္မွ အသီးသီး ဝင္ေရာက္တိုက္ခိုက္ၾကသည္။ အီရတ္ကလည္း ေဂ်ာ္ဒန္ကို ျဖတ္ေက်ာ္ၿပီး လာတိုက္သည္။ အီဂ်စ္ႏွင့္ ဆီးရီးယားတပ္မ်ားတြင္ တင့္ကားမ်ား ပါဝင္သည္။ ေဂ်ာ္ဒန္ႏွင့္ အီရတ္တပ္တို႔က သံခ်ပ္ကာကားမ်ား ပါဝင္လာသည္။ အီဂ်စ္ႏိုင္ငံက စစ္ေလယာဥ္ႀကီး အစင္း(၆ဝ)ကို အသုံးျပဳသည္။ ေဂ်ာ္ဒန္က နာမည္ေက်ာ္ အာရပ္လီဂ်င္းတပ္ေခၚ နယ္ျခားေစာင့္တပ္ႀကီး ပါဝင္လာသည္။ ထိုတပ္ႀကီးသည္ ၿဗိတိသွ်တို႔၏ ဦးေဆာင္ေလ့က်င့္မႈကို (၂၅)ႏွစ္ၾကာမွ် ခံယူခဲ့ၿပီး လက္နက္ခဲယမ္းႏွင့္ ျပည့္စုံေသာ တပ္ဖြဲ႕ႀကီး ျဖစ္သည္။

အဆိုပါ ရန္သူအာရပ္(၅)ႏိုင္ငံႏွင့္ ရင္ဆိုင္တိုက္ခိုက္ေနရေသာ အစၥေရးႏိုင္ငံသစ္ေလးတြင္ ဟာဂါနား အဖြဲ႕၏ လက္နက္ကိုင္တပ္ဖြဲမ်ားမွ လြဲ၍ အျခားေသာ အၿမဲတမ္း တပ္မေတာ္ဟူ၍ မ႐ွိေသး။ ဟာဂါနားတပ္မွာလည္း လက္နက္ငယ္သာ ႐ွိသည္။ လက္နက္ႀကီးဟူ၍ ျပတိုက္တြင္ ထားရမည့္ အေျမာက္(၃)လက္သာ ႐ွိသည္။ စစ္ေလယာဥ္ တစ္စင္းမွ် မ႐ွိ၊ တင့္ကား မ႐ွိ၊ သံခ်ပ္ကာကား မ႐ွိ။ အစၥေရးႏိုင္ငံသစ္ကေလးအဖို႔ အသက္ႏွင့္ကိုယ္ တည္ၿမဲရန္ နာရီပိုင္းမွ်သာ ႐ွိေတာ့မည္ဟု တစ္ကမၻာလုံးက ေဟာကိန္းထုတ္ခဲ့ၾကသည္။ သတၱဝါႏွင့္ လက္နက္ မမွ်ေအာင္ ဆိုးရြားေနေသာ အျဖစ္မ်ိဳးဟူ၍ အစၥေရးႏိုင္ငံေလးကို က႐ုဏာ ပိုမိလာၾကသည္။

သို႔ရာတြင္ အစၥေရးႏိုင္ငံသားမ်ားသည္ “ေသလွ်င္ ေျမႀကီး၊ ႐ွင္လွ်င္ ေရႊထီး”ဟု သေဘာထားကာ ခုခံကာကြယ္ တိုက္ခိုက္ၾကေလသည္။ တဲလ္အဗစ္ၿမိဳ႕ေပၚသို အီဂ်စ္ေလတပ္က ဗုံးမိုးရြားေနေသာ္လည္း အစၥေရးႏိုင္ငံ၏ နယ္နမိတ္ကိုမူ တစ္လက္မမွ် မဆုံး႐ႈံးရေအာင္ ကာကြယ္ခဲ့ရသည္။ အခ်ိဳ႕စစ္သားမ်ားသည္ ဖိနပ္မပါ ဦးထုပ္မပါဘဲ ပူျပင္းေသာ သဲကႏၲာရတြင္ တိုက္ပြဲဝင္ေနၾကရသည္။ 1948 ခုႏွစ္ ေမလ(15)ရက္ (အစၥေရးႏိုင္ထူေထာင္ၿပီး ေနာက္တစ္ေန႔)မွစ၍ မိုေ႐ွဒါယန္သည္ သူ၏ ေမြးဖြားရာဇာတိျဖစ္ေသာ ဒါဂါးနီးယားၿမိဳ႕တြင္ အထူးတပ္မွဴးႀကီးအျဖစ္ စတင္ တာဝန္ယူရသည္။ မိုေ႐ွဒါယန္တို႔ အဓိက ရင္ဆိုင္ရေသာ ရန္သူမွာ ဆီးရီးယားတပ္မ်ား ျဖစ္သည္။ တင့္ကားမ်ားစြာ ပါဝင္လာသည္။ မိုေ႐ွဒါယန္၏ တပ္ဖြဲ႕မ်ားမွာမူ မီးက်ိဳး ေမာင္းပ်က္ လက္နက္ငယ္မ်ားသာ စြဲကိုင္ႏိုင္သည္။ ထို႔ေၾကာင့္ ဆီးရီးယား တင့္ကားတပ္မ်ားစြာတို႔သည္ မိုေ႐ွဒါယန္၏ ေနာက္ဆုံး ခံစစ္စခန္းမွ ကိုက္အနည္းငယ္မွ် ကြာလွမ္းသည္ထိ ထိုးေဖာက္ဝင္ေရာက္လာသည္။ ထိုတိုက္ပြဲတြင္ မိုေ႐ွဒါယန္သည္ စိတ္ဓာတ္စစ္ဆင္ေရး၏ အေရးႀကီးပုံကို သေဘာေပါက္ခဲ့သည္။ လက္နက္အင္အား လူအင္အား အဆမတန္ ကြာျခားလွေသာ ရန္သူကို ရင္ဆိုင္တိုက္ရာတြင္ မိမိတပ္သားမ်ားအေနျဖင့္ “ဘယ္ေတာ့မွ အႏိုင္မခံ အ႐ႈံးမေပး”ဟူေသာ သႏၷိ႒ာန္ကို စြဲၿမဲစြာ ႏွလုံးသြင္းၾကဖို႔ လႈံ႕ေဆာ္ရမည္။ ဤေနရာတြင္ တပ္မွဴးလုပ္သူသည္ စံျပျဖစ္ေစရမည္၊ တပ္သားအားလုံးအတြက္ နမူနာ ျဖစ္ေစရမည္။

ထို႔ေၾကာင့္ တိုက္ပြဲျဖစ္စဥ္ တေလွ်ာက္လုံးတြင္ မိုေ႐ွဒါယန္သည္ ေ႐ွ႕ဆုံး တပ္ဦးမွ ေနရာယူသည္။ “(Forward) ေ႐ွ႕တက္ ေ႐ွ႕တက္”ဟူေသာ အမိန္ေပးသံကို မိုေ႐ွဒါယန္ထံမွ လုံးဝ မၾကားရ၊ “(Follow Me) ငါ့ေနာက္ လိုက္ခဲ့ၾက”ဟူေသာ အမိန္ေပးသံကိုသာ တပ္သားမ်ား ၾကားရသည္။
ထိုအခ်ိန္မွ စ၍ မိုေ႐ွဒါယန္ ဦးေဆာင္ေသာ အစၥေရးစစ္တပ္မ်ားတြင္ တပ္မွဴးမ်ား၏ အမိန္႔စကားသည္ “ေ႐ွ႕တက္ ေ႐ွ႕တက္” မဟုတ္ေတာ့ဘဲ “ငါ့ေနာက္ လိုက္ခဲ့ၾက”ဟူ၍ ေျပာစမွတ္ ျပဳေလေတာ့သည္။ လက္တစ္ကမ္းတိုက္ပြဲ၊ လွံစြပ္ထိုးတိုက္ပြဲမ်ားတြင္ မ်က္စိတစ္ဘက္ အဝတ္နက္ဖုံးထားေသာ မိုေ႐ွဒါယန္သည္ သာမန္ စစ္သားကေလးတစ္ဦးႏွင့္ ရင္ေဘာင္တန္းလ်က္ တိုက္ခိုက္ေနသည္ကို ေတြ႕ရသည္။ ထိုသို႔ ေနာက္မဆုတ္တမ္း ရြက္ရြက္ခၽြံခၽြံ ခုခံမႈေၾကာင့္ ဆီးရီးယားတပ္မ်ားသည္ မိုေ႐ွဒါယန္၏ ခံစစ္စခန္းမွ ေ႐ွ႕မတိုးႏိုင္ဘဲ ရပ္တန္႔ေနေလေတာ့သည္။

သို႔ရာတြင္ ေရ႐ွည္အားျဖင့္ မိုေ႐ွဒါယန္၏ တပ္ဖြဲ႕သည္ ဆက္လက္ ခုခံႏိုင္စြမ္း မ႐ွိ။ သူ၏ တပ္ဖြဲ႕သည္ စိတ္ေဆာင္၍သာ တိုက္ေနရသည္။ တကယ္တမ္းမွမူ ေျခလက္မ်ား မသယ္ႏိုင္ေလာက္ေအာင္ စစ္ပန္းေနၿပီ ျဖစ္သည္။ ယင္းသို႔ ေဘးက်ပ္နံက်ပ္ ျဖစ္ေနခ်ိန္တြင္ ကယ္တင္႐ွင္ႀကီး ေပၚေပါက္လာေလသည္။ ယင္း ကယ္တင္႐ွင္ႀကီးကား အျခားမဟုတ္၊ ကုလသမဂၢႀကီးပင္ ျဖစ္သည္။ အာရပ္+အစၥေရးစစ္ပြဲသည္ ရက္သတၱပတ္(၄)ပတ္ ၾကာၿပီးေနာက္ 1948 ခုႏွစ္ ဇြန္(၁၁)တြင္ ကုလသမဂၢက ၾကားဝင္၍ ဖ်န္ေျဖသည္။ ယာယီ အတိုက္အခိုက္ ရပ္စဲၾကရန္ ကုလသမဂၢက ပန္ၾကားသည္။ ထို႔ေၾကာင့္ ယာယီအားျဖင့္ ေသနတ္သံ ရပ္စဲသြားသည္။ မိုေ႐ွဒါယန္ႏွင့္ စစ္ေခါင္းေဆာင္မ်ားသည္ ကုလသမဂၢကို စိတ္ထဲက က်ိတ္၍ အထူးပင္ ေက်းဇူးတင္မိၾကသည္။ မ်က္ျဖဴဆိုက္ေနရေသာ အေျခအေနမွ အသက္႐ွဴေခ်ာင္ေသာ အေျခအေနသို႔ ျပန္ေရာက္လာသည္။

သို႔ရာတြင္ အတိုက္အခိုက္ ရပ္စဲေရးသည္ ယာယီမွ်သာျဖစ္ေၾကာင္း မိုေ႐ွဒါယန္က နားလည္ထားသည္။ ရန္လိုေနေသာ အာရပ္မ်ားႏွင့္ ဥဒါန္းမေၾက စစ္ပြဲမ်ား ဆက္လက္ ဆင္ႏႊဲရဦးမည္ကို ႀကိဳတင္တြက္ဆထားသည္။ ထို႔ေၾကာင့္ စစ္ရပ္နားခ်ိန္ကို အလဟႆ မျဖစ္ေစဘဲ လက္နက္လူသူ ျဖည့္ဆည္းစု႐ုံးျခင္းကို စနစ္တက် ျပဳလုပ္ေနသည္။ စစ္စခန္းမ်ားကုိ ျပန္လည္ ေနရာခ်ၿပီးေနာက္ ခံစစ္အတြက္ စိတ္ခ်ရၿပီဟု ယူဆရခ်ိန္တြင္ အလွ်ိဳ႕ဝွက္ဆုံး အႀကံအစည္တစ္ခုကို မိုေ႐ွဒါယန္က က်ိတ္၍ ႀကံစသည္သည္။ သူသည္ သတၱိေကာင္းေသာ လက္ေရြးစင္ လူတစ္စုကို ေရြးခ်ယ္ၿပီး အေသခံ ကြန္မန္ဒိုတပ္ကို ဖြဲ႕စည္းသည္။ ထိုတပ္ဖြဲ႕အားလုံးသည္ “ေသမထူး ႐ွင္မထူး” မထူးတပ္သားမ်ား ျဖစ္ၾကသည္။ ထို မထူးတပ္သားမ်ားကို လွ်ပ္တျပက္တိုက္ခိုက္နည္းကို မိုေ႐ွဒါယန္ကိုယ္တိုင္ လက္ထပ္သင္ၾကားေပးေလသည္။ မိုေ႐ွဒါယန္၏ တိုက္စစ္ေဆာင္ပုဒ္မွာ “အတင္းဝင္ အတင္းထိုးေဖာက္၊ ျမင္သမွ် ရန္သူကို သုတ္သင္”ဟူ၍ ျဖစ္သည္။

