ကမာၻ႔အေသးဆုံးႏုိင္ငံ (သုိ႔) ဗာတီကန္စီးတီးအေၾကာင္း သိေကာင္းစရာ

Posted on

ဗာတီကန္စီးတီးႏုိင္ငံဟာ အခ်ဳပ္အျခာအာဏာပုိင္ႏုိင္ငံေတြထဲမွာ အေသးငယ္ဆုံးႏုိင္ငံျဖစ္ပါတယ္။ အီတလီႏုိင္ငံေရာမၿမဳိ႕အလယ္မွာ ရွိတဲ့ ကုန္းတြင္းပိတ္ႏုိင္ငံေလးျဖစ္ၿပီး အက်ယ္အ၀န္း ၁၁၀ဧက(၀.၁၇စတုရန္းမုိင္) သာ ရွိပါတယ္။ ၿမဳိ႕ေတာ္ႏွင့္ႏုိင္ငံမွာ အတူတူျဖစ္ၿပီး အၿမဲတမ္းေန လူဦးေရ ၈၀၀ေက်ာ္သာ ရွိေပမယ့္ ႏွစ္စဥ္လာေရာက္လည္ပတ္တဲ့သူက ၈သန္းေက်ာ္ရွိပါတယ္။

ကက္သလစ္ ခရစ္ယာန္ဘာသာဝင္ ေတြရဲ႕ အေလးထားဖြယ္ စာၾကည့္တုိက္ ၊ အေဆာက္အဦးေတြနဲ႔ ေရွးေဟာင္းျပတုိက္ေတြရွိပါတယ္။ အေဆာက္အဦးအမ်ားစုဟာ ေရွး ရုိမန္ဗိသုကာလက္ရာေတြသာ ျဖစ္ပါတယ္။ ခရစ္ေတာ္ရဲ႕ သာ၀ကဆယ့္ႏွစ္ဦးထဲက တစ္ဦးျဖစ္တဲ့ St. Peter ကုိ ျမဳပ္ႏွံထားတယ္လုိ႔ယုံၾကည္ရတဲ့ ကမာၻ႔အႀကီးဆုံး ခရစ္ယာန္ဘုရားရွိခုိးေက်ာင္း St. Peter’s Basilica လည္းရွိပါတယ္။ အံမခန္းတဲ့ ေရွး ဗိသုကာလက္ရာေတြနဲ႔ ပန္းခ်ီအႏုပညာေတြ တစုတစည္းတည္းရွိရာေနရာလည္းျဖစ္ပါတယ္။ ကမာၻေက်ာ္ ပန္းခ်ီ ဗိသုကာ အေက်ာ္အေမာ္ႀကီးေတြျဖစ္တဲ့ မုိက္ကယ္အိန္ဂ်လုိ နဲ႔ Raphael တုိ႔ ရဲ႕ ဂႏၶ၀င္အႏုပညာလက္ရာေတြနဲ႔ ျပည့္ေနတဲ့ေနရာဆုိရင္လည္း မမွားပါဘူး။

ပုပ္ရဟန္းမင္းႀကီးအုပ္ခ်ဳပ္တဲ့ႏုိင္ငံျဖစ္ၿပီး စစ္တပ္ကုိေတာ့ ဆြစ္ဇာလန္လုံၿခဳံေရးတပ္မ်ားက တာ၀န္ယူထားပါတယ္။ လုံၿခဳံေရးတပ္ဆုိေပမယ့္လုိ႔ အဖြဲ႔၀င္ ၁၃၅ေယာက္သာ ရွိပါတယ္။ ရုိမန္ကတ္သလစ္ဘာသာ၀င္တုိ႔ရဲ႕ အထြတ္အျမတ္ထားရာေနတစ္ခုလည္းျဖစ္ပါတယ္။ Pope Francis က အႀကီးအကဲျဖစ္ၿပီး အျခားရာထူးအဆင့္ဆင့္ကုိလည္း ႏုိင္ငံအသီးသီးက ခရစ္ယာန္ရဟန္းေတာ္မ်ားက တာ၀န္ယူထားပါတယ္။ ရုံးသုံးဘာသာစကားမွာ အီတလီျဖစ္ၿပီး ကုိယ္ပုိင္တယ္လီဖုန္းလုိင္းမ်ား ၊ ရုပ္ျမင္သံၾကားဌာနမ်ားရွိၿပီး ဗာတီကန္ဥယ်ာဥ္ထဲမွာ ရွိတဲ့ ဗာတီကန္ေရဒီယုိဌာနကေန ဘာသာစကား ၂၀ နဲ႔ ကမာၻကိုထုတ္လႊင့္လွ်က္ရွွိပါတယ္။ ဗာတီကန္ဘဏ္လည္းရွိၿပီးေတာ့ ATM ေငြထုတ္စက္ေတြမွာေတာ့ လက္တင္ဘာသာစကားကို အသုံးျပဳထားပါတယ္။ ရဲအရာရွိေတြ ၊ အလုပ္သမားေတြ ၊ လုံၿခဳံေရးအဖြဲ႔၀င္ေတြနဲ႔ဖြဲ႔စည္းထားတဲ့ ကုိယ္ပုိင္ေဘာလုံးအသင္းလည္းရွိပါတယ္။ မီတာ ၃၀၀ သာရွည္တဲ့ အတိုဆုံးရထားလမ္းလည္းရွိပါေသးတယ္။ ဒီရထားလမ္းကိုေတာ့ သြင္းကုန္ထုတ္ကုန္ ၊ အခမ္းအနားပစၥည္း စတဲ့ကုန္ေတြကိုသယ္ဖုိ႔အတြက္သာ အသုံးျပဳပါတယ္။

