ကမာၻ႔တတိယအႀကီးဆုံး ဆာဟာရသဲကႏာၱရႀကီး အေၾကာင္းသိေကာင္းစရာ

Posted on

ဆာဟာရ သဲကႏာၱရကုိ တတိယအႀကီးဆုံးလုိ႔ဆုိလုိက္တဲ့အတြက္ တခ်ဳိ႕မိတ္ေဆြေတြ စိတ္ထဲ တစ္မ်ဳိးထင္သြားႏုိင္ပါတယ္။ အမ်ားစုက ဆာဟာရ ဟာ ကမာၻေပၚမွာအႀကီးဆုံး သဲကႏာၱရ လုိ႔သိထားတဲ့အတြက္ေၾကာင့္ပါ။ ဆာဟာရဟာ ကမာၻ႔အႀကီးဆုံးအပူပုိင္းသဲကႏာၱရျဖစ္ၿပီး သဲကႏာၱရထဲမွာေတာ့ တတိယအႀကီးဆုံးသာျဖစ္ပါတယ္။

ဆာဟာရရဲ႕ေရွ႕မွာ အႏာၱတိကသဲကႏာၱရ ၊ အာတိတ္သဲကႏာၱရ စတဲ့ အေအးပိုင္းသဲကႏာၱရႀကီးေတြရွိေနေသးလုိ႔ပါပဲ။ ဒါေပမယ့္ ဒီအေအးပိုင္းသဲကႏာၱရေတြကို သိပ္မသိၾကပဲ အပူပုိင္းသဲကႏာၱရျဖစ္တဲ့ ဆာဟာရ ကုိသာ လူသိမ်ားၾကပါတယ္။ အပူပုိင္းသဲကႏာၱရႀကီး ဆာဟာရ ရဲ႕အေၾကာင္းကို သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဗဟုသုတအျဖစ္ ျပန္လည္မွ်ေ၀လုိက္ပါတယ္။

အာဖရိကတိုက္ ေျမာက္ပိုင္းရွိ ဆာဟာရ သဲကႏၲာရ သည္ ကမၻာေပၚတြင္ အႀကီး ဆုံး အပူပုိင္းသဲကႏၲာရျဖစ္သည္။ မိုင္ေပါင္း ၃၂ဝဝ ရွည္၍၊ မိုင္ ၁၄ဝဝ က်ယ္ၿပီးလၽွင္ စတုရန္းမိုင္ ၃၅ဝဝဝဝဝ က်ယ္ဝန္း၏။ အတြင္းပိုင္း၌ ေပ ၇ဝဝဝ မွ ၉ဝဝဝ အထိျမင့္ေသာ ကုန္းေျမျမင့္မ်ားရွိ၏။ ဆာဟာရဟူေသာနာမည္သည္ အာေရဗ်ဘာသာစကားျဖင့္ မဟာသဲကႏာၱရႀကီး ဟု အဓိပၸါယ္ရသည္။

ဥေရာပတိုက္ နီးပါးမၽွ က်ယ္ဝန္းေသာ ဤသဲကႏၲာရႀကီးသည္ ေရွးအခါက အာဖရိကတိုက္၏ ေျမာက္ဘက္ နံရံႀကီးသဖြယ္ ျဖစ္ခဲ့၏။ သဲကႏၲာရႀကီးကို ျဖတ္ေက်ာ္မသြားနိုင္သျဖင့္ ဥေရာပတိုက္သားတို႔သည္ အာဖရိကတိုက္ အေၾကာင္းကို ႏွစ္ေပါင္းမ်ားစြာ မသိရွိဘဲေနခဲ့ၾကရသည္။

ဆာဟာရသဲကႏၲာရႀကီးသည္ ေန႔အခါ၌ တစ္ခါတစ္ရံ ဖာရင္ဟိုက္ဒီဂရီ ၁၅ဝ ေက်ာ္အထိ ပူျပင္း၏။ ညအခါ၌မူ လြန္လြန္ကဲကဲေအး၍လာရာ ျပဒါးခ်ိန္သည္ ေရခဲေသာ အမွတ္ ဒီဂရီေအာက္သို႔ပင္ က်ဆင္းတတ္သည္။ ဤမၽွေလာက္ အပူ အေအး လြန္ကဲကြာျခားေသာေၾကာင့္ ေက်ာက္မ်ားသည္ အပူအေအးအေျပာင္း အလဲဒဏ္ကို မခံနိုင္ၾကသျဖင့္ ကြဲအက္ၿပီးလၽွင္ သဲမႈန္မ်ား ျဖစ္လာၾက၏။ ထို႔ေနာက္ ေလျပင္းတိုက္ခတ္ ေသာအခါ အျခားေက်ာက္မ်ားႏွင့္ ရိုက္ခတ္မိၾကျပန္သျဖင့္ သဲမႈန္မ်ားပြားမ်ားလာ၏။

