ကမာၻအႏွံ႔၀ိပႆနာကို ျဖန္႔ျဖဴးေပးခဲ့သူ (သုိ႔) ကမာၻကိုသတိကပ္ေစေသာ ဦးဂိုအင္ကာ

Posted on

သူလိုလူမ်ဳိး မည္သည့္အခ်ိန္တြင္ ကြယ္လြန္ကြယ္လြန္ ဆုံး႐ႈံးမႈႀကီး ျဖစ္ေသာ္လည္း အိႏိၵယႏုိင္ငံ၏ ပ်မ္းမွ်သက္တမ္း ၆၅ ဒသမ ၅ ႏွစ္၊ ျမန္မာႏိုင္ငံ၏ ပ်မ္းမွ်သက္တမ္း ၆၅ ဒသမ ၇ ႏွင့္စာလွ်င္ ဦးဂုိအင္ကာသည္ အသက္ရွည္ရွည္ ေနရသည္။ လူ႔ဘဝတြင္ ၾကာၾကာေန လိုက္ရ႐ုံသာမကဘဲ ရာစုႏွစ္တစ္ဝက္ေလာက္ သူသည္ တရားက်င့္ရင္း၊ တရားကို ျဖန႔္ျဖဴးရင္း လူသန္းေပါင္းမ်ားစြာ ေအးခ်မ္းေအာင္ စြမ္းေဆာင္ လိုက္ႏုိင္သျဖင့္ လူ႔ဘဝတြင္ တန္ေအာင္လည္း ေနလိုက္ရသည္။

ဘာသာမေရြး လူမ်ိဳးမေရြး လာေရာက္ က်င့္သုံးႏုိင္သည့္ ဝိပႆနာ ဆယ္ရက္စခန္းမ်ားကို ကမာၻတြင္ က်ယ္ျပန္႔ေအာင္ ျဖန္႔ျဖဴးခဲ့ျခင္းျဖင့္ ကမာၻႀကီးကို တရားထိုင္တတ္ေအာင္ သင္ၾကားေပးခဲ့သူ မႏၲေလး သား ဦးဂိုအင္ကာသည္ အိႏိၵယႏြယ္ဖြား ျဖစ္သည္။ အသက္ ၃၀ အရြယ္တြင္ ရန္ကုန္ ကုန္သည္ႏွင့္ စက္မႈ လုပ္ငန္းရွင္ႀကီးမ်ား အသင္းခ်ဳပ္၏ ဥကၠ႒ ျဖစ္လာသူ၊ လူမႈေရး၊ ယဥ္ေက်းမႈ အသင္းအဖြဲ႕ေပါင္း မ်ားစြာတြင္ ပါဝင္ပတ္သက္ၿပီး ေအာင္ျမင္မႈမ်ားစြာ ရရွိသူ ဦးဂုိအင္ကာသည္ ကိုယ္တြင္း ၿငိမ္းခ်မ္းေရးမူ မရေသးေပ။ စြဲကပ္ေနေသာ ေခါင္းကိုက္ေဝဒနာေၾကာင့္ ဆြစ္ဇာလန္၊ အဂၤလန္၊ အေမရိကန္စသည့္ ႏုိင္ငံမ်ားသို႔ သြားေရာက္ျပီး သမားေတာ္မ်ားႏွင့္ ၾကပ္ၾကပ္မတ္မတ္ ကုသေသာ္လည္း သဲထဲေရသြန္သာ။ ဝိပႆနာကို က်င့္ႀကံေနသလို သင္ၾကား ပို႔ခ်ေပးေနသည့္ လြတ္လပ္ေသာ ျမန္မာ ႏုိင္ငံ၏ ပထမဦးဆုံး ေငြစာရင္းမင္းႀကီး ဦးဘခင္ထံတြင္ သြားေရာက္ တရားထိုင္ရန္ မိတ္ေဆြတစ္ဦးက အႀကံေပးသည္။

