ကမာၻမေက်ာ္တဲ့ ႏွစ္ေပါင္း ၂၀၀၀ေက်ာ္ သက္တမ္းရွိ ပိရမစ္ေတြအေၾကာင္း

Posted on

ကမာၻေပၚမွာ ပိရမစ္လုိ႔ဆုိလုိက္ရင္ လူေတြသိၾကတာက အီဂ်စ္က ပိရမစ္ေတြသာျဖစ္ပါတယ္။ အဓိကကေတာ့ ပိရမစ္ရဲ႕ သက္တမ္းနဲ႔ အရြယ္အစားေၾကာင့္ပဲျဖစ္ပါတယ္။ တကယ္ေတာ့ မကၠဆီကုိ ၊ ပီရူး နဲ႔ ဆူဒန္မွာလည္း ပိရမစ္ေတြရွိၿပီး အဲဒီေဒသေတြမွာရွိတဲ့ ပိရမစ္အေရအတြက္ဟာ အီဂ်စ္ထက္ ၂ဆ ၃ဆ ပုိမ်ားပါတယ္။

ဆူဒန္ႏိုင္ငံဟာ အီဂ်စ္ေတာင္ပုိင္း နယ္စပ္မွာရွိၿပီး အဲဒီမွာ ပိရမစ္ေပါင္း ၂၂၀ေက်ာ္ရွိပါတယ္။ သက္တမ္းကလည္း အီဂ်စ္ပိရမစ္ေတြေလာက္မရင့္ေပမယ့္ ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္ဆုိတာ နည္းတဲ့သက္တမ္းေတာ့မဟုတ္ပါဘူး။ ဆူဒန္က ပိရမစ္ေတြရဲ႕အေၾကာင္းကုိ သုတဇုန္ မိတ္ေဆြမ်ားအတြက္ ဗဟုသုတအေနနဲ႔ မွ်ေ၀လုိက္ပါတယ္။

ဆူဒန္က ပိရမစ္ေတြကို ႏူဘီယန္လူမ်ဳိးေတြတည္ေဆာက္ခဲ့ၾကတဲ့အတြက္ ႏူဘီယန္းပိရမစ္ေတြလုိ႔ ေခၚၾကပါတယ္။ ယေန႔ဆူဒန္ၿမဳိ႕ေတာ္ Khartoum ရဲ႕ ၂၀၀ကီလုိမီတာအကြာအေ၀း ႏုိင္းေတာင္ၾကားက ႏူဘီယားဆုိတဲ့ေနရာမွာ တည္ရွိေနပါတယ္။ ဒီေနရာဟာ ယခုအခ်ိန္မွာ လူသူမေနထုိင္တဲ့ေနရာျဖစ္ေပမယ့္ တစ္ခ်ိန္တုန္းက ခမ္းနားႀကီးက်ယ္တဲ့ Kushite မင္းဆက္ေတြရဲ႕ မင္းေနျပည္ေတာ္ ၃ႀကိမ္တုိင္တုိင္ျဖစ္ခဲ့ဖူးပါတယ္။

ပထမဆုံး Kerma ၿမဳိ႕အမည္နဲ႔ ဘီစီ ၂၆၀၀ ကေန ၁၅၂၀ထိ ၊ ဒုတိယ Naata ၿမဳိ႕အမည္နဲ႔ ဘီစီ ၁၀၀၀ ကေန ၃၀၀ ထိ ၊ တတိယအႀကိမ္ Meroe ၿမဳိ႕အမည္နဲ႔ ဘီစီ ၃၀၀ ကေန ေအဒီ ၃၀၀ အထိျဖစ္ပါတယ္။ ႏူဘီယန္းပိရမစ္ေတြကို ဘီစီ ၄ ရာစုတည္းက ေဆာက္လုပ္ခဲ့တာျဖစ္ပါတယ္။ Kush ဘုရင္ေတြဟာ အီဂ်စ္နဲ႔ နယ္ပယ္ခ်င္းထိစပ္ေနတဲ့ေဒသမ်ားကို အုပ္ခ်ဳပ္ခဲ့တဲ့အတြက္ ဒီေနရာမွာ အီဂ်စ္အေငြ႔အသက္ နဲ႔ ရုိးရာအႏုပညာေတြ လႊမ္းမုိးေနတာပဲျဖစ္ပါတယ္။ မင္းဆက္ ၂၅ဆက္ေျမာက္မွာ သူတုိ႔ကုိယ္သူတုိ႔ ဖာရုိဘုရင္ေတြအျဖစ္သတ္မွတ္ခဲ့ပါတယ္။

