ကမာၻ႔အေက်ာ္ၾကားဆုံး မီးေတာင္ (သုိ႔) ဗီဆူးဗီးယပ္မီးေတာင္ႀကီး အေၾကာင္း

Posted on

ဗီဆူးဗီးယပ္မီးေတာင္သည္ ကမၻာ ေပၚတြင္ အထင္ရွားဆုံး ေသာ မီးေတာင္တစ္ခု ျဖစ္၏။ ၿမဳိ႕ေပါင္းရြာေပါင္းမ်ားစြာကို ဖ်က္စီးပစ္ခဲ့သည့္ ဥေရာပတိုက္၏ တစ္လုံးတည္း ေသာ မီးရွင္ေတာင္ ျဖစ္သည္။ အီတလီႏိုင္ငံ ေနပယ္ပင္လယ္ ေအာ္ေပၚတြင္ တည္ရွိ၍ ေနပယ္ၿမိဳ႕မွ အေရွ႕ေတာင္ဘက္ ၇ မိုင္ခန္႔ ကြာေဝးေလသည္။

ထိုမီးေတာင္၏ ေအာက္ေျခအဝန္းမွာ မိုင္ ၃ဝ ခန္႔ရွိ၍၊ ကမ္ပါနီးယားလြင္ျပင္တြင္ ထီးတည္းတည္ရွိ ေန၏။ အျမင့္မွာ မီးေတာင္ေပါက္ကြဲၿပီးတိုင္း ေျပာင္းလဲသြားတတ္၏။ ၁၉ဝဝ ျပည့္ႏွစ္တြင္ ၄၂၇၅ ေပ ျမင့္ရာမွ ၁၉ဝ၆ ခုႏွစ္တြင္ ေပါက္ကြဲ ၿပီးေသာအခါ ၃၆၆၈ ေပသာ ျမင့္ေတာ့သည္။ ယခုမူ ၃၈၅၈ ေပ ျမင့္သည္။

ဗီဆူးဗီးယပ္မီးေတာင္တြင္ ေတာင္ထြတ္ ၂ ခု ရွိ၏။ ယခု မီးခိုးမ်ား တလူလူ ထြက္လ်က္ရွိေသာ ဗီဆူးဗီးယပ္ ေတာင္ထြတ္ကို ဆုန္မာေခၚ ေတာင္ထြတ္ေဟာင္းက ဝိုင္းျခမ္းသဏၭာန္ ရံလ်က္ရွိသည္။ အေပၚပိုင္းမွ ေတာင္ထြတ္ သည္ ပန္းကန္လုံးသဏၭာန္ ခြက္ဝင္ေန၍ အစဥ္လိုလိုပင္ မီးခိုးမ်ား၊ ျပာမ်ားတလူလူလြင့္ထြက္ေနၿပီးလၽွင္၊ တစ္ခါတစ္ရံ ေခ်ာ္ရည္မ်ားလည္း စီးက်ေနေလသည္။

ဗီဆူးဗီးယပ္မီးေတာင္သည္ အႀကိမ္ေပါင္းမ်ားစြာ ေပါက္ကြဲ ခဲ့ဘူး၏။ ေအဒီ ၇၉ ခုႏွစ္မတိုင္မီက ယင္းကို မီးေတာင္ဟု လူတို႔မသိၾကေခ်။ ေအဒီ ၆၃ ခုႏွစ္မွစ၍ ၁၆ ႏွစ္လုံးလုံး ပတ္ဝန္းက်င္ေဒသမ်ားတြင္ ငလ်င္လႈပ္ခဲ့ၿပီးေနာက္ ၇၉ ခုႏွစ္ ဩဂုတ္လ ၂၄ ရက္ေန႔တြင္ မီးေတာင္အႀကီးအက်ယ္ ေပါက္ကြဲ ခဲ့ရာ၊ ဟာက်ဴေလနီယမ္၊ ပြန္ပီ ႏွင့္ စတာဗီေယးၿမိဳ႕တို႔သည္ ျပာႏွင့္ ေခ်ာ္မ်ားေအာက္တြင္ နစ္ျမဳပ္ ပ်က္စီးၾကကုန္၏။

