တန္ ၇၆၀၀ ေလးတဲ့ ငါးထပ္တုိက္ခန္းတြဲႀကီးကို ေပ ၁၈၀ သို႔ ေရႊ႕ပစ္ခဲ့ၾကျခင္း

Posted on

ဒီအေဆာက္အအုံကေတာ့ ရုိေမးနီးယားႏုိင္ငံ Alba Iulia ဆိုတဲ့ၿမဳိ႕မွာရွိတဲ့ ဆုိဗီယက္စတုိင္ ေဆာက္လုပ္ထားတဲ့ အေဆာက္အအုံျဖစ္ပါတယ္။ ဒီၿမဳိ႕ရဲ႕လမ္းေတြကို အခ်ဳိးက်စြာျပန္လည္ေဖာက္လုပ္ ျပင္ဆင္ဖုိ႔ျဖစ္လာတာကေတာ့ ရုိေမးနီးယား ကြန္ျမဴနစ္ေခါင္းေဆာင္ Nicolae Ceaușescu ေၾကာင့္ျဖစ္ပါတယ္။ သူဟာ ၁၉၇၁ခုႏွစ္မွာ အာရွကိုအလည္အပတ္သြားရင္း ေျမာက္ကိုရီးယားက ၿမဳိ႕အေနအထား တည္ေဆာက္ပုံေတြကိုသေဘာက်ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ရုိေမးနီးယားကိုျပန္ေရာက္တဲ့အခါ ၿမဳိ႕ႀကီး ၊ ၿမဳိ႕ငယ္ ၊ ရြာေတြကို ျပင္ဆင္တာေတြ အသစ္ျပန္လည္ေဖာက္လုပ္တာေတြကို ျပဳလုပ္ေစခဲ့ပါတယ္။ ၁၉၇၁ခုႏွစ္ကစလုိ႔ ၁၉၉၀ ၀န္းက်င္အထိ ျပဳျပင္ေရးလုပ္ငန္းေတြကို လုပ္ခဲ့ၾကပါတယ္။

Alba Iulia ၿမဳိ႕ကိုလည္း ၁၉၈၇ခုႏွစ္မွာ Ceaușescu ရဲ႕ဆႏၵအတုိင္း ၿမဳိ႕လမ္းေတြကို ျပန္လည္ေဖာက္လုပ္ခဲ့ပါတယ္။ ဒီလုိေဖာက္လုပ္တဲ့ေနရာမွာ တစ္ၿမဳိ႕လုံးနီးပါးအဆင္ေျပခဲ့ေပမယ့္ တန္ ၇၆၀၀ အေလးခ်ိန္ ရွိတဲ့ ၅ထပ္တုိင္ခန္းတြဲႀကီးတစ္ခုကေတာ့ သူတုိ႔ေဖာက္လုပ္တဲ့ လမ္းမက်ယ္ႀကီးတစ္ခုရဲ႕ အလယ္မွာ ဆုိးရြားစြာပိတ္လွ်က္ရွိေနပါတယ္။ ပုံမွန္ဆုိရင္ေတာ့ အေဆာက္အအုံကိုဖ်က္ပစ္ရမွာျဖစ္ေပမယ့္ အေဆာက္အအုံက ႀကီးမားတာေၾကာင့္ ျပန္လည္တည္ေဆာက္ရင္ စရိတ္အဆေပါင္းမ်ားစြာကုန္က်မွာပါ။ ဒါ့အျပင္ အဲဒီအေဆာက္အအုံမွာေနထုိင္တဲ့ မိသားစုေပါင္းမ်ားစြာလည္း ေနစရာမရွိျဖစ္သြားမွာျဖစ္တဲ့အတြက္ အင္ဂ်င္နီယာအဖြဲ႔ဟာအေကာင္းဆုံးနည္းလမ္းကို ရွာၾကပါတယ္။ ဒီနည္းလမ္းကေတာ့အေဆာက္အအုံႀကီးတစ္ခုလုံးကို လြတ္တဲ့ေနရာဆီေရႊ႕ပစ္ဖုိ႔ပါ။ အဲဒီအခ်ိန္က ရိုေမးနီးယားေနရာေတာ္ေတာ္မ်ားမ်ားမွာ အိမ္အလုံးလုိက္ေရႊ႕တာက ေခတ္စားေနတဲ့အခ်ိန္ျဖစ္ပါတယ္။ တစ္ခုလုံးေရႊ႕တာထက္စာရင္ ႏွစ္ခုခြဲေရႊ႕ရင္ပိုအဆင္ေျပမယ္လုိ႔ တြက္ခ်က္ခဲ့ၾကၿပီး အေဆာက္အအုံကို အလယ္တည့္တည့္ကေန ႏွစ္ျခမ္းခြဲလုိက္ပါတယ္။