မိုေ႐ွဒါယန္သည္ ကုလသမဂၢ၏ ေက်းဇူျဖင့္ တစ္လခန္႔ စစ္နားေနခ်ိန္၌ အထက္ပါ လုပ္စရာ႐ွိသည္မ်ားကို အားလုံး ျပင္ဆင္ၿပီးစီးခဲ့သည္။
1948 ဇူလိုင္(9)တြင္ ႐ုတ္တရက္ စစ္ျပန္ျဖစ္ခ်ိန္တြင္ မိုေ႐ွဒါယန္သည္ သူ၏ အႀကံအစသည္အတိုင္း လွ်ပ္တျပက္ တိုက္စစ္ဆင္ႏႊဲႏိုင္ခဲ့သည္။ မိုေ႐ွဒါယန္၏ အေသခံ ကြန္မန္ဒိုတပ္ဖြဲ႕သည္ စက္ေသနတ္မ်ား တပ္ဆင္ထားေသာ ဂ်စ္ကားမ်ားျဖင့္ ရန္သူ ဆီးရီးယားတို႔၏ နယ္ေျမထဲသို႔ ဒလၾကမ္းေမာင္းႏွင္ကာ လမ္းတေလွ်ာက္ ေတြ႕သမွ် ျမင္သမွ် ရန္သူစခန္းမ်ားကို စက္ေသနတ္ျဖင့္ ေမႊေႏွာက္သြားသည္။
“ရန္သူက လာတိုက္တာကို ေစာင့္ေနတာထက္ လာမယ့္ေဘး ေျပးေတြးၿပီး ကိုယ္က လက္ဦးေအာင္ ဝင္ခ်ရမယ္။ ဒါဟာ ေအာင္ပြဲရဲ့ တစ္ဝက္ ေသခ်ာတာပဲ။ ကိုယ့္ထက္ အင္အားႀကီးမားတဲ့ ရန္သူက ကိုယ့္ကို လာတိုက္တဲ့အခ်ိန္ထိ ေစာင့္ေနတာေလာက္ မိုက္မဲတာ မ႐ွိဘူး”ဟု မိုေ႐ွဒါယန္က သူ၏ မထူးတပ္သားမ်ားကို ၾသဝါဒေပးခဲ့သည္။

မိုေ႐ွဒါယန္က လူႏွစ္ဦး၏ ရန္ပြဲႏွင့္ စစ္ပြဲကို ဥပမာေပးသည္။ “ဗလေကာင္းေကာင္း အရပ္ျမင့္ျမင့္ လူႀကီးတစ္ဦးႏွင့္ ဗလေသးေသး အရပ္ပုပု အားနည္းေသာ လူတစ္ဦးတို႔ ရန္ျဖစ္ၾကလွ်င္ လူႀကီး၏ လက္သီးခ်က္ကို ခံရၿပီးမွ ျပန္လည္ခုခံရလွ်င္ ႐ႈံးဖို႔ ေသခ်ာသည္။ ထို႔ေၾကာင့္ ဤအေျခအေနတြင္ လက္ျမန္ေျချမန္ လက္ဦးမႈ ရယူၿပီး ခ်က္ေကာင္းကို ထိေအာင္ လွ်ပ္တျပက္ ထိုးသတ္ရမည္”ဟု မိုေ႐ွဒါယန္က သင္ၾကားေပးသည္။ (ေနာက္ေနာင္ စစ္ပြဲမ်ားတြင္လည္း မိုေ႐ွဒါယန္က ဤနည္းဗ်ဴဟာကို သုံးတတ္သည္။)
မိုေ႐ွဒါယန္၏ မထူးတပ္သည္ ဆီးရီးယားနယ္ေျမထဲသို႔ မုန္တိုင္းစစ္ဆင္၍ ဝင္ေရာက္သြားသည္။ ထိုစဥ္က အေ႐ွ႕အလယ္ပိုင္းတြင္ အႀကီးဆုံး ေလဆိပ္႐ွိရာ ဆီးရီးယားႏိုင္ငံ လစ္ဒါၿမိဳ႕ကို မိုေ႐ွဒါယန္၏ ကြန္မန္ဒိုတပ္က ဝင္ေရာက္စီးနင္း သိမ္းပိုက္ႏိုင္ခဲ့သည္။ ထို႔ေနာက္ ရမ္ေလၿမိဳ႕ႀကီးကိုပါ ဆက္လက္ သိမ္းပိုက္ျပန္သည္။ ထိုၿမိဳ႕(၂)ၿမိဳ႕ကို သိမ္းပိုက္ၿပီးေနာက္ ေဂ်႐ုဆလင္ၿမိဳ႕သို႔ ေရးေဝေပးေသာ ေရပိုက္လိုင္းႀကီးကိုပါ ပိုင္ပိုင္ႏိုင္ႏိုင္ ထိန္းခ်ဳပ္ထားလိုက္ျပန္သည္။

မိုေ႐ွဒါယန္၏ လစ္ဒါၿမိဳ႕သိမ္းတိုက္ပြဲ အေၾကာင္းသည္ ခ်က္ခ်င္း သတင္းပ်ံ႕သြားၿပီး ေန႔ခ်င္းညခ်င္း နာမည္ႀကီးသြာသည္။ အာရပ္+အစၥေရး ပထမစစ္ပြဲအေၾကာင္း ေရးသားေသာ စာေရးဆရာ နာတာနယ္ေလာ့ခ်္သည္ သူ၏ “ဓားသြား”စာအုပ္တြင္ မိုေ႐ွဒါယန္၏ စြန္႔စားခန္းကို အံ့ဖြယ္သူရဲ စစ္ဆင္ေရးတစ္ရပ္အေနျဖင့္ ထုတ္ေဖာ္ခ်ီးက်ဴးခဲ့သည္။ လြတ္လပ္ေရး တိုက္ပြဲတစ္ရပ္တြင္ မိုေ႐ွဒါယန္တို႔ ဆင္ႏႊဲေသာ ယခုစစ္ဆင္ေရးမ်ိဳးမွာ အရဲဝံ့ဆုံး အေျပာင္ေျမာက္ဆုံး ျဖစ္သည္ဟု ဆိုႏိုင္ေပသည္။ လွ်ပ္တျပက္ မုန္တိုင္းဆင္ၿပီး ဝင္လာေသာ အစၥေရးတို႔၏ ထိုးစစ္ေၾကာင့္ အာရပ္မ်ားသည္ တုန္လႈပ္ၿပီး ေဆာက္တည္ရာမရ ျဖစ္ခဲ့ရေလသည္။

လစ္ဒါ ၿမိဳ႕ႏွင့္ ရမ္ေလၿမိဳ႕ကို သိမ္းပိုက္ၿပီးခ်ိန္ 1948 ဇူလိုင္(19)တြင္ ဒုတိယအႀကိမ္ အတိုက္အခိုက္ရပ္စဲေရး သေဘာတူခဲ့ၾကသည္။
ကုလသမဂၢကိုယ္စားလွယ္ ေကာင့္ေဖာ့ဘာနာေဒါ့၏ ၾကားဝင္ဖ်န္ေျဖမႈေၾကာင့္ ႏွစ္ဦးႏွစ္ဘက္ စစ္ပြဲရပ္နားရန္ လက္ခံလိုက္ၾကျခင္း ျဖစ္သည္။ သို႔ရာတြင္ ေကာင့္ေဖာ့ဘာနာေဒါ့သည္ မၾကာမီ ေဂ်႐ုဆလင္ၿမိဳ႕၌ ဂ်ဴးလူမ်ိဳး အၾကမ္းဖက္သမားတစ္စု၏ လုပ္ႀကံမႈေၾကာင့္ ကြန္လြန္ခဲ့ရေလသည္။ ထို႔ေၾကာင့္ ႏိုဝင္ဘာလအထိ အေျခအေနမွာ မေအးေဆးေသးဘဲ အတိုက္အခိုက္မ်ား ျပန္လည္ ျဖစ္ေပၚခဲသည္။
ထို႔ေနာက္ ကုလသမဂၢသည္ ေကာင့္ေဖာ့ဘာနာေဒါ့၏ ေနရာတြင္ ေဒါက္တာ ရာ့ဖ္ဘန္ခ်ီကို အစားထိုး တာဝန္ေပးကာ အာရပ္+အစၥေရး စစ္ေျပၿငိမ္းေရး ေစ့စပ္ေဆြးေႏြးပြဲကို ဂရိႏိုင္ငံ ႐ုိဒီကၽြန္း၌ က်င္းပေလသည္။ အစၥေရးႏိုင္ငံမွ စစ္ဘက္ဆိုင္ရာ ကိုယ္စားလွယ္အခ်ဳပ္အျဖစ္ မိုေ႐ွဒါယန္ကို တာဝန္ေပးလိုက္ေလသည္။ မိုေ႐ွဒါယန္အဖို႔ အစၥေရးႏိုင္ငံကို ကိုယ္စားျပဳ၍ ပထမဦးဆုံးအႀကိမ္ ႀကီးေလးေသာ တာဝန္တစ္ရပ္ကို ထမ္းရြက္ရျခင္းေပတည္း။

တိုက္ခိုက္ေရးသမားဘဝမွ ေစ့စပ္ေရးသမားဘဝသို႔ လပိုင္းအတြင္ ေျပာင္းလဲခဲ့ရေသာ မိုေ႐ွဒါယန္သည္ စင္စစ္အားျဖင့္ ႏိုင္ငံေရးပရိယာယ္မ်ားကို ကၽြမ္းက်င္ယဥ္ပါးသူ မဟုတ္ေသး။ သူကၽြမ္းက်င္သည္မွာ စစ္ေရး၌သာ ျဖစ္သည္။ သို႔ရာတြင္ ေစ့စပ္ေဆြးေႏြးပြဲမ်ားတြင္ ကုလသမဂၢကိုယ္စားလွယ္မ်ား၊ အေမရိကန္စစ္ဗိုလ္ခ်ဳပ္မ်ား၊ အီဂ်စ္စစ္သံမွဴးမ်ားႏွင့္ နဖူးေတြ႕ ဒူးေတြ႕ ရင္ဆိုင္ရသည္အခါ မိုေ႐ွဒါယန္သည္ ဝါရင့္ႏိုင္ငံေရးႏွစ္ စစ္ေရးတာဝန္ႀကီး တစ္ဦးကဲ့သို႔ ေဆြးေႏြးႏိုင္ခဲ့သည္။ ထိုအခ်ိန္တြင္ မိုေ႐ွဒါယန္၏ အသက္မွာ (၃၄)ႏွစ္မွ်သာ ႐ွိေသးသည္။ မိုေ႐ွဒါယန္ဘက္မွ စြဲကိုင္ထားေသာ သေဘာထားမွာ တစ္ခုတည္းသာ ႐ွိသည္။ ၎မွာ “အစၥေရးႏိုင္ငံ၏ နယ္နမိတ္ႏွင့္ ပတ္သက္၍ တစ္လက္မမွ် အေလွ်ာ့မေပးေရး” ျဖစ္သည္။
ထိုသေဘာထားသည္ မိုေ႐ွဒါယန္၏ လက္ကိုင္ဝါဒ ျဖစ္သည္။ ထိုသေဘာထားျဖင့္ ေဆြးေႏြးခဲ့သျဖင့္လည္း မိုေ႐ွဒါယန္မွာ အာရပ္ႏိုင္ငံမ်ားမွ ကိုယ္စားလွယ္မ်ားႏွင့္ ကုလသမဂၢကိုယ္စားလွယ္အခ်ိဳ႕၏ “ခ်ဥ္ဖတ္” ျဖစ္လာခဲ့ရသည္။ “တစ္ဘက္သတ္ၾကည့္သူ ေခါင္းမာသူ”ဟု အေျပာခံရသည္။ သို႔ရာတြင္ အီဂ်စ္တို႔ႏွင့္ သေဘာတူညီမႈ ရ႐ွိခဲ့သည္။