ဇင္ဘာသာ ဘုန္းေတာ္ႀကီး Norman Fische က ဦးဂိုအင္ကာကို ေတြ႕ဆုံ ေမးျမန္းခ်က္တြင္ ဦးဘခင္ထံ ေရာက္ရွိခဲ့ပုံကို ဦးဂိုအင္ကာက ေအာက္ပါအတိုင္း ေျဖၾကားထားသည္။
ဦးဘခင္က လာရသည့္ အေၾကာင္းရင္းကို ေမးသည့္အခါ ဦးဂိုအင္ကာက ‘ေခါင္းကိုက္ ေပ်ာက္ခ်င္လို႔ပါ’ ဟု ေျဖသည္။ ဦးဘခင္က ‘ဆရာဝန္ထံသို႔သာ သြားပါ’ ‘No. Goenka. I can’t help you. Go to a doctor’ ဟု ယတိျပတ္ဆိုသည္။ ဆရာႀကီးဦးဘခင္ထံ ဦးဂိုအင္ကာ ေရာက္လာသည့္ အခ်ိန္တြင္ ျမန္မာႏုိင္ငံတြင္းရွိ အိႏိၵယႏြယ္ဖြားတို႔ အသိုင္းအဝိုင္းတြင္ သူသည္ လွ်မ္းလွ်မ္းေတာက္ ျဖစ္ေနခ်ိန္။ မည္သည့္ ဂု႐ုမဆို သူကဲ့သို႔ေသာ သူမ်ဳိးကို လြယ္လြယ္ကူကူ တပည့္ေတာ္ခ်င္မည္ ျဖစ္ေသာ္လည္း ဆရာႀကီး ဦးဘခင္ကမူ ထိုသို႔မဟုတ္၊ ဦးဂိုအင္ကာကို အလြယ္တကူ လက္မခံ။ “အိႏိၵယႏုိင္ငံကလာတဲ့ အျမင့္ျမတ္ဆုံး အက်င့္ကို ကြၽန္ေတာ္ သင္ေပးေနတာ။ ဒါကို တန္ဖိုးမခ်ပါနဲ႔။ ေရာဂါတစ္ခု ေပ်ာက္ဖို႔တင္ပဲ မသုံးပါနဲ႔။ ဒီအက်င့္က ဒုကၡကေန ခင္ဗ်ားကို လြတ္ေျမာက္ေစမွာပါ၊ ေခါင္းကိုက္တဲ့ ဒုကၡေလးကတင္ေတာ့ မဟုတ္ဘူး”

ဦးဂိုအင္ကာ ၾကည္ညိဳသြားၿပီ ျဖစ္ေသာ္လည္း ဗုဒၶဘာသာ ဝင္ရမည္လားဟု ဦးဂိုအင္ကာက စိုးရိမ္ေန သည္။ ဦးဘခင္က ေမးသည္၊ ‘ခင္ဗ်ားက ရန္ကုန္က ဟိႏၵဴဘာသာဝင္ေတြရဲ႕ ေခါင္းေဆာင္ တစ္ေယာက္ပဲ။ သီလေစာင့္တာကို ခင္ဗ်ားရဲ႕ဘာသာက တားျမစ္ပါသလား’။ သီလေစာင့္ရန္ကို မည္သည့္ ဘာသာကမွ် တားျမစ္မည္ မဟုတ္သျဖင့္ ဦးဂိုအင္ကာက ‘သီလကို ကန္႔ကြက္ရန္ မရွိပါ’ ဟု ေျဖသည္။ ‘စိတ္ကို မထိန္းႏိုင္လွ်င္ သီလဘယ္လို ေစာင့္မလဲ၊ စိတ္ကို ထိန္းႏုိင္ရန္ သမာဓိကို သင္ေပးမယ္’ ဟု ဦးဘခင္က ေျပာသည္။
“ဟိႏၵဴဘာသာမွာ သမာဓိက လြန္စြာျမင့္မား တန္ဖိုးထား ခံရေသာအရာပဲ။ ဒါ့ေၾကာင့္ သမာဓိကို ကန္႔ကြက္ရန္ မရွိပါ” ဟု ဦးဂိုအင္ကာက ေျဖသည္။ ‘သမာဓိ’ သည္ စိတ္မခ်ရေသး၊ လူ၏ အတြင္းစိတ္သည္ အိပ္ေနေသာ မီးေတာင္ႏွင့္ တူသည့္အတြက္ အခ်ိန္မေရြးထႂကြ ေသာင္းက်န္းၿပီး သီလ က်ဳိးေပါက္ႏုိင္သည့္အတြက္ စိတ္အျမင့္ဆုံးအဆင့္ သန္႔ရွင္းစင္ၾကယ္ျခင္း (ဝါ) ပညာကို သင္ေပးမည္ဟု ဦးဘခင္က ေျပာသည္။ ‘ပညာကို ကန္႔ကြက္ရန္ မရွိပါ’ ဦးဂိုအင္ကာ ျပန္ေျဖသည္။

