နယူးေယာက္ၿမဳိ႕လယ္ေခါင္ မိုးေမွ်ာ္တုိက္ေတြၾကားက ကမာၻေက်ာ္ပန္းၿခံႀကီး (သုိ႔) Central Park ရဲ႕အေၾကာင္း

Posted on

အေမရိကန္ရဲ႕ နယူးေယာက္ၿမဳိ႕ဟာ ကမာၻေခတ္အမီဆုံးၿမဳိ႕ထဲမွာ ပါ၀င္ပါတယ္။ ဒီၿမဳိ႕ရဲ႕ ထူးျခားခ်က္ကေတာ့ တျခားေခတ္မီၿမဳိ႕ေတာ္ေတြမွာ မရွိတတ္တဲ့ ႀကီးမားတဲ့ ပန္းၿခံႀကီးတစ္ခု ရွိေနတာပါ။ ဒီပန္းၿခံႀကီးကိုေတာ့ central park လုိ႔လူသိမ်ားၾကၿပီး နယူးေယာက္ၿမဳိ႕ Manhattan မွာ ရွိပါတယ္။ ထူးထူးျခားျခား ေခတ္အမီဆုံးဆုိတဲ့ ၿမဳိ႕ရဲ႕အလယ္ေခါင္မွာတည္ရွိၿပီး လူ နဲ႔ သဘာ၀အလွကို ဆက္စပ္ေပးထားတဲ့ေနရာဆုိရင္လည္း မမွားပါဘူး။

ဒီပန္းၿခံႀကီးကုိ ၁၈၅၇ခုွစ္က စတင္ၿပီး ျပဳစုပ်ဳိးေထာင္ခဲ့တာပါ။ ေျမဧကေပါင္း ၇၇၈ဧကေပၚမွာတည္ေဆာက္ခဲ့ၿပီး အဲဒီအခ်ိန္က ေဒၚလာ ၅သန္း ခန္႔ကုန္က်ခဲ့ပါတယ္။ တည္ေဆာက္ခဲ့တဲ့ ဗိသုကာပညာရွင္ေတြရဲ႕အမည္ကေတာ့ Frederick Law Olmsted နဲ႔ Calvert Vaux တုိ႔ျဖစ္ပါတယ္။ တစ္ႏွစ္ခန္႔တည္ေဆာက္ခဲ့ၿပီး ၁၈၅၈ခုႏွစ္မွာ စတင္ဖြင့္လွစ္ခဲ့ပါတယ္။ အေမရိကန္ျပည္တြင္းစစ္အတြင္းမွာ ဆက္လက္တည္ေဆာက္ခဲ့ၿပီး ၁၈၇၃မွာေတာ့ ပုိမုိႀကီးထြားလာၿပီး ၈၄၃ဧက(၁.၃ စတုရန္းမုိင္) အထိရွိလာတာျဖစ္ပါတယ္။

ပန္းၿခံတည္ေဆာက္စဥ္မွာ ဧရိယာထဲမွာ ပါ၀င္တဲ့ ရြာတစ္ရြာလုံးကို ဖယ္ရွားခဲ့ရပါေသးတယ္။ Seneca ဆုိတဲ့ ၁၉ရာစု အလယ္ပုိင္းေလာက္က ရွိခဲ့တဲ့ အာဖရိကန္-အေမရိကန္ လူမ်ဳိးေတြရဲ႕ရြာျဖစ္ပါတယ္။ ၁၈၆၀ အထိ ဦးေခါင္းမည္းသုိးေတြရဲ႕ က်က္စားရာေနရာတစ္ခုျဖစ္ခဲ့ၿပီး ေနာက္ပုိင္းမွာေတာ့ Prospect Park ပန္းၿခံကုိ ေရြ႕ေျပာင္းခံခဲ့ရပါတယ္။

သစ္ပင္ေပါင္း ၂၆၀၀၀ ေက်ာ္ စုိက္ပ်ဳိးထားၿပီး ၁၇၀၀ေက်ာ္က အေမရိကန္ elms ပင္ေတြျဖစ္ပါတယ္။ အျခားအပင္ငယ္ေလးေတြကုိ စုေပါင္းေရတြက္မယ္ဆုိရင္ေတာ့ ၂သိန္း ၇ေသာင္းခန္႔ရွိမွာျဖစ္ပါတယ္။ ဒီေနရာမွာ ရွဥ့္ေတြ ၊ ေျမာက္အေမရိကရွဥ္႔ ၊ ရက္ကြန္း ၊ အေမရိကန္သားပုိက္ေကာင္အငယ္စား နဲ႔ ငွက္အမ်ဳိးမ်ဳိးကုိေတြ႔ရမွာျဖစ္ပါတယ္။ စုစုေပါင္း လူသြားလမ္းအရွည္ေပါင္း ၅၈ မုိင္ခန္႔ရွိပါတယ္။ အရွည္ဆုံးပတ္လမ္းေၾကာင္းတစ္ခုတည္းတင္ ၆.၁မုိင္ရွိပါတယ္။

