ကမာၻ႔သမုိင္းထဲက အာေသာကမင္းတရားႀကီး အေၾကာင္းသိေကာင္းစရာ

Posted on

ကမၻာ့သမိုင္း၌ ဘုန္းလက္႐ုံးႏွင့္ ျပည့္စုံၾက၍ က်ယ္ဝန္းေသာ ႏိုင္ငံေတာ္ႀကီးမ်ားကို တည္ေထာင္ခဲ့ၾကေသာ ဧကရာဇ္မင္းမ်ားအနက္ အေသာကမင္း တရားႀကီး၏အမည္သည္ အျခားေသာ ဧကရာဇ္မင္းမ်ား၏ ေက်ာ္ၾကားထင္ရွားနည္းမ်ိဳးျဖင့္ မဟုတ္ဘဲ ကမၻာတစ္လႊား၌ ထင္ေပၚ ေက်ာ္ၾကားခဲ့ေပသည္။

ယင္းသို႔ တစ္မူထူးျခား၍ ထင္ရွားေက်ာ္ၾကားရျခင္းမွာ အေသာကမင္းတရားသည္ ေမတၱာ၊ က႐ုဏာ၊ ေစတနာတရားတို႔ကို အရင္းခံထား၍ လူသတၱဝါ အမ်ား၏ ေလာကီ ေလာကုတၱရာ ႏွစ္ျဖာခ်မ္းသာေရးကို ေရွး႐ႈ လ်က္ မိမိ၏ႏိုင္ငံေတာ္ကို အျခားအျခားေသာ ဧကရာဇ္တို႔ ကဲ့သို႔ အာဏာစက္ျဖင့္ မအုပ္စိုးမူ၍ ဓမၼစက္ျဖင့္သာ အုပ္စိုးခဲ့ ေသာေၾကာင့္ ျဖစ္သည္။ ထိုေၾကာင့္ အေသာကမင္းတရား၏ ဘြဲ႕နာမံသည္ ဥေရာပအေနာက္ စြန္းမွသည္ အာရွတိုက္ အေရွ႕ စြန္းသို႔တိုင္ေအာင္ ယခုေခတ္အထိ မေမွးမွိန္ပဲ အေလးအျမတ္ ျပဳျခင္းကို ခံယူရလ်က္ပင္ ရွိေပသည္။

ဘီစီ သုံးရာစုႏွစ္ခန္႔က ဂရိဧကရာဇ္ အယ္လက္ဇႏၵာ သ-ဂရိတ္၏ ဂရိတပ္မ်ားသည္ အိႏၵိယအေနာက္ ေျမာက္ပိုင္းမွ ဝင္ေရာက္တိုက္ခိုက္လာ၍ အိႏၵဳျမစ္ဝွမ္းတစ္ခြင္၌ လႊမ္းမိုးႀကီးစိုး လာၾကေသာအခါ ယင္းတို႔အား ဂဂၤါျမစ္ဝွမ္းသို႔ မေရာက္ေစရန္ တြန္းလွန္တိုက္ခိုက္ခဲ့၍ ေနာင္အခါ က်ယ္ဝန္းႀကီးမားေသာ ေမာရိယ ႏိုင္ငံေတာ္ႀကီးကို တည္ေထာင္ခဲ့သူ စႏၵဂုတၱမင္း တရားႀကီး၏ ေျမးေတာ္ျဖစ္ေသာ သီရိဓမၼာေသာကမင္းဟု လည္း ေခၚတြင္ေသာ အေသာကမင္းသည္ ဗိႏၶဳသာရမင္းႏွင့္ ဓမၼာမိဖုရားတို႔၏ သားေတာ္တစ္ပါး ျဖစ္ေပသည္။

အာေသာကမင္းႀကီး၏ ေမြးသကၠရာဇ္ကုိ ယခုထက္တုိင္တိတိက်က်မသိၾကေသး၊ ပညာရွင္အမ်ားစုကေတာ့ ဘီစီ ၃ဝ၄ ခုႏွစ္ခန္႔တြင္ ဖြားျမင္သည္ဟု ခန္႔မွန္းၾကသည္။ အေသာကမင္း အ႐ြယ္ေရာက္လၽွင္ အဝႏၲိတိုင္း၊ ဥေဇၨနီျပည္ ႀကီးကို စားရသည္။ ဥေဇၨနီျပည္စား မင္းသား ဘဝ၌ပင္ သာကီဝင္သူေဌးသမီးျဖစ္ေသာ ေဝဋိသေဒဝီကို ယူခဲ့၍ ေနာင္ အခါ ဗုဒၶသာသနာျပဳ မေထရ္ျမတ္ တစ္ပါး ျဖစ္လာေသာ ရွင္မဟိႏၵေထရ္ေလာင္းႏွင့္ သဃၤမိတၱာေထရီေလာင္း၊ သားေတာ္ ႏွင့္ သမီးေတာ္တို႔ကို ရခဲ့သည္။

အခါတစ္ပါး ဗိႏၶဳသာရမင္းႀကီး နာမက်န္း ျဖစ္ေတာ္မူသည္ ဟု ၾကားသိရလၽွင္ အေသာကမင္းသည္ ေဝဋိသေဒဝီႏွင့္ သား ေတာ္သမီးေတာ္တို႔ကို ဥေဇၨနီျပည္၌ပင္ထားခဲ့၍ ခမည္းေတာ္ ရွိရာ ပါဋလိပုတၱ ေနျပည္ေတာ္သို႔ အလ်င္အျမန္ လာခဲ့၍ ခမည္းေတာ္အား လုပ္ေကၽြးျပဳစုသည္။

ခမည္းေတာ္ ခႏၶာၿငိမ္း လၽွင္ ႏိုင္ငံအလုံးကို သိမ္းပိုက္လိုက္ေလသည္။ ထိုအခါ တကၠသိုလ္ျပည္၌ သူပုန္သူကန္ရန္ကို ႏွိမ္နင္းေနသည့္ ေနာင္ ေတာ္သုမနမင္းသား ေခါင္းေဆာင္ေသာ အေသာကမင္းသားႏွင့္ တစ္မိတည္းမဟုတ္သည့္ ကိုးက်ိပ္ ကိုးေယာက္ေသာ ညီေနာင္ မင္းသားတို႔သည္ သမုဒၵရာလႈိင္းထသကဲ့သို႔ စစ္ႀကီးခ်ီလာ၍ ပါဋလိေနျပည္ေတာ္ကို ဝန္းရံလုပ္ႀကံၾကေသာ္လည္း အေရးမလွ ၾကပဲ ေသေၾကပ်က္စီးၾကရေလသည္။ (ရာဇ၀င္က်မ္းေတြက ၉၉ေယာက္ဟု ေရးေသာ္လည္း သမုိင္းမွတ္တမ္းမ်ားတြင္မႈ အာေသာကသည္ သူ၏ ညီအစ္ကို ၆ေယာက္ကိုသာ သတ္ခဲ့သည္ဟု သိရသည္)

အေသာကမင္းသည္ ထီးနန္းကို သိမ္းပိုက္ၿပီး၍ ေလးႏွစ္ ၾကာမွသာလၽွင္ (ဘီစီ ၂၇ဝ ျပည့္ဟု ခန္႔မွန္း ၾကသည္။) ရာဇဘိေသကကို ခံယူေတာ္မူသည္။ စာေပအေထာက္အထား မ်ားအရ ရာဇဘိေသကမခံယူမီ တကၠသိုလ္ျပည္၏ သူပုန္ သူကန္ရန္ကို ႏွိမ္နင္းျခင္းစေသာ ႏိုင္ငံေတာ္ၿငိမ္ဝပ္ပိျပားေရးကို ေဆာင္႐ြက္လ်က္ ရွိေနေၾကာင္း ယူဆရသည္။ ဘိုးေတာ္ႏွင့္ ခမည္းေတာ္တို႔နည္းတူ ႏိုင္ငံေတာ္ကို ခ်ဲ႕ထြင္ခဲ့ေၾကာင္းလည္း သိရသည္။

ရာဇဘိေသကခံယူေသာအခါ ေဒဝါနံပီယဟူေသာဘြဲ႕ ကို လည္းေကာင္း၊ ပီယဒႆီဟူေသာ ဘြဲ႕ကိုလည္းေကာင္း ခံယူသည္။ တစ္မိတည္းဖြား ညီေတာ္ျဖစ္ေသာ တိႆကုမာရ အား အိမ္ေရွ႕အရာ အပ္ႏွင္းသည္။ အဂၢမေဟာသီမိဖုရားႀကီး ကား အသႏၶီမိတၱတည္း။ ေဝဋိသေဒဝီသည္ သားေတာ္ မဟိႏၶ၊ သမီးေတာ္ သိဃၤမိတၱာတို႔ကို ပါဋလိပုတၱေနျပည္ေတာ္သို႔ ပို႔ေစ ၍ မိမိမူ ေဝဒိႆဂီရိၿမိဳ႕၌ပင္ ေနေလသည္။ မင္းတရားႀကီးသည္ ႏိုင္ငံေတာ္အုပ္ခ်ဳပ္ေရးကို စည္းစနစ္ က်နစြာျဖင့္ ေဆာင္႐ြက္သည္။

ႏိုင္ငံေတာ္ အတြင္း၌ နယ္ပယ္ အသီးသီးသို႔ မင္းညီမင္းသားမ်ားႏွင့္ ယုံၾကည္စိတ္ခ်ရေသာ အမတ္ႀကီးမ်ားကို ေစလႊတ္ကာ အုပ္ခ်ဳပ္ေစသည္။ ျပည္နယ္ ႀကီးမ်ားကို အုပ္ခ်ဳပ္ရသူမ်ားကို ရာဇူကဟုေခၚ၍ ခ႐ိုင္ဝန္ အဆင့္အတန္းရွိ သူမ်ားကို ျပာဒီသိကဟုေခၚသည္။ ႏိုင္ငံေတာ္ တစ္ခုလုံးကို ဌာနအသီးအသီးခြဲ၍ အုပ္ခ်ဳပ္ေစရာ၊ ဌာနတာဝန္ခံ ကို မုခဟုလည္းေခၚ၍ မဟာမတၱဟုလည္း ေခၚသည္။