1948 ေဖာေဖာ္ဝါရီ(24)တြင္ အာရပ္+အစၥေရး စစ္ရပ္စဲေရးအတြက္ ပထမဦးဆုံး သေဘာတူညီမႈကို အီဂ်စ္ကိုယ္စားလွယ္မ်ားႏွင့္ လက္မွတ္ေရးထိုးႏိုင္ခဲ့သည္။ မတ္လတြင္ လက္ဘႏြန္ႏိုင္ငံႏွင့္လည္ေကာင္း၊ ဧၿပီလတြင္ ေဂ်ာ္ဒန္ႏိုင္ငံႏွင့္လည္းေကာင္း၊ 1949 ဇူလိုင္(20)တြင္ ဆီးရီးယားႏိုင္ငံႏွင့္လည္းေကာင္း စစ္ရပ္စဲေရး သေဘာတူညီၾကၿပီးေနာက္ ေသနတ္သံမ်ား ဆိတ္ၿငိမ္သြားေလသည္။ ႏွစ္ေပါင္းမ်ားစြာ ကာလ႐ွည္ၾကာ လြတ္လပ္ေရး တိုက္ပြဲဝင္ခဲ့ၾကေသာ ဂ်ဴးလူမ်ိဳးတို႔သည္ ကမၻာ့ေျမပုံေပၚ၌ “(Israel) အစၥေရး”ဟူေသာ ႏိုင္ငံသစ္ ထူေထာင္ႏိုင္ခဲ့ၿပီတည္း။
စစ္ပြဲစာရင္းခ်ဳပ္ခ်ိန္တြင္ အစၥေရးႏိုင္ငံ၏ နယ္နမိတ္သည္ 1948 ေမလ(14)ရက္ေန႔ မူလတည္ေထာင္ခါစ နယ္နမိတ္ထက္ ပို၍ က်ယ္ျပန္႔လာသည္။ ဆိုင္းႏိုင္း ကၽြန္းဆြယ္၏ အေ႐ွ႕ဘက္ နီဂ်က္ေဒသ တစ္ခုလုံးႏွင့္ ေဂ်႐ုဆလင္ၿမိဳ႕ေတာ္ တစ္ဝက္ကို သိမ္းပိုက္ႏိုင္ခဲ့သည္။ [ေနာင္ ၁၈-ႏွစ္ၾကာၿပီး 1967 တတိယ အာရပ္+အစၥေရး စစ္ပြဲတြင္ (Jerusalem)ေဂ်႐ုဆလင္ၿမိဳ႕ တစ္ခုလုံးကို သိမ္းပိုက္လိုက္သည္။] (စကားခ်ပ္)

အစၥေရးစစ္ဘက္ ကိုယ္စားလွယ္ခ်ဳပ္ မိုေ႐ွဒါယန္၏ နယ္ေျမေလာဘ အရင္းခံ၍ အေလွ်ာ့မေပးဘဲ တင္းခံေနမႈေၾကာင့္ အစၥေရးႏိုင္ငံအဖို႔ နယ္နမိတ္အျမတ္မ်ား ထြက္ေပၚလာေသာ္လည္း ႏိုင္ငံေရးသိကၡာပိုင္း၌ က်ဆင္းစျပဳလာသည္။ ယင္းကို မိုေ႐ွဒါယန္က သတိမျပဳမိခဲ့ေခ်။ သူ၏ ပုဂိၢိဳလ္ေရးဂုဏ္သိကၡာမွာကား တိုးတက္ေနလ်က္ ႐ွိသည္။ မိုေ႐ွဒါယန္သည္ မထူးတပ္ဗိုလ္ သူရဲေကာင္းတစ္ဦးအျဖစ္ ထင္ေပၚေက်ာ္ၾကားလာသည္။
မိုေ႐ွဒါယန္အတြက္ ပုဂၢိဳလ္ေရးအရ စိတ္ထိခိုက္ရလြန္းေသာ ဆုံး႐ႈံးမႈ တစ္ရပ္လည္း ႐ွိခဲ့သည္။ ယင္းသည္ကား အျခားမဟုတ္၊ သူ၏ ခ်စ္လွစြာေသာ အသက္(၂၁)ႏွစ္႐ွိ ညီငယ္ ဇိုဟာဒါယန္သည္ ေ႐ွ႕တန္းစစ္မ်က္ႏွာ တစ္ေနရာတြင္ က်ဆုံးခဲ့ျခင္း ျဖစ္သည္။ ညီငယ္ ဇိုဟာဒါယန္ကို စစ္သားေကာင္း တစ္ေယာက္ျဖစ္လာေအာင္ အားေပးအားေျမာက္ ျပဳခဲ့သည္။ မိုေ႐ွဒါယန္သည္ စစ္ထြက္ခါနီး၌ ေပြ႕ဖက္ႏႈတ္ဆက္ခဲ့ရေသာ ညီငယ္၏ မ်က္ႏွာကို ျမင္ေယာင္ တမ္းတ၍သာ ေနရ႐ွာသည္။

မည္သို႔ပင္ျဖစ္ေစ ညီငယ္တစ္ေယာက္ ဆုံး႐ႈံးရမႈသည္ အျခားေသာ ေအာင္ျမင္မႈမ်ားႏွင့္ ႏိုင္းစာရလွ်င္ မေျပာပေလာက္ေခ်။ မိုေ႐ွဒါယန္သည္ စစ္ၿပီးခ်ိန္ 1950 ခုႏွစ္ထိ ေတာင္ပိုင္းေဒသ တိုင္းမွဴးအျဖစ္ တာဝန္ယူခဲ့ရသည္။ ထို႔ေနာက္ (ဘရီေဂးဒီးယား ဂ်င္နရယ္)ရာထူးတိုးျမႇင့္ခံရၿပီး ေျမာက္ပိုင္းတိုင္းမွဴးအျဖစ္ ေဆာင္ရြက္ရျပန္သည္။ ဝန္ႀကီးခ်ဳပ္ ဘင္ဂူရီယန္ ကိုယ္တိုင္က ေခၚယူေတြ႕ဆုံကာ ခ်ီးက်ဴးစကား ေျပာၾကားခဲ့သည္။ ဘင္ဂူရီယန္သည္ မိုေ႐ွဒါယန္ကို တစ္ေန႔တြင္ သူ႔ေနရာဆက္ခံႏိုင္မည့္ ဝန္ႀကီးခ်ဳပ္ေလာင္း တစ္ဦးအျဖစ္ပင္ လ်ာထား သတ္မွတ္ခဲ့သည္။ သို႔ရာတြင္ မိုေ႐ွဒါယန္ကမူ ထိုအခ်ိန္ထိ စစ္ေသြးစစ္မာန္တက္၍ စစ္ဘက္၌သာ သံေယာဇဥ္္္ ပိုေနခဲ့သည္။

1948 ခုႏွစ္ စစ္ပြဲကား မၿပီးဆုံးေသး၊ ၿငိမ္းခ်မ္းေရး အစစ္မွန္ မရေသး။ အာရပ္ႏိုင္ငံမ်ားက အစၥေရးႏိုင္ငံ၏ တည္႐ွိမႈကို အသိအမွတ္ မျပဳေသးသမွ် ကာလပတ္လုံး ေဘးရန္ကင္းကြာၿပီဟု မဆိုႏိုင္ေသး။ “အစၥေရးဟာ အၿမဲတမ္း စစ္တိုက္ဖို႔ အသင့္ျပင္ထားရမယ္”ဟု မိုေ႐ွဒါယန္က ေခါင္းေဆာင္မ်ားကို သတိေပးသည္။ မိုေ႐ွဒါယန္ ေျပာသည့္အတိုင္းပင္ နယ္စပ္တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနဆဲ ႐ွိသည္။ အစၥေရးလယ္ယာေျမမ်ားကို အာရပ္ေျပာက္က်ားမ်ားက မၾကာခဏ ဝင္ေရာက္ ဖ်က္ဆီးေနသည္။ လစ္လွ်င္ လစ္သလို အၾကမ္းဖက္တိုက္ခိုက္ေနသည္။ ယင္း အသးအဖြဲေလးမွစ၍ အခ်ိန္မေရြး စစ္ႀကီးထ၍ ျဖစ္လာႏိုင္သည္။ 1948 ေမလ(14)ရက္တြင္ အစၥေရးႏိုင္ငံ တည္ေထာင္ေၾကာင္း လြတ္လပ္ေရး ေၾကညာစာတမ္း ထုတ္ျပန္ရာ၌ “အကၽြႏု္ပ္တို႔သည္ အိမ္နီးခ်င္းႏိုင္ငံ အားလုံးတို႔ႏွင့္တကြ ၿငိမ္းခ်မ္းေရးႏွင့္ ညီညြတ္ေရး ရ႐ွိရန္ ဆႏၵျပဳပါသည္။ အကၽြႏု္ပ္တို႔ႏွင့္အတူ ေကာင္းက်ိဳးလုပ္ငန္းမ်ား၌ ပူးေပါင္းေဆာင္ရြက္ၾကပါရန္ ပန္ၾကားပါသည္”ဟူ၍ ေဖာ္ျပခဲ့သည္။ သို႔ရာတြင္ နယ္ခ်ဲ႕အဂၤလိပ္တို႔က ပါလက္စတိုင္းေဒသကို လက္မလႊတ္ရေသးမီ စစ္မီးကို ေမႊးသြားခဲ့သည္။ လက္ေအာက္ခံ ကၽြန္လူမ်ိဳးအခ်င္းခ်င္း ေသြးေခ်ာင္းစီး သတ္ပြဲမ်ား ခင္းရစ္ၾကေလေလာ့ဟု လက္ေ႐ွာင္သြားခဲ့သည္။


`
ဤသို႔ျဖင့္ အစၥေရးႏွင့္ အာရပ္တို႔သည္ ဥဒါန္းမေၾက ကမၻာ့ရန္သူ ျဖစ္ၾကရသည္။ ယင္းသို႔ လူမ်ိဳးေရးစစ္ပြဲမ်ားတြင္ မိုေ႐ွဒါယန္ကဲ့သို႔ တုိင္းျပည္ခ်စ္သူမ်ားသည္ လူမ်ိဳးေရးစိတ္ဓာတ္ ပို၍ ျပင္းထန္တတ္သည္။ ယင္းကဲ့သို႔ ျပင္းထန္သူမ်ားကိုပင္ ကမၻာ့အင္အားႀကီး ႏိုင္ငံေရးေခါင္းေဆာင္မ်ားက ေကာင္းစြာ ကိုယ္တြယ္၍ စစ္ကစားၾကရသည္။ ေသြးထိုးေပးရသည္။ ထို႔ေၾကာင့္ မိုေ႐ွဒါယန္သည္ မထူးတပ္ဗိုလ္ တစ္ဦးအျဖစ္ စြန္႔စြန္႔စားစား စစ္မႈထမ္းခဲ့ရျခင္း ျဖစ္ေလသတည္း။

—————————————————————————-

အစ္စရေးနိုင်ငံ ထူထောင်ခြင်း (သို့) သူရဲကောင်းမိုရှေဒါယန်ရဲ့ တိုက်ပွဲများ (unicode)