အီတလီနဲ႔ဆက္ထားတဲ့ ၿမဳိ႕ေတာ္နယ္နမိတ္တံခါးကုိ ေန႔အခါဖြင့္ထားၿပီး ညအခါမွာေတာ့ ပိတ္ထားေလ့ရွိပါတယ္။ ႏုိင္ငံရဲ႕ အဓိက၀င္ေငြကုိ ခရီးသြားလုပ္ငန္း ၊ ေရာင္းခ်တဲ့အမွတ္တရပစၥည္းမ်ား နဲ႔ ဘုရားေက်ာင္းျပတုိက္မ်ား ၀င္ေၾကေတြကေန ရရွိပါတယ္။ အီတလီလူမ်ဳိးေတြေဆာင္ရတဲ့ အခြန္ရဲ႕ ၈% ကုိ ဗာတီကန္ကုိ လွဴဖုိ႔လည္း ခြင့္ျပဳထားပါတယ္။ UNESCO ကမာၻ႔အေမြအႏွစ္စာရင္း၀င္ ႏုိင္ငံတစ္ႏုိင္ငံလည္းျဖစ္တဲ့ ဗာတီကန္စီးတီးဟာ အစပထမက အီတလီႏုိင္ငံမွာ ပါ၀င္ခဲ့ၿပီး ၁၉၂၉ ေဖေဖာ္၀ါရီလမွာ ခြဲထြက္ၿပီး ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရ ႏုိင္ငံျဖစ္လာခဲ့ပါတယ္။

VIDEO


ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့) ဗာတီကန်စီးတီးအကြောင်း သိကောင်းစရာ (unicode)

ဗာတီကန်စီးတီးနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေထဲမှာ အသေးငယ်ဆုံးနိုင်ငံဖြစ်ပါတယ်။ အီတလီနိုင်ငံရောမမြို့အလယ်မှာ ရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံလေးဖြစ်ပြီး အကျယ်အဝန်း ၁၁၀ဧက(၀.၁၇စတုရန်းမိုင်) သာ ရှိပါတယ်။ မြို့တော်နှင့်နိုင်ငံမှာ အတူတူဖြစ်ပြီး အမြဲတမ်းနေ လူဦးရေ ၈၀၀ကျော်သာ ရှိပေမယ့် နှစ်စဉ်လာရောက်လည်ပတ်တဲ့သူက ၈သန်းကျော်ရှိပါတယ်။