‘သီလ၊ သမာဓိ၊ ပညာကိုသာ လက္ခံပါ’ ဟု ဦးဘခင္က ေျပာေသာေၾကာင့္ ဦးဂိုအင္ကာ စိတ္ခ်ၿပီး တရားထိုင္လိုက္ေသာအခါ ျဖစ္ေနက် ေခါင္းကိုက္ေဝဒနာဆိုးသည္ ေပ်ာက္ကင္းသြားသည္။ ဘုံေဘ (ယခုမြန္ဘိုင္း) တြင္ တရားလာျပရန္ ဖိတ္ေခၚခံရသည္မွ အစျပဳကာ စီးပြားေရးကို မိသားစုႏွင့္ လႊဲလိုက္ၿပီး တရားျပလိုက္သည္မွာ ေနာင္ႏွစ္ေပါင္း ၅၀ လုံးလုံး သူ႔ဘဝကို တရားထိုင္ျခင္း၊ သင္ၾကားျခင္းထဲတြင္ နစ္ျမဳပ္ထားလိုက္ရာ ကြယ္လြန္ခ်ိန္အထိ ျဖစ္သည္။ ၁၉၆၂ ဆုိရွယ္လစ္စနစ္သုိ႔ အကူးအေျပာင္းတြင္ ဦးဂိုအင္ကာ ပိုင္ဆိုင္ေသာ လုပ္ငန္းမ်ားသည္ ျပည္သူ ပိုင္သိမ္းသည့္ အထဲတြင္ ပါသြားသည္။ သို႔ေသာ္ ဦးဂိုအင္ကာတြင္ ဝိပႆနာ အခံရွိႏွင့္ ေနၿပီးသည့္အတြက္ သူ႔ေလာက္ ဆုံး႐ႈံးမႈမမ်ားေသာ စီးပြားေရး လုပ္ငန္းရွင္ႀကီးတို႔ကဲ့သုိ႔ ပူေဆြးေသာက မျဖစ္ေပၚခဲ့။ ၁၉၆၉တြင္ ဦးဂိုအင္ကာသည္ အိႏိၵယႏုိင္ငံသို႔ ျပန္သြားကာ ဝိပႆနာ စတင္ရာ ဗုဒၶ၏ ေမြးရပ္ေျမ အိႏၵိယတြင္ ေပ်ာက္ကြယ္ေနၿပီ ျဖစ္ေသာ ဝိပႆနာကို ျပန္လည္ မိတ္ဆက္ေပးခဲ့သည္။

အိႏိၵယသို႔ ျပန္ေရာက္ကတည္းက စီးပြားေရးကို မိသားစုဝင္မ်ားသုိ႔ လႊဲအပ္လိုက္ကာ တရားထဲသို႔ ေျခစုံပစ္ဝင္လိုက္သည္။ အိႏိၵယႏုိင္ငံတြင္ တရားစခန္းေပါင္း ၆၀ ႏွင့္ တစ္ကမာၻလုံးတြင္ တရားစခန္းေပါင္း ၁၇၃ ခုတို႔ကို ဖြင့္လွစ္ ပို႔ခ်ေပးခဲ့သည္။ ဦးဂိုအင္ကာႏွင့္တကြ ဝိပႆနာ တရားစခန္းတုိ႔၏သတင္း ကမာၻအႏွံ႔ ေမႊးပ်ံ႕ေသာေၾကာင့္ ကမာၻေပၚရွိ အဖြဲ႕အစည္း ႀကီးငယ္မ်ားက ေဟာေျပာ ပို႔ခ်ရန္ ဖိတ္ၾကားခဲ့ရာ ကုလသမဂၢ အေထြေထြညီလာခံ (United Nations General Assembly)၊ အိႏိၵယ ပါလီမန္၊ ကမာၻ႔စီးပြားေရးဖိုရမ္ World Economic Forum Davos၊ မက္ဆာခ်ဴးဆက္ စက္မႈတကၠသိုလ္ Massachusetts Institute of Technology (MIT) ႏွင့္ ဆီလီကြန္ေတာင္ၾကား အိႏိၵယ ပညာသည္မ်ား အစည္းအ႐ုံးတို႔တြင္ ဝိပႆနာကို ပို႔ခ်ခဲ့သည္။ တိဗက္သာသနာ၏ အထြတ္အထိပ္ျဖစ္သည့္ ဒလိုင္းလားမားက အကူအညီ ေတာင္းေသာေၾကာင့္ တိဗက္ဘုန္းေတာ္ႀကီး မ်ားကိုလည္း ဦးဂိုအင္ကာ သြားေရာက္ ဝိပႆနာ ပို႔ခ်သည္။

