ေျပာင္းလာတဲ့မိသားစုတုိင္းကို ေဒၚလာ ၇ေသာင္းေက်ာ္ေပးမယ့္ ဆြစ္ဇာလန္ေက်းရြာ

Posted on

ယေန႔ အခ်ိန္မွာ တစ္ေနရာကေန တစ္ေနရာကိုေျပာင္းေရႊ႕ရာမွာ ကုန္က်စရိတ္မ်ားစြာက်မွာျဖစ္ေပမယ့္ ဆြစ္ဇာလန္ကေက်းရြာတစ္ခုကေတာ့ ေျပာင္းေရြ႕လာသူမိသားစုတုိင္းကုိ ေဒၚလာ ၇ေသာင္းေက်ာ္ေပးမယ္ဆုိတဲ့ တရား၀င္ေၾကျငာခ်က္ထုတ္လုိက္ပါတယ္။ ဒီေက်းရြာကေတာ့ ဆြစ္ဇာလန္ႏုိင္ငံ Leukျပည္နယ္က Albinen ဆုိတဲ့ေတာင္တန္းေက်းရြာေလးျဖစ္ပါတယ္။

ေျပာင္းေရြ႕လာတဲ့သူေတြကုိ ဒီေလာက္မ်ားျပားတဲ့ပုိက္ဆံေတြေပးေနတဲ့အေၾကာင္းကေတာ့ သူတုိ႔ရြာဟာ လူဦးေရနည္းပါးမႈနဲ႔ ႀကဳံေနရၿပီး လူမေနေတာ့ပဲေပ်ာက္သြားမွာစုိးလုိ႔ပါ။ ၁၉၀၀ ၀န္းက်င္ကေတာင္ လူဦးေရ ၄၀၀ နီးပါးရွိခဲ့တဲ့ Albinen ရြာဟာ အခုဆုိရင္ လူဦးေရ ၂၄၀ သာက်န္ပါေတာ့တယ္။ အဆုိးဆုံးကေတာ့ ၿပီးခဲ့တဲ့ႏွစ္က မိသားစု ၃စုေျပာင္းေရႊ႕သြားၿပီး ဒီအထဲမွာကေလး ၈ေယာက္လည္းပါသြားတာျဖစ္တာေၾကာင့္ ေက်းရြာစာသင္ေက်ာင္းကို ပိတ္လုိက္ရပါတယ္။ လက္ရွိေက်းရြာက ကေလး ၇ေယာက္ဟာ ကားနဲ႔နာရီ၀က္ၾကာသြားရတဲ့ အနီးကၿမဳိ႕ေက်ာင္းမွာတက္ေနရပါတယ္။ တကယ္လုိ႔ ဒီရြာမွာ မိသားစုေတြမ်ားလာရင္ ေက်ာင္းျပန္ဖြင့္ႏုိင္မယ္ဆုိတဲ့ ရည္ရြယ္ခ်က္လည္းပါ၀င္ပါတယ္။

ေျပာင္းေရြ႕တဲ့မိသားစုေတြကုိ ဆုလာဘ္အျဖစ္ ဆြြစ္ဇာလန္ေငြ ၇၀၀၀၀(ေဒၚလာ ၇၁၀၀၀ခန္႔) ေပးမွာျဖစ္ၿပီး အဲဒီမိသားစုမွာ မိသားစု၀င္ ၄ေယာက္ ပါရမွာျဖစ္ပါတယ္။ လူႀကီးတစ္ေယာက္အတြက္ ဆြစ္ေငြ ၂၅၀၀၀ နဲ႔ ကေလးတစ္ေယာက္အတြက္ ဆြစ္ေငြ ၁၀၀၀၀ ကိုေပးမွာျဖစ္တာေၾကာင့္ လူႀကီးႏွစ္ဦး ကေလးႏွစ္ဦး ပါတဲ့မိသားစုေတြဟာ ဆြစ္ေငြ ၇၀၀၀၀ ရမွာျဖစ္ၿပီး အဲဒီထက္မိသားစုမ်ားရင္ အဲဒီထက္ပုိရႏုိင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ စည္းကမ္းခ်က္တခ်ဳိ႕ေတာ့ပါရွိပါတယ္။ ဒါကေတာ့ လူႀကီးေတြဟာ အသက္ ၄၅ႏွစ္ထက္ မေက်ာ္ရမွာျဖစ္ၿပီး အဲဒီရြာမွာ အနည္းဆုံး ၁၀ႏွစ္နဲ႔ အထက္ေနထုိင္ေပးရမွာျဖစ္ပါတယ္။ ၁၀ႏွစ္ မျပည့္မီေျပာင္းေရြ႕ခဲ့ရင္ ျပန္ေလ်ာ္ရမွာျဖစ္ၿပီး ၁၀ႏွစ္ျပည့္သြားရင္ေတာ့ စိတ္ႀကဳိက္ထြက္ခြာသြားႏုိင္ပါတယ္။ ရြာကေန အလြယ္တကူထြက္ေျပးလုိ႔မရေအာင္ ေျပာင္းလာတဲ့သူေတြဟာ အနည္းဆုံး ဆြစ္ေငြ ၂သိန္းတန္ အိမ္ေတြကိုေဆာက္လုပ္ၿပီးေနထုိင္ရမွာျဖစ္ပါတယ္။ ဒါမွသာ ခဏတျဖဳတ္သြားသလုိနဲ႔ အၿပီးေျပာင္းေျပးမသြားႏုိင္မွာျဖစ္ပါတယ္။