ပိရမစ္ေပါင္း ၂၂၃ခုရွိၿပီး အမ်ားစုဟာ ဘုရင္ နဲ႔ မိဖုရားတုိ႔ရဲ႕ ဂူသခၤ်ဳိင္းေတြျဖစ္ပါတယ္။ အီဂ်စ္ပိရမစ္ေတြထက္အရြယ္အစားေသးငယ္ၿပီး အက်ယ္အားျဖင့္ အႀကီးဆုံးပိရမစ္ဟာ ၂၅ေပ က်ယ္ၿပီး အေသးဆုံးပိရမစ္ဟာ ၃ေပခန္႔က်ယ္ပါတယ္။ အျမင့္အေနနဲ႔ေတာ့ ေပ ၂၀ ကေန ေပ ၁၀၀ခန္႔အထိျမင့္ၾကပါတယ္။ ပထမဆုံးတည္ေဆာက္ခဲ့တဲ့ ပိရမစ္စုမွာ ဖာရုိဘုရင္ Taharqa ၊ ဘုရင္ Kashta နဲ႔ သူ႔ရဲ႕သားေတာ္ Piye ၊ ေျမးေတြျဖစ္တဲ့ Shabaka, Shabataka နဲ႔ Tanwetamani တုိ႔အျပင္ မိဖုရား ၁၄ပါး ရဲ႕ ဂူသခၤ်ုိင္းပိရမစ္ေတြပါ၀င္ပါတယ္။

ေသဆုံးသူေတြရဲ႕ရုပ္အေလာင္းေတြကို မံမီအျဖစ္ ႀကီးမားတဲ့ႏွမ္းဖက္ေက်ာက္နဲ႔ ဖန္တီးထားတဲ့အေခါင္းေတြထဲမွာ သူတုိ႔ပုိင္ဆုိင္တဲ့ပစၥည္းေတြနဲ႔ အတူျမဳပ္ႏွံပါတယ္။ ႏွမ္းဖက္ေက်ာက္အေခါင္းေတြဟာ အလြန္ေလးလံၿပီး အဖုံးတင္ ၄တန္ခန္႔ေလးပါတယ္။ သက္တမ္းအရင့္ဆုံးနဲ႔ အႀကီးဆုံးပိရမစ္ကေတာ့ ၂၅ဆက္ေျမာက္ ဖာရုိဘုရင္ Taharqa ရဲ႕ ပိရမစ္ႀကီးျဖစ္ပါတယ္။ ဆူဒန္ပိရမစ္ေတြရဲ႕ပုံသ႑ာန္ဟာ အီဂ်စ္ပိရမစ္ေတြနဲ႔ အနည္းငယ္ျခားနားပါတယ္။ အီဂ်စ္ပိရမစ္ေတြလုိ ႀတိဂံပုံစံျဖစ္ေပမယ့္ သူတုိ႔ရဲ႕ပုံစံက ရွည္ေမ်ာေမ်ာႀတိဂံေတြပုံသ႑ာန္ျဖစ္ပါတယ္။