ထိုစဥ္က အျဖစ္အပ်က္မ်ားကို မ်က္ျမင္ကိုယ္ေတြ႕တစ္ဦး ျဖစ္သူ ေရာမလူမ်ိဳး စာေရးဆရာ ပလင္နီ (အငယ္)က မွတ္တမ္းတင္ထားခဲ့သျဖင့္ ယခုလူတို႔ သိရေပသည္။ ၄၇၂ ခုႏွစ္တြင္ မီးေတာင္ဝမွ ျပာမ်ား အႀကီးအက်ယ္ လြင့္တက္ျပန္ရာ ကြန္စတန္တီႏိုပယ္ၿမိဳ႕တိုင္ေအာင္ပင္ ျပားမ်ား ေရာက္သည္ဟု ဆိုၾကသည္။ ၁၆၃၁ ခုႏွစ္တြင္ ေခ်ာ္ရည္မ်ား ႏွင့္ ေရပူမ်ားသည္ ေတာင္ေျခရင္းသို႔ စီးဆင္းက်လာသျဖင့္ ထိုေနရာတစ္ဝိုက္ရွိ ႐ြာမ်ားမွ လူေပါင္း ၁၈ဝဝဝ ခန္႔ ေသေၾက ပ်က္စီးခဲ့ေလသည္။

၁၇၉၄ ခုႏွစ္၊ ၁၈၂၂ ခုႏွစ္၊ ၁၈၅၅ ခုႏွစ္၊ ၁၈၇၂ ခုႏွစ္၊ ၁၈၈ဝ ျပည့္ႏွစ္၊ ၁၈၉၅ ခုႏွစ္၊ ၁၉ဝ၆ ခုႏွစ္၊ ၁၉၂၉ ခုႏွစ္၊ ၁၉၄၄ ခုႏွစ္မ်ားတြင္လည္း မီးေတာင္ေပါက္ကြဲ ခဲ့ရာ ၁၉ဝ၆ ခုႏွစ္တြင္ အေသအေၾကအပ်က္အစီး အမ်ားဆုံး ျဖစ္၏။ ထိုစဥ္က ႐ြာႏွင့္ၿမိဳ႕ေပါင္းမ်ားစြာ ပ်က္စီးခဲ့ရသည္။ ၁၉၄၄ ခုႏွစ္ မတ္လတြင္ ေပါက္ကြဲစဥ္ကမူ၊မဟာမိတ္တပ္သား မ်ားက အနီးအနား ၿမိဳ႕႐ြာမ်ားမွ လူမ်ားကို ေဘးကင္းရာသို႔ ေ႐ြ႕ေျပာင္းေပးၾကသျဖင့္ အေသအေပ်ာက္ သက္သာသည္။ ဆန္စီဗက္စတီေယးနိ႐ြာ တစ္႐ြာသာ ပ်က္စီးသြားခဲ့၏။

သိပၸံပညာရွင္မ်ားသည္ ထိုမီးေတာင္ႀကီး ေပါက္ကြဲပုံကို ေသခ်ာစြာ ေလ့လာစူးစမ္းၾကည့္ရန္ ၁၈၄၄ ခုႏွစ္ကစ၍ ထို ေတာင္ေစာင္းတြင္ ေမၽွာ္စင္တစ္ခု ေဆာက္၍ သက္စြန္႔ႀကိဳးပမ္း ေနထိုင္ေလ့လာခဲ့ၾကသည္။ အခ်ိဳ႕ေသာ ေလ့လာသူမ်ားသည္ မီးေတာင္ႀကီး ေပါက္ကြဲစဥ္၌ပင္ ေသခ်ာစြာ ေလ့လာစူးစမ္းရန္ ေစာင့္ၾကည့္ေနၾကသျဖင့္ ယင္းတို႔အနက္ အသက္ဆုံးရသူမ်ား လည္း ရွိ၍၊ မီးေတာင္မွ ထြက္ေသာ အဆိပ္ဓာတ္ေငြ႕မ်ား သင့္ကာ အသက္တိုၾကသူမ်ားလည္း ရွိေလသည္။