ပထမဆုံးအေဆာက္အအုံရဲ႕ ေအာက္ေျခအထိတူးၾကၿပီး ဟိုက္ဒေရာလစ္စနစ္ကို အသုံးျပဳၿပီး အေေဆာက္အအုံကို ထိမ္းထားပါတယ္။ ၿပီးတဲ့အခါ ၃၃ ဒီဂရီေစာင္းကာ တည္ေဆာက္ထားတဲ့ရထားသံလမ္း နဲ႔ ဘီးေတြကို အေဆာက္အအုံေအာက္ကို သြင္းၿပီး အေဆာက္အအုံတစ္ျခမ္းစီကုိ တစ္ဖက္စီေရြ႕လ်ားေစပါတယ္။ screw jack ေတြကိုသုံးတဲ့ ဟုိက္ဒေရာလစ္နည္းပညာဟာ အဲဒီတုန္းက အလြန္ေရပန္းစားတဲ့နည္းပညာျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ အေဆာက္အအုံတစ္ျခမ္းစီကို လမ္းက်ယ္နဲ႔လြတ္ေအာင္ ေပ၁၈၀ခန္႔အထိ ေရႊ႕ပစ္ႏုိင္ခဲ့ၾကပါတယ္။ ဒီလုိေရႊ႕တဲ့အခ်ိန္မွာ ထိခုိက္မႈတစ္စုံတစ္ရာ မျဖစ္ေစရဘူးဆုိတဲ့ အာမခံခ်က္နဲ႔ အေဆာက္အအုံမွာေနထုိင္သူအားလုံးကို ပုံမွန္အတုိင္းေနေစၿပီး ေရႊ႕ခဲ့တယ္လုိ႔ ဆုိပါတယ္။
အဲဒီအေဆာက္အအုံက တုိက္ခန္းတစ္ခုမွာေနတဲ့ အမ်ဳိးသမီးတစ္ေယာက္ဆုိရင္ အေဆာက္အအုံေရႊ႕ခ်ိန္မွာ ဖန္ခြက္တစ္ခြက္ထဲကို ေရအျပည့္ျဖည့္ၿပီး စားပြဲေပၚမွာတင္ကာ စမ္းသပ္ခဲ့ပါတယ္။ အေဆာက္အအုံေရြ႕ၿပီးခ်ိန္မွာ ဖန္ခြက္ထဲကေရေတြဟာ ဖိတ္က်ျခင္းမရွိတဲ့အထိ ေရႊ႕လ်ားမႈညွင္သာခဲ့တယ္ လို႔ဆုိပါတယ္။ ဒီအေတြ႔အႀကဳံရွိၿပီးသူေတြျဖစ္တာေၾကာင့္ ေရႊ႕ခဲ့တဲ့ ၾကာခ်ိန္ဟာ ၅နာရီနဲ႔ မိနစ္ ၄၀ ပဲ ရွိပါတယ္။

အဲဒီေန႔ကေတာ့ ၁၉၈၇ခုႏွစ္ ေမလ ၂၇ရက္ေန႔ျဖစ္ၿပီး ဦးေဆာင္သူအင္ဂ်င္နီယာကေတာ့ Eugen Iordăchescu ျဖစ္ပါတယ္။ သူဟာ သူ႔ရဲ႕လုပ္သက္ႏွစ္ေပါင္း ၃၀အတြင္း အေဆာက္အအုံေပါင္းမ်ားစြာကို ဦးေဆာင္ေရႊ႕ခဲ့သူလည္းျဖစ္ပါတယ္။ ေရႊ႔ၿပီး ေအာက္ေျခေဖာင္ေဒးရွင္းကို ျပန္လည္တည္ေဆာက္ခဲ့တဲ့ ဒီအေဆာက္အအုံဟာ ႏွစ္ေပါင္း ၃၀ေက်ာ္ ၾကာျမင့္ခဲ့ေပမယ့္ ယခုထက္တုိင္ Alba Iulia ၿမဳိ႕မွာ အခုိင္အခန္႔တည္ရွိေနပါေသးတယ္။