အုပ္ခ်ဳပ္ ေရးအတြက္ ခြဲျခားထားေသာ ဌာနမ်ားတြင္ စက္မႈလက္မႈ လုပ္ငန္းဌာန၊ အခြန္ေတာ္စည္းၾကပ္ေရးဌာနႏွင့္ စစ္တမ္း ေကာက္ယူေရးဌာန၊ ႏိုင္ငံတြင္း ႏိုင္ငံျပင္ပ ကူးသန္းေရာင္းဝယ္ေရး ဌာန၊ တိုင္းရင္းထြက္ကုန္ပစၥည္းမ်ား စီမံခန္႔ခြဲေရးဌာန၊ အျမတ္ ေတာ္ေၾကးဌာနတို႔လည္း ပါဝင္သည္။

စစ္ဘက္၌လည္း ယင္းသို႔ပင္ ဌာနမ်ားခြဲ၍ အုပ္ခ်ဳပ္ရာ ေရေၾကာင္း၊ စားနပ္ရိကၡာ၊ ေျခက်င္တပ္၊ ျမင္း တပ္၊ ရထား တပ္၊ ဆင္တပ္စသည့္ ဌာနတို႔ ျဖစ္သည္။ အျခားႏိုင္ငံမ်ားႏွင့္ လည္း သံတမန္ လဲလွယ္ဆက္သြယ္ကာ ခ်စ္ၾကည္စြာ ဆက္ဆံ ခဲ့ရာ၊ ဂရိႏိုင္ငံသည္လည္း အေသာကမင္းႀကီး၏ ေမာရိယ ႏိုင္ငံေတာ္ႏွင့္ အဆက္အသြယ္ ရွိခဲ့သည္။ အုပ္ခ်ဳပ္ေရးကို ေဆာင္႐ြက္ရာ၌ မင္းတရားႀကီးသည္ အခ်ိန္မေ႐ြး ေနရာမေ႐ြး ေဆာင္႐ြက္သည္။ ႏိုင္ငံၿငိမ္းခ်မ္း သာယာမႈကို မင္းတရားႀကီး သည္ ကိုယ္ေရးထက္မကပင္ အေလးျပဳေပသည္။

အေသာက မင္းတရားႀကီး ေရးထိုးခဲ့ေသာ ေက်ာက္စာတစ္ခ်ပ္၌- တစ္ေလာကလုံး၏ ေကာင္းက်ိဳးခ်မ္းသာအတြက္ ေဆာင္႐ြက္ရန္တာဝန္ထက္ ႀကီးေလးေသာ တာဝန္ဟူသည္ မရွိ။ ငါႀကိဳးပမ္းအားထုတ္ လုပ္ကိုင္ေဆာင္႐ြက္သမၽွတို႔သည္ လည္း ေဝေနယ်သတၱဝါတို႔အား ဤ ပစၥဳပၸန္ဘဝ၌ ခ်မ္းသာ သုခ ျဖစ္ေစ႐ုံသာမက ေနာင္တမလြန္ဘဝပါ ေကာင္းရာသုဂတိ သို႔ ေရာက္ၾကေစျခင္းငွါ ငါ၌ ေဆာင္႐ြက္အပ္သည့္ တာဝန္ တည္းဟူေသာ ေႂကြးၿမီမွ လြတ္ကင္းေစရန္ ျဖစ္သည္ ဟူ၍ ပါရွိ ေလသည္။

ဆိုခဲ့သည့္အတိုင္း မင္းတရားႀကီးသည္ က်ယ္ျပန္႔ေသာ ႏိုင္ငံေတာ္ႀကီးကို တည္ေထာင္ႏိုင္သည္သာမက ႏိုင္ငံေတာ္ႀကီး ကို စနစ္တက် စီမံခန္႔ခြဲအုပ္ခ်ဳပ္ႏိုင္ခဲ့ေလရာ မင္းတရားႀကီး၏ အမိန္႔ရာဇသံကို ပါဋလိပုတၱ ေနျပည္ေတာ္မွ အိႏၵဳျမစ္ဝွမ္းသို႔ တိုင္လည္းေကာင္း၊ အာေရဗ်ပင္လယ္သို႔တိုင္လည္းေကာင္း မပ်က္မကြက္ ဦးထိပ္႐ြက္ဆင္၍ နာခံၾကရေလသည္။

အေသာကမင္းတရားသည္ ဖြားေတာ္မူသည္မွစ၍ မင္း အျဖစ္သို႔ ေရာက္သည္တိုင္ေအာင္ မ်ိဳး႐ိုးစဥ္လာ အတိုင္း ျဗဟၼဏ အယူဝါဒီတစ္ဦးျဖစ္သည္။ ဘိုးေတာ္၊ ခမည္းေတာ္တို႔ ျပဳသကဲ့သို႔ပင္ အာဇီဝကတို႔အား ကိုးကြယ္၍ ေန႔စဥ္ အာဇီဝက ေျခာက္ေသာင္းတို႔အား နန္းေတာ္၌ ဆြမ္းဝတ္ျပဳသည္။

သို႔ေသာ္ ဘိသိက္ခံ၍ ေလးႏွစ္ေျမာက္ၿပီးေနာက္တြင္ နိေျဂာဓသာမေဏ ငယ္ကို အေၾကာင္းျပဳ၍ ဗုဒၶအယူဝါဒ၌ သက္ဝင္ယုံၾကည္ေသာ ဥပသကာတစ္ဦး ျဖစ္လာၿပီးလၽွင္ သာမေဏငယ္၏ ဆရာေတာ္ ျဖစ္ေသာ အရွင္ေမာဂၢလိပုတၱတိႆ မေထရ္ျမတ္ႏွင့္တကြ မ်ားစြာေသာ ရဟႏၲာအရွင္ျမတ္တို႔ကို ႐ိုေသစြာ ဆည္းကပ္ ကိုးကြယ္သည္။ ရဟန္းသံဃာတို႔ ေနစိမ့္ေသာငွါ ပါဋလိပုတၱ ေနျပည္ေတာ္၏ အေရွ႕ေတာင္ဘက္၌ အေသာကာရာမ ေက်ာင္း ေတာ္ႀကီးကို ေဆာက္လုပ္လႉဒါန္းခဲ့ရာ အေသာကမင္းတရားႀကီး ၏ ပထမဆုံးေသာ ကုသိုလ္ေတာ္ အေဆာက္အအုံႀကီး ျဖစ္ေပ သည္။

ရာဇဘိေသက ခံယူၿပီးေနာက္ ရွစ္ႏွစ္အၾကာ (ဘီစီ ၂၆၂ ခုႏွစ္)တြင္ အေသာကမင္းႀကီးသည္ အေရွ႕ဘက္ ပင္လယ္ကမ္း ေျခ၊ မဟာနဒီႏွင့္ ဂိုဒါဝရီျမစ္တို႔စပ္ၾကားရွိ ကလိဂၤတိုင္း(ဩရိႆ) တိုင္းကို သိမ္းသြင္းရန္ ေရတပ္၊ ၾကည္းတပ္ အလုံးအရင္းႏွင့္ ခ်ီတက္လုပ္ႀကံရာ အလိုေတာ္ျပည့္သည္။ ထိုအခ်ိန္တြင္ အေသာကမင္းႀကီး၏ ႏိုင္ငံေတာ္သည္ ေတာင္ဘက္စြန္း ျပည္ နယ္ငယ္အခ်ိဳ႕မွအပ အိႏၵိယကၽြန္းဆြယ္တစ္ခုလုံး ပါဝင္ခဲ့ ေလသည္။

ကလိဂၤစစ္ပြဲတြင္ အေသာကမင္းႀကီး၏ ရာဇဝင္ေၾကာင္းကို လမ္းေျပာင္းလိုက္ေသာ စစ္ပြဲႀကီးဟု ဆိုရေပမည္။ မင္းတရာ ႀကီးသည္ ကလိဂၤကို ေအာင္ႏိုင္ရေသာ္လည္း ႐ႊင္လန္းအားရ ျခင္း မျဖစ္ႏိုင္ေတာ့ေခ်။ ေသြးေခ်ာင္းစီးေအာင္ အျပင္းအထန္ တိုက္ခဲ့ၾကသျဖင့္ ကလိဂၤတိုင္းရင္းသား သိန္းေသာင္းမက ေသ ေၾက ပ်က္စီးၾကရသည္။ (သမုိင္းမွတ္တမ္းအရ လူေပါင္း ၁သိန္း နဲ႔ ၁သိန္းခြဲၾကားေသဆုံးခဲ့ရသည္)။ ေထာင္ေသာင္းခ်ီ၍ အိုးအိမ္မဲ့ ျဖစ္ၾက ရသည္။ ယင္းတို႔ကို ကိုယ္ေတာ္တိုင္ မ်က္ဝါးထင္ထင္ ေတြ႕ ျမင္ရေသာအခါ လက္နက္အားကိုးျဖင့္ သူတစ္ပါးအား ႏွိပ္စက္ သတ္ျဖတ္မိျခင္းကို ယူႀကဳံးမရ ျဖစ္မိသည္။

ရန္သူမ်ားကိုလည္း သနားစာနာမိသည္။ လူအခ်င္းခ်င္းအေပၚဝယ္ ေမတၱာတရား၊ ကိုယ္ခ်င္းစာ တရားတို႔ကိုသာ ပြားမ်ားမိေလသျဖင့္ စစ္အတိုက္ အခိုက္၌ မ်ားစြာၿငီးေငြ႕ စက္ဆုတ္သြားသည္။ ႏိုင္ငံသူ ႏိုင္ငံ သားတို႔အား စိတ္ဝမ္းခ်မ္းေျမ႕စြာျဖင့္ ေနထိုင္ေစလိုေသာ စိတ္ မ်ား ျဖစ္ေပၚလာသည္။ ထိုေၾကာင့္ မိမိထက္အင္အားငယ္ေသာ ႏိုင္ငံမ်ားကို လက္နက္အင္အား လူအင္အားျဖင့္ ဖိႏွိပ္တိုက္ခိုက္ အႏိုင္ယူသည္ထက္ ေမတၱာတရားျဖင့္ အႏိုင္ယူေတာ့မည္ဟု ဆုံးျဖတ္လိုက္ေလသည္။