ႏူဘီယန္ပိရမစ္ေတြထဲက Amanishakheto ဘုရင္မရဲ႕ပိရမစ္ဟာ ေရႊေငြေက်ာက္သံရတနာေပါင္းမ်ားစြာကို ျမဳပ္ႏွံထားရာ ရတနာသုိက္အျဖစ္နာမည္ႀကီးပါတယ္။ ဒါေၾကာင့္လည္း ၁၈၃၄ခုႏွစ္မွာ အီတလီရတနာသုိက္ရွာေဖြသူ Giuseppe Ferlini ဟာ လာေရာက္ရွာေဖြခဲ့ပါတယ္။ ဒီလုိရွာေဖြတဲ့ေနရာမွာ ပိရမစ္ေတြရဲ႕ထိပ္ပုိင္းကို ဒုိင္းနမုိက္ေတြနဲ႔ေဖာက္ခြဲခဲ့တာေၾကာင့္ ပိရမစ္ေပါင္း ၄၀ခန္႔ဟာ ပ်က္စီးခဲ့ရပါတယ္။ သူဟာ ေျမႀကီးထဲကေန ေရႊစတစ္စကို ရွာေဖြေတြ႔ရွိခဲ့ေပမယ့္ ရတနာသုိက္နဲ႔လုံး၀မဆုိင္ဘူးဆိုတာ သိရွိၿပီးေနာက္ လက္ေလွ်ာ့သြားခဲ့ပါတယ္။

ရွာေဖြသူအမ်ားစုကေတာ့ ရတနာသုိက္ဆုိတာ ပုံျပင္သက္သက္သာ လုိ႔ ဆုိၾကပါတယ္။ တကယ္ေတာ့ ဆူဒန္ဘုရင္နဲ႔ မိဖုရားေတြကို ျမဳပ္ႏွံတဲ့အခါ သူတုိ႔ပုိင္ဆုိင္တဲ့ပစၥည္းေတြ ရတနာပစၥည္းေတြပါ ထည့္သြင္းျမဳပ္ႏွံခဲ့ေပမယ့္ ဒီအရာေတြဟာ လြန္ခဲ့တဲ့ႏွစ္ရာေပါင္းမ်ားစြာတည္းက ေဖာက္ထြင္းခုိးယူျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။ ႏူဘီယန္းပိရမစ္ေတြဟာ အလြန္ေရွးက်ၿပီး စိတ္၀င္စားဖုိ႔ေကာင္းတဲ့ အႏုပညာလက္ရာေတြမ်ားစြာရွိေပမယ့္ ကမာၻမွာေတာ့ နာမည္မႀကီးသလုိ လာေရာက္လည္ပတ္သူဆုိတာလည္း မရွိသေလာက္ရွားပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဒီပိရမစ္ေတြဟာ UNESCO ရဲ႕ ကမာၻ႔ေရွးေဟာင္းအေမြအႏွစ္အျဖစ္ထည့္သြင္းသတ္မွတ္ခံထားရၿပီး ဆူဒန္အစုိးရကလည္း ကမာၻလွည့္ခရီးသြားေတြကို ပိရမစ္ေတြရွိရာဆီလာေစဖို႔ ႀကဳိးပမ္းလွ်က္ရွိပါတယ္။

VIDEO


ကမ္ဘာမကျော်တဲ့ နှစ်ပေါင်း ၂၀၀၀ကျော် သက်တမ်းရှိ ပိရမစ်တွေအကြောင်း (unicode)

ကမ္ဘာပေါ်မှာ ပိရမစ်လို့ဆိုလိုက်ရင် လူတွေသိကြတာက အီဂျစ်က ပိရမစ်တွေသာဖြစ်ပါတယ်။ အဓိကကတော့ ပိရမစ်ရဲ့ သက်တမ်းနဲ့ အရွယ်အစားကြောင့်ပဲဖြစ်ပါတယ်။ တကယ်တော့ မက္ကဆီကို ၊ ပီရူး နဲ့ ဆူဒန်မှာလည်း ပိရမစ်တွေရှိပြီး အဲဒီဒေသတွေမှာရှိတဲ့ ပိရမစ်အရေအတွက်ဟာ အီဂျစ်ထက် ၂ဆ ၃ဆ ပိုများပါတယ်။ ဆူဒန်နိုင်ငံဟာ အီဂျစ်တောင်ပိုင်း နယ်စပ်မှာရှိပြီး အဲဒီမှာ ပိရမစ်ပေါင်း ၂၂၀ကျော်ရှိပါတယ်။ သက်တမ်းကလည်း အီဂျစ်ပိရမစ်တွေလောက်မရင့်ပေမယ့် နှစ်ပေါင်း ၂၀၀၀ ကျော်ဆိုတာ နည်းတဲ့သက်တမ်းတော့မဟုတ်ပါဘူး။ ဆူဒန်က ပိရမစ်တွေရဲ့အကြောင်းကို သုတဇုန် မိတ်ဆွေများအတွက် ဗဟုသုတအနေနဲ့ မျှဝေလိုက်ပါတယ်။

