အေျဖရွာမရတဲ့ ေနမင္းႀကီးရဲ႕တံခါးေပါက္ (သုိ႔) The Gate of the Sun

Posted on

The Gate of the Sun ဆုိတာ ဧရာမေက်ာက္တုံးႀကီးကို ထြင္းထုတည္ေဆာက္ထားတဲ့ ဂိတ္တံခါးေပါက္ပုံစံ အရာတစ္ခုျဖစ္ပါတယ္။

ဘုိလီးဗီးယားႏုိင္ငံ က ကမာၻေက်ာ္ Titicaca ေရကန္ႀကီးအနီးမွာတည္ရွိၿပီး လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၅၀၀ ၀န္းက်င္ခန္႔က ေရွးေဟာင္း Tiwanaku လူမ်ဳိးေတြတည္ေဆာက္ခဲ့တယ္လုိ႔ ေလ့လာသူေတြက ခန္႔မွန္းထားၾကပါတယ္။

Tiwanaku ေတြဟာ ဘုိလီးဗီးယားနဲ႔ ပီရူးႏုိင္ငံေနရာတခ်ဳိ႕ကိုပိုင္ဆုိင္ခဲ့ၿပီး သူတုိ႔ရဲ႕ယဥ္ေက်းမႈအမွတ္အသားအခ်ဳိ႕ကုိ အဲဒီေနရာေတြမွာ ေတြ႔ရွိႏုိင္ပါတယ္။

ဒီ The Gate of the Sun လို႔ေခၚတဲ့ တံခါးေပါက္ဟာ ဥေရာပရွာေဖြသူေတြကို စတင္ရွာေဖြေတြ႔ရွိခ်ိန္ ၁၉ရာစုေလာက္ကတည္းက စလုိ႔ မေျဖရွင္းႏုိင္တဲ့ ပေဟဠိအျဖစ္ ရပ္တည္ေနပါတယ္။

တံခါးေပါက္ေပၚမွာေတာ့ ေရွးေဟာင္းအရုပ္ေပါင္းမ်ားစြာကုိ ထြင္းထုေရးျခယ္ထားၿပီး အရုပ္တစ္ရုပ္ကေတာ့ ထင္ထင္ရွားရွားရွိေနပါတယ္။ သမုိင္းပညာရွင္အခ်ဳိ႕ကေတာ့ ဒါဟာ အင္ကာတုိ႔ရဲ႕ဘုရား Viracocha ကုိ စိတ္ကူးပုံေဖာ္ထားတဲ့အရာျဖစ္တယ္လုိ႔ ဆုိၾကပါတယ္။

အင္ကာတုိ႔ရဲ႕ဘုရား Viracocha ဟာ အရာအားလုံးကိုဖန္ဆင္းသူလုိ႔ အင္ကာေတြကယုံၾကည္ကုိးကြယ္ၾကပါတယ္။ တခ်ဳိ႕သမုိင္းပညာရွင္ေတြကေတာ့ ဒါဟာ Viracocha ဘုရားမဟုတ္ပဲ ေနနတ္ဘုရားသာျဖစ္တယ္လုိ႔ ဆုိျပန္ပါတယ္။ အေၾကာင္းကေတာ့ အရုပ္ရဲ႕မ်က္ႏွာပတ္္ပတ္လည္မွာ အလင္းတန္းေပါင္း ၂၄ခုကို ျခယ္ထားလုိ႔ျဖစ္ပါတယ္။

ေဘးဘက္တစ္ဖက္တစ္ခ်က္စီမွာေတာ့ အကြက္ေပါင္း ၄၈ခုရွိၿပီး ဒါဟာ သူတုိ႔ဘုရားရဲ႕ေျပာစကားေတြကို အရုပ္ေတြနဲ႔သရုပ္ေဖာ္ထားတာျဖစ္တယ္လုိ႔ သမုိင္းပညာရွင္ေတြက ခန္႔မွန္းၾကပါတယ္။ ဒီအရုပ္ေတြမွာ တခ်ဳိ႕အရုပ္ေတြရဲ႕ေခါင္းေတြဟာ လူေခါင္းေတြျဖစ္ၿပီး တခ်ဳိ႕အရုပ္ေတြရဲ႕ေခါင္းေတြကေတာ့ ငွက္ေခါင္းေတြျဖစ္ပါတယ္။

ဒီဘုရားရဲ႕မ်က္လုံးေတြကေန မ်က္ရည္ေတြထြက္ေနတဲ့သ႑ာန္ျဖစ္ေနတာေၾကာင့္ ငုိေၾကြးေနေသာဘုရား(Crying God or Weeping God) လုိ႔လည္းေခၚၾကပါေသးတယ္။

တံခါးေပါက္ရဲ႕ အရြယ္အစားကေတာ့ အျမင့္ ၉.၈ေပ ၊ အက်ယ္ ၁၃ေပ ရွိၿပီး အေလးခ်ိန္ကေတာ့ ၁၀တန္ခန္႔ေလးပါတယ္။ ဥေရာပက ေလ့လာရွာေဖြသူေတြဟာ ဒီတံခါးေပါက္ကုိ ၁၉ရာစု အလယ္ပုိင္းက စတင္ေတြ႔ရွိခဲ့ၾကတာျဖစ္ပါတယ္။