ဗီဆူးဗီးယပ္မီးေတာင္သည္ အစဥ္သျဖင့္ အခိုးအေငြ႕မ်ား ထြက္ကာ လႈပ္ရွားေနေသာ္လည္း ၁၉၄၄ ခုႏွစ္တြင္ မေပါက္ကြဲ မီအထိ လာေရာက္၍ ၾကည့္႐ႈသူေပါင္း ႏွစ္စဥ္ေထာင္ေသာင္း မက ရွိသည္။ ေနပယ္ၿမိဳ႕မွ ေတာင္ေျခအထိ လၽွပ္စစ္ရထား လမ္း ရွိ၍၊ ထိုေနရာမွ တစ္ဆင့္ ႀကိဳးရထားလမ္းတစ္ခုသည္ မီးေတာင္ထိပ္မွ ေပ ၄၅ဝ ခန္႔အကြာအထိ ေရာက္ေလသည္။ ရဲရဲနီေနေသာ ေခ်ာ္ရည္မ်ား စီးထြက္ေနသည္ကို ေကာင္းစြာ ျမင္ၾကရေလသည္။ ၁၉၄၄ ခုႏွစ္၌ မီးေတာင္ေပါက္ကြဲရာတြင္ ယင္းႀကိဳးရထားလမ္း ပ်က္စီးသြားသည္။

ဗီဆူးဗီးယပ္မီးေတာင္ႀကီးသည္ ယင္းသို႔ အႀကိမ္ႀကိမ္ ေပါက္ကြဲ၍ ပတ္ဝန္းက်င္ေဒသမ်ားကို ဒုကၡေပးခဲ့ေသာ္လည္း ေတာင္ေျခရင္းႏွင့္ ေအာက္ဘက္ေတာင္ေစာင္းမ်ားတြင္ ေျမဩဇာေကာင္း၍ စပ်စ္ၿခံလုပ္ငန္းအလြန္ျဖစ္ထြန္းေသာေၾကာင့္ လူမ်ား ႐ြာတည္ေနထိုင္ၾကသည္။ သို႔ရာတြင္ မီးေတာင္မွ မီးခိုး ထြက္သည္ကို အရိပ္အကဲၾကည့္ကာ တထိတ္ထိတ္ႏွင့္ ေနၾက ရျခင္းျဖစ္ေလသည္။

VIDEO

ျမန္မာ့စြယ္စုံက်မ္း


ကမ္ဘာ့အကျော်ကြားဆုံး မီးတောင် (သို့) ဗီဆူးဗီးယပ်မီးတောင်ကြီး အကြောင်း (unicode)

ဗီဆူးဗီးယပ်မီးတောင်သည် ကမ္ဘာ ပေါ်တွင် အထင်ရှားဆုံး သော မီးတောင်တစ်ခု ဖြစ်၏။ မြို့ပေါင်းရွာပေါင်းများစွာကို ဖျက်စီးပစ်ခဲ့သည့် ဥရောပတိုက်၏ တစ်လုံးတည်း သော မီးရှင်တောင် ဖြစ်သည်။ အီတလီနိုင်ငံ နေပယ်ပင်လယ် အော်ပေါ်တွင် တည်ရှိ၍ နေပယ်မြို့မှ အရှေ့တောင်ဘက် ၇ မိုင်ခန့် ကွာဝေးလေသည်။