ဆူဒန်က ပိရမစ်တွေကို နူဘီယန်လူမျိုးတွေတည်ဆောက်ခဲ့ကြတဲ့အတွက် နူဘီယန်းပိရမစ်တွေလို့ ခေါ်ကြပါတယ်။ ယနေ့ဆူဒန်မြို့တော် Khartoum ရဲ့ ၂၀ဝကီလိုမီတာအကွာအဝေး နိုင်းတောင်ကြားက နူဘီယားဆိုတဲ့နေရာမှာ တည်ရှိနေပါတယ်။ ဒီနေရာဟာ ယခုအချိန်မှာ လူသူမနေထိုင်တဲ့နေရာဖြစ်ပေမယ့် တစ်ချိန်တုန်းက ခမ်းနားကြီးကျယ်တဲ့ Kushite မင်းဆက်တွေရဲ့ မင်းနေပြည်တော် ၃ကြိမ်တိုင်တိုင်ဖြစ်ခဲ့ဖူးပါတယ်။ ပထမဆုံး Kerma မြို့အမည်နဲ့ ဘီစီ ၂၆၀၀ ကနေ ၁၅၂ဝထိ ၊ ဒုတိယ Naata မြို့အမည်နဲ့ ဘီစီ ၁၀၀၀ ကနေ ၃၀၀ ထိ ၊ တတိယအကြိမ် Meroe မြို့အမည်နဲ့ ဘီစီ ၃၀၀ ကနေ အေဒီ ၃၀၀ အထိဖြစ်ပါတယ်။ နူဘီယန်းပိရမစ်တွေကို ဘီစီ ၄ ရာစုတည်းက ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ Kush ဘုရင်တွေဟာ အီဂျစ်နဲ့ နယ်ပယ်ချင်းထိစပ်နေတဲ့ဒေသများကို အုပ်ချုပ်ခဲ့တဲ့အတွက် ဒီနေရာမှာ အီဂျစ်အငွေ့အသက် နဲ့ ရိုးရာအနုပညာတွေ လွှမ်းမိုးနေတာပဲဖြစ်ပါတယ်။ မင်းဆက် ၂၅ဆက်မြောက်မှာ သူတို့ကိုယ်သူတို့ ဖာရိုဘုရင်တွေအဖြစ်သတ်မှတ်ခဲ့ပါတယ်။