Albinen ရြာေလးဟာ ေတာင္ေစာင္းေပၚမွာတည္ရွိတဲ့ ေအးခ်မ္းလွပေသာရြာကေလးျဖစ္သလုိ စိမ္းစုိေနတဲ့သဘာ၀ပတ္၀န္းက်င္ နဲ႔ ေလေကာင္းေလသန္႔ကုိ ရရွိႏုိင္တာေၾကာင့္ ေအးေအးခ်မ္းခ်မ္းေနခ်င္သူေတြအတြက္ေတာ့ အဆင္ေျပေစမွာပါ။ အဓိကလုပ္ငန္းက စုိက္ပ်ဳိးေရးျဖစ္ၿပီး အနီးအနားကၿမဳိ႕ေတြကုိ နာရီ၀က္အတြင္းသြားလာႏုိင္တာေၾကာင့္ အရမ္းေခါင္တဲ့ေနရာတစ္ခုေတာ့ မဟုတ္တဲ့အျပင္ ဒီရြာရဲ႕ ၃.၇မုိင္အကြာမွာ ဆြစ္ဇာလန္ရဲ႕ နာမည္ႀကီးအပန္းေျဖစခန္းတစ္ခုျဖစ္တဲ့ Leukerbad အပန္းေျဖစခန္းတည္ရွိေနပါေသးတယ္။ ဒီရြာမွာ လူေထာင္နဲ႔ခ်ီၿပီးေနႏုိင္တဲ့အိမ္ေတြျဖစ္ေပမယ့္ အမ်ားစုက အားလပ္ရက္ အပန္းေျဖတဲ့အိမ္ေတြျဖစ္ၿပီး အတည္တက်ေနထုိင္တဲ့သူေတြရဲ႕ အိမ္ကေတာ့ နည္းပါးပါတယ္။ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး Beat Jost ကေတာ့ ” ဒီလုိရင္းႏွီးျမဳပ္ႏွံျခင္းအားျဖင့္ လူေတြ၀င္လာၿပီး အိမ္ေတြေဆာက္လာၾကမယ္ ၊ ဆုိင္ေတြေပၚလာလိမ့္မယ္ ၊ ေက်ာင္းလည္းျပန္ဖြင့္ႏုိင္မွာျဖစ္ၿပီး လူဦးေရနည္းပါးမႈကို ကာကြယ္သြားႏုိင္လိမ့္မယ္” လုိ႔ ဆုိပါတယ္။

VIDEO


ပြောင်းလာတဲ့မိသားစုတိုင်းကို ဒေါ်လာ ၇သောင်းကျော်ပေးမယ့် ဆွစ်ဇာလန်ကျေးရွာ (unicode)

ယနေ့ အချိန်မှာ တစ်နေရာကနေ တစ်နေရာကိုပြောင်းရွှေ့ရာမှာ ကုန်ကျစရိတ်များစွာကျမှာဖြစ်ပေမယ့် ဆွစ်ဇာလန်ကကျေးရွာတစ်ခုကတော့ ပြောင်းရွေ့လာသူမိသားစုတိုင်းကို ဒေါ်လာ ၇သောင်းကျော်ပေးမယ်ဆိုတဲ့ တရားဝင်ကြေငြာချက်ထုတ်လိုက်ပါတယ်။ ဒီကျေးရွာကတော့ ဆွစ်ဇာလန်နိုင်ငံ Leukပြည်နယ်က Albinen ဆိုတဲ့တောင်တန်းကျေးရွာလေးဖြစ်ပါတယ်။

ပြောင်းရွေ့လာတဲ့သူတွေကို ဒီလောက်များပြားတဲ့ပိုက်ဆံတွေပေးနေတဲ့အကြောင်းကတော့ သူတို့ရွာဟာ လူဦးရေနည်းပါးမှုနဲ့ ကြုံနေရပြီး လူမနေတော့ပဲပျောက်သွားမှာစိုးလို့ပါ။ ၁၉၀၀ ဝန်းကျင်ကတောင် လူဦးရေ ၄၀၀ နီးပါးရှိခဲ့တဲ့ Albinen ရွာဟာ အခုဆိုရင် လူဦးရေ ၂၄၀ သာကျန်ပါတော့တယ်။ အဆိုးဆုံးကတော့ ပြီးခဲ့တဲ့နှစ်က မိသားစု ၃စုပြောင်းရွှေ့သွားပြီး ဒီအထဲမှာကလေး ၈ယောက်လည်းပါသွားတာဖြစ်တာကြောင့် ကျေးရွာစာသင်ကျောင်းကို ပိတ်လိုက်ရပါတယ်။ လက်ရှိကျေးရွာက ကလေး ၇ယောက်ဟာ ကားနဲ့နာရီဝက်ကြာသွားရတဲ့ အနီးကမြို့ကျောင်းမှာတက်နေရပါတယ်။ တကယ်လို့ ဒီရွာမှာ မိသားစုတွေများလာရင် ကျောင်းပြန်ဖွင့်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါဝင်ပါတယ်။