ထိုမီးတောင်၏ အောက်ခြေအဝန်းမှာ မိုင် ၃ဝ ခန့်ရှိ၍၊ ကမ်ပါနီးယားလွင်ပြင်တွင် ထီးတည်းတည်ရှိ နေ၏။ အမြင့်မှာ မီးတောင်ပေါက်ကွဲပြီးတိုင်း ပြောင်းလဲသွားတတ်၏။ ၁၉ဝဝ ပြည့်နှစ်တွင် ၄၂၇၅ ပေ မြင့်ရာမှ ၁၉ဝ၆ ခုနှစ်တွင် ပေါက်ကွဲ ပြီးသောအခါ ၃၆၆၈ ပေသာ မြင့်တော့သည်။ ယခုမူ ၃၈၅၈ ပေ မြင့်သည်။ ဗီဆူးဗီးယပ်မီးတောင်တွင် တောင်ထွတ် ၂ ခု ရှိ၏။ ယခု မီးခိုးများ တလူလူ ထွက်လျက်ရှိသော ဗီဆူးဗီးယပ် တောင်ထွတ်ကို ဆုန်မာခေါ် တောင်ထွတ်ဟောင်းက ဝိုင်းခြမ်းသဏ္ဌာန် ရံလျက်ရှိသည်။ အပေါ်ပိုင်းမှ တောင်ထွတ် သည် ပန်းကန်လုံးသဏ္ဌာန် ခွက်ဝင်နေ၍ အစဉ်လိုလိုပင် မီးခိုးများ၊ ပြာများတလူလူလွင့်ထွက်နေပြီးလျှင်၊ တစ်ခါတစ်ရံ ချော်ရည်များလည်း စီးကျနေလေသည်။

ဗီဆူးဗီးယပ်မီးတောင်သည် အကြိမ်ပေါင်းများစွာ ပေါက်ကွဲ ခဲ့ဘူး၏။ အေဒီ ၇၉ ခုနှစ်မတိုင်မီက ယင်းကို မီးတောင်ဟု လူတို့မသိကြချေ။ အေဒီ ၆၃ ခုနှစ်မှစ၍ ၁၆ နှစ်လုံးလုံး ပတ်ဝန်းကျင်ဒေသများတွင် ငလျင်လှုပ်ခဲ့ပြီးနောက် ၇၉ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် မီးတောင်အကြီးအကျယ် ပေါက်ကွဲ ခဲ့ရာ၊ ဟာကျူလေနီယမ်၊ ပွန်ပီ နှင့် စတာဗီယေးမြို့တို့သည် ပြာနှင့် ချော်များအောက်တွင် နစ်မြုပ် ပျက်စီးကြကုန်၏။ ထိုစဉ်က အဖြစ်အပျက်များကို မျက်မြင်ကိုယ်တွေ့တစ်ဦး ဖြစ်သူ ရောမလူမျိုး စာရေးဆရာ ပလင်နီ (အငယ်)က မှတ်တမ်းတင်ထားခဲ့သဖြင့် ယခုလူတို့ သိရပေသည်။ ၄၇၂ ခုနှစ်တွင် မီးတောင်ဝမှ ပြာများ အကြီးအကျယ် လွင့်တက်ပြန်ရာ ကွန်စတန်တီနိုပယ်မြို့တိုင်အောင်ပင် ပြားများ ရောက်သည်ဟု ဆိုကြသည်။ ၁၆၃၁ ခုနှစ်တွင် ချော်ရည်များ နှင့် ရေပူများသည် တောင်ခြေရင်းသို့ စီးဆင်းကျလာသဖြင့် ထိုနေရာတစ်ဝိုက်ရှိ ရွာများမှ လူပေါင်း ၁၈ဝဝဝ ခန့် သေကြေ ပျက်စီးခဲ့လေသည်။