တရားမထိုင္မီ အခ်ိန္က ဦးဂိုအင္ကာသည္ ျမန္မာႏုိင္ငံတြင္း စီးပြားေရးတြင္ ေအာင္ျမင္မႈ ႀကီးခဲ့သည္။ ကိုယ္တိုင္ တရားထိုင္အၿပီးတြင္ စီးပြားကိုစြန္႔ကာ တရားထိုင္ျခင္း၏ မိခင္ႏုိင္ငံ အိႏိၵယသို႔ တရားအက်င့္ကို ျပန္လည္ သယ္ေဆာင္သြားႏုိင္ခဲ့သည္။ ထိုမွတစ္ဆင့္ ကမာၻႀကီးကို တရားထိုင္ေအာင္ လုပ္ေဆာင္ႏုိင္ခဲ့သည္။ ယေန႔ကမာၻတြင္ တရားထိုင္သူတုိ႔သည္ ဘာသာလူမ်ဳိး မေရြး တစ္ႏွစ္ထက္ တစ္ႏွစ္တုိးသည္ထက္ တုိးလာၾကၿပီ။ အေမရိကန္ တရားထိုင္သူတို႔သည္ တစ္ႏွစ္လွ်င္ တစ္သန္းခန္႔ တိုးလာၾကသည္။

ဝိပႆနာကို ျမန္မာ့ေျမမွ ျပန္လည္ စတင္သည္ဟု ဂုဏ္ယူ႐ုံမွ်က ကိုယ္ေတြ႕က်င့္ႀကံႏုိင္ျခင္းျဖင့္ အနည္းဆုံးအားျဖင့္ က်န္းမာေရးေကာင္း၊ အာ႐ုံစူးစိုက္ ႏုိင္စြမ္းအား ေကာင္းသျဖင့္ အလုပ္တြင္က်ယ္ ေအာင္ျမင္ၿပီး အျမင့္ဆုံးအားျဖင့္ ဉာဏ္အလင္း ရႏုိင္ပါသည္။ ဦးဂိုအင္ကာ ျမန္မာႏုိင္ငံမွ မ်ိဳးေစ့ယူသြားၿပီး အိႏိၵယတြင္ စိုက္ပ်ဳိး၊ ထိုမွတစ္ဆင့္ ကမာၻသို႔ ပ်ံ႕ႏွံ႔သြားသည့္ ဝိပႆနာသည္ မိခင္ျမန္မာႏုိင္ငံတြင္ေရာ မည္သို႔ေသာ အေျခဆိုက္ေနသနည္း။ အေနာက္တိုင္းသားတို႔ပင္ ဝိပႆနာကို တန္ဖိုးထား က်င့္ႀကံေနၾကခ်ိန္တြင္ ျမန္မာတုိ႔ ေန႔စဥ္ဘဝတြင္ မည္မွ် သတိ ကပ္ႏုိင္သနည္း။ ထိုေမးခြန္းတို႔သည္ ေထရဝါဒ ဗုဒၶဘာသာဟု မိမိတို႔ကိုယ္ကို ဂုဏ္ယူေနၾကေသာ ျမန္မာတုိ႔အတြက္ ျမန္မာ့ေျမဖြား ဝိပႆနာ ဆရာႀကီး ကြယ္လြန္ခ်ိန္တြင္ ေမးသင့္ေမးထိုက္ေသာ ေမးခြန္းမ်ား ျဖစ္ေပသည္။

The Voice Weekly

၂၀၀၀ ခုႏွစ္က ကုလသမဂၢ၌ ကမၻာ့ၿငိမ္းခ်မ္းေရး အတြက္ ႏုိင္ငံေပါင္းစုံ ဘာသာေရး ေခါင္းေဆာင္မ်ား၏ ေထာင္စုႏွစ္ ရည္မွန္းခ်က္ မ်ား ေတြ႔ဆုံပြဲတြင္ ဆရာႀကီး ဂုိအင္ကာ ၏ ၿငိမ္းခ်မ္းေရး ေဟာေျပာခ်က္မွာ အထူးေက်ာ္ၾကားခဲ့သည္။ မြန္ဘုိင္းတြင္ လည္း အျမင့္ ၃၁၅ေပရွိေသာ ေရႊတိဂုံပုံစံတူေစတီျဖစ္သည့္ ကမာၻ႔၀ိပႆနာေစတီကို ဆရာႀကီးဂုိအင္ကာဦးေဆာင္ကာ တည္ထားခဲ့သည္။
‘လက္ရွိ ပစၥဳပၸန္ကာလတြင္သာ စိတ္ကို ထားရွိျခင္း’ ‘သတိကပ္ျခင္း’ (mindfulness) ကို ေခတ္ေပၚ အက်င့္တစ္ရပ္အျဖစ္ ကမာၻတြင္ ေခတ္စားေအာင္ စြမ္းေဆာင္ႏုိင္ခဲ့သည့္ ဦးဂိုအင္ကာသည္ အိႏိၵယႏုိင္ငံ၏ သတင္းအခ်က္အလက္ႏွင့္ နည္းပညာ ဗဟိုျဖစ္ေသာ မြန္ဘိုင္း (ယခင္ဘုံေဘ) တြင္ ဗုဒၶ၏ ဝိပႆနာ အက်င့္ကို ျဖန္႔ျဖဴးရင္း အသက္ ၉၀ တြင္ ဆုံးပါးခဲ့သည္ ။


