ကမာၻေက်ာ္ ရုိးရြဳိက္ကား အမႈိက္သိမ္းကားျဖစ္ခဲ့ရျခင္းအေၾကာင္း

Posted on

ဒီျဖစ္ရပ္ကေတာ့ အိႏၵိယႏုိင္ငံ Alwarနယ္က မဟာရာဇာ Jai Singh နဲ႔ ကမာၻေက်ာ္ Rolls-Royces ကုမၸဏီၾကား နာမည္ေက်ာ္ခဲ့တဲ့ျဖစ္ရပ္ပါ။

မဟာရာဇာရဲ႕ နာမည္အျပည့္အစုံက Sir Jai Singh Prabhakar ျဖစ္ၿပီး သူဟာ အိႏၵိယAlwar နယ္ပုိင္ မဟာရာဇာတစ္ဦးအျဖစ္ ၁၈၉၂ခုႏွစ္ကေန ၁၉၃၇ခုႏွစ္အထိ အုပ္ခ်ဳပ္ခဲ့ပါတယ္။

သူဟာ ပညာအလြန္ေတာ္ၿပီး အေနာက္ႏုိင္ငံေတြကုိ မၾကာခဏခရီးသြားေလ့ရွိသူျဖစ္သလုိ အသုံးအျဖဳန္းႀကီးသူအျဖစ္လည္းနာမည္ႀကီးပါတယ္။

အဲဒီအခ်ိန္က အိႏၵိယဟာ အဂၤလိပ္လက္ေအာက္မွာရွိေနခဲ့ေပမယ့္ မဟာရာဇာေတြကေတာ့ မိမိနယ္မွာ အထုိက္အေလွ်ာက္အာဏာရွိေနဆဲ ခ်မ္းသာေနၾကဆဲျဖစ္ပါတယ္။ သူနဲ႔ ကမာၻေက်ာ္ရုိးရြဳိက္ကားကုမၸဏီနဲ႔ပတ္သတ္မႈက ဒီလုိပါ။

၁၉၂၀ ၀န္းက်င္မွာ မဟာရာဇာ Jai Singh ဟာ အဂၤလန္ႏုိင္ငံ လန္ဒန္ၿမဳိ႕ကိုေရာက္ရွိေနခဲ့ပါတယ္။

တစ္ေန႔မွာ သူဟာ လမ္းေလွ်ာက္ရင္း ရုိးရြဳိက္ကား အေရာင္းျပခန္းထဲကုိ ၀င္ၾကည့္မိခဲ့ပါတယ္။ သူ၀တ္ထားတာက ပုံမွန္အဂၤလိပ္လူမ်ဳိးအ၀တ္အစားပဲျဖစ္ပါတယ္။

သူဟာ ကားေတြနားမွာရပ္ေနတဲ့ ၀န္ထမ္းတစ္ေယာက္ကို ကားရဲ႕အခ်က္အလက္ေတြ နဲ႔ ေစ်းႏႈန္းေတြကိုေမးျမန္းခဲ့ပါတယ္။

ဒါေပမယ့္ သူဟာ အဂၤလိပ္အ၀တ္အစား၀တ္ထားတဲ့ အိႏၵိယတစ္ေယာက္ဆုိတာကို သိသြားၿပီးတဲ့ေနာက္ ၀န္ထမ္းဟာ သူေမးတာကိုမေျဖတဲ့အျပင္ သူ႔ကို ျပခန္းအျပင္ဘက္ကုိတြန္းထိုးထုတ္ခဲ့ပါတယ္။

အဲဒီအခ်ိန္က အဂၤလိပ္ေတြဟာ သူတုိ႔လက္ေအာက္ခံႏုိင္ငံေတြက လူမ်ဳိးေတြကုိ အဆင့္အတန္းခြဲျခားေလ့ရွိၿပီး ႏွိမ္ဆက္ဆံၾကပါတယ္။ အဲဒီမွာတင္ မဟာရာဇာ ဟာ ေတာ္ေတာ္နာက်ည္းသြားပါတယ္။

အဲဒီေနာက္ေတာ့ သူဟုိတယ္ကုိျပန္ခဲ့တယ္။ ၿပီးေတာ့ အိႏၵိယျပည္နယ္တစ္ခုရဲ႕ မဟာရာဇာတစ္ဦးအေနနဲ႔ ရုိးရြဳိက္ကားအေရာင္းျပခန္းကို လာမယ္လုိ႔ တရား၀င္စာပို႔လုိက္ၿပီး အဲဒီကားအေရာင္းျပခန္းကို ထပ္သြားခဲ့ပါတယ္။

