ဉာဏ္သစ္ အေရးေတာ္ပံုေခတ္ရဲ႕ အႀကီးျမတ္ဆုံးပညာရွင္တစ္ေယာက္ (သုိ႔) မိုက္ကယ္ အိန္ဂ်လို

Posted on

မိုက္ကယ္အန္ဂ်လို ဗြိဳနရိုးတီ (Michelangelo di Lodovico Buonarroti Simoni) ကား အီတာလ်ံလူမ်ဳိး ျဖစ္၍ ပန္းခ်ီ၊ ပုန္းပု၊ ဗိသုကာ၊ ကဗ်ာတို့တြင္ လက္ရာေျပာင္ေျမာက္သျဖင့္ ကမၻာ့အနုပညာသမိုင္းတြင္ ထိပ္တန္းစာရင္းဝင္ အနုပညာရွင္တစ္ဦးျဖစ္ေပသည္။ သူေရးဆြဲ ထုလုပ္ခဲ့သမွ်ေသာ ပန္းခ်ီကားနွင့္ ရုပ္တု ရုပ္လံုးမ်ားသည္ ေကာင္းမြန္၍ အသက္ဝင္လွရကား သာမန္လူတစ္ေယာက္မွာ ယင္းကို တစ္ကယ့္လူဟူ၍ ထင္ေယာင္မွားေလာက္ေပသည္။ သို့ေသာ္ သူသည္ ပန္းပုပညာႏွင့္ ရုပ္လံုးထုအတတ္တြင္ ပိုမို ကြ်မ္းက်င္၏။

အီတလီနိုင္ငံမွ စတင္ထြန္းကားေသာ ဉာဏ္သစ္ အေရးေတာ္ပံုေခတ္ (Renaissance) တြင္ အထူးေက်ာ္ၾကားသူျဖစ္သည္။ သုခုမပညာတြင္ ကိုယ္ခြ်တ္ရုပ္လံုးကို တစ္ကယ့္လူနွင့္ တူေအာင္ ထုလုပ္ရသည့္ အတတ္ကဲ့သို့ ခက္ခဲသိမ္ေမြ႕ေသာ အတတ္ကား မရွိေတာ့ျပီ။ မိုက္ကယ္အန္ဂ်လို၏ ကိုယ္ခြ်တ္ရုပ္လံုးႀကီးမ်ားမွာ မူကား အံ့ဖြယ္ေကာင္းေအာင္ တစ္ကယ့္လူႏွင့္ တူေပသည္။

ယခုေခတ္တိုင္ေအာင္ပင္ သူ၏ရုပ္လံုးမ်ားထက္ ေကာင္းေသာ ရုပ္လံုးဟူ၍ မရွိသေလာက္ပင္ ျဖစ္ေတာ့သည္။ ရုပ္လံုးမ်ား ထုလုပ္ရာတြင္ သရုပ္ေပၚသည္ထက္ ေပၚေစရန္ သူသည္ လူေသအေလာင္းမ်ားကိုပင္ ဓားနွင့္ ျဖတ္ေတာက္၍ ေလ့လာခဲ့ေလသည္။

ေရာမၿမဳိ႕တြင္ရွိေသာ စစၥတင္းဘုရားေက်ာင္းျကီး (Sistine Chapel) ၏ မ်က္နွာၾကက္ဆီသို႔ ေမာ့၍ၾကည့္သည္ရွိေသာ္ ဆရာျကီး မိုက္ကယ္အန္ဂ်လို၏ အေကာင္းဆံုးေသာ ပန္းခ်ီလက္ရာကို ေတြ႔ရေပမည္။ ထိုပန္းခ်ီကားမွာ အဂၤေတေဆးကားျဖစ္၍ စတုရန္းေပ ၁ဝဝဝဝ ခန့္ရွိေသာ အဂၤေတမ်က္နွာျပင္ေပၚတြင္ ေရးဆြဲထားေလသည္။ ထိုကားထဲတြင္ လူရုပ္ေပါင္း ၃၄၃ ရုပ္ ပါရွိသည့္အနက္ အရုပ္ ၂ဝဝ ေလာက္မွာ ၁ဝ ေပမွ ၁၈ ေပအထိ အျမင့္ရွိေလသည္။

