အေၾကာက္တရားကို ဖယ္ရွားၿပီး ကုိယ့္ကုိယ္ကုိ ယုံၾကည္မႈကို တည္ေဆာက္မယ္ဆုိရင္

Posted on

အေၾကာက္တရားကို ဖယ္ရွားၿပီး ယုံၾကည္မႈကို တည္ေဆာက္ဖုိ႔ ေလ့က်င့္ပုံ နည္းလမ္းေလးတခ်ဳိ႕ကို ေ၀မွ်ပါရေစ။

ေရွ႕တန္းမွာ ေနရာယူပါ
အစည္းအေ၀းေတြ သင္တန္းေတြမွာ ေနာက္တန္းမွာသာ လူေတြျပည့္ေနေလ့ရွိပါတယ္။ အေၾကာင္းကေတာ့ အမ်ားစုဟာ ထင္ထင္ေပၚေပၚမျဖစ္ခ်င္လုိ႔ ပုန္းလ်ဳိးေနၾကတာပါ။ ဒါဟာ ကုိယ့္ကုိယ္ကုိ ယုံၾကည္မႈအားနည္းတယ္ လုိ႔ဆုိလုိ႔လည္းရပါတယ္။ ဒါေၾကာင့္ တတ္ႏုိင္သမွ်ေရွ႕တန္းက ထုိင္ၿပီး ကုိယ့္ကုိယ္ကုိ ယုံၾကည္မႈျမွင့္တင္ပါ။ အခုအခ်ိန္ကစၿပီး ငါေရွ႕တန္းကေနမယ္ လုိ႔ စည္းကမ္းခ်လုိက္ပါ။ ဒါဟာ ေအာင္ျမင္မႈကို ရယူျပသတဲ့ အထိမ္းအမွတ္မဟုတ္တာေတာ့ သတိျပဳပါ။

မ်က္လုံးျခင္း ဆုံၾကည့္ဖုိ႔ ေလ့က်င့္ပါ
လူေတြဟာ တစ္ဖက္သားနားလည္ေအာင္ မ်က္လုံးနဲ႔စကားေျပာတတ္ၾကတယ္။ မ်က္ႏွွာရိပ္ မ်က္ႏွာကဲကုိ ၾကည့္ရုံနဲ႔ သူ႔အတြင္းစိတ္ကုိ အကဲခတ္လုိ႔ရတယ္။ တကယ္လုိ႔ ကုိယ္နဲ႔ မ်က္ႏွာခ်င္းမဆုံေအာင္ ေရွာင္လႊဲေနသူေတြ႔ရင္ ဒီလူဘာေတြမ်ား ဖုံးကြယ္ဖုိ႔ ႀကဳိးစားေနသလဲ ၊ ငါ့အေပၚတစ္ခုခုမ်ား ႀကံစည္ေနသလား စသျဖင့္ သိႏုိင္ပါတယ္။ ပညာရွင္ေတြကေတာ့ မ်က္လုံးခ်င္း အဆက္အသြယ္ အလုပ္နည္းတာဟာ အားနည္းမႈ ၊ ေပ်ာ့ညံ့မႈ ၊ ေၾကာက္ရြံ႕မႈကိုျပတဲ့ အဓိပၸါယ္လုိ႔ဆုိပါတယ္။ ဒီေတာ့ ကုိယ့္ကုိယ္ကုိ ယုံၾကည္မႈကို ျမွင့္တင္တဲ့အေနနဲ႔ မ်က္လုံးခ်င္းဆုံၾကည့္ႏုိင္ေအာင္ ေလ့က်င့္ၿပီး ေၾကာက္စိတ္ကို ေဖ်ာက္ပစ္ပါ။

