ေလးႀကိမ္ဆက္အေရြးခံရတဲ့ တစ္ဦးတည္းေသာ အေမရိကန္ သမၼတ (သုိ႔) ဖရန္ကလင္ဒီရူစဗဲ့

Posted on

ငယ္စဥ္ကတည္းက ေျခမသန္စြမ္းခဲ့ေသာ သူ႔အား တြန္းလွည္းေပၚတြင္ ထိုင္ေနေသာ ပဲ့ကိုင္သူ အျဖင့္လည္း တင္စားေခၚေ၀ၚၾကသည္။ ဖရန္ကလင္ ဒီလာႏို ႐ုဇဗဲ့ သည္ ၃၂ ဆက္ေျမာက္ အေမရိကန္ျပည္ေထာင္စု သမၼတျဖစ္သည္။ အေမရိကန္သမၼတ သည္ ႏွစ္ႀကိမ္ထက္ပို၍ အေ႐ြးမခံရဟူေသာ အစဥ္အလာ တစ္ရပ္ ရွိေသာ္လည္း ႐ုဇဗဲ့သည္ သမၼတအျဖစ္ ေလးႀကိမ္ တိုင္တိုင္ အေ႐ြးခံရသျဖင့္ သက္တမ္း အရွည္ဆုံး သမၼတ ျဖစ္ေပသည္။ ႐ုဇဗဲ့သည္ အေမရိကန္ႏိုင္ငံတြင္ အလြန္ဆိုး႐ြား ေသာ စီးပြားေရးညံ့ဖ်င္းမႈ ကပ္ဆိုက္ေရာက္ေနခ်ိန္၌၎၊ ဒုတိယကမၻာစစ္ႀကီး ျဖစ္ပြားေနခ်ိန္၌၎ ႏိုင္ငံကို ေခါင္းေဆာင္ခဲ့ရသူ ျဖစ္သည္။ စီးပြားေရး နာလွန္ထူႏိုင္ရန္ ႐ုဇဗဲ့ ခ်မွတ္ေသာ စီမံကိန္းမ်ား၌ သေဘာကြဲလြဲမႈ ရွိသည့္နည္းတူ ႏိုင္ငံျခားေရးဝါဒ၌လည္း သေဘာကြဲလြဲမႈ ရွိေလသည္။ သို႔ရာ တြင္ သမၼတ႐ုဇဗဲ့သည္ ထူးခၽြန္ေသာ ႏိုင္ငံေခါင္းေဆာင္ ျဖစ္ သည္ကိုကား အမ်ားက လက္ခံၾကသည္။

ဖရန္ကလင္ ႐ုဇဗဲ့သည္ ၁၈၈၂ ခုႏွစ္ ဇန္နဝါရီလ ၃ဝ ရက္ေန႔တြင္ နယူးေယာက္ၿမိဳ႕၊ ဟိုက္ပတ္၌ ဖြားျမင္၍၊ မိဘမ်ား ျဖစ္ေသာ ဆာရာႏွင့္ ဂ်ိမ္း႐ုဇဗဲ့တို႔၏ တစ္ဦးတည္းေသာသား ျဖစ္၏။ ၂၆ ဆက္ေျမာက္ အေမရိကန္သမၼတ သီအိုဒို ႐ုဇဗဲ့ႏွင့္ ညီအစ္ကိုဝမ္းကြဲ ေတာ္စပ္သည္။ ငယ္စဥ္က ဂေရာ့တန္ေက်ာင္းတြင္ ပညာသင္ၾကားၿပီးေနာက္ ဟားဗတ္တကၠသိုလ္မွ ၁၉ဝ၄ ခုႏွစ္၌ ဘြဲ႕ရခဲ့သည္။ ထိုေနာက္ ကိုလမ္ဘီယာ တကၠသိုလ္တြင္ ဥပေဒပညာကို ဆက္လက္သင္ၾကားသည္။

နယူးေယာက္ၿမိဳ႕၌ ေရွ႕ေနလိုက္ေနစဥ္ နယူးေယာက္ျပည္နယ္ ဆီးနိတ္လႊတ္ေတာ္သို႔ တက္ရန္ ဒီမိုကရက္တစ္ပါတီ၏ တိုက္တြန္းခ်က္အရ ၁၉၁ဝ ျပည့္ႏွစ္တြင္ အေ႐ြးခံရာ အႏိုင္ ရရွိေလသည္။ ထိုျပည္နယ္ ဆီးနိတ္လႊတ္ေတာ္မွာ ရီပတ္ဗလစ္ကင္ ပါတီဝင္တို႔ ႀကီးစိုးရာဌာန ျဖစ္သည္။ သို႔ရာတြင္ ထို ျပည္နယ္လူထုက ႐ုစဗဲ့ကို ႏိုင္ငံေရးေခါင္းေဆာင္အျဖစ္ ၾကည္ ၫိုလာၾကေသာေၾကာင့္ သမၼတအျဖစ္ အေ႐ြးခံရမည့္ ဝုဒ႐ိုဝီ လဆန္အတြက္ စည္း႐ုံးေရးတာဝန္ ေပးအပ္ျခင္းခံရေလသည္။ ဝီလဆန္ သမၼတျဖစ္လာေသာအခါ ႐ူးဇဗဲ့ကို ေရတပ္ဆိုင္ရာ လက္ေထာက္အတြင္းဝန္ ခန္႔၏။