ကမ္ဘာအနှံ့ဝိပဿနာကို ဖြန့်ဖြူးပေးခဲ့သူ (သို့) ကမ္ဘာကိုသတိကပ်စေသော ဦးဂိုအင်ကာ (unicode)

သူလိုလူမျိုး မည်သည့်အချိန်တွင် ကွယ်လွန်ကွယ်လွန် ဆုံးရှုံးမှုကြီး ဖြစ်သော်လည်း အိန္ဒိယနိုင်ငံ၏ ပျမ်းမျှသက်တမ်း ၆၅ ဒသမ ၅ နှစ်၊ မြန်မာနိုင်ငံ၏ ပျမ်းမျှသက်တမ်း ၆၅ ဒသမ ၇ နှင့်စာလျှင် ဦးဂိုအင်ကာသည် အသက်ရှည်ရှည် နေရသည်။ လူ့ဘဝတွင် ကြာကြာနေ လိုက်ရရုံသာမကဘဲ ရာစုနှစ်တစ်ဝက်လောက် သူသည် တရားကျင့်ရင်း၊ တရားကို ဖြန့်ဖြူးရင်း လူသန်းပေါင်းများစွာ အေးချမ်းအောင် စွမ်းဆောင် လိုက်နိုင်သဖြင့် လူ့ဘဝတွင် တန်အောင်လည်း နေလိုက်ရသည်။

ဘာသာမရွေး လူမျိုးမရွေး လာရောက် ကျင့်သုံးနိုင်သည့် ဝိပဿနာ ဆယ်ရက်စခန်းများကို ကမ္ဘာတွင် ကျယ်ပြန့်အောင် ဖြန့်ဖြူးခဲ့ခြင်းဖြင့် ကမ္ဘာကြီးကို တရားထိုင်တတ်အောင် သင်ကြားပေးခဲ့သူ မန္တလေး သား ဦးဂိုအင်ကာသည် အိန္ဒိယနွယ်ဖွား ဖြစ်သည်။ အသက် ၃၀ အရွယ်တွင် ရန်ကုန် ကုန်သည်နှင့် စက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ်၏ ဥက္ကဋ္ဌ ဖြစ်လာသူ၊ လူမှုရေး၊ ယဉ်ကျေးမှု အသင်းအဖွဲ့ပေါင်း များစွာတွင် ပါဝင်ပတ်သက်ပြီး အောင်မြင်မှုများစွာ ရရှိသူ ဦးဂိုအင်ကာသည် ကိုယ်တွင်း ငြိမ်းချမ်းရေးမူ မရသေးပေ။ စွဲကပ်နေသော ခေါင်းကိုက်ဝေဒနာကြောင့် ဆွစ်ဇာလန်၊ အင်္ဂလန်၊ အမေရိကန်စသည့် နိုင်ငံများသို့ သွားရောက်ပြီး သမားတော်များနှင့် ကြပ်ကြပ်မတ်မတ် ကုသသော်လည်း သဲထဲရေသွန်သာ။ ဝိပဿနာကို ကျင့်ကြံနေသလို သင်ကြား ပို့ချပေးနေသည့် လွတ်လပ်သော မြန်မာ နိုင်ငံ၏ ပထမဦးဆုံး ငွေစာရင်းမင်းကြီး ဦးဘခင်ထံတွင် သွားရောက် တရားထိုင်ရန် မိတ်ဆွေတစ်ဦးက အကြံပေးသည်။

