မိမိကုိ ကုိက္ခဲ့တဲ့ေျမြရဲ႕ေသြးကိုေသာက္ၿပီးေနာက္ ေသဆုံးခဲ့ရတဲ့ ေျမြေဟာက္ဘုရင္

Posted on

သူကေတာ့ ဖိလစ္ပုိင္ႏုိင္ငံက Elies ‘Peter’ Lenturio ဆုိတဲ့ ေျမြအလပၸါယ္ဆရာတစ္ဦးပါ။

သူ႔ကုိ နာမည္အရင္းထက္ ေျမြေတြကိုႏုိင္နင္းလြန္းတဲ့အတြက္ ေျမြေဟာက္ဘုရင္ဆုိတဲ့ နာမည္ကုိပဲ လူေတြကေခၚၾကေလ့ရွိပါတယ္။ အခုေတာ့ သူႏုိင္ခဲ့တဲ့ေျမြေၾကာင့္ပဲ သူဟာ ေသဆုံးခဲ့ရပါၿပီ။

Elies ဟာ ဖိလစ္ပိုင္ႏုိင္ငံ Sorsogon ျပည္နယ္မွာေနထုိင္ၿပီး သူဟာ သူ႔ရဲ႕အခ်စ္ေတာ္ေျမြေဟာက္ႀကီးကုိ ဆုိင္ကယ္ပုံးထဲကုိ ထည့္ကာယူသြားေလ့ရွိပါတယ္။

အဲဒီေန႔ကေတာ့ Elies ဆုိင္ကယ္ပုံး အဖုံးကို ဖြင့္လုိက္တဲ့အခ်ိန္မွာ ေျမြေဟာက္က သူ႔ရဲ႕ဘယ္ဘက္လက္ကုိ အမွတ္မထင္ကုိက္လုိက္တာျဖစ္ပါတယ္။ ေျမြေဟာက္ေတြဟာ အလြန္အဆိပ္ျပင္းတယ္ဆုိတာ အားလုံးသိၿပီးျဖစ္မွာပါ။

ပုံမွန္လူေတြဟာ ေျမြေဟာက္အကုိက္ခံရလုိ႔ အခ်ိန္ပုိင္းအတြင္းမကုသႏုိင္ရင္ ေသဆုံးဖုိ႔ေသခ်ာပါတယ္။ ဒါေပမယ့္ Elies ကေတာ့ သူ႔ေျမြေဟာက္က သူ႔ကိုကုိက္ၿပီးတဲ့အခါမွာ ေဆးရုံကုိမသြားခဲ့ပါဘူး။

ကုိယ္တုိင္က ေျမြႏုိင္သူျဖစ္ၿပီး ေရွ႕မွာလည္းေျမြေပါင္းမ်ားစြာရဲ႕ ကုိက္ျခင္းကုိခံခဲ့ရၿပီး ျဖစ္တာေၾကာင့္ ေျမြဆိပ္ဟာ သူ႔ကုိဒုကၡမေပးႏုိင္ဘူးလုိ႔ ယုံၾကည္ထားပါတယ္။

သူဟာ သူ႔ကုိကုိက္တဲ့ေျမြေဟာက္ကုိ ခ်က္ခ်င္းေခါင္းျဖတ္သတ္ကာ အဲဒီေျမြရဲ႕ေသြးေတြကို ေသာက္ခဲ့ပါတယ္။ ဒါဟာ သူ႔ရဲ႕အဓိက အမွားျဖစ္ပါတယ္။

အဲဒီေန႔က သူလုံး၀ ေဆးရုံကိုမသြားပဲ အိပ္ယာ၀င္ခဲ့ပါတယ္။ သူ႔ရဲ႕မိသားစု၀င္ေတြကလည္း ဒီျဖစ္ရပ္ကိုေတြ႔ေပမယ့္ အနည္းငယ္ေတာင္ မစုိးရိမ္မိၾကပါဘူး။ ဒီမတုိင္ခင္တုန္းကလည္း ဒီလုိျဖစ္ရပ္မ်ဳိးေတြကို အႀကိမ္ေပါင္းမ်ားစြာ ျမင္ဖူးေနၾကလုိ႔ျဖစ္ပါတယ္။

ဒါေပမယ့္ ဒါဟာ သူ႔ရဲ႕ေနာက္ဆုံးအသက္ရွင္တဲ့ညျဖစ္သြားပါတယ္။ အိပ္ယာ၀င္ၿပီးမၾကာမီမွာ ပါးစပ္က အျမဳပ္ေတြထကာ ခႏၶာကိုယ္ကလည္း ေတာင့္တင္းေနတာကုိ သူ႔မိသားစု၀င္ေတြသိၾကတဲ့အတြက္ အလွ်င္အျမန္ေဆးရုံကို ပုိ႔ခဲ့ေပမယ့္ ေဆးရုံမေရာက္ခင္ သူဟာေသဆုံးခဲ့ၿပီးျဖစ္ပါတယ္။