႐ုဇဗဲ့သည္ အေမရိကန္ေရတပ္စခန္းမ်ားကို အသစ္ျပဳျပင္ လိုက္သျဖင့္ ပထမကမၻာစစ္ ျဖစ္ပြားလာခ်ိန္တြင္ အေမရိကန္ ေရတပ္သည္ ယခင္ကထက္ အင္အားေတာင့္လ်က္ ရွိေနခဲ့ သည္။ ဒီမိုကရက္တစ္ပါတီကလည္း ႐ုဇဗဲ့အား ဒုတိယသမၼတ ရာထူးအတြက္ အေ႐ြးခံရန္ ေ႐ြးခ်ယ္ခဲ့သည္။ သို႔ရာတြင္ ၁၉၂၁ ခုႏွစ္၌ သြက္ခ်ာပါဒေရာဂါျဖစ္၍ လမ္းမေလၽွာက္ႏိုင္ေခ်။ ထိုကဲ့ သို႔ေသာ အျဖစ္ဆိုးႏွင့္ ႀကဳံရေသာ္လည္း ႐ုဇဗဲ့သည္ စိတ္ မပ်က္ အားမေလ်ာ့ဘဲ ေဂ်ာ္ဂ်ီယာျပည္နယ္ရွိ ေရပူစမ္းတြင္ ေရကူး၍ ေျခေထာက္မ်ား သန္စြမ္းလာေအာင္ ႀကိဳးစားေလ သည္။ ဆင္းရဲႏြမ္းပါးေသာ သြက္ခ်ာပါဒ ေရာဂါသည္မ်ား၏ အက်ိဳးအတြက္ ထိုေရပူစမ္းကို အၿပီးအပိုင္ ဝယ္ယူသည္။

၁၉၂၄ ခုႏွစ္တြင္ ႏိုင္ငံေရးထဲသို႔ ျပန္ဝင္ၿပီးေနာက္ ၁၉၂၈ ခုႏွစ္၌ နယူးေယာက္ျပည္နယ္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးအျဖစ္ ေ႐ြးခ်ယ္ျခင္း ခံရသည္။ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး အျဖစ္ႏွင့္ အက်ဥ္းေထာင္ျပဳျပင္ေရး၊သက္ႀကီး ပင္စင္စံနစ္၊ အလုပ္လက္မဲ့ ေထာက္ပံ့ေရး၊ လယ္သမားမ်ား သက္သာေခ်ာင္ခ်ိေရး အစရွိေသာ လူထုအက်ိဳးျပဳလုပ္ငန္းမ်ားကို ေဆာင္႐ြက္ခဲ့သည္။ ၁၉၃ဝ ျပည့္ႏွစ္တြင္ နယူးေယာက္ျပည္နယ္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး အျဖစ္ တစ္ဖန္ အေ႐ြးခံရ၏။ ႐ုဇဗဲ့၏ ႏိုင္ငံေရး ေဆာင္႐ြက္ခ်က္မ်ားကို အေမရိကန္ျပည္နယ္အမ်ားက ေထာက္ခံၾကသည္။ ဒီမိုကရက္တစ္ပါတီတြင္း၌လည္း သူ၏ သမစိတၱ အယူအဆမ်ားေၾကာင့္ နာမည္ထင္ရွားလာသည္။ သို႔ျဖစ္၍ ၁၉၃၂ ခုႏွစ္၌ သမၼတရာထူးအတြက္ သမၼတေဟာင္း ဟားဗတ္ဟူးဗားႏွင့္ ယွဥ္ၿပိဳင္အေ႐ြးခံရာတြင္ ႐ုဇဗဲ့ အေ႐ြးခံရ ေလသည္။