၄ပုံ ၁ပုံ အျမန္ႏႈန္းတင္ေလွ်ာက္ပါ
အၿမဲတမ္း ပုံပန္းမက် ယုိင္တိယုိင္တုိင္ ေလွ်ာက္သူ နဲ႔ ေႏွးေႏွးေကြးေကြးေလွ်ာက္သူေတြဟာ သူတုိ႔ရဲ႕ အလုပ္အကုိင္ေတြကို ေဖာ္ျပတာပဲလုိ႔ စိတ္ပညာရွင္ေတြက ဆုိပါတယ္။ ေသခ်ာေစာင့္ၾကည့္မယ္ဆုိရင္ ကုိယ္ခႏၶာလႈပ္ရွားမႈဟာ စိတ္လႈပ္ရွားမႈနဲ႔ အက်ဳိးဆက္မွန္း သိသာပါတယ္။ ကုိယ္ေနဟန္ထား သြားပုံလာပုံနဲ႔ အရွိန္ႏႈန္းကို ျမွင့္တင္လုိက္ျခင္းအားျဖင့္ ယုံၾကည္မႈကို ပိုရွိေစပါတယ္။ မယုံရင္ ပုံမွန္ေလွ်ာက္ေနတာထက္ ခါးကုိမတ္ၿပီး ျမန္ျမန္သြက္သြက္ေလးေလွ်ာက္ၾကည့္လုုိက္ပါ။

စကားေျပာေလ့က်င့္ပါ
လူတန္းစားေပါင္းစုံနဲ႔ ေတြ႔ဆုံလုပ္ကုိင္ရာမွာ စကားေျပာျခင္းဟာ မရွိမျဖစ္လုိအပ္တဲ့ အရာတစ္ခုျဖစ္ပါတယ္။ အေျခခံအားျဖင့္ စကားေျပာေကာင္းဖုိ႔ထက္ ႏႈတ္သြက္ၿပီး ေရလည္ေအာင္ေျပာတတ္ဖုိ႔ အေရးႀကီးပါတယ္။ တခ်ဳိ႕သူေတြဟာ တျခားသူေတြနဲ႔ စကားေျပာဖုိ႔လန္႔ေနတတ္ၾကပါတယ္။ ေျပာတဲ့အခါမွာလည္း အထစ္ အထစ္ နဲ႔ အဆီအေငွာ္မတည့္ေျပာေလ့ရွိတာေၾကာင္ ေတာင္တစ္ခြန္း ေျမာက္တစ္ခြန္းျဖစ္ေနတတ္ပါတယ္။ ဒီလုိအခါမ်ဳိးမွာ တျခားသူက ကုိယ့္ကုိယုံၾကည္မႈနည္းသြားတတ္ပါတယ္။ လူပုံအလယ္မွာ ထေျပာရဲတဲ့သတိၱ လူတုိင္းမွာ မရွိပါဘူး။ အမ်ားစုက “ငါေျပာတာမွန္ပါ့မလား”၊ “လူေတြလက္ခံပါ့မလား”၊ “သူတုိ႔က ငါထက္ပိုသိေတာ့ ငါေျပာတာရယ္စရာျဖစ္ေနမလား” စတဲ့ အေတြးေတြနဲ႔ စုိးရိမ္မႈလြန္ကဲေနတတ္ပါတယ္။ ၁ႀကိမ္ ၂ႀကိမ္ ထေျပာလုိက္လုိ႔ အရာမေရာက္ရင္ ကုိယ့္ကုိယ္ကုိ ယုံၾကည္မႈ ကုန္ခမ္းသြားၿပီး ေနာက္ဘယ္ေတာ့မွ ထမေျပာရဲတဲ့အျဖစ္မ်ဳိး ေရာက္သြားတတ္ပါတယ္။ ဒီေတာ့ စကားေျပာျခင္းကို ေလ့က်င့္ၿပီး ေျပာရဲဆုိရဲတဲ့သူျဖစ္ေအာင္ႀကဳိးစားျခင္းျဖင့္ ယုံၾကည္မႈကို ျမွင့္တင္ပါ။