ေတြ႔ရွိစဥ္တုန္းကေတာ့ တံခါးေပါက္ဟာ ျပင္းထန္တဲ့တုိက္ခုိက္မႈတစ္ခုခုေၾကာင့္ ေျမေပၚကိုၿပဳိက်ေနခဲ့ပါတယ္။ စတင္ေတြ႔ရွိတဲ့ေနရာမွာပဲ မပ်က္စီးမီက အတုိင္းျပန္လည္ျပဳျပင္ခဲ့ေပမယ့္ ဒါဟာ သူ႔ရဲ႕အစပထမေနရာမဟုတ္ဘူးလုိ႔ သိရပါတယ္။

တခ်ဳိ႕ေလ့လာသူေတြကေတာ့ ဒါေတြဟာ ႏွစ္တစ္ႏွစ္ရဲ႕ ျပကၡဒိန္ျဖစ္တယ္လုိ႔ ဆုိၾကျပန္ပါတယ္။ တစ္ႏွစ္မွာ ရက္ေပါင္း ၂၉၀ ၊ လေပါင္း ၁၂လ နဲ႔ ၁လ မွာ ရက္ေပါင္း ၂၄ရက္ ရွိၿပီး တိက်မွန္ကန္တဲ့ျပကၡဒိန္ေတာ့ မဟုတ္ဘူးလုိ႔ သိရပါတယ္။

တခ်ဳိ႕သူေတြကေတာ့ ဒီအေပါက္ကေန တျခားတစ္ေနရာဆီကုိသြားႏုိင္တဲ့ ဂိတ္ေပါက္လုိ႔ဆုိၾကၿပီး ဒါကေတာ့ မျဖစ္ႏုိင္တဲ့အခ်က္ပါ။

ဘာပဲေျပာေျပာ ဒီေနရာဟာ ေလ့လာသူေပါင္းမ်ားစြာကို ဆြဲေဆာင္ထားႏုိင္တဲ့ ဘုိလီးဗီးယားႏုိင္ငံရဲ႕ အထင္ကရေနရာတစ္ခုျဖစ္ပါတယ္။

ပညာရွင္ေပါင္းမ်ား ႏွစ္ေပါင္းမ်ားစြာ ေလ့လာသုေတသနလုပ္ခဲ့ၾကေပမယ့္ ဒီတံခါးေပါက္ရဲ႕အေၾကာင္းကုိေတာ့ အနည္းငယ္ကေလးေတာင္ တိတိက်က်မသိခဲ့ရပဲ ခန္႔မွန္းရုံသာတတ္ႏုိင္ၾကတဲ့အတြက္ ဒီတံခါးေပါက္ႀကီးဟာ ယေန႔တုိင္ေအာင္ အေျဖရွာမရတဲ့ ပေဟဠိတစ္ခုအျဖစ္ က်န္ရစ္ေနပါေတာ့တယ္။


အဖြေရှာမရတဲ့ နေမင်းကြီးရဲ့တံခါးပေါက် (သို့) The Gate of the Sun (unicode)

The Gate of the Sun ဆိုတာ ဧရာမကျောက်တုံးကြီးကို ထွင်းထုတည်ဆောက်ထားတဲ့ ဂိတ်တံခါးပေါက်ပုံစံ အရာတစ်ခုဖြစ်ပါတယ်။ ဘိုလီးဗီးယားနိုင်ငံ က ကမ္ဘာကျော် Titicaca ရေကန်ကြီးအနီးမှာတည်ရှိပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀၀ ဝန်းကျင်ခန့်က ရှေးဟောင်း Tiwanaku လူမျိုးတွေတည်ဆောက်ခဲ့တယ်လို့ လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။ Tiwanaku တွေဟာ ဘိုလီးဗီးယားနဲ့ ပီရူးနိုင်ငံနေရာတချို့ကိုပိုင်ဆိုင်ခဲ့ပြီး သူတို့ရဲ့ယဉ်ကျေးမှုအမှတ်အသားအချို့ကို အဲဒီနေရာတွေမှာ တွေ့ရှိနိုင်ပါတယ်။ ဒီ The Gate of the Sun လို့ခေါ်တဲ့ တံခါးပေါက်ဟာ ဥရောပရှာဖွေသူတွေကို စတင်ရှာဖွေတွေ့ရှိချိန် ၁၉ရာစုလောက်ကတည်းက စလို့ မဖြေရှင်းနိုင်တဲ့ ပဟေဠိအဖြစ် ရပ်တည်နေပါတယ်။