႐ုဇဗဲ့ သမၼတျဖစ္လာသည့္အခ်ိန္တြင္ အေမရိကန္ႏိုင္ငံ သည္ ကမၻာ့စီးပြားပ်က္ကပ္ႀကီးႏွင့္ ရင္ဆိုင္ေနရ သည္။ မဲဆြယ္တရား လွည့္ေဟာစဥ္က ထိုကပ္ဆိုးႀကီးမွ လြတ္ေျမာက္ေအာင္ ေဆာင္႐ြက္မည္ ျဖစ္သည္သာမက ေနာင္အခါ၌ လည္း ယင္းကဲ့သို႔ေသာ ေဘးအႏၲရာယ္ မေတြ႕ႀကဳံၾကေစရန္ စီးပြားေရး အကာအကြယ္မ်ားကို စီမံေပးမည္ဟူ၍ ကတိေပးခဲ့ ေလသည္။ ထိုေၾကာင့္ သမၼတ႐ုဇဗဲ့သည္ နယူးဒီးဟု အမည္တြင္သည့္ စီမံကိန္းျဖင့္ ဘဏ္တိုက္မ်ား အေျခခိုင္ၿမဲ တည္တံ့ေရး၊ အလုပ္လက္မဲ့မ်ားကို ေထာက္ပံ့ေရး၊ ပုဂၢလိကပိုင္ ပစၥည္းကို ကာကြယ္ေရးအျပင္ စက္မႈလက္မႈလုပ္ငန္း၊ စိုက္ပ်ိဳး ေရးလုပ္ငန္း၊ အိမ္ယာေဆာက္လုပ္ေရးလုပ္ငန္းႏွင့္ သယ္ယူ ပို႔ေဆာင္ေရး လုပ္ငန္းတို႔တြင္ အစိုးရႏွင့္ ဖက္စပ္ေဆာင္႐ြက္ ျခင္းအားျဖင့္ စီမံကိန္းျပဳ၊ ႀကိဳးကိုင္ထားသည့္ စီးပြားေရးစံနစ္ ကို စီစဥ္ခဲ့ေလသည္။ သမၼတ႐ုဇဗဲ့ စီမံကိန္း၏ အေျခခံသေဘာ မွာ အစိုးရႏွင့္ လူထုဆက္ဆံေရး မွန္ကန္မႈပင္ ျဖစ္၏။ ထိုေၾကာင့္ ႏိုင္ငံအစိုးရသည္ လူထုအက်ိဳးကို ျပဳစုရန္ တည္ရွိ သည္ျဖစ္၍၊ ထိုရည္႐ြယ္ခ်က္သို႔ ေရာက္ေအာင္ လိုအပ္သလို ေဆာင္႐ြက္ေပးရမည္ဟု ဆိုလိုသည္။

လူထုသည္ သမၼတ႐ုဇဗဲ့၏ စီမံကိန္းကို ႏွစ္သက္ ေထာက္ခံသည့္အေနျဖင့္ ၁၉၃၆ ခုႏွစ္တြင္ သမၼတအျဖစ္ ဒုတိယအႀကိမ္ ေ႐ြးေကာက္ တင္ေျမႇာက္ၾကေလသည္။ သူႏွင့္ ယွဥ္ၿပိဳင္အေ႐ြးခံဘက္ကို မဲအျပတ္အသတ္ျဖင့္ အႏိုင္ရသည္။၁၉၃၈ ခုႏွစ္တြင္ ဥေရာပတိုက္၌ စစ္ျဖစ္ပြားမည့္ အေျခ အေနကို ရိပ္စားမိေသာ သမၼတ႐ုဇဗဲ့သည္ အေမရိကန္ႏိုင္ငံ ကုန္းတပ္ႏွင့္ ေရတပ္ကို အင္အားေတာင့္တင္းေအာင္ စီမံခန္႔ခြဲ ေလသည္။ ၁၉၃၉ ခုႏွစ္တြင္ ဥေရာပတိုက္၌ စစ္ျဖစ္ပြားေသာ အခါ ကြန္ဂရက္လႊတ္ေတာ္က စစ္ထဲသို႔ မဝင္လိုသျဖင့္ ၾကား ေနေရးဝါဒကို အက္ဥပေဒမ်ားျဖင့္ ျပ႒ာန္းအတည္ျပဳခဲ့သည္။ သမၼတကိုယ္တိုင္ကမူ ဝင္႐ိုးတန္းႏိုင္ငံမ်ားႏွင့္ စစ္ၿပိဳင္ေနေသာ ႏိုင္ငံမ်ားကို အေထာက္အပံ့ေပးသင့္သည္ဟု ယုံၾကည္ခဲ့၏။