Via : မိုရှေဒါယန်အစ္စရေးသူရဲကောင်း

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးချိန်တွင် (Jews)ဂျူးလူမျိုးတို့၏ လွတ်လပ်ရေးတိုက်ပွဲမှာ ပို၍ ပြင်းထန်လာသည်။ မိုရှေဒါယန်သည် (Haganah)ဟာဂါးနားအဖွဲ့ကြီး၏ အလံတော်အောက်တွင် နိုင်ငံရေးစောက်ချ လုပ်ကိုင်လျက် ရှိသည်။ ဂျူးခေါင်းဆောင်ကြီး (David Ben-Gurion) ဒေးဗစ် ဘင်ဂူရီယန် အမှူးပြုသော နိုင်ငံရေးခေါင်းဆောင်များကလည်း ဗြိတိသျှအစိုးရအဖွဲ့ အပြောင်းအလဲ (လေဘာပါတီ အစိုးရတက်လာချိန်)ကို အခွင့်ကောင်းယူကာ အစ္စရေးနိုင်ငံ ထူထောင်ရေးအတွက် ကြိုးပမ်းနေကြသည်။ (Golda Meir)ဂိုလ်ဒါ မီယာတို့လို နိုင်ငံရပ်ခြား နှံ့စပ်သူများကလည်း ဥရောပနှင့် အမေရိကတခွင်သို့ လှည့်လည်ကာ အစ္စရေးနိုင်ငံထူထောင်ရေးအတွက် လိုအပ်သော ဘဏ္ဍာငွေများကို စုဆောင်းလျက် ရှိသည်။ နိုင်ငံသစ်ထူထောင်လျှင် ငွေရှိမှ ဖြစ်မည်။ ထို့ကြောင့် နိုင်ငံရပ်ခြားတွင် စီးပွားရေးဖြစ်ထွန်းနေကြသော ဂျူးလူမျိုးများထံမှ အမျိုးသားရေး အားပေးကြရန် အလှူခံခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် မိုရှေဒါယန်တို့ လူငယ်တစ်စုကလည်း လက်နက်ကိုင်တပ်ဖွဲ့အတွက် ကျိတ်၍ ကြံနေကြသည်။ စစ်သွေးစစ်မာန်တက်နေသော မိုရှေဒါယန်သည် စစ်ပွဲတစ်ရပ် မုချ ဆင်နွဲရလိမ့်မည်ဟု ယုံကြည်နေသည်။ “ဟစ်တလာကို တိုက်ခိုက်ပြီးပြီ။ ယခု အင်္ဂလိပ်ကို ဆက်တိုက်ခိုက်ရဦးမည်”ဟူသော ဒေးဗစ် ဘင်ဂူရီယန်၏ တပ်လှန့်သံသည် မိုရှေဒါယန်တို့ကို တိုက်ပွဲ အသင့်အနေထား ရှိစေရန် လှုံ့ဆော်ပေးထားသည်။ အစ္စရေးနိုင်ငံထူထောင်ရန် ပါလက်စတိုင်းဒေသသို့ ဂျူးလူမျိုးများ အလုံးအရင်းနှင့် လာရောက် နေထိုင်ကြဖို့ အရေးတကြီး လိုအပ်နေသည်။ ဗြိတိသျှတို့က ဂျူးလူမျိုးတို့ အလုံးအရင်းနှင့် စည်းရုံးမိမည်ကို စိုးရိမ်နေသည်။ သို့ရာတွင် ဥရောပတိုက်မှာ နာဇီဂျာမာန်တို့၏ လက်ချက်ကြောင့် ပြေးလာသော ဂျူးလူမျိုးများသည် ပါလက်စတိုင်းဒေသသို့ အားဖြည့် ဝင်ရောက်လာကြသည်။ အာရှတိုက်ဘက်မှလည်း တစိမ့်စိမ့် ဝင်ရောက်နေဆဲရှိသည်။

အမေရိကန်သမ္မတ ထရူးမင်းက ဂျူးလူမျိုးများကို ပါလက်စတိုင်းဒေသတွင် နေရာပေးရန် ထောက်ခံသည်။ ပါလက်စတိုင်းသည် ရှေးနှစ်ပေါင်းများစွာ ခရစ်တော်မပေါ်မီ BC.1500 ခန့်ကစ၍ ဂျူးလူမျိုးတို့၏ မြင့်မြတ်သောဌာန ဖြစ်ခဲ့သည်။ ထို့ကြောင့် သူတို့၏ မူလအစ နေရာကို သူတို့ ပြန်ရသင့်သည်ဟု အမေရိကန်အစိုးရက သဘောထားသည်။ ဂျူးလူမျိုးများကလာည်း “ပါလက်စတိုင်းဒေသတွင် ဂျူးလူမျိုးတို့၏ ကိုယ်ပိုင်နိုင်ငံထူထောင်ရမည်။ ပါလက်စတိုင်းသည် ဂျူးလူမျိုးတို့၏ မြင့်မြတ်သော မူရင်းဒေသ ဖြစ်သည်”ဟူသော (zion)ဇီယွန်ဝါဒကို ကိုင်စွဲကာ မဆုတ်မနစ် ကြိုးပမ်းနေကြသည်။
အာဂွန်နှင့် စတန်း စသော ဂျူးအမျိုးသားရေးအဖွဲ့များကမူ ဗြိတိသျှလူမျိုးများကို ချောင်းမြောင်းတိုက်ခိုက် အကြမ်းဖက်လုပ်ရပ်များကိုပင် လုပ်ဆောင်လာကြသည်။ ဟာဂါးနား အဖွဲ့ကြီးသည်ကား ဂျူးလူမျိုးများ ပို၍ အားကောင်းလာရေးကိုသာ ဖိဖိစီးစီး ကြိုးစားနေသည်။ သင်္ဘောဖြင့် အစုလိုက်အပြုံလိုက် ဝင်ရောက်လာရေးကိုသာ ဂျူးလူမျိုးများကို ကြိုဆိုလျက် ရှိသည်။

1948 ခုနှစ် ဩဂုတ်လတွင် သမိုင်းဝင် (Exodus)အိပ်ဇိုးဒတ် သင်္ဘောကြီးဖြင့် တရားမဝင် ဝင်ရောက်လာသော ဂျူးလူမျိုး(၄၅ဝဝဝ)တို့၏ ဇာတ်လမ်းမှာ ကြေကွဲဖွယ်ရာ ဖြစ်ခဲ့သည်။ အိပ်ဇိုးဒတ် သင်္ဘောကြီးသည် (Haifa)ဟိုင်ဖာဆိပ်ကမ်းသို့ ဝင်လာချိန်တွင် ဥရောပမှာ ဂျူးလူမျိုး ဒုက္ခသည်များသည် လှမ်းမြင်နေရပြီဖြစ်သော ဘိုးစဉ်ဘောင်ဆက်တို့၏ ဇာတိမြေကို လွမ်းဆွတ်တသစွာ ကြည့်ရှုနေကြစဉ် ဗြိတိသျှသင်္ဘော အိုရှင်း-ဗီဂါက ကမ်းကပ်ခွင့်မပေးဘဲ ဖမ်းဆွဲကာ ဂျာမဏီသို့ ပြန်ခေါ်သွားခဲ့သည်။ ဂျူးလူမျိုးတို့ ဝမ်းနည်းပူးဆွေးစွာဖြင့် ငိုရှိုက်သံများ နာကြည်းစွား တောက်ခါက်သံများသည် အိပ်ဇိုးဒတ်သင်္ဘောပေါ်တွင် ဖုံးလွှမ်းနေသည်။ အဖြစ်ဆိုးလှသော အဆိုပါ ဂျူးဒုက္ခသည်များ၏ ဇာတ်ကြောင်းကို စာရေးဆရာကြီး လီယွန်အူးရစ္စ က “(Exodus)အိပ်ဇိုးဒတ်”ဟူသော အမည်ဖြင့် ဝတ္ထုကြီး ရေးသားခဲ့သည်။

1947 ခုနှစ် ဩဂုတ် 31 တွင် ကုလသမဂ္ဂအဖွဲ့ကြီး၏ ပါလက်စတိုင်းဒေသဆိုရာ အထူးကောမတီက ပါလက်စတိုင်းဒေသကို (Jews) ဂျူးနယ်မြေနှင့် (Arab) အာရပ်နယ်မြေဟူ၍ နှစ်ပိုင်းခွဲခြားသတ်မှတ်ပေးသင့်ကြောင့် တင်ပြသည်။ ကုလသမဂ္ဂအထွေထွေညီလာခံကြီးက နိုဝင်ဘာ(၂၉)ရက်နေ့တွင် နယ်မြေခွဲခြားပေးရန် အတည်ပြု ဆုံးဖြတ်သည်။ ထောက်ခံမဲ(၃၃)မဲ၊ ကန့်ကွက်မဲ(၁၃)မဲ၊ ကြားနေမဲ(၁ဝ)မဲ ဖြစ်သည်။ ဂျေရုဆလင်မြို့ကိုကား ဘာသာရေးအရ အထိမခံဘဲ ပြဿနာတက်လာရန် အလားအလာရှိသောကြောင့် နိုင်ငံတကာ၏ ကြီးကြပ်မှုအောက်တွင် ထားရှိရန် အများသဘောတူ ဆုံးဖြတ် အတည်ပြုလိုက်သည်။

1947 နိုဝင်ဘာ(29) သောကြာနေ့
ကုလသမဂ္ဂညီလာခံ
United Nations Partition Plan for Palestine

ကုလသမဂ္ဂအထွေထွေညီလာခံကြီး စတင်နေပြီ ဖြစ်သည်။ ပါလက်စတိုင်းအရေး မဲခွဲရန် ဖြစ်သည်။
“ကျွန်ုပ်တို့သည် နိုင်ငံတစ်ခုစီ၏ အမည်ခေါ်ပြီး ခွဲရေးအဆိုကို မဲခွဲဆုံးဖြတ်ပါမယ်။ ခွဲရေးအဆိုဟာ မဲအရေအတွက်ရဲ့ (၃)ပုံ/(၂)ပုံရမှ အနိုင်ရရှိမှာ ဖြစ်ပါတယ်။ နိုင်ငံတိုင်းက ကိုယ်စားလှယ်တွေဟာ (ထောက်ခံပါတယ်)/ (ကန့်ကွက်ပါတယ်)/ (ကြားနေပါတယ်)ဆိုတဲ့ (၃)မျိုးတို့တွင် ကြိုက်ရာ တစ်မျိုးကို မဲပေးနိုင်ပါတယ်။”

ကုလသမဂ္ဂညီလာခံခန်းမကြီး တစ်ခုလုံး ငြိမ်သက်နေသည်။

ကုလသမဂ္ဂညီလာခံခန်းမကြီး တစ်ခုလုံး ငြိမ်သက်နေသည်။

(1) အာဖဂန်နစ္စတန်။…..။ “ကန့်ကွက်ပါတယ်”✗
(ဂျူးတို့သည် ပွဲဦးထွက်ထွက်ချင်း ခံလိုက်ရပြီ)
(2) အာဂျင်တီးနား။…..။”ကြားနေပါတယ်” (*)

(3) ဩစတြေးလီးယား။…..။”ခွဲထွက်ရေးကို ထောက်ခံပါတယ်”✔1
(ဗြိတိသျှဓနသဟာယ အဖွဲ့ဝင်နိုင်ငံ၏ ပထမဆုံး မဲဖြစ်သောကြောင့် ပရိသတ်များ လှုပ်ရှားသွားသည်)
(4) ဘယ်လ်ဂျီယံ။…..။”ထောက်ခံပါတယ်”✔2
(5) ဘိုလီးဗီးယား။…..။”ထောက်ခံပါတယ်”✔3

(6) ဘရာဇီး။…..။”ထောက်ခံပါတယ်”✔4
(တောင်အမေရိကတိုက်မှ မဲများသည် တစ်စုတစ်စည်း ရနေသည်။ ယခုချိန်ထိ ထောက်ခံမဲ(၄)မဲ၊ ကန့်ကွက်မဲ(၁)မဲ၊ ကြားနေမဲ(၁)မဲ ဖြစ်နေသည်။ နောက်လာမည့် ဘိုင်လို-ရုရှား ဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စုသည် တကယ် ဘာလုပ်မည်ဆိုခြင်းကို သိရတော့မည်။)