တံခါးပေါက်ပေါ်မှာတော့ ရှေးဟောင်းအရုပ်ပေါင်းများစွာကို ထွင်းထုရေးခြယ်ထားပြီး အရုပ်တစ်ရုပ်ကတော့ ထင်ထင်ရှားရှားရှိနေပါတယ်။ သမိုင်းပညာရှင်အချို့ကတော့ ဒါဟာ အင်ကာတို့ရဲ့ဘုရား Viracocha ကို စိတ်ကူးပုံဖော်ထားတဲ့အရာဖြစ်တယ်လို့ ဆိုကြပါတယ်။ အင်ကာတို့ရဲ့ဘုရား Viracocha ဟာ အရာအားလုံးကိုဖန်ဆင်းသူလို့ အင်ကာတွေကယုံကြည်ကိုးကွယ်ကြပါတယ်။ တချို့သမိုင်းပညာရှင်တွေကတော့ ဒါဟာ Viracocha ဘုရားမဟုတ်ပဲ နေနတ်ဘုရားသာဖြစ်တယ်လို့ ဆိုပြန်ပါတယ်။ အကြောင်းကတော့ အရုပ်ရဲ့မျက်နှာပတ်ပတ်လည်မှာ အလင်းတန်းပေါင်း ၂၄ခုကို ခြယ်ထားလို့ဖြစ်ပါတယ်။ ဘေးဘက်တစ်ဖက်တစ်ချက်စီမှာတော့ အကွက်ပေါင်း ၄၈ခုရှိပြီး ဒါဟာ သူတို့ဘုရားရဲ့ပြောစကားတွေကို အရုပ်တွေနဲ့သရုပ်ဖော်ထားတာဖြစ်တယ်လို့ သမိုင်းပညာရှင်တွေက ခန့်မှန်းကြပါတယ်။ ဒီအရုပ်တွေမှာ တချို့အရုပ်တွေရဲ့ခေါင်းတွေဟာ လူခေါင်းတွေဖြစ်ပြီး တချို့အရုပ်တွေရဲ့ခေါင်းတွေကတော့ ငှက်ခေါင်းတွေဖြစ်ပါတယ်။ ဒီဘုရားရဲ့မျက်လုံးတွေကနေ မျက်ရည်တွေထွက်နေတဲ့သဏ္ဍာန်ဖြစ်နေတာကြောင့် ငိုကြွေးနေသောဘုရား(Crying God or Weeping God) လို့လည်းခေါ်ကြပါသေးတယ်။

တံခါးပေါက်ရဲ့ အရွယ်အစားကတော့ အမြင့် ၉.၈ပေ အကျယ် ၁၃ပေ ရှိပြီး အလေးချိန်ကတော့ ၁ဝတန်ခန့်လေးပါတယ်။ ဥရောပက လေ့လာရှာဖွေသူတွေဟာ ဒီတံခါးပေါက်ကို ၁၉ရာစု အလယ်ပိုင်းက စတင်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ တွေ့ရှိစဉ်တုန်းကတော့ တံခါးပေါက်ဟာ ပြင်းထန်တဲ့တိုက်ခိုက်မှုတစ်ခုခုကြောင့် မြေပေါ်ကိုပြိုကျနေခဲ့ပါတယ်။ စတင်တွေ့ရှိတဲ့နေရာမှာပဲ မပျက်စီးမီက အတိုင်းပြန်လည်ပြုပြင်ခဲ့ပေမယ့် ဒါဟာ သူ့ရဲ့အစပထမနေရာမဟုတ်ဘူးလို့ သိရပါတယ်။ တချို့လေ့လာသူတွေကတော့ ဒါတွေဟာ နှစ်တစ်နှစ်ရဲ့ ပြက္ခဒိန်ဖြစ်တယ်လို့ ဆိုကြပြန်ပါတယ်။ တစ်နှစ်မှာ ရက်ပေါင်း ၂၉၀ ၊ လပေါင်း ၁၂လ နဲ့ ၁လ မှာ ရက်ပေါင်း ၂၄ရက် ရှိပြီး တိကျမှန်ကန်တဲ့ပြက္ခဒိန်တော့ မဟုတ်ဘူးလို့ သိရပါတယ်။ တချို့သူတွေကတော့ ဒီအပေါက်ကနေ တခြားတစ်နေရာဆီကိုသွားနိုင်တဲ့ ဂိတ်ပေါက်လို့ဆိုကြပြီး ဒါကတော့ မဖြစ်နိုင်တဲ့အချက်ပါ။

ဘာပဲပြောပြော ဒီနေရာဟာ လေ့လာသူပေါင်းများစွာကို ဆွဲဆောင်ထားနိုင်တဲ့ ဘိုလီးဗီးယားနိုင်ငံရဲ့ အထင်ကရနေရာတစ်ခုဖြစ်ပါတယ်။ ပညာရှင်ပေါင်းများ နှစ်ပေါင်းများစွာ လေ့လာသုတေသနလုပ်ခဲ့ကြပေမယ့် ဒီတံခါးပေါက်ရဲ့အကြောင်းကိုတော့ အနည်းငယ်ကလေးတောင် တိတိကျကျမသိခဲ့ရပဲ ခန့်မှန်းရုံသာတတ်နိုင်ကြတဲ့အတွက် ဒီတံခါးပေါက်ကြီးဟာ ယနေ့တိုင်အောင် အဖြေရှာမရတဲ့ ပဟေဠိတစ်ခုအဖြစ် ကျန်ရစ်နေပါတော့တယ်။

Leave a Reply