ဇင်ဘာသာ ဘုန်းတော်ကြီး Norman Fische က ဦးဂိုအင်ကာကို တွေ့ဆုံ မေးမြန်းချက်တွင် ဦးဘခင်ထံ ရောက်ရှိခဲ့ပုံကို ဦးဂိုအင်ကာက အောက်ပါအတိုင်း ဖြေကြားထားသည်။
ဦးဘခင်က လာရသည့် အကြောင်းရင်းကို မေးသည့်အခါ ဦးဂိုအင်ကာက ‘ခေါင်းကိုက် ပျောက်ချင်လို့ပါ’ ဟု ဖြေသည်။ ဦးဘခင်က ‘ဆရာဝန်ထံသို့သာ သွားပါ’ ‘No. Goenka. I can’t help you. Go to a doctor’ ဟု ယတိပြတ်ဆိုသည်။ ဆရာကြီးဦးဘခင်ထံ ဦးဂိုအင်ကာ ရောက်လာသည့် အချိန်တွင် မြန်မာနိုင်ငံတွင်းရှိ အိန္ဒိယနွယ်ဖွားတို့ အသိုင်းအဝိုင်းတွင် သူသည် လျှမ်းလျှမ်းတောက် ဖြစ်နေချိန်။ မည်သည့် ဂုရုမဆို သူကဲ့သို့သော သူမျိုးကို လွယ်လွယ်ကူကူ တပည့်တော်ချင်မည် ဖြစ်သော်လည်း ဆရာကြီး ဦးဘခင်ကမူ ထိုသို့မဟုတ်၊ ဦးဂိုအင်ကာကို အလွယ်တကူ လက်မခံ။ “အိန္ဒိယနိုင်ငံကလာတဲ့ အမြင့်မြတ်ဆုံး အကျင့်ကို ကျွန်တော် သင်ပေးနေတာ။ ဒါကို တန်ဖိုးမချပါနဲ့။ ရောဂါတစ်ခု ပျောက်ဖို့တင်ပဲ မသုံးပါနဲ့။ ဒီအကျင့်က ဒုက္ခကနေ ခင်ဗျားကို လွတ်မြောက်စေမှာပါ၊ ခေါင်းကိုက်တဲ့ ဒုက္ခလေးကတင်တော့ မဟုတ်ဘူး”

ဦးဂိုအင်ကာ ကြည်ညိုသွားပြီ ဖြစ်သော်လည်း ဗုဒ္ဓဘာသာ ဝင်ရမည်လားဟု ဦးဂိုအင်ကာက စိုးရိမ်နေ သည်။ ဦးဘခင်က မေးသည်၊ ‘ခင်ဗျားက ရန်ကုန်က ဟိန္ဒူဘာသာဝင်တွေရဲ့ ခေါင်းဆောင် တစ်ယောက်ပဲ။ သီလစောင့်တာကို ခင်ဗျားရဲ့ဘာသာက တားမြစ်ပါသလား’။ သီလစောင့်ရန်ကို မည်သည့် ဘာသာကမျှ တားမြစ်မည် မဟုတ်သဖြင့် ဦးဂိုအင်ကာက ‘သီလကို ကန့်ကွက်ရန် မရှိပါ’ ဟု ဖြေသည်။ ‘စိတ်ကို မထိန်းနိုင်လျှင် သီလဘယ်လို စောင့်မလဲ၊ စိတ်ကို ထိန်းနိုင်ရန် သမာဓိကို သင်ပေးမယ်’ ဟု ဦးဘခင်က ပြောသည်။
“ဟိန္ဒူဘာသာမှာ သမာဓိက လွန်စွာမြင့်မား တန်ဖိုးထား ခံရသောအရာပဲ။ ဒါ့ကြောင့် သမာဓိကို ကန့်ကွက်ရန် မရှိပါ” ဟု ဦးဂိုအင်ကာက ဖြေသည်။ ‘သမာဓိ’ သည် စိတ်မချရသေး၊ လူ၏ အတွင်းစိတ်သည် အိပ်နေသော မီးတောင်နှင့် တူသည့်အတွက် အချိန်မရွေးထကြွ သောင်းကျန်းပြီး သီလ ကျိုးပေါက်နိုင်သည့်အတွက် စိတ်အမြင့်ဆုံးအဆင့် သန့်ရှင်းစင်ကြယ်ခြင်း (ဝါ) ပညာကို သင်ပေးမည်ဟု ဦးဘခင်က ပြောသည်။ ‘ပညာကို ကန့်ကွက်ရန် မရှိပါ’ ဦးဂိုအင်ကာ ပြန်ဖြေသည်။