လူရုပ္ေပါင္း ၃၄၃ရုပ္သည္ သမၼာက်မ္းလာ ပုဂၢဳိလ္ေပါင္း ၃၄၃ ေယာက္ျဖစ္ၿပီး တစ္ေယာက္ႏွင့္တစ္ေယာက္လုံး၀မတူေအာင္ ေရးဆြဲခဲ့ျခင္းျဖစ္သည္။ဆရာႀကီးသည္ ထိုကမၻာေက်ာ္ ပန္းခ်ီကား ခ်ပ္ႀကီးကို ၄ နွစ္တိတိ ေရးဆြဲခဲ့ရ၏။ ထိုသို႔ ေရးဆြဲခဲ့ရာတြင္ သူသည္ ျငမ္းစင္တစ္ခုေပၚတြင္ ပက္လက္ေနလ်က္ ေရးဆြဲခဲ့ရသည္ခ်ည္းသာျဖစ္ေလသည္။ ဒီေလာက္အထိ အႏုပညာတြင္ စ်ာန္၀င္စားႏုိင္သူျဖစ္သည္။

မိုက္ကယ္အန္ဂ်လိုကို အီတလီျပည္ တပ္စကႏၷီၿမဳိ႕(Tuscany) ၌ ၁၄၇၅ ခုနွစ္၊ မတ္လ ၆ ရက္ေန့တြင္ ဖြားျမင္သည္။ သူ၏ ဖခင္မွာ ထိုနယ္၏ ဘုရင္ခံျဖစ္သည္။ သူသည္ ဖေလာ္ရင့္ျမို့ (Florence) ၌ ျကီးျပင္းလာခဲ့၏။ ငယ္ရြယ္စဉ္ကတည္းကပင္ ပံုဆြဲဝါသနာပါခဲ့ရာ သူေနေသာအိမ္၏ နံရံမ်ားေပၚတြင္ မီးေသြးခဲျဖင့္ အရုပ္မ်ားကို ေရးဆြဲခဲ့ေလသည္။

သားငယ္၏ ဝါသနာနွင့္ ပညာအစြမ္းအစကို ရိပ္မိသိရွိေသာ ဖခင္ႀကီးသည္ မိုက္ကယ္အန္ဂ်လိုအား ဂါလန္ဒါဂ်ို (Domenico Ghirlandaio) အမည္ရွိေသာ ပန္းခ်ီဆရာျကီးတစ္ဦးထံ၌ အပ္နွံကာ ပန္းခ်ီေဆးေရးပညာကို ေလ့လာ ဆည္းပူးေစေလသည္။ ထိုေနာက္ တစ္နွစ္ခန္႔ၾကာေသာအခါ မိုက္ကယ္အန္ဂ်လိုသည္ ရုပ္ထုပညာတြင္ ပို၍ စိတ္ဝင္စားလာသျဖင့္ ဗာေတာလဒို၏ ရုပ္ထုအတတ္သင္ေက်ာင္းသို့ ေျပာင္းေရႊ႕ၿပီးလွ်င္ ရုပ္လံုးထုျခင္းကို သင္ယူခဲ့ေလသည္။

မ်ားမၾကာမီပင္ အနုပညာဝါသနာပါေသာ မဲဒီခ်ီ (Lorenzo de’ Medici) အမည္ရွိ သူေဌးႀကီးတစ္ဦး တည္ေထာင္ထားေသာ သုခုမရိပ္သာသို့ ေရာက္သြားေလသည္။ ထိုအခ်ိန္ကစ၍ မိုက္ကယ္အန္ဂ်လိုမွာ အီတလီယဉ္ေက်းမႈ ျပန္လည္ဆန္းသစ္သည့္ ဉာဏ္သစ္အေရးေတာ္ပံုေခတ္တြင္ ထင္ရွားေသာ အနုပညာသည္ျကီးတစ္ဦးအျဖစ္ ထင္ရွားေက်ာ္ျကားလာခဲ့ေလသည္။