ကလိဂၤမွ ေနျပည္ေတာ္သို႔ ျပန္ေရာက္ေသာအခါ ေမတၱာ တရားႏွင့္ က႐ုဏာတရားတို႔ကို အရင္းခံထား၍ သူတစ္ပါးအား ၫွင္းပန္းႏွိပ္စက္မႈကို မလိုလား၊ အားမေပးေသာ ဗုဒၶအယူဝါဒ ကို ပို၍ ၾကည္ၫိုေလးစားကာ ထက္ထက္သန္သန္ ဆည္းကပ္ ကိုးကြယ္ျခင္းကို ျပဳၿပီးလၽွင္ သာသနာေတာ္ကို မ်ားစြာ ခ်ီးေျမႇာက္ေတာ္မူေလသည္။ တရားေတာ္ႏွင့္ေလ်ာ္ညီစြာ ေနထိုင္ က်င့္ႀကံႏိုင္ရန္ ကိုယ္ေတာ္တိုင္လည္း ကိုယ္စိတ္ႏွစ္ပါးကို အထူး ျပဳျပင္ေတာ္မူသည္။

မိမိသာမက မိမိ၏ မိဖုရား၊ သားေတာ္သမီးေတာ္၊ ေႁခြရံသင္းပင္း အသိုက္အဝန္းႏွင့္တကြ မိမိ၏ ႏိုင္ငံသား အားလုံးတို႔၏ ပစၥဳပၸန္ႏွင့္ တမလြန္အက်ိဳး စီးပြားျဖစ္ထြန္းေရး၊ လူသားအခ်င္းခ်င္း၊ ျပည္ေထာင္အခ်င္းခ်င္း ခ်စ္ၾကည္ၿငိမ္းခ်မ္းေရးအတြက္ ေကာင္းျမတ္ေသာ တရားဓမၼျဖင့္ သာ ေအာင္ျမင္ရာသည္ဟူေသာ ဓမၼဝိဇယဝါဒကို လိုက္နာ က်င့္သုံးေစေလသည္။

ႏိုင္ငံေတာ္အတြင္း၌ ဗုဒၶအယူဝါဒကို ၾကည္ၫိုေလးစားလာ သူမ်ား ေပါမ်ားလာေအာင္ အားထုတ္သည္။ ႏိုင္ငံေတာ္အတြင္း ၌ ရာထမ္းမႈထမ္းမ်ားကို သက္ဆိုင္ရာျပည္နယ္မ်ား၌ ငါးႏွစ္ တစ္ႀကိမ္ လွည့္လည္၍ တရားဓမၼမ်ားကို လူအမ်ားအား ေဟာၾကားျပသရန္ ၫႊန္ၾကားသည္။ ဘုရားပြင့္ေတာ္မူရာ ဗုဒၶ ဂယာအစရွိေသာ ဘုရားရွင္ႏွင့္ စပ္လ်ဥ္း၍ အထြတ္အျမတ္ ထားေသာ အရပ္မ်ားသို႔ အဖူးအေမၽွာ္ သြားေရာက္ၿပီးလၽွင္ ထိုေနရာ အရပ္မ်ား၌ အထိမ္းအမွတ္ အေဆာက္အအုံမ်ား စိုက္ထူတည္ေဆာက္ခဲ့သည္။ မိမိေဆာင္႐ြက္သမၽွ အေၾကာင္း အရာမ်ားႏွင့္ တရားဓမၼ အဆုံးအမတို႔ကို ၾကာရွည္စြာ မေပ်ာက္ မပ်က္ တည္တံ့စိမ့္ေသာငွါ ႏိုင္ငံေတာ္ အတြင္းရွိ နယ္ပယ္ အသီးသီးတို႔၌ ေက်ာက္တိုင္မ်ား၊ ေက်ာက္ျပားမ်ား၊ ေက်ာက္ဂူ လိုဏ္နံရံမ်ားတြင္ ကမၺည္း ေက်ာက္စာထြင္း၍ အႏွံ႔အျပား၌ ေမာ္ကြန္းထားခဲ့သည္၊

ႏိုင္ငံေတာ္အတြင္း ေနရာအႏွံ႔အျပား၌ ေမာ္ကြန္း ေက်ာက္စာမ်ားျဖင့္ မွတ္တမ္းတင္ထားခဲ့ရာ မိဂဒါဝုန္၊ လုမၺိနီစေသာ ဗုဒၶအယူဝါဒဆိုင္ရာ အထြတ္အျမတ္ ေနရာမ်ား၌လည္းေကာင္း၊ ပါဋလိပုတၱေနျပည္ေတာ္မွ မိုင္ေပါင္း ၁၀ဝဝဝ ေက်ာ္ေဝးေသာ အိႏၵိယ အေနာက္ ေျမာက္ေဒသ ပက္သၽွဝါခ႐ိုင္၌လည္းေကာင္း၊ ဘုံဘိုင္ျပည္နယ္အတြင္း၌ လည္းေကာင္း၊ ဩရိႆ(ကလိဂၤတိုင္း) ျပည္နယ္အတြင္း၌ လည္းေကာင္း စသျဖင့္ အိႏၵိယကၽြန္းဆြယ္တစ္ခုလုံး ေနရာ အႏွံ႔အျပား၌ ေတြ႕ရရာ စုစုေပါင္း ေက်ာက္တိုင္ ၃ဝ ေက်ာ္ခန္႔ စိုက္ထူခဲ့သည္ဟု ခန္႔မွန္းၾကသည္။

ေက်ာက္စာေရးထိုးရာ၌ အကၡရာႏွစ္မ်ိဳး အသုံးျပဳေၾကာင္း ေတြ႕ရသည္။ တစ္မ်ိဳးမွာ လက္ယာမွလက္ဝဲဘက္သို႔ ေရးရေသာ ခေရာသၽွ႒ီအကၡမ်ိဳးျဖစ္၍ တစ္မ်ိဳးမွာ ျဗာဟၼီအကၡမ်ိဳးျဖစ္ရာ ေဒဝနာဂရီႏွင့္ ယခုအိႏၵိယ အကၡရာမ်ား၏ မူလ အေျခခံအကၡရာမ်ား ျဖစ္ၾကသည္။ မင္းတရားႀကီးသည္ အယူဝါဒေရးဆိုင္ရာ၊ လူမႈေရးဆိုင္ရာ အေဆာက္အအုံမ်ားစြာတို႔ကိုလည္း ေဆာက္လုပ္ ကုသိုလ္ျပဳခဲ့ သည္။ လူမ်ိဳးမေ႐ြး၊ ဇာတ္မေ႐ြး၊ မရွိဆင္းရဲသားတို႔အား ေန႔စဥ္ ေပးကမ္းစြန္႔ႀကဲသည္။

ျမတ္စြာဘုရား၏ ဓာတ္ေတာ္ေမြေတာ္ မ်ားကို ရွာေဖြစုေဆာင္းၿပီးလၽွင္ ဗုဒၶဝါဒီအေပါင္းတို႔ ဆည္းကပ္ ကိုးကြယ္ႏိုင္ေစရန္ ထူပါ႐ုံေစတီေတာ္မ်ား တည္ေဆာက္ခဲ့ သည္။ ယင္းတို႔အနက္ ဗိုေပါျပည္နယ္၊ ဆန္ခ်ီ အရပ္ရွိ သၪၥီ ေစတီေတာ္ႀကီးသည္ အဓိကရထူပါ႐ုံႀကီးတစ္ဆူ ျဖစ္ေပသည္။ ဘုရားရွင္ ေဟာၾကားေတာ္မူ ခဲ့ေသာ ဓမၼကၡႏၶာ ၈၄,ဝဝဝ ကို အထိမ္းအမွတ္ျပဳေသာအားျဖင့္ ဇမၺဴဒိပ္ကၽြန္းအလုံး ေနရာ အႏွံ႔အျပား၌ ေစတီေတာ္ ေပါင္း ၈၄,ဝဝဝ၊ ေရတြင္း ေရကန္ ေပါင္း ၈၄,ဝဝဝကို လႉဒါန္းခဲ့သည္၊ သာသနာ႔အေမြကို ခံႏိုင္ရန္ သားေတာ္ မဟိႏၵႏွင့္ သမီးေတာ္ သဃၤမိတၱာတို႔ကိုပင္ သာသနာ႔ေဘာင္သို႔ သြတ္သြင္းခ်ီးျမႇင့္ခဲ့သည္။ အေသာကရာမ ေက်ာင္းမွအပ အျခားေသာအရပ္မ်ား၌လည္း သံဃာမ်ားအတြက္ ေက်ာင္းမ်ား ေဆာက္လုပ္ လႉဒါန္းခဲ့၍ ပစၥည္းေလးပါး အေထာက္အပံ့လည္း ေပးခဲ့ေပသည္။

အေသာကမင္းတရားႀကီးသည္ လူအေပါင္းအား ကိုယ္စိတ္ ႏွစ္ပါး ဆင္းရဲေအာင္ ႏွိပ္စက္ညွဥ္းပန္းျခင္း မျပဳေပ။ မင္း တရားႀကီးသည္ မိမိ၏ ႏိုင္ငံသားတို႔အတြက္သာမဟုတ္ ေက်ာသားရင္သား မခြဲျခားပဲ ကမၻာ တစ္ေလာကလုံးရွိ လူ သတၱဝါတို႔၏ ေကာင္းက်ိဳးခ်မ္းသာအတြက္ လိုလားေတာ္မူေသာ စိတ္ထားရွိေၾကာင္းကို မလိဂၤတိုင္းတြင္ စိုက္ထူခဲ့ေသာ ေက်ာက္ စာတစ္ခု၌ – ငါသည္ ငါ၏ သားေတာ္ သမီးေတာ္တို႔အတြက္ ဤ မ်က္ေမွာက္ဘဝ၌သာမက ေနာင္တမလြန္ဘဝ၏ ေကာင္းက်ိဳး ကိုပါ လိုလားေတာ္မူသကဲ့သို႔ လူခပ္သိမ္းတို႔အတြက္လည္း လိုလားေတာ္မူသည္။ လက္ေအာက္ခံ လူမ်ိဳးတို႔၏စိတ္၌ မင္းတရားႀကီးသည္ ငါတို႔၏ဖခင္သဖြယ္ ျဖစ္ပါေပသည္။ ငါတို႔ကို သူ႕ကိုယ္အား သူခ်စ္သကဲ့သို႔ ခ်စ္ပါေပသည္။ ငါတို႔ ကား မင္းတရားႀကီး၏ သားသမီးသဖြယ္ ျဖစ္ပါ ေပသည္ဟူ၍ ေအာက္ေမ့သေဘာထားလာရန္ ေဆာင္ ႐ြက္ရမည္ဟု အရာ ထမ္းအမႈထမ္းမ်ား လိုက္နာေဆာင္႐ြက္ရန္ ၫႊန္ၾကားထား ခ်က္အရ သိရေလသည္။