‘သီလ၊ သမာဓိ၊ ပညာကိုသာ လက်ခံပါ’ ဟု ဦးဘခင်က ပြောသောကြောင့် ဦးဂိုအင်ကာ စိတ်ချပြီး တရားထိုင်လိုက်သောအခါ ဖြစ်နေကျ ခေါင်းကိုက်ဝေဒနာဆိုးသည် ပျောက်ကင်းသွားသည်။ ဘုံဘေ (ယခုမွန်ဘိုင်း) တွင် တရားလာပြရန် ဖိတ်ခေါ်ခံရသည်မှ အစပြုကာ စီးပွားရေးကို မိသားစုနှင့် လွှဲလိုက်ပြီး တရားပြလိုက်သည်မှာ နောင်နှစ်ပေါင်း ၅၀ လုံးလုံး သူ့ဘဝကို တရားထိုင်ခြင်း၊ သင်ကြားခြင်းထဲတွင် နစ်မြုပ်ထားလိုက်ရာ ကွယ်လွန်ချိန်အထိ ဖြစ်သည်။ ၁၉၆၂ ဆိုရှယ်လစ်စနစ်သို့ အကူးအပြောင်းတွင် ဦးဂိုအင်ကာ ပိုင်ဆိုင်သော လုပ်ငန်းများသည် ပြည်သူ ပိုင်သိမ်းသည့် အထဲတွင် ပါသွားသည်။ သို့သော် ဦးဂိုအင်ကာတွင် ဝိပဿနာ အခံရှိနှင့် နေပြီးသည့်အတွက် သူ့လောက် ဆုံးရှုံးမှုမများသော စီးပွားရေး လုပ်ငန်းရှင်ကြီးတို့ကဲ့သို့ ပူဆွေးသောက မဖြစ်ပေါ်ခဲ့။ ၁၉၆၉တွင် ဦးဂိုအင်ကာသည် အိန္ဒိယနိုင်ငံသို့ ပြန်သွားကာ ဝိပဿနာ စတင်ရာ ဗုဒ္ဓ၏ မွေးရပ်မြေ အိန္ဒိယတွင် ပျောက်ကွယ်နေပြီ ဖြစ်သော ဝိပဿနာကို ပြန်လည် မိတ်ဆက်ပေးခဲ့သည်။

အိန္ဒိယသို့ ပြန်ရောက်ကတည်းက စီးပွားရေးကို မိသားစုဝင်များသို့ လွှဲအပ်လိုက်ကာ တရားထဲသို့ ခြေစုံပစ်ဝင်လိုက်သည်။ အိန္ဒိယနိုင်ငံတွင် တရားစခန်းပေါင်း ၆၀ နှင့် တစ်ကမ္ဘာလုံးတွင် တရားစခန်းပေါင်း ၁၇၃ ခုတို့ကို ဖွင့်လှစ် ပို့ချပေးခဲ့သည်။ ဦးဂိုအင်ကာနှင့်တကွ ဝိပဿနာ တရားစခန်းတို့၏သတင်း ကမ္ဘာအနှံ့ မွှေးပျံ့သောကြောင့် ကမ္ဘာပေါ်ရှိ အဖွဲ့အစည်း ကြီးငယ်များက ဟောပြော ပို့ချရန် ဖိတ်ကြားခဲ့ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ (United Nations General Assembly)၊ အိန္ဒိယ ပါလီမန်၊ ကမ္ဘာ့စီးပွားရေးဖိုရမ် World Economic Forum Davos၊ မက်ဆာချူးဆက် စက်မှုတက္ကသိုလ် Massachusetts Institute of Technology (MIT) နှင့် ဆီလီကွန်တောင်ကြား အိန္ဒိယ ပညာသည်များ အစည်းအရုံးတို့တွင် ဝိပဿနာကို ပို့ချခဲ့သည်။ တိဗက်သာသနာ၏ အထွတ်အထိပ်ဖြစ်သည့် ဒလိုင်းလားမားက အကူအညီ တောင်းသောကြောင့် တိဗက်ဘုန်းတော်ကြီး များကိုလည်း ဦးဂိုအင်ကာ သွားရောက် ဝိပဿနာ ပို့ချသည်။