မဟာရာဇာတစ္ဦးရဲ႕၀တ္စုံျပည့္နဲ႔ လက္၀တ္ရတာနာေတြ၀တ္ကာ ေနာက္လုိက္ေနာက္ပါေတြေခၚၿပီးသြားခဲ့တာပါ။ ဒီတစ္ခါမွာေတာ့ ပထမတစ္ေခါက္နဲ႔ မတူေတာ့ပါဘူး။

အေရာင္းျပခန္းရဲ႕ တာ၀န္အႀကီးဆုံးသူေတြက သူ႔ကိုေကာဇာနီခင္းၿပီးႀကဳိဆုိပါတယ္။ အိႏၵိယရဲ႕မဟာရာဇာေတြဟာ အလြန္ခ်မ္းသာတယ္ဆုိတာ သိထားၾကလုိ႔ပါ။

၀န္ထမ္းေတြအားလုံးကေတာ့ ေကာေဇာနီရဲ႕တစ္ဖက္တစ္ခ်က္မွာ ဦးေခါင္းေတြငုံ႔ၿပီးရပ္ေနၾကပါတယ္။ အဲဒီထဲမွာ ပထမတစ္ေခါက္မဟာရာဇာကို မတူမတန္သလုိ ဆက္ဆံတဲ့၀န္ထမ္းလည္း ပါပါတယ္။

မဟာရာဇာကေတာ့ အဲဒီအျဖစ္ကုိလုံး၀မေျပာပဲ ကားေတြကိုသာ လွည့္ပတ္ၾကည့္ရႈ႕ရင္းေမးျမန္းခဲ့ပါတယ္။ အဲဒီအခ်ိန္က ရုိးရြဳိက္ကားအမ်ဳိးအစားက ၆ မ်ဳိးရွိပါတယ္။

မဟာရာဇာဟာ ၆စီးစလုံးကို ၀ယ္ယူလုိက္ပါတယ္။ ကား ၆စီးစလုံးရဲ႕တန္ဖုိးသာမက အိႏၵိယအထိအေရာက္ပို႔ေဆာင္ခ ကုိပါ ေငြခ်က္ခ်င္းေခ်ခဲ့ပါတယ္။

အိႏၵိယကို ျပန္ေရာက္တဲ့အခါမွာေတာ့ မဟာရာဇာဟာ ၿမဳိ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ကို ေခၚယူေတြ႔ဆုံပါတယ္။

အဲဒီေနာက္ေတာ့ သူ ၀ယ္ယူလာတဲ့ ရုိးရြဳိက္ကား ၆စီးကို ေပးလုိက္ၿပီး ၿမိဳ႕အမႈိက္သယ္ကားအျဖစ္ အသုံးျပဳေစပါတယ္။ မဟာရာဇာရဲ႕ အမိန္႔ေၾကာင့္ ကမာၻေက်ာ္တန္ဖုိးႀကီး ရုိးရြဳိက္ဇိမ္ခံကားေတြဟာ အမႈိက္သယ္ကား အမႈိက္သိမ္းကားေတြျဖစ္ကုန္ပါတယ္။

ရုိးရြဳိက္ကားေတြ အမႈိက္ကားျဖစ္သြားၿပီဆုိတဲ့ဒီအေၾကာင္း နဲ႔ ရုိးရြဳိက္ကုမၸဏီဟာ ကား၀ယ္သူကို ႏွိမ့္ခ်ဆက္ဆံတယ္ဆုိတဲ့အေၾကာင္း ဟာ တျဖည္းျဖည္းနဲ႔ အျခားႏုိင္ငံေတြကိုပါ ျပန္႔ႏွံ႔ခဲ့ၿပီးေနာက္မွာ ရုိးရြဳိက္ကုမၸဏီဟာ အရွက္ရခဲ့ပါတယ္။

အေၾကာင္းအရင္းကို ရွာေဖြတဲ့အခါမွာေတာ့ သူတုိ႔၀န္ထမ္းဟာ မဟာရာဇာကို ေစာ္ကားခဲ့တာေၾကာင့္ ဆုိတာသိသြားခဲ့ပါတယ္။

ဆက္ၿပီး ကုမၸဏီနာမည္ပ်က္မွာကို စုိးရိမ္ၾကတဲ့ တာ၀န္ရွိသူေတြဟာ ဆက္ၿပီး ရုိးရြဳိက္ကားေတြကို အမႈိက္ကားမလုပ္ဖုိ႔ မဟာရာဇာကို ေတာင္းပန္ခဲ့ၿပီး လက္ေဆာင္အေနနဲ႔ ေနာက္ထပ္ကား ၆စီးကို ေပးခဲ့ပါတယ္။

မဟာရာဇာကလည္း ကုမၸဏီတာ၀န္ရွိသူေတြ သင္ခန္းစာရသြားၿပီလုိ႔ယူဆတာေၾကာင့္ ကမ္းလွမ္းမႈကိုလက္ခံလုိက္ၿပီး ရုိးရြဳိက္ကားေတြကို အမႈိက္ကားအျဖစ္မွရပ္တန္႔ေစခဲ့ပါတယ္။