အသက္ ၂၄ နွစ္တြင္ မိုက္ကယ္အန္ဂ်လိုသည္ မယ္ေတာ္၏ရင္ခြင္ထက္၌ ေသဆံုးေနေသာ ခရစ္ဘုရား၏ ရုပ္လံုးကိုထုလုပ္ခဲ့သည္။ ထိုေနာက္တြင္ ေဒးဗစ္အမည္ရွိ ေက်ာက္ရုပ္ျကီး (Statue of David) ကို ထုလုပ္ခဲ့ေလသည္။ ထိုေက်ာက္ရုပ္ႀကီးမွာ အျမင့္ ၁၈ ေပရွိ၍ ေလးလြန္းလွသျဖင့္ ထိုေက်ာက္ရုပ္ႀကီးကို အလုပ္ရံုမွ ၿမဳိ႕လယ္ရွိပန္းျခံသို့ ေရာက္ေအာင္ လူ ၄ဝ က လွိမ့္၍ ယူၾကရေလသည္။

၁၅ဝ၅ ခုနွစ္တြင္ကား မိုက္ကယ္အန္ဂ်လိုသည္ ေရာမျမိဳ႕သို႔ ျပန္လည္ေရာက္ရွိေန၏။ သူ၏ကိစၥမွာ ပုပ္ရဟန္းမင္း ဒုတိယဂ်ဴးလယပ္အတြက္ သခၤ်ဳိင္းဂူႀကီးကို ေဆာက္လုပ္ရန္ျဖစ္၏။ သို့ေသာ္လည္း နိုင္ငံေရးလႈပ္ရွားမႈမ်ားနွင့္ အျခားေသာအေျကာင္းမ်ားေၾကာင့္ အဆိုပါ အေဆာက္အအံုႀကီးမွာ မူလက ရည္ရြယ္ခဲ့သေလာက္ မႀကီးက်ယ္ေတာ့ေခ်။

အသက္ ၆ဝ အရြယ္တြင္ မိုက္ကယ္အန္ဂ်လိုသည္ စစၥတင္းဘုရားေက်ာင္း၏ အဂၤေတေဆးကားမ်ားကို ပုပ္ရဟန္းမင္း တတိယေပါ၏ အမိန္႔အရ အျပီးသတ္ေရးဆြဲခဲ့သည္။ ထိုမွ တစ္ပါးလည္း ဆရာႀကီးသည္ အျခားေသာထင္ရွားသည့္ ရုပ္တု၊ ရုပ္လံုးနွင့္ ပန္းခ်ီကားအေျမာက္အျမားကိုလည္း အေမြအႏွစ္အျဖစ္ ထားရွိခဲ့ေပေသးသည္။

အနိစၥေရာက္သည့္အခ်ိန္တြင္ ဆရာႀကီးမွာ အသက္ ၈၉ နွစ္ပင္ရွိေပျပီ။ သူသည္ မကြယ္လြန္မီကေလးမွာပင္ စိန႔္ပီတာ ဘုရားရွိခိုးေက်ာင္းႀကီးကို ေဆာက္လုပ္ခဲ့ေသးသည္။ ဆရာႀကီးသည္ ထိုလုပ္ငန္းအတြက္ အခေၾကးေငြ တစ္ျပားတစ္ခ်ပ္မွ်ပင္လက္မခံခဲ့ေခ်။ ဆရာႀကီး၏ အေလာင္းကို အီတလီျပည္ ဖေလာ္ရင့္ၿမဳိ႕ရွိ ဆန္တာကရိုးေခ်း ဘုရားရွိခိုးေက်ာင္းထဲ၌ ျမႈပ္ႏွံလိုက္ၾကသည္။