ထိုသဲမႈန္႔မ်ားသည္ တစ္ေနရာ၌ က်ေရာက္စုပုံေနေသာအခါ သဲခုံမ်ားျဖစ္လာသည္။ သဲကႏာၱရဟု ဆုိသျဖင့္ သဲခ်ည္းသာရွိေနသည္မဟုတ္ပဲ ေက်ာက္စရစ္ခဲလြင္ျပင္ ၊ ေက်ာက္တုံးေတာင္ ၊ ဆားျပင္ ၊ သဲကုန္းျပင္ျမင့္မ်ား ၊ ျမစ္မ်ား ၊ စမ္းေခ်ာင္းမ်ား ႏွင့္ အုိေအစစ္မ်ားလည္းပါ၀င္ပါတယ္။ ဆာဟာရမွာ ရွိတဲ့ စမ္းေခ်ာင္းနဲ႔ ျမစ္ေတြဟာ ရာသီဥတုအလုိက္သာ ေပၚေလ့ရွိသည္။

အက္တစ္လက္ ေတာင္တန္းမ်ား၏ ေတာင္ဘက္တြင္ ေရရနိုင္ေသာ အိုေအဆစ္ႀကီးမ်ားရွိ၍၊ ထိုေနရာမ်ား၌ စြန္ပလြံပင္အေျမာက္အမ်ားရွိ၏။ လူေနထိုင္နိုင္သည့္ ေနရာအခ်ိဳ႕မွာ အယ္လ္ဂ်ီးရီးယားနိုင္ငံ၏ ေတာင္ဘက္ႏွင့္ လစ္ဗ်ားနိုင္ငံ၏ ေတာင္ဘက္ေဒသမ်ားျဖစ္သည္။ ဆာဟာရသဲကႏၲာရ၏ အေနာက္ပိုင္းႏွင့္ အလယ္ပိုင္း၌ တြားရက္ေခၚ လူမ်ိဳးမ်ားေနထိုင္၍၊ ေျမာက္ပိုင္းတြင္ ဗက္ဒူးအင္း လူမ်ိဳးမ်ားေနထိုင္ၾက၏။ အေနာက္ဘက္၌ ဗားဗားေခၚ လူမ်ိဳးမ်ားကို ေတြ႕ရသည္။

ဆာဟာရ သဲကႏၲာရအတြင္း၌ ေနထိုင္ေသာ လူမ်ားသည္ သိုး၊ ဆိတ္မ်ား ေမြးျမဴ၍ေသာ္လည္းေကာင္း၊ အိုေအစစ္မ်ား၌ ဂ်ဳံ၊ ေျပာင္းစေသာ ေကာက္ပဲသီးႏွံမ်ား စိုက္ပ်ိဳး၍ေသာ္လည္းေကာင္း အသက္ေမြးျမဴၾက၏။ အခ်ိဳ႕မွာ တစ္ေနရာမွ တစ္ေနရာသို႔ ကုန္မ်ားကို သယ္ယူေရာင္းခ်ၾက၏။ သဲကႏၲာရထဲ၌ ကုလားအုပ္မ်ားႏွင့္ ခရီးသြား ေသာအခါ နံနက္အ႐ုဏ္မတက္မီကထ၍ သြားၾကရ၏။ ေန႔လည္ေနျပင္းေသာအခါရပ္နားေနရ၏။ ထိုသို႔ ခရီးသြားရာ၌ လမ္းတြင္ ေရျပတ္သြား မည္ကိုလည္းေကာင္း၊ သဲမုန္တိုင္းႏွင့္ တိုးမိေနမည္ကိုလည္းေကာင္း၊ တစ္ခါတစ္ရံ လူရိုင္းမ်ား အတိုက္အခိုက္ခံရမည္ကိုလည္းေကာင္း စိုးရိမ္ရသျဖင့္ ေဘးရန္မ်ားလွ၏။