ဒါေပမယ့္ ရုိးရြဳိက္ကားေတြဟာ အမႈိက္ကားျဖစ္ခဲ့တယ္ဆုိတဲ့အေၾကာင္းကေတာ့ ယခုထက္တုိင္ ေျပာေနၾကဆဲ ျဖစ္ပါတယ္။

 


ကမ္ဘာကျော် Rolls-Royces ကား အမှိုက်သိမ်းကားဖြစ်ခဲ့ရခြင်းအကြောင်း (unicode)

ဒီဖြစ်ရပ်ကတော့ အိန္ဒိယနိုင်ငံ Alwarနယ်က မဟာရာဇာ Jai Singh နဲ့ ကမ္ဘာကျော် Rolls-Royces ကုမ္ပဏီကြား နာမည်ကျော်ခဲ့တဲ့ဖြစ်ရပ်ပါ။ မဟာရာဇာရဲ့ နာမည်အပြည့်အစုံက Sir Jai Singh Prabhakar ဖြစ်ပြီး သူဟာ အိန္ဒိယAlwar နယ်ပိုင် မဟာရာဇာတစ်ဦးအဖြစ် ၁၈၉၂ခုနှစ်ကနေ ၁၉၃၇ခုနှစ်အထိ အုပ်ချုပ်ခဲ့ပါတယ်။ သူဟာ ပညာအလွန်တော်ပြီး အနောက်နိုင်ငံတွေကို မကြာခဏခရီးသွားလေ့ရှိသူဖြစ်သလို အသုံးအဖြုန်းကြီးသူအဖြစ်လည်းနာမည်ကြီးပါတယ်။ အဲဒီအချိန်က အိန္ဒိယဟာ အင်္ဂလိပ်လက်အောက်မှာရှိနေခဲ့ပေမယ့် မဟာရာဇာတွေကတော့ မိမိနယ်မှာ အထိုက်အလျှောက်အာဏာရှိနေဆဲ ချမ်းသာနေကြဆဲဖြစ်ပါတယ်။ သူနဲ့ ကမ္ဘာကျော်ရိုးရွိုက်ကားကုမ္ပဏီနဲ့ပတ်သတ်မှုက ဒီလိုပါ။

၁၉၂၀ ဝန်းကျင်မှာ မဟာရာဇာ Jai Singh ဟာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ကိုရောက်ရှိနေခဲ့ပါတယ်။ တစ်နေ့မှာ သူဟာ လမ်းလျှောက်ရင်း ရိုးရွိုက်ကား အရောင်းပြခန်းထဲကို ဝင်ကြည့်မိခဲ့ပါတယ်။ သူဝတ်ထားတာက ပုံမှန်အင်္ဂလိပ်လူမျိုးအဝတ်အစားပဲဖြစ်ပါတယ်။ သူဟာ ကားတွေနားမှာရပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ကို ကားရဲ့အချက်အလက်တွေ နဲ့ ဈေးနှုန်းတွေကိုမေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အင်္ဂလိပ်အဝတ်အစားဝတ်ထားတဲ့ အိန္ဒိယတစ်ယောက်ဆိုတာကို သိသွားပြီးတဲ့နောက် ဝန်ထမ်းဟာ သူမေးတာကိုမဖြေတဲ့အပြင် သူ့ကို ပြခန်းအပြင်ဘက်ကိုတွန်းထိုးထုတ်ခဲ့ပါတယ်။ အဲဒီအချိန်က အင်္ဂလိပ်တွေဟာ သူတို့လက်အောက်ခံနိုင်ငံတွေက လူမျိုးတွေကို အဆင့်အတန်းခွဲခြားလေ့ရှိပြီး နှိမ်ဆက်ဆံကြပါတယ်။ အဲဒီမှာတင် မဟာရာဇာ ဟာ တော်တော်နာကျည်းသွားပါတယ်။