ဒီပန္းၿခံထဲမွာ လူလုပ္ေရကန္ ၇ကန္လည္း ပါ၀င္ပါေသးတယ္။ လမ္းေလွ်ာက္တဲ့သူမ်ား အပန္းေျဖအနားယူဖုိ႔အတြက္ လမ္းေဘးတစ္ခ်က္စီမွာ ထုိင္ခုံေပါင္း ၉၀၀၀ေက်ာ္ကုိလည္း ထည့္သြင္းထားပါေသးတယ္။ ျမင္ကြင္းေတြ လန္းဆန္းေစဖုိ႔ ရုပ္တုေပါင္း ၅၁ရုပ္ ၊ တံတားခုံး ေပါင္း ၃၆ ခု နဲ႔ ေရပန္း ၁၀၀ေက်ာ္ကုိလည္း တည္ေဆာက္ထားပါတယ္။ ကစားကြင္းေတြ ၊ ျပဇာတ္ရုံ ၊ တိရစာၦန္ရုံ နဲ႔ျပတုိက္ေတြရွိတအျပင္ လူေပါင္း ၁သန္း၀န္းက်င္ တစ္ၿပဳိင္နက္ Live Show ပြဲၾကည့္ႏုိင္တဲ့ေနရာလည္းရွိပါတယ္။ ကမာၻေပၚမွာရွိတဲ့ ရုပ္ရွင္ကားေတြထဲမွာ ထည့္သြင္းအရုိက္ခံရဆုံးေနရာတစ္ခုလည္းျဖစ္ပါတယ္။

အေမရိကန္ Interior ဌာနက ႏုိင္ငံသမုိင္းအထိမ္းအမွတ္ေနရာတစ္ခုအျဖစ္သတ္မွတ္ၿပီး ၂၀၁၇မွာေတာ့ UNESCO ရဲ႕ ကမာၻ႔အေမႊအႏွစ္ေနရာအျဖစ္ သတ္မွတ္ျခင္းခံရပါတယ္။ ယခုလက္ရွိလည္း အက်ဳိးအျမတ္မယူအဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ Central Park ထိမ္းသိမ္းေရးအဖြဲ႔လက္ေအာက္မွာ ထားရွိၿပီး ပန္းၿခံႀကီး အၿမဲစိမ္းလန္းေနေစဖုိ႔ ၂၄နာရီမျပတ္ စနစ္တက်ထိမ္းသိမ္းေနဆဲျဖစ္ပါတယ္။ ႏွစ္စဥ္လည္ပတ္သူေပါင္း ၂၅သန္း ေက်ာ္ ရွိတဲ့ အထင္ကရေနရာတစ္ခုလည္းျဖစ္ပါတယ္။

VIDEO


နယူးယောက်မြို့လယ်ခေါင် မိုးမျှော်တိုက်တွေကြားက ကမ္ဘာကျော်ပန်းခြံကြီး (သို့) Central Park ရဲ့အကြောင်း (unicode)

အမေရိကန်ရဲ့ နယူးယောက်မြို့ဟာ ကမ္ဘာခေတ်အမီဆုံးမြို့ထဲမှာ ပါဝင်ပါတယ်။ ဒီမြို့ရဲ့ ထူးခြားချက်ကတော့ တခြားခေတ်မီမြို့တော်တွေမှာ မရှိတတ်တဲ့ ကြီးမားတဲ့ ပန်းခြံကြီးတစ်ခု ရှိနေတာပါ။ ဒီပန်းခြံကြီးကိုတော့ central park လို့လူသိများကြပြီး နယူးယောက်မြို့ Manhattan မှာ ရှိပါတယ်။ ထူးထူးခြားခြား ခေတ်အမီဆုံးဆိုတဲ့ မြို့ရဲ့အလယ်ခေါင်မှာတည်ရှိပြီး လူ နဲ့ သဘာဝအလှကို ဆက်စပ်ပေးထားတဲ့နေရာဆိုရင်လည်း မမှားပါဘူး။

ဒီပန်းခြံကြီးကို ၁၈၅၇ခုွစ်က စတင်ပြီး ပြုစုပျိုးထောင်ခဲ့တာပါ။ မြေဧကပေါင်း ၇၇၈ဧကပေါ်မှာတည်ဆောက်ခဲ့ပြီး အဲဒီအချိန်က ဒေါ်လာ ၅သန်း ခန့်ကုန်ကျခဲ့ပါတယ်။ တည်ဆောက်ခဲ့တဲ့ ဗိသုကာပညာရှင်တွေရဲ့အမည်ကတော့ Frederick Law Olmsted နဲ့ Calvert Vaux တို့ဖြစ်ပါတယ်။ တစ်နှစ်ခန့်တည်ဆောက်ခဲ့ပြီး ၁၈၅၈ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အမေရိကန်ပြည်တွင်းစစ်အတွင်းမှာ ဆက်လက်တည်ဆောက်ခဲ့ပြီး ၁၈၇၃မှာတော့ ပိုမိုကြီးထွားလာပြီး ၈၄၃ဧက(၁.၃ စတုရန်းမိုင်) အထိရှိလာတာဖြစ်ပါတယ်။