လူသားတို႔အတြက္သာမက တိရစၧာန္မ်ား အေပၚ၌လည္း ၾကင္နာသနား ေထာက္ထားညွာတာသည္။ ဗုဒၶဝါဒီ အျဖစ္ ကူးေျပာင္းလာၿပီးေနာက္တြင္ သားသတ္႐ုံမ်ား၌ အသတ္အျဖတ္ ေလ်ာ့နည္းႏိုင္သမၽွ ေလ်ာ့နည္း ေစသည္။ တိရစၧာန္မ်ားအတြက္ ေရတြင္းေရကန္မ်ား တူးေဖာ္ေပးသည့္အျပင္ တိရစၧာန္မ်ား အတြက္ ေဆး႐ုံမ်ားလည္း ေဆာက္လုပ္ေပးေလသည္။ မင္းတရားႀကီးသည္ ႏိုင္ငံသာယာမႈ၊ ဝေျပာစည္ပင္မႈ၊ တိုးတက္မႈ၌ အရပ္ရပ္တို႔ကိုလည္း ေဆာင္႐ြက္ ေတာ္မူသည္။

ေမာရိယႏိုင္ငံေတာ္အတြင္း ခရီးအသြားအလာ လြယ္ကူေစျခင္း ငွါ ေျဖာင့္ျဖဴးေသာ လမ္းႀကီး လမ္းငယ္ အသြယ္သြယ္တို႔ကို ေဖာက္လုပ္သည္။ လမ္းေဘး တစ္ဖက္တစ္ခ်က္စီတြင္ ခရီး သြားမ်ား အရိပ္ရေစရန္ သစ္ပင္မ်ားကို စိုက္ေစသည္။ ခရီး သည္မ်ား တစ္စခန္းမွတစ္စခန္းသို႔ ခရီးအဆင့္ဆင့္ သြားၾက ရာ၌ အပန္းေျဖ နားေနရန္ စရပ္အေဆာင္ေဆာင္တို႔ကို ေဆာက္ေစသည္။

လူႏွင့္ တိရစၧာန္တို႔အတြက္ ေဆးဝါး လုံလုံေလာက္ေလာက္ ရရွိေစရန္ ႏိုင္ငံေတာ္အႏွံ႔အျပား၌ ေဆးဝါးပင္မ်ားကိုလည္း စိုက္ေစသည္။ ႏိုင္ငံေတာ္ အတြင္း ေကာက္ပဲသီးႏွံ အထြက္ေကာင္းေစရန္ ဆည္ေျမာင္းမ်ား ဖို႔ ေပးသည္။ ျပဳျပင္သင့္သည္ကို ျပဳျပင္ တူးေဖာက္ေပးသည္။ သစ္သီးၿခံႀကီးမ်ားကို ျပဳစုပ်ိဳးေထာင္ေပးသည္။

အေသာကမင္းတရားသည္ ဗုဒၶသာသနာေတာ္ကို လြန္စြာ ခ်ီးျမႇင့္လင့္ကစား အျခားေသာ ဘာသာအယူဝါဒ မ်ားအား အျပစ္ဆိုျခင္း၊ ႐ႈတ္ခ်ျခင္း၊ မျပဳေခ်။ ကိုယ္ေတာ္တိုင္သာမက ႏိုင္ငံေတာ္အတြင္းရွိ လူခပ္သိမ္း တို႔အား တစ္ဦး၏ အယူဝါဒ ကို တစ္ဦးက ႐ႈတ္ခ်ျခင္း ျပစ္တင္ျခင္းမျပဳရန္လည္း အမိန္႔ ထုတ္ထားခဲ့သည္။ ဗုဒၶသာသနာအတြက္ ေစတီပုထိုးေက်ာင္း ကန္စရပ္တို႔ကို ေဆာက္လုပ္လႉဒါန္းသည့္နည္းတူ အာဇီဝက မ်ားအတြက္ လည္းေကာင္း၊ ျဗဟၼဏဝါဒီမ်ားအတြက္ လည္း ေကာင္း၊ ဂ်ိန္းဝါဒီမ်ားအတြက္လည္းေကာင္း အယူဝါဒေရးရာ အေဆာက္အအုံမ်ားကို ထိုင္သင့္သလို ေဆာက္လုပ္ လႉဒါန္း ေလသည္။

သို႔ေသာ္ မင္းတရားႀကီးသည္ ဗုဒၶသာသနာကို လြန္စြာ ခ်ီးျမႇင့္သျဖင့္ သာသနာေတာ္တြင္ အလြန္ျပန္႔ေျပာေသာ လာဘသကၠာရျဖစ္သည္။ ထိုအခါ လာဘ္လာဘကို ေမၽွာ္ကိုး၍ တိတၳိ တကၠတြန္းတို႔သည္ ရဟန္းခြင္သို႔ ခိုဝင္လာၾကရာ သာသနာေတာ္တြင္ အညစ္အေၾကး တင္လာသည္၊

ထိုေၾကာင့္ မင္းတရားႀကီးသည္ အရွင္ ေမာဂၢလိပုတၱတိႆမေထရ္၏ အဆုံးအမကိုယူ၍ သာသနာအတြင္းမွ ရဟန္းတုရဟန္းေယာင္ မ်ားကို ဖယ္ရွား ရွင္းလင္းပစ္ၿပီးေနာက္ သာသနာေတာ္ သန္႔ရွင္းသြားေစရန္ သာသနာသကၠရာဇ္ ၂၃၅ ခုႏွစ္တြင္ အရွင္ေမာဂၢလိပုတၱတိႆမေထရ္ကိုပင္ အမႉးထား၍ တတိယ သဂၤါယနာတင္ေတာ္မူေလသည္။

သာသနာေတာ္ သန္႔စင္သြားၿပီးေနာက္ သာသနာေတာ္ကို အဓြန္႔ရွည္ၾကာစြာ တည္တံ့ခိုင္ၿမဲေစလိုေသာ ဆႏၵသည္ မင္းႀကီး ၌ ျပင္းျပလွသည္။ ထိုေၾကာင့္ အရွင္ေမာဂၢလိပုတၱတိႆမေထရ္ ျမတ္အား သာသနာေတာ္သည္ ေနာင္အခါ အဘယ္အရပ္၌ တည္လတၱံ႕နည္းဟု ေမးေလၽွာက္လၽွင္ အရွင္မေထရ္ျမတ္က ပစၥႏၲရာဇ္တိုင္း၌ တည္လတၱံ႕ဟု ေျဖၾကားခ်က္အရ ပစၥႏၲရာဇ္ ကိုးဌာန (ကိုးတိုင္းကိုးဌာန)သို႔ သာသနာျပဳ ရဟႏၲာ ရွင္ျမတ္ တို႔အား ေစလႊတ္၍ ဗုဒၶသာသနာ ပ်ံ႕ႏွံ႔ေရးကို ေဆာင္႐ြက္ေတာ္ မူေလသည္။

(ဗုဒၶသာသနာဝင္) ထိုမၽွသာမကေသး အေသာကမင္းႀကီး၏ ႏိုင္ငံေတာ္သည္ ဂရိစေသာ အေနာက္ႏိုင္ငံမ်ားႏွင့္လည္း အဆက္အသြယ္ ရွိသျဖင့္ ဆီးရီးယား၊ အီဂ်စ္၊ ဂရိစေသာ ႏိုင္ငံတို႔သို႔လည္း ဗုဒၶသာသနာေတာ္၏ အရွိန္အဝါ ပ်ံ႕ႏွံ႔ က်ေရာက္ခဲ့ေလသည္။ အေသာကမင္းတရားႀကီးသည္ ႏိုင္ငံေတာ္ စည္ပင္ဝေျပာ သာယာေရး၊ ခပ္သိမ္းေသာ သတၱဝါတို႔၏ ေလာကီ ေလာကုတၱရာ ေကာင္းက်ိဳးခ်မ္းသာေရးအတြက္ အသက္ထက္ ဆုံး ႀကိဳးပမ္းေဆာင္႐ြက္ေတာ္မူ ခဲ့ၿပီးလၽွင္ ဘီစီ ၂၃၂ ခုႏွစ္ ခန္႔တြင္ လြန္ေတာ္မူသည္။

အေသာကမင္းတရားႀကီး၏ အေၾကာင္းႏွင့္ စပ္လ်ဥ္း၍ ကမၻာေက်ာ္ အဂၤလိပ္ စာေရးဆရာႀကီး အိပ္၊ ဂ်ီ၊ ဝဲက ကမၻာ့ ရာဇဝင္ အေစာင္ေစာင္တို႔တြင္ ထင္ရွားေက်ာ္ၾကားၾက ကုန္ေသာ မင္းဧကရာဇ္မ်ားစြာအနက္ အေသာကမင္းတရားႀကီး တစ္ပါးတည္းသာလၽွင္ ၾကယ္တာရာအလား ထြန္းလင္း ေတာက္ပျခင္းရွိ၍ ယင္း၍ ဘြဲ႕ေတာ္နာမံသည္ (႐ုရွ)ေဗာ္လဂါ ျမစ္မွသည္ ဂ်ပန္ႏိုင္ငံတိုင္ေအာင္ ကမၻာတစ္လႊား၌ ျပန္႔ေမႊး ေက်ာ္ၾကားလ်က္ အေလးအျမတ္ျပဳျခင္းကို ခံရေလသည္ဟု ကမၻာ့သမိုင္း အက်ဥ္းခ်ဳပ္စာအုပ္ႀကီး၌ ေဖာ္ျပခ်ီးက်ဴးေရးသား ထား ေလသည္။