၁၉၄ဝ ျပည့္ႏွစ္တြင္ ဒီမိုကရက္တစ္ပါတီသည္ အစဥ္ အလာကို ဖ်က္၍ ႐ုဇဗဲ့ကိုပင္ သမၼတအျဖစ္ အေ႐ြးခံေစသည္။ ႐ုဇဗဲ့လည္း သမၼတအျဖစ္ တတိယအႀကိမ္ ေ႐ြးေကာက္တင္ ေျမႇာက္ျခင္း ခံရျပန္သည္။ ထိုအခ်ိန္တြင္ ဥေရာပတိုက္ စစ္ အႏၲရာယ္မွာ ႀကီးမားလာၿပီျဖစ္ရာ အေမရိကန္ႏိုင္ငံကလည္း စစ္ျပင္ရေလေတာ့သည္။ အေမရိကန္အစိုးရႏွင့္ ၿဗိတိသၽွအစိုးရ တို႔ အျပန္အလွန္ ကူညီသည့္သေဘာျဖင့္ ၿဗိတိသၽွတို႔က မိမိ တို႔၏ စစ္စခန္းမ်ားကို အေမရိကန္သို႔ ႏွစ္ရွည္ အငွားစာခ်ဳပ္ ျဖင့္ ေပးအပ္၏။ အေမရိကန္အစိုးရက လက္နက္ခဲယမ္း မီးေက်ာက္ႏွင့္ ဖ်က္သေဘၤာေဟာင္းအစင္း ၅ဝ ကို ၿဗိတိသၽွတို႔ အား ေပး၏။ ထိုျပင္ သမၼတ႐ုဇဗဲ့သည္ ေခ်း-ငွား စာခ်ဳပ္ျဖင့္ ၿဗိတိသၽွႏွင့္ ယင္း၏မဟာမိတ္ႏိုင္ငံတို႔အား စစ္ပစၥည္းအေထာက္ အပံ့ကို ေပးေလသည္။ ၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ ၇ ရက္ေန႔တြင္ ဂ်ပန္ေလတပ္ သည္ ဟာဝိုင္ယီကၽြန္း၊ ပုလဲဆိပ္ကမ္းရွိ အေမရိကန္ေရတပ္စခန္းကို ႐ုတ္တရက္ တိုက္ခိုက္သျဖင့္ အေမရိကန္ႏိုင္ငံလည္း စစ္ထဲသို႔ ပါဝင္တိုက္ခိုက္ေလသည္။ သမၼတ႐ုဇဗဲ့သည္ စစ္ေအာင္ႏိုင္ေရးအတြက္ အစြမ္းကုန္ ႀကိဳး စား၏။ ၿဗိတိသၽွ ဝန္ႀကီးခ်ဳပ္ ဝင္စတန္ ခ်ာခ်ီႏွင့္၎၊ ႐ုရွေခါင္းေဆာင္ စတာလင္ႏွင့္၎ စစ္ပရိယာယ္ႏွင့္ စပ္လ်ဥ္း၍ အႀကိမ္ႀကိမ္ ေတြ႕ဆုံေဆြးေႏြးခဲ့သည္။

၁၉၄၄ ခုႏွစ္ ဇြန္လတြင္ မဟာမိတ္စစ္တပ္မ်ားသည္ ဥေရာပတိုက္ ေနာ္မန္ဒီကမ္းေျခေပၚသို႔ တက္မိၾကေလသည္။ ထိုႏွစ္၌ သမၼတသက္တမ္း ကုန္ဆုံးေသာ္လည္း ႐ုဇဗဲ့သည္ စစ္ပြဲကို အၿပီးတိုင္ ကြပ္ကဲလိုသျဖင့္ သမၼတအျဖစ္ ထပ္မံ အေ႐ြးခံရာ စတုတၳအႀကိမ္ ေ႐ြးေကာက္တင္ေျမႇာက္ျခင္း ခံရေလသည္။ ၁၉၄၅ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ သမၼတ ႐ုဇဗဲ့သည္ က႐ိုင္းမီးယား ကၽြန္းဆြယ္ရွိ ေယာ္လကာၿမိဳ႕၌ ဝင္စတန္ခ်ာခ်ီ၊ စတာလင္တို႔ႏွင့္ ေတြ႕ဆုံျပန္၍ ေနာင္တြင္ ကမၻာ့ကုလသမဂၢဟု အမည္ထင္ရွားေသာ အျပည္ျပည္ဆိုင္ရာ အဖြဲ႕ အစည္းတစ္ခု ဖြဲ႕စည္းေရးအတြက္ အစပ်ိဳးခဲ့ေလသည္။ ထိုအခ်ိန္တြင္ သမၼတ႐ုဇဗဲ့၊ ၿဗိတိသၽွဝန္ႀကီးခ်ဳပ္ခ်ာခ်ီႏွင့္ ႐ုရွေခါင္းေဆာင္ႀကီး စတာလင္တို႔ကို ႀကီးသုံးႀကီးဟူ၍ ေခၚတြင္လ်က္ရွိသည္။