သူ႔ရဲ႕ေသဆုံးမႈကို အားလုံးက မယုံၾကည္ႏုိင္ေလာက္ေအာင္ျဖစ္ေနၾကပါတယ္။ အေၾကာင္းကေတာ့ Elies ဟာ အသက္ ၁၅ႏွစ္က စလုိ႔ ေျမြေတြကို အထူးႏုိင္နင္းသူျဖစ္ခဲ့ၿပီး အဲဒီအခ်ိန္ကတည္းက စလုိ႔ ေျမြနဲ႔ပတ္သတ္တဲ့ သူ႔ရဲ႕ကြ်မ္းက်င္မႈေတြကုိ ထုတ္ေဖာ္ျပသခဲ့တာေၾကာင့္ ေျမြေဟာက္ဘုရင္လုိ႔ နာမည္ေတာင္ေပးခဲ့ၾကတာျဖစ္ပါတယ္။

တရုတ္ ၊ မေလးရွားနဲ႔ ထုိင္းႏုိင္ငံေတြမွာေတာ့ ေျမြေဟာက္ေတြရဲ႕ေသြးကို အဟာရတစ္ခုအျဖစ္ တစ္စုံတစ္ရာ အႏၱရာယ္မျဖစ္ပဲ ေသာက္သုံးေနၾကပါတယ္။ ေျမြေဟာက္ရဲ႕ေသြးဟာ Elies ကို အႏၱရာယ္ျဖစ္ေစတာကေတာ့ – Elies ကို ေျမြေဟာက္က ကုိက္ၿပီးၿပီးခ်င္းမွာ အဆိပ္ေတြစုေနတဲ့အခ်ိန္ျဖစ္ၿပီး အဲဒီအခ်ိန္မွာပဲ ေျမြေဟာက္ကိုသတ္ကာ အဆိပ္အျပည့္နဲ႔ ေသြးကိုေသာက္လုိက္တဲ့အတြက္ေၾကာင့္ လုိ႔ဆုိၾကပါတယ္။

ေျမြေဟာက္အကိုက္ခံရတဲ့ အဆိပ္ေၾကာင့္ပဲျဖစ္ျဖစ္ ၊ အဆိပ္ပါတဲ့ ေသြးကိုေသာက္မိတာေၾကာင့္ပဲျဖစ္ျဖစ္ ေသခ်ာတာကေတာ့ ေျမြေဟာက္ဘုရင္ဟာ ေျမြေဟာက္ေၾကာင့္ပဲ ေသဆုံးခဲ့ၿပီ ျဖစ္ပါတယ္။

Ref:
ဖိလစ္ပုိင္သတင္း – https://philnews.ph/2017/12/05/cobra-king-dies-bitten-pet-snake/

———————

မိမိကို ကိုက်ခဲ့တဲ့မြွေရဲ့သွေးကိုသောက်ပြီးနောက် သေဆုံးခဲ့ရတဲ့ မြွေဟောက်ဘုရင် (unicode)

သူကတော့ ဖိလစ်ပိုင်နိုင်ငံက Elies ‘Peter’ Lenturio ဆိုတဲ့ မြွေအလပ္ပါယ်ဆရာတစ်ဦးပါ။ သူ့ကို နာမည်အရင်းထက် မြွေတွေကိုနိုင်နင်းလွန်းတဲ့အတွက် မြွေဟောက်ဘုရင်ဆိုတဲ့ နာမည်ကိုပဲ လူတွေကခေါ်ကြလေ့ရှိပါတယ်။ အခုတော့ သူနိုင်ခဲ့တဲ့မြွေကြောင့်ပဲ သူဟာ သေဆုံးခဲ့ရပါပြီ။