(7) ဘိုင်လို-ရုရှား။…..။”ထောက်ခံပါတယ်”✔5
(ဂျူးများသည် အခုမှ အသက်ရှုနိုင်တော့သည်။ ယခုထိ အခြေအနေအရ အရှေ့ဥရောပနိုင်ငံများမှ မဲများကို သူတို့ ရတော့မည်။ အခြေအနေကောင်းနေသည်။)
(8) ကနေဒါ။…..။”ထောက်ခံပါတယ်”✔6
(ဒုတိယမြောက် ဗြိတိသျှဓနသဟာယ အဖွဲ့ဝင်နိုင်ငံ၏ မဲကို ဂျူးတို့ ရပြန်သည်။)

(9) ချီလီ။…..။”ကြားနေပါတယ်” (*)
(10) တရုတ်ပြည်။…..။”ကြားနေပါတယ်” (*)
ထိုအချိန်က တရုတ်ပြည်သည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ မဟုတ်သေး။ ဤတရုတ်ပြည်သည် ဖော်မိုဆာ(ထိုင်ဝမ်) ဖြစ်သည်။

(11) ကိုစတာရီကာ။…..။”ထောက်ခံပါတယ်”✔7
(12) ကျူးဘား။…..။”ကန့်ကွက်ပါတယ်”✗
(13)ချက်ကိုစလိုဗေးကီးယား ။…..။”ထောက်ခံပါတယ်”✔8
(14) ဒိန်းမတ်။…..။”ထောက်ခံပါတယ်”✔9

(15) ဒိုမီနီကန်။…..။”ထောက်ခံပါတယ်”✔10
(16) အီဂျစ်။…..။”ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်”✗
(ခန်မကြီး တစ်ခုလုံး ဆူဆူညံဖြစ်ပြီး ခဏကြာမှ ငြိမ်သက်သွားလေသည်)
(17) အီကွေဒေါ။…..။”ထောက်ခံပါတယ်”✔11

(18) အီသီယိုးပီးယား။…..။”ကြားနေပါတယ်” (*)
(အာရပ်နိုင်ငံကိုယ်စားလှယ်များက အီသီယိုးပီးယားကိုယ်စားလှယ်ကို မကျေနပ်သည့်ပုံစံဖြင့် ကြည့်နေသည်)
(19) ပြင်သစ်။…..။”ထောက်ခံပါတယ်”✔12
(ကြီးလေးကြီးတို့ ပထမဆုံးမဲကို ဂျူးတို့ ရပြန်သည်)

(20) ဂွာတီမာလာ။…..။”ထောက်ခံပါတယ်”✔13
(21) ဂရိ။…..။”ကန့်ကွက်ပါတယ်”✗
(22) ဟွန်ဒူရပ်စ်။…..။”ကြားနေပါတယ်” (*)
(23) အိုက်စလန်။…..။”ထောက်ခံပါတယ်”✔14

(24) အိန္ဒိယ။…..။”ကန့်ကွက်ပါတယ်”✗
(25) အီရန်။…..။”ကန့်ကွက်ပါတယ်”✗
(26) အီရတ်။…..။”ယခုလည်း ကန့်ကွက်ပါတယ်”✗
“ဂျူးတွေကို ဘယ်တော့မှ အသိအမှတ် မပြုနိုင်ဘူး”

(27) လက်ဘနွန်။…..။”ကန့်ကွက်ပါတယ်”✗
(ယခုချိန်ထိ ထောက်ခံမဲ(၁၄)မဲ၊ ကန့်ကွက်မဲ(၈)မဲ၊ ကြားနေမဲ(၅)မဲ ဖြစ်နေသည်။ ဂျူးတို့သည် ၃-ပုံ ၂-ပုံမဲ အခြေအနေအရ (၁)မဲ အသာရနေသည်။
(28) လိုက်ဘေးရီးယား။…..။”ထောက်ခံပါတယ်”✔15
(29) လူဇင်ဘတ်။…..။”ထောက်ခံပါတယ်”✔16

(30) မက္ကဆီကို။…..။”ကြားနေပါတယ်” (*)
(31) နယ်သာလန်။…..။”ထောက်ခံပါတယ်”✔17
(32) နယူးဇီလန်။…..။”ထောက်ခံပါတယ်”✔18
(33) နော်ဝေ။…..။”ထောက်ခံပါတယ်”✔19

(34) ပါကစ္စတန်။…..။”ကန့်ကွက်ပါတယ်”✗
(35) ပနားမား။…..။”ထောက်ခံပါတယ်”✔20
(36) ပါရာဂွေး။…..။”ထောက်ခံပါတယ်”✔21
(37) ဖိလစ်ပိုင်။…..။”ထောက်ခံပါတယ်”✔22

(မဲအခြေအနေမှာ ထောက်ခံမဲ(၂၂)မဲ၊ ကန့်ကွက်မဲ(၉)မဲ၊ ကြားနေမဲ(၆)မဲ ဖြစ်နေသည်)
(38) ပိုလန်။…..။”ထောက်ခံပါတယ်”✔23
(39) ထိုင်း။…..။ အစည်းအဝေး မတက်ပါ။
(40) ဆော်ဒီအာရေဗျ။…..။”ကန့်ကွက်ပါတယ်”✗

(41) ဆွီဒင်။…..။”ထောက်ခံပါတယ်”✔24
(42) နိုက်ကာရာဂွေး။…..။”ထောက်ခံပါတယ်”✔25
(43) ဆီးရီးယား။…..။”ကန့်ကွက်ပါတယ်”✗
(44) တူရကီ။…..။”ကန့်ကွက်ပါတယ်”✗

(45) ယူကရိန်း။…..။”ထောက်ခံပါတယ်”✔26
(46) တောင်အာဖရိက။…..။”ထောက်ခံပါတယ်”✔27
(47) ဆိုဗီယက်ပြည်ထောင်စု။…..။”ထောက်ခံပါတယ်”✔28
(48) ဗြိတိန်။…..။”ကြားနေပါတယ်” (*)

(49) အမေရိကန်ပြည်ထောင်စု။…..။”ထောက်ခံပါတယ်”✔29
(50) ယီမင်။…..။”ကန့်ကွက်ပါတယ်”✗
(51) ဟေတီ။…..။”ထောက်ခံပါတယ်”✔30

(52) ပီရူး။…..။”ထောက်ခံပါတယ်”✔31
(53) ယူဂိုဆလားဗီးယား။…..။”ကြားနေပါတယ်” (*)
(54) ကိုလံဘီယာ။…..။”ကြားနေပါတယ်” (*)

(55) ဆာဗားဒါး။…..။”ကြားနေပါတယ်” (*)
(56) ဥရုဂွေး။…..။”ထောက်ခံပါတယ်”✔32
(57) ဗင်နီဇွဲလား။…..။”ထောက်ခံပါတယ်”✔33

ဇာတ်လမ်းက ဆုံးချေပြီ။ သတင်းထောက်များကလည်း အပြေးအလွှား သတင်းခေါင်းစဉ်များ ပို့နေပြီ။ ယီမင်နိုင်ငံက အာရပ်အုပ်စုအတွက် (၁၃)ခုမြောက် မဲပေးပြီး၊ ဥရုဂွေးနှင့် ဗင်နီဇွဲလားတို့က ခွဲထွက်ရေးအတွက် (၃၂)မဲမြောက် (၃၃)မဲမြောက် ဖြစ်စေအောင် ထောက်ခံမဲ ပေးလိုက်ကြလေသည်။
တကယ်တမ်း မဲရွေးလိုက်သောအခါ ဂျူးများက (၃၃)မဲဖြင့် အပြတ်အသတ် အနိုင်ရသွားလေသည်။ အာရပ်အုပ်စုမှာ (၁၃)မဲသာ ရရှိလေသည်။
ဂျူလူမျိုးများ အနိုင်ရရှိသွားကြလေပြီ။ တဲလ်အဗစ်မှာ ရှိသော ဂျူးလူမျိုးများကလည်း ပျော်ပွဲသဘင် ဆင်ယင်နိုင်ကြပြီ။ သို့သော် ဘင်ဂူရီယန်နှင့် နိုင်ငံရေးခေါင်းဆောင်များကမူ ဂျူးနိုင်ငံ(အစ္စရေးနိုင်ငံ) ထူထောင်နိုင်ဖို့ထက် ထူးဆန်းသော အစွမ်းအစကို ပြနိုင်ပါမှ ဖြစ်မည်ကို သူတို့သိသည်။
အကြောင်းကား ပတ်ဝန်းကျင်တွင် အာရပ်နိုင်ငံ အားလုံးက “ဂျူးများကို အပြတ်ရှင်းပစ်”ဟူသော အသံသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းနေသောကြောင့် ဖြစ်သည်။

ဆီးရီးယားသမ္မတ။…..။”ကျုပ်တို့ ပါလက်စတိုင်းမြေနဲ့ အတူနေမယ်၊ အတူသေမယ်”
အီဂျစ် သတင်းစာ။…..။”အီရတ်လူမျိုး (၅)သိန်းဟာ ဘာသာရေးစစ်ပွဲဆင်နွှဲဖို့ အသင့်ဖြစ်နေပြီ။ ဆီးရီးယားတပ်ဖွဲ့(၁၅ဝဝဝ)ဟာ ပါလက်စတိုင်းနယ်စပ် ရောက်နေကြပြီ။ အီဂျစ်၏ ကြီးမားသော စစ်တပ်ကြီးကလည်း ဂျူးများ သူတို့နိုင်ငံ ထူထောင်ကြောင်း ကြေညာလျှင် ဂျူးမှန်သမျှ မြေထဲပင်လယ်ထဲ မောင်းချမည်။”
ဆီရီယန် ဝန်ကြီးချုပ်။…..။”စကားပြော ရပ်ကြစို့၊ ညီအစ်ကိုယ်တော် မူဆလင်များ ထကြကုန်လော့၊ ဇီယွန်လူမျိုးများအား မောင်းထုတ်ကြကုန်လော့။”
ဆောင်ဒီအာရေဗျ ဘုရင်။…..။”ကျုပ်တို့ဆီမှာ အာရပ်လူမျိုး သန်း(၅ဝ)ရှိတယ်၊ ဒီဂျူးတွေကို သတ်ဖို့ ဘာလို့ လူ(၁ဝ)သန်းလောက် မဖြုန်းနိုင်ရမှာလဲ၊ တန်ပါတယ်။”
အာရပ် လူငယ်အဖွဲ့။…..။”ဓားအိမ်မှ ဓားများထုတ်ကြ၍ ဂျူးများကို ခုတ်ကြကုန်လော့၊ ဂျူးများ ကျဆုံးရမည်၊ ကျွန်ုပ်တို့သည် အောင်ပွဲခံရမယ်။”
ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို နိုင်ငံအတည်တကျ မရှိရှာကြသော ဂျူးလူမျိုးတို့က ကျေနပ်စွာ လက်ခံကြသည်။ မည်သို့ဆိုစေ ပါလက်စတိုင်းဒေသတွင် မိမိတို့ ကျောတစ်ခင်းစာ တစ်အိုးတစ်အိမ် ထူထောင်နိုင်ပြီဟု ဝမ်းသာနေကြသည်။ သို့ရာတွင် အာရပ်လူမျိုးများကမူ ဂျူးလူမျိုးတို့၏ နယ်မြေတည်ရှိမှုကို လုံးဝ လက်မခံနိုင်ချေ။ ဂျူးလူမျိုးတို့ကို လုံးဝ မောင်းထုတ်ရေးကိုသာ အားသွန်ကြိုးပမ်းလျက် ရှိသည်။