ကက်သလစ် ခရစ်ယာန်ဘာသာဝင် တွေရဲ့ အလေးထားဖွယ် စာကြည့်တိုက် ၊ အဆောက်အဦးတွေနဲ့ ရှေးဟောင်းပြတိုက်တွေရှိပါတယ်။ အဆောက်အဦးအများစုဟာ ရှေး ရိုမန်ဗိသုကာလက်ရာတွေသာ ဖြစ်ပါတယ်။ ခရစ်တော်ရဲ့ သာဝကဆယ့်နှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ St. Peter ကို မြုပ်နှံထားတယ်လို့ယုံကြည်ရတဲ့ ကမ္ဘာ့အကြီးဆုံး ခရစ်ယာန်ဘုရားရှိခိုးကျောင်း St. Peter’s Basilica လည်းရှိပါတယ်။ အံမခန်းတဲ့ ရှေး ဗိသုကာလက်ရာတွေနဲ့ ပန်းချီအနုပညာတွေ တစုတစည်းတည်းရှိရာနေရာလည်းဖြစ်ပါတယ်။ ကမ္ဘာကျော် ပန်းချီ ဗိသုကာ အကျော်အမော်ကြီးတွေဖြစ်တဲ့ မိုက်ကယ်အိန်ဂျလို နဲ့ Raphael တို့ ရဲ့ ဂန္ဓဝင်အနုပညာလက်ရာတွေနဲ့ ပြည့်နေတဲ့နေရာဆိုရင်လည်း မမှားပါဘူး။

ပုပ်ရဟန်းမင်းကြီးအုပ်ချုပ်တဲ့နိုင်ငံဖြစ်ပြီး စစ်တပ်ကိုတော့ ဆွစ်ဇာလန်လုံခြုံရေးတပ်များက တာဝန်ယူထားပါတယ်။ လုံခြုံရေးတပ်ဆိုပေမယ့်လို့ အဖွဲ့ဝင် ၁၃၅ယောက်သာ ရှိပါတယ်။ ရိုမန်ကတ်သလစ်ဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာနေတစ်ခုလည်းဖြစ်ပါတယ်။ Pope Francis က အကြီးအကဲဖြစ်ပြီး အခြားရာထူးအဆင့်ဆင့်ကိုလည်း နိုင်ငံအသီးသီးက ခရစ်ယာန်ရဟန်းတော်များက တာဝန်ယူထားပါတယ်။ ရုံးသုံးဘာသာစကားမှာ အီတလီဖြစ်ပြီး ကိုယ်ပိုင်တယ်လီဖုန်းလိုင်းများ ၊ ရုပ်မြင်သံကြားဌာနများရှိပြီး ဗာတီကန်ဥယျာဉ်ထဲမှာ ရှိတဲ့ ဗာတီကန်ရေဒီယိုဌာနကနေ ဘာသာစကား ၂၀ နဲ့ ကမ္ဘာကိုထုတ်လွှင့်လျှက်ရှိပါတယ်။ ဗာတီကန်ဘဏ်လည်းရှိပြီးတော့ ATM ငွေထုတ်စက်တွေမှာတော့ လက်တင်ဘာသာစကားကို အသုံးပြုထားပါတယ်။ ရဲအရာရှိတွေ ၊ အလုပ်သမားတွေ ၊ လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ဖွဲ့စည်းထားတဲ့ ကိုယ်ပိုင်ဘောလုံးအသင်းလည်းရှိပါတယ်။ မီတာ ၃၀၀ သာရှည်တဲ့ အတိုဆုံးရထားလမ်းလည်းရှိပါသေးတယ်။ ဒီရထားလမ်းကိုတော့ သွင်းကုန်ထုတ်ကုန် ၊ အခမ်းအနားပစ္စည်း စတဲ့ကုန်တွေကိုသယ်ဖို့အတွက်သာ အသုံးပြုပါတယ်။

အီတလီနဲ့ဆက်ထားတဲ့ မြို့တော်နယ်နမိတ်တံခါးကို နေ့အခါဖွင့်ထားပြီး ညအခါမှာတော့ ပိတ်ထားလေ့ရှိပါတယ်။ နိုင်ငံရဲ့ အဓိကဝင်ငွေကို ခရီးသွားလုပ်ငန်း ၊ ရောင်းချတဲ့အမှတ်တရပစ္စည်းများ နဲ့ ဘုရားကျောင်းပြတိုက်များ ဝင်ကြေတွေကနေ ရရှိပါတယ်။ အီတလီလူမျိုးတွေဆောင်ရတဲ့ အခွန်ရဲ့ ၈% ကို ဗာတီကန်ကို လှူဖို့လည်း ခွင့်ပြုထားပါတယ်။ UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နိုင်ငံတစ်နိုင်ငံလည်းဖြစ်တဲ့ ဗာတီကန်စီးတီးဟာ အစပထမက အီတလီနိုင်ငံမှာ ပါဝင်ခဲ့ပြီး ၁၉၂၉ ဖေဖော်ဝါရီလမှာ ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံဖြစ်လာခဲ့ပါတယ်။

Leave a Reply