သမၼတရုဇဗဲ့သည္ မဟာမိတ္တပ္မ်ား ေအာင္ပြဲခံရခ်ိန္ကို မျမင္ရလိုက္ေခ်။ ေဂ်ာ္ဂ်ီယာျပည္နယ္၊ ေရပူစမ္းတြင္ ေခတၱ အနားယူေနစဥ္ ၁၉၄၅ ခုႏွစ္ ဧၿပီလ ၁၂ ရက္ေန႔၌ အနိစၥ ေရာက္ေလသည္။ ဒုတိယသမၼတ ဟယ္ရီ ထ႐ူးမန္းက ထိုေန႔ ၌ပင္ သမၼတရာထူးကို ဆက္ခံသည္။ သမၼတ႐ုဇဗဲ့၏ လြတ္လပ္မႈေလးခ်က္သည္၎၊ ၿဗိတိသၽွဝန္ႀကီးခ်ဳပ္ႏွင့္ ပူးတြဲ ေၾကျငာခဲ့ေသာ အတၱလႏၲိတ္ခ်ာတာသည္၎ လြတ္လပ္ ေသာ ႏိုင္ငံတို႔၏ ရည္မွန္းခ်က္ပန္းတိုင္မ်ား ျဖစ္ၾကေပသည္။

Myanmar Wikipedia


လေးကြိမ်ဆက်အရွေးခံရတဲ့ တစ်ဦးတည်းသော အမေရိကန် သမ္မတ (သို့) ဖရန်ကလင်ဒီရူစဗဲ့ (unicode)

ငယ်စဉ်ကတည်းက ခြေမသန်စွမ်းခဲ့သော သူ့အား တွန်းလှည်းပေါ်တွင် ထိုင်နေသော ပဲ့ကိုင်သူ အဖြင့်လည်း တင်စားခေါ်ဝေါ်ကြသည်။
ဖရန်ကလင် ဒီလာနို ရုဇဗဲ့ သည် ၃၂ ဆက်မြောက် အမေရိကန်ပြည်ထောင်စု သမ္မတဖြစ်သည်။ အမေရိကန်သမ္မတ သည် နှစ်ကြိမ်ထက်ပို၍ အရွေးမခံရဟူသော အစဉ်အလာ တစ်ရပ် ရှိသော်လည်း ရုဇဗဲ့သည် သမ္မတအဖြစ် လေးကြိမ် တိုင်တိုင် အရွေးခံရသဖြင့် သက်တမ်း အရှည်ဆုံး သမ္မတ ဖြစ်ပေသည်။ ရုဇဗဲ့သည် အမေရိကန်နိုင်ငံတွင် အလွန်ဆိုးရွား သော စီးပွားရေးညံ့ဖျင်းမှု ကပ်ဆိုက်ရောက်နေချိန်၌၎င်း၊ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေချိန်၌၎င်း နိုင်ငံကို ခေါင်းဆောင်ခဲ့ရသူ ဖြစ်သည်။ စီးပွားရေး နာလှန်ထူနိုင်ရန် ရုဇဗဲ့ ချမှတ်သော စီမံကိန်းများ၌ သဘောကွဲလွဲမှု ရှိသည့်နည်းတူ နိုင်ငံခြားရေးဝါဒ၌လည်း သဘောကွဲလွဲမှု ရှိလေသည်။ သို့ရာ တွင် သမ္မတရုဇဗဲ့သည် ထူးချွန်သော နိုင်ငံခေါင်းဆောင် ဖြစ် သည်ကိုကား အများက လက်ခံကြသည်။

ဖရန်ကလင် ရုဇဗဲ့သည် ၁၈၈၂ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် နယူးယောက်မြို့၊ ဟိုက်ပတ်၌ ဖွားမြင်၍၊ မိဘများ ဖြစ်သော ဆာရာနှင့် ဂျိမ်းရုဇဗဲ့တို့၏ တစ်ဦးတည်းသောသား ဖြစ်၏။ ၂၆ ဆက်မြောက် အမေရိကန်သမ္မတ သီအိုဒို ရုဇဗဲ့နှင့် ညီအစ်ကိုဝမ်းကွဲ တော်စပ်သည်။ ငယ်စဉ်က ဂရော့တန်ကျောင်းတွင် ပညာသင်ကြားပြီးနောက် ဟားဗတ်တက္ကသိုလ်မှ ၁၉ဝ၄ ခုနှစ်၌ ဘွဲ့ရခဲ့သည်။ ထိုနောက် ကိုလမ်ဘီယာ တက္ကသိုလ်တွင် ဥပဒေပညာကို ဆက်လက်သင်ကြားသည်။