1948 ဇန်နဝါရီ 10 တွင် အာရပ်လွတ်မြောက်ရေး တပ်မတော်က ဂျူးရပ်ကွက်များကို စနစ်တကျ တိုက်စစ်ဆင်လာသည်။ ဖေဖော်ဝါရီ(၂၂)တွင် ဂျေရုဆလင်မြို့ရှိ ဂျူးရပ်ကွက်၌ ဗြိတိသျှသံချပ်ကာကားများကို အာရပ်တို့က ဖောက်ခွဲမီးရှို့ကြရာ ဂျူးတို့၏ နေအိမ်များ ပျက်စီးခဲ့ရပြီး လူပေါင်း(၅ဝ)ကျော် သေဆုံးခဲ့ရသည်။ အဆိုပါ ဖောက်ခွဲမှုကြီးတွင် ဗြိတိသျှတပ်ပြေးများ၊ ယူဂိုဆလပ်နှင့် ပိုလန်လူမျိုးများ၊ အီဂျစ်ထောင်မှ လွှတ်ပေးလိုက်သော ဂျာမာန် နာဇီဟောင်းများ ပါဝင်သည်ဟု ဂျူးလူမျိုးဘက်က စွပ်စွဲသည်။ အာရပ်များ၏ တိုက်စစ်မှာ မရပ်တန့်ဘဲ ပို၍ ပြင်းထန်လာသည်။ မတ်လကုန်မှစ၍ ဂျေရုဆလင်မြို့ရှိ ဂျူးရပ်ကွက်အားလုံးကို အကြမ်းဖက်တိုက်ခိုက်မှုများ ပို၍ များပြားလာသည်။ ဂျူးလူမျိုးများမှာ အုပ်စုဖြင့်သာ သွားလာနေထိုင်ရသော အခြေအနေသို့ ရောက်နေကြရသည်။ ဗြိတိသျှ စစ်အရာရှိကြီးများ ကြီးမှူးသော အာရပ်နယ်ခြားစစ်တပ်များသည် ဂျော်ဒန်နိုင်ငံမှ တစ်ဆင့် ပါလက်စတိုင်းဒေသသို့ ကူးဝင်လာက စစ်ပြင်ဆင်နေကြသည်။

ဂျူးအမျိုးသားတို့၏ ဟာဂါးနားအဖွဲ့ကလည်း တန်ပြန်တိုက်စစ်ဆင်ရန် ပြင်ဆင်လေရတော့သည်။ ဂျူးအကြမ်းဖက်များကမူ အာရပ်ကျေးရွာများတွင် ရက်စက်ကြမ်းကြုပ်စွာ ပြန်လှန်တိုက်ခိုက် သတ်ဖြတ်မှုများ ပြုလုပ်လာကြသည်။ ရန်ငြိုးမပြေနိုင်ကြသော လူမျိုး(၂)မျိုးသည် မည်သို့မျှ ဖျန်ဖြေ၍ မရအောင် သဲသဲမဲမဲ သတ်ဖြတ်နေကြလေတော့သည်။ ဗြိတိသျှတို့က ပါလက်စတိုင်းဒေသကို ထိန်းသိန်းစောင့်ရှောက် ဂေါပကအုပ်ချုပ်ရေးဖြင့် အုပ်ချုပ်မှုကို 1948 ခုနှစ်၊ ဇန်နဝါရီ(15)ရက်နေ့တွင် စွန့်လွှတ်ရတော့မည် ဖြစ်သည်။ ထိုအချိန်မတိုင်မီ ဂျူးလူမျိုးများက နယ်မြေများကို လက်ဦးထားဖို့ အရေးကြီးသည်။ မိုရှေဒါယန်သည် စနစ်တကျ လက်ဦးမှုကို စတင်ကြိုးပမ်းလေတော့သည်။ ဟိုင်ဖာနှင့် ဂျက်ဖာကဲ့သို့သော ဆိပ်ကမ်းမြို့များကို အပိုင်စီးထားသည်။ တာဘားရီးယပ်နှင့် ဆာဖက် မြို့ကိုလည်း သိမ်းလိုက်သည်။ မိုရှေဒါယန်တို့အဖွဲ့က စစ်ရေးအရ လက်ဦးမှု ရယူခဲ့သလို ဂျူးနိုင်ငံရေးခေါင်းဆောင်များကလည်း ဗြိတိသျှတို့ မထွက်ခွာမီ ကြိုတင်၍ (Tel Aviv) တဲလ် အဗစ်မြို့၌ ယာယီအစိုးရကို ဖွဲ့လိုက်သည်။ ဂျူးခေါင်းဆောင်ကြီး ဒေးဗစ် ဘင်ဂူရီယန်သည် ဝန်ကြီးချုပ်ဖြစ်လာသည်။

နှစ်ပေါင်း(၂ဝဝဝ)ကျော်မျှ အနှိမ်ခံ၊ အပစ်ပယ်ခံ၊ အမုန်းခံ၊ အနှိပ်စက်ခံ၊ တိုင်းပြည်မဲ့ လူမျိုးအဖြစ်မှ ဂျူးလူမျိုးတို့ အသက်ချွေး မြောက်မြားစွာ ပေးဆပ်၍ ပါလက်စတိုင်း နယ်မြေထဲ၌ အစ္စရေးနိုင်ငံသစ် ပြန်လည် တည်ဆောက်နိုင်လေပြီ။ 1948 ခုနှစ် မေလ(14)ရက်နေ့တွင် ယာယီအစိုးရ ဝန်ကြီးချုပ် ဒေးဗစ် ဘင်ဂူရီယန်က လွတ်လပ်သော (Israel) အစ္စရေးနိုင်ငံ ထူထောင်ပြီးကြောင်း ကြေညာလိုက်သည်။ ထိုနေ့မှာပင် အာရပ်(၅)နိုင်ငံက အစ္စရေးကို ဝိုင်းတိုက်ကြလေတော့သည်။ လက်ဘနွန်က မြောက်ဘက်မှ ဝင်တိုက်သည်။ ဆီးရီးယားက အရှေ့မြောက်ဘက်မှ၊ ဂျော်ဒန်က အရှေ့ဘက်မှ၊ အီဂျစ်က တောင်ဘက်မှ အသီးသီး ဝင်ရောက်တိုက်ခိုက်ကြသည်။ အီရတ်ကလည်း ဂျော်ဒန်ကို ဖြတ်ကျော်ပြီး လာတိုက်သည်။ အီဂျစ်နှင့် ဆီးရီးယားတပ်များတွင် တင့်ကားများ ပါဝင်သည်။ ဂျော်ဒန်နှင့် အီရတ်တပ်တို့က သံချပ်ကာကားများ ပါဝင်လာသည်။ အီဂျစ်နိုင်ငံက စစ်လေယာဉ်ကြီး အစင်း(၆ဝ)ကို အသုံးပြုသည်။ ဂျော်ဒန်က နာမည်ကျော် အာရပ်လီဂျင်းတပ်ခေါ် နယ်ခြားစောင့်တပ်ကြီး ပါဝင်လာသည်။ ထိုတပ်ကြီးသည် ဗြိတိသျှတို့၏ ဦးဆောင်လေ့ကျင့်မှုကို (၂၅)နှစ်ကြာမျှ ခံယူခဲ့ပြီး လက်နက်ခဲယမ်းနှင့် ပြည့်စုံသော တပ်ဖွဲ့ကြီး ဖြစ်သည်။

အဆိုပါ ရန်သူအာရပ်(၅)နိုင်ငံနှင့် ရင်ဆိုင်တိုက်ခိုက်နေရသော အစ္စရေးနိုင်ငံသစ်လေးတွင် ဟာဂါနား အဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲများမှ လွဲ၍ အခြားသော အမြဲတမ်း တပ်မတော်ဟူ၍ မရှိသေး။ ဟာဂါနားတပ်မှာလည်း လက်နက်ငယ်သာ ရှိသည်။ လက်နက်ကြီးဟူ၍ ပြတိုက်တွင် ထားရမည့် အမြောက်(၃)လက်သာ ရှိသည်။ စစ်လေယာဉ် တစ်စင်းမျှ မရှိ၊ တင့်ကား မရှိ၊ သံချပ်ကာကား မရှိ။ အစ္စရေးနိုင်ငံသစ်ကလေးအဖို့ အသက်နှင့်ကိုယ် တည်မြဲရန် နာရီပိုင်းမျှသာ ရှိတော့မည်ဟု တစ်ကမ္ဘာလုံးက ဟောကိန်းထုတ်ခဲ့ကြသည်။ သတ္တဝါနှင့် လက်နက် မမျှအောင် ဆိုးရွားနေသော အဖြစ်မျိုးဟူ၍ အစ္စရေးနိုင်ငံလေးကို ကရုဏာ ပိုမိလာကြသည်။

သို့ရာတွင် အစ္စရေးနိုင်ငံသားများသည် “သေလျှင် မြေကြီး၊ ရှင်လျှင် ရွှေထီး”ဟု သဘောထားကာ ခုခံကာကွယ် တိုက်ခိုက်ကြလေသည်။ တဲလ်အဗစ်မြို့ပေါ်သို အီဂျစ်လေတပ်က ဗုံးမိုးရွားနေသော်လည်း အစ္စရေးနိုင်ငံ၏ နယ်နမိတ်ကိုမူ တစ်လက်မမျှ မဆုံးရှုံးရအောင် ကာကွယ်ခဲ့ရသည်။ အချို့စစ်သားများသည် ဖိနပ်မပါ ဦးထုပ်မပါဘဲ ပူပြင်းသော သဲကန္တာရတွင် တိုက်ပွဲဝင်နေကြရသည်။ 1948 ခုနှစ် မေလ(15)ရက် (အစ္စရေးနိုင်ထူထောင်ပြီး နောက်တစ်နေ့)မှစ၍ မိုရှေဒါယန်သည် သူ၏ မွေးဖွားရာဇာတိဖြစ်သော ဒါဂါးနီးယားမြို့တွင် အထူးတပ်မှူးကြီးအဖြစ် စတင် တာဝန်ယူရသည်။ မိုရှေဒါယန်တို့ အဓိက ရင်ဆိုင်ရသော ရန်သူမှာ ဆီးရီးယားတပ်များ ဖြစ်သည်။ တင့်ကားများစွာ ပါဝင်လာသည်။ မိုရှေဒါယန်၏ တပ်ဖွဲ့များမှာမူ မီးကျိုး မောင်းပျက် လက်နက်ငယ်များသာ စွဲကိုင်နိုင်သည်။ ထို့ကြောင့် ဆီးရီးယား တင့်ကားတပ်များစွာတို့သည် မိုရှေဒါယန်၏ နောက်ဆုံး ခံစစ်စခန်းမှ ကိုက်အနည်းငယ်မျှ ကွာလှမ်းသည်ထိ ထိုးဖောက်ဝင်ရောက်လာသည်။ ထိုတိုက်ပွဲတွင် မိုရှေဒါယန်သည် စိတ်ဓာတ်စစ်ဆင်ရေး၏ အရေးကြီးပုံကို သဘောပေါက်ခဲ့သည်။ လက်နက်အင်အား လူအင်အား အဆမတန် ကွာခြားလှသော ရန်သူကို ရင်ဆိုင်တိုက်ရာတွင် မိမိတပ်သားများအနေဖြင့် “ဘယ်တော့မှ အနိုင်မခံ အရှုံးမပေး”ဟူသော သန္နိဋ္ဌာန်ကို စွဲမြဲစွာ နှလုံးသွင်းကြဖို့ လှုံ့ဆော်ရမည်။ ဤနေရာတွင် တပ်မှူးလုပ်သူသည် စံပြဖြစ်စေရမည်၊ တပ်သားအားလုံးအတွက် နမူနာ ဖြစ်စေရမည်။