ပြောင်းရွေ့တဲ့မိသားစုတွေကို ဆုလာဘ်အဖြစ် ဆွစ်ဇာလန်ငွေ ၇၀၀၀၀(ဒေါ်လာ ၇၁၀၀ဝခန့်) ပေးမှာဖြစ်ပြီး အဲဒီမိသားစုမှာ မိသားစုဝင် ၄ယောက် ပါရမှာဖြစ်ပါတယ်။ လူကြီးတစ်ယောက်အတွက် ဆွစ်ငွေ ၂၅၀၀၀ နဲ့ ကလေးတစ်ယောက်အတွက် ဆွစ်ငွေ ၁၀၀၀၀ ကိုပေးမှာဖြစ်တာကြောင့် လူကြီးနှစ်ဦး ကလေးနှစ်ဦး ပါတဲ့မိသားစုတွေဟာ ဆွစ်ငွေ ၇၀၀၀၀ ရမှာဖြစ်ပြီး အဲဒီထက်မိသားစုများရင် အဲဒီထက်ပိုရနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် စည်းကမ်းချက်တချို့တော့ပါရှိပါတယ်။ ဒါကတော့ လူကြီးတွေဟာ အသက် ၄၅နှစ်ထက် မကျော်ရမှာဖြစ်ပြီး အဲဒီရွာမှာ အနည်းဆုံး ၁၀နှစ်နဲ့ အထက်နေထိုင်ပေးရမှာဖြစ်ပါတယ်။ ၁၀နှစ် မပြည့်မီပြောင်းရွေ့ခဲ့ရင် ပြန်လျော်ရမှာဖြစ်ပြီး ၁၀နှစ်ပြည့်သွားရင်တော့ စိတ်ကြိုက်ထွက်ခွာသွားနိုင်ပါတယ်။
ရွာကနေ အလွယ်တကူထွက်ပြေးလို့မရအောင် ပြောင်းလာတဲ့သူတွေဟာ အနည်းဆုံး ဆွစ်ငွေ ၂သိန်းတန် အိမ်တွေကိုဆောက်လုပ်ပြီးနေထိုင်ရမှာဖြစ်ပါတယ်။ ဒါမှသာ ခဏတဖြုတ်သွားသလိုနဲ့ အပြီးပြောင်းပြေးမသွားနိုင်မှာဖြစ်ပါတယ်။

Albinen ရွာလေးဟာ တောင်စောင်းပေါ်မှာတည်ရှိတဲ့ အေးချမ်းလှပသောရွာကလေးဖြစ်သလို စိမ်းစိုနေတဲ့သဘာဝပတ်ဝန်းကျင် နဲ့ လေကောင်းလေသန့်ကို ရရှိနိုင်တာကြောင့် အေးအေးချမ်းချမ်းနေချင်သူတွေအတွက်တော့ အဆင်ပြေစေမှာပါ။ အဓိကလုပ်ငန်းက စိုက်ပျိုးရေးဖြစ်ပြီး အနီးအနားကမြို့တွေကို နာရီဝက်အတွင်းသွားလာနိုင်တာကြောင့် အရမ်းခေါင်တဲ့နေရာတစ်ခုတော့ မဟုတ်တဲ့အပြင် ဒီရွာရဲ့ ၃.၇မိုင်အကွာမှာ ဆွစ်ဇာလန်ရဲ့ နာမည်ကြီးအပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ Leukerbad အပန်းဖြေစခန်းတည်ရှိနေပါသေးတယ်။ ဒီရွာမှာ လူထောင်နဲ့ချီပြီးနေနိုင်တဲ့အိမ်တွေဖြစ်ပေမယ့် အများစုက အားလပ်ရက် အပန်းဖြေတဲ့အိမ်တွေဖြစ်ပြီး အတည်တကျနေထိုင်တဲ့သူတွေရဲ့ အိမ်ကတော့ နည်းပါးပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူး Beat Jost ကတော့ ” ဒီလိုရင်းနှီးမြုပ်နှံခြင်းအားဖြင့် လူတွေဝင်လာပြီး အိမ်တွေဆောက်လာကြမယ် ၊ ဆိုင်တွေပေါ်လာလိမ့်မယ် ၊ ကျောင်းလည်းပြန်ဖွင့်နိုင်မှာဖြစ်ပြီး လူဦးရေနည်းပါးမှုကို ကာကွယ်သွားနိုင်လိမ့်မယ်” လို့ ဆိုပါတယ်။

 

Leave a Reply