နယူးယောက်မြို့၌ ရှေ့နေလိုက်နေစဉ် နယူးယောက်ပြည်နယ် ဆီးနိတ်လွှတ်တော်သို့ တက်ရန် ဒီမိုကရက်တစ်ပါတီ၏ တိုက်တွန်းချက်အရ ၁၉၁ဝ ပြည့်နှစ်တွင် အရွေးခံရာ အနိုင် ရရှိလေသည်။ ထိုပြည်နယ် ဆီးနိတ်လွှတ်တော်မှာ ရီပတ်ဗလစ်ကင် ပါတီဝင်တို့ ကြီးစိုးရာဌာန ဖြစ်သည်။ သို့ရာတွင် ထို ပြည်နယ်လူထုက ရုစဗဲ့ကို နိုင်ငံရေးခေါင်းဆောင်အဖြစ် ကြည် ညိုလာကြသောကြောင့် သမ္မတအဖြစ် အရွေးခံရမည့် ဝုဒရိုဝီ လဆန်အတွက် စည်းရုံးရေးတာဝန် ပေးအပ်ခြင်းခံရလေသည်။ ဝီလဆန် သမ္မတဖြစ်လာသောအခါ ရူးဇဗဲ့ကို ရေတပ်ဆိုင်ရာ လက်ထောက်အတွင်းဝန် ခန့်၏။

ရုဇဗဲ့သည် အမေရိကန်ရေတပ်စခန်းများကို အသစ်ပြုပြင် လိုက်သဖြင့် ပထမကမ္ဘာစစ် ဖြစ်ပွားလာချိန်တွင် အမေရိကန် ရေတပ်သည် ယခင်ကထက် အင်အားတောင့်လျက် ရှိနေခဲ့ သည်။ ဒီမိုကရက်တစ်ပါတီကလည်း ရုဇဗဲ့အား ဒုတိယသမ္မတ ရာထူးအတွက် အရွေးခံရန် ရွေးချယ်ခဲ့သည်။ သို့ရာတွင် ၁၉၂၁ ခုနှစ်၌ သွက်ချာပါဒရောဂါဖြစ်၍ လမ်းမလျှောက်နိုင်ချေ။ ထိုကဲ့ သို့သော အဖြစ်ဆိုးနှင့် ကြုံရသော်လည်း ရုဇဗဲ့သည် စိတ် မပျက် အားမလျော့ဘဲ ဂျော်ဂျီယာပြည်နယ်ရှိ ရေပူစမ်းတွင် ရေကူး၍ ခြေထောက်များ သန်စွမ်းလာအောင် ကြိုးစားလေ သည်။ ဆင်းရဲနွမ်းပါးသော သွက်ချာပါဒ ရောဂါသည်များ၏ အကျိုးအတွက် ထိုရေပူစမ်းကို အပြီးအပိုင် ဝယ်ယူသည်။

၁၉၂၄ ခုနှစ်တွင် နိုင်ငံရေးထဲသို့ ပြန်ဝင်ပြီးနောက် ၁၉၂၈ ခုနှစ်၌ နယူးယောက်ပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခြင်း ခံရသည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ်နှင့် အကျဉ်းထောင်ပြုပြင်ရေး၊သက်ကြီး ပင်စင်စံနစ်၊ အလုပ်လက်မဲ့ ထောက်ပံ့ရေး၊ လယ်သမားများ သက်သာချောင်ချိရေး အစရှိသော လူထုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်တွင် နယူးယောက်ပြည်နယ် ပြည်နယ်အုပ်ချုပ်ရေးမှူး အဖြစ် တစ်ဖန် အရွေးခံရ၏။ ရုဇဗဲ့၏ နိုင်ငံရေး ဆောင်ရွက်ချက်များကို အမေရိကန်ပြည်နယ်အများက ထောက်ခံကြသည်။ ဒီမိုကရက်တစ်ပါတီတွင်း၌လည်း သူ၏ သမစိတ္တ အယူအဆများကြောင့် နာမည်ထင်ရှားလာသည်။ သို့ဖြစ်၍ ၁၉၃၂ ခုနှစ်၌ သမ္မတရာထူးအတွက် သမ္မတဟောင်း ဟားဗတ်ဟူးဗားနှင့် ယှဉ်ပြိုင်အရွေးခံရာတွင် ရုဇဗဲ့ အရွေးခံရ လေသည်။