၁၇၉၄ ခုနှစ်၊ ၁၈၂၂ ခုနှစ်၊ ၁၈၅၅ ခုနှစ်၊ ၁၈၇၂ ခုနှစ်၊ ၁၈၈ဝ ပြည့်နှစ်၊ ၁၈၉၅ ခုနှစ်၊ ၁၉ဝ၆ ခုနှစ်၊ ၁၉၂၉ ခုနှစ်၊ ၁၉၄၄ ခုနှစ်များတွင်လည်း မီးတောင်ပေါက်ကွဲ ခဲ့ရာ ၁၉ဝ၆ ခုနှစ်တွင် အသေအကြေအပျက်အစီး အများဆုံး ဖြစ်၏။ ထိုစဉ်က ရွာနှင့်မြို့ပေါင်းများစွာ ပျက်စီးခဲ့ရသည်။ ၁၉၄၄ ခုနှစ် မတ်လတွင် ပေါက်ကွဲစဉ်ကမူ၊မဟာမိတ်တပ်သား များက အနီးအနား မြို့ရွာများမှ လူများကို ဘေးကင်းရာသို့ ရွေ့ပြောင်းပေးကြသဖြင့် အသေအပျောက် သက်သာသည်။ ဆန်စီဗက်စတီယေးနိရွာ တစ်ရွာသာ ပျက်စီးသွားခဲ့၏။ သိပ္ပံပညာရှင်များသည် ထိုမီးတောင်ကြီး ပေါက်ကွဲပုံကို သေချာစွာ လေ့လာစူးစမ်းကြည့်ရန် ၁၈၄၄ ခုနှစ်ကစ၍ ထို တောင်စောင်းတွင် မျှော်စင်တစ်ခု ဆောက်၍ သက်စွန့်ကြိုးပမ်း နေထိုင်လေ့လာခဲ့ကြသည်။ အချို့သော လေ့လာသူများသည် မီးတောင်ကြီး ပေါက်ကွဲစဉ်၌ပင် သေချာစွာ လေ့လာစူးစမ်းရန် စောင့်ကြည့်နေကြသဖြင့် ယင်းတို့အနက် အသက်ဆုံးရသူများ လည်း ရှိ၍၊ မီးတောင်မှ ထွက်သော အဆိပ်ဓာတ်ငွေ့များ သင့်ကာ အသက်တိုကြသူများလည်း ရှိလေသည်။

ဗီဆူးဗီးယပ်မီးတောင်သည် အစဉ်သဖြင့် အခိုးအငွေ့များ ထွက်ကာ လှုပ်ရှားနေသော်လည်း ၁၉၄၄ ခုနှစ်တွင် မပေါက်ကွဲ မီအထိ လာရောက်၍ ကြည့်ရှုသူပေါင်း နှစ်စဉ်ထောင်သောင်း မက ရှိသည်။ နေပယ်မြို့မှ တောင်ခြေအထိ လျှပ်စစ်ရထား လမ်း ရှိ၍၊ ထိုနေရာမှ တစ်ဆင့် ကြိုးရထားလမ်းတစ်ခုသည် မီးတောင်ထိပ်မှ ပေ ၄၅ဝ ခန့်အကွာအထိ ရောက်လေသည်။ ရဲရဲနီနေသော ချော်ရည်များ စီးထွက်နေသည်ကို ကောင်းစွာ မြင်ကြရလေသည်။ ၁၉၄၄ ခုနှစ်၌ မီးတောင်ပေါက်ကွဲရာတွင် ယင်းကြိုးရထားလမ်း ပျက်စီးသွားသည်။

ဗီဆူးဗီးယပ်မီးတောင်ကြီးသည် ယင်းသို့ အကြိမ်ကြိမ် ပေါက်ကွဲ၍ ပတ်ဝန်းကျင်ဒေသများကို ဒုက္ခပေးခဲ့သော်လည်း တောင်ခြေရင်းနှင့် အောက်ဘက်တောင်စောင်းများတွင် မြေဩဇာကောင်း၍ စပျစ်ခြံလုပ်ငန်းအလွန်ဖြစ်ထွန်းသောကြောင့် လူများ ရွာတည်နေထိုင်ကြသည်။ သို့ရာတွင် မီးတောင်မှ မီးခိုး ထွက်သည်ကို အရိပ်အကဲကြည့်ကာ တထိတ်ထိတ်နှင့် နေကြ ရခြင်းဖြစ်လေသည်။

မြန်မာ့စွယ်စုံကျမ်း

Leave a Reply