မုိးေရခ်ိန္အေနႏွင့္ သဲကႏာၱရ၏ တစ္၀က္သည္ ႏွစ္စဥ္မုိးေရခ်ိန္ ၀.၇၉လက္မ ရရွိၿပီး က်န္အပိုင္းမ်ားမွာ ၃.၉လက္မ အထိရရွိတတ္သည္။ သဲကႏာၱရဟု ဆုိေသာ္လည္း အပင္မ်ဳိးစိတ္ေပါင္း ၁၂၀၀ ၀န္းက်င္ရွိသည္။ ဆာဟာရ၏ အနည္းငယ္ေသာေျမသည္ အဟာရဓာတ္ၾကြယ္၀ၿပီး သီးႏွံပင္မ်ားစုိက္ပ်ဳိးႏုိင္ၾကသည္။ ဆာဟာရသဲကႏာၱႀကီးတစ္ခုလုံးအတြင္းေနထုိင္သည့္ လူဦးေရမွာမူ ၂သန္း ၀န္းက်င္ခန္႔သာရွိသည္။ အမ်ားဆုံးေတြ႔ရသည့္ တိရစာၦန္မ်ားမွာ ကုလားအုတ္ ၊ ေတာဆိတ္ ၊ Docras ဒရယ္ ၊ ကင္းၿမီးေကာက္ ၊ ငွက္ကုလားအုတ္ ၊ ပုတ္သင္ညုိ ၊ ကႏာၱရေျမေခြး ၊ jerboa(ၾကြက္ႏွင့္တူၿပီးေျခလက္ ၂ေခ်ာင္းသာ ပါသည့္အေကာင္ငယ္ေလး) နဲ႔ ေျမြတုိ႔ျဖစ္သည္။

ဒုိင္ႏုိေဆာရုပ္ၾကြင္း ႏွင့္ မိေက်ာင္းရုပ္ၾကြင္းမ်ားကိုလည္း ေတြ႔ရတတ္ေလ့ရွိသည္။ အေရွ႕ဘက္တြင္ ပယ္လယ္နီရွိၿပီး ေတာင္ဘက္တြင္ ႏုိင္ဂါျမစ္ႀကီးရွိသည္။ ဆာဟာရတြင္ ပါ၀င္ေသာ ႏုိင္ငံမ်ားမွာ အယ္လ္ဂ်ီးရီးယား ၊ ခ်ဒ္ ၊ အီဂ်စ္ ၊ မာလီ ၊ မာရစ္တာနီးယား ၊ ေမာ္ရုိကုိ ၊ နီဂါ ၊ ဆူဒန္ ၊ တူနီးရွား ၊ လစ္ဗ်ား စသည့္ႏိုင္ငံမ်ားျဖစ္သည္။

VIDEO


ကမ္ဘာ့တတိယအကြီးဆုံး ဆာဟာရသဲကန္တာရကြီး အကြောင်းသိကောင်းစရာ (unicode)

ဆာဟာရ သဲကန္တာရကို တတိယအကြီးဆုံးလို့ဆိုလိုက်တဲ့အတွက် တချို့မိတ်ဆွေတွေ စိတ်ထဲ တစ်မျိုးထင်သွားနိုင်ပါတယ်။ အများစုက ဆာဟာရ ဟာ ကမ္ဘာပေါ်မှာအကြီးဆုံး သဲကန္တာရ လို့သိထားတဲ့အတွက်ကြောင့်ပါ။ ဆာဟာရဟာ ကမ္ဘာ့အကြီးဆုံးအပူပိုင်းသဲကန္တာရဖြစ်ပြီး သဲကန္တာရထဲမှာတော့ တတိယအကြီးဆုံးသာဖြစ်ပါတယ်။ ဆာဟာရရဲ့ရှေ့မှာ အန္တာတိကသဲကန္တာရ ၊ အာတိတ်သဲကန္တာရ စတဲ့ အအေးပိုင်းသဲကန္တာရကြီးတွေရှိနေသေးလို့ပါပဲ။ ဒါပေမယ့် ဒီအအေးပိုင်းသဲကန္တာရတွေကို သိပ်မသိကြပဲ အပူပိုင်းသဲကန္တာရဖြစ်တဲ့ ဆာဟာရ ကိုသာ လူသိများကြပါတယ်။ အပူပိုင်းသဲကန္တာရကြီး ဆာဟာရ ရဲ့အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ပါတယ်။