ရုဇဗဲ့ သမ္မတဖြစ်လာသည့်အချိန်တွင် အမေရိကန်နိုင်ငံ သည် ကမ္ဘာ့စီးပွားပျက်ကပ်ကြီးနှင့် ရင်ဆိုင်နေရ သည်။ မဲဆွယ်တရား လှည့်ဟောစဉ်က ထိုကပ်ဆိုးကြီးမှ လွတ်မြောက်အောင် ဆောင်ရွက်မည် ဖြစ်သည်သာမက နောင်အခါ၌ လည်း ယင်းကဲ့သို့သော ဘေးအန္တရာယ် မတွေ့ကြုံကြစေရန် စီးပွားရေး အကာအကွယ်များကို စီမံပေးမည်ဟူ၍ ကတိပေးခဲ့ လေသည်။ ထိုကြောင့် သမ္မတရုဇဗဲ့သည် နယူးဒီးဟု အမည်တွင်သည့် စီမံကိန်းဖြင့် ဘဏ်တိုက်များ အခြေခိုင်မြဲ တည်တံ့ရေး၊ အလုပ်လက်မဲ့များကို ထောက်ပံ့ရေး၊ ပုဂ္ဂလိကပိုင် ပစ္စည်းကို ကာကွယ်ရေးအပြင် စက်မှုလက်မှုလုပ်ငန်း၊ စိုက်ပျိုး ရေးလုပ်ငန်း၊ အိမ်ယာဆောက်လုပ်ရေးလုပ်ငန်းနှင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတို့တွင် အစိုးရနှင့် ဖက်စပ်ဆောင်ရွက် ခြင်းအားဖြင့် စီမံကိန်းပြု၊ ကြိုးကိုင်ထားသည့် စီးပွားရေးစံနစ် ကို စီစဉ်ခဲ့လေသည်။ သမ္မတရုဇဗဲ့ စီမံကိန်း၏ အခြေခံသဘော မှာ အစိုးရနှင့် လူထုဆက်ဆံရေး မှန်ကန်မှုပင် ဖြစ်၏။ ထိုကြောင့် နိုင်ငံအစိုးရသည် လူထုအကျိုးကို ပြုစုရန် တည်ရှိ သည်ဖြစ်၍၊ ထိုရည်ရွယ်ချက်သို့ ရောက်အောင် လိုအပ်သလို ဆောင်ရွက်ပေးရမည်ဟု ဆိုလိုသည်။

လူထုသည် သမ္မတရုဇဗဲ့၏ စီမံကိန်းကို နှစ်သက် ထောက်ခံသည့်အနေဖြင့် ၁၉၃၆ ခုနှစ်တွင် သမ္မတအဖြစ် ဒုတိယအကြိမ် ရွေးကောက် တင်မြှောက်ကြလေသည်။ သူနှင့် ယှဉ်ပြိုင်အရွေးခံဘက်ကို မဲအပြတ်အသတ်ဖြင့် အနိုင်ရသည်။၁၉၃၈ ခုနှစ်တွင် ဥရောပတိုက်၌ စစ်ဖြစ်ပွားမည့် အခြေ အနေကို ရိပ်စားမိသော သမ္မတရုဇဗဲ့သည် အမေရိကန်နိုင်ငံ ကုန်းတပ်နှင့် ရေတပ်ကို အင်အားတောင့်တင်းအောင် စီမံခန့်ခွဲ လေသည်။ ၁၉၃၉ ခုနှစ်တွင် ဥရောပတိုက်၌ စစ်ဖြစ်ပွားသော အခါ ကွန်ဂရက်လွှတ်တော်က စစ်ထဲသို့ မဝင်လိုသဖြင့် ကြား နေရေးဝါဒကို အက်ဥပဒေများဖြင့် ပြဋ္ဌာန်းအတည်ပြုခဲ့သည်။ သမ္မတကိုယ်တိုင်ကမူ ဝင်ရိုးတန်းနိုင်ငံများနှင့် စစ်ပြိုင်နေသော နိုင်ငံများကို အထောက်အပံ့ပေးသင့်သည်ဟု ယုံကြည်ခဲ့၏။