အာေသာက ေက်ာက္စာ ျမန္မာ ဘာသာျပန္

အရွင္ အာဒိစၥဝံသ ဆရာေတာ္ (၁၈၈၃-၁၉၅၁) သည္ အာေသာကမင္းႀကီး ၏ ဩဝါဒ အႏုသာသနိ ေက်ာက္စာေတာ္မ်ား ကို မူလ ပါဠိဘာသာ မွ ျမန္မာဘာသာ သို႔ ျပန္ဆိုေတာ္ မူသည္။ ယင္း ေက်ာက္စာမ်ား ကို အဂၤလိပ္၊ ဟိႏၵီ၊ သကၠတ စသည့္ ဘာသာ အသီးသီး သို႔ ျပန္ဆိုၿပီး ျဖစ္ေသာ္ လည္း ျမန္မာဘာသာ သို႔ ျပန္ဆိုျခင္း မျပဳရေသး သျဖင့္ ျပန္ဆိုရျခင္း ျဖစ္ေပသည္။

ဆရာေတာ္ သည္ ပါဠိဘာသာ ကို သာမက သကၠတ၊ အူရဒူ၊ ဗဂၤလိ၊ ဟိႏၵီ၊ ဂု႐ု၊ မုခိ၊ အဂၤလိပ္ ႏွင့္ ဂ်ာမန္ ဘာသာ တို႔ကိုလည္း ေလ့လာ ဆည္းပူးထား သျဖင့္ အာေသာက ေက်ာက္စာမ်ားကို ပါဠိဘာသာမွ ျပန္ဆို ရာတြင္ အဂၤလိပ္၊ ဟိႏၵီ၊ သကၠတ စသည့္ ဘာသာျပန္မူမ်ား ႏွင့္လည္း ၫွိႏႈိင္း တိုက္ဆိုင္ခဲ့သည္။ ယင္း ဘာသာျပန္ သည္ ၁၉၃၁-၃၂ အတြက္ ေဝလမင္းသားစာေပဆု ရရွိခဲ့သည္။

ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁၄)
ေဒါက္တာတင္ေအာင္၊ မင္းေက်ာ္, နတ္ႏြယ္၊ လွသမိန္၊ (ရန္ကုန္၊ စာေပဗိမာန္). ဘာသာျပန္ စာေပစာတမ္းမ်ား, ျပည္သူ႕လက္စြဲစာစဥ္ ဒုတိယတြဲ.

ဆရာပါရဂူဘာသာျပန္သည္၊ ကမၻာ့အေၾကာင္းတေစ့တေစာင္း၊မူရင္း Glimpses of world history by Jawaharlal Nehru
The 100 A Ranking of the most influential persons in History by H.Hart
Myanmar Wikipedia


ကမ္ဘာ့သမိုင်းထဲက အာသောကမင်းတရားကြီး အကြောင်းသိကောင်းစရာ (unicode)

ကမ္ဘာ့သမိုင်း၌ ဘုန်းလက်ရုံးနှင့် ပြည့်စုံကြ၍ ကျယ်ဝန်းသော နိုင်ငံတော်ကြီးများကို တည်ထောင်ခဲ့ကြသော ဧကရာဇ်မင်းများအနက် အသောကမင်း တရားကြီး၏အမည်သည် အခြားသော ဧကရာဇ်မင်းများ၏ ကျော်ကြားထင်ရှားနည်းမျိုးဖြင့် မဟုတ်ဘဲ ကမ္ဘာတစ်လွှား၌ ထင်ပေါ် ကျော်ကြားခဲ့ပေသည်။ ယင်းသို့ တစ်မူထူးခြား၍ ထင်ရှားကျော်ကြားရခြင်းမှာ အသောကမင်းတရားသည် မေတ္တာ၊ ကရုဏာ၊ စေတနာတရားတို့ကို အရင်းခံထား၍ လူသတ္တဝါ အများ၏ လောကီ လောကုတ္တရာ နှစ်ဖြာချမ်းသာရေးကို ရှေးရှု လျက် မိမိ၏နိုင်ငံတော်ကို အခြားအခြားသော ဧကရာဇ်တို့ ကဲ့သို့ အာဏာစက်ဖြင့် မအုပ်စိုးမူ၍ ဓမ္မစက်ဖြင့်သာ အုပ်စိုးခဲ့ သောကြောင့် ဖြစ်သည်။ ထိုကြောင့် အသောကမင်းတရား၏ ဘွဲ့နာမံသည် ဥရောပအနောက် စွန်းမှသည် အာရှတိုက် အရှေ့ စွန်းသို့တိုင်အောင် ယခုခေတ်အထိ မမှေးမှိန်ပဲ အလေးအမြတ် ပြုခြင်းကို ခံယူရလျက်ပင် ရှိပေသည်။

ဘီစီ သုံးရာစုနှစ်ခန့်က ဂရိဧကရာဇ် အယ်လက်ဇန္ဒာ သ-ဂရိတ်၏ ဂရိတပ်များသည် အိန္ဒိယအနောက် မြောက်ပိုင်းမှ ဝင်ရောက်တိုက်ခိုက်လာ၍ အိန္ဒုမြစ်ဝှမ်းတစ်ခွင်၌ လွှမ်းမိုးကြီးစိုး လာကြသောအခါ ယင်းတို့အား ဂင်္ဂါမြစ်ဝှမ်းသို့ မရောက်စေရန် တွန်းလှန်တိုက်ခိုက်ခဲ့၍ နောင်အခါ ကျယ်ဝန်းကြီးမားသော မောရိယ နိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သူ စန္ဒဂုတ္တမင်း တရားကြီး၏ မြေးတော်ဖြစ်သော သီရိဓမ္မာသောကမင်းဟု လည်း ခေါ်တွင်သော အသောကမင်းသည် ဗိန္ဓုသာရမင်းနှင့် ဓမ္မာမိဖုရားတို့၏ သားတော်တစ်ပါး ဖြစ်ပေသည်။ အာသောကမင်းကြီး၏ မွေးသက္ကရာဇ်ကို ယခုထက်တိုင်တိတိကျကျမသိကြသေး၊ ပညာရှင်အများစုကတော့ ဘီစီ ၃ဝ၄ ခုနှစ်ခန့်တွင် ဖွားမြင်သည်ဟု ခန့်မှန်းကြသည်။ အသောကမင်း အရွယ်ရောက်လျှင် အဝန္တိတိုင်း၊ ဥဇ္ဇေနီပြည် ကြီးကို စားရသည်။ ဥဇ္ဇေနီပြည်စား မင်းသား ဘဝ၌ပင် သာကီဝင်သူဌေးသမီးဖြစ်သော ဝေဋိသဒေဝီကို ယူခဲ့၍ နောင် အခါ ဗုဒ္ဓသာသနာပြု မထေရ်မြတ် တစ်ပါး ဖြစ်လာသော ရှင်မဟိန္ဒထေရ်လောင်းနှင့် သင်္ဃမိတ္တာထေရီလောင်း၊ သားတော် နှင့် သမီးတော်တို့ကို ရခဲ့သည်။

အခါတစ်ပါး ဗိန္ဓုသာရမင်းကြီး နာမကျန်း ဖြစ်တော်မူသည် ဟု ကြားသိရလျှင် အသောကမင်းသည် ဝေဋိသဒေဝီနှင့် သား တော်သမီးတော်တို့ကို ဥဇ္ဇေနီပြည်၌ပင်ထားခဲ့၍ ခမည်းတော် ရှိရာ ပါဋလိပုတ္တ နေပြည်တော်သို့ အလျင်အမြန် လာခဲ့၍ ခမည်းတော်အား လုပ်ကျွေးပြုစုသည်။ ခမည်းတော် ခန္ဓာငြိမ်း လျှင် နိုင်ငံအလုံးကို သိမ်းပိုက်လိုက်လေသည်။ ထိုအခါ တက္ကသိုလ်ပြည်၌ သူပုန်သူကန်ရန်ကို နှိမ်နင်းနေသည့် နောင် တော်သုမနမင်းသား ခေါင်းဆောင်သော အသောကမင်းသားနှင့် တစ်မိတည်းမဟုတ်သည့် ကိုးကျိပ် ကိုးယောက်သော ညီနောင် မင်းသားတို့သည် သမုဒ္ဒရာလှိုင်းထသကဲ့သို့ စစ်ကြီးချီလာ၍ ပါဋလိနေပြည်တော်ကို ဝန်းရံလုပ်ကြံကြသော်လည်း အရေးမလှ ကြပဲ သေကြေပျက်စီးကြရလေသည်။ (ရာဇဝင်ကျမ်းတွေက ၉၉ယောက်ဟု ရေးသော်လည်း သမိုင်းမှတ်တမ်းများတွင်မှု အာသောကသည် သူ၏ ညီအစ်ကို ၆ယောက်ကိုသာ သတ်ခဲ့သည်ဟု သိရသည်)