ပိရမစ်ပေါင်း ၂၂၃ခုရှိပြီး အများစုဟာ ဘုရင် နဲ့ မိဖုရားတို့ရဲ့ ဂူသင်္ချိုင်းတွေဖြစ်ပါတယ်။ အီဂျစ်ပိရမစ်တွေထက်အရွယ်အစားသေးငယ်ပြီး အကျယ်အားဖြင့် အကြီးဆုံးပိရမစ်ဟာ ၂၅ပေ ကျယ်ပြီး အသေးဆုံးပိရမစ်ဟာ ၃ပေခန့်ကျယ်ပါတယ်။ အမြင့်အနေနဲ့တော့ ပေ ၂၀ ကနေ ပေ ၁၀ဝခန့်အထိမြင့်ကြပါတယ်။ ပထမဆုံးတည်ဆောက်ခဲ့တဲ့ ပိရမစ်စုမှာ ဖာရိုဘုရင် Taharqa ၊ ဘုရင် Kashta နဲ့ သူ့ရဲ့သားတော် Piye ၊ မြေးတွေဖြစ်တဲ့ Shabaka, Shabataka နဲ့ Tanwetamani တို့အပြင် မိဖုရား ၁၄ပါး ရဲ့ ဂူသင်္ချိုင်းပိရမစ်တွေပါဝင်ပါတယ်။ သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို မံမီအဖြစ် ကြီးမားတဲ့နှမ်းဖက်ကျောက်နဲ့ ဖန်တီးထားတဲ့အခေါင်းတွေထဲမှာ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေနဲ့ အတူမြုပ်နှံပါတယ်။ နှမ်းဖက်ကျောက်အခေါင်းတွေဟာ အလွန်လေးလံပြီး အဖုံးတင် ၄တန်ခန့်လေးပါတယ်။ သက်တမ်းအရင့်ဆုံးနဲ့ အကြီးဆုံးပိရမစ်ကတော့ ၂၅ဆက်မြောက် ဖာရိုဘုရင် Taharqa ရဲ့ ပိရမစ်ကြီးဖြစ်ပါတယ်။ ဆူဒန်ပိရမစ်တွေရဲ့ပုံသဏ္ဍာန်ဟာ အီဂျစ်ပိရမစ်တွေနဲ့ အနည်းငယ်ခြားနားပါတယ်။ အီဂျစ်ပိရမစ်တွေလို တြိဂံပုံစံဖြစ်ပေမယ့် သူတို့ရဲ့ပုံစံက ရှည်မျောမျောတြိဂံတွေပုံသဏ္ဍာန်ဖြစ်ပါတယ်။

နူဘီယန်ပိရမစ်တွေထဲက Amanishakheto ဘုရင်မရဲ့ပိရမစ်ဟာ ရွှေငွေကျောက်သံရတနာပေါင်းများစွာကို မြုပ်နှံထားရာ ရတနာသိုက်အဖြစ်နာမည်ကြီးပါတယ်။ ဒါကြောင့်လည်း ၁၈၃၄ခုနှစ်မှာ အီတလီရတနာသိုက်ရှာဖွေသူ Giuseppe Ferlini ဟာ လာရောက်ရှာဖွေခဲ့ပါတယ်။ ဒီလိုရှာဖွေတဲ့နေရာမှာ ပိရမစ်တွေရဲ့ထိပ်ပိုင်းကို ဒိုင်းနမိုက်တွေနဲ့ဖောက်ခွဲခဲ့တာကြောင့် ပိရမစ်ပေါင်း ၄ဝခန့်ဟာ ပျက်စီးခဲ့ရပါတယ်။ သူဟာ မြေကြီးထဲကနေ ရွှေစတစ်စကို ရှာဖွေတွေ့ရှိခဲ့ပေမယ့် ရတနာသိုက်နဲ့လုံးဝမဆိုင်ဘူးဆိုတာ သိရှိပြီးနောက် လက်လျှော့သွားခဲ့ပါတယ်။ ရှာဖွေသူအများစုကတော့ ရတနာသိုက်ဆိုတာ ပုံပြင်သက်သက်သာ လို့ ဆိုကြပါတယ်။ တကယ်တော့ ဆူဒန်ဘုရင်နဲ့ မိဖုရားတွေကို မြုပ်နှံတဲ့အခါ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေ ရတနာပစ္စည်းတွေပါ ထည့်သွင်းမြုပ်နှံခဲ့ပေမယ့် ဒီအရာတွေဟာ လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာတည်းက ဖောက်ထွင်းခိုးယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ နူဘီယန်းပိရမစ်တွေဟာ အလွန်ရှေးကျပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အနုပညာလက်ရာတွေများစွာရှိပေမယ့် ကမ္ဘာမှာတော့ နာမည်မကြီးသလို လာရောက်လည်ပတ်သူဆိုတာလည်း မရှိသလောက်ရှားပါတယ်။ လက်ရှိအချိန်မှာတော့ ဒီပိရမစ်တွေဟာ UNESCO ရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ်ထည့်သွင်းသတ်မှတ်ခံထားရပြီး ဆူဒန်အစိုးရကလည်း ကမ္ဘာလှည့်ခရီးသွားတွေကို ပိရမစ်တွေရှိရာဆီလာစေဖို့ ကြိုးပမ်းလျှက်ရှိပါတယ်။

Leave a Reply