ဒီဗီဒီယုိကေတာ့ ဆြစ္ဇာလန္ႏုိင္ငံမွာ အေဆာက္အအုံတစ္ခုကိုေရႊ႕ခဲ့တဲ့ ဗီဒီယုိပဲျဖစ္ပါတယ္။

Ref:
https://www.theguardian.com/cities/2016/dec/14/bucharest-moved-churches-safety-communist-romania
http://www.visitalbaiulia.com/80-flats-on-wheels/


တန် ၇၆၀၀ လေးတဲ့ ငါးထပ်တိုက်ခန်းတွဲကြီးကို ပေ ၁၈၀ သို့ ရွှေ့ပစ်ခဲ့ကြခြင်း (unicode)

ဒီအဆောက်အအုံကတော့ ရိုမေးနီးယားနိုင်ငံ Alba Iulia ဆိုတဲ့မြို့မှာရှိတဲ့ ဆိုဗီယက်စတိုင် ဆောက်လုပ်ထားတဲ့ အဆောက်အအုံဖြစ်ပါတယ်။ ဒီမြို့ရဲ့လမ်းတွေကို အချိုးကျစွာပြန်လည်ဖောက်လုပ် ပြင်ဆင်ဖို့ဖြစ်လာတာကတော့ ရိုမေးနီးယား ကွန်မြူနစ်ခေါင်းဆောင် Nicolae Ceaușescu ကြောင့်ဖြစ်ပါတယ်။ သူဟာ ၁၉၇၁ခုနှစ်မှာ အာရှကိုအလည်အပတ်သွားရင်း မြောက်ကိုရီးယားက မြို့အနေအထား တည်ဆောက်ပုံတွေကိုသဘောကျခဲ့ပါတယ်။ ဒါကြောင့်လည်း ရိုမေးနီးယားကိုပြန်ရောက်တဲ့အခါ မြို့ကြီး ၊ မြို့ငယ် ၊ ရွာတွေကို ပြင်ဆင်တာတွေ အသစ်ပြန်လည်ဖောက်လုပ်တာတွေကို ပြုလုပ်စေခဲ့ပါတယ်။ ၁၉၇၁ခုနှစ်ကစလို့ ၁၉၉၀ ဝန်းကျင်အထိ ပြုပြင်ရေးလုပ်ငန်းတွေကို လုပ်ခဲ့ကြပါတယ်။

Alba Iulia မြို့ကိုလည်း ၁၉၈၇ခုနှစ်မှာ Ceaușescu ရဲ့ဆန္ဒအတိုင်း မြို့လမ်းတွေကို ပြန်လည်ဖောက်လုပ်ခဲ့ပါတယ်။ ဒီလိုဖောက်လုပ်တဲ့နေရာမှာ တစ်မြို့လုံးနီးပါးအဆင်ပြေခဲ့ပေမယ့် တန် ၇၆၀၀ အလေးချိန် ရှိတဲ့ ၅ထပ်တိုင်ခန်းတွဲကြီးတစ်ခုကတော့ သူတို့ဖောက်လုပ်တဲ့ လမ်းမကျယ်ကြီးတစ်ခုရဲ့ အလယ်မှာ ဆိုးရွားစွာပိတ်လျှက်ရှိနေပါတယ်။ ပုံမှန်ဆိုရင်တော့ အဆောက်အအုံကိုဖျက်ပစ်ရမှာဖြစ်ပေမယ့် အဆောက်အအုံက ကြီးမားတာကြောင့် ပြန်လည်တည်ဆောက်ရင် စရိတ်အဆပေါင်းများစွာကုန်ကျမှာပါ။ ဒါ့အပြင် အဲဒီအဆောက်အအုံမှာနေထိုင်တဲ့ မိသားစုပေါင်းများစွာလည်း နေစရာမရှိဖြစ်သွားမှာဖြစ်တဲ့အတွက် အင်ဂျင်နီယာအဖွဲ့ဟာအကောင်းဆုံးနည်းလမ်းကို ရှာကြပါတယ်။ ဒီနည်းလမ်းကတော့အဆောက်အအုံကြီးတစ်ခုလုံးကို လွတ်တဲ့နေရာဆီရွှေ့ပစ်ဖို့ပါ။ အဲဒီအချိန်က ရိုမေးနီးယားနေရာတော်တော်များများမှာ အိမ်အလုံးလိုက်ရွှေ့တာက ခေတ်စားနေတဲ့အချိန်ဖြစ်ပါတယ်။ တစ်ခုလုံးရွှေ့တာထက်စာရင် နှစ်ခုခွဲရွှေ့ရင်ပိုအဆင်ပြေမယ်လို့ တွက်ချက်ခဲ့ကြပြီး အဆောက်အအုံကို အလယ်တည့်တည့်ကနေ နှစ်ခြမ်းခွဲလိုက်ပါတယ်။