အသောကမင်းသည် ထီးနန်းကို သိမ်းပိုက်ပြီး၍ လေးနှစ် ကြာမှသာလျှင် (ဘီစီ ၂၇ဝ ပြည့်ဟု ခန့်မှန်း ကြသည်။) ရာဇဘိသေကကို ခံယူတော်မူသည်။ စာပေအထောက်အထား များအရ ရာဇဘိသေကမခံယူမီ တက္ကသိုလ်ပြည်၏ သူပုန် သူကန်ရန်ကို နှိမ်နင်းခြင်းစသော နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်လျက် ရှိနေကြောင်း ယူဆရသည်။ ဘိုးတော်နှင့် ခမည်းတော်တို့နည်းတူ နိုင်ငံတော်ကို ချဲ့ထွင်ခဲ့ကြောင်းလည်း သိရသည်။ ရာဇဘိသေကခံယူသောအခါ ဒေဝါနံပီယဟူသောဘွဲ့ ကို လည်းကောင်း၊ ပီယဒဿီဟူသော ဘွဲ့ကိုလည်းကောင်း ခံယူသည်။ တစ်မိတည်းဖွား ညီတော်ဖြစ်သော တိဿကုမာရ အား အိမ်ရှေ့အရာ အပ်နှင်းသည်။ အဂ္ဂမဟောသီမိဖုရားကြီး ကား အသန္ဓီမိတ္တတည်း။ ဝေဋိသဒေဝီသည် သားတော် မဟိန္ဓ၊ သမီးတော် သိင်္ဃမိတ္တာတို့ကို ပါဋလိပုတ္တနေပြည်တော်သို့ ပို့စေ ၍ မိမိမူ ဝေဒိဿဂီရိမြို့၌ပင် နေလေသည်။ မင်းတရားကြီးသည် နိုင်ငံတော်အုပ်ချုပ်ရေးကို စည်းစနစ် ကျနစွာဖြင့် ဆောင်ရွက်သည်။ နိုင်ငံတော် အတွင်း၌ နယ်ပယ် အသီးသီးသို့ မင်းညီမင်းသားများနှင့် ယုံကြည်စိတ်ချရသော အမတ်ကြီးများကို စေလွှတ်ကာ အုပ်ချုပ်စေသည်။ ပြည်နယ် ကြီးများကို အုပ်ချုပ်ရသူများကို ရာဇူကဟုခေါ်၍ ခရိုင်ဝန် အဆင့်အတန်းရှိ သူများကို ပြာဒီသိကဟုခေါ်သည်။ နိုင်ငံတော် တစ်ခုလုံးကို ဌာနအသီးအသီးခွဲ၍ အုပ်ချုပ်စေရာ၊ ဌာနတာဝန်ခံ ကို မုခဟုလည်းခေါ်၍ မဟာမတ္တဟုလည်း ခေါ်သည်။ အုပ်ချုပ် ရေးအတွက် ခွဲခြားထားသော ဌာနများတွင် စက်မှုလက်မှု လုပ်ငန်းဌာန၊ အခွန်တော်စည်းကြပ်ရေးဌာနနှင့် စစ်တမ်း ကောက်ယူရေးဌာန၊ နိုင်ငံတွင်း နိုင်ငံပ ကူးသန်းရောင်းဝယ်ရေး ဌာန၊ တိုင်းရင်းထွက်ကုန်ပစ္စည်းများ စီမံခန့်ခွဲရေးဌာန၊ အမြတ် တော်ကြေးဌာနတို့လည်း ပါဝင်သည်။

စစ်ဘက်၌လည်း ယင်းသို့ပင် ဌာနများခွဲ၍ အုပ်ချုပ်ရာ ရေကြောင်း၊ စားနပ်ရိက္ခာ၊ ခြေကျင်တပ်၊ မြင်း တပ်၊ ရထား တပ်၊ ဆင်တပ်စသည့် ဌာနတို့ ဖြစ်သည်။ အခြားနိုင်ငံများနှင့် လည်း သံတမန် လဲလှယ်ဆက်သွယ်ကာ ချစ်ကြည်စွာ ဆက်ဆံ ခဲ့ရာ၊ ဂရိနိုင်ငံသည်လည်း အသောကမင်းကြီး၏ မောရိယ နိုင်ငံတော်နှင့် အဆက်အသွယ် ရှိခဲ့သည်။ အုပ်ချုပ်ရေးကို ဆောင်ရွက်ရာ၌ မင်းတရားကြီးသည် အချိန်မရွေး နေရာမရွေး ဆောင်ရွက်သည်။ နိုင်ငံငြိမ်းချမ်း သာယာမှုကို မင်းတရားကြီး သည် ကိုယ်ရေးထက်မကပင် အလေးပြုပေသည်။ အသောက မင်းတရားကြီး ရေးထိုးခဲ့သော ကျောက်စာတစ်ချပ်၌- တစ်လောကလုံး၏ ကောင်းကျိုးချမ်းသာအတွက် ဆောင်ရွက်ရန်တာဝန်ထက် ကြီးလေးသော တာဝန်ဟူသည် မရှိ။ ငါကြိုးပမ်းအားထုတ် လုပ်ကိုင်ဆောင်ရွက်သမျှတို့သည် လည်း ဝေနေယျသတ္တဝါတို့အား ဤ ပစ္စုပ္ပန်ဘဝ၌ ချမ်းသာ သုခ ဖြစ်စေရုံသာမက နောင်တမလွန်ဘဝပါ ကောင်းရာသုဂတိ သို့ ရောက်ကြစေခြင်းငှါ ငါ၌ ဆောင်ရွက်အပ်သည့် တာဝန် တည်းဟူသော ကြွေးမြီမှ လွတ်ကင်းစေရန် ဖြစ်သည် ဟူ၍ ပါရှိ လေသည်။

ဆိုခဲ့သည့်အတိုင်း မင်းတရားကြီးသည် ကျယ်ပြန့်သော နိုင်ငံတော်ကြီးကို တည်ထောင်နိုင်သည်သာမက နိုင်ငံတော်ကြီး ကို စနစ်တကျ စီမံခန့်ခွဲအုပ်ချုပ်နိုင်ခဲ့လေရာ မင်းတရားကြီး၏ အမိန့်ရာဇသံကို ပါဋလိပုတ္တ နေပြည်တော်မှ အိန္ဒုမြစ်ဝှမ်းသို့ တိုင်လည်းကောင်း၊ အာရေဗျပင်လယ်သို့တိုင်လည်းကောင်း မပျက်မကွက် ဦးထိပ်ရွက်ဆင်၍ နာခံကြရလေသည်။ အသောကမင်းတရားသည် ဖွားတော်မူသည်မှစ၍ မင်း အဖြစ်သို့ ရောက်သည်တိုင်အောင် မျိုးရိုးစဉ်လာ အတိုင်း ဗြဟ္မဏ အယူဝါဒီတစ်ဦးဖြစ်သည်။ ဘိုးတော်၊ ခမည်းတော်တို့ ပြုသကဲ့သို့ပင် အာဇီဝကတို့အား ကိုးကွယ်၍ နေ့စဉ် အာဇီဝက ခြောက်သောင်းတို့အား နန်းတော်၌ ဆွမ်းဝတ်ပြုသည်။ သို့သော် ဘိသိက်ခံ၍ လေးနှစ်မြောက်ပြီးနောက်တွင် နိဂြောဓသာမဏေ ငယ်ကို အကြောင်းပြု၍ ဗုဒ္ဓအယူဝါဒ၌ သက်ဝင်ယုံကြည်သော ဥပသကာတစ်ဦး ဖြစ်လာပြီးလျှင် သာမဏေငယ်၏ ဆရာတော် ဖြစ်သော အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ်မြတ်နှင့်တကွ များစွာသော ရဟန္တာအရှင်မြတ်တို့ကို ရိုသေစွာ ဆည်းကပ် ကိုးကွယ်သည်။ ရဟန်းသံဃာတို့ နေစိမ့်သောငှါ ပါဋလိပုတ္တ နေပြည်တော်၏ အရှေ့တောင်ဘက်၌ အသောကာရာမ ကျောင်း တော်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ရာ အသောကမင်းတရားကြီး ၏ ပထမဆုံးသော ကုသိုလ်တော် အဆောက်အအုံကြီး ဖြစ်ပေ သည်။

ရာဇဘိသေက ခံယူပြီးနောက် ရှစ်နှစ်အကြာ (ဘီစီ ၂၆၂ ခုနှစ်)တွင် အသောကမင်းကြီးသည် အရှေ့ဘက် ပင်လယ်ကမ်း ခြေ၊ မဟာနဒီနှင့် ဂိုဒါဝရီမြစ်တို့စပ်ကြားရှိ ကလိင်္ဂတိုင်း(ဩရိဿ) တိုင်းကို သိမ်းသွင်းရန် ရေတပ်၊ ကြည်းတပ် အလုံးအရင်းနှင့် ချီတက်လုပ်ကြံရာ အလိုတော်ပြည့်သည်။ ထိုအချိန်တွင် အသောကမင်းကြီး၏ နိုင်ငံတော်သည် တောင်ဘက်စွန်း ပြည် နယ်ငယ်အချို့မှအပ အိန္ဒိယကျွန်းဆွယ်တစ်ခုလုံး ပါဝင်ခဲ့ လေသည်။
ကလိင်္ဂစစ်ပွဲတွင် အသောကမင်းကြီး၏ ရာဇဝင်ကြောင်းကို လမ်းပြောင်းလိုက်သော စစ်ပွဲကြီးဟု ဆိုရပေမည်။ မင်းတရာ ကြီးသည် ကလိင်္ဂကို အောင်နိုင်ရသော်လည်း ရွှင်လန်းအားရ ခြင်း မဖြစ်နိုင်တော့ချေ။ သွေးချောင်းစီးအောင် အပြင်းအထန် တိုက်ခဲ့ကြသဖြင့် ကလိင်္ဂတိုင်းရင်းသား သိန်းသောင်းမက သေ ကြေ ပျက်စီးကြရသည်။ (သမိုင်းမှတ်တမ်းအရ လူပေါင်း ၁သိန်း နဲ့ ၁သိန်းခွဲကြားသေဆုံးခဲ့ရသည်)။ ထောင်သောင်းချီ၍ အိုးအိမ်မဲ့ ဖြစ်ကြ ရသည်။ ယင်းတို့ကို ကိုယ်တော်တိုင် မျက်ဝါးထင်ထင် တွေ့ မြင်ရသောအခါ လက်နက်အားကိုးဖြင့် သူတစ်ပါးအား နှိပ်စက် သတ်ဖြတ်မိခြင်းကို ယူကြုံးမရ ဖြစ်မိသည်။ ရန်သူများကိုလည်း သနားစာနာမိသည်။ လူအချင်းချင်းအပေါ်ဝယ် မေတ္တာတရား၊ ကိုယ်ချင်းစာ တရားတို့ကိုသာ ပွားများမိလေသဖြင့် စစ်အတိုက် အခိုက်၌ များစွာငြီးငွေ့ စက်ဆုတ်သွားသည်။ နိုင်ငံသူ နိုင်ငံ သားတို့အား စိတ်ဝမ်းချမ်းမြေ့စွာဖြင့် နေထိုင်စေလိုသော စိတ် များ ဖြစ်ပေါ်လာသည်။ ထိုကြောင့် မိမိထက်အင်အားငယ်သော နိုင်ငံများကို လက်နက်အင်အား လူအင်အားဖြင့် ဖိနှိပ်တိုက်ခိုက် အနိုင်ယူသည်ထက် မေတ္တာတရားဖြင့် အနိုင်ယူတော့မည်ဟု ဆုံးဖြတ်လိုက်လေသည်။