အာဖရိကတိုက် မြောက်ပိုင်းရှိ ဆာဟာရ သဲကန္တာရ သည် ကမ္ဘာပေါ်တွင် အကြီး ဆုံး အပူပိုင်းသဲကန္တာရဖြစ်သည်။ မိုင်ပေါင်း ၃၂ဝဝ ရှည်၍၊ မိုင် ၁၄ဝဝ ကျယ်ပြီးလျှင် စတုရန်းမိုင် ၃၅ဝဝဝဝဝ ကျယ်ဝန်း၏။ အတွင်းပိုင်း၌ ပေ ၇ဝဝဝ မှ ၉ဝဝဝ အထိမြင့်သော ကုန်းမြေမြင့်များရှိ၏။ ဆာဟာရဟူသောနာမည်သည် အာရေဗျဘာသာစကားဖြင့် မဟာသဲကန္တာရကြီး ဟု အဓိပ္ပါယ်ရသည်။ ဥရောပတိုက် နီးပါးမျှ ကျယ်ဝန်းသော ဤသဲကန္တာရကြီးသည် ရှေးအခါက အာဖရိကတိုက်၏ မြောက်ဘက် နံရံကြီးသဖွယ် ဖြစ်ခဲ့၏။ သဲကန္တာရကြီးကို ဖြတ်ကျော်မသွားနိုင်သဖြင့် ဥရောပတိုက်သားတို့သည် အာဖရိကတိုက် အကြောင်းကို နှစ်ပေါင်းများစွာ မသိရှိဘဲနေခဲ့ကြရသည်။

ဆာဟာရသဲကန္တာရကြီးသည် နေ့အခါ၌ တစ်ခါတစ်ရံ ဖာရင်ဟိုက်ဒီဂရီ ၁၅ဝ ကျော်အထိ ပူပြင်း၏။ ညအခါ၌မူ လွန်လွန်ကဲကဲအေး၍လာရာ ပြဒါးချိန်သည် ရေခဲသော အမှတ် ဒီဂရီအောက်သို့ပင် ကျဆင်းတတ်သည်။ ဤမျှလောက် အပူ အအေး လွန်ကဲကွာခြားသောကြောင့် ကျောက်များသည် အပူအအေးအပြောင်း အလဲဒဏ်ကို မခံနိုင်ကြသဖြင့် ကွဲအက်ပြီးလျှင် သဲမှုန်များ ဖြစ်လာကြ၏။ ထို့နောက် လေပြင်းတိုက်ခတ် သောအခါ အခြားကျောက်များနှင့် ရိုက်ခတ်မိကြပြန်သဖြင့် သဲမှုန်များပွားများလာ၏။ ထိုသဲမှုန့်များသည် တစ်နေရာ၌ ကျရောက်စုပုံနေသောအခါ သဲခုံများဖြစ်လာသည်။ သဲကန္တာရဟု ဆိုသဖြင့် သဲချည်းသာရှိနေသည်မဟုတ်ပဲ ကျောက်စရစ်ခဲလွင်ပြင် ၊ ကျောက်တုံးတောင် ၊ ဆားပြင် ၊ သဲကုန်းပြင်မြင့်များ ၊ မြစ်များ ၊ စမ်းချောင်းများ နှင့် အိုအေစစ်များလည်းပါဝင်ပါတယ်။ ဆာဟာရမှာ ရှိတဲ့ စမ်းချောင်းနဲ့ မြစ်တွေဟာ ရာသီဥတုအလိုက်သာ ပေါ်လေ့ရှိသည်။