ပန်းခြံတည်ဆောက်စဉ်မှာ ဧရိယာထဲမှာ ပါဝင်တဲ့ ရွာတစ်ရွာလုံးကို ဖယ်ရှားခဲ့ရပါသေးတယ်။ Seneca ဆိုတဲ့ ၁၉ရာစု အလယ်ပိုင်းလောက်က ရှိခဲ့တဲ့ အာဖရိကန်-အမေရိကန် လူမျိုးတွေရဲ့ရွာဖြစ်ပါတယ်။ ၁၈၆၀ အထိ ဦးခေါင်းမည်းသိုးတွေရဲ့ ကျက်စားရာနေရာတစ်ခုဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ Prospect Park ပန်းခြံကို ရွေ့ပြောင်းခံခဲ့ရပါတယ်။

သစ်ပင်ပေါင်း ၂၆၀၀၀ ကျော် စိုက်ပျိုးထားပြီး ၁၇၀၀ကျော်က အမေရိကန် elms ပင်တွေဖြစ်ပါတယ်။ အခြားအပင်ငယ်လေးတွေကို စုပေါင်းရေတွက်မယ်ဆိုရင်တော့ ၂သိန်း ၇သောင်းခန့်ရှိမှာဖြစ်ပါတယ်။ ဒီနေရာမှာ ရှဉ့်တွေ ၊ မြောက်အမေရိကရှဉ့် ၊ ရက်ကွန်း ၊ အမေရိကန်သားပိုက်ကောင်အငယ်စား နဲ့ ငှက်အမျိုးမျိုးကိုတွေ့ရမှာဖြစ်ပါတယ်။ စုစုပေါင်း လူသွားလမ်းအရှည်ပေါင်း ၅၈ မိုင်ခန့်ရှိပါတယ်။ အရှည်ဆုံးပတ်လမ်းကြောင်းတစ်ခုတည်းတင် ၆.၁မိုင်ရှိပါတယ်။

ဒီပန်းခြံထဲမှာ လူလုပ်ရေကန် ၇ကန်လည်း ပါဝင်ပါသေးတယ်။ လမ်းလျှောက်တဲ့သူများ အပန်းဖြေအနားယူဖို့အတွက် လမ်းဘေးတစ်ချက်စီမှာ ထိုင်ခုံပေါင်း ၉၀၀၀ကျော်ကိုလည်း ထည့်သွင်းထားပါသေးတယ်။ မြင်ကွင်းတွေ လန်းဆန်းစေဖို့ ရုပ်တုပေါင်း ၅၁ရုပ် ၊ တံတားခုံး ပေါင်း ၃၆ ခု နဲ့ ရေပန်း ၁၀၀ကျော်ကိုလည်း တည်ဆောက်ထားပါတယ်။ ကစားကွင်းတွေ ၊ ပြဇာတ်ရုံ ၊ တိရစ္ဆာန်ရုံ နဲ့ပြတိုက်တွေရှိတအပြင် လူပေါင်း ၁သန်းဝန်းကျင် တစ်ပြိုင်နက် Live Show ပွဲကြည့်နိုင်တဲ့နေရာလည်းရှိပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ရုပ်ရှင်ကားတွေထဲမှာ ထည့်သွင်းအရိုက်ခံရဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။

အမေရိကန် Interior ဌာနက နိုင်ငံသမိုင်းအထိမ်းအမှတ်နေရာတစ်ခုအဖြစ်သတ်မှတ်ပြီး ၂၀၁၇မှာတော့ UNESCO ရဲ့ ကမ္ဘာ့အမွှေအနှစ်နေရာအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။ ယခုလက်ရှိလည်း အကျိုးအမြတ်မယူအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Central Park ထိမ်းသိမ်းရေးအဖွဲ့လက်အောက်မှာ ထားရှိပြီး ပန်းခြံကြီး အမြဲစိမ်းလန်းနေစေဖို့ ၂၄နာရီမပြတ် စနစ်တကျထိမ်းသိမ်းနေဆဲဖြစ်ပါတယ်။ နှစ်စဉ်လည်ပတ်သူပေါင်း ၂၅သန်း ကျော် ရှိတဲ့ အထင်ကရနေရာတစ်ခုလည်းဖြစ်ပါတယ်။

Leave a Reply