အားရပါးရ လႈိက္လႈိက္လွဲလွဲၿပဳံးပါ
အၿပဳံးဆုိတာ လူခ်စ္လူခင္ေပါတဲ့ ေဆးတစ္လက္ပါပဲ။ ယုံၾကည္မႈကုိ ဖလွယ္ရာမွာ အၿပဳံးက လက္နက္တစ္ခုပါ။ ဒါေပမယ့္ လူေတာ္ေတာ္မ်ားမ်ားက ၿပဳံးဖုိ႔၀န္ေလးတတ္ၾကပါတယ္။ ေၾကာက္ရြံ႕စိတ္ေတြႀကဳံလာတဲ့အခါ ပိုဆုိးၿပီး မၿပဳံးႏုိင္ၾကေတာ့ပါဘူး။ လွည့္စားမႈအေနနဲ႔ အဲဒီအခ်ိန္အခါမ်ဳိးမွာ အခက္အခဲေတြကို ခဏေမ့ၿပီး အားရပါးရၿပဳံးၾကည့္လုိက္ပါ။ စုိးရိမ္မႈေတြ အေတာ္အတန္ ေျပေလ်ာ့သြားတာကို ေတြ႔ရပါလိမ့္မယ္။


အကြောက်တရားကို ဖယ်ရှားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုကို တည်ဆောက်မယ်ဆိုရင် (unicode)

အကြောက်တရားကို ဖယ်ရှားပြီး ယုံကြည်မှုကို တည်ဆောက်ဖို့ လေ့ကျင့်ပုံ နည်းလမ်းလေးတချို့ကို ဝေမျှပါရစေ။

ရှေ့တန်းမှာ နေရာယူပါ
အစည်းအဝေးတွေ သင်တန်းတွေမှာ နောက်တန်းမှာသာ လူတွေပြည့်နေလေ့ရှိပါတယ်။ အကြောင်းကတော့ အများစုဟာ ထင်ထင်ပေါ်ပေါ်မဖြစ်ချင်လို့ ပုန်းလျိုးနေကြတာပါ။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းတယ် လို့ဆိုလို့လည်းရပါတယ်။ ဒါကြောင့် တတ်နိုင်သမျှရှေ့တန်းက ထိုင်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမြှင့်တင်ပါ။ အခုအချိန်ကစပြီး ငါရှေ့တန်းကနေမယ် လို့ စည်းကမ်းချလိုက်ပါ။ ဒါဟာ အောင်မြင်မှုကို ရယူပြသတဲ့ အထိမ်းအမှတ်မဟုတ်တာတော့ သတိပြုပါ။

မျက်လုံးခြင်း ဆုံကြည့်ဖို့ လေ့ကျင့်ပါ
လူတွေဟာ တစ်ဖက်သားနားလည်အောင် မျက်လုံးနဲ့စကားပြောတတ်ကြတယ်။ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ရုံနဲ့ သူ့အတွင်းစိတ်ကို အကဲခတ်လို့ရတယ်။ တကယ်လို့ ကိုယ်နဲ့ မျက်နှာချင်းမဆုံအောင် ရှောင်လွှဲနေသူတွေ့ရင် ဒီလူဘာတွေများ ဖုံးကွယ်ဖို့ ကြိုးစားနေသလဲ ၊ ငါ့အပေါ်တစ်ခုခုများ ကြံစည်နေသလား စသဖြင့် သိနိုင်ပါတယ်။ ပညာရှင်တွေကတော့ မျက်လုံးချင်း အဆက်အသွယ် အလုပ်နည်းတာဟာ အားနည်းမှု ၊ ပျော့ညံ့မှု ၊ ကြောက်ရွံ့မှုကိုပြတဲ့ အဓိပ္ပါယ်လို့ဆိုပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကို မြှင့်တင်တဲ့အနေနဲ့ မျက်လုံးချင်းဆုံကြည့်နိုင်အောင် လေ့ကျင့်ပြီး ကြောက်စိတ်ကို ဖျောက်ပစ်ပါ။