အက်တစ်လက် တောင်တန်းများ၏ တောင်ဘက်တွင် ရေရနိုင်သော အိုအေဆစ်ကြီးများရှိ၍၊ ထိုနေရာများ၌ စွန်ပလွံပင်အမြောက်အများရှိ၏။ လူနေထိုင်နိုင်သည့် နေရာအချို့မှာ အယ်လ်ဂျီးရီးယားနိုင်ငံ၏ တောင်ဘက်နှင့် လစ်ဗျားနိုင်ငံ၏ တောင်ဘက်ဒေသများဖြစ်သည်။ ဆာဟာရသဲကန္တာရ၏ အနောက်ပိုင်းနှင့် အလယ်ပိုင်း၌ တွားရက်ခေါ် လူမျိုးများနေထိုင်၍၊ မြောက်ပိုင်းတွင် ဗက်ဒူးအင်း လူမျိုးများနေထိုင်ကြ၏။ အနောက်ဘက်၌ ဗားဗားခေါ် လူမျိုးများကို တွေ့ရသည်။ ဆာဟာရ သဲကန္တာရအတွင်း၌ နေထိုင်သော လူများသည် သိုး၊ ဆိတ်များ မွေးမြူ၍သော်လည်းကောင်း၊ အိုအေစစ်များ၌ ဂျုံ၊ ပြောင်းစသော ကောက်ပဲသီးနှံများ စိုက်ပျိုး၍သော်လည်းကောင်း အသက်မွေးမြူကြ၏။ အချို့မှာ တစ်နေရာမှ တစ်နေရာသို့ ကုန်များကို သယ်ယူရောင်းချကြ၏။ သဲကန္တာရထဲ၌ ကုလားအုပ်များနှင့် ခရီးသွား သောအခါ နံနက်အရုဏ်မတက်မီကထ၍ သွားကြရ၏။ နေ့လည်နေပြင်းသောအခါရပ်နားနေရ၏။ ထိုသို့ ခရီးသွားရာ၌ လမ်းတွင် ရေပြတ်သွား မည်ကိုလည်းကောင်း၊ သဲမုန်တိုင်းနှင့် တိုးမိနေမည်ကိုလည်းကောင်း၊ တစ်ခါတစ်ရံ လူရိုင်းများ အတိုက်အခိုက်ခံရမည်ကိုလည်းကောင်း စိုးရိမ်ရသဖြင့် ဘေးရန်များလှ၏။

မိုးရေချိန်အနေနှင့် သဲကန္တာရ၏ တစ်ဝက်သည် နှစ်စဉ်မိုးရေချိန် ၀.၇၉လက်မ ရရှိပြီး ကျန်အပိုင်းများမှာ ၃.၉လက်မ အထိရရှိတတ်သည်။ သဲကန္တာရဟု ဆိုသော်လည်း အပင်မျိုးစိတ်ပေါင်း ၁၂၀၀ ဝန်းကျင်ရှိသည်။ ဆာဟာရ၏ အနည်းငယ်သောမြေသည် အဟာရဓာတ်ကြွယ်၀ပြီး သီးနှံပင်များစိုက်ပျိုးနိုင်ကြသည်။ ဆာဟာရသဲကန္တာကြီးတစ်ခုလုံးအတွင်းနေထိုင်သည့် လူဦးရေမှာမူ ၂သန်း ဝန်းကျင်ခန့်သာရှိသည်။ အများဆုံးတွေ့ရသည့် တိရစ္ဆာန်များမှာ ကုလားအုတ် ၊ တောဆိတ် ၊ Docras ဒရယ် ၊ ကင်းမြီးကောက် ၊ ငှက်ကုလားအုတ် ၊ ပုတ်သင်ညို ၊ ကန္တာရမြေခွေး ၊ jerboa(ကြွက်နှင့်တူပြီးခြေလက် ၂ချောင်းသာ ပါသည့်အကောင်ငယ်လေး) နဲ့ မြွေတို့ဖြစ်သည်။ ဒိုင်နိုဆောရုပ်ကြွင်း နှင့် မိကျောင်းရုပ်ကြွင်းများကိုလည်း တွေ့ရတတ်လေ့ရှိသည်။ အရှေ့ဘက်တွင် ပယ်လယ်နီရှိပြီး တောင်ဘက်တွင် နိုင်ဂါမြစ်ကြီးရှိသည်။ ဆာဟာရတွင် ပါဝင်သော နိုင်ငံများမှာ အယ်လ်ဂျီးရီးယား ၊ ချဒ် ၊ အီဂျစ် ၊ မာလီ ၊ မာရစ်တာနီးယား ၊ မော်ရိုကို ၊ နီဂါ ၊ ဆူဒန် ၊ တူနီးရှား ၊ လစ်ဗျား စသည့်နိုင်ငံများဖြစ်သည်။

Leave a Reply