တရားမထိုင်မီ အချိန်က ဦးဂိုအင်ကာသည် မြန်မာနိုင်ငံတွင်း စီးပွားရေးတွင် အောင်မြင်မှု ကြီးခဲ့သည်။ ကိုယ်တိုင် တရားထိုင်အပြီးတွင် စီးပွားကိုစွန့်ကာ တရားထိုင်ခြင်း၏ မိခင်နိုင်ငံ အိန္ဒိယသို့ တရားအကျင့်ကို ပြန်လည် သယ်ဆောင်သွားနိုင်ခဲ့သည်။ ထိုမှတစ်ဆင့် ကမ္ဘာကြီးကို တရားထိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ယနေ့ကမ္ဘာတွင် တရားထိုင်သူတို့သည် ဘာသာလူမျိုး မရွေး တစ်နှစ်ထက် တစ်နှစ်တိုးသည်ထက် တိုးလာကြပြီ။ အမေရိကန် တရားထိုင်သူတို့သည် တစ်နှစ်လျှင် တစ်သန်းခန့် တိုးလာကြသည်။

ဝိပဿနာကို မြန်မာ့မြေမှ ပြန်လည် စတင်သည်ဟု ဂုဏ်ယူရုံမျှက ကိုယ်တွေ့ကျင့်ကြံနိုင်ခြင်းဖြင့် အနည်းဆုံးအားဖြင့် ကျန်းမာရေးကောင်း၊ အာရုံစူးစိုက် နိုင်စွမ်းအား ကောင်းသဖြင့် အလုပ်တွင်ကျယ် အောင်မြင်ပြီး အမြင့်ဆုံးအားဖြင့် ဉာဏ်အလင်း ရနိုင်ပါသည်။ ဦးဂိုအင်ကာ မြန်မာနိုင်ငံမှ မျိုးစေ့ယူသွားပြီး အိန္ဒိယတွင် စိုက်ပျိုး၊ ထိုမှတစ်ဆင့် ကမ္ဘာသို့ ပျံ့နှံ့သွားသည့် ဝိပဿနာသည် မိခင်မြန်မာနိုင်ငံတွင်ရော မည်သို့သော အခြေဆိုက်နေသနည်း။ အနောက်တိုင်းသားတို့ပင် ဝိပဿနာကို တန်ဖိုးထား ကျင့်ကြံနေကြချိန်တွင် မြန်မာတို့ နေ့စဉ်ဘဝတွင် မည်မျှ သတိ ကပ်နိုင်သနည်း။ ထိုမေးခွန်းတို့သည် ထေရဝါဒ ဗုဒ္ဓဘာသာဟု မိမိတို့ကိုယ်ကို ဂုဏ်ယူနေကြသော မြန်မာတို့အတွက် မြန်မာ့မြေဖွား ဝိပဿနာ ဆရာကြီး ကွယ်လွန်ချိန်တွင် မေးသင့်မေးထိုက်သော မေးခွန်းများ ဖြစ်ပေသည်။

The Voice Weekly

၂၀၀၀ ခုနှစ်က ကုလသမဂ္ဂ၌ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် နိုင်ငံပေါင်းစုံ ဘာသာရေး ခေါင်းဆောင်များ၏ ထောင်စုနှစ် ရည်မှန်းချက် များ တွေ့ဆုံပွဲတွင် ဆရာကြီး ဂိုအင်ကာ ၏ ငြိမ်းချမ်းရေး ဟောပြောချက်မှာ အထူးကျော်ကြားခဲ့သည်။ မွန်ဘိုင်းတွင် လည်း အမြင့် ၃၁၅ပေရှိသော ရွှေတိဂုံပုံစံတူစေတီဖြစ်သည့် ကမ္ဘာ့ဝိပဿနာစေတီကို ဆရာကြီးဂိုအင်ကာဦးဆောင်ကာ တည်ထားခဲ့သည်။
‘လက်ရှိ ပစ္စုပ္ပန်ကာလတွင်သာ စိတ်ကို ထားရှိခြင်း’ ‘သတိကပ်ခြင်း’ (mindfulness) ကို ခေတ်ပေါ် အကျင့်တစ်ရပ်အဖြစ် ကမ္ဘာတွင် ခေတ်စားအောင် စွမ်းဆောင်နိုင်ခဲ့သည့် ဦးဂိုအင်ကာသည် အိန္ဒိယနိုင်ငံ၏ သတင်းအချက်အလက်နှင့် နည်းပညာ ဗဟိုဖြစ်သော မွန်ဘိုင်း (ယခင်ဘုံဘေ) တွင် ဗုဒ္ဓ၏ ဝိပဿနာ အကျင့်ကို ဖြန့်ဖြူးရင်း အသက် ၉၀ တွင် ဆုံးပါးခဲ့သည် ။

Leave a Reply