ကလိင်္ဂမှ နေပြည်တော်သို့ ပြန်ရောက်သောအခါ မေတ္တာ တရားနှင့် ကရုဏာတရားတို့ကို အရင်းခံထား၍ သူတစ်ပါးအား ညှင်းပန်းနှိပ်စက်မှုကို မလိုလား၊ အားမပေးသော ဗုဒ္ဓအယူဝါဒ ကို ပို၍ ကြည်ညိုလေးစားကာ ထက်ထက်သန်သန် ဆည်းကပ် ကိုးကွယ်ခြင်းကို ပြုပြီးလျှင် သာသနာတော်ကို များစွာ ချီးမြှောက်တော်မူလေသည်။ တရားတော်နှင့်လျော်ညီစွာ နေထိုင် ကျင့်ကြံနိုင်ရန် ကိုယ်တော်တိုင်လည်း ကိုယ်စိတ်နှစ်ပါးကို အထူး ပြုပြင်တော်မူသည်။ မိမိသာမက မိမိ၏ မိဖုရား၊ သားတော်သမီးတော်၊ ခြွေရံသင်းပင်း အသိုက်အဝန်းနှင့်တကွ မိမိ၏ နိုင်ငံသား အားလုံးတို့၏ ပစ္စုပ္ပန်နှင့် တမလွန်အကျိုး စီးပွားဖြစ်ထွန်းရေး၊ လူသားအချင်းချင်း၊ ပြည်ထောင်အချင်းချင်း ချစ်ကြည်ငြိမ်းချမ်းရေးအတွက် ကောင်းမြတ်သော တရားဓမ္မဖြင့် သာ အောင်မြင်ရာသည်ဟူသော ဓမ္မဝိဇယဝါဒကို လိုက်နာ ကျင့်သုံးစေလေသည်။

နိုင်ငံတော်အတွင်း၌ ဗုဒ္ဓအယူဝါဒကို ကြည်ညိုလေးစားလာ သူများ ပေါများလာအောင် အားထုတ်သည်။ နိုင်ငံတော်အတွင်း ၌ ရာထမ်းမှုထမ်းများကို သက်ဆိုင်ရာပြည်နယ်များ၌ ငါးနှစ် တစ်ကြိမ် လှည့်လည်၍ တရားဓမ္မများကို လူအများအား ဟောကြားပြသရန် ညွှန်ကြားသည်။ ဘုရားပွင့်တော်မူရာ ဗုဒ္ဓ ဂယာအစရှိသော ဘုရားရှင်နှင့် စပ်လျဉ်း၍ အထွတ်အမြတ် ထားသော အရပ်များသို့ အဖူးအမျှော် သွားရောက်ပြီးလျှင် ထိုနေရာ အရပ်များ၌ အထိမ်းအမှတ် အဆောက်အအုံများ စိုက်ထူတည်ဆောက်ခဲ့သည်။ မိမိဆောင်ရွက်သမျှ အကြောင်း အရာများနှင့် တရားဓမ္မ အဆုံးအမတို့ကို ကြာရှည်စွာ မပျောက် မပျက် တည်တံ့စိမ့်သောငှါ နိုင်ငံတော် အတွင်းရှိ နယ်ပယ် အသီးသီးတို့၌ ကျောက်တိုင်များ၊ ကျောက်ပြားများ၊ ကျောက်ဂူ လိုဏ်နံရံများတွင် ကမ္ဗည်း ကျောက်စာထွင်း၍ အနှံ့အပြား၌ မော်ကွန်းထားခဲ့သည်၊ နိုင်ငံတော်အတွင်း နေရာအနှံ့အပြား၌ မော်ကွန်း ကျောက်စာများဖြင့် မှတ်တမ်းတင်ထားခဲ့ရာ မိဂဒါဝုန်၊ လုမ္ဗိနီစသော ဗုဒ္ဓအယူဝါဒဆိုင်ရာ အထွတ်အမြတ် နေရာများ၌လည်းကောင်း၊ ပါဋလိပုတ္တနေပြည်တော်မှ မိုင်ပေါင်း ၁ဝဝဝဝ ကျော်ဝေးသော အိန္ဒိယ အနောက် မြောက်ဒေသ ပက်သျှဝါခရိုင်၌လည်းကောင်း၊ ဘုံဘိုင်ပြည်နယ်အတွင်း၌ လည်းကောင်း၊ ဩရိဿ(ကလိင်္ဂတိုင်း) ပြည်နယ်အတွင်း၌ လည်းကောင်း စသဖြင့် အိန္ဒိယကျွန်းဆွယ်တစ်ခုလုံး နေရာ အနှံ့အပြား၌ တွေ့ရရာ စုစုပေါင်း ကျောက်တိုင် ၃ဝ ကျော်ခန့် စိုက်ထူခဲ့သည်ဟု ခန့်မှန်းကြသည်။

ကျောက်စာရေးထိုးရာ၌ အက္ခရာနှစ်မျိုး အသုံးပြုကြောင်း တွေ့ရသည်။ တစ်မျိုးမှာ လက်ယာမှလက်ဝဲဘက်သို့ ရေးရသော ခရောသျှဋ္ဌီအက္ခမျိုးဖြစ်၍ တစ်မျိုးမှာ ဗြာဟ္မီအက္ခမျိုးဖြစ်ရာ ဒေဝနာဂရီနှင့် ယခုအိန္ဒိယ အက္ခရာများ၏ မူလ အခြေခံအက္ခရာများ ဖြစ်ကြသည်။ မင်းတရားကြီးသည် အယူဝါဒရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အဆောက်အအုံများစွာတို့ကိုလည်း ဆောက်လုပ် ကုသိုလ်ပြုခဲ့ သည်။ လူမျိုးမရွေး၊ ဇာတ်မရွေး၊ မရှိဆင်းရဲသားတို့အား နေ့စဉ် ပေးကမ်းစွန့်ကြဲသည်။ မြတ်စွာဘုရား၏ ဓာတ်တော်မွေတော် များကို ရှာဖွေစုဆောင်းပြီးလျှင် ဗုဒ္ဓဝါဒီအပေါင်းတို့ ဆည်းကပ် ကိုးကွယ်နိုင်စေရန် ထူပါရုံစေတီတော်များ တည်ဆောက်ခဲ့ သည်။ ယင်းတို့အနက် ဗိုပေါပြည်နယ်၊ ဆန်ချီ အရပ်ရှိ သဉ္စီ စေတီတော်ကြီးသည် အဓိကရထူပါရုံကြီးတစ်ဆူ ဖြစ်ပေသည်။ ဘုရားရှင် ဟောကြားတော်မူ ခဲ့သော ဓမ္မက္ခန္ဓာ ၈၄,ဝဝဝ ကို အထိမ်းအမှတ်ပြုသောအားဖြင့် ဇမ္ဗူဒိပ်ကျွန်းအလုံး နေရာ အနှံ့အပြား၌ စေတီတော် ပေါင်း ၈၄,ဝဝဝ၊ ရေတွင်း ရေကန် ပေါင်း ၈၄,ဝဝဝကို လှူဒါန်းခဲ့သည်၊ သာသနာ့အမွေကို ခံနိုင်ရန် သားတော် မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့ကိုပင် သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ခဲ့သည်။ အသောကရာမ ကျောင်းမှအပ အခြားသောအရပ်များ၌လည်း သံဃာများအတွက် ကျောင်းများ ဆောက်လုပ် လှူဒါန်းခဲ့၍ ပစ္စည်းလေးပါး အထောက်အပံ့လည်း ပေးခဲ့ပေသည်။

အသောကမင်းတရားကြီးသည် လူအပေါင်းအား ကိုယ်စိတ် နှစ်ပါး ဆင်းရဲအောင် နှိပ်စက်ညှဉ်းပန်းခြင်း မပြုပေ။ မင်း တရားကြီးသည် မိမိ၏ နိုင်ငံသားတို့အတွက်သာမဟုတ် ကျောသားရင်သား မခွဲခြားပဲ ကမ္ဘာ တစ်လောကလုံးရှိ လူ သတ္တဝါတို့၏ ကောင်းကျိုးချမ်းသာအတွက် လိုလားတော်မူသော စိတ်ထားရှိကြောင်းကို မလိင်္ဂတိုင်းတွင် စိုက်ထူခဲ့သော ကျောက် စာတစ်ခု၌ – ငါသည် ငါ၏ သားတော် သမီးတော်တို့အတွက် ဤ မျက်မှောက်ဘဝ၌သာမက နောင်တမလွန်ဘဝ၏ ကောင်းကျိုး ကိုပါ လိုလားတော်မူသကဲ့သို့ လူခပ်သိမ်းတို့အတွက်လည်း လိုလားတော်မူသည်။ လက်အောက်ခံ လူမျိုးတို့၏စိတ်၌ မင်းတရားကြီးသည် ငါတို့၏ဖခင်သဖွယ် ဖြစ်ပါပေသည်။ ငါတို့ကို သူ့ကိုယ်အား သူချစ်သကဲ့သို့ ချစ်ပါပေသည်။ ငါတို့ ကား မင်းတရားကြီး၏ သားသမီးသဖွယ် ဖြစ်ပါ ပေသည်ဟူ၍ အောက်မေ့သဘောထားလာရန် ဆောင် ရွက်ရမည်ဟု အရာ ထမ်းအမှုထမ်းများ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားထား ချက်အရ သိရလေသည်။