ဆရာႀကီး မိုက္ကယ္အန္ဂ်လို ကြယ္လြန္ခဲ့သည္မွာ အနွစ္ ၄ဝဝ နီးပါးခန္႔ပင္ရွိျပီ ျဖစ္ေသာ္လည္း ခ်န္ထားရစ္ခဲ့ေသာ အံမခန္းအႏုပညာမ်ားေၾကာင့္ ဆရာႀကီး၏ နာမည္သည္ကား ယေန႔တုိင္ေက်ာ္ၾကားေနဆဲပင္။ ဉာဏ္သစ္ အေရးေတာ္ပံုေခတ္၏ အႀကီးျမတ္ဆုံးပညာရွင္ ၃ေယာက္အျဖစ္ မိုက္ကယ္အိန္ဂ်လုိ ၊ ရာဖယ္ ႏွင့္ လီယုိနာဒုိဒါဗင္ခ်ီတို႔အား ေႏွာင္းလူတုိ႔ကသတ္မွတ္ၾကေလသည္။

Ref; ျမန္မာ့စြယ္စုံက်မ္း


ဉာဏ်သစ် အရေးတော်ပုံခေတ်ရဲ့ အကြီးမြတ်ဆုံးအနုပညာရှင် (သို့) မိုက်ကယ် အိန်ဂျလို (unicode)

မိုက်ကယ်အန်ဂျလို ဗွိုနရိုးတီ (Michelangelo di Lodovico Buonarroti Simoni) ကား အီတာလျံလူမျိုး ဖြစ်၍ ပန်းချီ၊ ပုန်းပု၊ ဗိသုကာ၊ ကဗျာတို့တွင် လက်ရာပြောင်မြောက်သဖြင့် ကမ္ဘာ့အနုပညာသမိုင်းတွင် ထိပ်တန်းစာရင်းဝင် အနုပညာရှင်တစ်ဦးဖြစ်ပေသည်။ သူရေးဆွဲ ထုလုပ်ခဲ့သမျှသော ပန်းချီကားနှင့် ရုပ်တု ရုပ်လုံးများသည် ကောင်းမွန်၍ အသက်ဝင်လှရကား သာမန်လူတစ်ယောက်မှာ ယင်းကို တစ်ကယ့်လူဟူ၍ ထင်ယောင်မှားလောက်ပေသည်။ သို့သော် သူသည် ပန်းပုပညာနှင့် ရုပ်လုံးထုအတတ်တွင် ပိုမို ကျွမ်းကျင်၏။

အီတလီနိုင်ငံမှ စတင်ထွန်းကားသော ဉာဏ်သစ် အရေးတော်ပုံခေတ် (Renaissance) တွင် အထူးကျော်ကြားသူဖြစ်သည်။ သုခုမပညာတွင် ကိုယ်ချွတ်ရုပ်လုံးကို တစ်ကယ့်လူနှင့် တူအောင် ထုလုပ်ရသည့် အတတ်ကဲ့သို့ ခက်ခဲသိမ်မွေ့သော အတတ်ကား မရှိတော့ပြီ။ မိုက်ကယ်အန်ဂျလို၏ ကိုယ်ချွတ်ရုပ်လုံးကြီးများမှာ မူကား အံ့ဖွယ်ကောင်းအောင် တစ်ကယ့်လူနှင့် တူပေသည်။ ယခုခေတ်တိုင်အောင်ပင် သူ၏ရုပ်လုံးများထက် ကောင်းသော ရုပ်လုံးဟူ၍ မရှိသလောက်ပင် ဖြစ်တော့သည်။ ရုပ်လုံးများ ထုလုပ်ရာတွင် သရုပ်ပေါ်သည်ထက် ပေါ်စေရန် သူသည် လူသေအလောင်းများကိုပင် ဓားနှင့် ဖြတ်တောက်၍ လေ့လာခဲ့လေသည်။