Elies ဟာ ဖိလစ်ပိုင်နိုင်ငံ Sorsogon ပြည်နယ်မှာနေထိုင်ပြီး သူဟာ သူ့ရဲ့အချစ်တော်မြွေဟောက်ကြီးကို ဆိုင်ကယ်ပုံးထဲကို ထည့်ကာယူသွားလေ့ရှိပါတယ်။ အဲဒီနေ့ကတော့ Elies ဆိုင်ကယ်ပုံး အဖုံးကို ဖွင့်လိုက်တဲ့အချိန်မှာ မြွေဟောက်က သူ့ရဲ့ဘယ်ဘက်လက်ကို အမှတ်မထင်ကိုက်လိုက်တာဖြစ်ပါတယ်။ မြွေဟောက်တွေဟာ အလွန်အဆိပ်ပြင်းတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ပုံမှန်လူတွေဟာ မြွေဟောက်အကိုက်ခံရလို့ အချိန်ပိုင်းအတွင်းမကုသနိုင်ရင် သေဆုံးဖို့သေချာပါတယ်။ ဒါပေမယ့် Elies ကတော့ သူ့မြွေဟောက်က သူ့ကိုကိုက်ပြီးတဲ့အခါမှာ ဆေးရုံကိုမသွားခဲ့ပါဘူး။ ကိုယ်တိုင်က မြွေနိုင်သူဖြစ်ပြီး ရှေ့မှာလည်းမြွေပေါင်းများစွာရဲ့ ကိုက်ခြင်းကိုခံခဲ့ရပြီး ဖြစ်တာကြောင့် မြွေဆိပ်ဟာ သူ့ကိုဒုက္ခမပေးနိုင်ဘူးလို့ ယုံကြည်ထားပါတယ်။

သူဟာ သူ့ကိုကိုက်တဲ့မြွေဟောက်ကို ချက်ချင်းခေါင်းဖြတ်သတ်ကာ အဲဒီမြွေရဲ့သွေးတွေကို သောက်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့အဓိက အမှားဖြစ်ပါတယ်။ အဲဒီနေ့က သူလုံး၀ ဆေးရုံကိုမသွားပဲ အိပ်ယာဝင်ခဲ့ပါတယ်။ သူ့ရဲ့မိသားစုဝင်တွေကလည်း ဒီဖြစ်ရပ်ကိုတွေ့ပေမယ့် အနည်းငယ်တောင် မစိုးရိမ်မိကြပါဘူး။ ဒီမတိုင်ခင်တုန်းကလည်း ဒီလိုဖြစ်ရပ်မျိုးတွေကို အကြိမ်ပေါင်းများစွာ မြင်ဖူးနေကြလို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ သူ့ရဲ့နောက်ဆုံးအသက်ရှင်တဲ့ညဖြစ်သွားပါတယ်။ အိပ်ယာဝင်ပြီးမကြာမီမှာ ပါးစပ်က အမြုပ်တွေထကာ ခန္ဓာကိုယ်ကလည်း တောင့်တင်းနေတာကို သူ့မိသားစုဝင်တွေသိကြတဲ့အတွက် အလျှင်အမြန်ဆေးရုံကို ပို့ခဲ့ပေမယ့် ဆေးရုံမရောက်ခင် သူဟာသေဆုံးခဲ့ပြီးဖြစ်ပါတယ်။

သူ့ရဲ့သေဆုံးမှုကို အားလုံးက မယုံကြည်နိုင်လောက်အောင်ဖြစ်နေကြပါတယ်။ အကြောင်းကတော့ Elies ဟာ အသက် ၁၅နှစ်က စလို့ မြွေတွေကို အထူးနိုင်နင်းသူဖြစ်ခဲ့ပြီး အဲဒီအချိန်ကတည်းက စလို့ မြွေနဲ့ပတ်သတ်တဲ့ သူ့ရဲ့ကျွမ်းကျင်မှုတွေကို ထုတ်ဖော်ပြသခဲ့တာကြောင့် မြွေဟောက်ဘုရင်လို့ နာမည်တောင်ပေးခဲ့ကြတာဖြစ်ပါတယ်။ တရုတ် ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေမှာတော့ မြွေဟောက်တွေရဲ့သွေးကို အဟာရတစ်ခုအဖြစ် တစ်စုံတစ်ရာ အန္တရာယ်မဖြစ်ပဲ သောက်သုံးနေကြပါတယ်။ မြွေဟောက်ရဲ့သွေးဟာ Elies ကို အန္တရာယ်ဖြစ်စေတာကတော့ – Elies ကို မြွေဟောက်က ကိုက်ပြီးပြီးချင်းမှာ အဆိပ်တွေစုနေတဲ့အချိန်ဖြစ်ပြီး အဲဒီအချိန်မှာပဲ မြွေဟောက်ကိုသတ်ကာ အဆိပ်အပြည့်နဲ့ သွေးကိုသောက်လိုက်တဲ့အတွက်ကြောင့် လို့ဆိုကြပါတယ်။ မြွေဟောက်အကိုက်ခံရတဲ့ အဆိပ်ကြောင့်ပဲဖြစ်ဖြစ် ၊ အဆိပ်ပါတဲ့ သွေးကိုသောက်မိတာကြောင့်ပဲဖြစ်ဖြစ် သေချာတာကတော့ မြွေဟောက်ဘုရင်ဟာ မြွေဟောက်ကြောင့်ပဲ သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

Leave a Reply