ထို့ကြောင့် တိုက်ပွဲဖြစ်စဉ် တလျှောက်လုံးတွင် မိုရှေဒါယန်သည် ရှေ့ဆုံး တပ်ဦးမှ နေရာယူသည်။ “(Forward) ရှေ့တက် ရှေ့တက်”ဟူသော အမိန်ပေးသံကို မိုရှေဒါယန်ထံမှ လုံးဝ မကြားရ၊ “(Follow Me) ငါ့နောက် လိုက်ခဲ့ကြ”ဟူသော အမိန်ပေးသံကိုသာ တပ်သားများ ကြားရသည်။
ထိုအချိန်မှ စ၍ မိုရှေဒါယန် ဦးဆောင်သော အစ္စရေးစစ်တပ်များတွင် တပ်မှူးများ၏ အမိန့်စကားသည် “ရှေ့တက် ရှေ့တက်” မဟုတ်တော့ဘဲ “ငါ့နောက် လိုက်ခဲ့ကြ”ဟူ၍ ပြောစမှတ် ပြုလေတော့သည်။ လက်တစ်ကမ်းတိုက်ပွဲ၊ လှံစွပ်ထိုးတိုက်ပွဲများတွင် မျက်စိတစ်ဘက် အဝတ်နက်ဖုံးထားသော မိုရှေဒါယန်သည် သာမန် စစ်သားကလေးတစ်ဦးနှင့် ရင်ဘောင်တန်းလျက် တိုက်ခိုက်နေသည်ကို တွေ့ရသည်။ ထိုသို့ နောက်မဆုတ်တမ်း ရွက်ရွက်ချွံချွံ ခုခံမှုကြောင့် ဆီးရီးယားတပ်များသည် မိုရှေဒါယန်၏ ခံစစ်စခန်းမှ ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေလေတော့သည်။

သို့ရာတွင် ရေရှည်အားဖြင့် မိုရှေဒါယန်၏ တပ်ဖွဲ့သည် ဆက်လက် ခုခံနိုင်စွမ်း မရှိ။ သူ၏ တပ်ဖွဲ့သည် စိတ်ဆောင်၍သာ တိုက်နေရသည်။ တကယ်တမ်းမှမူ ခြေလက်များ မသယ်နိုင်လောက်အောင် စစ်ပန်းနေပြီ ဖြစ်သည်။ ယင်းသို့ ဘေးကျပ်နံကျပ် ဖြစ်နေချိန်တွင် ကယ်တင်ရှင်ကြီး ပေါ်ပေါက်လာလေသည်။ ယင်း ကယ်တင်ရှင်ကြီးကား အခြားမဟုတ်၊ ကုလသမဂ္ဂကြီးပင် ဖြစ်သည်။ အာရပ်+အစ္စရေးစစ်ပွဲသည် ရက်သတ္တပတ်(၄)ပတ် ကြာပြီးနောက် 1948 ခုနှစ် ဇွန်(၁၁)တွင် ကုလသမဂ္ဂက ကြားဝင်၍ ဖျန်ဖြေသည်။ ယာယီ အတိုက်အခိုက် ရပ်စဲကြရန် ကုလသမဂ္ဂက ပန်ကြားသည်။ ထို့ကြောင့် ယာယီအားဖြင့် သေနတ်သံ ရပ်စဲသွားသည်။ မိုရှေဒါယန်နှင့် စစ်ခေါင်းဆောင်များသည် ကုလသမဂ္ဂကို စိတ်ထဲက ကျိတ်၍ အထူးပင် ကျေးဇူးတင်မိကြသည်။ မျက်ဖြူဆိုက်နေရသော အခြေအနေမှ အသက်ရှူချောင်သော အခြေအနေသို့ ပြန်ရောက်လာသည်။

သို့ရာတွင် အတိုက်အခိုက် ရပ်စဲရေးသည် ယာယီမျှသာဖြစ်ကြောင်း မိုရှေဒါယန်က နားလည်ထားသည်။ ရန်လိုနေသော အာရပ်များနှင့် ဥဒါန်းမကြေ စစ်ပွဲများ ဆက်လက် ဆင်နွှဲရဦးမည်ကို ကြိုတင်တွက်ဆထားသည်။ ထို့ကြောင့် စစ်ရပ်နားချိန်ကို အလဟဿ မဖြစ်စေဘဲ လက်နက်လူသူ ဖြည့်ဆည်းစုရုံးခြင်းကို စနစ်တကျ ပြုလုပ်နေသည်။ စစ်စခန်းများကို ပြန်လည် နေရာချပြီးနောက် ခံစစ်အတွက် စိတ်ချရပြီဟု ယူဆရချိန်တွင် အလျှို့ဝှက်ဆုံး အကြံအစည်တစ်ခုကို မိုရှေဒါယန်က ကျိတ်၍ ကြံစသည်သည်။ သူသည် သတ္တိကောင်းသော လက်ရွေးစင် လူတစ်စုကို ရွေးချယ်ပြီး အသေခံ ကွန်မန်ဒိုတပ်ကို ဖွဲ့စည်းသည်။ ထိုတပ်ဖွဲ့အားလုံးသည် “သေမထူး ရှင်မထူး” မထူးတပ်သားများ ဖြစ်ကြသည်။ ထို မထူးတပ်သားများကို လျှပ်တပြက်တိုက်ခိုက်နည်းကို မိုရှေဒါယန်ကိုယ်တိုင် လက်ထပ်သင်ကြားပေးလေသည်။ မိုရှေဒါယန်၏ တိုက်စစ်ဆောင်ပုဒ်မှာ “အတင်းဝင် အတင်းထိုးဖောက်၊ မြင်သမျှ ရန်သူကို သုတ်သင်”ဟူ၍ ဖြစ်သည်။

မိုရှေဒါယန်သည် ကုလသမဂ္ဂ၏ ကျေးဇူဖြင့် တစ်လခန့် စစ်နားနေချိန်၌ အထက်ပါ လုပ်စရာရှိသည်များကို အားလုံး ပြင်ဆင်ပြီးစီးခဲ့သည်။
1948 ဇူလိုင်(9)တွင် ရုတ်တရက် စစ်ပြန်ဖြစ်ချိန်တွင် မိုရှေဒါယန်သည် သူ၏ အကြံအစသည်အတိုင်း လျှပ်တပြက် တိုက်စစ်ဆင်နွှဲနိုင်ခဲ့သည်။ မိုရှေဒါယန်၏ အသေခံ ကွန်မန်ဒိုတပ်ဖွဲ့သည် စက်သေနတ်များ တပ်ဆင်ထားသော ဂျစ်ကားများဖြင့် ရန်သူ ဆီးရီးယားတို့၏ နယ်မြေထဲသို့ ဒလကြမ်းမောင်းနှင်ကာ လမ်းတလျှောက် တွေ့သမျှ မြင်သမျှ ရန်သူစခန်းများကို စက်သေနတ်ဖြင့် မွှေနှောက်သွားသည်။
“ရန်သူက လာတိုက်တာကို စောင့်နေတာထက် လာမယ့်ဘေး ပြေးတွေးပြီး ကိုယ်က လက်ဦးအောင် ဝင်ချရမယ်။ ဒါဟာ အောင်ပွဲရဲ့ တစ်ဝက် သေချာတာပဲ။ ကိုယ့်ထက် အင်အားကြီးမားတဲ့ ရန်သူက ကိုယ့်ကို လာတိုက်တဲ့အချိန်ထိ စောင့်နေတာလောက် မိုက်မဲတာ မရှိဘူး”ဟု မိုရှေဒါယန်က သူ၏ မထူးတပ်သားများကို ဩဝါဒပေးခဲ့သည်။

မိုရှေဒါယန်က လူနှစ်ဦး၏ ရန်ပွဲနှင့် စစ်ပွဲကို ဥပမာပေးသည်။ “ဗလကောင်းကောင်း အရပ်မြင့်မြင့် လူကြီးတစ်ဦးနှင့် ဗလသေးသေး အရပ်ပုပု အားနည်းသော လူတစ်ဦးတို့ ရန်ဖြစ်ကြလျှင် လူကြီး၏ လက်သီးချက်ကို ခံရပြီးမှ ပြန်လည်ခုခံရလျှင် ရှုံးဖို့ သေချာသည်။ ထို့ကြောင့် ဤအခြေအနေတွင် လက်မြန်ခြေမြန် လက်ဦးမှု ရယူပြီး ချက်ကောင်းကို ထိအောင် လျှပ်တပြက် ထိုးသတ်ရမည်”ဟု မိုရှေဒါယန်က သင်ကြားပေးသည်။ (နောက်နောင် စစ်ပွဲများတွင်လည်း မိုရှေဒါယန်က ဤနည်းဗျူဟာကို သုံးတတ်သည်။)
မိုရှေဒါယန်၏ မထူးတပ်သည် ဆီးရီးယားနယ်မြေထဲသို့ မုန်တိုင်းစစ်ဆင်၍ ဝင်ရောက်သွားသည်။ ထိုစဉ်က အရှေ့အလယ်ပိုင်းတွင် အကြီးဆုံး လေဆိပ်ရှိရာ ဆီးရီးယားနိုင်ငံ လစ်ဒါမြို့ကို မိုရှေဒါယန်၏ ကွန်မန်ဒိုတပ်က ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် ရမ်လေမြို့ကြီးကိုပါ ဆက်လက် သိမ်းပိုက်ပြန်သည်။ ထိုမြို့(၂)မြို့ကို သိမ်းပိုက်ပြီးနောက် ဂျေရုဆလင်မြို့သို့ ရေးဝေပေးသော ရေပိုက်လိုင်းကြီးကိုပါ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားလိုက်ပြန်သည်။

မိုရှေဒါယန်၏ လစ်ဒါမြို့သိမ်းတိုက်ပွဲ အကြောင်းသည် ချက်ချင်း သတင်းပျံ့သွားပြီး နေ့ချင်းညချင်း နာမည်ကြီးသွာသည်။ အာရပ်+အစ္စရေး ပထမစစ်ပွဲအကြောင်း ရေးသားသော စာရေးဆရာ နာတာနယ်လော့ခ်ျသည် သူ၏ “ဓားသွား”စာအုပ်တွင် မိုရှေဒါယန်၏ စွန့်စားခန်းကို အံ့ဖွယ်သူရဲ စစ်ဆင်ရေးတစ်ရပ်အနေဖြင့် ထုတ်ဖော်ချီးကျူးခဲ့သည်။ လွတ်လပ်ရေး တိုက်ပွဲတစ်ရပ်တွင် မိုရှေဒါယန်တို့ ဆင်နွှဲသော ယခုစစ်ဆင်ရေးမျိုးမှာ အရဲဝံ့ဆုံး အပြောင်မြောက်ဆုံး ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ လျှပ်တပြက် မုန်တိုင်းဆင်ပြီး ဝင်လာသော အစ္စရေးတို့၏ ထိုးစစ်ကြောင့် အာရပ်များသည် တုန်လှုပ်ပြီး ဆောက်တည်ရာမရ ဖြစ်ခဲ့ရလေသည်။

လစ်ဒါ မြို့နှင့် ရမ်လေမြို့ကို သိမ်းပိုက်ပြီးချိန် 1948 ဇူလိုင်(19)တွင် ဒုတိယအကြိမ် အတိုက်အခိုက်ရပ်စဲရေး သဘောတူခဲ့ကြသည်။
ကုလသမဂ္ဂကိုယ်စားလှယ် ကောင့်ဖော့ဘာနာဒေါ့၏ ကြားဝင်ဖျန်ဖြေမှုကြောင့် နှစ်ဦးနှစ်ဘက် စစ်ပွဲရပ်နားရန် လက်ခံလိုက်ကြခြင်း ဖြစ်သည်။ သို့ရာတွင် ကောင့်ဖော့ဘာနာဒေါ့သည် မကြာမီ ဂျေရုဆလင်မြို့၌ ဂျူးလူမျိုး အကြမ်းဖက်သမားတစ်စု၏ လုပ်ကြံမှုကြောင့် ကွန်လွန်ခဲ့ရလေသည်။
ထို့ကြောင့် နိုဝင်ဘာလအထိ အခြေအနေမှာ မအေးဆေးသေးဘဲ အတိုက်အခိုက်များ ပြန်လည် ဖြစ်ပေါ်ခဲသည်။
ထို့နောက် ကုလသမဂ္ဂသည် ကောင့်ဖော့ဘာနာဒေါ့၏ နေရာတွင် ဒေါက်တာ ရာ့ဖ်ဘန်ချီကို အစားထိုး တာဝန်ပေးကာ အာရပ်+အစ္စရေး စစ်ပြေငြိမ်းရေး စေ့စပ်ဆွေးနွေးပွဲကို ဂရိနိုင်ငံ ရိုဒီကျွန်း၌ ကျင်းပလေသည်။ အစ္စရေးနိုင်ငံမှ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အချုပ်အဖြစ် မိုရှေဒါယန်ကို တာဝန်ပေးလိုက်လေသည်။ မိုရှေဒါယန်အဖို့ အစ္စရေးနိုင်ငံကို ကိုယ်စားပြု၍ ပထမဦးဆုံးအကြိမ် ကြီးလေးသော တာဝန်တစ်ရပ်ကို ထမ်းရွက်ရခြင်းပေတည်း။