ရောမမြို့တွင်ရှိသော စစ္စတင်းဘုရားကျောင်းကြီး (Sistine Chapel) ၏ မျက်နှာကြက်ဆီသို့ မော့၍ကြည့်သည်ရှိသော် ဆရာကြီး မိုက်ကယ်အန်ဂျလို၏ အကောင်းဆုံးသော ပန်းချီလက်ရာကို တွေ့ရပေမည်။ ထိုပန်းချီကားမှာ အင်္ဂတေဆေးကားဖြစ်၍ စတုရန်းပေ ၁ဝဝဝဝ ခန့်ရှိသော အင်္ဂတေမျက်နှာပြင်ပေါ်တွင် ရေးဆွဲထားလေသည်။ ထိုကားထဲတွင် လူရုပ်ပေါင်း ၃၄၃ ရုပ် ပါရှိသည့်အနက် အရုပ် ၂ဝဝ လောက်မှာ ၁ဝ ပေမှ ၁၈ ပေအထိ အမြင့်ရှိလေသည်။ လူရုပ်ပေါင်း ၃၄၃ရုပ်သည် သမ္မာကျမ်းလာ ပုဂ္ဂိုလ်ပေါင်း ၃၄၃ ယောက်ဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက်လုံးဝမတူအောင် ရေးဆွဲခဲ့ခြင်းဖြစ်သည်။ဆရာကြီးသည် ထိုကမ္ဘာကျော် ပန်းချီကား ချပ်ကြီးကို ၄ နှစ်တိတိ ရေးဆွဲခဲ့ရ၏။ ထိုသို့ ရေးဆွဲခဲ့ရာတွင် သူသည် ငြမ်းစင်တစ်ခုပေါ်တွင် ပက်လက်နေလျက် ရေးဆွဲခဲ့ရသည်ချည်းသာဖြစ်လေသည်။ ဒီလောက်အထိ အနုပညာတွင် ဈာန်ဝင်စားနိုင်သူဖြစ်သည်။

မိုက်ကယ်အန်ဂျလိုကို အီတလီပြည် တပ်စကန္နီမြို့(Tuscany) ၌ ၁၄၇၅ ခုနှစ်၊ မတ်လ ၆ ရက်နေ့တွင် ဖွားမြင်သည်။ သူ၏ ဖခင်မှာ ထိုနယ်၏ ဘုရင်ခံဖြစ်သည်။ သူသည် ဖလော်ရင့်မြို့ (Florence) ၌ ကြီးပြင်းလာခဲ့၏။ ငယ်ရွယ်စဉ်ကတည်းကပင် ပုံဆွဲဝါသနာပါခဲ့ရာ သူနေသောအိမ်၏ နံရံများပေါ်တွင် မီးသွေးခဲဖြင့် အရုပ်များကို ရေးဆွဲခဲ့လေသည်။ သားငယ်၏ ဝါသနာနှင့် ပညာအစွမ်းအစကို ရိပ်မိသိရှိသော ဖခင်ကြီးသည် မိုက်ကယ်အန်ဂျလိုအား ဂါလန်ဒါဂျို (Domenico Ghirlandaio) အမည်ရှိသော ပန်းချီဆရာကြီးတစ်ဦးထံ၌ အပ်နှံကာ ပန်းချီဆေးရေးပညာကို လေ့လာ ဆည်းပူးစေလေသည်။ ထိုနောက် တစ်နှစ်ခန့်ကြာသောအခါ မိုက်ကယ်အန်ဂျလိုသည် ရုပ်ထုပညာတွင် ပို၍ စိတ်ဝင်စားလာသဖြင့် ဗာတောလဒို၏ ရုပ်ထုအတတ်သင်ကျောင်းသို့ ပြောင်းရွှေ့ပြီးလျှင် ရုပ်လုံးထုခြင်းကို သင်ယူခဲ့လေသည်။

များမကြာမီပင် အနုပညာဝါသနာပါသော မဲဒီချီ (Lorenzo de’ Medici) အမည်ရှိ သူဌေးကြီးတစ်ဦး တည်ထောင်ထားသော သုခုမရိပ်သာသို့ ရောက်သွားလေသည်။ ထိုအချိန်ကစ၍ မိုက်ကယ်အန်ဂျလိုမှာ အီတလီယဉ်ကျေးမှု ပြန်လည်ဆန်းသစ်သည့် ဉာဏ်သစ်အရေးတော်ပုံခေတ်တွင် ထင်ရှားသော အနုပညာသည်ကြီးတစ်ဦးအဖြစ် ထင်ရှားကျော်ကြားလာခဲ့လေသည်။ အသက် ၂၄ နှစ်တွင် မိုက်ကယ်အန်ဂျလိုသည် မယ်တော်၏ရင်ခွင်ထက်၌ သေဆုံးနေသော ခရစ်ဘုရား၏ ရုပ်လုံးကိုထုလုပ်ခဲ့သည်။ ထိုနောက်တွင် ဒေးဗစ်အမည်ရှိ ကျောက်ရုပ်ကြီး (Statue of David) ကို ထုလုပ်ခဲ့လေသည်။ ထိုကျောက်ရုပ်ကြီးမှာ အမြင့် ၁၈ ပေရှိ၍ လေးလွန်းလှသဖြင့် ထိုကျောက်ရုပ်ကြီးကို အလုပ်ရုံမှ မြို့လယ်ရှိပန်းခြံသို့ ရောက်အောင် လူ ၄ဝ က လှိမ့်၍ ယူကြရလေသည်။