၁၉၄ဝ ပြည့်နှစ်တွင် ဒီမိုကရက်တစ်ပါတီသည် အစဉ် အလာကို ဖျက်၍ ရုဇဗဲ့ကိုပင် သမ္မတအဖြစ် အရွေးခံစေသည်။ ရုဇဗဲ့လည်း သမ္မတအဖြစ် တတိယအကြိမ် ရွေးကောက်တင် မြှောက်ခြင်း ခံရပြန်သည်။ ထိုအချိန်တွင် ဥရောပတိုက် စစ် အန္တရာယ်မှာ ကြီးမားလာပြီဖြစ်ရာ အမေရိကန်နိုင်ငံကလည်း စစ်ပြင်ရလေတော့သည်။ အမေရိကန်အစိုးရနှင့် ဗြိတိသျှအစိုးရ တို့ အပြန်အလှန် ကူညီသည့်သဘောဖြင့် ဗြိတိသျှတို့က မိမိ တို့၏ စစ်စခန်းများကို အမေရိကန်သို့ နှစ်ရှည် အငှားစာချုပ် ဖြင့် ပေးအပ်၏။ အမေရိကန်အစိုးရက လက်နက်ခဲယမ်း မီးကျောက်နှင့် ဖျက်သင်္ဘောဟောင်းအစင်း ၅ဝ ကို ဗြိတိသျှတို့ အား ပေး၏။ ထိုပြင် သမ္မတရုဇဗဲ့သည် ချေး-ငှား စာချုပ်ဖြင့် ဗြိတိသျှနှင့် ယင်း၏မဟာမိတ်နိုင်ငံတို့အား စစ်ပစ္စည်းအထောက် အပံ့ကို ပေးလေသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဂျပန်လေတပ် သည် ဟာဝိုင်ယီကျွန်း၊ ပုလဲဆိပ်ကမ်းရှိ အမေရိကန်ရေတပ်စခန်းကို ရုတ်တရက် တိုက်ခိုက်သဖြင့် အမေရိကန်နိုင်ငံလည်း စစ်ထဲသို့ ပါဝင်တိုက်ခိုက်လေသည်။ သမ္မတရုဇဗဲ့သည် စစ်အောင်နိုင်ရေးအတွက် အစွမ်းကုန် ကြိုး စား၏။ ဗြိတိသျှ ဝန်ကြီးချုပ် ဝင်စတန် ချာချီနှင့်၎င်း၊ ရုရှခေါင်းဆောင် စတာလင်နှင့်၎င်း စစ်ပရိယာယ်နှင့် စပ်လျဉ်း၍ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။

၁၉၄၄ ခုနှစ် ဇွန်လတွင် မဟာမိတ်စစ်တပ်များသည် ဥရောပတိုက် နော်မန်ဒီကမ်းခြေပေါ်သို့ တက်မိကြလေသည်။ ထိုနှစ်၌ သမ္မတသက်တမ်း ကုန်ဆုံးသော်လည်း ရုဇဗဲ့သည် စစ်ပွဲကို အပြီးတိုင် ကွပ်ကဲလိုသဖြင့် သမ္မတအဖြစ် ထပ်မံ အရွေးခံရာ စတုတ္ထအကြိမ် ရွေးကောက်တင်မြှောက်ခြင်း ခံရလေသည်။ ၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတ ရုဇဗဲ့သည် ကရိုင်းမီးယား ကျွန်းဆွယ်ရှိ ယော်လကာမြို့၌ ဝင်စတန်ချာချီ၊ စတာလင်တို့နှင့် တွေ့ဆုံပြန်၍ နောင်တွင် ကမ္ဘာ့ကုလသမဂ္ဂဟု အမည်ထင်ရှားသော အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းတစ်ခု ဖွဲ့စည်းရေးအတွက် အစပျိုးခဲ့လေသည်။ ထိုအချိန်တွင် သမ္မတရုဇဗဲ့၊ ဗြိတိသျှဝန်ကြီးချုပ်ချာချီနှင့် ရုရှခေါင်းဆောင်ကြီး စတာလင်တို့ကို ကြီးသုံးကြီးဟူ၍ ခေါ်တွင်လျက်ရှိသည်။

သမ္မတရုဇဗဲ့သည် မဟာမိတ်တပ်များ အောင်ပွဲခံရချိန်ကို မမြင်ရလိုက်ချေ။ ဂျော်ဂျီယာပြည်နယ်၊ ရေပူစမ်းတွင် ခေတ္တ အနားယူနေစဉ် ၁၉၄၅ ခုနှစ် ဧပြီလ ၁၂ ရက်နေ့၌ အနိစ္စ ရောက်လေသည်။ ဒုတိယသမ္မတ ဟယ်ရီ ထရူးမန်းက ထိုနေ့ ၌ပင် သမ္မတရာထူးကို ဆက်ခံသည်။ သမ္မတရုဇဗဲ့၏ လွတ်လပ်မှုလေးချက်သည်၎င်း၊ ဗြိတိသျှဝန်ကြီးချုပ်နှင့် ပူးတွဲ ကျေညာခဲ့သော အတ္တလန္တိတ်ချာတာသည်၎င်း လွတ်လပ် သော နိုင်ငံတို့၏ ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ကြပေသည်။

Myanmar Wikipedia

Leave a Reply