တိုက်ခိုက်ရေးသမားဘဝမှ စေ့စပ်ရေးသမားဘဝသို့ လပိုင်းအတွင် ပြောင်းလဲခဲ့ရသော မိုရှေဒါယန်သည် စင်စစ်အားဖြင့် နိုင်ငံရေးပရိယာယ်များကို ကျွမ်းကျင်ယဉ်ပါးသူ မဟုတ်သေး။ သူကျွမ်းကျင်သည်မှာ စစ်ရေး၌သာ ဖြစ်သည်။ သို့ရာတွင် စေ့စပ်ဆွေးနွေးပွဲများတွင် ကုလသမဂ္ဂကိုယ်စားလှယ်များ၊ အမေရိကန်စစ်ဗိုလ်ချုပ်များ၊ အီဂျစ်စစ်သံမှူးများနှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရသည်အခါ မိုရှေဒါယန်သည် ဝါရင့်နိုင်ငံရေးနှစ် စစ်ရေးတာဝန်ကြီး တစ်ဦးကဲ့သို့ ဆွေးနွေးနိုင်ခဲ့သည်။ ထိုအချိန်တွင် မိုရှေဒါယန်၏ အသက်မှာ (၃၄)နှစ်မျှသာ ရှိသေးသည်။ မိုရှေဒါယန်ဘက်မှ စွဲကိုင်ထားသော သဘောထားမှာ တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ “အစ္စရေးနိုင်ငံ၏ နယ်နမိတ်နှင့် ပတ်သက်၍ တစ်လက်မမျှ အလျှော့မပေးရေး” ဖြစ်သည်။
ထိုသဘောထားသည် မိုရှေဒါယန်၏ လက်ကိုင်ဝါဒ ဖြစ်သည်။ ထိုသဘောထားဖြင့် ဆွေးနွေးခဲ့သဖြင့်လည်း မိုရှေဒါယန်မှာ အာရပ်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂကိုယ်စားလှယ်အချို့၏ “ချဉ်ဖတ်” ဖြစ်လာခဲ့ရသည်။ “တစ်ဘက်သတ်ကြည့်သူ ခေါင်းမာသူ”ဟု အပြောခံရသည်။
သို့ရာတွင် အီဂျစ်တို့နှင့် သဘောတူညီမှု ရရှိခဲ့သည်။

1948 ဖောဖော်ဝါရီ(24)တွင် အာရပ်+အစ္စရေး စစ်ရပ်စဲရေးအတွက် ပထမဦးဆုံး သဘောတူညီမှုကို အီဂျစ်ကိုယ်စားလှယ်များနှင့် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ မတ်လတွင် လက်ဘနွန်နိုင်ငံနှင့်လည်ကောင်း၊ ဧပြီလတွင် ဂျော်ဒန်နိုင်ငံနှင့်လည်းကောင်း၊ 1949 ဇူလိုင်(20)တွင် ဆီးရီးယားနိုင်ငံနှင့်လည်းကောင်း စစ်ရပ်စဲရေး သဘောတူညီကြပြီးနောက် သေနတ်သံများ ဆိတ်ငြိမ်သွားလေသည်။ နှစ်ပေါင်းများစွာ ကာလရှည်ကြာ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့ကြသော ဂျူးလူမျိုးတို့သည် ကမ္ဘာ့မြေပုံပေါ်၌ “(Israel) အစ္စရေး”ဟူသော နိုင်ငံသစ် ထူထောင်နိုင်ခဲ့ပြီတည်း။
စစ်ပွဲစာရင်းချုပ်ချိန်တွင် အစ္စရေးနိုင်ငံ၏ နယ်နမိတ်သည် 1948 မေလ(14)ရက်နေ့ မူလတည်ထောင်ခါစ နယ်နမိတ်ထက် ပို၍ ကျယ်ပြန့်လာသည်။ ဆိုင်းနိုင်း ကျွန်းဆွယ်၏ အရှေ့ဘက် နီဂျက်ဒေသ တစ်ခုလုံးနှင့် ဂျေရုဆလင်မြို့တော် တစ်ဝက်ကို သိမ်းပိုက်နိုင်ခဲ့သည်။ [နောင် ၁၈-နှစ်ကြာပြီး 1967 တတိယ အာရပ်+အစ္စရေး စစ်ပွဲတွင် (Jerusalem)ဂျေရုဆလင်မြို့ တစ်ခုလုံးကို သိမ်းပိုက်လိုက်သည်။] (စကားချပ်)

အစ္စရေးစစ်ဘက် ကိုယ်စားလှယ်ချုပ် မိုရှေဒါယန်၏ နယ်မြေလောဘ အရင်းခံ၍ အလျှော့မပေးဘဲ တင်းခံနေမှုကြောင့် အစ္စရေးနိုင်ငံအဖို့ နယ်နမိတ်အမြတ်များ ထွက်ပေါ်လာသော်လည်း နိုင်ငံရေးသိက္ခာပိုင်း၌ ကျဆင်းစပြုလာသည်။ ယင်းကို မိုရှေဒါယန်က သတိမပြုမိခဲ့ချေ။ သူ၏ ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာမှာကား တိုးတက်နေလျက် ရှိသည်။ မိုရှေဒါယန်သည် မထူးတပ်ဗိုလ် သူရဲကောင်းတစ်ဦးအဖြစ် ထင်ပေါ်ကျော်ကြားလာသည်။
မိုရှေဒါယန်အတွက် ပုဂ္ဂိုလ်ရေးအရ စိတ်ထိခိုက်ရလွန်းသော ဆုံးရှုံးမှု တစ်ရပ်လည်း ရှိခဲ့သည်။ ယင်းသည်ကား အခြားမဟုတ်၊ သူ၏ ချစ်လှစွာသော အသက်(၂၁)နှစ်ရှိ ညီငယ် ဇိုဟာဒါယန်သည် ရှေ့တန်းစစ်မျက်နှာ တစ်နေရာတွင် ကျဆုံးခဲ့ခြင်း ဖြစ်သည်။ ညီငယ် ဇိုဟာဒါယန်ကို စစ်သားကောင်း တစ်ယောက်ဖြစ်လာအောင် အားပေးအားမြောက် ပြုခဲ့သည်။ မိုရှေဒါယန်သည် စစ်ထွက်ခါနီး၌ ပွေ့ဖက်နှုတ်ဆက်ခဲ့ရသော ညီငယ်၏ မျက်နှာကို မြင်ယောင် တမ်းတ၍သာ နေရရှာသည်။

မည်သို့ပင်ဖြစ်စေ ညီငယ်တစ်ယောက် ဆုံးရှုံးရမှုသည် အခြားသော အောင်မြင်မှုများနှင့် နိုင်းစာရလျှင် မပြောပလောက်ချေ။ မိုရှေဒါယန်သည် စစ်ပြီးချိန် 1950 ခုနှစ်ထိ တောင်ပိုင်းဒေသ တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ရသည်။ ထို့နောက် (ဘရီဂေးဒီးယား ဂျင်နရယ်)ရာထူးတိုးမြှင့်ခံရပြီး မြောက်ပိုင်းတိုင်းမှူးအဖြစ် ဆောင်ရွက်ရပြန်သည်။ ဝန်ကြီးချုပ် ဘင်ဂူရီယန် ကိုယ်တိုင်က ခေါ်ယူတွေ့ဆုံကာ ချီးကျူးစကား ပြောကြားခဲ့သည်။ ဘင်ဂူရီယန်သည် မိုရှေဒါယန်ကို တစ်နေ့တွင် သူ့နေရာဆက်ခံနိုင်မည့် ဝန်ကြီးချုပ်လောင်း တစ်ဦးအဖြစ်ပင် လျာထား သတ်မှတ်ခဲ့သည်။ သို့ရာတွင် မိုရှေဒါယန်ကမူ ထိုအချိန်ထိ စစ်သွေးစစ်မာန်တက်၍ စစ်ဘက်၌သာ သံယောဇဉ်္ ပိုနေခဲ့သည်။

1948 ခုနှစ် စစ်ပွဲကား မပြီးဆုံးသေး၊ ငြိမ်းချမ်းရေး အစစ်မှန် မရသေး။ အာရပ်နိုင်ငံများက အစ္စရေးနိုင်ငံ၏ တည်ရှိမှုကို အသိအမှတ် မပြုသေးသမျှ ကာလပတ်လုံး ဘေးရန်ကင်းကွာပြီဟု မဆိုနိုင်သေး။ “အစ္စရေးဟာ အမြဲတမ်း စစ်တိုက်ဖို့ အသင့်ပြင်ထားရမယ်”ဟု မိုရှေဒါယန်က ခေါင်းဆောင်များကို သတိပေးသည်။ မိုရှေဒါယန် ပြောသည့်အတိုင်းပင် နယ်စပ်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ရှိသည်။ အစ္စရေးလယ်ယာမြေများကို အာရပ်ပြောက်ကျားများက မကြာခဏ ဝင်ရောက် ဖျက်ဆီးနေသည်။ လစ်လျှင် လစ်သလို အကြမ်းဖက်တိုက်ခိုက်နေသည်။ ယင်း အသးအဖွဲလေးမှစ၍ အချိန်မရွေး စစ်ကြီးထ၍ ဖြစ်လာနိုင်သည်။ 1948 မေလ(14)ရက်တွင် အစ္စရေးနိုင်ငံ တည်ထောင်ကြောင်း လွတ်လပ်ရေး ကြေညာစာတမ်း ထုတ်ပြန်ရာ၌ “အကျွန်ုပ်တို့သည် အိမ်နီးချင်းနိုင်ငံ အားလုံးတို့နှင့်တကွ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး ရရှိရန် ဆန္ဒပြုပါသည်။ အကျွန်ုပ်တို့နှင့်အတူ ကောင်းကျိုးလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ကြပါရန် ပန်ကြားပါသည်”ဟူ၍ ဖော်ပြခဲ့သည်။ သို့ရာတွင် နယ်ချဲ့အင်္ဂလိပ်တို့က ပါလက်စတိုင်းဒေသကို လက်မလွှတ်ရသေးမီ စစ်မီးကို မွှေးသွားခဲ့သည်။ လက်အောက်ခံ ကျွန်လူမျိုးအချင်းချင်း သွေးချောင်းစီး သတ်ပွဲများ ခင်းရစ်ကြလေလော့ဟု လက်ရှောင်သွားခဲ့သည်။
`
ဤသို့ဖြင့် အစ္စရေးနှင့် အာရပ်တို့သည် ဥဒါန်းမကြေ ကမ္ဘာ့ရန်သူ ဖြစ်ကြရသည်။ ယင်းသို့ လူမျိုးရေးစစ်ပွဲများတွင် မိုရှေဒါယန်ကဲ့သို့ တိုင်းပြည်ချစ်သူများသည် လူမျိုးရေးစိတ်ဓာတ် ပို၍ ပြင်းထန်တတ်သည်။ ယင်းကဲ့သို့ ပြင်းထန်သူများကိုပင် ကမ္ဘာ့အင်အားကြီး နိုင်ငံရေးခေါင်းဆောင်များက ကောင်းစွာ ကိုယ်တွယ်၍ စစ်ကစားကြရသည်။ သွေးထိုးပေးရသည်။ ထို့ကြောင့် မိုရှေဒါယန်သည် မထူးတပ်ဗိုလ် တစ်ဦးအဖြစ် စွန့်စွန့်စားစား စစ်မှုထမ်းခဲ့ရခြင်း ဖြစ်လေသတည်း။

Leave a Reply