၄ပုံ ၁ပုံ အမြန်နှုန်းတင်လျှောက်ပါ
အမြဲတမ်း ပုံပန်းမကျ ယိုင်တိယိုင်တိုင် လျှောက်သူ နဲ့ နှေးနှေးကွေးကွေးလျှောက်သူတွေဟာ သူတို့ရဲ့ အလုပ်အကိုင်တွေကို ဖော်ပြတာပဲလို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။ သေချာစောင့်ကြည့်မယ်ဆိုရင် ကိုယ်ခန္ဓာလှုပ်ရှားမှုဟာ စိတ်လှုပ်ရှားမှုနဲ့ အကျိုးဆက်မှန်း သိသာပါတယ်။ ကိုယ်နေဟန်ထား သွားပုံလာပုံနဲ့ အရှိန်နှုန်းကို မြှင့်တင်လိုက်ခြင်းအားဖြင့် ယုံကြည်မှုကို ပိုရှိစေပါတယ်။ မယုံရင် ပုံမှန်လျှောက်နေတာထက် ခါးကိုမတ်ပြီး မြန်မြန်သွက်သွက်လေးလျှောက်ကြည့်လိုက်ပါ။

စကားပြောလေ့ကျင့်ပါ
လူတန်းစားပေါင်းစုံနဲ့ တွေ့ဆုံလုပ်ကိုင်ရာမှာ စကားပြောခြင်းဟာ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အခြေခံအားဖြင့် စကားပြောကောင်းဖို့ထက် နှုတ်သွက်ပြီး ရေလည်အောင်ပြောတတ်ဖို့ အရေးကြီးပါတယ်။ တချို့သူတွေဟာ တခြားသူတွေနဲ့ စကားပြောဖို့လန့်နေတတ်ကြပါတယ်။ ပြောတဲ့အခါမှာလည်း အထစ် အထစ် နဲ့ အဆီအငှော်မတည့်ပြောလေ့ရှိတာကြောင် တောင်တစ်ခွန်း မြောက်တစ်ခွန်းဖြစ်နေတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ တခြားသူက ကိုယ့်ကိုယုံကြည်မှုနည်းသွားတတ်ပါတယ်။ လူပုံအလယ်မှာ ထပြောရဲတဲ့သတ္တိ လူတိုင်းမှာ မရှိပါဘူး။ အများစုက “ငါပြောတာမှန်ပါ့မလား”၊ “လူတွေလက်ခံပါ့မလား”၊ “သူတို့က ငါထက်ပိုသိတော့ ငါပြောတာရယ်စရာဖြစ်နေမလား” စတဲ့ အတွေးတွေနဲ့ စိုးရိမ်မှုလွန်ကဲနေတတ်ပါတယ်။ ၁ကြိမ် ၂ကြိမ် ထပြောလိုက်လို့ အရာမရောက်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ကုန်ခမ်းသွားပြီး နောက်ဘယ်တော့မှ ထမပြောရဲတဲ့အဖြစ်မျိုး ရောက်သွားတတ်ပါတယ်။ ဒီတော့ စကားပြောခြင်းကို လေ့ကျင့်ပြီး ပြောရဲဆိုရဲတဲ့သူဖြစ်အောင်ကြိုးစားခြင်းဖြင့် ယုံကြည်မှုကို မြှင့်တင်ပါ။

အားရပါးရ လှိုက်လှိုက်လှဲလှဲပြုံးပါ
အပြုံးဆိုတာ လူချစ်လူခင်ပေါတဲ့ ဆေးတစ်လက်ပါပဲ။ ယုံကြည်မှုကို ဖလှယ်ရာမှာ အပြုံးက လက်နက်တစ်ခုပါ။ ဒါပေမယ့် လူတော်တော်များများက ပြုံးဖို့ဝန်လေးတတ်ကြပါတယ်။ ကြောက်ရွံ့စိတ်တွေကြုံလာတဲ့အခါ ပိုဆိုးပြီး မပြုံးနိုင်ကြတော့ပါဘူး။ လှည့်စားမှုအနေနဲ့ အဲဒီအချိန်အခါမျိုးမှာ အခက်အခဲတွေကို ခဏမေ့ပြီး အားရပါးရပြုံးကြည့်လိုက်ပါ။ စိုးရိမ်မှုတွေ အတော်အတန် ပြေလျော့သွားတာကို တွေ့ရပါလိမ့်မယ်။

Leave a Reply