အဲဒီနောက်တော့ သူဟိုတယ်ကိုပြန်ခဲ့တယ်။ ပြီးတော့ အိန္ဒိယပြည်နယ်တစ်ခုရဲ့ မဟာရာဇာတစ်ဦးအနေနဲ့ ရိုးရွိုက်ကားအရောင်းပြခန်းကို လာမယ်လို့ တရားဝင်စာပို့လိုက်ပြီး အဲဒီကားအရောင်းပြခန်းကို ထပ်သွားခဲ့ပါတယ်။ မဟာရာဇာတစ်ဦးရဲ့ဝတ်စုံပြည့်နဲ့ လက်ဝတ်ရတာနာတွေဝတ်ကာ နောက်လိုက်နောက်ပါတွေခေါ်ပြီးသွားခဲ့တာပါ။ ဒီတစ်ခါမှာတော့ ပထမတစ်ခေါက်နဲ့ မတူတော့ပါဘူး။ အရောင်းပြခန်းရဲ့ တာဝန်အကြီးဆုံးသူတွေက သူ့ကိုကောဇာနီခင်းပြီးကြိုဆိုပါတယ်။ အိန္ဒိယရဲ့မဟာရာဇာတွေဟာ အလွန်ချမ်းသာတယ်ဆိုတာ သိထားကြလို့ပါ။ ဝန်ထမ်းတွေအားလုံးကတော့ ကောဇောနီရဲ့တစ်ဖက်တစ်ချက်မှာ ဦးခေါင်းတွေငုံ့ပြီးရပ်နေကြပါတယ်။ အဲဒီထဲမှာ ပထမတစ်ခေါက်မဟာရာဇာကို မတူမတန်သလို ဆက်ဆံတဲ့ဝန်ထမ်းလည်း ပါပါတယ်။ မဟာရာဇာကတော့ အဲဒီအဖြစ်ကိုလုံးဝမပြောပဲ ကားတွေကိုသာ လှည့်ပတ်ကြည့်ရှု့ရင်းမေးမြန်းခဲ့ပါတယ်။ အဲဒီအချိန်က ရိုးရွိုက်ကားအမျိုးအစားက ၆ မျိုးရှိပါတယ်။ မဟာရာဇာဟာ ၆စီးစလုံးကို ဝယ်ယူလိုက်ပါတယ်။ ကား ၆စီးစလုံးရဲ့တန်ဖိုးသာမက အိန္ဒိယအထိအရောက်ပို့ဆောင်ခ ကိုပါ ငွေချက်ချင်းချေခဲ့ပါတယ်။

အိန္ဒိယကို ပြန်ရောက်တဲ့အခါမှာတော့ မဟာရာဇာဟာ မြို့အုပ်ချုပ်ရေးအဖွဲ့ကို ခေါ်ယူတွေ့ဆုံပါတယ်။ အဲဒီနောက်တော့ သူ ဝယ်ယူလာတဲ့ ရိုးရွိုက်ကား ၆စီးကို ပေးလိုက်ပြီး မြို့အမှိုက်သယ်ကားအဖြစ် အသုံးပြုစေပါတယ်။ မဟာရာဇာရဲ့ အမိန့်ကြောင့် ကမ္ဘာကျော်တန်ဖိုးကြီး ရိုးရွိုက်ဇိမ်ခံကားတွေဟာ အမှိုက်သယ်ကား အမှိုက်သိမ်းကားတွေဖြစ်ကုန်ပါတယ်။ ရိုးရွိုက်ကားတွေ အမှိုက်ကားဖြစ်သွားပြီဆိုတဲ့ဒီအကြောင်း နဲ့ ရိုးရွိုက်ကုမ္ပဏီဟာ ကားဝယ်သူကို နှိမ့်ချဆက်ဆံတယ်ဆိုတဲ့အကြောင်း ဟာ တဖြည်းဖြည်းနဲ့ အခြားနိုင်ငံတွေကိုပါ ပြန့်နှံ့ခဲ့ပြီးနောက်မှာ ရိုးရွိုက်ကုမ္ပဏီဟာ အရှက်ရခဲ့ပါတယ်။ အကြောင်းအရင်းကို ရှာဖွေတဲ့အခါမှာတော့ သူတို့ဝန်ထမ်းဟာ မဟာရာဇာကို စော်ကားခဲ့တာကြောင့် ဆိုတာသိသွားခဲ့ပါတယ်။ ဆက်ပြီး ကုမ္ပဏီနာမည်ပျက်မှာကို စိုးရိမ်ကြတဲ့ တာဝန်ရှိသူတွေဟာ ဆက်ပြီး ရိုးရွိုက်ကားတွေကို အမှိုက်ကားမလုပ်ဖို့ မဟာရာဇာကို တောင်းပန်ခဲ့ပြီး လက်ဆောင်အနေနဲ့ နောက်ထပ်ကား ၆စီးကို ပေးခဲ့ပါတယ်။ မဟာရာဇာကလည်း ကုမ္ပဏီတာဝန်ရှိသူတွေ သင်ခန်းစာရသွားပြီလို့ယူဆတာကြောင့် ကမ်းလှမ်းမှုကိုလက်ခံလိုက်ပြီး ရိုးရွိုက်ကားတွေကို အမှိုက်ကားအဖြစ်မှရပ်တန့်စေခဲ့ပါတယ်။ ဒါပေမယ့် ရိုးရွိုက်ကားတွေဟာ အမှိုက်ကားဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းကတော့ ယခုထက်တိုင် ပြောနေကြဆဲ ဖြစ်ပါတယ်။

Leave a Reply