ပထမဆုံးအဆောက်အအုံရဲ့ အောက်ခြေအထိတူးကြပြီး ဟိုက်ဒရောလစ်စနစ်ကို အသုံးပြုပြီး အေဆောက်အအုံကို ထိမ်းထားပါတယ်။ ပြီးတဲ့အခါ ၃၃ ဒီဂရီစောင်းကာ တည်ဆောက်ထားတဲ့ရထားသံလမ်း နဲ့ ဘီးတွေကို အဆောက်အအုံအောက်ကို သွင်းပြီး အဆောက်အအုံတစ်ခြမ်းစီကို တစ်ဖက်စီရွေ့လျားစေပါတယ်။ screw jack တွေကိုသုံးတဲ့ ဟိုက်ဒရောလစ်နည်းပညာဟာ အဲဒီတုန်းက အလွန်ရေပန်းစားတဲ့နည်းပညာဖြစ်ခဲ့ပါတယ်။ အဲဒီနောက်တော့ အဆောက်အအုံတစ်ခြမ်းစီကို လမ်းကျယ်နဲ့လွတ်အောင် ပေ၁၈ဝခန့်အထိ ရွှေ့ပစ်နိုင်ခဲ့ကြပါတယ်။ ဒီလိုရွှေ့တဲ့အချိန်မှာ ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်စေရဘူးဆိုတဲ့ အာမခံချက်နဲ့ အဆောက်အအုံမှာနေထိုင်သူအားလုံးကို ပုံမှန်အတိုင်းနေစေပြီး ရွှေ့ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအဆောက်အအုံက တိုက်ခန်းတစ်ခုမှာနေတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် အဆောက်အအုံရွှေ့ချိန်မှာ ဖန်ခွက်တစ်ခွက်ထဲကို ရေအပြည့်ဖြည့်ပြီး စားပွဲပေါ်မှာတင်ကာ စမ်းသပ်ခဲ့ပါတယ်။ အဆောက်အအုံရွေ့ပြီးချိန်မှာ ဖန်ခွက်ထဲကရေတွေဟာ ဖိတ်ကျခြင်းမရှိတဲ့အထိ ရွှေ့လျားမှုညှင်သာခဲ့တယ် လို့ဆိုပါတယ်။ ဒီအတွေ့အကြုံရှိပြီးသူတွေဖြစ်တာကြောင့် ရွှေ့ခဲ့တဲ့ ကြာချိန်ဟာ ၅နာရီနဲ့ မိနစ် ၄၀ ပဲ ရှိပါတယ်။

အဲဒီနေ့ကတော့ ၁၉၈၇ခုနှစ် မေလ ၂၇ရက်နေ့ဖြစ်ပြီး ဦးဆောင်သူအင်ဂျင်နီယာကတော့ Eugen Iordăchescu ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့လုပ်သက်နှစ်ပေါင်း ၃ဝအတွင်း အဆောက်အအုံပေါင်းများစွာကို ဦးဆောင်ရွှေ့ခဲ့သူလည်းဖြစ်ပါတယ်။ ရွှေ့ပြီး အောက်ခြေဖောင်ဒေးရှင်းကို ပြန်လည်တည်ဆောက်ခဲ့တဲ့ ဒီအဆောက်အအုံဟာ နှစ်ပေါင်း ၃၀ကျော် ကြာမြင့်ခဲ့ပေမယ့် ယခုထက်တိုင် Alba Iulia မြို့မှာ အခိုင်အခန့်တည်ရှိနေပါသေးတယ်။

Leave a Reply