လူသားတို့အတွက်သာမက တိရစ္ဆာန်များ အပေါ်၌လည်း ကြင်နာသနား ထောက်ထားညှာတာသည်။ ဗုဒ္ဓဝါဒီ အဖြစ် ကူးပြောင်းလာပြီးနောက်တွင် သားသတ်ရုံများ၌ အသတ်အဖြတ် လျော့နည်းနိုင်သမျှ လျော့နည်း စေသည်။ တိရစ္ဆာန်များအတွက် ရေတွင်းရေကန်များ တူးဖော်ပေးသည့်အပြင် တိရစ္ဆာန်များ အတွက် ဆေးရုံများလည်း ဆောက်လုပ်ပေးလေသည်။ မင်းတရားကြီးသည် နိုင်ငံသာယာမှု၊ ဝပြောစည်ပင်မှု၊ တိုးတက်မှု၌ အရပ်ရပ်တို့ကိုလည်း ဆောင်ရွက် တော်မူသည်။ မောရိယနိုင်ငံတော်အတွင်း ခရီးအသွားအလာ လွယ်ကူစေခြင်း ငှါ ဖြောင့်ဖြူးသော လမ်းကြီး လမ်းငယ် အသွယ်သွယ်တို့ကို ဖောက်လုပ်သည်။ လမ်းဘေး တစ်ဖက်တစ်ချက်စီတွင် ခရီး သွားများ အရိပ်ရစေရန် သစ်ပင်များကို စိုက်စေသည်။ ခရီး သည်များ တစ်စခန်းမှတစ်စခန်းသို့ ခရီးအဆင့်ဆင့် သွားကြ ရာ၌ အပန်းဖြေ နားနေရန် စရပ်အဆောင်ဆောင်တို့ကို ဆောက်စေသည်။ လူနှင့် တိရစ္ဆာန်တို့အတွက် ဆေးဝါး လုံလုံလောက်လောက် ရရှိစေရန် နိုင်ငံတော်အနှံ့အပြား၌ ဆေးဝါးပင်များကိုလည်း စိုက်စေသည်။ နိုင်ငံတော် အတွင်း ကောက်ပဲသီးနှံ အထွက်ကောင်းစေရန် ဆည်မြောင်းများ ဖို့ ပေးသည်။ ပြုပြင်သင့်သည်ကို ပြုပြင် တူးဖောက်ပေးသည်။ သစ်သီးခြံကြီးများကို ပြုစုပျိုးထောင်ပေးသည်။

အသောကမင်းတရားသည် ဗုဒ္ဓသာသနာတော်ကို လွန်စွာ ချီးမြှင့်လင့်ကစား အခြားသော ဘာသာအယူဝါဒ များအား အပြစ်ဆိုခြင်း၊ ရှုတ်ချခြင်း၊ မပြုချေ။ ကိုယ်တော်တိုင်သာမက နိုင်ငံတော်အတွင်းရှိ လူခပ်သိမ်း တို့အား တစ်ဦး၏ အယူဝါဒ ကို တစ်ဦးက ရှုတ်ချခြင်း ပြစ်တင်ခြင်းမပြုရန်လည်း အမိန့် ထုတ်ထားခဲ့သည်။ ဗုဒ္ဓသာသနာအတွက် စေတီပုထိုးကျောင်း ကန်စရပ်တို့ကို ဆောက်လုပ်လှူဒါန်းသည့်နည်းတူ အာဇီဝက များအတွက် လည်းကောင်း၊ ဗြဟ္မဏဝါဒီများအတွက် လည်း ကောင်း၊ ဂျိန်းဝါဒီများအတွက်လည်းကောင်း အယူဝါဒရေးရာ အဆောက်အအုံများကို ထိုင်သင့်သလို ဆောက်လုပ် လှူဒါန်း လေသည်။

သို့သော် မင်းတရားကြီးသည် ဗုဒ္ဓသာသနာကို လွန်စွာ ချီးမြှင့်သဖြင့် သာသနာတော်တွင် အလွန်ပြန့်ပြောသော လာဘသက္ကာရဖြစ်သည်။ ထိုအခါ လာဘ်လာဘကို မျှော်ကိုး၍ တိတ္ထိ တက္ကတွန်းတို့သည် ရဟန်းခွင်သို့ ခိုဝင်လာကြရာ သာသနာတော်တွင် အညစ်အကြေး တင်လာသည်၊ ထိုကြောင့် မင်းတရားကြီးသည် အရှင် မောဂ္ဂလိပုတ္တတိဿမထေရ်၏ အဆုံးအမကိုယူ၍ သာသနာအတွင်းမှ ရဟန်းတုရဟန်းယောင် များကို ဖယ်ရှား ရှင်းလင်းပစ်ပြီးနောက် သာသနာတော် သန့်ရှင်းသွားစေရန် သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်တွင် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကိုပင် အမှူးထား၍ တတိယ သင်္ဂါယနာတင်တော်မူလေသည်။

သာသနာတော် သန့်စင်သွားပြီးနောက် သာသနာတော်ကို အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲစေလိုသော ဆန္ဒသည် မင်းကြီး ၌ ပြင်းပြလှသည်။ ထိုကြောင့် အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် မြတ်အား သာသနာတော်သည် နောင်အခါ အဘယ်အရပ်၌ တည်လတ္တံ့နည်းဟု မေးလျှောက်လျှင် အရှင်မထေရ်မြတ်က ပစ္စန္တရာဇ်တိုင်း၌ တည်လတ္တံ့ဟု ဖြေကြားချက်အရ ပစ္စန္တရာဇ် ကိုးဌာန (ကိုးတိုင်းကိုးဌာန)သို့ သာသနာပြု ရဟန္တာ ရှင်မြတ် တို့အား စေလွှတ်၍ ဗုဒ္ဓသာသနာ ပျံ့နှံ့ရေးကို ဆောင်ရွက်တော် မူလေသည်။ (ဗုဒ္ဓသာသနာဝင်) ထိုမျှသာမကသေး အသောကမင်းကြီး၏ နိုင်ငံတော်သည် ဂရိစသော အနောက်နိုင်ငံများနှင့်လည်း အဆက်အသွယ် ရှိသဖြင့် ဆီးရီးယား၊ အီဂျစ်၊ ဂရိစသော နိုင်ငံတို့သို့လည်း ဗုဒ္ဓသာသနာတော်၏ အရှိန်အဝါ ပျံ့နှံ့ ကျရောက်ခဲ့လေသည်။ အသောကမင်းတရားကြီးသည် နိုင်ငံတော် စည်ပင်ဝပြော သာယာရေး၊ ခပ်သိမ်းသော သတ္တဝါတို့၏ လောကီ လောကုတ္တရာ ကောင်းကျိုးချမ်းသာရေးအတွက် အသက်ထက် ဆုံး ကြိုးပမ်းဆောင်ရွက်တော်မူ ခဲ့ပြီးလျှင် ဘီစီ ၂၃၂ ခုနှစ် ခန့်တွင် လွန်တော်မူသည်။

အသောကမင်းတရားကြီး၏ အကြောင်းနှင့် စပ်လျဉ်း၍ ကမ္ဘာကျော် အင်္ဂလိပ် စာရေးဆရာကြီး အိပ်၊ ဂျီ၊ ဝဲက ကမ္ဘာ့ ရာဇဝင် အစောင်စောင်တို့တွင် ထင်ရှားကျော်ကြားကြ ကုန်သော မင်းဧကရာဇ်များစွာအနက် အသောကမင်းတရားကြီး တစ်ပါးတည်းသာလျှင် ကြယ်တာရာအလား ထွန်းလင်း တောက်ပခြင်းရှိ၍ ယင်း၍ ဘွဲ့တော်နာမံသည် (ရုရှ)ဗော်လဂါ မြစ်မှသည် ဂျပန်နိုင်ငံတိုင်အောင် ကမ္ဘာတစ်လွှား၌ ပြန့်မွှေး ကျော်ကြားလျက် အလေးအမြတ်ပြုခြင်းကို ခံရလေသည်ဟု ကမ္ဘာ့သမိုင်း အကျဉ်းချုပ်စာအုပ်ကြီး၌ ဖော်ပြချီးကျူးရေးသား ထား လေသည်။

အာသောက ကျောက်စာ မြန်မာ ဘာသာပြန်
အရှင် အာဒိစ္စဝံသ ဆရာတော် (၁၈၈၃-၁၉၅၁) သည် အာသောကမင်းကြီး ၏ ဩဝါဒ အနုသာသနိ ကျောက်စာတော်များ ကို မူလ ပါဠိဘာသာ မှ မြန်မာဘာသာ သို့ ပြန်ဆိုတော် မူသည်။ ယင်း ကျောက်စာများ ကို အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စသည့် ဘာသာ အသီးသီး သို့ ပြန်ဆိုပြီး ဖြစ်သော် လည်း မြန်မာဘာသာ သို့ ပြန်ဆိုခြင်း မပြုရသေး သဖြင့် ပြန်ဆိုရခြင်း ဖြစ်ပေသည်။ ဆရာတော် သည် ပါဠိဘာသာ ကို သာမက သက္ကတ၊ အူရဒူ၊ ဗင်္ဂလိ၊ ဟိန္ဒီ၊ ဂုရု၊ မုခိ၊ အင်္ဂလိပ် နှင့် ဂျာမန် ဘာသာ တို့ကိုလည်း လေ့လာ ဆည်းပူးထား သဖြင့် အာသောက ကျောက်စာများကို ပါဠိဘာသာမှ ပြန်ဆို ရာတွင် အင်္ဂလိပ်၊ ဟိန္ဒီ၊ သက္ကတ စသည့် ဘာသာပြန်မူများ နှင့်လည်း ညှိနှိုင်း တိုက်ဆိုင်ခဲ့သည်။ ယင်း ဘာသာပြန် သည် ၁၉၃၁-၃၂ အတွက် ဝေလမင်းသားစာပေဆု ရရှိခဲ့သည်။

မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)
ဒေါက်တာတင်အောင်၊ မင်းကျော်, နတ်နွယ်၊ လှသမိန်၊ (ရန်ကုန်၊ စာပေဗိမာန်). ဘာသာပြန် စာပေစာတမ်းများ, ပြည်သူ့လက်စွဲစာစဉ် ဒုတိယတွဲ.

ဆရာပါရဂူဘာသာပြန်သည်၊ ကမ္ဘာ့အကြောင်းတစေ့တစောင်း၊မူရင်း Glimpses of world history by Jawaharlal Nehru
The 100 A Ranking of the most influential persons in History by H.Hart
Myanmar Wikipedia

Leave a Reply