၁၅ဝ၅ ခုနှစ်တွင်ကား မိုက်ကယ်အန်ဂျလိုသည် ရောမမြို့သို့ ပြန်လည်ရောက်ရှိနေ၏။ သူ၏ကိစ္စမှာ ပုပ်ရဟန်းမင်း ဒုတိယဂျူးလယပ်အတွက် သင်္ချိုင်းဂူကြီးကို ဆောက်လုပ်ရန်ဖြစ်၏။ သို့သော်လည်း နိုင်ငံရေးလှုပ်ရှားမှုများနှင့် အခြားသောအကြောင်းများကြောင့် အဆိုပါ အဆောက်အအုံကြီးမှာ မူလက ရည်ရွယ်ခဲ့သလောက် မကြီးကျယ်တော့ချေ။ အသက် ၆ဝ အရွယ်တွင် မိုက်ကယ်အန်ဂျလိုသည် စစ္စတင်းဘုရားကျောင်း၏ အင်္ဂတေဆေးကားများကို ပုပ်ရဟန်းမင်း တတိယပေါ၏ အမိန့်အရ အပြီးသတ်ရေးဆွဲခဲ့သည်။ ထိုမှ တစ်ပါးလည်း ဆရာကြီးသည် အခြားသောထင်ရှားသည့် ရုပ်တု၊ ရုပ်လုံးနှင့် ပန်းချီကားအမြောက်အမြားကိုလည်း အမွေအနှစ်အဖြစ် ထားရှိခဲ့ပေသေးသည်။

အနိစ္စရောက်သည့်အချိန်တွင် ဆရာကြီးမှာ အသက် ၈၉ နှစ်ပင်ရှိပေပြီ။ သူသည် မကွယ်လွန်မီကလေးမှာပင် စိန့်ပီတာ ဘုရားရှိခိုးကျောင်းကြီးကို ဆောက်လုပ်ခဲ့သေးသည်။ ဆရာကြီးသည် ထိုလုပ်ငန်းအတွက် အခကြေးငွေ တစ်ပြားတစ်ချပ်မျှပင်လက်မခံခဲ့ချေ။
ဆရာကြီး၏ အလောင်းကို အီတလီပြည် ဖလော်ရင့်မြို့ရှိ ဆန်တာကရိုးချေး ဘုရားရှိခိုးကျောင်းထဲ၌ မြှုပ်နှံလိုက်ကြသည်။ ဆရာကြီး မိုက်ကယ်အန်ဂျလို ကွယ်လွန်ခဲ့သည်မှာ အနှစ် ၄ဝဝ နီးပါးခန့်ပင်ရှိပြီ ဖြစ်သော်လည်း ချန်ထားရစ်ခဲ့သော အံမခန်းအနုပညာများကြောင့် ဆရာကြီး၏ နာမည်သည်ကား ယနေ့တိုင်ကျော်ကြားနေဆဲပင်။ ဉာဏ်သစ် အရေးတော်ပုံခေတ်၏ အကြီးမြတ်ဆုံးပညာရှင် ၃ယောက်အဖြစ် မိုက်ကယ်အိန်ဂျလို ၊ ရာဖယ် နှင့် လီယိုနာဒိုဒါဗင်ချီတို့အား နှောင်းလူတို့ကသတ်မှတ်ကြလေသည်။

Ref; မြန်မာ့စွယ်စုံကျမ်း

Leave a Reply